အပိုင်း ၃၃
Viewers 27k

Chapter 33

 

သီချင်းခေါင်းစဉ်ကို ပိုင်ရဲ့မှပြောလိုက်ပြီးနောက် ချီရှင်းချန်၏ပထမဦးဆုံးတုန့်ပြန်မှုမှာ " ကျွန်တော် ယောင်္ကျားလေးဆိုရမဲ့နေရာကိုဆိုချင်တယ်ကျွန်တော်ကတော့ သွားလက်ထပ်လို့မရဘူးလေ…"

 

ပိုင်ရဲ့မှ " ယောင်္ကျားလေးအပိုင်းမှာ ရက်ပ်တွေပါတယ်မင်းဆိုနိုင်လို့လား…"

 

" အိုး…" ချီရှင်းချန် သူ၏ကံကြမ္မာကိုသာ လက်ခံလိုက်ရသည် " ဒါဆိုလည်း မိန်းကလေးဆိုရမဲ့နေရာပဲ ဆိုလိုက်ပါတော့မယ်…"

 

ဤသို့ဖြင့် ချီရှင်းချန် နောက်ခံတီးလုံးရှာရန် ဖိအားပေးခံလိုက်ရပြီးနောက် ပိုင်ရဲ့နှင့်အတူ စင်ရှေ့သို့ ပြန်လာခဲ့သည်။

 

ခြင်္သေ့အကအပြီးတွင် ဧည့်သည်များမှာ ဖျော်ဖြေမှုများပြီးဆုံးသွားသည်ဟု ထင်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခြင်္သေ့အကထက် ပို၍စိတ်ဝင်စားစရာကောင်းသည့်အက ထက်ရှိရန် ခဲယဉ်းလှပေသည်။

 

၎င်းမှာ ချောမောသောလူငယ်လေးနှစ်ဦးမှ မိုက်ခရိုဖုန်းကိုယ်စီဖြင့် ထွက်လာချိန်အထိသာ ဖြစ်သည်။

 

တစ်ဦးမှ ယနေ့မင်္ဂလာပွဲ၏အခမ်းအနားမှုးဖြစ်ကာ အသားရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်တိုတိုမှာ နဖူးပေါ်တွင် နာနာခံခံဖြင့် ဝဲကျနေသည်။ သူ၏မျက်နှာမှာမူသေးငယ်ကာ မျက်ရစ်တစ်ထပ်နှင့်မျက်လုံးများမှာကြည်လင်တောက်ပပြီး အပြစ်ကင်းနေပုံရသည်။

 

ကျန်တစ်ဦးမှာမူ ဧည့်သည်များယခင်တစ်ခါမှမမြင်ဖူးသည့် လူချောလေးတစ်ယောက်ဖြစ်ပြီး သူ၏ဆံပင်များကို သပ်ရပ်စွာ သပ်တင်ထားကာ နဖူးကိုဖော်ထားခဲ့သည်။ သူ၏အနက်ရောင်ရှပ်အင်္ကျီလက်မောင်းများကို တံတောင်ဆစ်အထိခေါက်တင်ထားကာ အေးစက်ဖျော့တော့သောအသားအရည်ဖြင့် သူ၏အမူအယာမှာ အများနှင့်မတူ တမူထူးခြားနေပြီး သန်မာသောဆွဲဆောင်မှုနှင့် ပေါက်ကွဲထွက်နိုင်လောက်အောင် စွမ်းအားကြီးပုံရသည်။

 

" ဒီအနက်ရောင်အင်္ကျီနဲ့လူငယ်လေးက ဘယ်သူပါလိမ့်ဘာလို့သူ့ကိုရင်းနှီးနေရတာလဲ…"

 

" ငါရောပဲသူ့ကြည့်ရတာ ပွဲတစ်ချို့မှာပါဖူးတယ်ထင်တယ်…"

 

" ဟေးး သူကနှစ်သစ်ကူးပွဲမှာပါတဲ့ကောင်လေးမဟုတ်ဘူးလား…"

 

" အိုးးး ဟုတ်သားပဲသူ့နာမည်က ဘာပါလိမ့်…"

 

ဧည့်သည်ထိုင်ခုံမှ နှစ်ဖက်ဘိုးဘွားများနှင့် ဦးလေးအဒေါ်များမှ စတင်ဆွေးနွေးနေစဉ် မင်္ဂလာအရက်ခွက်ကို မြှောက်ထားသောသတို့သမီးမှာမူ ကြောင်အနေရသည်။

 

ငါဘာတွေမြင်နေတာလဲ..

 

ဒါက ပိုင်ရဲ့မဟုတ်ဘူးလား

 

သူမကိုတိတ်တဆိတ်အလင်းပြနေတဲ့ ကြယ်တစ်ပွင့်မဟုတ်ဘူးလား

 

ပိုင်ရဲ့ သူမတို့ရွာသို့ ရသစုံရှိုးလာရိုက်သည်ဟု ကြားလိုက်ရချိန်က ကျန်းမိသားစုအိမ်သို့ တစ်ကြိမ်သာသွားကြည့်ခဲ့ပြီး သတို့သားဘက်မှမိဘများ၏ မြည်တွန်တောက်တီးမှုများကြောင့် မင်္ဂလာပွဲအတွက်သာ အလျင်အမြန်ပြင်ဆင်ရန် ပြန်လာခဲ့ရသည်။

 

ထို့နောက်တွင် သူတစ်ခါမှ ပိုင်ရဲ့ကိုမမြင်ခဲ့ရသလို ပိုင်ရဲ့နှင့်ဆုံတွေ့ရန် အခွင့်အရေးလည်းမရခဲ့ချေ။

 

သူမ မထင်ထားမိသည်မှာ ယနေ့သူမ၏မင်္ဂလာပွဲသို့ ပိုင်ရဲ့လာမည်ကိုပင်။

 

ပိုင်ရဲ့ ဘေးဘီဝဲယာသို့ကြည့်လိုက်ပြီးနောက် သူ၏အကြည့်မှာ သတို့သမီးထံတွင် ကျရောက်သွားသည်

 

 " မင်္ဂလာပါ ကျွန်တော်ကတော့ ပိုင်ရဲ့ပါဒီနေ့က ကျွန်တော့်ပရိသတ်တစ်ယောက်ရဲ့ မင်္ဂလာပွဲဆိုတော့ ကျွန်တော်က သီချင်းတစ်ပုဒ်လက်ဆောင်ပေးချင်ပါတယ်…"

 

လက်ခုပ်သံကျယ်ကျယ်ထွက်ပေါ်လာပြီးနောက် ပိုင်ရဲ့မှ မိုက်ကိုမြှင့်ကိုင်လိုက်ချိန်တွင် လှပသောသံစဉ်မှာ ထွက်ပေါ်လာသည် 

 

" နွေးထွေးတဲ့ နွေဦးပန်းပွင့်လေးတွေက ဆောင်းရာသီရဲ့ကြေကွဲမှုကို သယ်ဆောင်သွားပေးတယ်သာယာတဲ့လေပြင်းလေးက ရင်ခုန်ဖွယ်လေထုကို ဖော်ဆောင်တယ်အချစ်သီချင်းတိုင်းကလည်း ရုတ်တရက်အဓိပ္ပါယ်ရှိလာမယ်ငါမင်းနဲ့ဆုံတွေ့လိုက်ရတဲ့ ဒီအခိုက်အတန့်လေးမှာကွယ်…"

 

ထို့နောက် ချီရှင်းချန်၏အသံမှ ဆက်လက်ထွက်ပေါ်လာသည်။ ဧည့်သည်များမှ ချီရှင်းချန် သီချင်းဆိုသည်ကို တစ်ခါမှမတွေ့ခဲ့ဖူးကြသည့်အတွက် စတင်သီဆိုလိုက်ချိန်တွင် ထိုမျှကောင်းလိမ့်မည်ကို မမျှော်လင့်မိထားကြချေ။ ချီရှင်းချန်၏ဆိုဟန်မှာ သာမန်သာဖြစ်သော်လည်း သူ၏အသံမှာ အတော်လေးထူးခြားလှပြီး တောက်ပကြည်လင်နေကာ သရုပ်ဆောင်ဟုလူတိုင်းသိထားကြသည့်အထောက်အထားကို ဆန်းသစ်သွားစေသည်။

 

သီချင်းမှာ မင်္ဂလာပွဲများနှင့်ကာရာအိုကေတိုင်းတွင် သီဆိုလေ့ရှိကြသောသီချင်းဖြစ်သည့်အတွက် ခက်ခဲမှုတစ်စုံတစ်ရာမရှိချေ။ ပြောရန်မလိုအောင်ပင် ပိုင်ရဲ့မှာ ကျွမ်းကျင်အဆင့်အဆိုတော်တစ်ဦးဖြစ်သည့်အပြင် ချီရှင်းချန်ကလည်း ပိုင်ရဲ့၏ဆိုဟန်ကို အမှီလိုက်နိုင်ခဲ့သည်။

 

ဤသို့ဖြင့် ဧည့်သည်များမှာ မနေနိုင်တော့ဘဲ လက်ခုပ်လက်ဝါးတီးကာ လိုက်ပါစီးမျောလိုက်ကြသည်။

 

ထိုစဉ် ဖုန်းကောင်းကောင်းသုံးတတ်သည့်အဒေါ်ကြီးတစ်ယောက်မှ အင်တာနက်ပေါ်တွင် ရှာကြည့်လိုက်ပြီးနောက် ထအော်လာသည်

 

 " ဘုရားရေ ဒီအင်္ကျီအမဲနဲ့လူငယ်လေးက နာမည်ကျော်ပဲဟဲ့…"

 

မုဆိုးမစွန်း၏မိသားစုဘက်မှ ဖိတ်ကြားထားသူများမှာ သက်ကြီးပိုင်းများနှင့်သက်လတ်ပိုင်းအဒေါ်ကြီးများသာ ဖြစ်ကြပြီး သတို့သား၏မိသားစုမှာမူ ရွာဘက်တွင် ကျင်းပသည့်မင်္ဂလာပွဲဖြစ်နေသောကြောင့် ရှက်ရွံ့မိသည့်အတွက် ရင်းနှီးသည့်ဆွေမျိုးအနည်းငယ်ကိုသာ ဖိတ်ကြားထားခဲ့သည်။ ထို့ကြောင့် ပွဲအခမ်းအနားတွင် လူငယ်ပိုင်းများမှာ မရှိသလောက် နည်းပါးလှသည်။

 

ပွဲတွင် နာမည်ကြီးတစ်ယောက်ရှိနေသည်ဟု ကြားလိုက်ရသည့်အတွက် အဒေါ်ကြီးများမှ သူ့ထက်ငါအလုအယက်ဖုန်းများကိုထုတ်ကာ ပြောလာကြသည်

 

 " ဖယ်စမ်းပါငါလည်း ဗီဒီယိုရိုက်ပြီး ဝီချက်မှာတင်ရဦးမယ်ဟဲ့…"

 

ခွိုက်လျှိုနှင့်တုံယွင်းတို့၏ နိုတီများမှာ တစ်ခုပြီးတစ်ခုမြည်လာကြပြီးနောက် ဧည့်သည်တိုင်း၏ဖုန်းကင်မရာများမှာ စင်ပေါ်သို့သာ ထိုးချိန်ထားကြသည်။

 

[ Note - Kuaishouနဲ့ Tiktok ပါ၊ တရုတ်ရဲ့ဗီဒီယိုတွေတင်တဲ့ ပလက်ဖောင်းလို့ပြောလို့ရပါတယ် ]

 

သီချင်း၏သံပြိုင်ဆိုရမည့်နေရာအရောက်တွင် ပိုင်ရဲ့နှင့်ချီရှင်းချန်တို့ နှစ်ဦးသားမှာ ခံစားချက်များအတွင်း နစ်မြောသွားကြပြီး ဘေးသို့စောင်းကာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

 

" အရင်နေ့တွေမှာ အရမ်းနောက်ကျရင် မနက်ဖြန်တွေမှာ သနားစရာကောင်းမယ်…"

 

" ဒါကြောင့် ဒီနေ့ပဲလက်ထပ်ကြရအောင်လား…"

 

သီချင်းအပြီးတွင် ပိုင်ရဲ့မှာ မင်္ဂလာမောင်နှံအား " ပျော်ရွှင်ဖွယ်ရာ မင်္ဂလာပွဲဖြစ်ပါစေ…" ဟူ၍ကိုယ်တိုင်ဆုတောင်းပေးလိုက်သည်။

 

ထိုအချိန်၌ သတို့သမီးမှ ဆက်လက်ထိန်းမထားနိုင်တော့ဘဲ မျက်ရည်များကျလျက် ပြုံးနေခဲ့သည်။ အချိန်အတန်ကြာပြီးနောက်မှသာ သူမပြောလိုက်နိုင်လေသည်

 

 " ကျေးဇူးပါတကယ်ကျေးဇူးအရမ်းတင်ပါတယ်ဒါကကျွန်မဘဝရဲ့ ပျော်ရွှင်ဖွယ်အကောင်းဆုံးအမှတ်တရပါပဲ…"

 

ချီရှင်းချန် လုံးဝကိုခံစားသွားရသည်။ သတို့သမီးနှင့်သူတို့နှစ်ဦးစလုံးမှာ ပိုင်ရဲ့၏ပရိသတ်များဖြစ်ကြလေရာ သူမယခုအချိန်တွင် မည်သို့ခံစားနေရမည်ကို သူကောင်းကောင်းသိနေခဲ့သည်။

 

ထိုအချိန် ပုပုဝဝနှင့်အမျိုးသမီးကြီးတစ်ဦး သူတို့နားမှ ဖြတ်သွားခဲ့ရာ ချီရှင်းချန် တစ်စုံတစ်ခုကို သတိရသွားသည့်အတွက် သူမကိုလှမ်းဆွဲကာ ပြောလိုက်သည်

 

 " အဒေါ် မနေ့ကဘာပြောခဲ့လဲ မှတ်မိတယ်မလား…"

 

" အာ…" သတို့သား၏မိခင်မှာ မျက်လုံးသာလှန်ပြလိုက်ပြီး " ငါမနေ့ကဘာပြောလို့လဲ…"

 

" ကျွန်တော့်ရဲ့ကျွမ်းကျင်မှုအရ အခမ်းအနားမှူးကြေးကို နှစ်ဆပေးရမှာလေ…"

 

ထိုလူငယ်လေးမှာ ကျွမ်းကျင်သူတစ်ဦးနှင့်မတူသော်လည်း အခြေအနေကို အတော်လေးကောင်းစွာကိုင်တွယ်နိုင်ခဲ့သည်။

 

ထို့ထက်ပိုသည်မှာ ပုံမှန်အခမ်းအနားမှုးများက ခြင်္သေ့အကကပေးကြမည်မဟုတ်သည့်အပြင် နာမည်ကျော်တစ်ဦးမှလည်း သီချင်းလာဆိုပေးသည့်အတွက် သူမအလွန်ပင်ဂုဏ်ယူနေမိလေသည်။

 

သို့တိုင်အောင် အခမ်းအနားမှုးကြေးနှစ်ဆမှာ သူမ၏ဘတ်ဂျက်အပေါ်ကျော်လွန်နေသည့်အတွက် မပေးချင်သောကြောင့် ငြင်းပယ်လိုက်လေသည် " မင်းကိုငါ့ခမည်းခမက်က ဖိတ်ခဲ့တာလေ သူ့သွားတောင်းပါလား…"

 

" အိုး…" ချီရှင်းချန် မျက်ခုံးကိုပင့်ကာပြောလိုက်သည် " အဒေါ်မပေးဘူးဆိုရင် ကျွန်တော်ဒီကရှိတဲ့လူတိုင်းကို မင်္ဂလာပွဲရဲ့အခမ်းအနားမှုးကြေးမပေးပါဘူးလို့လိုက်ပြောရလိမ့်မယ်အဒေါ်စွန်းနဲ့အဒေါ်နဲ့ ဘယ်သူအရှက်ကွဲမလဲ ကြည့်ကြတာပေ့ါ…"

 

အဆုံး၌ သူမမှာ သတို့သားဘက်မှဖြစ်နေသည့်အတွက် သတို့သား၏မိခင်မှ အံကိုကြိတ်ကာ ချက်ချင်းထုတ်ပေးလိုက်ရလေသည်။

 

ချီရှင်းချန် ပိုက်ဆံရပြီးနောက် ကြိုတင်ပြင်ဆင်လာသည့်စာအိတ်နီထဲသို့ထည့်ကာ သတို့သမီးဘက်သို့ လျှောက်လာခဲ့လိုက်သည်။

 

ပိုင်ရဲ့မှာ ထွက်သွားပြီဖြစ်သော်လည်း သတို့သမီးမှာ ငိုယိုနေဆဲပင်။ ထို့ကြောင့် ချီရှင်းချန် သူမကို အသာအယာနှစ်သိမ့်လိုက်သည် " မငိုနဲ့တော့…"

 

" အွန်းး အွန်းး ကျေးဇူးတင်ပါတယ်နော်…"

 

" ရပါတယ်…" ချီရှင်းချန် ယခုပင်ယူလာသောစာအိတ်နီကိုထုတ်ကာ " ကျွန်တော်တို့လာတုန်းက ဒီမှာမင်္ဂလာပွဲရှိမယ်ဆိုတာ ကြိုမသိခဲ့ရလို့ ဘာမှမပြင်လာမိလိုက်ဘူးဒီစာအိတ်နီလေးပဲ လက်ခံပေးပါနော်…"

 

သတို့သမီးမှာ ကြောင်အသွားရသည် " မဟုတ်တာ ဘယ်လိုလုပ်လက်ခံလို့ရမှာလဲရှင်ကဒီနေ့ကျွန်မတို့မျက်နှာမပျက်ရအောင် အချိန်ဖဲ့ပေးခဲ့ရတာလေ..  အဲဒီအတွက်တောင် ကောင်းကောင်းကျေးဇူးမတင်ရသေးတာကို…"

 

" မလိုပါဘူးဒါကျွန်တော့်စီကမဟုတ်ဘူးရယ်…" ချီရှင်းချန် ပြုံးလျက် ပိုင်ရဲ့ထွက်သွားသည့်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး " သူ့စီကလေ…"

 

ပျော်ရွှင်မှုနှင့်မျက်ရည်များစွာပါသော မင်္ဂလာပွဲအပြီးတွင် ပရိုဂရမ်၏ဧည့်သည်တော်များမှာ မနေနိုင်ဘဲ သက်ပြင်းချမိလိုက်ကြကာ မစ်ရှင်များကို အပြီးသတ်လုပ်ဆောင်လိုက်ပြီးသည့်နောက် ပြန်လာသည့်လမ်းတွင် အသီးသီးဆွေးနွေးခန်းဖွင့်နေကြသည်။

 

မင်္ဂလာပွဲကိုကြည့်ပြီး အဖွဲ့ထဲမှ မိန်းကလေးငယ်နှစ်ဦးလည်း လက်ထပ်ချင်စိတ်ပေါ်နေမိကြသည်။ အတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် လောချိုးမန်မှာ ကျန်းယွင်ဖေး၏ထောင်ထောင်အပေါ်စိတ်ဝင်စားမှုကို သိနေသည့်အတွက် သူမထောင်ထောင်ကို အရိပ်အမြွက်ပေးကာ စမ်းသပ်ကြည့်လိုက်သည်။

 

" မဟုတ်ပါဘူး…" ထောင်ထောင်မှ အလိမ္မာသုံး၍ ငြင်းပယ်လိုက်သည် 

 

" ညီမစိတ်ထဲမှာ ယွင်ဖေးကောက အစ်ကိုကောင်းတစ်ယောက်ပါပဲ…"

 

လောချိုးမန် ထောင်ထောင်အမှန်တကယ်စိတ်မရှိပုံကို မြင်လိုက်ရသည့်အတွက် ထိုအကြောင်းကို ဆက်မပြောတော့ပေ။ ကျန်းမိသားစုအိမ်သို့ပြန်ရောက်ပြီးနောက် အအေးခံရန်အတွက် စပျစ်နွယ်ပင်အောက်တွင်သာထိုင်၍ ဖုန်းသုံးနေလိုက်သည်။

 

ထို့နောက် သူမတစ်စုံတစ်ခုကို မြင်မိသွားသဖြင့် အံ့ဩတကြီးပြောလိုက်လေသည် 

 

" ရှင်းရှင်း ဒီကိုလာပါဦးကျဲမင်းကိုမေးစရာရှိလို့…"

 

" ဟုတ်ကဲ့ မေးပါ…." ချီရှင်းချန်လည်း သူမနှင့်အတူ တင်ပုလ္လင်ခွေထိုင်ကာ ပြောလိုက်သည်။

 

" CP ဆိုတာ ဘာကိုဆိုလိုတာလဲ…"

 

" Coupling ရဲ့အတိုကောက်ပဲတွဲပေးတာမျိုးပေါ့များသောအားဖြင့် Fandom ထဲမှာသုံးကြတာပဲပြောရရင် ဖန်တွေသဘောကျတဲ့အနုပညာရှင်နှစ်ယောက်ကို တွဲစပ်ပြီးပေးစားကြတာမျိုးပါ.."

 

" အိုးးး…" လောချိုးမန် အံ့အားသင့်သွားခဲ့သည် " ဒါဆို ယောင်္ကျားလေးနှစ်ယောက်ကကော CPဖြစ်နိုင်လား.."

 

" ဒါပေါ့…" ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် စကားလုံးများကို ဂရုတစိုက်ရွေးကာ ပြောလိုက်သည်

 

 " အခုက လူနေမှုအသိုင်းအဝိုင်းက ပွင့်လင်းပြီးတော့ အချစ်တွေကလည်း လွတ်လပ်နေပြီလေလိင်အမျိုးအစားတူတာချင်းဖြစ်ဖြစ် မတူတာနဲ့ဖြစ်ဖြစ် ချစ်ခွင့်ရှိတာပဲဖန်တွေက ယောင်္ကျားလေးနှစ်ယောက်ကို CPလို့မြင်ပြီးShipနေကြရင် သူတို့ကို CP လို့သတ်မှတ်လို့ရပါတယ်…"

 

လောချိုးမန် အချိန်တစ်ခုမျှ တိတ်ဆိတ်သွားခဲ့သည်။

 

" ဒါဆိုရင်…" သူမဆက်ပြောလာသည် " ယမန်နေ့ညရဲ့ကြယ်များCPဆိုတာက ဘာလဲ…"

 

ယမန်နေ့ညရဲ့ကြယ်များ CPလား

 

သူဒီနာမည်ကို တစ်ခါမှမကြားဖူးပါဘူး

 

ချီရှင်းချန် သူ၏တွေးတောဆင်ခြင်နိုင်စွမ်းမှာ မဆိုးလှဟုတွေးမိသည့်အတွက် အခြေအနေကို လောချိုးမန်၏အမြင်ဘက်မှနေ၍ သုံးသပ်ကြည့်လိုက်သည်။

 

ပထမဦးဆုံးအနေဖြင့် လက်ရှိမှာ ရိုက်ကူးရေးအတွင်းဖြစ်သောကြောင့် သူမ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်အကြောင်းကို တွေးနေသည်ပဲ ဖြစ်နိုင်ပေမည်။

 

ထို့နောက် CPမှာ သူတို့ထဲမှဖြစ်နိုင်သည်။ ယမန်နေ့ညရဲ့ကြယ်များ…. ညလည်းရှိတယ် ကြယ်လည်းပါတယ်ဆိုတော့….

 

ချီရှင်းချန်၏ဦးနှောက်ထဲတွင် အသံတစ်ချက်ထမြည်လာသည်။

 

သောက်ကျိုးနည်း ဒါကသူနဲ့ပိုင်ရဲ့ မဟုတ်ဘူးလား

 

သူမနေ့ည ဝေ့ပေါ်ကိုတက်ကြည့်တုန်းက အတင်းဆွဲပေးစားနေတဲ့မန့်တွေရှိခဲ့ပေမယ့် အဲဒီချိန်တုန်းက CP နာမည်က ရဲ့ရှင်းပဲရှိသေးတာပါ

 

အခုမှ ရုတ်တရက်ဘာလို့ ကျိုရဲ့ရှင်းချန်း (ယမန်နေ့ညရဲ့ကြယ်များ) ဖြစ်သွားရတာလဲ

 

ချီရှင်းချန်...လောချိုးမန်၏ရှော့ရနေသောမျက်နှာအား မည်သို့ရင်ဆိုင်ရမည်နည်းကို မသိတော့သဖြင့် အမြီးကုပ်၍သာ သူ၏အခန်းထဲသို့ အမြန်ပြန်ပြေးသွားရပြီးနောက် ရေပန်းစားမှုစာရင်းကို ဖွင့်ကြည့်လိုက်သည်။

 

ထင်ထားသည့်အတိုင်း #ပိုင်ရဲ့ #Supertalk စသည့် တစ်နှစ်ပတ်လုံးကို လွှမ်းနိုးထားသည့်စာရင်းများတွင် သူနှင့်ပိုင်ရဲ့တို့အတူ သီချင်းဆိုထားသည့်ဗီဒီယိုများ တက်နေခဲ့သည်။

 

အထူးသဖြင့် စိတ်အားထက်သန်နေသော အင်တာနက်အသုံးပြုသူများမှ အထူးတလည်ဖြတ်ယူထားသည့် သူနှင့်ပိုင်ရဲ့တို့ တစ်ဦးကိုတစ်ဦးစိုက်ကြည့်ကာ ဆိုနေသည့်အပိုင်းပင်။ ထို့ကြောင့် ချီရှင်းချန် တစ်ချက်ဖွင့်ကြည့်လိုက်မိသည်။

 

ပြောရန်မလိုအောင်ပင် သူတို့နှစ်ဦးမှာ ထိုအချိန်က စိတ်နှစ်ဆိုမိကြရုံသာဖြစ်ပြီး အဘယ့်ကြောင့်ဤကဲ့သို့အကြည့်မျိုးဖြစ်နေရမည်နည်း။ ချီရှင်းချန်သည်လည်း တစ်စုံတစ်ခုမှာ မှားယွင်းနေသည်ဟုခံစားလိုက်ရသည်။

 

ကွန်မန့်နေရာမှာမူ ပေါက်ကွဲလုမတတ် တစ်စစီဖြစ်နေခဲ့လေသည်။

 

[ ဖာ့ခ် အားးးးး ဘယ်သူကများ ငါ့ကိုအတင်းဆွဲစိနေတယ်လို့ပြောနေတာလဲဒါကအရမ်းချိုတယ်အရမ်းအရမ်းကိုချိုလွန်းနေတာမင်းတို့ဒီလိုချိုတဲ့ CP မျိုးမြင်ဖူးကြလို့လား…]

 

[ ငါဒါကိုဖွင့်မကြည့်ခင်တုန်းက.. အဟမ်းး CPမဲ့အစားသေပဲသေလိုက်ချင်တာအခုဖွင့်ကြည့်ပြီးသွားတော့ ငါသိလိုက်ရပြီဒါကအရမ်းမွှေးတာပဲ ( ခွေးခေါင်းပုံဖြင့်) ]

 

[ အမေရေ ချိုလွန်းလို့ သေရပါတော့မယ်ငါတော့တစ်ဖက်သတ်ကြေငြာလိုက်ပြီဒါကရဲ့ရှင်းမင်္ဂလာပွဲပဲဟေ့…]

 

[ အပေါ်ထပ်ကလူပြောတာကို သဘောတူပါတယ်ဒါပေမယ့် ရဲ့ရှင်းဆိုတာ နည်းနည်းရိုးမနေဘူးလားကျိုရဲ့ရှင်းချန်း ဆိုရင်ကောမနေ့ညရဲ့ကြယ်လေးနဲ့မနေ့ညကလေ ဆိုတာမျိုးပေါ့…]

 

[ သောက်ကျိုးနည်း ကျယ်မေ့ရေ နင်ကအရမ်းတော်တာပဲကဲ အခုတော့ ကျိုရဲ့ရှင်းချန်းတို့ရဲ့ ချစ်ခြင်းတွေကိုလာကြည့်လို့ရပါပြီနော်…]

 

ထိုမန့်များကိုမြင်လိုက်ရချိန်၌ ချီရှင်းချန် ဦးရေပြားများပင် ထုံကျင်သွားရပြီး ပိုင်ရဲ့၏သစ္စာရှိဖန်များဘက်မှ ၎င်းကိုလာရှင်းပေးမည်ကိုသာ မျှော်လင့်နေမိသည်။

 

သို့သော်လည်း ထိုအချိန်တွင် CP ဖန်များမှာ နည်းနည်းချင်းစီတိုးလာကာ သူတို့၏သစ္စာရှိဖန်များလျော့နည်းမသွားရုံသာမက ချီရှင်းချန်၏အဓိကစာမျက်နှာပင် ပို၍အသက်ဝင်လာပြီး ဖန်များနည်းနည်းချင်းစီဖြင့် တိုးလာခဲ့သည်။

 

အစီအစဉ်မရိုက်ကူးခင်ကပင် ချီရှင်းချန်သည် ပိုင်ရဲ့၏ဖန်ဟူသောအထောက်အထားကိုမှီခို၍ ကျော်ကြားမှုရယူရန် မတွေးထားခဲ့ပေရာ ယခုအချိန်တွင်လည်း ထိုနည်းအတိုင်းပင် သူ CP ဖန်များဖြင့် အခွင့်အရေးမယူချင်ပေ။

 

ချီရှင်းချန် ခဏမျှစဉ်းစားပြီးနောက် ဝေ့ပေါ်တွင် စာရေးလိုက်သည်။

 

ချီရှင်းချန် : [ ဒီကိုရှိုးလာရိုက်ရင်း စီနီယာပိုင်ရဲ့ဖန်မင်္ဂလာဆောင်နဲ့ကြုံကြိုက်မိသွားတော့ ကျွန်တော်ကြိုးစားပြီး မင်္ဂလာသီချင်းဆိုပေးမိလိုက်တာပါကြင်စနှီးဇနီးမောင်နှံနှစ်ယောက် ထာဝရပျော်ရွှင်ကြပြီးအိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပါစေနော်….]

 

ရေးပြီးနောက် သူပိုင်ရဲ့ကိုမန်းရှင်းခေါ်ရန် မခေါ်ရန်ကို တုန့်ဆုတ်နေမိသည်။ သို့သော်လည်း မထည့်လိုက်ပါက သူ၏နာမည်ကိုအတင်းရှင်းလင်းချင်နေပုံပေါက်သွားမည်စိုးသဖြင့် ထိုအတိုင်းသာရေးတင်လိုက်လေသည်။

 

စာရေးပြီးနောက် မုန်းတီးမှုလှိုင်းလုံးကြီး ရိုက်ခတ်လာတော့မည်ကို ကြိုသိနေသဖြင့် ချီရှင်းချန် ဖုန်းကိုပိတ်ကာ အခန်းထောင့်တွင် တစ်ဦးတည်း ထိုင်ချလိုက်သည်။

 

တစ်နာရီကြာပြီးနောက် လောချိုးမန်မှ တံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်

 

 " ဝိုးးး ရှင်းရှင်း ဘာလို့မီးမဖွင့်တာလဲမှိုစိုက်မလို့လုပ်နေတာလား…"

 

" မဟုတ်ပါဘူး ကျွန်တော်ဘဝအကြောင်းစဉ်းစားနေတာပါ…"

 

" ဘယ်လိုဘဝတုန်းဘာလဲ မင်းလည်းမင်္ဂလာဆောင်ချင်နေတာလားလာပါ မင်းရဲ့ရှိုးက တီဗီမှာလာနေတယ်…"

 

" ဟမ်…" ချီရှင်းချန် ကြောင်အသွားရသည် " ကျွန်တော့်ရှိုးက တီဗီမှာလာနေတယ်လားဘတ်ဂျက်ခရီးသွားကြမယ်က အခုထိမလွှင့်ရသေးဘူးလေဟုတ်တယ်မလား…"

 

ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်သည် မိုင်မန့်၏သီးသန့်ရသစုံရှိုးတစ်ခုဖြစ်ပြီး အခြားသောရုပ်သံလိုင်းများကို မရောင်းရသေးပေ။ ထို့ကြောင့် ကြည့်ရှုမည်ဆိုပါက မိုင်မန့်တွင်သာသီးသန့်ကြည့်နိုင်ပြီး အခြားရုပ်သံလိုင်းများပေါ်သို့ ရောက်သွားခြင်းမှာ မဖြစ်နိုင်သည့်အရာပင်။

 

" ဒီအတိုင်း ရိုးရိုးရှိုးလေးတောင်မဟုတ်ဘူးနော်.." လောချိုးမန်မှ ပဟေဠိဆန်စွာပြုံးလျက် " လာပါ ရှင်းရှင်းရေ ဒါကအရမ်းအံ့ဩဖို့ကောင်းတာနော်…"

 

ချီရှင်းချန် အိပ်ရာထဲမှဆွဲထုတ်ခံရပြီး လောချိုးမန်၏ဧည့်ခန်းအတွင်း တွန်းပို့ခြင်းကို ခံလိုက်ရလေသည်။ ထို့နောက် လောင်ကျန်း၏မိသားစုနှင့်အခြားဧည့်သည်များ ဆိုဖာပေါ်တွင်ထိုင်ကာ သူတို့ရှေ့မှတီဗီကိုကြည့်နေသည်အား မြင်လိုက်ရသည်။

 

လောချိုးမန် ပြောနေသည့်ရှိုးမှာ အချိန်မှာလာသော ညခုနစ်နာရီသတင်းပင်ဖြစ်သည်။

 

တီဗီထဲတွင် ချီရှင်းချန်မှာ ဒိန်းမတ်နိုင်ငံ၏လမ်းမပေါ်တွင် လဲလျောင်းနေပြီး သူ၏ခြေချောင်းများဖြင့် ပန်းကန်လုံးများနှင့်ထီးများကစားပြနေသည်ကို ပြသနေခဲ့သည်။

 

ချီရှင်းချန်မှာ နှစ်မိနစ်ခန့်နောက်ကျပြီးမှ လာမိသည့်အတွက် သတင်းမှာ ပြီးလုပြီးခင်ဖြစ်နေပြီး သတင်းကြေငြာသူ ကျွမ်းကျန့်၏အသံသာ ထွက်ပေါ်နေသည်။

 

" မကြာသေးမီက နိုင်ငံရပ်ခြားရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗီဒီယိုတစ်ခုက ကျယ်ကျယ်ပြန့်ပြန့်ကျော်ကြားခဲ့ပါတယ်ဗီဒီယိုထဲမှာတော့ လူငယ်လေးတစ်ဦးက ဒိန်းမတ်နိုင်ငံရဲ့လမ်းမတွေပေါ်မှာ တရုတ်ရိုးရာဆပ်ကပ်ပညာဖြစ်တဲ့ ထီးမြှောက်ပြခြင်းနဲ့ ပန်းကန်လုံးတွေဆော့ကစားပြခြင်းကို လုပ်နေခဲ့တာပါဤလူငယ်လေးကိုတော့ နိုင်ငံခြားသားများနှင့် ပြည်ပရောက်တရုတ်လူမျိုးများမှ များစွာချီးကျူးနေကြပြီး ယဉ်ကျေးမှုဖြန့်ဝေရေးနဲ့ဖလှယ်ရေးမှာ ပါဝင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်….သတင်းများအရ…"