အခန်း၁၁၅
Viewers 8k

Chapter 115

(လင်းယောင်ယောင် က စုချင်းဟယ် နှင့် ပူးပေါင်းခြင်း)


လင်းယောင်ယောင် သည် ဝေ့ယွမ် တို့ အဖွဲ့နှင့်အတူ မက်ခါလေ့ကျင့်ရေးတွင် ပါဝင်ခဲ့သည်။ သူမမှာ တိုက်ခိုက်ရေးအတွေ့အကြုံမရှိခြင်းကြောင့် အခြားတိုက်ပွဲဝင် 4ယောက်နှင့်ယှဉ်လျှင် ရန်သူကို ရင်ဆိုင်ရသောအခါ တိုက်ပွဲတွင် ပရမ်းပတာ ဖြစ်နေရသည်။ သို့သော်လည်း သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ တာဝေးတိုက်ခိုက်မှုများတွင် ကောင်းစွာ ကျွမ်းကျင်သည်။


သာမာန် တိုက်ခိုက်ရေးသမားများသည် စိတ်စွမ်းအား တိုက်ကွက်များကို သင်ယူခဲ့ကြသော်လည်း၊ မက်ခါများကို ထိန်းချုပ်ရန်အတွက်သာ ပိုင်နိုင်ကြ၍ ရန်သူများကို တိုက်ခိုက်ရန် စိတ်စွမ်းအားကို တိုက်ရိုက်အသုံးပြုလိုစိတ်မရှိပေ။ အကြောင်းမှာ မက်ခါ သည် သူတို့၏ တိုက်ခိုက်မှုကို အဆပေါင်းများစွာ အားကောင်းစေတာကြောင့်ပင်။


သို့သော်လည်း လင်းယောင်ယောင် က သူမ၏ စိတ်စွမ်းအားကို တိုက်ခိုက်ရန် ထိန်းချုပ်ခြင်းသည် မက်ခါကို ထိန်းချုပ်ရန် စိတ်စွမ်းအားကို အသုံးပြုခြင်းထက် ပိုအဆင်ပြေသည်ဟု ခံစားရသည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သိပ်မပြင်းထန်သော်လည်း အ‌ေတာ်လျင်သည်။


ဝေ့ယွမ် သည် သူမ၏ ကိုယ်ပိုင်အလေ့အကျင့်ကို ပြောင်းလဲရန် မပြောဆိုခဲ့ပေ။ ဝေ့ယွမ် ၏ တိုက်ပွဲ နည်းစနစ်နှင့် အဖွဲ့၀င်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်၊သူမသည် စတားချောလေးများ အဖွဲ့ကို အနှောင့်အယှက် မဖြစ်စေရုံသာမက ၊ မျှော်လင့်မထားသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ အကြောင်းမှာ၊ ကျောင်းရှိ ကျောင်းသားတိုက်ခိုက်ရေးသမား အများစုသည် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို အလွန်အမင်း ကိုင်တွယ် မဖြေရှင်းနိုင်ကြခြင်းကြောင့်ပင်။


လူငါးဦးချင်းပြိုင်ပွဲ၏ ပထမနှင့် ဒုတိယခြေစမ်းပွဲများသည် အနည်းငယ် စိတ်လှုပ်ရှားစရာကောင်းပြီး အနိုင်ရရန် ခက်ခဲနေသည်။ သို့သော်လည်း၊ ရက်အနည်းငယ်ကြာအောင် ယှဉ်ပြိုင်ကစားပြီးနောက်မှာတော့ သူတို့သည် ချစ်ကြည်ရေးပွဲများကို ဆက်တိုက်အနိုင်ရခဲ့ကြသည်။


ချောင်းမင်ယောင်၊ ကျောက်ချင်းယွင်၊ ဝေ့ယွမ် နှင့် ယဲ့ရှီ တို့သည် အဆင့်အနေအထားအရ ထူးချွန်ကြသူများဖြစ်သည်။ အနည်းငယ် မကျွမ်းကျင်သေးသော လင်းယောင်ယောင် ပင်လျှင် အလွန်မြင့်မားသော စိတ်စွမ်းအား၊ ပထမတန်း တိုက်ခိုက်ရေး အသိဉာဏ်၊ ထိပ်တန်း မက်ခါနှင့် ထူးခြားသော နည်းစနစ်များ ရှိသည်။ အခြားအသင်းများနှင့် နှိုင်းယှဉ်ပါက သူတို့သည် များစွာသာလွန် ကောင်းမွန်နေတော့သည်။


 အဖွဲ့အမည် "စတားချောလေးများ" သည် အနည်းငယ် ရယ်ချင်စရာကောင်းသော်လည်း လွယ်လွယ်ကလေးနှင့် အနိုင်ယူရန်မလွယ်ကူပေ။

သူတို့ 5ယောက်သည် တစ်ယောက်ချင်းပွဲအတွက်လည်း စာရင်းသွင်းထားသည်။


သို့သော် တစ်ဦးတည်း ကစားသမားမုဒ်တွင်၊ အဆင့်-5ရှိသူ ရှောင်မင် ကို 100% အနိုင်ရမည်ဟု ဘယ်သူမှ မပြောဝံ့ကြသလို အဆင့်-6ချောင်းမင်ယောင် ကလည်း အနိုင်ယူဖို့မလွယ်ကူမှန်း အားလုံး သိနေကြသည်။


မူရင်းဝတ္ထုအရ ရှောင်မင် သည် ဤပြိုင်ပွဲတွင် တစ်ဦးတည်းကစားသမားချန်ပီယံဆုကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် သူ၏ တစ်ကယ့်အပြင်လက်တွေ့မှ သရုပ်မှန်ကို သိသွားကြသောအခါတွင် ပြည်သူများက သူ့ကို ဘုရင်အဖြစ် ပိုမိုအားကိုးလာကြသည်။


လင်းယောင်ယောင် သည် ပြည်သူများ၏ စိတ်နှလုံးကို သိမ်းပိုက်မည့် ရှောင်မင်၏ အစီအစဉ်ကို ချိုးဖျက်ပြီး ဇာ့ခ် ဒီရေကိုလည်း တိုက်ထုတ်ပေးနိုင်ခဲ့သည်။ သို့သော်၊Star Network ရှိ မက်ခါလိဂ်တွင် ရှောင်မင် ပထမနေရာကို မရအောင် လုပ်ဖို့ သူမမှာ အစီအစဉ် မရှိပေ။


 သူမ ဤဘဝထဲ ရောက်ရှိလာတာကြောင့် ရှောင်မင် သည် ဝတ္ထုထဲကနှင့် မတူညီသော လမ်းကြောင်းများကို လျှေက်ရတော့မည်။ လိပ်ပြာအကျိုးသက်ရောက်မှုက ရှိနေသော်လည်း သူသည် ယခုအချိန်အထိ လင်း မိသားစုအပေါ် ရက်ရက်စက်စက် ဘာမှ မလုပ်သေးသဖြင့် အပြစ်မရှိသေးချေ။ တာဇာကြယ်ပွင့်မဟာမိတ် နှင့် အရှင်သခင် အင်ပါယာတို့သည် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း သူသည် တာဇာကြယ်ပွင့်မဟာမိတ် နှင့် ပူးပေါင်းခဲ့သည်။ ယခုအချိန်တွင် လင်းရွှမ် သည် နယ်စပ်ရှိ ဇာ့ခ်လှိုင်းကြီးကို ထိန်းထားရခြင်းမှာလည်း သေချာပေါက် ရှောင်မင် နှင့် ဆက်စပ်နေပေလိမ့်မည်။


အတိုချုပ်ပြောရလျှင် ရှောင်မင် အားကိုးနိုင်သည့် အရာအားလုံးကို ဖယ်ထုတ်ပစ်ရန် သူမ လုပ်ရမည်ဖြစ်သည်။ သို့ရာတွင်၊ ညစ်ပတ်သော နည်းလမ်းများကို မသုံးဘဲ သူမကိုယ်ကိုယ်သာ အားကိုးမည်ဖြစ်၏။ 


ဒါပေမယ့် လင်းရွှမ် က သူမကို နည်းမပြဘဲ တစ်ယောက်တည်း ပြိုင်ကြရင် ဘယ်လိုလုပ်ပြီး ရှောင်မင်ကို အနိုင်ယူနိုင်မှာလဲ…ရှောင်မင် ချန်ပီယံဆုမရအောင် ဘယ်လိုတားဆီးနိုင်မှာလဲ…


ထို့ကြောင့်၊ လင်းယောင်ယောင် သည် ယခုနှစ် မက်ခါလိဂ်၏ စည်းမျဉ်းများကို သေချာလေ့လာခဲ့သည်။


တစ်ဦးချင်းတိုက်ပွဲမုဒ်တွင် ပါဝင်သူ များသည်အရေအတွက် ကန့်သတ်ထားသော အဆင့်-5နှင့် အောက်ရှိ ဖြည့်စွက်ဆေးဝါးများ သို့မဟုတ် ဖြည့်စွက်အစားအစာများကို ယူဆောင်လာနိုင်သည်။ဤသည်မှာ 100% တရားမျှတမှု မဟုတ်သော်လည်း တစ်ကယ့် တိုက်ပွဲအခြေအနေနှင့် ကိုက်ညီအောင်ပြုလုပ်ထားခြင်းဖြစ်ပေသည်။ လူတိုင်းအသုံးပြုသော မက်ခါ နှင့် သူတို့သယ်ဆောင်သည့်ပစ္စည်းများသည် တကယ့်စစ်မြေပြင်ကလို အရည်အသွေးမြင့်မားမည်မဟုတ်ချေ။


မူရင်းဝတ္ထုတွင် ရှောင်မင် ၏ အရန်ဆေးဝါးပေးသူမှာ စုချင်းဟယ် ဖြစ်သည်။ မူလက စုချင်းဟယ် သည် အဆင့်-4 ဆေးဝါးများကိုသာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ရှောင်မင် သည် အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားကို အသုံးချနိုင်စေရန်အတွက် သူမ၏ ကိုယ်ပိုင်ဉာဏ်စွမ်းအားကို သေချာ ဖျစ်ညှစ်ထုတ်သုံးပြီး အဆင့်-5ရှိသော ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေး 3မျိုးကို ပြုလုပ်ခဲ့သည်။ အားဆေးတစ်ခုစီသည် ဆယ်စက္ကန့်ကြာမြင့်အောင် သုံးနိုင်ပြီး ရှောင်မင် ၏ စိတ်ဓာတ်ခွန်အားကို SSS အဆင့်အထိ တိုးမြင့်လာစေသည်။


 ဆေးဝါးပြုလုပ်သူ စုချင်းဟယ် နှင့် ဆေးသောက်သူ ရှောင်မင် တို့သည် ပြိုင်ပွဲအပြီး 3ရက်ကြာသည်အထိ အားနည်းနေခဲ့ကြသော်လည်း အောင်မြင်မှုနှင့် နှိုင်းယှဉ်ပါက ဘာမှမဆိုင်ပေ။ နောက်ပိုင်း၊စုချင်းဟယ်သည် အဆင့်-5သာလွန်ကောင်းမွန်သော ဖြည့်စွက်ဆေးတစ်မျိုးကို ပြုလုပ်ခဲ့သဖြင့် သူမသည် မာစတာအဆင့် ဆေးဝါးပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။


ယခုမူ ရှောင်မင် သည် အဆင့်ငါးရှိသော စွမ်းအားမြှင့်ဆေးများကို ပြုလုပ်နေနိုင်သည့် အဆင့်မြင့် ဆေးဝါးအရန်ကုထုံးပညာရှင် စုချင်းဟယ် ကို ဆုံးရှုံးလိုက်ရသည်။


ပိုအရေးကြီးသည်က စုချင်းဟယ် သည် သူမဘက်မှာ ရှိနေသည်ဟု ပြော၍ရသည်။ ထို့အပြင်၊ မူရင်းဝတ္ထုတွင် ဤအချိန်မှာပင် အဆင့်-5 အထက်တန်းအဆင့် ဆေးကို စုချင်းဟယ် က ပြုလုပ်နိုင်ခဲ့သောကြောင့်၊ သူမလည်း ယခုအချိန်မှာ လုပ်သင့်နေပြီဖြစ်သည်။


ဤအကြောင်းကြောင့် လင်းယောင်ယောင် သည် စုချင်းဟယ် ဆီသို့ချဉ်းကပ်ပြီး Star Network တွင် သူမနှင့် ပူးပေါင်း၍ အထက်တန်းအဆင့် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးနိုင်သည့် ဆေးဖက်ဝင် အစားအသောက်များပြုလုပ်ဖို့ တောင်းဆိုလိုက်သည်။ မှန်ပေသည်။ သူမ ကိုယ်တိုင်လည်း ဤသုတေသနမှာ ပါဝင်မှာဖြစ်၏။


သူမ အတွက်၊ အထက်တန်းစား အဆင့်-4နှင့် အလယ်အလတ်တန်းစား အဆင့်-5 ရှိသည့် ဖြည့်စွက်အစားအစာများ ပြုလုပ်ရန်မှာ မခက်ခဲလှသော်လည်း အထက်တန်းစား အဆင့်-5အထိ အောင်မြင်အောင် မလုပ်ဖူးသေးပေ။


 စိတ်စွမ်းအားကို မြှင့်တင်ရန် ဆေးဖက်ဝင်အစားအသောက်များတွင် ကုထုံး အာနိသင်ကို ထိန်းချုပ်ခြင်းသည် သူမ ပိုင်နိုင်သော ကိစ္စမဟုတ်ဘဲ ဆေးဝါးပညာရှင်တစ်ဦးသာ လုပ်ဆောင်နိုင်သော အရာဖြစ်သည်။


သူမနှင့် ချောင်းမင်ယောင် တို့သည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင် SS အဆင့်ရှိပြီး ကျောက်ချင်းယွင် သည် S+ ဖြစ်သည်။ ထို့ကြောင့် ဝိဉာဉ်ရေးရာနယ်ပယ် အားတိုးဆေးကို သောက်ပြီးနောက် သူမတို့နှစ်ဦးစလုံးသည် ရှောင်မင် ၏ SS အဆင့်ထက် မြင့်မားသွားနိုင်ပြီး အနိုင်ရရန် အခွင့်အလမ်း ပိုများနိုင်သည်။


 ထို့အပြင်၊ ဆေးဖက်ဝင် အစား‌အ‌သောက်များသည် ဘေးထွက်ဆိုးကျိုးမရှိချေ။ဆေးဖော်စပ်ဖို့ သုတေသန လုပ်ရာတွင် စိတ်စွမ်းအားကို အလွန်အကျွံအသုံးပြုရခြင်း၏ ဘေးထွက်ဆိုးကျိုးများကို ခံနိုင်ရည်ရှိသော်လည်း သူမ ဂရုမစိုက်ချေ။


မက်ခါလိဂ်ပြိုင်ပွဲအတွက် မှတ်ပုံတင်ပြီးနောက် မကြာမီတွင် လင်းယောင်ယောင် နှင့် အသင်းဖော်များသည် အောင်မြင်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် သူမသည် စုချင်းဟယ် နှင့်အတူ ဤသုတေသနကို စတင်ရန် ပြင်ဆင်ခဲ့သည်။


စုချင်းဟယ် သည် ပူးပေါင်းဆောင်ရွက်ရန် သူမ၏ ဖိတ်ကြားချက်ကို ဝမ်းမြောက်စွာ သဘောတူခဲ့သည်။

သူမသည် မူလက လင်းယောင်ယောင် ၏ လျှို့ဝှက် Fangirl လေးဖြစ်သည့်အပြင် သုတေသန ပြီးသွားပါက သူမအတွက်လည်း များစွာ အကျိုးရှိမည်ဖြစ်သည်။ သူမသည် ဤအခွင့်အရေးကို အသုံးချ၍ အဆင့်မြင့် ဆေးဝါးပညာရှင်အဖြစ်မှ မာစတာအဆင့်သို့ တက်လှမ်းနိုင်သည်။


 ထို့အပြင် သူမ၏ အစ်ကိုကိုလည်း သုတေသန၏ ရလဒ်များကို ပေးနိုင်မည်ဖြစ်သည်။ကျောက်ချင်းယွင်သည် အချိန်အတော်ကြာအောင် သူမကို ကူညီစောင့်ရှောက်ခဲ့‌သော်လည်း သူမကမူ ဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။ထို့ကြောင့် သူမသည် 100% ပျော်ရွှင်နေရတော့သည်။


 ယခုအခါ လင်းယောင်ယောင် ၏ ဆရာဖြစ်လာသော ချိုက်ယူဟုန် သည် သူမ ပြောလာသော သုတေသနကိစ္စများကို သံသယဝင်နေရသည်။  


အစားအသောက်ကုထုံးကို သူမ လေ့လာနေတာ ဘယ်လောက်ကြာသေးလို့လဲ...


သူမ တစ်ယောက်တည်း စတင်လေ့လာချိန်မှစ၍ ရေတွက်လိုက်လျှင်တောင် 4,5လသာ ရှိသေးသော်လည်း ယခုမူ သူမသည် မာစတာအဆင့် ဆေးဖက်ဝင်အစားအသောက်ကို စမ်းလုပ်ကြည့်ချင်နေသည်။ အထက်တန်းစား အဆင့်-5ဖြည့်စွက် အစားအစာများကို တစ်ကယ့် မာစတာအဆင့် အစားအသောက် ကုထုံးပညာရှင်များတောင်မှ ကံကောင်းမှ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ 


သို့သော် လင်းယောင်ယောင် သည် အစကတည်းက သူ့ကို အံအားသင့်စေခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ့မှာ သံသယရှိသော်လည်း သူမအား ယုံကြည့်ချင်မိသည်။ထို့ကြောင့် သာမာန် စမ်းသပ်ရေးများကိုပင် သူမ မတက်လည်းရကြောင်းပြန်ပြောလိုက်သည်။အကယ်၍ သူမ ကျရှုံးလျှင်တောင်မှ ဤသုတေသနကနေ အတွေ့အကြုံအနည်းငယ်ကို သင်ယူနိုင်ပြီး နောက်ဆိုလျှင် မလွယ်ကူကြောင်း သိသွားပေလိမ့်မည်။


ချိုက်ယူဟုန် ၏ စည်းရုံးမှုကြောင့်

အဘိုးကြီးကျန်း သည်လည်း စုချင်းဟယ် တစ်ယောက် Star Networkတွင် ပို၍ လေ့လာနိုင်ရန် အားလပ်ရက် ပေးခဲ့သည်။


 ပြိုင်ပွဲတွင် တရားမျှတစေရန်အတွက် အရန်ဆေးဝါးနှင့် အစားအသောက်ကုန်ကြမ်းများသည် အဆင့်ငါးထက် မကျော်လွန်ရပေ။ ဆိုလိုသည်မှာ S အဆင့်နှင့် ညီမျှသည်။


စိတ်စွမ်းအင်ကို မြှင့်တင်ရန်အတွက် ဆေးဖက်ဝင်အစေားအသောက်၏ ပါဝင်ပစ္စည်းများမှာ အများအားဖြင့် အစားအစာကို အခြေခံရမည်ဖြစ်သည်။


သို့သော်၊စုချင်းဟယ် သည် ဟင်းချက်ခြင်းအကြောင်း ဘာမှမသိ။


  "စိတ်စွမ်းအား တိုးဆေးအတွက် အသုံးများတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ငါသိတယ်… ဒါပေမယ့် ဆေးဖက်ဝင်အစာဖြစ်အောင် အစားအသောက်နဲ့ ဘယ်လိုပေါင်းစပ်ရမလဲဆိုတာတော့ မသိဘူး..."


လင်းယောင်ယောင် က အာမခံလိုက်သည်။


 "ဟင်းချက်တဲ့အပိုင်းက ငါ့တာဝန်ပဲထား… နင်က ငါ့အတွက် စိတ်စွမ်းအင်ကို မြှင့်တင်ပေးမယ့် ဆေးတွေကို လုပ်ပေး… အဆင့်ငါးအထိ မလုပ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး…


 မူရင်းဝတ္ထုတွင် လင်းယောင်ယောင် နှင့် မင်းသမီးသည် သဟဇာတမဖြစ်ပေ။ ယခုမူ၊ သူမတို့သည် အချင်းချင်း ပြိုင်ဖက်များဖြစ်ခဲ့ကြသလို အတူတကွ တိုးတက်အောင် ကြိုးစားနေကြသော သူငယ်ချင်းများလည်း ဖြစ်ကြသည်။


လင်းယောင်ယောင် နှင့် စုချင်းဟယ် တို့၏ မပျင်းမရိ သုတေသနပြုမှုအောက်တွင် နှစ်ပတ်အကြာ၌ အဆင့်-5 စိတ်စွမ်းအားကို မြှင့်တင်ပေးသည့် ဆေးဖက်ဝင်အစားအစာကို တီထွင်နိုင်ခဲ့သည်။ ကုထုံးအာနိသင်နှင့် အရသာကလည်း အတော်ကောင်းမွန်သည်။ ဤဆေးများကို ပြီးပြည့်စုံသော အခြေအနေသို့ မြှင့်တင်ရန်သာ လိုအပ်သည်။


 တစ်ချိန်တည်းမှာပင်၊စတားချောလေးများ အဖွဲ့သည် ပဏာမအဆင့်တွင် အနိုင်ရသွားသည်။ အားစိုက်ထုတ်မှုများစွာမရှိဘဲ အသင်းသည် အသင်းတိုက်ပွဲမုဒ်တွင် ထိပ်တန်း 500 ၏ ဆီမီးဖိုင်နယ်စာရင်းသို့ ဝင်ရောက်ခဲ့သည်။


စတားချောလေးများအဖွဲ့မှ အဖွဲ့ဝင်ငါးဦးစလုံးသည် တစ်ဦးတည်းကစားသမားမုဒ်တွင် ထိပ်ဆုံး 1,000 စာရင်းတွင် ပါဝင်နိုင်ခဲ့သည်။


လင်းယောင်ယောင် ၏ အစားအသောက်ကုထုံးဆိုင်ရာ အဆင့်နှင့် မက်ခါ မောင်းနှင်မှုတွင်လည်း သူမသည် များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။


ရှန်းယွင်ကျင်း ကို လင်းရွှမ် အကြောင်း မေးလိုက်တိုင်း အမေဖြစ်သူ၏လေသံက ပိုပိုလေးနက်ပြီး စိတ်မသက်မသာဖြစ်သွားသည်ကိုလည်း သူမသတိပြုမိလိုက်၏။ ရှေ့တန်းတိုက်ပွဲက ပိုပိုပြီး ခက်ခဲလာလေသည်။


မက်ခါလိဂ် ပြီးဆုံးချိန်ဖြစ်သည့် ဆောင်းရာသီအားလပ်ရက်သို့ရောက်ရန် တစ်လကျော် ကျန်သေးသည်။


လင်းရွှမ် သည် ထိုအချိန်အထိ မြို့တော်သို့ ပြန်မလာသေးပါက၊ သူမသည် ရှေ့တန်းစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် အကြောင်းပြချက်ဖြင့် ရှေ့တန်းသို့ သွားမည်ဟု တွေးလိုက်သည်။မိဘများနှင့် လင်းရွှမ်ကိုတော့ သဘောတူမှာမဟုတ်၍ ကြိုတင်ပြောပြမှာမဟုတ်ချေ။



xxxxx