ယဲ့ဖန်လည်း သူတို့နှစ်ယောက်ဘက်ကို အာရုံမထားတော့ဘဲ.. ကလေးငယ်ကိုသာ မေးလိုက်သည်.
" ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ"
ယဲ့ဖန် ဆိုလိုလိုက်တာက ပိုက်ဆံ မရှိဘဲ မီးပုံလေးကို ဘာလို့ ဖျက်ဆီးလိုက်တာလဲလို့ ပြောတာမှန်း ကလေးငယ်လေးလည်း နားလည်လိုက်တာကြောင့်..
"ပွဲတော်ရက်မှာ အိမ်မှာ ချိတ်ထားဖို့ အမေကို မီးပုံလေး တစ်ခုလောက် ဝယ်ပေးချင်မိတာနဲ့.. ဒီနေ့ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုး ဝင်လုပ်ပြီး ပိုက်ဆံ ရှာခဲ့တာ.. ဒါပေမဲ့ မီးပုံတွေက ကျွန်တော် တစ်နေ့လုပ်ခထက် ဈေးကြီးနေတာမို့ မဝယ်နိုင်ခဲ့ဘူး.. ကျွန်တော်လည်း ဆိုင်ထဲ ရောက်လက်စနဲ့ မီးပုံလေးတွေ လျှောက်ကြည့်အုန်းမယ်ဆိုပြီး ကြည့်နေရင်း ဒီ မီးပုံလေးကို လှလို့ ကိုင်ကြည့်မိရင် ဒီလိုဖြစ်သွားရတာပါ ကျွန်တော် တမင် ဖျက်ဆီးလိုက်တာ မဟုတ်ပါဘူး.."
သူပြောချင်တာလေးတွေကို ချက်ချင်း ပြောလိုက်ပြီးတာနဲ့ မျက်နှာငယ်လေးဖြင့် ငြိမ်ငြိမ်လေး ရပ်နေတဲ့ကလေးငယ်ရဲ့ ဆံပင်တွေဆီ ယဲ့ဖန် လှမ်းဖွလိုက်ကာ..
"သွားရွေးလိုက်.. "
ဆိုပြီး ပြောလိုက်တော့.. ကလေးငယ်က အံအားသင့်စွာ သူကို မော့ကြည့်လာချိန်.. ယဲ့ဖန် အပြုံးလေးတစ်ခုနဲ့ ထပ်ပြောလိုက်သည်..
"အမေကို လက်ဆောင်ပေးချင်တဲ့ မီးပုံတစ်ခု သွားရွေးဖို့ ပြောနေတာ.."
ယဲ့ဖန်ရဲ့အပြုံးကို မြင်လိုက်ရတဲ့ကလေးငယ်ရဲ့မျက်နှာထက်မှာလည်း အပြုံးလေးတစ်ခု ဖြစ်တည်လာကာ..
"ကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကား ပြောပြီး ဆိုင်ထဲ ပြေးဝင်သွားခဲ့၏.. ယဲ့ဖန်လည်း ကလေးငယ်နောက်ကို လိုက်သွားပြီး ဆိုင်ပေါက်ဝနားမှာ ရပ်လိုက်ကာ ထိုနေရာတွင် မတ်တပ်ရပ်နေတဲ့ ဆိုင်ရှင်လူကြီးဆီ အထုပ်ငယ်လေးတစ်ခု ပစ်ပေးလိုက်သည်..
"ပျက်စီးသွားတဲ့ မီးပုံအတွက်ပါ ယူလိုက်"
**
**
ထိုနောက် ကလေးငယ်က ယဲ့ဖန်ကို နှုတ်ဆက်ကာ သူရဲ့အိမ်ဆီ ပြန်သွားခဲ့တော့.. ကလေးငယ်ဘက်ကနေ ဒီဘက်ဆီ ယဲ့ဖန် အာရုံပြန်ရောက်လာချိန် သူကို စိုက်ကြည့်နေတဲ့ မျက်ဝန်းနှစ်စုံကို သတိထားမိသွားသည်..
အာ.. ဒီနှစ်ယောက်ကို မေ့သွားမိတယ်..
ယဲ့ဖန် သူတို့နားကို တိုးသွားခဲ့ပြီး..
"ခုနက ကူညီပေးတဲ့အတွက် ဒီကအစ်ကိုကြီးကို ယဲ့ဖန် ကျေးဇူးတင်ပါတယ်"
ကျန်းယုံဘက် လှည့်ကာ ကျေးဇူးတင်စကား ပြောလိုက်တော့..
"မဟုတ်တာ.. အနာခံပြီး ကလေးငယ်ကို ကာကွယ်ပေးတဲ့ယဲ့ဖန်ကို တကယ်လေးစားမိတာပါ.. ဘယ်အချိန်ပဲဖြစ်ဖြစ် အဲလိုလေး ကာကွယ်ပေးတတ်တာ အရင်ကအတိုင်းပဲနော် .."
ဆိုပြီး ထိုသို့ ပြောလာတဲ့ကျန်းယုံစကားတွေကြောင့် ယဲ့ဖန် အံအားသင့်သွားခဲ့သည် ..
နောက်ပြီး သူကို ကြည့်နေတဲ့ကျန်းယုံဆီမှာ အပြုံးလေးတစ်ခု ဖြစ်တည်နေသည်ကိုလည်း ပုဝါပါးကို ဖြတ်ပြီး မပီမပြင် မြင်နေရသေးတာကြောင့် ယဲ့ဖန် အတွေးများလာခဲ့သည်..
ငါတို့ အရင်တုန်းက တွေ့ဖူးကြလို့လား။
နားမလည်သည့်ဟန်နဲ့ ယဲ့ဖန်က သူကို ကြည့်နေတာကို ကျန်းယုံ သတိထားမိတာကြောင့် သူကိုယ်သူ မိတ်ဆက်လိုက်သည်..
"ကျွန်တော်က ကျန်းယုံပါ"
အေးလေ.. မင်းက ကျန်းယုံမှန်း ငါ သိတယ်လေ.. ဒါပေမဲ့ မူလ ယဲ့ဖန်က သိမှ မသိတာ..
ကျန်းယုံဆိုတဲ့နာမည်ကို ဘေးနားမှာ ရပ်ကြည့်နေကြတဲ့လူတွေ ကြားလိုက်ရတော့.. သူတို့တွေ အံသြထိတ်လန့်သွားကြသည်..
သူက မကြာမီကျရောက်မဲ့ဧကရာဇ်ရဲ့မွေးနေ့ပွဲအတွက် ရောက်လာတာလား..သူကို ဖိတ်ထားတယ်ဆိုတာ အမှန်တွေပေါ့ဆိုပြီး အစရှိသည့် စကားသံတွေပါ ထွက်လာခဲ့သည်..
"မင်း မမှတ်မိလောက်ဘူးလို့ ကိုယ်ထင်ပြီးသားပါ.. တစ်ခါလောက်တော့ ပြန်တွေ့ချင်ခဲ့တာမို့.. အခုတော့ တွေ့ခွင့်ရတာ ဝမ်းသာမိတယ်"
ကျန်းယုံရဲ့အသံဟာ ပျော်ရွှင်မှုအတိ ဖြစ်နေတာကို ကြားရသူတိုင်း ခံစားလိုက်ရသည်။
"အာ~ ဒါလေးက ပျောက်မသွားဘူးပဲ"
ကျန်းယုံရဲ့အကြည့်တွေက သူရဲ့နားထင်စပ်က အမာရွတ်ကို ကြည့်နေမှန်း သတိထားမိလိုက်တာကြောင့် ယဲ့ဖန် အမာရွတ်ကို ထိကြည့်လိုက်မိချိန်..
"ယဲ့ဖန်!"
ထိုအချိန်တွင် တစ်ချိန်လုံး ကျောက်ရုပ်အလား ရပ်နေတဲ့ စစ်ရုန်ဆီကနေ ခေါ်သံကြားလိုက်ရတာကြောင့် ယဲ့ဖန် သူကို မော့ကြည့်လိုက်မိသည်..
"မိုးချူပ်နေပြီ။ ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"
ပြောပြီးတာနဲ့ ယဲ့ဖန်ရဲ့လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ ထိုနေရာကနေ ထွက်လာခဲ့၏..
"နောက်မှ ထပ်တွေ့ကြမယ်"
ဆိုပြီး အနောက်ကနေ လှမ်းအော်ပြောတဲ့ ကျန်းယုံအသံကြောင့် ယဲ့ဖန်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ စစ်ရုန်ရဲ့လက်ဖဝါးက ပိုမို တင်းကျပ်သွားခဲ့သလို.. ခြေလှမ်းတွေကလည်း ပိုမြန်လာသည်.
ဒီလူ ဘာတွေများ အလိုမကျဖြစ်နေပြန်တာလဲ..
စစ်ရုန်ရဲ့ခြေလှမ်းတွေကို ယဲ့ဖန် မနည်း အမီလိုက်နေရတော့ဘ.. အိမ်တော်ရှေ့ ပြန်ရောက်တဲ့အခါ ယဲ့ဖန်တစ်ယောက် အမောဖောက်ချင်သလိုတောင် ဖြစ်နေပြီ။
"ဘာလို့ အဲလောက်တောင် အမြန်လျှောက်နေတာလဲဗျာ"
အမောနည်းနည်းပြေလာတော့ ယဲ့ဖန် စိတ်တိုတိုနဲ့ ပြောမိလိုက်ပြီးမှ.. သူရှေ့ကလူသည် အဓိကဇာတ်ဆောင်ဆိုတာကို သတိရသွားကာ..
"အဟမ်းဟမ်း.. ဟို... လိုက်ပို့ပေးတာ ကျေးဇူးပဲ"
ပြောပြီးတာနဲ့ အိမ်ထဲပြေးဝင်ဖို့ ယဲ့ဖန် ရည်ရွယ်လိုက်ပေမဲ့.. သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ စစ်ရုန်ကြောင့် ရည်ရွယ်ချက် မဖြစ်မြောက်ခဲ့တော့ ငြိမ်ငြိမ်လေးသာ ရပ်နေခဲ့ရ၏...
"သူကို သိနေတာလား"
"ဟမ်?? ဘယ်သူ?? အာ.. ကျန်းယုံကို ပြောတာလား.. သိတယ်လေ သူကို လူတိုင်း သိနေတာပဲကို.."
စစ်ရုန် ပြောချင်တာကို သိပေမဲ့ ယဲ့ဖန် မသိချင်ယောင်ဆောင်နေလိုက်သည်..
မင်း မပြောနဲ့.. မူလ ယဲ့ဖန်နဲ့ကျန်းယုံတို့ သူတို့ချင်း ဘယ်တုန်းက သိခဲ့တာလဲဆိုတာ ငါလည်း သိချင်နေပြီကွ..
"ယဲ့ဖန်!!" ခေါ်လာတဲ့အသံကြောင့်
"မသိဘူးး.. သူနဲ့ အရင်က တွေ့ဖူးလားဆိုတာ ဘာမှ မမှတ်မိဘူး" ချက်ချင်းဆိုသလို ခေါင်းယမ်းကာ ငြင်းလိုက်မိ၏။
"ကြည့်ရတာ မင်းရဲ့အမာရွတ်က သူနဲ့ ပတ်သက်မှု ရှိနေမယ် ထင်တယ်.."
ဆိုကာ ပြောပြီး နားထင်စပ်နားက အမာရွတ်ကို လာထိတဲ့စစ်ရုန်ကြောင့် ယဲ့ဖန် လန့်သွားခဲ့ပေမဲ့. ရှောင်တော့ မရှောင်လိုက်မိ..
လခွမ်းပဲ!! ဒီဇာတ်လိုက် ဘာတွေ လာလုပ်နေတာလဲဟ..
"အင်း.. ဟုတ်လောက်တယ်..အမာရွတ်ကို သူ ကြည့်နေတာ သတိထားမိတယ်.. ဒါဆို ငယ်ငယ်တုန်းက တွေ့ဖူးတာ ဖြစ်မယ် ထင်တယ်"
ယဲ့ဖန် တံတွေးအသာ မျိုချကာ သူရဲ့ထင်မြင်ချက်လေးကို ပြောလိုက်၏..
"ဒါ ဘယ်တုန်းက ရခဲ့တာလဲ"
အမာရွတ်အပေါ် ခပ်ဖွဖွ ပွတ်ကြည့်နေတဲ့စစ်ရုန်ကြောင့် ယဲ့ဖန် အသက်တောင် မရှုရဲ ဖြစ်သွားခဲ့သည်။
"မမှတ်.. မမှတ်မိတော့ဘူး.. ဘယ်တုန်းကလဲဆိုတာရော ဘာကြောင့်လဲဆိုတာရော မမှတ်မိဘူး"
တကယ်လည်း သူ မသိပါ .. အစတုန်းက သူကို ပြောပြခဲ့တဲ့ဇာတ်ကြောင်းမှာ ဒီအဖြစ်အပျက်အကြောင်း မပါခဲ့ဘူးလေ
"အဲတစ်ယောက်နဲ့ ရင်းနှီးအောင် မနေနဲ့.. အိမ်ထဲ ဝင်တော့.."
ရင်းနှီးအောင် နေဆိုရင်တောင် ငါကလည်း မနေချင်ပါဘူးနော်.. အေးအေးဆေးဆေးလေးပဲ နေချင်တယ်!!!
ဆိုတဲ့ အတွေးစကားတွေကိုတော့ ယဲ့ဖန် ထုတ်မပြောတော့ဘဲ ခေါင်းပဲ ညိတ်ပြလိုက်သည်။
**
ယဲ့ဖန် သူအခန်းဆီ ပြန်ရောက်တော့.. အိပ်ရာပေါ် ပစ်လှဲချပလိုက်သည်။ ထိုနောက် နဖူးပေါ် လက်တင်ကာ အတွေးများတော့၏..
စစ်ရုန်ကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ.. စောနက ငါကို စကားပြောနေတဲ့အသံကို ကြားရတုန်းကဆို ကျောတောင် ချမ်းတယ်.. ဟူး.... သူ ဘာလို့ အဲလိုဖြစ်နေတာလဲ.. ကျန်းယုံက သူကို အာရုံမစိုက်မိဘဲ ငါကိုပဲ စကားပြောလို့ ဖြစ်မယ်.. ကျန်းယုံနဲ့သူက ပတ်တောင် မပတ်သက်ရသေးဘူး သူက အဲလောက်တောင် သဝန်တိုတယ်ပေါ့လေ.. နောက်ဆို နှစ်ယောက်လုံးနဲ့ တတ်နိုင်သမျှ ဝေးဝေးနေရမယ်..
နေအုန်း.. ဟိုတစ်ယောက်ကို မေးစရာရှိနေပါတယ်ဆို ဘယ်ပျောက်နေလဲ မသိဘူး။
// အသည်းက တွေ့ချင်နေတယ်ဆိုလို့ ကိုယ်ထင်လာပြပြီ//
// သေချင်နေလား.. ဘာအသည်းလဲ!!//
//အသည်းက စိတ်ကြီးတယ်ဟ.. //
// တော်တော့.. မင်း ငါကို ကျန်းယုံနဲ့ယဲ့ဖန်ကြားက ပက်သက်မှုကို ဖုံးကွယ်ထားတာလား//
// ဖုံးကွယ်ထားတာ မဟုတ်ဘူး.. ဒီအတိုင်း အဲအကြောင်းအရာက မူလဇာတ်ကြောင်းတုန်းက အရေးမကြီးဘူးလေ အခုလည်း အရေးမကြီးဘူး ထင်လို့.. မပြောဖြစ်ခဲ့တာ.. အဲကျန်းယုံ ဘာလို့ အဲလောက်တောင် ဉာဏ်ကောင်းနေရတာလဲ မသိဘူး//
စိတ်ပျက် လက်ပျက်ပြောလာတဲ့အသံကြောင့် ယဲ့ဖန်တစ်ယောက် စိတ်ဝင်စားမှု တိုးသွားခဲ့တယ်..
#################