စာအုပ်ဆိုင် သွားတယ်ဆိုတော့ ကဗျာနဲ့ပတ်သက်တဲ့ စာအုပ်တွေ သွားရှာတာပဲ ဖြစ်ရမယ်.. ဒီကောင်လေးက ကဗျာနဲ့ပတ်သက်ပြီး ရူးသွပ်တာကို ငယ်ငယ်တည်းက သူ သတိထားမိတယ်.. ကဗျာတွေ စရေးတုန်းကဆို လာလာဖတ်ပြတာကို နေ့စဉ်အမျှ နားထောင်ခဲ့ရတာကိုး..
စေ့စပ်ကြောင်းလမ်းပြီးတည်းက ယဲ့ဖန်အပေါ် သူအမြင်မကြည်ခဲ့ဘူး.. ဒီလို စီစဉ်မှုကို သူဘက်က အသည်းအသန် ကန့်ကွက်ခဲ့ပေမဲ့ ယဲ့ဖန်က လက်ခံခဲ့တယ်လေ.. အဲနောက်ပိုင်းကစပြီး ယဲ့ဖန်နဲ့ပတ်သက်ပြီး လစ်လျူရှုခဲ့တာ.. အခုမှ အာရုံထဲ ပြန်ရောက်လာခဲ့၏..
"သူတို့ သွားတဲ့စာအုပ်ဆိုင်က ဘယ်နေရာလဲ"
စောနက စကားပြောနေကြတဲ့အစေခံထဲက တစ်ယောက်ကို လက်ညိုးထိုးမေးလိုက်တော့.. စာအုပ်ဆိုင်နေရာကို သိလိုက်ရသည်။
းးးးးး
"တစ်..နှစ်.. သုံး............. ကိုး..တစ်ဆယ်.. ဆယ်အုပ်တောင်!! ကိုကြီး ဒါတွေ အကုန်ဝယ်မလို့လား"
ဝတ္ထုစာအုပ်တွေပဲ ဝယ်ဖို့လုပ်နေတဲ့ ယဲ့ဖန်ကို ဝေ့ဝေ့ အံအားသင့်စွာ မေးလိုက်မိတယ်..
"အင်း.. ငါခဏ ခဏ လာမဝယ်ချင်လို့.. ရောက်တုန်းရောက်ခိုက်လေမှာ ဝယ်ထားရမယ်..""
""မဟုတ်ဘူး.. ပြောချင်တာက ဆယ်အုပ်လုံးက ဝတ္ထုတွေချည်းလေ..""
""အင်းလေ.. ဝတ္ထုဖတ်ချင်တယ်လို့ ပြောခဲ့တယ်လေကွာ.. အဲဒါ ဝတ္ထုစာအုပ် ဝယ်တာ ထူးဆန်းလို့လား"
"ဟင့်အင်းး မထူးဆန်းပါဘူး"
*ထူးဆန်းနေတာက ကိုကြီးလေ* ဆိုတဲ့ စကားကိုတော့ ဝေ့ဝေ့ ဆက်မပြောဖြစ်လိုက်...
"ကဗျာစာအုပ်ထဲကရော ဝယ်ချင်တာ မရှိဘူးလား"
"မရှိဘူး.."
ဝေ့ဝေ့ ထပ်မပြောတော့ဘဲ ယဲ့ဖန်နားမှာပဲ ငြိမ်ငြိမ်လေး ရပ်လိုက်တယ်.. သူမ ထင်ခဲ့တာက ယဲ့ဖန်တစ်ယောက် စာအုပ်ဆိုင်ဆီ ရောက်ခဲ့ရင် သူရဲ့ဗီဇအရ ကဗျာစာအုပ်တွေဆီသာ အာရုံရောက်သွားမယ်လို့.. အခုတော့ ကဗျာတွေ ထားရှိတဲ့စာအုပ်စင်ဟာ လှည့်ကြည့်ခြင်းပဲ မခံလိုက်ရ။
ယဲ့ဖန်ကြောင့် အံသြနေတဲ့သူက ဝေ့ဝေ့အပြင် နောက်တစ်ယောက် ရှိနေသေးတယ်.. ယဲ့ဖန်တို့ ရှိနေတဲ့ စာအုပ်စင်ရဲ့အခြားတစ်ဖက်မှာ ရပ်နေတဲ့စစ်ရုန်..
*ဆုမရတာနဲ့ပဲ စိတ်နာပြီး အကုန်လစ်လျူရှုပစ်မယ် လုပ်နေတာ . . . ဘယ်လိုတောင်.. ကလေးဆန်ရတာလဲ.. *
လို့ တွေးမိပြီး ပြုံးသွားမိတယ် . .
ထိုအချိန်တွင် ယဲ့ဖန်တို့ ငွေချေပြီးသွားတာကြောင့် စာအုပ်ဆိုင်က ထွက်သွားတော့.. စစ်ရုန်အနောက်ကနေ အမြန်လိုက်သွားခဲ့သည်။
"ယဲ့ဖန်"
ဆိုတဲ့ ခေါ်သံကြောင့် ယဲ့ဖန်တို့ လှည့်ကြည့်လိုက်တော့.. ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးတစ်ဝက် တပ်ထားတဲ့လူကို တွေ့လိုက်ရချိန်.. ထိုလူက စစ်ရုန်မှန်း ယဲ့ဖန်ရော ဝေ့ဝေ့ရော သိလိုက်တယ်..
"ဝေ့ဝေ့ မင်းသားကို ဂါဝရပြုပါတယ်"
ဝေ့ဝေ့က စပြီး ဂါဝရပြုလိုက်တော့ ယဲ့ဖန်လည်း ဘေးကနေ ခါးကိုင်းညွှတ်ကာ ဂါဝရပြုလိုက်တယ်..
"ကိုကြီးနဲ့ မင်းသားတို့ ဝေ့ဝေ့ကို သွားခွင့်ပြုပါ"
အိမ်ရှေ့စံမင်းသားအပေါ် ထားရှိတဲ့ ကိုကြီးရဲ့ စိတ်သဘောထားကို ဝေ့ဝေ့ ရိပ်မိတာကြောင့် နှစ်ယောက်တည်း ရှိနေစေရန် ရည်ရွယ်ကာ သူ သွားဖို့ နှုတ်ဆက်လိုက်ပေမဲ့.. သူလက်ကောက်ဝတ်ကို လာဆုပ်ကိုင်တဲ့ ယဲ့ဖန်ကြောင့် ဝေ့ဝေ့ မျက်လုံးပြူးသွားရပြန်တယ်..
"မိန်းကလေး ဖြစ်ပြီး အကြောက်အလန့် မရှိ.. တစ်ယောက်တည်း ပြန်ဖို့ စိတ်ကူးနေတယ်"
ယဲ့ဖန် မျက်မှောင်ကြုတ် ကြည့်ကာ ဆူလိုက်ခြင်းက .. ဝေ့ဝေ့က သိုင်းတတ်တာ သိပေမဲ့.. စစ်ရုန်နဲ့ နှစ်ယောက်တည်း မနေခဲ့ချင်တာကြောင့် ထိုသို့ ပြောလိုက်ခြင်းပင်..
"အရင်ကလည်း တစ်ယောက်တည်းပဲ သွားနေကျ....."
ဝေ့ဝေ့ စကားတောင် ဆုံးအောင် မပြောလိုက်ရဘဲ. စိတ်ဆိုးသလို ကြည့်လာတဲ့ ယဲ့ဖန်ကြောင့် ငြိမ်သွားခဲ့တယ်..
" အခုက ငါနဲ့အတူ ထွက်လာတာလေ.. ညီမဖြစ်သူကို တစ်ယောက်တည်း ပြန်လွှတ်စရာလား.. မကြာခင်ပဲ မိုးမှောင်တော့မယ်"
*သူညီမဖြစ်သူကို စိုးရိမ်နေတာလား .. ဟိုအသက်၁၄နှစ်က စစ်သူကြီးရဲ့သွေးကို ဆက်ခံနိုင်သူဆိုပြီး ဒီလောက်နာမည်ကြီးနေတာကို ဘယ်သူက ထိရဲမှာလဲ.. ကာကွယ်မဲ့ ကာကွယ်. သူက ကာကွယ်ခံရမဲ့ပုံကို...*
ခွိ...
စစ်ရုန်တစ်ယောက်.. သူဘာသာ တွေးမိပြီး ရယ်သံတစ်ချက်. ထွက်သွားတော့ ယဲ့ဖန်တို့ မောင်နှမနှစ်ယောက်လုံး သူကို လှည့်ကြည်လာတယ်..
"မင်းသား ကျွန်တော်တို့ကို ခေါ်တာ ဘာအကြောင်းကြောင့်လဲဗျ"
ရုတ်တရက် သူကို မေးလာတဲ့ ယဲ့ဖန်ကြောင့် စစ်ရုန် အကျပ်ရိုက်သွားတယ်.. သူလည်း ဘာကြောင့် ယဲ့ဖန်ကို ခေါ်လိုက်မိမှန်း မသိ...
ညဈေးပွဲတော်အချိန်ကျရင် ယဲ့ဖန်နဲ့အတူ လည်ပတ်ပါလား လို့ ခမည်းတော် ပြောဖူးတာကို သတိရသွားကာ..
"ညဈေးပွဲတော်ရောက်ရင် မင်းကို လာခေါ်မယ်"
ဆိုပြီး ပြောလိုက်ပေမဲ့ သူကို ဘာမှမတုံပြန်ဘဲ မျက်လုံးအပြူးသားနဲ့ ကြည့်နေပြန်တဲ့ ယဲ့ဖန်ကြောင့်..
"အဟမ်း... အဲနေ့ကျ အားတယ် မှတ်လား"
" အား.. အားပါတယ်.."
ခေါင်းလေး တညိတ်ညိတ်နဲ့ ပြောလာတဲ့ ယဲ့ဖန်ကြောင့် စစ်ရုန် စိတ်ပျော်သွားခဲ့တယ်...
"ဒါဆို အဲနေ့ကျမှ တွေ့ကြမယ်နော်.. ကျွန်တော်တို့ကို သွားခွင့်ပြုပါအုန်း"
"ကောင်းပြီ"
ဆိုပြီး စစ်ရုန်ဆီက ခွင့်ပြုမိန့်ရပြီးတာနဲ့ ဝေ့ဝေ့လက်ကို ဆွဲကာ ထိုနေရာကနေ အမြန်ထွက်လာလိုက်တယ်..
~ ညဈေးပွဲတော်ဆိုတာက လပြည့်နေ့ညတိုင်း ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခု... အဓိက ဇာတ်ကွက်ဖြစ်လာမဲ့နေရာ... အဓိက ဇာတ်ဆောင်နှစ်ယောက်ရဲ့ အမှတ်တရနေရာလေးလေ.. သူတို့နှစ်ယောက် စတွေ့တာကလည်း အဲဒီစျေးပွဲတော်မှာ... ချစ်သူတွေ ဖြစ်ပြီး အချိန်အတူ ဖြုန်းလေ့ရှိတာကလည်း အဲနေရာမှာပဲ... ပြီးတော့ မူလဇာတ်ကြောင်းမှာ စစ်ရုန်ဆိုတဲ့သူက ယဲ့ဖန်ကို ညဈေးပွဲတော်ကို အတူသွားမယ်လို့ တစ်ခါမှ မပြောခဲ့ဘူး.. အခုကျ ဘာလို့ ပြောင်းသွားရတာလဲ.. ငါတော့ မကောင်းတဲ့အငွေ့အသက်တွေ ရနေသလိုပဲနော် ဟူးးးး ~
^^^^^
^^^^^
ညဈေးပွဲတော်သွားဖို့အတွက် လာခေါ်တဲ့စစ်ရုန်တစ်ယောက် ယဲ့ဖန်ကို စောင့်နေတုန်း စိတ်အခြေအနေက ကြည်လင်သာယာနေခဲ့ပေမဲ့ ယဲ့ဖန် အနောက်က ကပ်ပါလာတဲ့ ဝေ့ဝေ့ဆိုတဲ့ကလေးမကို မြင်လိုက်ရချိန်.. စိတ်တွေ နောက်ကျိသွားတော့တယ်..
ဒီကလေးမက ဘာလို့ ပါလာပြန်တာလဲ..
ကလေးမကလည်း သူကို လှမ်းမြင်ချိန်မှာ တစ်ချက်တုန်သွားတာကို စစ်ရုန်တွေ့လိုက်ရတယ်..
"ညီမလေးဝေ့ကိုပါ ခေါ်လာတာ မင်းသားအတွက် အနှောင့်အယှက် ပေးသလိုများ ဖြစ်သွားလား"
အမှန်တော့ စစ်ရုန်နဲ့ နှစ်ယောက်တည်း သွားရမှာကို ယဲ့ဖန် ကြောက်နေတာမို့ ဝေ့ဝေ့ကို မရမက ခေါ်ခဲ့ခြင်းပင်။ အိပ်ချိန်ကလွဲပြီး အနားကနေ မခွာဘဲ တဂျီဂျီ လိုက်ကပ်နေတဲ့ သူကြောင့် နောက်ဆုံးတော့ ဝေ့ဝေ့ လိုက်ခဲ့ပေးမယ်ဆိုပြီး ခေါင်းညိတ်ခဲ့ရတာ..
"မဖြစ်ပါဘူး.. သွားကြတာပေါ့"
ပြောပြီးတာနဲ့ လှည့်ထွက်သွားတဲ့ စစ်ရုန်ရဲ့နောက်ကျောကို ကြည့်ပြီး ဝေ့ဝေ့ကို ယဲ့ဖန် တိုးတိုးလေး ကပ်ပြောလိုက်တယ်...
"ရုတ်တရက်ကြီး လေထုက အေးစက်သွားသလိုပဲနော်.. ညီမလေးဝေ့ရော ချမ်းနေလား"
ကိုကြီးနောက်ကနေ ပါလာတဲ့ ငါကို မင်းသားတွေ့လိုက်ချိန် မျက်ဝန်းတွေကနေ ရေခဲငွေ့တွေ ထွက်လာလုနီးပါး အေးစက်သွားတာကို ငါ့ကိုကြီး မတွေ့လိုက်ဘူး ထင်တယ်..
ဝေ့ဝေ့တစ်ယောက် ငိုချင်နေတဲ့စိတ်တွေကို ထိန်းချုပ်ရင်း အမြန်အိမ်ပြန်ရဖို့ တိတ်တိတ်လေး ဆုတောင်းလိုက်မိ၏..
#############