Chapter 180
ကျောင်းဖွင့်ခြင်း
လွန်ခဲ့သော ဆယ်နှစ်က တော်ဝင်တရားရုံးက ဆားလုပ်ငန်းကိုစုံစမ်းရန် ယန့်ကျီမြစ်တောင်ဘက်သို့ တော်ဝင်သံတမန်တစ်ဦးစေလွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းတို့အားလုံး မအောင်မြင်ဘဲ ပြန်လာခဲ့ကြသည်။ ယခုဆိုလျှင် ကျိုးမောင်ဟယ် တစ်ခုခုကို ရှာတွေ့နိုင်သည်ဆိုခြင်းမှာ သူ့ကိုယ်ပိုင်အရည်အချင်းပေါ်တွင်မူတည်သည်။
ကျန့်ရီ ကျိုးမောင်ဟယ် တစ်ခုခုကို ရှာဖွေတွေ့ရှိလောက်သည်ဟု ခံစားမိသည်။ နောက်ဆုံးတွင် ယခင်တော်ဝင်သံတမန်နှင့် နှိုင်းယှဉ်ပါက ကျိုးမောင်ဟယ်က တိုက်ပွဲဝင်ရာတွင် ပို၍ ရဲရင့်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် ကျန့်ရီ သက်ပြင်းတစ်ချက်ချကာ သူ့ကိုဟယ့်ရှီရွာသို့ပို့ရန် တစ်စုံတစ်ဦးကိုခိုင်းခဲ့သည်။ကျန်းကျန့် နှင့် စကားပြောရန် သူ စီစဉ်ထားပြီး ရှန်းအန်ရှင်း အကြောင်း တစ်ခါတည်း ပြောပြလိုက်မည်။
ကျန့်ရီ ဟယ့်ရှီသို့သွားသောအခါ ကျန်းကျန့်က အသစ်တည်ဆောက်ထားသော ကျောင်းခန်းမတွင် သူ့လူများ ကျောင်းသားများအား ကျောင်းအပ်သည်ကို ကြည့်ရှုနေသည်။
ဟယ့်ရှီ့ရှိ အသက်အရွယ်ကိုက်သော ယောက်ျားလေးများအားလုံး ဤနေရာတွင် အားလုံးနီးပါး ရောက်နေပြီး မည်သူမှ မကျန်ရစ်ခဲ့ပါချေ။ဤကလေးအများစုက စာမတတ်ကြဘဲ မိဘတွေလည်း အလားတူပါပင်။ အချို့က ၎င်းတို့၏ နာမည်အပြည့်အစုံကိုပင် မပြောနိုင်သောကြောင့် နောက်ဆုံးတွင် ကျန်းဖျင်က ကျောင်းအပ်နှံခြင်းလုပ်ငန်းစဉ်ကို ချောမွေ့စေရန် ၎င်းတို့ဘေးမှာ ကျေးရွာ၏ မိသားစုစာရင်းကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။
ကျန်းကျန့် လာကြည့်သည့်အခါ ဤရွာက လူတွေ၏ နာမည်တွေက အတော်လေး စိတ်ဝင်စားစရာကောင်းပြီး အလွန်ကို ရိုးရှင်းသည်ကို တွေ့လိုက်ရ၏။ တစ်ချိန်တည်းမှာပင် ထိုကျောင်းသားများကြားတွင် မိန်းကလေးတစ်ဦးမျှ မရှိခဲ့ကြောင်းလည်း တွေ့ရှိခဲ့သည်။
သူနှင့်ကျန်းဖျင်တို့က အသက်အရွယ်အလိုက် ကလေးများအားလုံး စာသင်နိုင်သည်ဟု ဆိုသော်လည်း နောက်ဆုံးတွင် ယောက်ျားလေးများသာ ပါလာကြသည်။ မိန်းခလေးများမဆိုနှင့် ကောများပင်မပါချေ။
ကျန်းကျန့် ကြောင်သွားသော်လည်း မအံ့သြ။မော်ဒန်ခတ်တွင် ဖိုဝါဒီစွဲကို ဝေဖန်ကြသော်လည်း ဤနေရာတွင် အမျိုးသမီးများနှင့် ကောများသည် အမျိုးသားများထက် ယုတ်ညံ့သည်ဟု လူတိုင်းက ထင်မြင်ကြသည်။ အမျိုးသားများသာ မိသားစုမျိုးဆက်ကို သယ်ပိုးနိုင်ပြီး မိသားစုကို ထောက်ပံ့နိုင်သည်။
ကျန်းကျန့်မှာ အခြားသူများ၏ တွေးခေါ်ပုံကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။
ကျန်းကျန့် ကြည့်လိုက်သောခါ ရွာထဲက ကောင်မလေးတချို့က မလှမ်းမကမ်းမှာ ရပ်နေပြီး မနာလိုအားကျစွာ ကြည့်နေကြသည်။
ရွာတွင် သူတို့၏ သမီး ကောနှင့် သားများအပေါ် စေတနာထားသည့်သူတွေရှိပေမဲ့ မိန်းကလေးရော ကောတွေပါ ကျောင်းတက်နိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပါချေ။
"စုစုပေါင်း စာသင်ခန်း လေးခန်း ဆောက်ပြီးပြီ၊ အားလုံးက တော်တော်ကြီးတယ်... ဒါပေမဲ့ ဒီကလေးတွေနဲ့ပဲဆို စာသင်ခန်းတစ်ခန်း ကျန်လိမ့်မယ်ာ...ငါ့အတွက် အထည်ချုပ်၊ ရက်ကန်းလုပ်၊ ပန်းထိုးအလုပ် လုပ်တဲ့ ကောတချို့နဲ့အမျိုးသမီးတချို့ရှိတယ်... သူတို့ကိုရှာပြီး ရွာကမိန်းကလေးတွေကို သူတို့ဆီက လက်မှုပညာတွေကို သင်ယူခိုင်းလိုက်ပါ"
ကျန်းကျန့်က ရုတ်တရက် ပြောလိုက်သည်။
"မိန်းကလေးတွေလည်း သင်မှာလား"
ကျန်းဖျင် အနည်းငယ် အံ့သြသွားသည်။
"ကောင်းပြီ...ကျုပ်က အသင့်ချုပ်ပြီးသား အဝတ်အထည်ဆိုင်ဖွင့်တော့မှာ... ဒါကြောင့် ပိုးကောင် ပြုစုပျိုးထောင်ဖို့နဲ့ ရက်ကန်းအထည်တွေကိုရက်ဖို့ တစ်ယောက်ယောက်ကို ရှာရလိမ့်မယ်"
ကျန်းကျန့်ကပြောလိုက်သည်။
ကျန်းကျန့် သူ ပင်လယ်ဓားပြတွေလက်ကနေ ကယ်တင်ခဲ့သည့် အမျိုးသမီးနှင့်ကောများကို ဟယ့်ရှီကို ခေါ်လာပြီးနောက်၊ ထိုလူတွေကို အဝတ်အစားတွေ ချုပ်လုပ်ခိုင်းပြီး ပိုက်ဆံပေးခဲ့၏။ဟယ့်ရှီကလူများလည်း ထိုအကြောင်းကို သိသည်။
ယခု ကျန်းကျန့်ပြောသည်ကို ကြားလိုက်ရသည်. . . သူ့သမီးက အဝတ်အစားချုပ်လုပ်နည်းကို သင်ယူပြီးလျှင် ကျန်းကျန့် အတွက် အလုပ်လုပ်ရင်း ငွေရှာနိုင်သည်က အလွန်ကောင်း၏။
"ယောက်ျားလေးတွေလိုပဲ ခုနစ်နှစ်ကနေ ဆယ့်လေးနှစ်ကြာမိန်းကလေးတွေ နဲ့ ကောလေးတွေစာရင်းသွင်းနိုင်ပါတယ်..."
ကျန်းကျန့်က ပြောလိုက်သည်။
"ဒီမိန်းကလေးနဲ့ ယောက်ျားလေးတွေက မတူဘူး...မိသားစုတွေက အခြေခံအားဖြင့် ဒီဆယ်ကျော်သက်မိန်းကလေးတွေကို အိမ်မှာအလုပ်အကုန်လုပ်ဖို့ အခြေခံအားဖြင့်ထည့်တွက်ပြီး တခြားသူတွေကို ဂရုစိုက်ရတာမို့ အများစုဟာ စာသင်ဖို့ ထွက်မလာနိုင်ကြဘူး..."
ကျန်းကျန့် ကျန်းဖျင်ကို ပြောပြပြီး ရွာသားတွေနှင့် စကားပြောသည်။
များမကြာမီ မိန်းကလေးများနှင့်ကော အများအပြား ကျောင်းအပ်ရန် ရောက်လာကြသည်။ ကျန်းဖျင် ပြောသည့်အတိုင်း၊ ထိုဆယ့်သုံးနှစ် ဆယ့်လေးနှစ်အရွယ်များ မလာကြဘဲ လာသူအများစုမှာ ငယ်ရွယ်ကြသည်။
ကျန်းကျန့်က ဂရုမစိုက်ပေ။သူသည် မိန်းကလေးများနှင့် ကောများကို ခေါ်ဆောင်ကာ သူ ပင်လယ်ဓားပြများထံမှ ကယ်တင်ခဲ့သော အမျိုးသမီးများထံမှ စာတတ်မြောက်သူ တစ်ဦးကို ရှာဖွေကာ သူတို့ကို သင်ကြားပေးရန် ဆန္ဒရှိခဲ့သည်။ သို့သော် မေးပြီးနောက် သူ့နောက်ကနေ ဟယ့်ရှီသို့ လိုက်လာသော အမျိုးသမီးနှင့်ကောများ၏ တွေးခေါ်မှုမှာ အထူးတင်းကျပ်ကြောင်း တွေ့ရှိခဲ့သည်။
သူတို့သည် ဤကလေးများကို ရေးတတ်ဖတ်တတ်အောင် လူသိရှင်ကြား သင်ပေးလိုစိတ်မရှိကြပေ။ပြောရလျှင် ယခုလိုလုပ်ချင်သူတွေက အိမ်မှာ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားသည့် စာအုပ်လေးအုပ်ကိုသာ ဖတ်ပြီး ၎င်းကိုပဲ သင်ပေးနိုင်ကြသည်။
ဒီလူတွေကို ရွာက မိန်းကလေးတွေကို သင်ပေးခွင့်ပေးလိုက်ရင် နောက်ဆုံးမှာ သူတို့ ဘာသင်ပေးမယ်မသိ . . .
ကျန်းကျန့် ၎င်းကို စဉ်းစားပြီး ကျောက်ကျင်းကောကို ပထမနှစ်ရက် သင်ပေးခိုင်းလိုက်သည်။မည်သို့ပင်ဖြစ်စေ ကျောက်ကျင်းကောမှာ အတွေ့အကြုံရှိပြီးသားဖြစ်သည်။
ထိုသည်ကို ရွာသားတွေကြားသောအခါ သူတို့သဘောမတူသည်မျိုးမရှိကြပေ။
ကျောက်ကျင်းကောက ယခုအချိန်တွင် ရွာတွင် အအောင်မြင်ဆုံးကော ဖြစ်သည်။သူတို့အားလုံးက သူ့ကို အလွန်လေးစားကြပြီး သူတို့ သားသမီးတွေကို သင်ပေးခွင့်ပေးလိုက်ကြသည်။ယင်းက သူတို့သားသမီးတွေအတွက် ကောင်းသည့်ကိစ္စတစ်ခုဖြစ်ပေလိမ့်မည်။သူတို့အားလုံးက တစ်ရွာတည်းကဖြစ်သဖြင့် မြန်မြန်ပြီးသွား၏။ထိုသို့ဖြင့် သိပ်မကြာခင်မှာ သူတို့အားလုံးကို စာရင်းသွင်းပြီး ထိုကလေးတွေအားလုံးကို စာသင်ခန်းထဲ ခေါ်သွားခဲ့သည်။
ရွာက ကလေးတွေက စည်းကမ်းရှိရန် နားလည်ပုံရသည်။ ကျောင်းကလူတွေက အကျင့်မကောင်းဟုထင်ပြီး သူတို့ကို ထုတ်ပစ်ချင်မှာကို စိုးရိမ်သောကြောင့် အားလုံးက တည့်တည့်မတ်မတ်ထိုင်နေကြ၏။
ထုတ်ပစ်ခံရလျှင် အရိုက်ခံရမည်ဟု မိဘတွေက ပြောထားကြသည်။ ယောက်ျားလေးတွေက အကျင့်စာရိတ္တကောင်းပေမဲ့ မိန်းကလေးတွေနှင့်ကောလေးတွေက ပို၍ပင် နာခံကြ၏။
ကျောက်ကျင်းကောက ဟယ့်ရှီတွင် ကြီးပြင်းခဲ့ပြီး ဤကလေးများ၏ စိတ်ကို သိသောကြောင့် သူတို့နှင့် ဆက်သွယ်ပြောဆိုရန် ပို၍လွယ်ကူသည်။ သို့သော် သူသည် ယခင်က သင်္ချာတွက်နည်းကိုပဲ အခြားသူများကို သင်ပေးခဲ့သဖြင့် နေရာယူပြီးနောက် ဘာကို အရင်သင်ပေးရမည်ကို မသိခဲ့ပေ။သူ သူတို့ကိုလည်း ဂဏန်းတွေ အရင်သင်ပေး၍ရလောက်သည်။
"ကျန်းကျန့်...ဒီမိန်းကလေးတွေကို အဝတ်အစားချုပ်လုပ်နည်းသင်ပေးမယ်လို့ မင်းပြောတာမဟုတ်ဘူးလား"
ကျန်းဖျင်နှင့် ကျောင်းပတ်ပတ်လည်တွင် ယောင်ပေပေလုပ်နေသော မိဘအချို့က ဤမြင်ကွင်းကိုမြင်တော့ အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ဘယ်လိုဖြစ်လို့ မိန်းကလေးတွေကို စကားလုံးတွေ မှတ်မိအောင် သင်ပေးရတာလဲ...
ကျန်းကျန့်က ကျောက်မင်ကျူးကို ပွေ့ချီရင်း အပြင်ဘက်မှာ ရပ်နေပြီး ကျောက်ကျင်းကော၏ အတန်းကို စောင့်ကြည့်နေသည်. . .သူတို့ စကားကိုကြားသောအခါ သူက ပြောလိုက်၏။
"သူတို့ချုပ်ထားတဲ့ အထည်အရေအတွက်ကိုတောင် မရေတွက်နိုင်တဲ့အခါ အဝတ်အစားချုပ်တတ်အောင် သင်ပေးလို့မရဘူး၊ ဟုတ်တယ်မလား"
ဤသည်ကအမှန်ပါပင်။ သူ့ရှင်းပြချက်ကိုကြားသောအခါ ဘေးပတ်ဝန်းကျင်က လူတွေက ခေါင်းညိတ်ကြ၏။
ထိုအချိန်တွင် ကျန်းကျန့်က ဤကလေးများကို စာဖတ်နည်းသင်ပေးရန်အတွက် လူအနည်းငယ်ငှားရန် ချင်ဖုန့်အဆောက်အဦးသို့သွားရန် စဉ်းစားနေသည်. . . လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီး တို့သည် ဗဟုသုတကောင်းများ ရှိပြီး ရက်အနည်းငယ်ကြာတိုင်း အလှည့်ကျ သင်ကြားမည်ဆိုပါက ပြဿနာမဖြစ်လောက်ပေ။ရေရှည်သင်ကြားရန် သင့်လျော်သော အမျိုးသမီးနှင့် ကောများကို ရှာဖွေရန်လည်း နည်းလမ်းရှာရမည်မှာ သေချာပေသည်။
ကျန်းကျန့်တွေးနေမိချိန်မှာ ကျန့်ရီရောက်ရှိလာသည်ကိုမြင်လိုက်ရသည်။
ကျန့်ရီက စာသင်ခန်းများစွာကို စူးစူးစိုက်စိုက်ကြည့်ကာ စာသင်ခန်းတစ်ခုတွင် မိန်းကလေးများနှင့် ကောလေးတစ်စု ထိုင်နေသည်ကို တွေ့ရပြီးနောက် အနည်းငယ် အံ့သြသွားခဲ့သည်။
"ကျန်းကျန့်... ခင်ဗျားက ကျောင်းထောင်တော့မှာလား"
ကျန်းကျန့်ကိုတွေ့သောအခါ ကျန့်ရီကမေးသည်။
"အင်း"
ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။
"ကျုပ်က လူအင်အား နည်းနည်းပါးပါး လေ့ကျင့်ဖို့ စီစဉ်ထားတယ်"
"ဒါက ကောင်းတဲ့အကြံပဲ"
ကျန့်ရီက ပြောလိုက်သည်။
ကျန့်မိသားစုက ၎င်းတို့၏အစေခံကလေးများကို လေ့ကျင့်ပေးလေ့ရှိသည်။ကျန်းကျန့် သူ့လုပ်ငန်းကို အမှန်တကယ် ချဲ့ထွင်လိုပါက လူအင်အား ပိုမိုလေ့ကျင့်သင့်သည်။
ကျန့်ရီက အထူးတလည် သည်ကိုလာခဲ့ခြင်းဖြစ်သဖြင့် သူ့မှာ ပြောစရာလည်းရှိလောက်သည်။ကျန်းကျန့်က သူ့ကို စာကြည့်ခန်းထဲ ခေါ်သွားခဲ့၏။
ကျန်းကျန့် ၏စာကြည့်ခန်းထဲတွင် စာအုပ်များစွာမရှိသော်လည်း ၎င်းတို့အားလုံးသည် အလွန်လက်တွေ့ကျသည်။အားလုံးကို ဖတ်ပြီးကြောင်း ထင်ရှားသည်။ကျန့်ရီက ဟိုဟိုသည်သည်တစ်ချက်ကြည့်လိုက်ပြီးဆို၏။
"ကျန်းကျန့်...ခင်ဗျားပြောတဲ့အတိုင်း လုပ်ပေးဖို့ လူတစ်ယောက်ကို ကျွန်တော် ခိုင်းထားပြီးပြီ... ဒါပေမဲ့ ကျွန်တော်တို့က ရွှံ့ရေကို မွှေရင်တောင် နောက်ဆုံးမှာ လက်ပေမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
ဆားနယ်ပယ်မှာ လူတိုင်းဝင်ရောက်စွက်ဖက်၍မရပေ. . .
"ကျုပ်တို့ စောစောစီးစီး ပြင်ဆင်မှုတွေလုပ်ဖို့ပဲ လိုတယ်..."
ကျန်းကျန့်က ပြောလိုက်သည်။ အမှန်မှာ သူတန်ဖိုးထားသောအရာသည် ဆားမဟုတ်ဘဲ အပြင်ဘက်ရှိ သမုဒ္ဒရာကြီးဖြစ်သည်။ သို့
သော် ဟယ်ရှင်းစီရင်စုနယ်တွင် ပင်လယ်နှင့်ပတ်သက်သည့်အရာအားလုံးသည် ဟုန်ကျန်းဆားလွင်ပြင်ကို ရှောင်လွှဲ၍မရပေ။