You who I love : 1
Viewers 2k


ထားလိုက်တော့။  ငါရဲ့ အဓိကတာဝန်က မူလဇာတ်ကြောင်းထဲကလို စောစော မသေဖို့ပဲ မှတ်လား


*ယဲ့ဖန်က စစ်ရုန်ကို ချစ်တာကြောင့် သေဆုံးခဲ့ရတာ.. အခု ယဲ့ဖန်ကိုယ်တွင်း ရောက်လာတဲ့ငါက စစ်ရုန်ကို မချစ်ဘူးလေ.. အဲတော့ စောစော သေရမဲ့အကြောင်းတရား မရှိတော့ဘူးဆိုတော့ missionက လွယ်လွန်းမနေဘူးလား။ *


ဆိုပြီး တစ်ယောက်တည်း ရေရွတ်နေမိတုန်းး အာရုံထဲသို့ အသံဆိုးကြီးက ထပ်မံ ဝင်ရောက်လာပြန်တယ်.. 


// ယဲ့ဖန်ရဲ့မူလဇာတ်ကောင်က အပယ်ခံသာသာနော်!! မင်းက အရေးပါတဲ့ဇာတ်ကောင် ဖြစ်အောင် လုပ်ပေးရအုန်းမှာ.. ပြီးရင် ဖူးစာဖက်လည်း ရှာဖို့ရှိတယ်!!// 


// ဟူး.....// 


လုပ်ဆောင်ရမဲ့လမ်းခရီးကို ကွက်ကွက်ကွင်းကွင်း မြင်လာတော့ သူ ရင်မောစွာ သက်ပြင်းချလိုက်တယ်။ 


*အဓိကဇာတ်ကောင်တွေရဲ့ အရှိန်အဝါကို ငါက ဘယ်လိုလုပ်ပြီး ကျော်နိုင်မှာလဲဟ!! လခွမ်းပဲ!!*


// ဘယ်လိုလဲ.. လွယ်တယ်လို့ ထင်နေသေးလား// 


// မထင်ဘူးဟေ့!! မထင်ဘူး!!.. ငါက ဘယ်လိုဆက်လုပ်ရမှာလဲ// 


// အချိန်ကျလာရင် ငါ လာပြောမယ်.. ကဲ.. ကံကောင်းပါစေ.. ဟားဟား!! // 


"ဟေ့!!!" 


လှမ်းအော်ခေါ်လိုက်ပေမဲ့ နောက်ထပ် ဘာအသံမှ မကြားတော့ဘဲ.. 


"ကိုကြီး!!!" 


ကိုကြီးရဲ့အခန်းထဲကို ချောင်းကြည့်နေရာကနေ တစ်ခါမှ အသံကျယ်ကျယ် မထွက်ဘူးတဲ့ ကိုကြီးက စောနကလို အသံကျယ်ကြီးနဲ့ အော်လိုက်တာကို ကြားလိုက်ရတာကြောင့် ဝေ့ဝေ့ အံသြစွာ ခေါ်လိုက်မိခြင်းပင် ။ 


" ဝေ့ဝေ့!"


သူရဲ့အခန်းတံခါးဝမှာ ရပ်နေတဲ့ ဝေ့ဝေ့ကို တွေ့လိုက်ရတာကြောင့် ယဲ့ဖန် လန့်ပြီး ခေါ်လိုက်မိကာမှ ဝေ့ဝေ့က သူကို တစ်ခါမှ မတွေ့ဖူးတဲ့သူလို ကြောင်ပြီး ကြည့်နေခဲ့တာကို သတိထားမိသွားကာ .. 


*သေစမ်း!!! ယဲ့ဖန်က ညီမလေးဝေ့လို့ပဲ ခေါ်တာလေ!! သူ့ကိုကြီး ဝိဉာဉ်ပြောင်းနေတာများ ရိပ်မိသွားပြီလားဟ* 


စိုးထိတ်သွားတဲ့စိတ်ကြောင့် ယဲ့ဖန် မလှုပ်မယှက်နဲ့ ထိုင်နေကာ အတွေးများနေတုန်း..


"ထင်တယ်.. အဲဒါကြောင့် လာကြည့်တာ.." 


မျက်မှောင်ကြီး ကြုတ်ကာ သူအနား ရောက်ချလာတဲ့ ဝေ့ဝေ့ကြောင့် ယဲ့ဖန် ကျောချမ်းလာခဲ့၏.. 


သူမက အခု ကလေးမလေးအရွယ် ဖြစ်နေပေမဲ့ နောက်ကျရင် အမျိုးသမီးစစ်သူကြီး ဖြစ်လာမဲ့သူဆိုတော့ နည်းနည်းတော့ လန့်တာပေါ့.. 


" ဒီနှစ် ဆုမရလည်း နောက်နှစ်တော့ ရမှာပေါ့.. ကိုကြီးရာ.. အားမလျော့စမ်းပါနဲ့.. နောက်နှစ်ကျ ထပ်ဝင်ပြိုင်ချေ""


အော်.. ဒါဆိုအခုမှ ယဲ့ဖန် ကဗျာပြိုင်ပွဲမှာ ဆုမရလို့ စိတ်ဓာတ်ကျနေတဲ့အချိန်ပဲ ရှိသေးတာကို.. အဲဒါဆို စစ်ရုန်နဲ့ ဟိုဗျပ်စောင်းသမားတို့ တစ်ယောက်နဲ့ တစ်ယောက် မသိကြသေးဘူးပဲ.. အင်းး စစ်ရုန်က အချစ်မတွေ့သေးဘူးဆိုတော့ ငါပဲ ဖြားယောင်းပလိုက်ရင် ကောင်းမလား.. မဟုတ်သေးပါဘူး အဲဒါကြီးက သူများရဲ့ချစ်ခြင်းတွေကို ခွဲသလို ဖြစ်သွားမှာကွ ... ငါနာမည်အပျက်မခံနိုင်ဘူး ။ ဒီကမ္ဘာက ကောင်မလေးတွေကလည်း  ချောမယ်ထင်တယ်.. သူတို့ထဲကပဲ ဖူးစာဖက် ရှာလိုက်တော့မယ်.. ဟုတ်တယ်.. အဲအကြံ အကောင်းဆုံးပဲ.. အခု ငါက ယောကျာ်းလေးဆိုတော့ မိန်းကလေးနဲ့ပဲ တွဲရမယ်ဆိုကာ.. 


အတွေးကမ္ဘာထဲ နှစ်မျောပြီး တစ်ယောက်တည်း ခေါင်းညိတ် ခေါင်းခါ လုပ်နေတဲ့ ယဲ့ဖန်ကို ကြည့်ကာ ဝေ့ဝေ့ စိတ်မကောင်းဖြစ်နေခဲ့တယ်..


*ကိုကြီးတစ်ယောက် တော်တော် စိတ်ထိခိုက်သွားတာပဲ * 


---------------


အခုဆို ယဲ့ဖန်အဖြစ်နဲ့ နေလာတာ တစ်ပတ်ကျော်လာပြီ။ အသံဆိုးနဲ့ကောင်လည်း ဟိုတစ်ခါ လာပြောပြီးတည်းက ပေါ်မလာတော့ဘူး။ 


ပျင်းလိုက်တာနော် ... ကဗျာရေးဖို့ကျတော့လည်း ဝါသနာက မပါ.. စာဖတ်မယ်ဆိုတော့လည်း ရှိသမျှစာအုပ်တွေက အကုန်ကဗျာစာအုပ်တွေချည်းပဲ.. ဟူးး.. ဘာလုပ်ရင် ကောင်းမလဲ..


"ဟုတ်ပြီ.."


စားပွဲကို ရိုက်ကာ ထအော်လိုက်တော့.. အပြင်မှာ အမြဲရှိနေတဲ့ကောင်လေးတစ်ယောက် ပြေးဝင်လာကာ 


"သခင်လေး ဘာဖြစ်လို့လဲဟင်" 


"ညီမလေးဝေ့ ဘယ်မှာလဲ သိလား" 


"သခင်မလေးက ဒီအချိန်ဆို ဓားရေးလေ့ကျင့်လေ့ရှိပါတယ်.. ဟို.. အခု အိမ်တော်ဆီ အိမ်ရှေ့စံမင်းသားလေး ရောက်နေတယ်လို့ ကြားမိတယ် သခင်လေးး" 


"ဟုတ်လားး အဖေ့ဆီ လာတာ ဖြစ်မှာပေါ့.. ဒါနဲ့ ဓားရေးလေ့ကျင့်တဲ့ကွင်းက ဘယ်နားမှာလဲ သိလား" 


"အိမ်တော်ရဲ့မြောက်ဘက်မှာပါ"


" ကျေးဇူးပဲ.." 


အစေခံကောင်လေးခမျာ သူကို ပြောသွားတဲ့ ကျေးဇူးတင်စကားနဲ့ အိမ်ရှေ့စံ ရောက်နေတယ်ဆိုပြီး ပြောပြတာတောင် အရေးမလုပ်တဲ့ အပြုအမူထက် လွှားခနဲ ပြေးထွက်သွားတဲ့ သခင်လေးကြောင့် ကြောင်ကြောင်တောင်တောင်လေးဖြစ်ကာ ကျန်နေခဲ့သည်။ 


ယဲ့ဖန်ဆိုသူက အပြင်ထွက်တိုင်း လက်ထဲမှာ ယပ်တောင်လေးက အမြဲပါလေ့ရှိတယ်.. ပြီးတော့ လမ်းလျှောက်ရင်လည်း တစ်လှမ်းချင်း လျှောက်ကာ အလွန်တည်ငြိမ်တဲ့သူမျိုး.. 


အခုလို ပြေးလွှားတာမျိုး တစ်ခါမှ မမြင်ဖူးတာကြောင့် ... 


"ငါ အမြင်များ မှားသွားတာလား" လို့ အစေခံလေးခမျာ ရေရွတ်ကာ ကျန်နေခဲ့တယ်.. 


"ညီမလေးဝေ့!!" 


ဆိုတဲ့ အော်ခေါ်သံကြောင့် ကိုင်ထားတဲ့ ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီး လေ့ကျင့်နေတာကို ဝေ့ဝေ့ ရပ်တန့်လိုက်တယ်.. လှည့်ကြည့်လိုက်တော့ လေ့ကျင့်ကွင်းရဲ့အဝကနေ လက်ဝှေ့ယမ်းပြနေတဲ့ ယဲ့ဖန်ကို တွေ့လိုက်ရတယ်.. 


ဒီရက်ပိုင်းအတွင်း ကိုကြီးက အရင်ကနဲ့ မတူတော့ပေမဲ့ .. အခုလက်ရှိ ပေါ့ပေါ့ပါးပါး နေတတ်လာတဲ့ကိုကြီးကို ပိုသဘောကျတယ်.. 


"ညီမလေးဝေ့ ငါတို့စာအုပ်ဆိုင် သွားကြရအောင်" 


"ဟမ်?? အရင်ကဆို တစ်ယောက်တည်း သွားနေကျလေ.. အခုမှ ထူးထူးဆန်းဆန်း.." 


ငါ မသွားတတ်လို့ပေါ့ဟ... စိတ်ထဲက ရေရွတ်လိုက်ပေမဲ့ အပြင်ဘက်မှာတော့ .. 


"ညီမလေးဝေ့က ကိုကြီးနဲ့ မသွားချင်လို့လား"  အပြောနဲ့အတူ မျက်နှာငယ်လေးနဲ့..


"မဟုတ်ပါဘူး.. ကိုကြီးက ဒီလိုတစ်ခါမှ မခေါ်ဘူးတော့ အံသြသွားလို့ပါ.."


အရင်က ယဲ့ဖန်က ဝေ့ဝေ့အပေါ် အစ်ကိုတစ်ယောက်လို ဂရုစိုက်ပေမဲ့ ဒီလိုတော့ ရင်းရင်းနှီးနှီး နေလေ့မရှိဘူး.. ဘာပဲဖြစ်ဖြစ် ဝေ့ဝေ့က ယဲ့ဖန်အတွက်နဲ့ ကလဲ့စားဖို့ ကြိုးစားရင်း အသက်ပေးဆပ်ခဲ့သူမို့.. အခု သူ ယဲ့ဖန်နေရာ ရောက်နေချိန်မှာ ဝေ့ဝေ့ကို ဂရုစိုက်ပေးရမယ်.. 


"စာအုပ်ဆိုင် သွားတော့မဲ့ဆိုတော့ ကဗျာပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပြီလား" 


"မဟုတ်ဘူး.. ဝတ္ထု ဖတ်မလို့.." 


ဆိုပြီး ပြောလာတဲ့ ယဲ့ဖန်စကားကြောင့် ဝေ့ဝေ့ မျက်လုံးပြူးသွားခဲ့တယ်.. 


*ငါ့ကိုကြီး ကဗျာကို တော်တော်စိတ်နာနေတာပဲ * 


"သွားကြမယ်.. တော်ကြာ ဆိုင်ပိတ်သွားရင် ဒုက္ခရောက်မှာ""


သွားဖို့ စိုင်းပြင်းနေတဲ့ ယဲ့ဖန်လက်ကို ဝေ့ဝေ့ လှမ်းဆွဲထားပြီး .. 


"ကိုကြီး မျက်နှာဖုံးတဲ့ပဝါရော" 


ယဲ့ဖန်က အပြင်ထွက်ရင် မျက်လုံးပဲ ဖော်ထားပြီး မျက်နှာတစ်ဝက်ကို ပဝါပါးတစ်ခုနဲ့ အုပ်ထားလေ့ရှိလို့ ဝေ့ဝေ့ မေးလိုက်ခြင်း ဖြစ်တယ်.. 


" မပါလာဘူး.. ဒီနား ဟိုနားလေး သွားတာပဲကွာ.. အဲဒါ မလိုပါဘူး" 


"ကိုကြီး အဆင်ပြေလို့လား.."


"ဝေ့ဝေ့ မင်းကို စကားနည်းမယ် ထင်ခဲ့တာ.. အခု တော်တော်စကားများနေပါလား" 


"အဲဒါ ကိုကြီးကြောင့်လေ.. မလုပ်ဖူးတာတွေ ထလုပ်နေတော့ အံသြပြီး မေးမိသွားတာကို.." 


"သွားကြမယ်.. ဆက်ပြောနေရင် စာအုပ်ဆိုင်ဆီ ရောက်တော့မယ် မထင်ဘူး.." 


တစ်ယောက်နဲ့ တစ်ယောက် စကားနိုင်လုပြောကာ ရယ်မောပြီး ထွက်သွားတဲ့ ကျောပြင်ငယ် နှစ်ခုကို ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေတဲ့ စစ်ရုန်.. 


ဒီနေ့ သူ စစ်သူကြီးအိမ်တော်ဆီ လာတုန်းက ယဲ့ဖန်နဲ့ တွေ့ရမှာကို စိတ်ညစ်နေခဲ့တာ.. ယဲ့ဖန်က သူနဲ့တွေ့ရင် အနားမှာပဲ ကပ်နေတာကြောင့် စိတ်ညစ်တာဆို မှန်မယ်.. ဒါပေမဲ့ စစ်သူကြီးနဲ့ စကားပြောပြီးအချိန်ထိ အရင်လို ယဲ့ဖန် ရောက်မလာတာကြောင့် သူ အံသြသွားခဲ့တယ်.. .. နေများ မကောင်းလို့လား တွေးမိလိုက်ပြီး စစ်သူကြီးကိုတောင် မေးလိုက်မိတယ်.. 


"အဲကောင်လေး အခုရက်ပိုင်း ထူးဆန်းနေတယ်.. သူကဗျာပြိုင်ပွဲတုန်းက ဆုမရတာနဲ့ပက်သက်ပြီး စိတ်ထိခိုက်နေလို့ လုပ်ချင်ရာ လုပ်နေတယ် ထင်တာပဲ.. သူကို သွားခေါ်ခိုင်းလိုက်ရမလား" 


"မခေါ်ခိုင်းပါနဲ့တော့.. ကျွန်တော်ပဲ သွားကြည့်လိုက်ပါ့မယ်" 


စစ်သူကြီးကို နှုတ်ဆက်ပြီး ယဲ့ဖန်ကို တွေ့ဖို့ ထွက်အလာ.. ရယ်မောကာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ပြောနေတဲ့အသံတွေကြောင့် သူ ကြည့်လိုက်မိတော့ ယဲ့ဖန်တို့ မောင်နှမနှစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရ၏.. 


တက်တက်ကြွကြွနဲ့ ပြောဆိုနေတဲ့ ယဲ့ဖန်ကို သူ ကြည့်ပြီး.. *ဒါလား.. စိတ်ထိခိုက်နေတဲ့သူဆိုတာ* လို့ တွေးမိပြီးနောက် တစ်ဆက်တည်း တွေးလိုက်မိတာက.. 


*ငါဆီ ရောက်မလာဘူးဆိုတာက ငါရောက်နေမှန်း မသိလို့လား.. * ဆိုတာပင်.. ဒါပေမဲ့ အဲဒီအတွေးက.. 


" သခင်လေးကို အိမ်ရှေ့စံမင်းသားလေး ရောက်နေတယ်လို့ သတင်းပေးတာတောင် စိတ်ဝင်စားဟန် မပြဘဲ သခင်မလေးကိုပဲ မေးပြီး ထွက်သွားတာ" 


"ဟုတ်လား.. စောနကပဲ သခင်မလေးကို စာအုပ်ဆိုင်သွားမယ်လို့ ပြောနေတာ ကြားလိုက်တယ်"


အစေခံအချင်းချင်း ပြောနေတဲ့ စကားတွေအောက်မှာ ပျောက်ကွယ်သွားခဲ့တယ်.. အစေခံတွေ ပြောနေတဲ့ စကားတွေကို စစ်ရှန်ကြားလိုက်ရတော့.. သူဘာသာ မသိလိုက်ခင် လက်သီးတင်းတင်း ဆုပ်မိသွားကာ.. 


"ကိုယ်နဲ့စေ့စပ်ထားတဲ့လူကိုတောင် လာမနှုတ်ဆက်ဖူးဘူးပေါ့လေ..ယဲ့ဖန်!!" 


#####