အပိုင်း ၃၅
Viewers 26k

Chapter 35

 

နေ့လည်ခင်းတွင် ရိုက်ကူးရေးအဖွဲ့အတွက် ပြန်ရန်အချိန်ကျရောက်လာပြီဖြစ်သည်။ ကလေးများမှာမူ အတန်းများရှိနေသေးသည့်အတွက် ပြန်မလိုက်နိုင်ဘဲ ချီရှင်းချန် ထွက်ခွာသွားသည်ကိုသာ ပြတင်းပေါက်ဘောင်များတွင် မှီကာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေကြသည်။

 

ကလေးများထငိုမည်စိုးသောကြောင့် ချီရှင်းချန်အချိန်ဆွဲမနေရဲဘဲ ပြုံးလျက် လက်ယမ်းပြကာ အော်ပြောလိုက်သည်

 

 " မြန်မြန်အတန်းထဲပြန်ဝင်ကြတော့…"

 

ပထမဦးဆုံးအကြိမ်အဖြစ် ကလေးများမှာ နာခံရမည့်အစား သူ့ကိုသာဆက်၍ကြည့်နေခဲ့ကြသည်။

 

ကလေးများ၏မြင်ကွင်းထဲမှထွက်လာသည်နှင့် ခေါင်းကိုအောက်သို့စိုက်ထားသည့်ချီရှင်းချန်ကိုမြင်နေရခြင်းကြောင့် ပိုင်ရဲ့ သူနှင့်အတူလျှောက်လိုက်ပြီး မေးလိုက်သည်

 

 " ဝမ်းနည်းနေတာလား…"

 

" မနည်းပါဘူး…"

 

" ဘာမှမဖြစ်ပါဘူး ချမ်ကျိုးကဒီလောက်ဝေးတာမှမဟုတ်တာ.. နောက်ကြရင် တစ်ခါတလေလာလည်လို့ရတာပဲကို…"

 

" ကျွန်တော်ဝမ်းနည်းမနေဘူးလို့…" ရှင်းရှင်းလောင်ရှီးမှာ ခေါင်းမာမာဖြင့် ဝန်ခံရန်ငြင်းဆန်နေခဲ့သည်။

 

ပိုင်ရဲ့ မတတ်နိုင်သည့်အတွက် သက်ပြင်းသာချလိုက်ရသည်။ သူ့ဖန်လေး၏အရာအားလုံးကို စိတ်ထဲတွင်သာသိုဝှက်ထားသောအကျင့်မှာ သူ့ကိုတကယ်အနှောင့်အယှက်ပေးနေခဲ့သည်။

 

ကျန်းမိသားစုအိမ်သို့ပြန်ရောက်ချိန်တွင် ချီရှင်းချန် ဗိုက်ကိုဖြည့်ရန်အတွက် စိတ်မပါလက်မပြဖြင့် ထမင်းအနည်းငယ်သွပ်သွင်းလိုက်ပြီးနောက် သူ၏အခန်းသို့အလျင်စလိုပြန်ပြေးသွားခဲ့သည်။ သုံးနာရီအကြာတွင် ချီရှင်းချန် စာရွက်အထပ်လိုက်ကြီးဖြင့် အခန်းမှပြန်ပြေးထွက်လာခဲ့လေသည်။

 

ဒါရိုက်တာကျောက်မှာမူ မဲဖောက်ရန်အတွက် ဧည့်သည်များဆွေးနွေးနေကြသည့်အကြောင်းကို ရိုက်ကူးနေခြင်းဖြစ်သည်။ သူ၏မျက်လုံးထောင့်မှ ဝှစ်ခနဲပြေးထွက်လာသောအရိပ်လေးတစ်ခုကိုမြင်လိုက်ရသည့်အတွက် ကမန်းကတန်းချီရှင်းချန်ကိုတားဆီးလိုက်သည် 

 

" ရှင်းရှင်း ဘယ်သွားမလို့လဲ…"

 

" ‌ကျွန်တော်ရှောင်ထျဲကိုပေးစရာရှိလို့ပါ…"

 

" ဟွားဇီ ရှင်းရှင်းနောက်ကိုလိုက်သွား.." ကောင်းမွန်သည့်ရိုက်ချက်အချို့ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေသည့်အတွက် ဒါရိုက်တာကျောက်မှ လည်ကိုဆန့်၍ ကင်မရာမန်းတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

 

သို့သော်လည်း ဟွားဇီထမရပ်နိုင်ခင်မှာပင် ခွေးဝါကြီးမှ ရုတ်တရက်ထရပ်ကာ ဝုတ် ဝုတ် ဟူ၍အနည်းငယ်ဟောင်သံပေးလာသည်။

 

ဤသည်မှာ အမည်မသိသောလူအချို့ခြံအပြင်တွင် ပေါ်လာခြင်းကြောင့်ပင်။

 

သူတို့ထဲမှအချို့မှ ဘီစကစ်ထုတ်များကိုပိုက်ထားကြပြီး အချို့မှာမူ လက်ထဲတွင် နို့ပုလင်းကိုင်ထားကြကာ အချို့မှာ နိုင်လွန်အိတ်ကြီးတစ်အိတ်အပြည့် ခရမ်းချဉ်သီးများကို သယ်လာကြသည်။ သူတို့အားလုံး၏မျက်လုံးများမှာ တောက်ပနေကာ အနည်းငယ်နီမြန်းနေကြသည်။

 

ချီရှင်းချန် ချက်ချင်းဆိုသလို နေရာတွင်တောင့်ခဲသွားရသည်

 

 " ဆရာကြီး မင်းတို့မင်းတို့ဒီကိုဘယ်လိုလုပ်ပြီးရောက်လာကြတာလဲ…"

 

" သူတို့တွေ သည်းမခံနိုင်တော့လို့လေ.."

 

 ကျောင်းအုပ်ဆရာကြီးမှ ကလေးများ၏ခေါင်းကိုပွတ်ပေးလိုက်ပြီး " သူတို့ရဲ့ရှင်းရှင်းလောင်ရှီးနဲ့ မခွဲချင်ကြဘူးတဲ့…"

 

ဤတစ်ကြိမ်တွင်မူ ချီရှင်းချန် သူ၏မျက်ရည်များကိုသုတ်လိုက်ရသည်။

 

" ဘာလို့ဒီလောက်တွန့်ဆုတ်နေကြတာလဲ…" ချီရှင်းချန် ပြန်ပြုံးလိုက်ပြီး " မင်းတို့မှာပဲ ပေးစရာလက်ဆောင်ရှိတာမဟုတ်ဘူးလောင်ရှီးမှာလည်း လက်ဆောင်ရှိတယ်…"

 

ခဏရပ်လိုက်ပြီးနောက် သူ၏လက်ထဲမှလေ့ကျင့်ခန်းစာအုပ်ကိုယမ်းပြလိုက်ပြီး " ဒီထဲမှာ မင်းတို့အရင်ရက်တွေကမေးခဲ့တဲ့မေးခွန်းတွေအားလုံးပါတယ်အားလုံးကို မေးခွန်းအမျိုးအစားအလိုက်စုပေးထားတယ်လောင်ရှီးတောင်းဆိုချင်တာကတော့ မင်းတို့အားလုံးဒီဟာကိုဆယ်ရက်အတွင်းဖြေရှင်းကြဖို့ပဲရုတ်တရက်ဝင်စစ်ပေးဖို့ကိုတော့ ရှောင်ထျဲကိုပဲတောင်းဆိုလိုက်မယ်နော်…"

 

" သားတို့သိပါပြီရှင်းရှင်းလောင်ရှီး…" ကလေးများမှ မျက်ရည်များဖြင့်အော်ဟစ်လိုက်ကြသည်

 

 " လောင်ရှီးလည်း လုပ်ရမှာနော်သားတို့ကိုမေ့မသွားရဘူး…"

 

ထိုကဲ့သို့သောမြင်ကွင်းမျိုးကို မြင်လိုက်ရချိန်တွင် ခြံဝန်းထဲရှိလူတိုင်းမှာ မခံစားသွားရသူဟူ၍ မရှိတော့ချေ။ ပိုင်ရဲ့ ထွက်လာကာ ချီရှင်းချန်၏ပုခုံးကိုပုတ်ပေးလိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်

 

 " ရှင်းရှင်းလောင်ရှီး ကိုယ်တို့ကလေးတွေကို ဘာလို့သီချင်းလက်ဆောင်မပေးရမှာလဲ…"

 

သူတို့အားလုံးခွဲခွာရန် ပို၍တုန့်ဆုတ်နေမိမည်ကိုစိုးသောကြောင့် ကလေးများကို ပိုင်ရဲ့မငိုစေချင်ကြောင်း ချီရှင်းချန်သိနေခဲ့သည်

 

 " ကောင်းပြီလေ ကျွန်တော်တို့ဘာဆိုကြမလဲ …"

 

" သီချင်းဟောင်းတစ်ပုဒ်လောက်ဆိုကြတာပေါ့…"

 

ပိုင်ရဲ့မှ လည်ချောင်းရှင်းလိုက်ပြီး " ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို မစိုးရိမ်ပါနဲ့အနည်းဆုံးတော့ ငါတို့အတူရှိခဲ့ဖူးကြတာပဲ…."

 

ခြံဝန်းထဲရှိလူတိုင်း အသက်အကြီးဆုံး ငါးဆယ်ကျော်အရွယ်လောင်ကျန်းမှစ၍ အငယ်ဆုံးဆယ်နှစ်ထက်အနည်းငယ်သာကြီးသောကလေးများအထိ တပြိုင်နက်တည်းသီဆိုလိုက်ကြသည်။

 

" ငါတို့အတူရှိခဲ့ဖူးသရွေ့မင်းနဲ့ငါဆိုရင်ပဲ လုံလောက်နေပါပြီ…"

 

" လူတစ်ယောက်ရဲ့ဘဝမှာ အမှတ်တရများစွာရှိတာပဲလေမင်းရဲ့မှတ်ဉာဏ်ထဲမှာ ငါရှိနေဖို့ကိုပဲ မျှော်လင့်မိပါတယ်…." 

 

......

 

ဆိုရိုးများအတိုင်းပင် ဤလောကကြီး၌ မစိမ့်ဝင်နိုင်သောနံရံဟူ၍မရှိသည်ဖြစ်ရာ သတင်းထွက်ပေါ်ပြီးနောက် ဒုတိယနေ့တွင် တစ်စုံတစ်ယောက်မှ ရိုးရာယဉ်ကျေးမှုအကြောင်းကို ဖြန့်ဝေပေးနေသည့်လျို့ဝှက်ဆန်းကြယ်သော လူငယ်ကလေး၏အထောက်အထားကို ဖော်ထုတ်နိုင်ခဲ့သည်။

 

ထိုအချိန် ဘတ်ဂျက်ခရီးသွားကြမယ် အစီအစဥ်၏ပရိုဂရမ်အဖွဲ့မှာ အိုဒန်စ်ကိုရောက်ချိန်တွင် ညအချိန်ကြီးဖြစ်နေပြီး ချီရှင်းချန်မှာလည်း ယခုလောက်လူသိမများသေးသည့်အတွက် ထိုဗီဒီယိုကလစ်မှာ အမိမြေအထိ ပျံ့နှံ့မလာရခြင်းဖြစ်သည်။

 

ဤတစ်ကြိမ်တွင်မူ ကြယ်အလင်းတန်းတစ်ယောက်မှ ဗီဒီယိုကိုတွေ့ရှိသွားခဲ့သောကြောင့် ကမန်းကတန်း သူမ၏ဖေ့ဘွတ်ပေါ်သို့တက်ကာ သတင်းဌာနမှ တွဲပေးထားသောကလစ်နှင့်အတူ ဗီဒီယိုကိုဖြန့်ဝေပေးခဲ့သည်။ ထိုကြယ်အလင်းတန်းမှပင် သူတို့၏အဓိကစာမျက်နှာပေါ်တွင် တင်လိုက်ပြီး ဘဝတူကြယ်အလင်းတန်းများကို အံ့ဩစွာကြည့်သွားစေသည်။

 

[ ဘာဒါကငါ့အိုင်ဒေါလား…]

 

[ ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင် ငါ့အိုင်ဒေါရဲ့ဆောင်ရွက်မှုစွမ်းရည်က ဒီလောက်ကြီးပြောင်မြောက်နေတာတော့မဟုတ်ဘူးသူ့ရဲ့ရုပ်ရည်ကအရမ်းကြည့်ကောင်းနေရုံပဲရှိတာအခုတော့ သူကရသစုံရှိုးတွေမှာလည်း အတော်လေးစွမ်းဆောင်နိုင်တာကို ငါရှာတွေ့သွားခဲ့ပြီဘယ်လိုပဲကောင်းတာတွေရှိရှိ ငါကတော့သူ့မျက်နှာကိုလျက်ချင်နေတုန်းပဲ…]

 

[ ဒါပေမယ့်အဆုံးမှာတော့ ဒီနေ့သူကတကယ်ကြီး ဆက်ကပ်ကစားတတ်ကြောင်း ငါသိသွားခဲ့ရပြီပြီးတော့ ဒါကအပျော်တမ်းလျောက်ဆော့နေတဲ့အဆင့်တောင် မဟုတ်နေဘူးနော်သူကဖေ့ဘွတ်နဲ့သတင်းထဲပါလာတဲ့အထိကို ကစားပြနိုင်ခဲ့နေတာ…]

 

[ ဘယ်သူငါ့ကိုပြောပြနိုင်လဲဒီမှာဘာတွေဖြစ်နေကြတာလဲ… ]

 

ကြယ်အလင်းတန်းများမှာ သုံးမိနစ်မျှတိတ်ဆိတ်သွားရပြီးနောက် အသိစိတ်ပြန်ဝင်လာချိန်တွင် သူတို့အားလုံးမှာ နှလုံးသားချင်းဆက်သွယ်ထားသကဲ့သို့ တူညီသောတုံ့ပြန်ချက်တစ်ခုသာကျန်ရစ်ခဲ့သည်။

 

ဘယ်သူကများ ကမ္ဘာကြီးဘာဖြစ်နေလဲဆိုတာ အရေးစိုက်မှာလဲ

 

မင်းတို့ရဲ့အိုင်ဒေါက အရင်ကသတင်းထဲပါဖူးတာလားမဟုတ်ဘူး.. ဟုတ်တယ်မလား

 

ငါ့အိုင်ဒေါကပါဖူးတယ်ပါဖူးတယ်ဟေ့..

 

ဒါဆိုလည်း ပြန်ဖြန့်ကြလေလူတိုင်းငါ့အတွက် ပြန်ဖြန့်ကြစမ်းပါ

 

သူတို့အိုင်ဒေါရဲ့လူမသိသေးသည့်ဘက်ခြမ်းအကြောင်းကို ယခုမှရှာဖွေတွေ့ရှိသွားသည့်ကြယ်အလင်းတန်းများမှာ သူတို့ကိုယ်သူတို့ ပြန်လည်ဖြန့်ဝေသည့်အလုပ်သမားများသဖွယ် ပြောင်းလဲလိုက်ကြသည်။ သူတို့ထဲတွင် လုပ်ဆောင်ရန် တာဝန်ပင်သတ်မှတ်လိုက်ကြသေးသည်။ လူတိုင်းအနည်းဆုံးဆယ်ခေါက်မျှ ပြန်လည်ဖြန့်ဝေပေးရမည်ဤဗီဒီယိုကလစ်မှာ ဝေ့ပေါ်တစ်ခုလုံးတွင် လုံးဝကိုပြန့်သွားစေရမည်

 

ကံမကောင်းစွာဖြင့် ကြယ်အလင်းတန်းများမှာ ရူးသွပ်စွာ ပြန်လည်ဖြန့်ဝေပေးနေကြသော်လည်း သူတို့မှာလူနည်းစုသာဖြစ်နေသေးသည့်အတွက် ပြန်လည်ဖြန့်ဝေခြင်းလှိုင်းမှ ချီရှင်းချန်ကို ဖန်အသစ် ၁၈၀၀၀ခန့်သာ ယူလာပေးနိုင်သည်။ ထိုအရေအတွက်မှာ မူလကိုယ်၏ယခင်သုံးသောင်းဟူသောဖန်အရေအတွက်နှင့်ယှဉ်လိုက်ပါက အတော်များနေမည်ဖြစ်သော်လည်း ယခုအချိန်ဖန်ပေါင်းသန်းချီရှိနေသည့်ချီရှင်းချန်အတွက်မှာမူ တိုးလာသည့်လူအရေအတွက်မှာ များစွာလှုပ်ခတ်သွားခြင်းမရှိနိုင်ပေ။

 

ထိုအဖြစ်အပျက်မှစ၍ လူတိုင်းမှာ ကိုယ်စီလှုပ်ရှားနေကြသည်မှာ အသုံးမဝင်နိုင်ဘဲ အားလုံးတစ်ခုတည်းအဖြစ် ပူးပေါင်းရမည်ဖြစ်ကြောင်းကို သဘောပေါက်သွားစေခဲ့သည်။

 

ဤသို့ဖြင့် အချို့သောဖန်များ၏တောင်းဆိုမှုအောက်တွင် ချီရှင်းချန်၏ပထမဆုံးထောက်ခံသူဖန်ကလပ် ' ငွေရောင်ကြယ်မြစ် ' မှာထွက်ပေါ်လာခဲ့သည်။ ထိုသူများမှာစတင်၍ ဖန်များကိုစုစည်းကာ ရှေ့တန်းအဖွဲ့၊ ရေတပ်အဖွဲ့၊ ဆန့်ကျင့်သူများကို တိုက်ခိုက်ရန်အဖွဲ့နှင့်အခြားသောအဖွဲ့များကို ဖွဲ့စည်းလိုက်သောကြောင့် ဖန်များမှလည်းရာထူးအစုံစီတိုင်းအတွက် စိတ်အားထက်သန်စွာ လျောက်ထားခဲ့ကြသည်။

 

ငွေရောင်ကြယ်မြစ်၏ဖွံ့ဖြိုးလာမှုနှင့်အတူ ဒုတိယခရီးစဉ်ဖြစ်သောချမ်ကျိုးမှာလည်း တရားဝင်ပြီးစီးသွားခဲ့ပြီဖြစ်ကာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ် လေးခုမြောက်ရာသီ၏ပထမဆုံးအပိုင်းကို စနေနေ့ည၈နာရီတွင် ခမ်းနားစွာထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

ညည့်ကောင်းကင်များနှင့်အခြားဧည့်သည်များ၏ဖန်များမှလည်း သူတို့၏အိုင်ဒေါများအတွက် ခေါင်းကိုမော့ကာ စွမ်းရည်များကို ပြသလာကြသည်။ ည၈နာရီ၃မိနစ် စတင်ထုတ်လွှင့်ပြီးသုံးမိနစ်သာရှိသေးသည့်အချိန်၌ လေးခုမြောက်ရာသီ၏ပထမဆုံးကလစ်ကိုနှိပ်ကြည့်သူများမှာ ယခင်ရာသီများကိုကျော်လွန်သွားပြီး မိုင်မန့်တီဗွီ၏ကလစ်အများဆုံးနေရာကို အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့သည်။

 

ပထမဆုံးအပိုင်းကို ပြသပြီးနောက်တွင် ၎င်းမှာ အသစ်ထွက်ရှိလာသောရသစုံရှိုးများအကြားတွင် လူကြည့်အများဆုံးဟူသောဆုကိုပင် လွယ်ကူစွာသိမ်းယူလိုက်နိုင်သည်။

 

တစ်ချိန်တည်းမှာပင်လူထုမှာလည်း အနောက်တွင် ကျန်ရစ်မနေခဲ့ပေ။ မိုင်မန့်၏ရေတပ်များနှင့်အားပေးသည့်လှိုင်းများဖြင့် ပရိုဂရမ်မှာ ရသစုံရှိုးခေါင်းစီးမှ ထိပ်ဆုံးကျော်ကြားမှုနေရာနှင့် ဝေ့ပေါ်၏ရေပန်းစားမှုစာရင်း ပထမနေရာကို ရယူနိုင်လိုက်ပြန်သည်။

 

ပါဝင်သည့်ဧည့်သည်များအားလုံးလည်း ထိုအတွက်ကြောင့်ပင် အကျိုးအမြတ်များစွာရရှိခဲ့ကြသည်။

 

ထိုအချိန်၌ သူတို့အားလုံးမှာ နောက်ထပ်သွားရမည့်ခရီးစဉ်အတွက် လေယာဉ်ကိုစောင့်ကာ နားနေချိန်လေးကိုခံစားနေကြသည့်အချိန်တွင်ဖြစ်လေသည်။ လောချိုးမန်မှ ဖုန်းကိုထုတ်ကာ စတင်၍ပြောလိုက်သည်

 

 " မင်းတို့လူငယ်လေးတွေ ခေါင်းစဉ်ဆွေးနွေးတဲ့ဆိုက်ထဲ ဘယ်လိုဝင်ရမလဲဆိုတာ ကျဲကိုပြောပြကြပါလားဟင်…."

 

" ဖူးးးး " လျိုကျီယုမှနောက်ပြောင်လိုက်သည် " ဒါဆိုရင်တော့ ကျဲဒီကအများဆုံးဘတ်စ်ကားကို စီးသွားရလိမ့်မယ်…"

 

" တော်ပြီ တော်ပြီ ချိုးမန်ကျဲကို မစနေကြနဲ့တော့.." ထောင်ထောင်မှ လောချိုးမန်၏ဖုန်းကိုယူကာ သူမဘေးတွင်ထိုင်ချလိုက်ပြီး " ဒီဟာကိုနှိပ်ပြီးရင်ဒါလေးကိုနှိပ်ဒီလိုဆိုရင် ဝင်လို့ရသွားပြီ…"

 

လောချိုးမန် ထောင်ထောင်၏ညွှန်ပြချက်ကိုနားထောင်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလာခဲ့သည် " အိုးးး ငါတို့ရဲ့အားရဲ့ကအတော်လေးနာမည်ကြီးတာပဲဖွင့်ဖွင့်ချင်းကို သူ့ရဲ့ဗီဒီယိုကတက်လာတာပဲအောက်မှာတော့.. ဟင်.. ဟားဟားဟားဟား…"

 

လောချိုးမန် ဖုန်းကိုမြောက်ကာ အောက်သို့အနည်းငယ်ဆွဲချလိုက်ပြီး ရုတ်တရက်ဆိုသလို ရယ်ချလိုက်သည် " အောက်က ရှင်းရှင်းရဲ့ဗီဒီယိုက အတော်လေးတော့ ရယ်စရာကောင်းနေတယ်…"

 

ချီရှင်းချန် ကြောင်အမ်းသွားရသည်။ သူသည်တကယ့်အိုင်ဒေါတစ်ယောက်ပါ အဘယ့်ကြောင့် ဟာသအိုင်ဒေါအဖြစ်ပြောင်းလဲသွားရသည်နည်းဟု တွေးရင်းဖြင့် သူသည်လည်း ရေပန်းစားမှုဆိုက်ကို ဖွင့်ကြည့်လိုက်သည်။

 

ရေပန်းစားမှုနေရာတွင် ပထမဆုံးတက်လာသည့်ကလစ်မှာ ပိုင်ရဲ့၏ဗီဒီယိုဖြစ်ပြီး ဒုတိယမှာမူ သူ၏ဟာဖြစ်နေသောကြောင့် ချီရှင်းချန် ဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်။

 

လေဆိပ်တွင် မြှောက်ပင့်ပြောဆိုနေခြင်း၊ စက်ဘီးစီးပြိုင်ပွဲအကြောင်း၊ စားသောက်ဆိုင်တွင်းရှိ ကြည့်အကောင်းဆုံးရုပ်ရည်ပိုင်ရှင်ဆု ချီးမြှင့်ခံရခြင်း၊ ပိုင်ရဲ့ကို မုန်လာဥနီဖြင့်လဲလှယ်ခြင်းနှင့် လမ်းပေါ်တွင်ဖျော်ဖြေခြင်းအားလုံးမှာ သူ၏ဟာသဗီဒီယိုများဖြစ်ကြလေသည်။

 

ချီရှင်းချန် : "....."

 

ကြေကွဲနေသည့် jpg…

 

သူ၏မျက်နှာအမူအယာမှာတောင့်တင်းသွားပြီး အောက်သို့ဆက်လက်ဆွဲချလိုက်သည်။ ရေပန်းစားမှုစာရင်းဆိုက်ထဲတွင် ထောင်ထောင်၏အလှကိုချီးကျူးနေကြသူများရှိကာ လျိုကျီယုကို ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်မှ အမြန်ထွက်သွားရန် ဆဲဆိုနေကြသူများလည်းရှိပြီး အချို့မှာမူ ကျန်းယွင်ဖေးအား သူတို့၏အိုင်ဒေါများကို စောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်နေကြသည်။ အချို့သောသူများမှာ ပရိုဂရမ်အဖွဲ့ကို သူတို့၏အနုပညာရှင်များကို အလွန်အမင်းကြမ်းတမ်းစွာဆက်ဆံခြင်းကြောင့်ဆဲဆိုနေကြသည်။

 

အတိုချုပ်ရမည်ဆိုလျှင် လက်ရှိတွင် သင်တွေးနိုင်သမျှ အကောင်းနှင့်အဆိုးအားလုံးဖြစ်ပျက်နေသည်။

 

ရုတ်တရက်ဆိုသလို ချီရှင်းချန်၏အာရုံစိုက်မှုကို gifတစ်ခုမှ ဖမ်းစားသွားခဲ့သည်။

 

၎င်းမှာ သူတို့ဒိန်းမတ်နိုင်ငံ၏နောက်ဆုံးခရီးစဉ်တွင် ပိုက်ဆံချွေတာရန် သူရိုးရိုးတန်းမှစီးရစဉ်က သူ့ကိုစိတ်သက်သာစေရန်အတွက် လေဆိပ်ရှိအအေးဆိုင်မှ ပိုင်ရဲ့ရေခဲမုန့်သွားဝယ်ခဲ့သည့်အကြောင်းပင်။

 

ထိုအချိန်တုန်းက သူပိုင်ရဲ့ထံမည်သည့်အရာကိုအသုံးပြုပြီး ဝယ်လာခဲ့သလဲဟု မေးမြန်းခဲ့ဖူးသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေရာရှိအရာတိုင်းမှာ ဈေးမနည်းလှရုံသာမက သူတို့၏ခရီးစရိတ်တွင်လည်း ပိုက်ဆံများစွာကျန်မနေခဲ့ပေ။

 

ယခုအချိန်၌ ထိုရေခဲမုန့်ကို ပိုင်ရဲ့မှသူ၏လက်စွပ်ဖြင့် လဲလှယ်လာကြောင်းကို ချီရှင်းချန်သိလိုက်ရလေပြီ။ ချီရှင်းချန် ပိုင်ရဲ့၏လက်ညှိုးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အနားသို့တိတ်တဆိတ်တိုးကပ်သွားလိုက်သည်။

 

" အစ်ကိုသိလား…" ချီရှင်းချန် မဖြစ်နိုင်သည့်လိမ်ဆင်တစ်ခုကိုပြောလိုက်သည် " ကျွန်တော့်မှာ အစ်မကြီးတစ်ယောက်ရှိတာသူကအစ်ကို့ကို အရမ်း အရမ်းကိုသဘောကျတာတဲ့…"

 

" အင်း…" ပိုင်ရဲ့ နားကြပ်ကိုဖြုတ်ကာ ခေါင်းစောင်းလိုက်ပြီး " မင်းကလက်မှတ်ထိုးပေးတာ လိုချင်လို့လား…"

 

" မဟုတ်ပါဘူးသူက ကျွန်တော့်ကိုသူ့အတွက်အစ်ကိုနဲ့လက်ဆွဲနှုတ်ဆက်လာစေချင်တာတဲ့…"

 

ထိုတောင်းဆိုမှုမှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။

 

သို့သော်လည်း သူ၏ဖန်လေးမှ ပြောလာသည်ဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ခြင်းဆိုသည်မှာလည်း မပြောပလောက်သောကိစ္စဖြစ်နေသည့်အတွက် ပိုင်ရဲ့လက်ကိုဆန့်ထုတ်လိုက်သည်။

 

" ဒီလိုမျိုးမဟုတ်ဘူးကျွန်တော့်အစ်မပြောတာက…"

 

ချီရှင်းချန် အောက်နှုတ်ခမ်းကိုကိုက်ကာ သူ၏စိတ်ထဲတွင် " ကျဲကျဲတောင်းပန်ပါတယ်…" ဟုသာ အော်ဟစ်နေရသည် " ကျွန်တော့်အစ်ပြောထားတာက လက်ချောင်းချင်းယှက်ပြီး လက်ဆွဲနှုတ်ဆက်တာမျိုးတဲ့…"

 

လက်ချောင်းယှက်ရမည်လားပိုင်ရဲ့မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။

 

ထို့နောက် သူ၏လက်ချောင်းများကို ဖြည်းဖြည်းချင်းဖြန့်ကာ ချီရှင်းချန်၏လက်ချောင်းများနှင့် ရစ်ပတ်လိုက်သည်။

 

ချီရှင်းချန်၏ရင်ဘတ်တစ်နေရာတွင် အနည်းငယ်တုန်ယင်နေပြီး သူတိတ်တဆိတ်ပိုင်ရဲ့၏လက်ချောင်းဆိုဒ်ကို တိုင်းယူထားလိုက်သည်။

 

လက်ကျန်ခရီးစဉ်မှာ အလွန်ကောင်းမွန်စွာ အလုပ်ဖြစ်နေခဲ့သည်။

 

အဖွဲ့တစ်ခုလုံးမှာ ကောင်းစွာပေါင်းစည်းထားပြီး မစ်ရှင်များလုပ်ဆောင်ရန် ပုံစံကိုရှာတွေ့သွားခဲ့သည်။ ထိုမျှသာမက ချီရှင်းချန်ကဲ့သို့နတ်ဆိုးငယ်လေး၏တည်ရှိမှုကြောင့် NPC များမှာ ဤတစ်ခေါက်ဧည့်သည်တစ်အုပ်ကို မည်သည့်အရာမှမလုပ်ရဲခဲ့ကြချေ။