ဝေ့ဝေ့ရဲ့လက်ကောက်ဝတ်လေးကို မလွတ်တမ်း ဆွဲကိုင်ပြီး ဈေးလမ်းတလျှောက် ခင်းကျင်းပြသထားတဲ့ ဈေးဆိုင်တွေဆီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ လိုက်ကြည့်နေတဲ့ ယဲ့ဖန်နောက်ကို စစ်ရုန် လိုက်နေရ၏..
အိမ်တော်ကနေ ထွက်လာတဲ့အချိန်တည်းက အခုချိန်ထိ သူကို ရှိတယ်ဆိုပြီး ယဲ့ဖန် အသိအမှတ်ပြုမှုတစ်ချက် မလုပ်တာကို မခံမရပ် ဖြစ်နေတဲ့ စစ်ရုန်ရဲ့ စိတ်တွေက လူစည်ကားနေတဲ့နေရာမှာ အလည်အပတ်ခရီး ထွက်နေသလို ပျော်နေတဲ့ ယဲ့ဖန်ကို မြင်လိုက်ရတော့ စိတ်တွေ တဖြည်းဖြည်း ပျော့ပြောင်းသွားခဲ့သည်..
ဒါပေမဲ့ မကျေမနပ် ဖြစ်နေတာ တစ်ခုတော့ရှိနေသေးတယ်.. အမှန်ဆို ယဲ့ဖန်ဘေးနားမှာ တွဲလျက် လျှောက်ရမှာက ငါကိုယ်တော် ဖြစ်နေရမှာလေ.. ဘာကြောင့် ဟိုကလေးမ ဖြစ်နေရတာလဲ..
ဝေ့ဝေ့တစ်ယောက် သွားသာ သွားနေရတယ်.. ပတ်ဝန်းကျင်ကိုလည်း အာရုံ မစိုက်နိုင်... သူရဲ့ကျောပြင်ကို လာရောက်ရိုက်ခတ်နေတဲ့ လေအေးအေးတွေကြောင့် ကျောချမ်းနေခဲ့ရသည်..
*ဟိုတစ်ယောက်ကလည်း ဘာလို့ အခုထိ ရောက်မလာရတာလဲ *
သူ အချက်ပြနေတာတောင် ရောက်မလာနိုင်တဲ့လူကို ဝေ့ဝေ့ မေတ္တာပို့နေလိုက်ချိန်မှာပဲ..
"သခင်မလေး!!"
အရေးကြီးနေတဲ့ဟန်ဖြင့် အပြေးရောက်လာတဲ့ အစေခံလေးကို ဝေ့ဝေ့ ကြည့်ပြီး စိတ်ထဲ တော်တော် ပျော်သွားပေမဲ့.....
"ဘာကိစ္စလဲ"
ပျော်နေတဲ့အသံကို ထိန်းချုပ်ကာ ခပ်တည်တည်နဲ့ ဝေ့ဝေ့ မေးလိုက်သည်..
"စစ်သူကြီးက သခင်မလေးကို ခေါ်ခိုင်းလိုက်လို့ပါ"
"ကောင်းပြီ.. ဒါဆို ကိုကြီးကတော့ မင်းသား.."
*ကိုကြီးကတော့ မင်းသားနဲ့အတူ လည်ပတ်ပြီးမှ ပြန်လာလိုက်နော်* ဆိုပြီး ဝေ့ဝေ့ ဆက်ပြောမလို့ ရှိသေး..
ယဲ့ဖန်ရဲ့ .. "ဒါဆိုလည်း အတူတူ ပြန်ကြတာပေါ့" ဆိုပြီး ပြောလာတဲ့စကားကြောင့် ဝေ့ဝေ့ ဆွံ့အသွားခဲ့ရသည်..
ဝေ့ဝေ့ ဘာပြောရမလဲ မသိ ဖြစ်နေတုန်း.. စစ်ရုန်က ယဲ့ဖန်ရဲ့လက်ကောက်ဝတ်တစ်ခုကို ဆွဲကိုင်လိုက်ကာ..
"ယဲ့ဖန်ကို ဒီမင်းသားက အိမ်တိုင်ရောက် ပြန်လိုက်ပို့ပေးမှာဆိုတော့ ညီမလေးဝေ့ စိတ်ချလက်ချနဲ့ ထားခဲ့လို့ ရပါတယ်"
ပြောလာတဲ့ စကားရဲ့နောက်ကွယ်မှာ * မြန်မြန် သွားတော့လေ * ဆိုတဲ့ အငွေ့အသက်တွေ ကပ်ပါနေတာကြောင့်.. ဝေ့ဝေ့ နှစ်ယောက်လုံးကို နှုတ်ဆက်ကာ သူကို လာခေါ်တဲ့အစေခံနဲ့အတူ အမြန်ပြန်သွားခဲ့သည်..
ပွဲဈေးလမ်းကို ကျော်လာပြီး ခပ်လှမ်းလှမ်းရောက်တော့မှ အရှေ့ကနေဘသွားနေတဲ့ အစေခံကို ဝေ့ဝေ့ လှမ်းခေါ်လိုက်ပြီး လက်ထဲကို ငွေထုပ် ထည့်ပေးလိုက်သည်..
"တာဝန်ကျေတယ်"
^^^^
^^^^
"မင်းကို ဒီလာဖို့ ဖိတ်ခေါ်ထားတဲ့ ဒီမင်းသားကို ထားခဲ့ချင်တာလား ယဲ့ဖန်"
မျက်လုံးတွေကိုသာ ဖော်ပြထားတဲ့ ငွေရောင်မျက်နှာဖုံးအောက်က မျက်နှာအနေအထားကို မမြင်ရပေမဲ့ မြင်နေရတဲ့မျက်ဝန်းတွေက တော်တော်လေး အေးစက်နေတာကြောင့်.. ယဲ့ဖန် တံတွေးအသာမျိုချလိုက်ကာ..
"မဟုတ်ပါဘူး.. စောနက ဒီအတိုင်း..""
""ဒါဆို ကိုယ်တို့ ဆက်ပြီး လျှောက်လည်ကြမယ်""
စောနတည်းက ဆုပ်ကိုင်ထားတဲ့ သူရဲ့လက်ကောက်ဝတ်ကို ပြန်မလွှတ်ဘဲ ဈေးလမ်းတလျှောက် သူနဲ့အတူ လျှောက်နေတဲ့ စစ်ရုန်ဘေးနားကနေ ကျောက်ရုပ်လေးလို မလှုပ်မယှက်နဲ့ ယဲ့ဖန် လိုက်ပါသွားခဲ့သည်။
အင်း... နည်းနည်းတော့ လွဲနေသလိုပဲ..
အစကလို ဟိုဘက် သွားကြည့်.. ဒီဘက် သွားကြည့်.. လုပ်လို့ မရတော့တာကြောင့် ခေါင်းကိုသာ ဟိုလှည့် ဒီလှည့် အလုပ်ပေးပြီး.. စည်ကားလှတဲ့ပွဲဈေးကို မလွတ်တမ်း လိုက်ကြည့်နေတဲ့ ယဲ့ဖန်သည် မြင်နေရတဲ့ အရာရာတိုင်းကို တစ်ခါမှ မမြင်ဖူးခဲ့သည့်အလား တအံတသြ လိုက်ကြည့်နေတာကို စစ်ရုန် သတိထားမိတော့.. သဘောကျစွာ ပြုံးလိုက်မိ၏..
ယဲ့ဖန်ဆိုတဲ့ ဒီကောင်လေး ဒီအချိန်ထိ ဘယ်လောက်တောင် အိမ်တွင်းပုန်းနေခဲ့တာလဲကွာ ... ပွဲစျေးတန်းတစ်ခုကို အဲလောက်တောင် စိတ်လှုပ်ရှားနေရတယ်လို့..
ထိုအပြုံးတွေက စစ်ရုန်ရဲ့မျက်နှာဖုံးအောက်တွင်သာ ဖြစ်တည်သွားတာမို့ ဘယ်သူမှ မမြင်တွေ့လိုက်ရပေ။
^^^^
^^^^
ခါးမှာ ချိတ်တဲ့ အဆောင်လေးတွေ ရောင်းသောဆိုင်တစ်ခုထဲ သူတို့ ဝင်ကြည့်နေတုန်း.. ယဲ့ဖန် အာရုံထဲ အချိန်များစွာ ပျောက်ကွယ်နေတဲ့ အသံတစ်ခု ဝင်ရောက်လာပြန်တယ်..
// ဟိုဘက်နားက မီးပုံတွေ ရောင်းတဲ့ဆိုင်နားကို သွားလိုက်//
// အခုမှ ပြန်ပေါ်လာတယ်နော်//
// ငါက ကိစ္စရှိမှ ပေါ်လာမှာ.. ခုနက ပြောတဲ့အတိုင်း သွားလိုက်တော့//
// ငါတစ်ယောက်တည်းလား//
// ဟုတ်တယ်.. ဘာလဲ.. ဟိုတစ်ယောက်ကို ရထားတွဲလို ခေါ်သွားချင်နေသေးတာလား//
// ခေါ်သွားချင်စရာလား... အခုတောင် အနားမှ မနေချင်ဘူးဟ.. ထွက်ပြေးချင်နေပြီ//
ဆိုပြီး ယဲ့ဖန် ရေရွတ်လိုက်တော့.. တဟားဟားနဲ့ ထွက်လာတဲ့ ရယ်သံကြီးကို ယဲ့ဖန် လျစ်လျူရှုလိုက်ပြီး စစ်ရုန် သူကို သတိမထားမိချိန်လေးမှာ လှမ်းမြင်နေရတဲ့ မီးပုံဆိုင်ဆီ ထွက်လာလိုက်သည်။..
"ငွေမရှိဘဲနဲ့ မီးပုံကို ပျက်စီးအောင် လုပ်ရလား!!!!!"
ယဲ့ဖန် ဆိုင်နားရောက်တော့.. ဦးလေးကြီးတစ်ယောက်က ဆိုင်ထဲကနေ ကလေးငယ်တစ်ယောက်ကို ဂုတ်ကနေ ကိုင်ကာ တရွတ်တိုက် ဆွဲထုတ်လာတာကို တွေ့လိုက်ရသည်..
ဦးလေးကြီးက ကလေးငယ်ကို ဆိုင်အပြင် ပစ်ထုတ်လိုက်ပြီးနောက် ကန်ကျောက်ဖို့ပါ ဆက်လုပ်တော့ ယဲ့ဖန် မနေနိုင်ဘဲ ကလေးငယ်ကို အလိုလို ပြေးဖက်ကာ ကာကွယ်ပေးလိုက်ချိန် သူ့ကျောပြင်ပေါ် ရောက်လာတဲ့ ခပ်ပြင်းပြင်း ကန်ချက်တစ်ခု ကျရောက်လာခဲ့သည်။ ..
အားပါးပါး.... တော်တော်နာတာပဲ!!ဆိုပြီး တွေးနေတုန်းမှာပဲ...
အားး!!!!!!!
ဆိုပြီး ထွက်လာတဲ့အသံကြောင့် ..
* နာသွားတာက ငါပါ.. ဘယ်က အသံထွက်လာတုန်း!!*
ယဲ့ဖန် တွေးမိပြီး လှည့်ကြည့်လိုက်တော့.. သူနဲ့ဆိုင်ပိုင်ရှင်ရဲ့ကြားမှာ ကျောပေးပြီး ရပ်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်.. အဲလူရဲ့ရှေ့မှာတော့ ခြေထောက်ကို ကိုင်ကာ တအားအား အော်ပြီး လူးလိမ့်နေတဲ့ စောနက ဦးလေးကြီးကိုပါ တွေ့လိုက်ရ၏..
"အဆင်ပြေရဲ့လား"
သူကို ခေါင်းလေး စောင်းကြည့်ကာ မေးလာတဲ့သူရဲ့မျက်နှာကို ထိုသူရဲ့ခေါင်းဆောင်းနဲ့တွဲထားတဲ့ ပုဝါပါးအောက်ကနေ ယဲ့ဖန် သေချာမြင်လိုက်ရချိန်...
*ဒီလူက ကျန်းယုံပဲ.. အနက်ရောင်ဝတ်ရုံ.. ပြီးတော့ အမြဲ မျက်နှာကို အနက်ရောင်ပုဝါပါးတစ်ခုနဲ့ ဖုံးအုပ်ထားတဲ့သူက မူလဇာတ်ကြောင်းထဲမှာ ကျန်းယုံပဲ ရှိတယ်လေ.. သူက ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေတာလဲ? အာ~~ မဟုတ်သေးဘူးလေ ဒါဆို ဒီနေရာက ...??.*
လက်ရှိဇာတ်ကြောင်းအနေအထားက မူလဇာတ်ကြောင်းထဲမှာဆို စစ်ရုန်နဲ့ ကျန်းယုံတို့ စတွေ့တဲ့အနေအထား ဖြစ်နေခဲ့တာကို သတိထားမိသွားသည်..
*သေစမ်း... ကလေးငယ်ကို ကန်ကျောက်နေမဲ့လူကို ကျန်းယုံက ဝင်တားပြီး ကူညီမယ်.. အဲဒါကို စစ်ရုန်က မြင်ပြီး ကျန်းယုံကို သတိထားမိသွားစေမဲ့ ဒီလိုအဓိကဇာတ်ဆောင်နှစ်ယောက် စတွေ့ရမဲ့အနေအထားမှာ ငါက ဘယ်လိုလုပ်ပြီး ဝင်ရှုပ်နေမိတာလဲ*
// မင်းကို အပယ်ခံဇာတ်ကောင်လေးကနေ ဇာတ်ဆောင်တစ်ယောက် ဖြစ်လာဖို့ ငါဖန်တီးပေးတာလေ.. ကဲ!! ငါ့တာဝန်ကျေပြီဆိုတော့. ကိုယ်ဘာသာ ဆက်လုပ်ပေတော့//
// ဘာ!!! //
ယဲ့ဖန်တစ်ယောက် ဆွံ့အသွားခဲ့တယ်.. ငါက ဘယ်လိုလုပ်ပြီး အဓိကဇာတ်ဆောင်တွေရဲ့အရှိန်အဝါကို ယှဉ်နိုင်မှာလဲ!!!!!
ကျန်းယုံ သူကို ငေးကြောင်ကြောင်နဲ့ သတိလက်လွတ်ပုံစံဖြင့် မော့ကြည့်နေတဲ့ ယဲ့ဖန်ကို ဆွဲထူပေးဖို့ လက်လှမ်းလိုက်ချိန်.. တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်ကြား ဝင်ရပ်ပြီး တားဆီးလိုက်သည်..
ဘယ်သူဖြစ်ရမှာလဲ.. အဲဒီလူက စစ်ရုန်ပဲပေါ့..
ယဲ့ဖန်လည်း သူတို့နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ကလေးငယ်ကိုပါ ဆွဲထူရင်း သူလည်း ထရပ်လိုက်သည်..
အား!! ကျွတ်ကျွတ်.. ကျောအောင့်လိုက်တာကွာ..
ယဲ့ဖန် အသာရေရွတ်ကာ စစ်ရုန်နဲ့ ကျန်းယုံတို့ဆီ ကြည့်လိုက်တော့.. အခုချိန်ထိ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြတာကို တွေ့လိုက်ရတယ်..
မျက်နှာဖုံးအောက်နဲ့ ပုဝါပါးအောက်က သူတို့ရဲ့ မျက်နှာတွေကို သေချာမမြင်ရပေမဲ့ ဘာပဲဖြစ်ဖြစ် အကြည့်ချင်းဆုံနေတာပဲ ဖြစ်မယ်.. ဟုတ်တယ် မှတ်လား.. မြင်မြင်ချင်း အချစ်လေ
အရပ်မြင့်မားပုံကလည်း တူညီပြီး ငွေရောင်နဲ့အနက်ရောင် ပုံရိပ်နှစ်ခုရဲ့ လိုက်ဖက်ညီမှုကို ယဲ့ဖန် ကြည့်နေကာ..
*တော်သေးတယ်.. အဓိကဇာတ်ဆောင်နှစ်ယောက် စတွေ့ဆုံရမယ်ဆိုတဲ့ မူလဇာတ်ကြောင်း ပြောင်းမသွားလို့*
တွေးမိကာ သက်ပြင်းချလိုက်မိ၏.. သူတို့နှစ်ဦးကို ယဲ့ဖန် ကြည့်နေရင်း..
ဒါပေမဲ့ သူတို့အနေအထားက နည်းနည်းလွဲနေသလားလို့.. အမှန်ဆို သူတို့နှစ်ယောက်ပတ်ဝန်းကျင်မှာ အချစ်သင်္ကေတဖြစ်တဲ့ အသည်းပုံလေးတွေ ဝဲပျံနေသင့်တာလေ..
အခုတော့ နည်းနည်းအန္တရာယ်များတဲ့ အငွေ့အသက်တွေ ဖြစ်နေသလိုပဲနော်..
###############