Chapter 34
" မကြာသေးမီက
နိုင်ငံရပ်ခြားရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ
ဗီဒီယိုတစ်ခုက ကျယ်ကျယ်ပြန့်ပြန့်ကျော်ကြားခဲ့ပါတယ်…
ဗီဒီယိုထဲမှာတော့ လူငယ်လေးတစ်ဦးက ဒိန်းမတ်နိုင်ငံရဲ့လမ်းမတွေပေါ်မှာ
တရုတ်ရိုးရာဆပ်ကပ်ပညာဖြစ်တဲ့
ထီးမြှောက်ပြခြင်းနဲ့
ပန်းကန်လုံးတွေဆော့ကစားပြခြင်းကို
လုပ်နေခဲ့တာပါ…ဤလူငယ်လေးကိုတော့ နိုင်ငံခြားသားများနှင့် ပြည်ပရောက်တရုတ်လူမျိုးများမှ
များစွာချီးကျူးနေကြပြီး
ယဉ်ကျေးမှုဖြန့်ဝေရေးနဲ့ဖလှယ်ရေးမှာ
ပါဝင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်….သတင်းများအရ…"
သတင်းမှာ..
ပါ… လာ… တယ်…
မေးစရာမလိုဘဲ
ထိုဗီဒီယိုမှာ မည်သည့်နေရာမှထွက်လာကြောင်းကို
ချီရှင်းချန်သိနေခဲ့သည်။
၎င်းကို ယခင်အပတ် အိုဒန်စ်တွင်ရှိစဉ်အခါက သူနှင့်အချက်အလက်များလဲလှယ်ခဲ့သော
ဖေ့ဘွတ်ပေါ်တွင်
Followerသန်းချီရှိသည့်
နိုင်ငံခြားရောက်တရုတ်အမျိုးသမီးငယ်လေးမှ
တင်လိုက်ခြင်းသာဖြစ်လိမ့်မည်။
သို့သော်လည်း
သူမျှော်လင့်မထားမိသည့်အချက်မှာ
ထိုအမျိုးသမီးလေး၏လွှမ်းမိုးနိုင်စွမ်းမှာ
အလွန်အားကောင်းပြီး ဗီဒီယိုက သူတို့၏နိုင်ငံအထိ ပျံ့နှံ့လာမည်ကိုပင်။
" ရှင်းရှင်းက
ဒီမှာပဲ…"
သူ၏နောက်မှခြေသံတစ်ချက်ထွက်ပေါ်လာပြီးနောက်
လျိုကျီယု လက်ကိုဆန့်ကာ သူ၏လက်မောင်းကို လာရောက်ပွတ်သပ်နေသည်ကို မြင်လိုက်ရသည်။
ချီရှင်းချန်
: " ကျွန်တော်တို့
ဘာလို့လာပွတ်နေတာလဲ…"
" ကံကောင်းမှုအချို့ခြစ်ယူနေတာလေ…"
လျိုကျီယုမှ စနောက်လိုက်သည်
" အခုလေးတင်ပဲ
မင်းကသတင်းမှာတောင်ပါလာတဲ့အကောင်ကြီးဖြစ်သွားတာကိုး…"
ချီရှင်းချန်မှာ
လုံးလုံးရှော့ရသွားရသည်
" ကျွန်တော်လမ်းပေါ်မှာ
ဆက်ကပ်ဖျော်ဖြေပြတယ်ဆိုတာက
ကျွန်တော်တို့ပိုက်ဆံပြတ်သွားလို့
ပိုက်ဆံတောင်းနိုင်ဖို့လေ…ဒါပေမယ့် သတင်းထဲမှာကြတော့ အတင်းအကြပ်ကြီးကို ယဉ်ကျေးမှုဖြန့်ကျက်ပေးတယ်လို့ပြောနေတာ…
ဒါကတကယ်ကြီးကို…"
၎င်းမှာ
အမှန်တကယ်ပင် သူ့ကိုအရှက်ရမှုများဖြင့် ချီးမြောက်ခံရအောင် လုပ်နေခဲ့သည်။
" လမ်းပေါ်မှာဖျော်ဖြေတာနဲ့ပတ်သက်ပြီး
ဘာမှအတွေးနိမ့်နိမ့်ထားနေစရာမလိုပါဘူး…"
ပိုင်ရဲ့မှ
ပြောလိုက်သည် " ကိုယ့်တတ်နိုင်တာကိုသုံးပြီး
ပိုက်ဆံရှာတာ… တစ်ချိန်တည်းမှာပဲ တခြားသူတွေကိုလည်း ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးနိုင်တယ်…
ဒါကဘယ်လောက်တောင် မြင့်မြတ်ပြီး အဓိပ္ပါယ်ရှိတဲ့အလုပ်လဲ…"
" အမ်း…"
ချီရှင်းချန် ပြန်ဖြေလိုက်သော်လည်း အနည်းငယ်မယုံနိုင်သေးပုံပေါ်နေခဲ့သည်။
ထိုအချိန်၌
ရုတ်တရက် ချီရှင်းချန်၏ဖုန်းမှာထမြည်လာပြီး
ခေါ်ဆိုသူ၏အမည်မှာ ကျင်း ဟူ၍ပေါ်နေခဲ့သည်။
ချီရှင်းချန်
သူ၏မှတ်ဉာဏ်များထဲတွင်
ခဏမျှရှာဖွေလိုက်သော်လည်း
ကံမကောင်းစွာဖြင့် မည်သူ့ကိုမှမတွေးမိသည့်အတွက်
ဖုန်းကိုသာကိုင်လိုက်ရသည်။
နူးညံ့သောအမျိုးသားအသံတစ်ခုမှာ
ချီရှင်းချန်၏နားထဲဝင်လာခဲ့သည်
" ရှင်းရှင်း နေကောင်းရဲ့လား…"
" အတော်လေးအဆင်ပြေပါတယ်…"
ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် စမ်း၍မေးကြည့်လိုက်သည်
" တလောတုန်းက ကျွန်တော့်ဖုန်းကပျက်သွားတာကြောင့်
ခေါ်တဲ့သူနာမည်ကိုမတွေ့ရလို့လေ…
အဲဒါဘယ်သူလဲမသိဘူး…"
တစ်ဖက်မှ
ခဏမျှတိတ်ဆိတ်သွားပြီးနောက်
ခပ်ဖွဖွရယ်ကာ " မင်းအခုထိငါ့ကိုစိတ်ဆိုးနေတုန်းလား…
ဘယ်လိုတောင်ကလေးစိတ်လဲနော်…"
ချီရှင်းချန်
ကြောင်အသွားရသည်။
" ကောင်းပါပြီလေ…
ဘာပဲဖြစ်ဖြစ် ငါ့အမှားပဲဟာ…ငါတရုတ်ကိုပြန်လာပြီး မင်းကိုလာချော့တဲ့အထိစောင့်ဦး…
ဟုတ်ပြီလား…"
စိတ်ဆိုးသည်၊
လာချော့မည်၊ ပြန်ရောက်မှ…သူစိတ်ထဲတွင် အပိုင်းအစအချို့ပြန့်ကြဲသွားပြီးနောက်
အဆုံး၌ချီရှင်းချန် မှတ်မိသွားပြီဖြစ်သည်။
ထိုသူမှာ
မူလကိုယ်၏ငယ်သူငယ်ချင်းဖြစ်သူ
လျန်ကျင်းပင်။
ည၏မက်မွန်ဝတ္ထုထဲတွင်
လျန်ကျင်းကို အဆင့်အတန်းပို၍မြင့်မားသော အမြောက်စာဇာတ်ကောင်ဟုဆိုနိုင်ပေမည်။
ထိုသူမှာ မူလကိုယ်ထက် အသက်နှစ်နှစ်ပိုကြီးသူဖြစ်ပြီး
ဟားဘက် ခုခံအားဆိုင်ရာအထူးပြုမေဂျာမှ
ဘွဲ့မရခင်မှာပင် နောက်ဆုံးသောဘွဲ့လွန်တပည့်အဖြစ် တရုတ်ပြည်ရှိ ခုခံအားဆိုင်ရာသုတေသနပညာရှင်ကြီး၏အတောင်ပံအောက်ကို
ခိုဝင်နိုင်ခဲ့သူဖြစ်သည်။
နူးညံ့သောစိတ်နေစိတ်ထားနှင့်
အများထက်သာလွန်သောအိုင်ကျူ…
ထိုသူမှာ ဂျက်ဆူးပုံစံဆေးပညာဂျီးနီးယပ်တစ်ပါးပင်ဖြစ်ပေမည်။
[ Note : Jack-sue မယ်ရီဆူး၏အမျိုးသားဗားရှင်း
]
တစ်ချိန်တည်းမှာပင်
လျန်ကျင်းမှာ အဓိကဇာတ်လိုက်မနှင့်လိုက်ဖက်သူတစ်ဦးလည်း
ဖြစ်နေခဲ့သည်။
အဓိကဇာတ်လိုက်မ၏မောင်ငယ်ဖြစ်သူနှင့်
ကုသမှုဆိုင်ရာဆွေးနွေးချက်များအတွင်း
ထိုသူမှာ ကြင်နာတတ်သောဇာတ်လိုက်မကို မြင်မြင်ချင်းပင်ချစ်မိသွားခဲ့သည်။
နောက်ပိုင်းတွင် ဇာတ်လိုက်မ၏မောင်မှ ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှုကိုခံစားနေရပြီး
ကျောက်ကပ်အသစ်တစ်လုံးလဲလှယ်ရန်
အပူတပြင်းလိုအပ်နေချိန်၌
လျန်ကျင်းမှရှေ့သို့ခုန်ဝင်ကာ
ဇာတ်လိုက်မ၏မောင်ဖြစ်သူကို
ကျောက်ကပ်တစ်ခြမ်းလှုဒါန်းပေးခဲ့ပြီး
သူ၏အသက်ကို ကယ်တင်ပေးခဲ့သည်။
ဤသို့သောဇာတ်ကြောင်းမျိုးမှာ
မယ်ရီဆူးစတိုင်ဝတ္ထုများတွင်သာ
သီးသန့်ပေါ်လာနိုင်သောပုံစံပင်ဖြစ်သည်။
သနားစရာကောင်းသည်မှာ
လျန်ကျင်း မည်မျှပင်မြင့်မြတ်ကာ ကိုယ်ကျိုးမငဲ့တတ်ပါသော်လည်း
အဆုံး၌ သူ၏အမြောက်စာဇာတ်သိမ်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
တစ်ဖက်လူမှာမည်သူဖြစ်သူဖြစ်ကြောင်းကို
မှတ်မိသွားသည့်အတွက် ချီရှင်းချန်စကားအနည်းငယ်ယောင်ဝါးဝါးပြန်ဖြေပေးလိုက်သည်။
ကံကောင်းစွာဖြင့် လျန်ကျန်းမှာ ထိုကိစ္စအကြောင်းဆက်မပြောတော့ဘဲ
ရယ်ချင်နေသည့်အသံဖြင့်
မေးလာခဲ့သည်
" ရှင်းရှင်း
မင်းကမြောက်ဥရောပဘက်မှာ
ရက်နည်းနည်းနေခဲ့တာကို
ဘာလို့ငါ့စီလာမလည်ခဲ့တာလဲ…"
လွန်ခဲ့သောနှစ်ဝက်က
လျန်ကျင်းမှာ သုတေသနာလုပ်ရန်အတွက် တရုတ်-ဆွီဒင် နှစ်နိုင်ငံပူးပေါင်းထားသော
ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းသို့
မသွားမီလေးတင်အချိန်မှာပင်
ချီရှင်းချန်နှင့်စကားများခဲ့ခြင်းဖြစ်သည်။
ချီရှင်းချန် ၎င်းကိုတိတိကျကျမမှတ်မိသော်လည်း
အတော်ဆိုးရွားခဲ့ကြောင်း
ခံစားနေမိသေးသည်။
" ကျွန်တော်ကဒိန်းမတ်ကို
ရိုက်ကူးရေးလာလုပ်တာလေ…
ကန့်သတ်ချက်တွေလည်းရှိတော့
ဘယ်ကိုမှဝင်လို့မရလိုက်လို့ပါ…"
ချီရှင်းချန် တစ်ဖက်လူ၏အသံမှာ ထူးဆန်းနေသည်ဟု ခံစားမိသည့်အတွက် ဖုန်းကိုတတ်နိုင်သမျှ မြန်မြန်ချပစ်ချင်နေမိသည်
" တခြားကောမေးဖို့ရှိသေးလား…"
" များများစားစားတော့မဟုတ်ပါဘူး…"
လျန်ကျင်း၏အသံမှာတက်ကြွနေဆဲပင်
" ငါမေးမလို့.. မင်းဆပ်ကပ်ကို ဘယ်တုန်းကသင်လိုက်တာလဲ..
ငါသိသလောက်ဆိုရင် အဲဒီဟာကငယ်ငယ်လေးထဲက သင်မှရတဲ့အရာပါ… မင်းငယ်ငယ်တုန်းက ဒီလောက်အလိုလိုက်မြောက်စားခံခဲ့ရတာကို
ဘယ်လိုလုပ်ပြီးသင်ခဲ့ဖူးလို့လဲ…"
သူ၏ဆပ်ကပ်ပညာကို
ကင်မရာရှေ့တွင် ထုတ်ပြလိုက်ချိန်ကတည်းက ထိုသို့သောမေးခွန်းမျိုး ပေါ်လာမည်ဟု ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။
ထို့ကြောင့် သူတွေးထားသောအကြောင်းပြချက်အတိုင်းသာပြောလိုက်သည်
" ဆပ်ကပ်က
ကုမ္ပဏီကိုဝင်တုန်းကသင်လိုက်တာပါ…
ကျွန်တော့်အဆိုနဲ့အကက
အခြားလူတွေလောက်မကောင်းလှတော့
မတူတဲ့လမ်းကိုရွေးရတာပေါ့…"
" ဒါဆိုရင်
တစ်နှစ်တည်းနဲ့ မင်း…"
" ဝီရိယရှိရှိလေ့ကျင့်ခဲ့လို့လေ…"
ချီရှင်းချန်ဖြတ်မေးလိုက်သည်
" ဘာလို့လဲ ကျွန်တော့်ကိုမယုံတာလား…"
မူလကိုယ်နှင့်လျန်ကျင်းတို့မှာ
မိခင်ဝမ်းထဲမှကတည်းက သိလာကြသူများဖြစ်ပြီး မွေးလာသည်နှင့် မကြာခဏဆိုသလို ရွှံ့ထဲတွင်ထိုင်ဆော့တတ်ကြကာ
အချင်းချင်းစက်ရုပ်များအလဲအလှယ်လုပ်တတ်ကြပြီး
မည်သူကသေးပိုပေါက်နိုင်လဲဆိုသည်ကိုပင်
ယှဉ်ပြိုင်ရလောက်အောင်
ရင်းနှီးသူများဖြစ်ကြသည်။
ကျောင်းစတင်တက်ရောက်ကြချိန်မှစ၍
မူလကိုယ်မှာ တဖြည်းဖြည်းနှင့်ပို၍ပုန်ကန်တတ်လာပြီး
မကြာခဏဆိုသလို မိသားစုနှင့်သဘောထားကွဲလွဲမှုများဖြစ်ပေါ်တတ်သည်။
အချိန်တိုင်းလိုပင် မူလကိုယ်မှာ လျန်အိမ်သို့ပြေးသွားကာ လျန်းကျင်း၏မုန့်ကိုစား၍ လျန်ကျင်း၏အိပ်ရာပေါ်တွင်အိပ်တတ်သောကြောင့်
သူတို့နှစ်ဦးမှာ အတူစားအတူသွားအတူတူအဆူခံကာ ကြီးပြင်းလာသူများဟုဆိုနိုင်ပေမည်။
နောက်ပိုင်းတွင်
ချီမိသားစုမှ ရေကန်အလယ်တွင် သူတို့၏ကိုယ်ပိုင်အိမ်တော်ကို
တည်ထောင်လိုက်ပါသော်လည်း
မူလကိုယ်၏လျန်ကျင်းနှင့်ရင်းနှီးမှုမှာ
မိသားစုဝင်များထက်ပိုကာ
ထင်ထားသည်ထက်ပင် ပို၍ရင်းနှီးကြသည်။ ထို့ကြောင့် ချီရှင်းချန်ထံမှ မေးခွန်းတစ်ခုဖြင့်ပင် လျန်ကျင်းသူမေးလိုသောအရာများအားလုံးကို
ဘေးဖယ်ထားလိုက်တော့သည်။
ဤသို့ဖြင့်
လျန်ကျင်းကူကယ်ရာမဲ့စွာဖြင့်သာ
ပြန်ဖြေလိုက်ရသည်
" ဒါ.. ဒါပေါ့ ငါမင်းကိုယုံပါတယ်…ဒါပေမယ့်…"
ချီရှင်းချန်
ဆံပင်မွှေးများပင် ထောင်ထလာရသည် " ဒါပေမယ့် ဘာဖြစ်လဲ…"
" ဆပ်ကပ်လေ့ကျင့်ခန်းတွေက
ခက်ခဲတဲ့အရာပဲ… တကယ်လို့သာ ပင်ပန်းနာကျင်လာတယ်ဆိုရင် ဒီအတိုင်းအိမ်ကိုပြန်ပြီးနားလိုက်လို့ရတာပဲ…
ချီမိသားစုကမင်းကို မကျွေးထားနိုင်တာမှမဟုတ်တာ…
ပြီးတော့ မင်းမှာငါလည်းရှိနေတာပဲကို…"
ထိုစကားကိုကြားမှသာ
ချီရှင်းချန် သက်ပြင်းချနိုင်သွားသည်။ အစပိုင်း၌ သူတစ်စုံတစ်ရာကို ကွဲလွဲအောင်လုပ်မိသောကြောင့်
လျန်ကျင်းသံသယဝင်သွားပြီဟု
သူထင်နေခြင်းဖြစ်သည်။
" အင်းးး
ကျွန်တော်စဉ်းစားကြည့်လိုက်ပါ့မယ်…"
ချီရှင်းချန် ပြန်ဖြေလိုက်သည်
" ဒီမှာကရိုက်ကူးရေးလုပ်နေတုန်းဆိုတော့
ဖုန်းချလိုက်တော့မယ်နော်…"
" ကောင်းပြီ
ဒါဆိုငါပြန်လာတာကို စောင့်နေနော်…"
လျန်ကျင်း၏ဖုန်းကိုချပြီးနောက်
ချက်ချင်းဆိုသလို ချီယွီကျီးထံမှဖုန်းဝင်လာသည့်အတွက်
ချီရှင်းချန် စဉ်းစားရန်ပင် အချိန်မရလိုက်ချေ။
သတင်းတွင်ပါလာခြင်းမှာ
ပရိုဂရမ်တွင်ပါခြင်းမျိုးနှင့်မတူဘဲ
မည်သည့်သက်ကြီးပိုင်းမဆိုသတင်းကြည့်ကြသည်ဖြစ်သောကြောင့်
အဖေချီမှတီဗွီပေါ်တွင်
မြင်လိုက်ရချိန်၌ ချီယွီကျီးကို ထိုအကြောင်းလှမ်းမေးရန်ပြောလိုက်သည်။
ချီရှင်းချန်
တူညီသောအကြောင်းပြချက်ကိုပင်
ထပ်မံအသုံးပြုလိုက်ပြီး
၎င်းမှာချီယွီကျီးအား
အငိုနတ်ဆိုးတစ်ကောင်အဖြစ်
ပြောင်းလဲသွားစေခဲ့သည်
" ဒါဆိုရင် ငါ့ရှင်းရှင်းလေးက တကယ်ကြီးအပြင်မှာခက်ခဲနေခဲ့ရတာပဲ…ကျဲ အစ်ကိုကြီးကိုပြောပြီး အဲဒီကိုလာခေါ်ခိုင်းလိုက်မယ်လေ…အိုင်ဒေါတစ်ယောက်ဖြစ်ဖို့လေးအတွက်နဲ့
ဒီလိုပင်ပန်းကြမ်းတမ်းတဲ့လမ်းကို
ဆက်မလျှောက်ပါနဲ့တော့လားဟင်…"
" မလိုပါဘူး…
ကျွန်တော်ပင်လည်းမပင်ပန်းပါဘူး…
ဘယ်လိုပဲဖြစ်ဖြစ် ယောင်္ကျားလေးဆိုတာ ဒေါင်ကျကျပြားကျကျနေဖို့လိုတယ်လေ…"
ကျိုးယွီ၏အဖြစ်အပျက်အပြီးတွင်
ချီရှင်းချန်၏ ချီယွီကျီးအပေါ်ပြောသောအသံမှာ
ပို၍နူးညံ့လာခဲ့သည်
" ပြီးတော့
လူဆိုတာကိုယ့်လမ်းကိုယ်ဖောက်ပြီး
လောကကြီးရဲ့ကြမ်းတမ်းမှုတွေကို
ကိုယ်တိုင်ရင်ဆိုင်ရမယ်လေ…
ဟုတ်တယ်မလား…"
" ဘာလို့နင်စကားပြောတဲ့ပုံက
အစ်ကိုကြီးနဲ့ တူတူလာရတာလဲ..ကြက်စွပ်ပြုတ်နံ့တွေကို လှိုင်လှိုင်ထနေတာပဲ…ဒါနဲ့ရှင်းရှင်း ငါသတိထားမိတာ အခုနောက်ပိုင်း နင်ပိုပြီးအရွယ်ရောက်လာပုံပဲနော်…
အခုဆို အလုပ်မှာပိုပြီးတောင်တည်ငြိမ်လာသေးတယ်…"
" ကျွန်တော်ဆေးရုံတက်လိုက်ရလို့
ရင့်ကျက်လာတာနေမှာပေါ့…"
ချီရှင်းချန်
အသံကိုနိမ့်ကာပြောလိုက်သည်။
သူချီယွီကျီးကို မလိမ်ညာချင်သော်လည်း ခြေတစ်လှမ်းမှားသွားသည်နှင့်
အဆုံးသတ်တွင် သေဆုံးခြင်းအပြည့်နှင့် လေလွင့်သရဲများသာ ပြန့်ကြဲနေမည်ဖြစ်သောကြောင့်
အချို့သောအရာများကိုမူ
မတတ်နိုင်ဘဲလိမ်ရပေဦးမည်။
ချီယွီကျီး
အဆုံး၌ မျက်ရည်များကြားမှရယ်မောလိုက်ပြီး
သက်ပြင်းတစ်ချက်ချ၍
" ကြီးပြင်းလာတာက
ကောင်းပေမယ့် အလျင်လိုနေဖို့တော့မလိုပါဘူး…
ဘယ်လိုပဲဖြစ်ဖြစ် ကျဲကျဲတို့ရှိနေသရွေ့ ရှင်းရှင်းကအငိုသန်တဲ့ကလေးပဲ
လုပ်နေလဲရပါတယ်…"
ချီရှင်းချန်
ပင့်သက်ရှိုက်လိုက်ချိန်တွင်
ချီယွီကျီးမှ ဆက်ပြောလာခဲ့သည် " အော် ဒါနဲ့ရှင်းရှင်း ကျဲ အဖေနဲ့အစ်ကိုကြီးကိုလည်း လက်ဆောင်တွေပို့ပြီးသွားပြီးနော်…
ကျွတ် ကျွတ် ကျွတ်…"
" သူတို့သဘောကျရဲ့လား…"
" ငါနင့်ကိုမပြောပြဘူး…
သူတို့ moment တွေကိုသာ ကိုယ်တိုင်ကြည့်လိုက်ချည်…."
အဖေချီ
ချီရှောင်မင်နှင့် အစ်ကိုကြီး ချီယွမ်ရှောင်တို့မှာ ချီမိသားစု၏လုပ်ငန်းများကို
အတူတကွကိုင်တွယ်ကြရသည့်အတွက်
အလွန်အလုပ်များသောကြောင့်
တစ်နှစ်လျှင် Moment နှစ်ခုထက်ပိုအောင်ပင် မတင်ခဲ့ကြဖူးချေ။
ချီယွီကျီး၏ဖုန်းကိုချပြီးနောက်
ချီရှင်းချန် သိချင်စိတ်ကြောင့် ချီရှောင်မင်၏ဝီချက်ကိုရှာလိုက်ချိန်တွင်
မူလကိုယ်မှပေးထားသည့်
မျောက်ကလေးမှနားရွက်ကိုအုပ်ထားသည့်အီမိုဂျီကို
မြင်လိုက်ရသည်။ (🙉)
ချီရှင်းချန်
: "....."
သူကဘယ်လောက်တောင်
သူ့အဖေရဲ့တတွတ်တွတ်ပြောသံကိုမုန်းနေရတာလဲ…
ချီရှောင်မင်၏ဝီချက်
Moment ကိုဖွင့်ကြည့်လိုက်ချိန်တွင်
ဗလာဖြစ်နေသောအဖြူရောင်မျက်နှာပြင်ပေါ်၌
ခေါင်းမပါသည့်ပုံကြီးတစ်ပုံသာ
ထီးထီးကြီးရှိနေခဲ့သည်။
ကင်မရာမှာ
ရင်ဘတ်မှလည်စည်းကိုသာ
အဓိကထားရိုက်ယူထားပြီး
စာအချို့နှင့်အတူ တွဲတင်ထားသည်။
[ ကမ္ဘာ့စီးပွားရေးဆိုင်ရာဖိုရမ်ကို
သွားတက်ဖို့ သားပေးတဲ့လည်စည်းဝတ်ထားတော့
အပေါင်းအဖော်တွေက ကိုယ်ဘယ်လောက်တောင် လန်းဆန်းနေပုံပေါက်နေလဲဆိုပြီး
ချီးကျူးကြတယ်…] [ပြုံးနေ] [ပြုံးနေ] [ 😄
]
ဤသည်မှာ
လည်စည်းတစ်ခုသာဖြစ်ပြီး
နုပျိုဆေးမဟုတ်ပေ။ ချီရှင်းချန် မနေနိုင်ဘဲ အော်ရယ်မိသွားသည်။
ထို့နောက်
ချီယွမ်ရှောင်၏ဝီချက်ကိုဖွင့်လိုက်ချိန်တွင်
မှတ်ထားသည့်နာမည်မှာ ချီယွမ်ရှောင်နှင့်မတူသော်လည်း
တူညီသောအဓိပ္ပါယ်ဖြင့်သာ
ဖြစ်သည်။ ၎င်းမှာ ပါးစပ်ကိုအုပ်ထားသည့်မျောက်ပုံပင်။
(🙊)
ယွမ်ရှောင်
: [ ဒီနေ့ရာသီဥတုက မဆိုးဘူးပဲ… ] [ ဓာတ်ပုံ ]
တင်ထားသည့်ပုံမှာလည်း
သဘာဝကျစွာပင် ချီရှင်းချန်ပေးထားသည့် လည်စည်းတွင်တပ်ရသောကလစ်လေးဖြစ်နေသည့်အတွက်
ချီရှင်းချန် သူ၏နှာခေါင်းကိုသာ ပွတ်လိုက်မိသည်။
ထို့နောက်
သူနှစ်ယောက်စလုံး၏အမည်များကို
" ပါး " နှင့် " ကော " ဟူ၍ပြောင်းမှတ်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်
ဒုတိယခရီးစဉ်၏နောက်ဆုံးမစ်ရှင်လုပ်ရမည့်အချိန်သို့
ရောက်ရှိလာပြီဖြစ်သည်။
ဧည့်သည်များမှ ယနေ့မစ်ရှင်မှာ ခက်ခဲလိမ့်မည်ဟုထင်ထားကြသော်လည်း
ဒါရိုက်တာကျောက်မှ သူတို့ထင်ထားသည့်ပြောင်းပြန်ပြောလာခဲ့သည်
" ဒီနေ့ရဲ့မစ်ရှင်ကတော့
အရမ်းရိုးရှင်းပါတယ်…မင်းတို့ထဲကလူအချို့လည်း တွေ့ကြုံဖူးတဲ့အတိုင်းပဲ ရှောင်ထျဲရဲ့ဂျူနီယာအထက်တန်းကျောင်းကိုသွားပြီး
စေတနာ့ဝန်ထမ်းဆရာများအဖြစ်
အတွေ့အကြုံယူရမှာပါ…"
အလွန်သိသိသာသာပင်
ဒါရိုက်တာကျောက်ဆိုလိုသော
လူအချို့မှာ မစ်ရှင်အကြောင်းသိလိုက်ရသည်နှင့်
အလွန်ပျော်ရွှင်နေသောချီရှင်းချန်ကို
ဆိုလိုခြင်းဖြစ်သည်။
မွှေးကြိုင်ပြီး
အရသာရှိသောပေါင်မုန့်များ၊
ချိုချိုချဉ်ချဉ်ခရမ်းချဉ်သီးများနှင့်
ကလေးငယ်များ၏မျက်လုံးထဲမှ
သင်ယူလိုစိတ်များ… ၎င်းတို့အားလုံးမှာ ချီရှင်းချန်ကို နက်နက်ရှိုင်းရှိုင်းသံယောဇဉ်တွယ်သွားမိစေခဲ့သည်။
အခြားဧည့်သည်များမှာလည်း
ထိုကလေးများယူလာပေးသည့်အစားအစာများကို
စားဖူးကြသည့်အတွက် ယခုမစ်ရှင်မှာ အလွန်အဓိပ္ပါယ်ရှိလှကြောင်းကို
လူတိုင်းတွေးနေမိကြသည်။
တစ်ယောက်ပြီးတစ်ယောက်
သူတို့၏လွယ်အိတ်များကိုသယ်ကာ
မစ်ရှင်လုပ်ဆောင်ရမည့်နေရာသို့
ထွက်လာခဲ့ကြသည်။
ကွေ့ကောက်ပြီး
ကျဉ်းမြောင်းကာ ကြမ်းတမ်းသောလမ်းပေါ်တွင် ခြေလျင်လျှောက်ရပြီးနောက် ကြေးနန်းကြိုးများဖြင့် ချိတ်ဆွဲသွားရန်လိုသော ကျောက်တောင်များကိုဖြတ်ကျော်ကာ
နှစ်နာရီကျော်မျှကုန်ဆုံးသွားခဲ့သည်။
နျိုပမ်းကျောင်းသို့လာရန်
ဧည့်သည်များမှာ များစွာအားထုတ်ခဲ့ရမည်ဖြစ်သောကြောင့်
ကျောင်းအုပ်ဆရာကြီးမှ
သူတို့ကိုခေါ်ကာ ကျောင်းတစ်ပတ်လိုက်ပြလိုက်ပြီး
သူ၏ဆယ်နှစ်တာ စေတနာ့ဝန်ထမ်းဆရာအဖြစ် အတွေ့အကြုံများထဲမှ ရယ်စရာကောင်းသည်များကို ထုတ်နုတ်ကာ ပြောပြပေးနေခဲ့သည်။
" ကျွန်တော်
ဒီမှာ စာလာသင်ပေးနေတာ ဆယ်နှစ်ကျော်ပြီ…အရင်တုန်းကဆိုရင် အခြေအနေက ဒီထက်တောင်ပိုဆိုးသေးတယ်…ကျောင်းသားတွေသုံးနေတဲ့စာရေးခုံတွေဆိုတာ
သူတို့အိမ်ကထမင်းစားပွဲတွေပဲ…ဘယ်ဟာကမှ တညီတည်းဖြစ်မနေဘူး…ကြမ်းပြင်မှာဆိုလည်း တွင်းတွေအပြည့်…ကျွန်တော် ဒီကိုပထမဆုံးစာလာသင်တုန်းကဆို
မတော်တဆခြေချော်ပြီးတောင်
ပြုတ်ကျခဲ့ဖူးတာ…"
ကျောင်းအုပ်ဆရာကြီးမှာ
ရယ်ကာမောကာဖြင့်ပြောပြနေသော်လည်း
ဧည့်သည်များမှာ အရာရာတိုးတက်ပြီးသော မြို့ပြမှလောလောလတ်လတ်ဘွဲ့ရလာသည့်လူငယ်တစ်ဦးအနေဖြင့်
ဤကဲ့သို့ခေါင်သီလှသောနေရာသို့လာကာ
စာသင်ကြားပေးရသည်မှာ မည်မျှပင်ခက်ခဲကြမ်းတမ်းမည်ဖြစ်ကြောင်းကို
မှန်းဆနိုင်ကြသည်။ စေတနာ့ဝန်ထမ်းဆရာအားလုံးမှာ
အမှန်ပင် လူမသိသောသူရဲကောင်းများဖြစ်ကြလေသည်။
နျိုပမ်းကျောင်းမှာ
စာသင်ခန်းနှစ်ခန်းသာရှိပြီး
အားကစားကွင်းနှင့် ဆရာများ၏ရုံးခန်းတဖြစ်လဲ အိပ်ဆောင်များသာရှိသောကြောင့်
ဆယ်မိနစ်ခန့်ပင်မကြာလိုက်ဘဲ
လှည့်ပတ်ကြည့်မှုမှာ ပြီးဆုံးသွားခဲ့သည်။ ထို့ကြောင့်ပင် ကျောင်းအုပ်ဆရာကြီးမှ ရှက်ရွံ့စွာပြောလိုက်လေသည်
" ဘာမှလည်းကြည့်ဖို့မကျန်တော့ဘူးဆိုတော့…ကျွန်တော်တို့အခု ကိုယ်ပိုင်စာကြည့်ချိန်ရောက်နေတဲ့အတန်းတစ်တန်းကို
သွားရမဲ့အချိန်ပဲ…ကျွန်တော် ခင်ဗျားတို့ကို သူတို့စီခေါ်သွားပေးမယ်…"
ပြောရင်းဖြင့်
စာသင်ခန်းတံခါးကိုဖွင့်လိုက်ချိန်၌
ကင်မရာမန်း၏နောက်တွင်ရပ်နေသောချီရှင်းချန်မှာ
ကလေးငယ်များ၏မြင်ကွင်းထဲတွင်
ပေါ်လာခဲ့သည်။
ကလေးများ
: " !!!!!!! "
" ရှင်းရှင်းလောင်ရှီး…"
ဆရာများမှာ
များစွာစည်းကမ်းမတင်းကြပ်ရုံသာမက
ကလေးများမှာလည်း အမှန်တကယ်ကို ဤနှစ်လိုဖွယ်ကောင်းပြီး မိမိုက်နေသောအစ်ကိုကြီးကို သဘောကျကြသဖြင့် သူတို့၏ကိုယ်ပိုင်စာလုပ်ချိန်ကို
ဆက်၍ဂရုမစိုက်နိုင်တော့ဘဲ
ထိုင်ခုံမှ ဝုန်းခနဲခုန်ဆင်းလာကြသည်။
" ရှင်းရှင်းလောင်ရှီး
ဘာလို့ဒီကိုရောက်နေတာလဲဟင်…"
" သားတို့ကို
လွမ်းလို့လား…"
" ဟိုတစ်ခါ
မေးခွန်းနံပါတ်၃ရဲ့နည်းလမ်းကိုသုံးပြီး
အဲဒါနဲ့တူတဲ့နောက်ထပ်မေးခွန်းဆယ်ခုလုပ်ခိုင်းတာလေ
အဲ့ဒါအားလုံးပြီးသွားပြီရယ်…"
" သူ့ကိုနားမထောင်နဲ့နော်…
ကျွန်တော်ကပိုတော်တာ အခုနှစ်ဆယ်တောင်ပြီးသွားပြီသိလား…"
ကလေးများဖြင့်
လုံးလုံးကိုဝန်းရံခံလိုက်ရသည့်ချီရှင်းချန်ကိုမြင်လိုက်ရချိန်တွင်
ကျောင်းအုပ်ကြီးမှာလည်း
အံ့ဩသွားရသည်
" မင်းတို့အရင်တုန်းကဆုံဖူးတာလား…"
" ကောင်းပြီ
ကောင်းပြီ မင်းတို့လေးတွေ ငါ့ကိုစာသင်ခန်းထဲကနေ တွန်းထုတ်ကြတော့မလို့လား…"
ချီရှင်းချန်
ကလေးများကို ငြိမ်စေလိုက်ပြီးနောက် ရှင်းပြလိုက်သည် " အရင်တစ်ခါတုန်းက သူတို့ကို ပုစ္တာနည်းနည်းကူပြီးရှင်းပြပေးခဲ့ဖူးလို့ပါ.."
မည်သည့်အရာကိုမှ
ယှဉ်ပြိုင်ရန်မလိုသည့်အခြေအနေအောက်တွင်
မစ်ရှင်မှာ အလွန်ပင်ရိုးရှင်းနေခဲ့သည်။
ဧည့်သည်များတွင် မည်သည့်နေရာတွင် သင်ကြားပေးရမည်ကို နေရာချပေးလိုက်ပြီးနောက် မကြာမီမှာပင် တစ်နေ့လုံး၏အတန်းများမှာ ပြီးဆုံးသွားပြီဖြစ်သည်။