Chapter 42
ပြောင်းပြန်စွမ်းရည်...
"သခင်မလေး အဆင်ပြေ...ဟမ်..."
ယောင်ချမ့် သူ့၏ စွမ်းအားများကို ပြန်သိမ်းဖို့ ပြင်လိုက်စဉ်မှာပင် မျက်လုံးများ ပြူးကျယ်သွားလေသည်။ယောင်စစ်၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လာပြီး အထဲတွင်ရှိနေသော စွမ်းအင်များကို ထုတ်လွင့်လိုက်လေသည်။ထ်ိုစွမ်းအင်များက တရှ်ိန်ထိုး ထွက်ပေါ်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်လေသည်။
မြေပြင် တစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ရှားသွားပြီးနောက် ဧရာမနွယ်ပင်ကြီးများ ထိုးထွက်လာကာ ကောင်းကင်ထိတိုင်အောင် ပျံတက်လာကြသည်။ပင်စည်ကြီးများကလည်း တုတ်ခိုင်ကြီးမားလှသည်။ယောင်ချမ့်၏ မြေကြီးအချွန်များက တမဟုတ်ချင်းမှာပင် ပြိုကွဲ ပျက်စီးသွားပြီး ကွင်းပြင်တစ်ခုလုံးကို နွယ်ပင်များနှင့်သာ ပြည့်နှက်သွားလေသည်။
"သခင်မလေး ဒါ အပင်စွမ်းရည်မဟုတ်လား...အား..."
ယောင်ချမ့် စကားဆုံးအောင် မပြောရသေးခင်မှာပင် ဧရာမနွယ်ပင်ကြီးတစ်ခုက သူ့ကို ချိတ်ယူဆွဲခေါ်သွားပြီး လေထဲ၌ တန်းလန်းဖြစ်နေလေသည်။အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားလေသည်မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် ကွင်းပြင်တစ်ခုလုံး နွယ်ပင်ကြီးများကြောင့် ပျက်စီးလုနီးပါးဖြစ်နေပေပြီ။
ထိုအချိန်၌ ယောင်စစ် သိလိုက်ရသည်က သူမ၏ အစွမ်းကို ရပ်တန့်လို့ မရတော့ပေ။သူမ၏ အစွမ်းများက ခေါင်းပြုတ်နေသော ရေပိုက်ခေါင်းလိုမျိုး ဒလဟောစီးဆင်းနေလေသည်။
"ငါထင်တာ အမှန်ပဲ ဒီလောက် ဆိုရင် ရပြီ..."
စကားသံနှင့်အတူ မူရွှမ်ယောင်စစ်ဘေးတွင် ပေါ်လာလေသည်။သူ ယောင်စစ်ပခုံးပေါ် လက်တင်လိုက်သည်နှင့် ထိန်းချုပ်၍ မရနိုင်သော အရူးအမူးစွမ်းအင်များက မီးပျက်သွားသလိုမျိုး တိကနဲ ပိတ်ကျသွားလေသည်။
မြေကြီးထဲမှ တဟုန်ထိုး ထိုးထွက်နေကြသော နွယ်ပင်ကြီးများကလည်း ရပ်တန့်သွားပြီး တဖြေးဖြေးချင်း ညှိုးရော်လာသည်။
"ဒါက ဘာတွေ ဖြစ်ကုန်တာလဲ..."
ယောင်စစ် သူ့၏ ရှေ့မှ တောအုပ်လေးတစ်ခုလို ဖြစ်သွားသော နွယ်ပင်များကိုကြည့်၍ စိတ်ရှုပ်ထွေးသွားသည်။
ငါ့ရဲ့ အစွမ်းက ရေအစွမ်း ဒါမှမဟုတ်ရင် လေဟာနယ်အစွမ်း တစ်ခုခုဆိုပြီးတော့... ဗြုန်းခနဲ ဆိုပြီးတော့ ဘယ်လိုလုပ်ပြီး အပင်စွမ်းအင်ဖြစ်သွားရပြန်တာလဲ...ပြီးတော့လည်း ဘာလို့ အစွမ်းက တခါသုံးတိုင်း တခါ အစွမ်းထက်လာရတာလဲ...
"မူရွှမ် ကျွန်မရဲ့ တကယ့်အစွမ်းက ဘာလဲ ..."
"ပြောင်းပြန်အစွမ်း...."
"ဟမ် ဘာကြီး..."
"မင်းရဲ့ အစွမ်းက ပုံသေတစ်မျိုးတည်းရှိတာမဟုတ်ဘူး...ဒါပေမယ့် လွယ်လွယ်လည်း ထုတ်သုံးလို့မရဘူး ..."
သူက ယောင်စစ်ကို ဆွဲခေါ်လာပြီး ပင်စည်တုတ်တုတ်ကြီးတစ်ခုအပေါ်တွင် ထိုင်လိုက်သည်။ထို့နောက် ဆက်ပြောလိုက်၏။
"မင်းရဲ့ အနီးအနားက လူတစ်ယောက်က သူ့ရဲ့ အစွမ်းကို ထုတ်သုံးလိုက်မယ်ဆိုရင် အဲ့ဒီအစွမ်းကို အကောင်းဆုံးတုံ့ပြန်နိုင်မယ့် အစွမ်းတစ်ခု မင်းဆီမှာ အလိုအလျောက်ပေါ်လာလိမ့်မယ်..."
"အကောင်းဆုံး ဘာဖြစ်တယ်...."
ဆိုလိုတာက ငါရဲ့ အစွမ်းက တစ်ဖက်လူကို သောက်ခွက်ရိုက်နိုင်တဲ့ အစွမ်းပေါ့လေ ဟုတ်လား...
"ပထမဦးဆုံး အကြိမ် အစွမ်းသုံးတုန်းက ရေအစွမ်းထွက်လာတယ်ဆိုတာက တစ်ဖက်လူက မီးအစွမ်းကို သုံးနေခဲ့လို့လေ...နောက်တစ်ခါကျတော့လည်း တစ်ဖက်လူက လေဟာနယ် နေရာလွတ်စွမ်းအင်ကို ထုတ်သုံးလိုက်တယ် ဒီတော့ မင်းရဲ့ စွမ်းအင်ကလည်း အနုတ်လက္ခဏာ လေဟာနယ် စွမ်းအင်ဖြစ်သွားတယ်လေ...အခု ယောင်ချမ့်က မြေကြီးစွမ်းအင်ကို ထုတ်သုံးတော့အပင်စွမ်းအင်ကို ထုတ်ဖော်လိုက်တယ်မဟုတ်လား..."
"အဲ့ဒီတော့ ကျွန်မရဲ့ အစွမ်းက ရန်သူအပေါ် မူတည်နေပြီး သူတို့ကို အန်ိုင်တိုက်နိုင်မယ့် စွမ်းအင်ကို ပြန်ထုတ်ပေးတာပေါ့လေ..."
"ဟုတ်တယ် အဲ့ဒီလိုပဲ အဲ့ဒီတော့ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ မင်းအစွမ်းက ပြောင်းပြန်အစွမ်း..."
"မိုက်လိုက်တာ ဒါဆိုရင် လောကကြီးမှာ ရှိနေတဲ့ အစွမ်းမှန်သမျှက ငါ့ရှေ့ရောက်ရင် အကုန် ဂျွတ်ပလွတ်လေးတွေ ဖြစ်ကုန်မှာပေါ့...နေပါဦး..."
ယောင်စစ် တစ်စုံတစ်ခုကို တွေးမိသွားလေသည်။
"ဒီလိုဆိုရင် ရန်သူက ဘာအစွမ်းမှ ထုတ်မသုံးဘူးဆိုရင် ကျွန်မကလည်း ဘာအစွမ်းမှရှိလာမှာမဟုတ်ဘူးပေါ့ အဲ့ဒီလိုလား..."
မူရွှမ် ငြိမ်သက်သွား၏ သူထိုကဲ့သို့ တခါမှမတွေးဖူးပေ။သို့သော်လည်း သူခဏမျှ တွေးပြီးနောက် ခေါင်းညိတ်ပြလိုက်၏
"အင်း အဲ့ဒါ အမှန်ပဲ..."
"ဒီတော့ ကျွန်မရဲ့အစွမ်းက ကိုယ့်ဘက်ကနေစပြီး ချလို့မရတဲ့ အစွမ်းပေါ့လေ ဟုတ်လား .."
"ဟုတ်တယ်..."
သောက်ချီးလိုပဲ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းတဲ့ အစွမ်းကြီးလဲ...ငါတော့ ဆရာကြီးဖြစ်ပြီကွ ဆိုပြီးပျော်နေတာ အခုတော့ ဘာမှသုံးစားလို့မရဘူးတဲ့...ရန်သူက အရင်လာမတိုက်ပဲနဲ့ ငါ့ကို လာချလေ ဘာလဲ ကြောက်နေတာလားဆိုပြီး လှောင်ပြောင်လာရင် ဘယ်လိုလုပ်မလဲ...
"ဒါနဲ့ နေပါဦး..."
ယောင်စစ် နောက်ထပ် ပြဿနာတစ်ခုကို ထပ်မံ စဉ်းစားမိသွားပြီး မူရွှမ်ကိုလှည့်ကြည့်လိုက်သည်။
"ကျွန်မရဲ့ အစွမ်းက တစ်ဖက်လူ သုံးတဲ့ အစွမ်းနဲ့ ပြောင်းပြန်ထုတ်ပေးတာဆိုရင် ခုဏ ရှင်ကျွန်မရှေ့မှာ အစွမ်းမျိုးစုံ ပြနေတုန်းကကော ဘာလို့ ဘာမှ မဖြစ်လာတာလဲ..."
ထိုအချိန်က သူမခန္ဓာကိုယ်ထဲတွင် စွမ်းအင်လုံးဝ မခံစားမိပဲ ယောင်ချမ့်လာမှသာ ဝုန်းကနဲဆ်ိုပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။မူရွှမ် မျက်မှောင်ကြုတ် စဉ်းစားနေပြီးနောက် ယောင်စစ်၏ ခေါင်းလေးကို ခပ်သာသာပွတ်ပေးရင်း ပြောလိုက်သည်။
"ကြည့်ရတာတော့ ငါ့အစွမ်းကြောင့်ထင်တယ်..."
"ဘာကိုပြောချင်တာလဲ...ခုဏ အစွမ်းတွေ အများကြီးပြသွားတာ အမှန်ပဲ ဆိုပေမယ့် အဲ့ဒါအပြင်ကို ထူးခြားတဲ့ စွမ်းအင်ရှိနေသေးလို့လား..."
"ငါ့ရဲ့ အစွမ်းက ငါတို့ မျိုးနွယ်ထဲက ဘယ်သူနဲ့မှ မတူဘူး...သေချာပြောရမယ်ဆိုရင်တော့ ငါ့ရဲ့ အစွမ်းက မူရင်းသွေးမျိုးဆက်ကနေ နိုးထလာခဲ့တာ...ကျန်တဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွမ်းတွေက... အတိအကျတော့ မဟုတ်ပေမယ့် သီအိုရီအရပြောရမယ်ဆိုရင်တော့ လက်ဆင့် ကမ်းပေးတဲ့သွေးမျိုးဆက်ကနေပြီး ဆင်းသက်လာတာ..."
ယောင်စစ် ကြောင်အသွား၏။
"အဲ့ဒီတော့ အဓိပ္ပါယ်က..."
" ငါ့မှာ အစွမ်းကုန် ရှိတယ်..."
"အစွမ်းအကုန်ရှိတယ်တဲ့လား..."
ဘယ်လောက်တောင် မိုက်လိုက်လဲ...အဲ့ဒီတော့ ခုဏ အစွမ်းတွေ အများကြီး ထုတ်ပြသွားနိုင်တာ မထူးဆန်းတော့ပါဘူးလေ...
"ဒါပေမယ့် အဲ့ဒါက ကျွန်မအစွမ်းထွက်မလာတာနဲ့ ဘာဆိုင်..."
ယောင်စစ် ပြောရင်းနှင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ရှင့်မှာ အစွမ်းအကုန်ရှိတယ် ကျွန်မရဲ့ အစွမ်းက ပြောင်းပြန်လှန်တာဆိုတော့ ဘာအစွမ်းမှမရှ်ိတော့ဘူး..."
ချီးလိုပဲ ဒီလိုဖြစ်ရပ်မျိုးကလည်းရှိသေးတယ်တဲ့လား...အရမ်းကြမ်းတမ်းလို့ထင်နေတဲ့ အစွမ်းကြီးက တကယ်တမ်း သုံးစားမရဘူးပဲ...
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြရအောင်..."
မူရွှမ် ယောင်စစ်ကို ဆွဲထူပေးရင်းပြောလိုက်သည်။
"မင်းရဲ့ အစွမ်းက တည်ငြိမ်သေးတာမဟုတ်ဘူး...အဲ့ဒါကြောင့် သေချာမထိန်းချုပ်နိုင်သေးဘူးဖြစ်နေတာ ဒီထက် နည်းနည်းပိုပြီး လေ့ကျင့်လိုက်မယ်ဆိုရင် သေချာအသုံးပြုလာနိုင်မှာပါ..."
"အဲ့ဒါ တကယ်လား..."
ယောင်စစ်၏ မျက်ဝန်းများ အရောင်လက်သွားလေသည်။မူရွှမ် ခေါင်းညိတ်ပြလိုက်၏။
"အခုတော့ အိမ်ပြန်ပြီး အနားယူကြရအောင် ..."
"ကောင်းပြီလေ ..."
ယောင်စစ် သူ့နောက်မှလိုက်၍ ထွက်လာခဲ့လိုက်သည်။သို့သော် ကွင်းပြင်အပေါက်ဝသို့ ရောက်သည့်အခါ၌ သူနောက်ပြန်လှည့်ကြည့်လိုက်မိသည်။
"ဘာလို့ တခုခုမေ့နေတယ်လို့များ ထင်နေရတာလဲ...ထားလိုက်ပါတော့လေ အိမ်ပြန်ရောက်မှပဲ အေးအေးဆေးဆေးတွေးကြည့်တော့မယ်..."
သစ်ပင်ပေါ်တွင် တွဲလောင်းချိတ်၍ ကျန်ခဲ့သော ယောင်ချမ့်တစ်ယောက် ဆွံ့အသွားမိလေသည်။