အခန်း၁၁၉
Viewers 8k

Chapter 119

(ယိလန်ဂြိုလ်)


သူတို့အဖွဲ့သည် အရပ်ဘက်သုံးခရီးသည်တင် အာကာသယာဉ်ဖြင့် နယ်စပ်သို့သွားသော်လည်း ဝေ့ယွမ် သည် ပထမတန်းမှ VIP အခန်းကို ရွေးချယ်ခဲ့သည်။ ကောင်လေး၃ယောက်က အခန်း3ခန်း ခွဲနေပြီး လင်းယောင်ယောင် နှင့်ယဲ့ရှီ က နှစ်ယောက်ခန်း တစ်ခန်းတွဲသုံးသည်။ ရိုးရိုးတန်းတွင် အခန်းတစ်ခန်းလျှင် လူ 7ယောက်မှ 8ယောက် နေရမှာထက်စာလျှင် သူတို့အခန်းသည် သီးသန့်ဖြစ်ပြီး သက်တောင့်သက်သာလည်း ရှိသည်။


 အပန်းဖြေဧရိယာ၏ ထောင့်တစ်နေရာတွင် စတားချောလေးများအဖွဲ့ဝင်ငါးဦးသည် နောက်ထပ် မည်သည့်ဂြိုဟ်နှင့် တွေ့ကြုံရမည်ကို ဆွေးနွေးနေကြသည်။


ချောင်းမင်ယောင် က "ယောင်ယောင် …ယဲ့ရှီ နဲ့နေရတာ အန္တရာယ်များတယ်…အိပ်တဲ့အခါ သတိထားအိပ်..ခန်းဆီးကိုပိတ်ဖို့ မမေ့နဲ့"


ယဲ့ရှီ က ပြုံးပြီး " အလှလေး ယောင်ယောင် နဲ့ နေရတာ အရမ်းပျော်တယ် ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းရမယ်လေ… သူမက ဗိုလ်ချုပ်လင်း ရဲ့ဇနီးမလား"


လင်းယောင်ယောင် ရှက်သွားပြီး ပြောလိုက်သည်။


"ဘာ ဇနီးလဲ...စစ်သည် ယဲ့နော် မဟုတ်တဲ့စကားတွေ မပြောစမ်းနဲ့!"


ချောင်းမင်ယောင် က ဒေါသတကြီးနှင့်ဝင်ပြောလာသည်။


 "လင်းရွှမ် က အဝေးမှာလေ...ဒါပေမယ့် ငါလည်း သူ့အစ်ကိုပဲဆိုတော့ နင် သူ့ကို အနိုင်ကျင့်ရင် ငါ နင့်ကို မညှာဘူးနော်"


ယဲ့ရှီ ကော်ဖီကို ဖြည်းညှင်းစွာသောက်လိုက်ပြီး ခေါင်းမော့ကာ ပြုံးလိုက်သည်။ ထို့နောက် အလှလေးချောင်း အား သူမ၏ ဖီးနစ်မျက်လုံးများကို မှေးကျဉ်းထားကာ အထင်အမြင်‌သေးနေပုံဖြင့်ပြောလိုက်သည်။


 "အယ် ညီမလေးချောင်း …နင်ကများ ငါ့ကို မညှာဘူးလို့ ပြောရသေးတယ်… ရန်ဖြစ်ချင်တာလား...လာပါ..လာလိုက်ပါ"


 သူမ လေသံက စွာတာတာကောင်မလေးများကို စနောက်ချင်သည့်အခါ ပြောနေပုံနှင့်တူနေလေသည်။  စကားပြောနေရင်းလည်း ချောင်းမင်ယောင်၏ အင်္ကျီကော်လာကို ကိုင်လိုက်သည်။သူမ ၏ မက်ခါစွမ်းရည်သည် ချောင်းမင်ယောင် လောက်မပြင်းထန်သော်လည်း သူမတွင် ရက်စက်ကြမ်းကြုတ်ပြီး ထက်မြက်သော အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်ရှိသည်။သူမ ပြောပုံအရ သူမသည် ငယ်ငယ်လေးကတည်းက အောက်ခြေအဆင့်မှစ၍ ကိုယ့်ခြေထောက်ပေါ်သာ အသက်မွေးဝမ်းကြောင်းပြုခဲ့သည်ဟုဆိုသည်။ 


သို့သော် ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့နှစ်ယောက်စလုံးက သူမသည် အရာအားလုံးကို မပြောဘဲ ဖုံးကွယ်ထားမှန်း သိပေသည်။


 သာမန်အရပ်သား မိသားစုက ဘယ်မိန်းကလေးက ငယ်ငယ်လေးကတည်းက စစ်ရေး လေ့ကျင့်မှာလဲ…


 သို့သော် ယဲ့ရှီကိုယ်တိုင်က ထိုအကြောင်းကို မပြောချင်သောကြောင့် အသေးစိတ် မပြောဖြစ်ခဲ့ကြပေ။သူမ သည် တိုက်ပွဲတွင် အနီးကပ်တိုက်စစ်များ ထိုးနှက်သည့်အခါ ပြင်းထန်ပြီး ကမူးရှူးထိုးဆန်သည်။ မက်ခါ မောင်းနှင်သည့် ပုံစံမှာလည်း ရက်စက်ကြမ်းကြုတ်သည်။ မစ်ရှင်များတွင် ရန်သူကို အတူတကွ ခုန်ပြီးသတ်၍ လုံးဝနောက်မဆုတ်ချေ။ သူမသည် မိန်းကလေးဖြစ်သော်လည်း S အဆင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် S အဆင့်ကိုယ်လုံးကိုယ်ပေါက်ရှိသည့် သာမာန်ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ သာမာန် ဉာဏ်ကြီးရှင်ဟု ဆိုသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ဝေ့ယွမ်၊ ချောင်းမင်ယောင်နှင့် အခြားသူများထက် များစွာ မနိမ့်ပါးပေ။


စစ်ပညာရေးအကယ်ဒမီမှ တိုက်ခိုက်ရေးသမားများကြားတွင် အကောင်းဆုံးစွမ်းရည်ရှိသော ချောင်းမင်ယောင် ပင်လျှင် သူမနှင့် အနီးကပ်တိုက်ပွဲများတွင် မကြာခဏ လူးလဲခံခဲ့ရ၏။သို့တိုင်၊ သူသည် သူမထက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင် သိသိသာသာ သာလွန်နေသူဖြစ်သည်။


ယောက်ျား တစ်ယောက်အနေနှင့်၊ ချောင်းမင်ယောင် သည် မက်ခါတိုက်ပွဲတွင် တိုက်သည့်အခါ ထိုကိစ္စကို အထူးတလည် ယဲ့ရှီအား သွားမပြောခဲ့ပေ။ သို့သော်၊ သဘောထားကြီးပေးသည့် သူ့ကို လာပြောနေသည့် ယဲ့ရှီကို ဒေါပွသွားရလေ၏။

 

"နင် နည်းနည်း မိန်းမဆန်ဆန်လေး ပြောလို့မရဘူးလား… အခုကစပြီး ဒီလိုကိစ္စတွေအကြောင်း ငါ့ကို လာမပြောနဲ့… ငါ့ကို ညီမလေးချောင်းလို့လည်း မခေါ်နဲ့၊ ငါက ယောက်ျား… ပြီးတော့...  ငါက နင့်ထက် တစ်လပဲငယ်တာ..."


အနီးကပ်တိုက်ပွဲတွင်၊ သူသည် ယဲ့ရှီကို အမြဲရှုံးခဲ့၏။ သူ၏ တိုက်ပွဲအတွေ့အကြုံက ငယ်စဉ်ကတည်းက တိုက်ရေးခိုက်ရေးရှိလာသည့် သူမထက် နည်းပါးသည့်အပြင် မိန်းကလေးဖြစ်သည့် သူမကို ညှာတာစွာ ဆက်ဆံနေတာကြောင့်ပင်။ထို့ကြောင့် တိုက်စစ်ဆင်နွှဲသည့်အခါ  သူ၏ အစွမ်းသတ္တိကို မသိစိတ်က အမြဲထိန်းထားခဲ့သည်။ သူမသည် ရုပ်ရည်အလွန်ချောမောသော်လည်း သူ့ထက် ပို၍ရိုးသားပြီး နူးညံ့ဖြူစင်ပုံ ပေါ်နေသေးသည်။


ယဲ့ရှီသည် ချောင်းမင်ယောင် ၏ ချောမောသော မျက်နှာကို စိတ်ဝင်တစား စိုက်ကြည့်နေပြီး ပြုံးကာ မေးလိုက်၏။


 " အို... မောင်လေး ချောင်းက ဘာဖြစ်နေပြန်တာလဲ… ဒါဆို နင်က ငါ့ကို အိပ်ရာထဲက ကိစ္စမှာပါ...နိုင်မယ်လို့ ထင်‌နေတာလား…အင်း...ငါက အိုကေပေမယ့် နင်ကတော့ အဆင်မပြေနိုင်ဘူးဆိုတာ သေချာတယ်"


ချောင်းမင်ယောင် အတော်လေး ဒေါသထွက်လာသည်။


 "နင် ဟိုတစ်ခါကဆို အိပ်ရာထဲကတောင် မထနိုင်ခဲ့တာမလား...နင် ငါ့ကို နိုင်ရင်တောင် ငါက သက်သက်ရှုံးပေးလိုက်တာနော်…"


 "အဲ့ဒီတုန်းက ငါ့ရဲ့ စွမ်းအင် 70%ပဲ သုံးခဲ့လို့ပါနော်"


(note အဲ့ဒီနားလေးက ဘာပြောချင်တာလဲဆိုတာ မသိဘူးဖြစ်‌နေတယ်။အတူတူအိပ်တာတော့ မဟုတ်ဘူးထင်တယ်နော်😥)


လင်းယောင်ယောင် သည် သူမ၏ အိမ်လုပ်ပျားရည်ကျွဲကောသီးလက်ဖက်ရည်ကို သောက်လိုက်ပြီး သူ့ဘေးနားရှိ ဝေ့ယွမ် ကို အတင်း ပြောချင်နေသည့် အကြည့်များဖြင့် ကြည့်ကာ


 "ဟင်...သူတို့က ဘာတွေလဲ တွဲနေကြတာလား"


သူတို့နှင့် သိပ်စကားဝင်ပြောလေ့မရှိသော ကျောက်ချင်းယွင် တောင် အံ့အားသင့်သွားသည်။


"အာ… ချောင်းမင်ယောင် နဲ့ ယဲ့ရှီ က အတွဲလား… နည်းနည်းတော့ ရူးချင်စရာပဲ…အလှလေးချောင်း နဲ့ ယဲ့ရှီ ကိုကြိုက်တဲ့ ကောင်မလေးတွေတော့ စုပေါင်းပြီး ကြေကွဲရတော့မယ့်ပုံပဲ"


ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့သည် ကျောက်ချင်းယွင် ကို စိုက်ကြည့်ကြပြီး တစ်ချိန်တည်းမှာပင် ပြောလိုက်ကြသည်။


 "သူနဲ့ငါက အတွဲ မဟုတ်ဘူး…ငါက ဘယ်လိုလုပ်ပြီး ဒီလို မိန်းမကြမ်းကြီးကို ကြိုက်နိုင်မှာလဲ"


 "ကျေးဇူးတင်ပါတယ်…ငါကလည်း ကောင်လေး တစ်ယောက် မလိုချင်ပါဘူး… နူးညံ့ပြီး ချစ်စရာကောင်းတဲ့ ညီမလေးတွေကိုပဲ ကြိုက်တာ"


ဝေ့ယွမ် က ကြားဝင်တားလိုက်သည်။


 "မင်းတို့ နှစ်ယောက် ဒီလောက်ဆို တော်ကြ‌တော့…ငါတို့အတွက် အတွေ့အကြုံတွေရနိုင်ပြီး သင့်တော်မယ့် စွမ်းရည်အရင်းအမြစ်ဂြိုလ်တွေကို ကြည့်ကြရအောင်… ဒီအပြာရောင်ဂြိုလ်က......"


 စကားပြောနေစဉ်တွင် ဝေ့ယွမ်သည် နေရာအမျိုးမျိုးရှိ အခြေအနေကို virtual ဟိုလိုဂရပ်ဖစ်စခရင်ဖြင့် ပြသလိုက်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ချောင်းမင်ယောင် နှင့် ကျောက်ချင်းယွင်တို့ကလည်း ဝေ့ယွမ် ၏ ထင်မြင်ချက်ကို ယုံကြည်ကြပြီး ကန့်ကွက်ခြင်းမရှိကြချေ။


လင်းယောင်ယောင် သည် ယိလန်ဂြိုလ် ၏ နိဒါန်းအချက်အလက်ကို ကြည့်ပြီး လေးလေးနက်နက် တွေးနေစဉ် ယဲ့ရှီ က 


"ယိလန်ဂြိုလ် ကိုသွားမယ်"


အလားအလာရှိသော အရင်းအမြစ်ဂြိုလ်ငါးမျိုးတွင် လီလောဂြိုလ်သည် အကြီးဆုံးဖြစ်သည်။ သို့သော်လည်း ၎င်းသည် တခြားလူနေဂြိုလ်တစ်ခုနှင့် နီးကပ်သောကြောင့် ဇာ့ခ်များကို အမဲလိုက်ရန် စွန့်စားသူ အများအပြားရှိနေပြီဖြစ်သည်။ထို့ကြောင့် ဇာ့ခ်များ သိပ်ကျန်တော့မည်မဟုတ်သလို လုံခြုံရေးကလည်း အမြင့်ဆုံးဖြစ်သည်။


အက်ဆာဂြိုလ်သည် အဓိကစိုက်ပျိုးရေးဂြိုလ်ဖြစ်သည်။ လွန်ခဲ့သော တစ်ပတ်က ပြင်းထန်သော ဇာ့ခ်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသောကြောင့် ဇာ့ခ် အများအပြားသည် ၎င်းတွင် ရှိနေဆဲဖြစ်သည်။ အနီးနားရှိ သာမာန်အရင်းအမြစ်ဂြိုဟ် AS-119/233 မှာလည်း ဆက်စပ်လျှက်ရှိပြီး အန္တရာယ်ရှိသည့် စွန့်စားခန်းများလည်း အများကြီးရှိသည်။


ယိလန်ဂြိုလ်သည် တစ်ချိန်က ကြွယ်ဝချမ်းသာသော လူနေထိုင်ရာဂြိုလ်တစ်ခုဖြစ်သည်။ သို့သော် လွန်ခဲ့သော 12နှစ်ခန့်က ကြီးမားသော နျူကလီးယား မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။  ထို့ကြောင့် သယံဇာတ အများအပြား ကုန်ခမ်းသွားကာ နေထိုင်သူ အများစုသည် အဝေးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။


 သို့သော်၊ ယိလန်ဂြိုလ်သည် နယ်ခြားဂလက်ဆီရှိ အရေးကြီးသော သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်သောကြောင့်၊ ဗီဇပြောင်းလဲသွားသော၊ ပြင်းထန်သော သားရဲများနှင့် ထူးခြားဆန်းပြားသော သားရဲအများအပြားသည် နျူကလီးယား မတော်တဆမှုအပြီးတွင် အရိုင်းအစိုင်းများ ဖြစ်လာကြသည်။ ယခုအခါ ယိလန်ဂြိုလ်သည် ထူးခြားဆန်းပြားသော သားရဲများ၏ ဇာတိဂြိုလ် ဖြစ်လာရသည်။


ယိလန်ဂြိုလ်တွင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ၊ ကြယ်ပင်လယ်ဓားပြများ၊ ရာဇ၀တ်ကောင်များ၊ စွန့်စားသမားများနှင့် မှောင်ခိုဈေးကွက်များရှိသည်။ ထိုနှစ်တွင် နျူကလီယား မတော်တဆမှု ဖြစ်ပွားသောအခါ နေထိုင်သူ အများအပြားသည် ရုပ်ပိုင်းဆိုင်ရာ ရောဂါများစွာကို ဖြစ်စေခဲ့သည်။ ယခုဆို ယိလန်ဂြိုဟ်ကို ဆင်းရဲသားဂြိုလ်အဖြစ် သတ်မှတ်နိုင်သည်။


ယိလန်ဂြိုလ်ကို ဇာ့ခ်များက ခဏခဏ တိုက်ခိုက်သဖြင့် ဇာ့ခ်များစွာရှိသည်။ ကင်းလှည့်တပ်ဖွဲ့ကလည်း သိပ်မထိန်းနိုင်၍  အန္တရာယ်အမြင့်ဆုံးဖြစ်သည်။

 ဝေ့ယွမ် တုံ့ဆိုင်းသွားသည်။  


"ဒါပေမယ့် ယိလန်ဂြိုလ်က အရမ်းအန္တရာယ်များတယ်..."


 သူတို့ သုံးယောက်သာ ဆိုလျှင်  ဝေ့ယွမ် စွန့်စားဖို့ မကြောက်ပေ။ထို့အပြင်၊ယခုလာရခြင်းမှာလည်း တိုက်ပွဲအသိဉာဏ် တိုးတက်လိုပြီး   ဘဝအတွေ့အကြုံကို ရယူဖို့ လာခဲ့ကြခြင်းပင်။ သက်တောင့်သက်သာ နေချင်လျှင်  ဧကရာဇ်မြို့တော်မှာသာ နေ၍ ဘယ်မှ သွားမှာမဟုတ်ပေ။


သို့သော်လည်း၊ယခု တိုက်ပွဲမှာ သိပ်မကျွမ်းကျင်သည့် လင်းယောင်ယောင် ကိုလည်း ခေါ်လာခဲ့သည်။ ကျောက်ချင်းယွင် ကလည်း ထိုကဲ့သို့သော နယ်ပယ်တွင် ယခုမှ ပထမဆုံးအတွေ့အကြုံဖြစ်သည်။


ယဲ့ရှီသည် ခါတိုင်းလို အပြုံးမပျက် ဆက်ပြောလိုက်သည်။


 "ဒါဆို အချိန်တန်ရင် ငါတို့ လူခွဲလိုက်မယ်လေ…နင်တို့က အီသာဂြိုလ် ကို သွားချင်သွားလို့ရတယ်…ငါကပဲ ယိလန်ဂြိုလ်ကို သွားလိုက်မယ်..."


ချောင်းမင်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ 


 "ဘာလို့ ယိလန်ကို သွားမှာလဲ"


 "ငါ့ဇာတိဂြိုလ်မို့"


 လွန်ခဲ့သော ၁၂ နှစ်က ယိလန်ဂြိုလ်တွင်၊ အကြီးစားနျူကလီးယားမတော်တဆမှုတစ်ခုဖြစ်ပွားသောအခါ ယဲ့ရှီသည် သူမ၏ ဖခင်နှင့်အတူ ခရီးသွားနေခဲ့သည်။ သူမတို့ပြန်ရောက်သောအခါ သူမ၏ မွေးရပ်မြေသည် ပွင့်လန်းနေသော ပန်းပွင့်အဖြစ်မှ အမှောင်ထုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။


ယခု၊ လင်းယောင်ယောင် သည် ယိလန်ဂြိုလ် ၏ အချက်အလက်များကို အဘယ်ကြောင့် ရင်းနှီးနေရသည်ကို  နောက်ဆုံးတွင် သတိရသွားသည်။  မူရင်းဝတ္ထုတွင်၊ SSS အတန်းစား ဇာ့ခ်ဘုရင်မ မွေးဖွားပြီးနောက် သူမသည် အင်ပါယာကို ပြောင်းလာပြီးခိုက်၊ ပထမဆုံးပစ်မှတ်မှာ နေထိုင်သူ ဘီလီယံနှင့်ချီသော လင်းရွှမ် နှင့်အတူ သေဆုံးခဲ့သည့် ဂြိုလ်မဟုတ်ပေ။ မျိုးဗီဇပြောင်းသားရဲများစွာနှင့် နေထိုင်သူအနည်းစုရှိသော အရင်းအမြစ်ဂြိုလ်တစ်ခုဖြစ်သည်။ ဇာ့ခ်ဘုရင်မသည်ထိုဂြိုလ်မှာသာ  SSS အဆင့်၏ အောက်ခြေမှ SSS အဆင့်၏ အထက်အထိ ကြီးထွားလာခဲ့သည်။ ထို့နောက် အမြဲတမ်းနေထိုင်သူ သန်းထောင်ချီရှိသော အနီးနားရှိ ဂြိုလ်တစ်ခုသို့ သွားခဲ့သည်။


လင်းရွှမ် သည် မူရင်းဝတ္ထုတွင် ဇာတ်ကောင် မဟုတ်သောကြောင့် ဤအကြောင်းအရာကို စာပိုဒ်နှစ်ပိုဒ် ၊ သုံးပိုဒ်သာ ဖော်ပြခဲ့သည်။ ယိလန်ဂြိုလ်နှင့် တစ်ဘီလီယံရှိ လူသားနေထိုင်သူ ဂြိုလ်အမည်များသည် ဝတ္ထုထဲတွင် လုံးဝပေါ်မလာချေ။


လင်းယောင်ယောင် သည် သူမ၏ ဆက်သွယ်ရေး ကိရိယာတွင် ကြယ်ပွင့်စာရင်းကိုဖွင့်ပြီး ယိလန်ဂြိုလ် အနီးရှိ လူနေဂြိုလ်များကို စစ်ဆေးကြည့်လိုက်သည်။ တစ်ဘီလီယံနေထိုင်သူရှိသော ဂြိုလ်မှာ မော်ရန်ဂြိုလ် ဖြစ်လေသည်။ အမြဲတမ်းနေထိုင်သူ တစ်ဘီလီယံရှိသော နယ်စပ်ရှိ အခြားဂြိုလ်နှစ်လုံးကို စစ်ဆေးခဲ့သော်လည်း အရည်အချင်းပြည့်မီသော အရင်းအမြစ်များက ထိုဂြိုလ်များအနီးတွင် မရှိပေ။


သူမ သက်ပြင်းချပြီး ယဲ့ရှီ ၏ တောင်းဆိုချက်ကို လိုက်လျောခဲ့လေသည်။


 "ညီမလည်း ယိလန်ဂြိုလ်ကို သွားဖို့ သဘောတူတယ်"


 မူရင်းဝတ္ထုတွင်၊ SSS အတန်းစား ဇာ့ခ်ဘုရင်မသည် ယခုနှစ် မတ်လနှင့် ဧပြီလတွင်သာ ပေါ်လာသင့်သော်လည်း ယခုဆို မူရင်းဇာတ်လမ်းနှင့် ကွဲပြားနေပြီဖြစ်သည်။


ယခုဆို ယိလန်ဂြိုလ်သည် SSS အတန်းစား ဇာ့ခ်ဘုရင်မ၏ တိုက်ခိုက်ခြင်းကို ခံရဖွယ်ရှိသည်။ သို့သော် ဤသည်က ခန့်မှန်းချက်သာဖြစ်ပြီး သူမတွင် တိကျသေချာသော သက်သေမရှိချေ။


သို့သော်၊ ယိလန်ဂြိုလ်တွင် တပ်များအဆင်သင့် ကြိုတင်ပြင်ဆင်ထားနိုင်စေရန် လင်းရွှမ် ကို အမြန်ဆုံးအကြောင်းကြားရမည်ဖြစ်သည်။သူမကလည်း အခြေအနေကြည့်ဖို့ ယိလန်ဂြိုလ်ကို သွားရမှာသေချာသည်။ SSS အတန်းစား အင်းဆက်ဘုရင်မ တကယ်ရောက်လာလျှင်၊ သူမ ကိုယ်တိုင် မတိုက်နိုင်လျှင်တောင် အနည်းဆုံးတော့ လင်းရွှမ် တခြား ဇာ့ခ်များကို သတ်နိုင်အောင် ကူညီပေးနိုင်သည်။




xxxxxx