Chapter 179
ရှန်းအန်ရှင်းက လုံးဝမတုံ့ပြန်ခဲ့ပါချေ။
"ဘာပြောစရာရှိလဲ"
ကျန့်ရီက ထပ်မေး၏။ရှန်းအန်ရှင်းက ဘာအကြောင်းပြချက်ပဲပေးလာပါစေ၊ ဤလူကို ဖယ်ထုတ်ရန် သူ့စိတ်ထဲဆုံးဖြတ်ပြီးပြီဖြစ်သည်။သို့ပေမဲ့ သူက မေးလိုက်တုန်းပင်။
"မင်းတို့အားလုံးပဲ...မင်းတို့ငါ့ကို ဒီလိုလုပ်လိုက်တာ"
ရှန်းအန်ရှင်းက ရုတ်တရက် ပြောလိုက်သည်။ သူ့မျက်လုံးတွေက ကျန့်ရီကို စိုက်ကြည့်နေ၏။
"ဘယ်သူက မင်းကို ဆန့်ကျင်ခဲ့လို့လဲ"
ကျန့်ရီ သူ့ကို ဤကဲ့သို့မြင်သောအခါ၊ သူ ရိုးရိုးရှင်းရှင်းပဲ ဒေါသထွက်လာသည်။
"အဲဒါက ကျောက်ကျင်းကော နဲ့ ကျန်းကျန့်..."
ရှန်းအန်ရှင်း အံကြိတ်လိုက်သည်။သူ ထိုအကြောင်းကို ပိုတွေးလေလေ၊ သူ့ကို နာကျင်အောင်လုပ်ရန် အမိန့်ပေးသည့်လူက ကျောက်ကျင်းကောပဲဟု ပိုခံစားရလေလေပါပင်။ကျောက်ကျင်းကောက စာမတတ်ရုံသာမက ရုပ်ဆိုးသူလည်းဖြစ်သည်။ တစ်နည်းနည်းကြောင့် မဟုတ်လျှင် ကျန်းကျန့်ကို သူ့အပေါ် ဤမျှကောင်းအောင်မည်သို့လုပ်နိုင်မည်နည်း။ထို့အပြင် ကျန်းကျန့်ကလည်း ကျောက်ကျင်းကော ဘာလုပ်သည်ကို အဘယ်ကြောင့် မသိရသနည်း။
"ရှန်းအန်ရှင်း မင်းရူးနေတာလား..."
ကျန့်ရီက မျက်မှောင်ကြုတ်ပြီး ရှန်းအန်ရှင်းကို ကြည့်သည်။သူမြို့တော်တွင်ရှိစဉ်က ကျန်းကျန့်က ရှန်းအန်ရှင်း နှင့် မည်သည့်အဆက်အသွယ်မျှမရှိခဲ့ပေ။ သူ သည်ကိုရောက်သည့်အခါ အခြေခံအားဖြင့် သူတို့တွေ့ဖူးကြပေမဲ သူတို့ကြားမှာ လုပ်ငန်းနယ်ပယ်ချင်းတူသည်က အနည်းငယ်ပဲရှိသည်။ဤလူက ကျန်းကျန့်ကို ကြိုက်သည်ဟု ကြားလိုက်သည်နှင့် ထူးဆန်းသလို ခံစားလိုက်ရပေမဲ့ ရှန်းအန်ရှင်းက ရုတ်တရက် ကျောက်ကျင်းကောနှင့်ကျန်းကျန့်က သူ့ကို ထိခိုက်နာကျင်စေသည်ဟု ပြောသည်ကို ကြားလိုက်ရသောအခါ ပို၍ပင် အံ့သြသွားသလို ခံစားလိုက်ရ၏။
ရှန်းအန်ရှင်းက စကားပြန်မပြောဘဲ ထရပ်လိုက်ပြီး လူတွေ၏နှလုံးသားကို တုန်လှုပ်သွားစေနိုင်သော အကြည့်တွေနှင့် ကျန့်ရီကို ကြည့်လိုက်သည်။
ကျန့်ရီက ကိစ္စများကိုကောင်းကောင်းမွန်မွန် မပြောသော ယခုလိုလူမျိုးများကို စက်ဆုပ်ရွံရှာဆုံးဖြစ်သည်။ရှန်းအန်ရှင်းနှင့် စကားတွေ ဖြုန်းတီးဖို့ရာ သူ ပျင်းလွန်း၏။
"ရှန်းအန်ရှင်း... ကျန့်မိသားစု နဲ့ရှန်းမိသားစု စီးပွားရေးက ဒီနေ့ကစပြီး ရပ်စဲသွားမှာဖြစ်တယ်...အခုအချိန်ကပြီး မြို့တော်ကို ပို့လိုက်တဲ့ ကျန့်မိသားစုက ကုန်ပစ္စည်းတွေက သူတို့ကို ရောင်းချဖို့အတွက် မင်းတို့ရှန်းမိသားစုရဲ့ အကူအညီကို မလိုအပ်တော့ဘူး...အခု မင်းပစ္စည်းတွေကို ထုပ်ပိုးပြီး ငါ့အိမ်ကနေ ထွက်သွား"
အဆုံးတွင် ရှန်းအန်ရှင်းက ကောတစ်ယောက်ဖြစ်သောကြောင့် ကျန့်ရီသနားညှာတာပြီး သူ့လူများကို ရိုက်နှက်ခိုင်းခြင်းမပြုခဲ့ပေ။ သို့သော် ကျန့် နှင့် ရှန်း မိသားစုများ၏ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ဖွံဖြိုးလာကာစ ရှန်းမိသားစုသည် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်လှည့်နိုင်တော့မည်မဟုတ်ဟု သူခန့်မှန်းခဲ့သည်။ရှန်းမိသားစုကို ခွဲဝေရန် အခြားသူများအလျင်စလို လုပ်ဆောင်ကြလိမ့်မည်ကိုလည်း သူခန့်မှန်းမိသည်။
ရှန်းအန်ရှင်း ဤသည်ကို အစတုန်းက မတွေးထားမိပေ။သို့ရာတွင် ရုတ်တရက် ဖြစ်သွားသည့် အခါမှာ သူ တုန်လှုပ်သွား၏။
"မဟုတ်ဘူး မင်းဒီလိုလုပ်လို့မရဘူး"
"ဒါဆို ငါဘာလုပ်ရမလဲ...တော်ဝင်သံတမန်ကို ပင့်ဆောင်လာတဲ့အတွက် ကျေးဇူးတင်ရမှာလား... မင်းလို ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဒီလို သေးငယ်တဲ့ ဘုရားကျောင်းမှာ ထားဖို့ မတတ်နိုင်ပါဘူး..."
ကျန့်ရီက တိုက်ရိုက်ပြောခဲ့သည်။
"ကျန်းကျန့်က သူ့မိဘတွေအပေါ် ဝတ္တရားမဲ့လို့မှမဟုတ်ရင် ဒါက လုံးဝဖြစ်မလာဘူး..."
ရှန်းအန်ရှင်းက ပြောလိုက်သည်။ သူက အမှန်အတိုင်း တော်ဝင်သံတမန်ထံ စာရေးလိုက်ရုံသာ။ လုံးဝ မလိမ်ဘူးးး...
ဤတစ်ခါ ရှန်းအန်ရှင်း အနည်းငယ် ပျာယာခတ်သွားသည်။ရှန်းမိသားစု. . . သူ့အဖေက ရှန်းမိသားစုကို စောင့်ရှောက်ပေးရန် တောင်းဆိုထားသည်။
"ကျန်းကျန့်က ဘယ်လိုလူလဲ၊ငါကောင်းကောင်းသိတယ်...မင်းထက်တော့ လုံးဝပိုကောင်းတယ်..."
ကျန်းရီက ပြောလိုက်ပြီး သူ့ဘေးနားရှိ အစေခံကောင်လေးကို ချက်ချင်းကြည့်ကာအမိန့်ပေးလိုက်သည်။
"ငါတို့ ဧည့်သည်ကို လိုက်ပို့လိုက်"
ရှန်းအန်ရှင်း ကျန့်ရီ၏စာကြည့်ခန်စထဲမှ တိုက်ရိုက်နှင်ထုတ်ခြင်းခံခဲ့ရသည်။
"သခင်လေး ... ဘာတွေဖြစ်နေတာလဲ"
ရှန်းအန်ရှင်းကို ကျန့်မိသားစုမှ အစေခံများ ဘညမပြောညာမပြော ပြန်လိုက်ပို့သည်ကို မြင်လိုက်ရသဖြင့် ရှန်းအန်ရှင်း၏ အနားရှိ အစေခံကောင်လေး ငိုတော့မလိုဖြစ်နေ၏။
"ဒီလူတွေ... သူတို့ထဲက တစ်ယောက်မှ မကောင်းဘူး..."
ရှန်းအန်ရှင်းက ပြောလိုက်သည်။ သူ့အဖေဆုံးပြီးကတည်းက လူကောင်းတွေနဲ့ မတွေ့ခဲ့ရဘူး...
"သခင်လေး ဘယ်သူ့ကိုပြောနေတာလဲ..."
ကောင်လေးက စိတ်လှုပ်ရှားစွာ မေးသည်။
"သခင်လေး သခင်လေးကျန့်ကို စော်ကားခဲ့တာလား...သွားပြီး တောင်းပန်ချင်လား...သခင်လေး..."
ရှန်းအန်ရှင်းက ဘာမှပြန်မပြောဘဲ ကောင်လေးက ဆက်ပြောသည်။
"သခင်လေး...အဲဒီသခင်ဖုန့်က သခင်လေးကို အမြဲတမ်း ပစ်မှတ်ထားနေတာ...သခင်လေးကျန့်က သခင်လေးကျန့်က မကူညီတော့ဘူးဆိုရင် သခင်လေး ဘယ်လိုလုပ်မလဲ...သူက သခင်လေးကို သေတဲ့အထိ ညှစ်ထုတ်လိမ့်မယ်"
"ဖုန်ကျင်းယွမ်..."
ရှန်းအန်ရှင်း အေးခဲသွားပြီး ထိုလူကို ရုတ်တရက် သတိရသွားသည်။
သူက ဖုန်ကျင်းယွမ်၏သားကို မုန်းတီးခဲ့ပေမဲ့ သူကျန့်ရီနှင့် လက်တွဲပြီးသည့်နောက်မှာ ဖုန်ကျင်းယွမ်ကသူ့ကို တောင်းပန်ခဲ့၏။ ထို့နောက်မှာ ဖုန်ကျင်းယွမ်က ကျန့်ရီရှေ့မှာ သူနှင့်ယှဉ်ပြိုင်ခဲ့ပေမယ့် သူ့ကိုဘာမှ မလုပ်ခဲ့ပါချေ။ယခင်က ဖုန်ကျင်းယွမ်ကို ဒုက္ခပေးရန်အကြိမ်ကြိမ် ကြိုးစားခဲ့သူက သူဖြစ်သည်။
မှန်ပေသည်၊ အဆုံးမှာ ဤပြဿနာငယ်လေးတွေအားလုံးက ဖုန်ကျင်းယွမ်၏ ဖြေရှင်းခြင်းခံလိုက်ရပြီးအသာစီးရခဲ့သည်။ ထိုအချိန်က သူ့ကို ကူညီခဲ့သူက ကျန့်ရီ ဖြစ်သည်။
"သခင်လေး... သခင်လေးကျန့်ကို သွားတောင်းပန်ရအောင်"
အစေခံကောင်လေးက ထပ်ပြောသည်။
ရှန်းအန်ရှင်း မပျော်ပေ။ သူ တုန်တုန်ယင်ယင် ဖြစ်ပြီး ဖြူရော်သွားသည်။
"ငါသွားရင် သူတို့အားလုံး ငါ့ကို ဒုက္ခပေးလိမ့်မယ်"
"သခင်လေး...သခင်လေးကျန့်က သခင်လေးကို ဘာအကြောင်းကြောင့် ထိခိုက်စေချင်မှာလဲ...သခင်လေး သူ့ကို စော်ကားခဲ့ပေမဲ့ သခင်လေး အမြဲဒုက္ခပေးဖို့ ကြိုးစားနေတဲ့သူ ဖုန်ကျင်းယွမ်ပဲ..
" ကောင်လေးက စိတ်တိုလာသည်။
"မင် ဘာပြောလိုက်တာလဲ"
ရှန်းအန်ရှင်း ရုတ်တရက် မိုးကြိုးအပစ်ခံလိုက်ရသလိုပင်။
"မင်း ဖုန်ကျင်းယွမ်က ငါ့ကို ဒုက္ခပေးချင်ခဲ့တာလို့ ပြောနေတာလား"
"သခင်လေးရာ... ဟုတ်တာပေါ့ သူက သခင်လေး ကို ဒုက္ခပေးဖို့ အမြဲ ကြိုးစားနေတာပဲ...သူ့ပတ်ဝန်းကျင်ကို သတိထားဖို့မဒမ်ပြောခဲ့တယ်မဟုတ်ဘူးလား"
ကောင်လေးက ရှန်းအန်ရှင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ဤဖုန်မိသားစုသည် အစကတည်းက မြို့တော်ရှိရှန်သမိသားစုအား နည်းဗျူဟာများစွာ အသုံးပြုခဲ့သည်။ယင်းက သူတို့၏သခင်လေး ကျန့်မိသားစုကို ပထမဦးစွာ ချဉ်းကပ်ရသည့် အကြောင်းရင်းပဲ မဟုတ်ပါလော။
ရှန်းအန်ရှင်း ရုတ်တရက် အပြင်ဘက်သို့ ခြေလှမ်းကြီးများလှမ်းကာ ဖုန်ကျင်းယွမ် နေထိုင်ရာဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ သူဘာလုပ်ချင်လဲ သေချာမသိပေမဲ့ ကျန့်ရီက သူနှင့် မပူးပေါင်းချင်တော့ဘူးဆိုကတည်းက သူ ဝမ်လုံကုန်သည်လုပ်ငန်းစု ကောင်းကောင်းနေခွင့်မပေးနိုင်ပေ။ဒါ့အပြင် ဖုန်ကျင်းယွမ် သူ့ကို တလျှောက်လုံး ဒုက္ခပေးခဲ့သူ ဖြစ်နိုင်လား...ဖုန်ကျင်းယွမ်လား...
ကျန့်ရီက ရှန်းအန်ရှင်းကို ဒေါသထွက်ပြီး ရှန်းမိသားစုနှင့် ပူးပေါင်းမှုကို ရပ်ဆိုင်းလိုကြောင်း ဖုန်ကျင်းယွမ်သိထားပြီးဖြစ်သဖြင့် ရှန်းအန်ရှင်း ယ ဝင်လာသည်ကို မြင်သောအခါတွင် သူက နှစ်ထောင်းအားရဖြစ်စွာ နှုတ်ဆက်လိုက်သည်။
"ဒါ သခင်လေးရှန်း မဟုတ်လား... မင်းကဘာလို့ရုတ်တရက်ငါ့ကိုလာတွေ့တာလဲ"
ရှန်းအန်ရှင်းက ဘာမှပြန်မပြောသောကြောင့် ဖုန်ကျင်းယွမ်ကဆက်ပြောသည်။
"ငါ မြို့တော်ကို ပြန်မှာ...သခင်လေးကျန်း ငါနဲ့ အတူ ပြန်သွားချင်လား... ငါ မင်းကိုလိုက်စီးခိုင်းလို့ရပါတယ်...ဆိုတော့ မင်းတစ်ယောက်တည်း ပြန်သွားစရာ မလိုပါဘူး"
ရှန်းအန်ရှင်းက ဖုန်ကျင်းယွမ်ကို ခဏလောက် စိုက်ကြည့်ရင်း သူ့ဆံပင်ထဲက ဆံထိုးကို ရုတ်တရက် ဆွဲဖြုတ်လိုက်ပြီး ဖုန်ကျင်းယွမ်ကို တိုက်ရိုက် ထိုးလိုက်သည်။
ဖုန်ကျင်းယွမ်၏ အခန်းထဲတွင် လူများ ရှိနေပြီး ရှန်းအန်ရှင်းက ပိန်ပိန်ပါးပါးကောတစ်ဦးသာ ဖြစ်သောကြောင့် ယခင်က သူ့ကို ဘယ်သူမှသတိမထားခဲ့ကြပေ။သူ ဖုန်ကျင်းယွမ်ကို ဆံထိုးဖြင့်ထိုးလိုက်သောအခါ အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ပခုံးကို ထိုးဖောက်မိလိုက်သည်။
ဖုန်ကျင်းယွမ်က အဝတ်အစားများစွာကို ၀တ်ဆင်ထားသောကြောင့် ရှန်းအန်ရှင်း၏ ဆံထိုးသည် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့သော်လည်း နာကျင်နေဆဲဖြစ်သည်။ ချက်ချင်းပင် ဒဏ်ရာမှ သွေးများ ထွက်ကျလာကာ သူ့အဝတ်အစားများ နီရဲလာသည်။
"မင်း ရူးနေတာပဲ"
ဖုန်ကျင်းယွမ် ယက အော်ဟစ်လိုက်သည်။ ထို့နောက် နောက်ပြန်ဆုတ်ကာ "သူ့ကို မြန်မြန် ထိန်းထား"ဟု အော်လိုက်သည်။
ရှန်းအန်ရှင်းကလည်း ဘာမှသိပ်မပြော။ဖုန်ကျင်းယွမ်ထံမှ ဆံထိုးကို ဆွဲထုတ်ပြီး ထပ်မံထိုးလိုက်သည်။
ဖုန်ကျင်းယွမ်က ယောက်ျားသားဖြစ်သော်လည်း ဝလွန်းသလို ရှန်းအန်ရှင်းကလည်း ယခုအချိန်တွင် အလွန်စိတ်အားထက်သန်နေသောကြောင့် ဖုန်ကျင်းယွမ် ရှန်းအန်ရှင်း၏ဆံထိုးဖြင့် ထပ်မံထိုးသတ်ခံခြင်းရပြန်သည်။သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ဆံထိုးကို ရပ်တန့်ရန် လက်နှင့်ဖမ်းထားလိုက်သည်။သူ၏ လက်တုတ်တုတ် ထိုးချင်းဖောက်လုနီးပါးဖြစ်ကာ သွေးများ အဆက်မပြတ် စီးကျလာသည်။
"ရှန်းအန်းရှင်း...မင်းမှာ တစ်ခုခုရှိရင် ပါးစပ်က ပြော"
ရှန်းအန်ရှင်း၏အသွင်အပြင်ကိုမြင်ပြီးနောက် ဖုန်ကျင်းယွမ် အနည်းငယ်ကြောက်ရွံ့လာသော်လည်း ရှန်းအန်ရှင်းမှာ သူနှင့်စကားပြောရန် လုံးဝအစီအစဉ်မရှိခဲ့ပေ။
သို့သော် ရှန်းအန်ရှင်း တတိယအကြိမ် ဓားမထိုးမီတွင် ဖုန်ကျင်းယွမ် အနားရှိလူများက သူ့ကို အမြန်ဆွဲထုတ်သွားခဲ့သည်။
ဆွဲထုတ်ခံရပြီးနောက် ရှန်းအန်ရှင်း မလှုပ်မယက်မရုန်းမကန်နှင့် သစ်သားလမ်းမှာ သူရပ်နေခဲ့၏။
"ရှန်းအန်ရှင်း... မင်းအတွက်ကောင်းတယ်"
ဖုန်ကျင်းယွမ်က ဒဏ်ရာရနေသောလက်ကို ဒဏ်ရာမရှိသောလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သွေးများထွက်မလာစေရန် တားဆီးလိုက်သည်။ သူက သူ့အနီးနားရှိလူများကို အမြန်အော်လိုက်၏။
"သွားပြီး သမားတော်ပင့်ချေ"
ဖုန်ကျင်းယွမ်က ရှန်းအန်ရှင်းကို ကြည့်နေစဉ်တွင် တစ်စုံတစ်ယောက်က သမားတော်ပင့်ဆောင်ရန် ထွက်သွားလေသည်။
ရှန်းအန်ရှင်း ကဲ့သို့ပင်၊ ဖုန်ကျင်းယွမ် သူလုပ်ခဲ့သမျှကို ထုတ်ဖော်ခံလိုက်ရသည်ဟုသာ ထင်မြင်ခဲ့သည်. . . သူ ခဏတာ ဒေါသထွက်သွားသော်လည်း မကျိန်ဆဲဘဲမနေနိုင်ပေ။
"ရှန်းအန်ရှင်း... မင်းမှာ အရည်အချင်းရှိရင် မြစ်တစ်စင်းရှာပြီး ခုန်ချလိုက်...ခွေးရူးလို လူတွေကို ကိုက်တာ ဘာထူးမှာလဲ"
ဖုန်ကျင်းယွမ် လွန်ခဲ့သည့် နှစ်ရက်ကမှ တော်ဝင်သံတမန်ကို ရှန်းအန်ရှင်းက မထင်မှတ်ပဲ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ခြင်းဖြစ်သည်။
ရှန်းအန်ရှင်း၏ စိတ်ထားက ငယ်စဉ်ကတည်းက အိမ်ထဲတွင် ကြီးပြင်းလာခဲ့သည့် ကောများနှင့် ဆင်တူကြောင်း သူသိသည်၊ ထို့ကြောင့် အစက သူ သူ့ကို သူ့သားကို လက်ထပ်စေချင်ခဲ့သည်။သို့ပေမဲ့ သိပ်မကြာခင်မှာပဲ ရှန်းအန်ရှင်း၏ သန့်ရှင်းမှုက သူ့ကြောင့် ပျက်စီးသွားခဲ့၏။
ရှန်းအန်ရှင်း သူ့ကိုယ်သူ တိတ်တိတ်ဆိတ်ဆိတ် သတ်သေပစ်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ မဟုတ်လျှင်လည်း သူ့မျက်နှာကို တစ်နေ့လုံး မျက်ရည်တွေနှင့် ဆေးကြောနေလိမ့်မည်။ရှန်းအန်ရှင်းက ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိရုံသာမက သူ့ကိုသတ်ရန်လည်း ကြိုးစားလိမ့်မည်ဟု သူမထင်ခဲ့ပေ။
ဒီကောင် ရူးသွားပြီ။
ရှန်းအန်ရှင်းက ဖုန်ကျင်းယွမ်ကို မှင်တက်စွာ ကြည့်နေချိန်မှာ ဖုန်ကျင်းယွမ်က နှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ရှန်းအန်ရှင်း ခဏစောင့်...အနှေးနဲ့အမြန်တော့ ငါဆယ်ဆပြန်ပေးဆပ်ခိုင်းမှာ"
"အဲဒါခင်ဗျားပဲ"
ရှန်းအန်ရှင်းက ဖုန်ကျင်းယွမ်ကို ကြည့်လိုက်ကာ သူ့တစ်ကိုယ်လုံး ရုတ်တရက်အမူးပြေသွားသည်။ ဖုန်ကျင်းယွမ်က သူ့ကို မြစ်ထဲကို ခုန်ချသင့်တယ်လို့ ဘာကြောင့် ပြောတာလဲ... သူ တစ်ခုခု သိထားတာလား...
ကျန့်ရီ၏ ယခင်တုံ့ပြန်မှုအရ သူ ဘာမှမသိကြောင်း သိသာထင်ရှားသော်လည်း ဖုန်ကျင်းယွမ်က မတူပေ။အမှန်တွင် . . .ဖုန်ကျင်းယွမ်က က သူ့ကို ဒုက္ခအပေးနိုင်လောက်ဆုံသူဖြစ်သည်။
အရင်က သူဘာလို့ မစဉ်းစားမိခဲ့ရတာလဲ...
မြို့တော်မှ မထွက်ခွာမီတွင် သူ့မိခင်က အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်သဖြင့် သတိထားရန် အကြိမ်ကြိမ် ညွှန်ကြားခဲ့သည်။ သူနှင့်အတူ နောက်ထပ် အစောင့်တွေ ခေါ်သွားခိုင်းခဲ့သည်။သို့ပေမဲ့ ရလဒ်အနေဖြင့် ဟယ်ချောင်စီရင်စုကို ရောက်သည့်အခါမှာတော့ ဟယ့်ရှီရွာကို တိတ်တဆိတ်သွားခဲ့ပြီး ကျန်းကျန့်အကြောင်းကို စုံးစမ်းခဲ့ကာ တခြားသူတွေ သိသွားမှာကို ကြောက်ခဲ့သည်။ထို့ကြောင့် သူ ထွက်သွားသည့်အခါ သူ့အစေခံကောင်လေးကိုပင်မခေါ်ခဲ့ပေ. . .
"အခု မင်းပျော်နေပြီလား...တစ်နေ့ကုန် ယောက်ျားတစ်ယောက်ဆီကဖိချတာ ခံချင်နေတာမဟုတ်ဘူးလား...ငါ မင်းကို စေတနာနဲ့လုပ်ပေးလိုက်တာ..."
ဖုန်ကျင်းယွမ်က များစွာ နာကျင်နေသော်လည်း ရှန်းအန်ရှင်းကို လှုံ့ဆော်လိုသော စိတ်ကို မထိန်းနိုင်ပေ။
ရှန်းအန်ရှင်း သိမ့်ခနဲလှုပ်သွားပြီး ရုတ်တရက် ဘယ်ကနေအင်အားရလာမှန်း မသိတော့ဘဲ သူ့ကိုနောက်ကနေ ဆုတ်ကိုင်ထားသည့် လူနှစ်ယောက်လက်မှ လွတ်ထွက်သွားပြီး ဖုန်ကျင်းယွမ်ကို တိုက်ရိုက်ထိုးလိုက်သည်။
ရှန်းအန်ရှင်း ထွက်သွားပြီးနောက် ကျန့်ရီ ရှန်းအန်ရှင်း၏ အခြေအနေက မမှန်ကြောင်း ပိုပို၍ ခံစားမိသဖြင့် သူ့ကို စောင့်ကြည့်ရန် တစ်စုံတစ်ဦးကို ခိုင်းခဲ့သည်။ ထို့နောက် ရှန်းအန်ရှင်းက ဖုန်ကျင်းယွမ်ကို သွားတွေ့ကြောင်း ထိုသူက အကြောင်းကြားလာခဲ့သည်။
ရှန်းအန်ရှင်း နှင့် ဖုန်ကျင်းယွမ် တို့သည် အမြဲတစေ ဆန့်ကျင်ဘက်ဖြစ်နေကြပြီး တစ်ခါတစ်ရံတွင် ၎င်းတို့ကြားတွင် ပဋိပက္ခအချို့ရှိတတ်သည်။ကျန့်ရီက တစ်ခုခု ထပ်ဖြစ်မှာကို စိုးရိမ်နေသောကြောင့် ဖုန်ကျင်းယွမ်၏နေရာကို သွားခဲ့သည်။ သို့သော် သူဝင်ခါနီးတွင် ရှန်းအန်ရှင်း နှင့် ဖုန်ကျင်းယွမ် နပန်းလုံးနေသည်ကို တွေ့လိုက်ရသည်။
"ရပ်လိုက်စမ်း"
ကျန့်ရီက အော်လိုက်၏။ သူ့အသံထွက်ကျသွားသည်နှင့် တပြိုင်နက် တစ်စုံတစ်ယောက်ရှေ့တက်လာပြီး ရှန်းအန်ရှင်း နှင့် ဖုန်ကျင်းယွမ်ကို ခွဲလိုက်သည်။
"ရှန်းအန်းရှင်း...ဒီမှာ ဘာဖြစ်နေတာလဲ"
ကျန့်ရီက မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က ရှန်းအန်ရှင်း နှင့် ဖုန်ကျင်းယွမ် အကြားတွင် သူသည် ရှန်းအန်ရှင်းကို အမြဲတမ်း အလေးထားခဲ့သော်လည်း လက်ရှိအချိန်တွင် နှစ်ယောက်စလုံး စိတ်တိုသွားခဲ့သည်။
ယခုတွင် ပြဿနာစရှာသူက ရှန်းအန်ရှင်းဖြစ်သည်မှာ သိသာထင်ရှားသောကြောင့် ရှန်းအန်ရှင်းကို သူ ဦးစွာ မေးခွန်းထုတ်ခဲ့သည်။
"သူ ငါ့ကို ဒုက္ခပေးခဲ့တယ်..."
ရှန်းအန်ရှင်းကပြောလိုက်သည်။ဖုန်ကျင်းယွမ် ထံမှ အကြိမ်ကြိမ် ထိုးနှက်မှုကြောင့် နာကျင်စွာ ခံစားခဲ့ရသော်လည်း သူ လုံးလုံး နိုးထ(အသိဝင်)လာခဲ့သည်။သို့သော်လည်း အဆုံးတွင် သူဘာဖြစ်ခဲ့သည်ကို ထုတ်မပြောနိုင်ဘဲ ဖြစ်နေသည်။
ကျန့်ရီ ရှန်းအန်ရှင်း၏ အခြေအနေကို ယခင်ကတည်းက မမှန်ဟု ခံစားမိသည်၊ ထို့ကြောင့် သူ့စကားကြားပြီးနောက် ဖုန်ကျင်းယွမ်က ရှန်းအန်ရှင်းကို တစ်ခုခုလုပ်ခဲ့ဖွယ်ရှိပြီး ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ကိုချောက်ချထားခြင်းဖြစ်လောက်မည်မှန်း ချက်ခြင်းပင် မှန်းဆမိခဲ့သည်။
ဖုန်ကျင်းယွမ်အတွက် ထိုကဲ့သို့မျိုးလုပ်ရသည်က မထူးဆန်းပါချေ။
"သခင်လေးကျန့်... ငါမတရားခံရတာပါ... သူက ရုတ်တရက်ဝင်လာပြီး ငါ့ကို အရူးတစ်ယောက်လို လာထိုးတယ်"
ဖုန်ကျင်းယွမ်က သူ့လက်မှ ဒဏ်ရာကို ကျန့်ရီကို တိုက်ရိုက်ပြလိုက်သည်။
"သခင်လေးကျန့်...ရှန်းအန်ရှင်းရူးနေမှာစိုးရတယ်...သခင်လေးကျန့် အဲဒါကို သတိထားရမယ်"
"ငါ့ကို အရင်ထိခိုက်အောင် လုပ်တဲ့သူက သူပဲ..."
ရှန်းအန်ရှင်းက အံကြိတ်ကာ ပြောလိုက်သည်။
ကျန့်ရီက မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။
မူလက ရှန်းအန်ရှင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ပြီးနောက် ဖုန်ကျင်းယွမ် အကြောင်းကို သူတွေးနေခဲ့သည်။သို့ပေမဲ့ သူက ဖုန်ကျင်းယွမ်နှင့်သာ ပူးပေါင်းခဲ့မည်ဆိုလျှင် သူ့အတွက်ပဲ ဒုက္ခဖြစ်မှာကို သူစိုးရိမ်နေခဲ့သည်။ ယခု ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဖုန်ကျင်းယွမ်က ရှန်းအန်ရှင်းစိတ်ပျက်သွားအောင် တစ်ခုခုလုပ်မိထားဖြစ်ကြောင်း ခန့်မှန်းနိုင်သောကြောင့် ဖုန်ကျင်းယွမ် နှင့် မပူးပေါင်းချင်တော့ပေ။
ယခင်က ကျန့်ရီ တောင်မှမြောက်သို့ စီးပွားရေးလုပ်ရန် အလွန်စိတ်ဝင်စားခဲ့သည်။ယင်းက သူ့အတွက် ပိုအဆင်ပြေစေမည့် ကုန်ပစ္စည်းရောင်းရန် အလွန်တည်ငြိမ်သည့် နည်းလမ်းဖြစ်လိမ့်မည်. . .
"ခင်ဗျားတို့နှစ်ယောက်လုံး ကျန့်မိသားစုအိမ်ကနေ ထွက်သွားသင့်တယ်... ခင်ဗျာတို့မှာ ရန်ငြိုးထားရင် အပြင်ထွက်ပြီး ဖြေရှင်းလို့ရတယ်"
ကျန့်ရီက တိုက်ရိုက်ပြောပြီး ဖုန်ကျင်းယွမ်ကို ကြည့်လိုက်သည်။
"သူဌေးဖုန် ကျန့်မိသားစုက မြို့တော်မှာ လုပ်ငန်းကို လျှော့ချတော့မယ်...သူဌေးဖုန်နဲ့ မပူးပေါင်းနိုင်တော့မှာကို ကြောက်မိတယ်...ကျွန်တော် စိတ်မကောင်းပါဘူး... ဒါပေမဲ့ သူဌေးဖုန်က ဒီမှာ လူတချို့ကို သိလာတဲ့အတွက် သူဌေးဖုန်ကို အရမ်းကြီး ထိခိုက်လိမ့်မယ် မထင်ဘူး"
ကျန့်ရီ ဤလူနှစ်ယောက်နှင့်အရောအယှက်လုပ်ရန် ပျင်းလွန်းသောကြောင့် သူတို့နှင့် ရိုးရိုးရှင်းရှင်း မပူးပေါင်းတော့ခြင်းပင်။
"သခင်လေးကျန့်"
ဖုန်ကျင်းယွမ် ကျန့်ရီကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူ့ကျေးဇူးကြောင့် ကျန့်ရီ ပိုက်ဆံအများကြီးရခဲ့တယ်...မပူးပေါင်းတော့ဘူးလို့ သူဘယ်လိုလုပ်ပြောနိုင်ရတာလဲ...
ဖုန်ကျင်းယွမ်က တစ်ခုခုကို ပြောချင်နေသေးပေမဲ့ သူ့ကို စကားပြောခွင့်မပေးဘဲ သူ့စကားနားမထောင်ဘဲ အခန်းထဲက အမြန်ထွက်သွား၏။
ရှန်းအန်ရှင်း နှင့် ဖုန်ကျင်းယွမ် တို့သည် တစ်ချိန်တည်းနီးပါးတွင် ကျန့်မိသားစုအိမ်မှနှင်ထုတ်ခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ကျန့်ရီလည်း စိတ်ပိုင်းဖြတ်လိုက်သည်။
လူယုံတစ်ဦးကို ရှာပြီး ကျန့်ရီကအမိန့်ပေးလိုက်သည်။
"ယန့်ကျီမြစ်တောင်ဘက်မှာ ဆားစျေးနှုန်းတွေ ဘယ်လောက်စျေးကြီးလဲကို တော်ဝင်သံတမန် ရှာတွေ့ပါစေ"
ကျို
းမောင်ဟယ်က လျှို့ဝှက်သွားရောက်ရန် ရည်သန်နေသော်လည်း ဟယ်ချောင်စီရင်စုတွင် ပေါ်လာပြီးနောက်တွင် လူအများအပြားက သူ့ကို စောင့်ကြည့်နေခဲ့သည်။နာမည်အားဖြင့် ကျန့်ရီဟုခေါ်သောလူကလည်း သူ့ နောက်လိုက်ရန် နောက်ထပ်လူနှစ်ဦးကိုခိုင်းခဲ့၏။