အပိုင်း ၄၄
Viewers 19k

Chapter 44

ဖန်များတွေ့ဆုံခြင်း

    

ယောင်စစ်အရှိန်မြှင့်၍ စကြာဝဠာ သားရဲကြီးရှိရာဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။ မူရွှမ်ပြောလိုက်သည့်အတိုင်း သားရဲကြီးအနား၌ လူအများစုဝေးနေကြပြီး အစွမ်းကုန် တိုက်ခိုက်နေကြလေသည်။


ယောင်စစ်နှင့်အနီးဆုံးတွင်ရှိနေသောမီးအစွမ်းသုံးသည့်သူက သားရဲကြီးဆီသို့မီးစွမ်းအင်များတစ်ခုပြီးတစ်ခုပစ်လွှတ်နေသည်။


ထိုဆက်တိုက် တိုက်ခက်မှု့ကြောင့်သားရဲကြီး၏ အရေပြားပေါ်တွင်မီးအစွမ်းဒဏ်ရာတစ်ချို့ကိုပင်မြင်နေရလေသည်။


ယောင်စစ် ထိုသူအားကြည့်နေရင်းပျံသန်းနေသည်ကိုရပ်လိုက်သည်နှင့်တစ်ပြိုင်နက်ရင်းသူ၏ခန္ဓာကိုယ်ထဲမှ ရင်းနှီးကျွမ်းဝင်နေသောစွမ်းအင်များထိုးထွက်လာသည်ကိုခံစားလိုက်ရသည်။


ယောင်စစ် အလွန်ပျော်ရွှင်သွားပြီး ထိုအစွမ်းကို ဘောက်ဖတ်ကြီးဆီသို့ ဦးတည်၍ထုတ်ဖော်လိုက်သည်။


ချက်ခြင်းဆိုသလိုပဲ ရှဲကနဲ အသံနှင့်အတူမီးငြိမ်းသွားလေသည်။


သူမ၏ဘေးနား၌မီးအစွမ်းများကိုထုတ်လွတ်နေသူ၏ မီးတောက်လေးဟာလည်းဟုတ်ကနဲငြိမ်းသွား၏။


"အာ...တောင်းပန်ပါတယ်... မရည်ရွယ်ပါဘူး..."


 ယောင်စစ် အစွမ်းကိုထုတ်လွှတ်လိုက်သောလည်း ရေစွမ်းအင်ကို ရလာမည်ဟု့မထင်ထားမိပေ။ပို၍ဆိုးသည်က သူ့၏ရေလုံးက မီးစွမ်းအင် သမား၏ မျက်နှာတည့်တည့်ကို သွား၍ပစ်ထုတ်လိုက်ခြင်းပေ။ 


သူ့ဘေးက ထိုလူက ယောင်စစ်ကို သေစေနိုင်လောက်သော အကြည့်များဖြင့်ကြည့်ပြီးနောက် ဘေးသို့ခြေနှစ်လှမ်းလောက်ရွှေ့သွားကာ မီးစွမ်းအင်ထပ်ထုတ်လိုက်သည်။


ယောင်စစ်သက်ပြင်းတစ်ချက်ချလိုက်မိ၏။ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများထပ်မံထိုးထွက်လာနေသည်ကိုခံစားမိလာသောကြောင့် ...ဒီတစ်ကြိမ်၌ ဘောက်ဖတ်ကြီးဆီသို့သေချာချိန်တွယ်ပြီးပစ်လွှတ်လိုက်သည်။


ရှဲကနဲ မြည်သံနှင့်အတူ ထိုလူ၏မီးတောက်ကလေးထပ်မံငြှိမ်းသတ်ခံလိုက်ရပြန်သည်။


"ကျွန်တော်ရဲ့ မီးတောက်တွေက ခင်ဗျားကိုများ အနှောင့်အယှက် များပြုနေမိလို့လား..."


ထိုသူက ပြုံးပြုံးလေးမေးလာသော်လည်း သူ၏မျက်လုံးထဲ၌ ယောင်စစ်ကို နုတ်နုတ်စင်းနေချင်စိတ်ပေါက်နေသည်မှန်း သိနိုင်လေသည်။


"တောင်းပန်ပါတယ်...တောင်းပန်ပါတယ်..."


ယောင်စစ်  ကပျာကယာ တောင်းပန်လိုက်သည်။ 


သူမကိုယ်တိုင်ကလည်းနားမလည်နိုင်တော့ပေ။

ငါပစ်တာက သတ္တဝါကြီးကိုလေ ဘာလို့အဲ့လူကြီးကိုပဲသွားသွားမှန်နေရတာလဲ...


ထိုသူကသူမကိုမကျေမနပ်ဖြင့် စောင်းကြည့်လိုက်သည်။ထို့နောက်ယောင်စစ်နှင့်ဝေးရာဆီသို့ခြေလှမ်းသုံးလေးလှမ်းခန့်ရွှေ့သွားလိုက်သည်။ ပြီးနောက် သားရဲကြီးကိုထပ်မံတိုက်ခိုက်ပြန်၏။


မကြာခင်မှာပဲ


" ရှဲ...." 


ထွက်လာသည့်စွမ်းအားက ပြင်းထန်လာသောကြောင့် ယောင်စစ် သူမကိုယ် သူမ မထိန်းနိုင်ခဲ့ပေ။


ထိုပုဂ္ဂိုလ်၏နဖူးကြောများပင်ထောင်နေသည်ကိုမြင်လိုက်ရ၏။သူဒီတစ်ခေါက်၌ ထပ်မံမတိုက်ခိုက်တော့ဘဲယောင်စစ်ဆီသို့သာတည့်တည့်ပျံသန်းလာလိုက်သည်။


" ဒီကမိန်းကလေးက ကျုပ်အပေါ်မှာ မကျေနပ်တာတစ်ခုခုများရှိနေတာလား..." 


"မဟုတ်ပါဘူး... မရှိပါဘူး... "


"အဲ့တာဆိုရင်လည်း ဘာလို့ကျုပ်ရဲ့မီးကိုပဲ ခဏခဏငြှိမ်းနေရတာလည်း...ကြွားချင်လို့လား... အဲ့လိုဆိုရအောင်လည်းဒီအစွမ်းကကြွားချင်စရာကောင်းလောက်တဲ့ အစွမ်းမှဟုတ်တာ ဒါမှမဟုတ်ရင်အဲ့ဒီသားရဲကြီးနဲ့ သူငယ်ချင်းတွေမလို့လား..."


"ကျွန်မတောင်းပန်ပါတယ်... တစ်ကယ်တမင်လုပ်တာမဟုတ်ရပါဘူး..." 


ငါ့အစွမ်းတွေကိုထိန်းလို့မရလို့ပါဟ


" အဲ့တော့ နင်က... "


ယောင်စစ်တို့နှစ်ယောက် ပြေလည်အောင်ဖြေရှင်းနေကြတုန်းမှာပင်သားရဲကြီးဆီမှာကျယ်လောင်သောအသံကိုကြားလိုက်ရသည်။


ထိုဘောက်ဖတ်ကြီးက ခေါင်းမော့၍အော်ဟစ်လိုက်ပြီး အစိမ်းရောင်အရည်တစ်မျိုးကိုထိုလူဆီထွေးထုတ်လိုက်လေသည်။


"သတိထား..."


ယောင်စစ်မသိစိတ်မှ အလိုအလျှောက်ပဲစွမ်းအားကို ထုတ်ဖော်လွှတ်လိုက်ပြီးတုန့်ပြန်လိုက်လေသည်။ သူမလက်မှထွက်ပေါ်လာသောရေလှိုင်းကြီးမှာ ထိုအစိမ်းရောင်အရည်များနှင့်အတူ ထိုသူအားအဝေးသို့လွင့်ထွက်သွားစေသည်။ 


သနားစရာကောင်းသော မီးစွမ်းအင်သုံးသောထိုလူမှာ ရေလှိုင်းများနှင့်အတူ အမှိုက်တစ်စအလား မီတာသုံးဆယ်ခန့်ထိလွင့်မျောပါသွားလေသည်။သူ့ လက်ဖဝါးပေါ်မှမီးတောက်ပိစိလေးကလည်းအစရှာလို့မရအောင်ပျောက်သွားလေသည်။


"အာ... "


ငါတစ်ကယ်မရည်ရွယ်ပါဘူး ငါတို့ပြေပြေလည်လည်ဆွေးနွေးရအောင်...မျက်နှာကိုပြေးတော့မရိုက်ပါနဲ့...


ဘောက်ဖတ်ကြီးက ယောင်စစ်ကိုပေါက်ကရတွေးနေဖို့ အချိန်မပေးပေ။နောက်တစ်ကြိမ်အော်သံနှင့်အတူအစိမ်းရောင်အရည်များကို ထပ်မံထွေးထုတ်လာပြန်သည်။ဒီတစ်ကြိမ်၌ ယောင်စစ်ဆီသို့တည့်တည့်ပင်ဖြစ်လေသည်။


သောက်ကျိုးနည်း...


ယောင်စစ် သူမ၏အစွမ်းများကိုထပ်ပံထုတ်သုံးရန်ပြင်လိုက်သော်လည်း ဒီတစ်ကြိမ် သူမ၏ ခန္ဓာကိုယ်ထဲ၌ဗလာကျင်းနေသည်။


ဟဲ့...သေမလို့လား... ဒီလိုအရေးကြီးတဲ့ အချိန်တွေမှာစွမ်းအင်ကဘယ်ပျောက်သွားပြန်တာတုန်း...


ထိုချွဲကျိကျိ အစိမ်းရောင်အရည်များကသူမဆီသို့တည့်တည့်ကြီးဝင်ရောက်လာခဲ့သည်။သို့သော်လည်း အကြည်ရောင်အကာရံအရာတစ်ခုသူမ၏ရှေ့တွင်ပေါ်လာပြီးနောက်ထိုအစိမ်းရောင်အရည်များထံမှကာကွယ်ပေးလိုက်သည်။


ထို့နောက် ရင်းနီးကျွမ်းဝင်နေသောအသံတစ်ခုကိုကြားလိုက်ရလေသည်။ 


"မင်း အဆင်ပြေရဲ့လား..."


ယောင်စစ်ငြိမ်ကျသွားပြီး နောက်ခေါင်းအသာငြိမ့်ပြလိုက်သည်။


ခဏအကြာ၌ သူမ ပြန်လည်တည်ငြိမ်သွား လေသည်။


ထိုအချိန်မှာပင် နောက်ထပ်အသံကျယ်ကြီးထွက်ပေါ်လာသည်။


အာကာသမျိုးနွယ်များပြုလုပ်ထားသော စွမ်းအင်အကာအရံက စတင်၍အက်ကွဲလာလေသည်။ဧရာမဘောက်ဖတ်ကြီးကတွန့်လိမ်ရုန်းကန်နေပြီးနောက် သူ၏ပုံရိပ်က "ဖြတ်ကနဲဖြတ်ကနဲ "ဝေဝါးလာကာပျောက်ကွယ်သွားလေသည်။


"ဘာဖြစ်သွားတာလဲ... ထွက်ပြေးသွားတာလား..."


ယောင်စစ်တစ်ယောက်သာအံ့ဩနေသည်မဟုတ်ဘဲ အနား၌ရှိနေကြသောလူများအားလုံးကြောင်အနေကြသည်။


သူတို့၏ရှေ့မှ အာကာသလွင်ပြင်တွင် ဧရာမသားရဲကြီး မည်သည့်အချိန်ကမှ ရောက်မလာခဲ့သလိုမျိုး ဗလာကျင်းကျန်ခဲ့လေသည်။


"အခုဘာတွေဖြစ်သွားတာလဲ..."


ယောင်စစ် အံဩတစ်ကြီးမေးလိုက်သည်။


မူရွှမ် မျက်မှောင်ကြုတ်ပြီးပြန်ဖြေလိုက်လေသည်။


"ဒါ သာမန်စကြာဝဠာသားရဲမဟုတ်ဘူး..."


"အဲ့တာဘာအဓိပ္ပါယ်လည်း..." 


ယောင်စစ်ထပ်မံမေးရန်ကြံရွယ်လိုက်သည့်အချိန်မှာပဲသူ့ကိုလှမ်းခေါ်သည့်အသံတစ်ခုကိုကြားလိုက်ရသည်။


"ဟေး... ဒီကမိန်းကလေး..."


"ကျွန်မတောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး...ကျွန်မ ကိုယ့်အစွမ်းကိုယ်ထိန်းမရဖြစ်သွားလို့ပါ..."


ယောင်စစ် ထိုသူကို မြင်မြင်ချင်းအရင်ဆုံးတောင်းပန်လိုက်သည်။ထိုမျှလွင့်ထွက်သွားလိမ့်မည်ဟုလည်း သူမ မထင်ထားခဲ့မိပေ။


"ဒီအတိုင်းတောင်းပန်လိုက်ရုံနဲ့လုံလောက်ပြီလို့ထင်နေတာလားထိုသူကရွဲရွဲစိုနေသောသူ့၏အဝတ်စားများကိုခါရင်းပြောလိုက်သည်။


"ဒီက ဂုဏ်သရေရှိအမျိုးသမီးလေးကို ကျွန်တော်မျိုးက ဘယ်တုန်းကများ အနှောက် ယှက်လုပ်ထားဖူးလို့လဲ..."


"ဒီလိုလုပ်ပါလား...ကျွန်မ ရှင့်ကို လျော်ကြးပေးမယ်လေ..."


"ထားလိုက်ပါတော့...မင်းကလူသစ်လေးဆိုတော့ ဒီတစ်ခါတော့ ခွင့်လွတ်လိုက်မယ် နောက်ဆို... "


ထိုသူက ပြောနေရင်းနဲ့ရပ်တန့်သွားလေသည်။


သူ ယောင်စစ် ကိုခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ပြီးနောက် ထပ်ပေါင်းပြောလာသည်။


"ဘယ်လောက်ပေးမှာလဲ..." 


"....."


ခုဏကပဲပြောလိုက်တော့ 'ထားလိုက်တော့ဆို' ...


ယောင်စစ်က စကြာဝဠာ ငွေကြေးတန်ဖိုးကိုမသိသေးသောကြောင့် သူမ၏ကွန်ပြူတာလက်ပတ်ကို ဖွင့်လိုက်ပြီး ဂဏန်းတစ်ချို့ရိုက်ထည့်၍ပေးလိုက်သည်။


ထိုသူက ဂဏန်းများကိုကြည့်၍ကျေနပ်သွားပုံဖြင့် မျက်နှာပေါ်မှဒေါသများပျောက်ကွယ်သွားပြီးပြုံးဖြီးဖြီးဖြစ်သွားသည်။


"ဟား.ဟား .ဟား.ဟား... ထားလိုက်ပါတော့...ထားလိုက်ပါတော့... ကံကြမ္မာကြီးကကျုပ်တို့ကို တွေ့ဆုံခွင့်ပေးတယ်ဆိုမှတော့သူငယ်ချင်းလုပ်ကြရအောင်...ကျုပ်နာမည်က ဟော်ချီ ပါ..."


ထိုသူက တောက်ပစွာရယ်မောလိုက်ပြီးနောက်ခင်မင်ရင်းနှီးစွာပြောလိုက်သည်။


"ငါ့ကို အစ်ကိုကြီးချီလို့ခေါ်လို့ရပါတယ်...

ဒါနဲ့မင်းတို့နှစ်ယောက်ကိုရောဘယ်လိုမျိုးခေါ်ရမလဲ..."


သဘာဝကျကျပြောရမည်ဆိုလျင် ထိုမိန်းကလေးက သူ့ကိုကယ်တင်လိုက်သည်ဟုပင်ဆို၍ရပေသည်။


သူမအသုံးပြုလိုက်တဲ့ နည်းလမ်းကမသင့်တော်ဘူးဆိုပေမယ့်ပေါ့...


"ကျွန်မ နာမည်က ယောင်စစ် ပါ ..."


ထိုနောက် ယောင်စစ် မူရွှမ်ဘက်သို့လှည့်လိုက်ပြီး ....


"သူ့ နာမည်ကတော့.... "


ပြောနေရင်းဖြင့် မူရွှမ်၏ဂုဏ်ပုဒ်ကိုသတိရသွားပြီးရပ်တန့်သွားလေသည်။


သူမ အမှန်အတိုင်းမိတ်ဆက်ပေးရမလား မည်သို့လုပ်ရမည်မသိဘဲ အနည်းငယ်တွန့်ဆုတ်နေလေသည်။


"မူရွှမ်..." 


သို့သော် သူမ မဆုံးဖြတ်နိုင်ခင်မှာပင် သူ့ဘေးမှလူက ကိုယ့်ဘာသာကိုယ်မိတ်ဆက်လာလေသည်။


ဝိုး...သူမတို့က လေ့ကျင့်ဖို့လာရုံသက်သက်ပဲမဟုတ်ဘူးလား...သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့အရှင်သခင်ကြီးက သူ့နာမည်သူ ဒီလိုပဲထုတ်ပြောလိုက်တယ်ပေါ့...


 "မူရွှမ်...ဟုတ် လား..."


ဟွားချီ၏ မျက်ဝန်း များဝိုင်းစက်သွားသည်။


"မင်းရဲ့ နာမည်က..."


 ကြည့်ပါဦး ကြည့်လိုက်ပါဦးလေ...နာမည်ပြောလိုက်ပြီဆိုတာနဲ့ တစ်ခါတည်းတန်းမှတ်မိသွားကြတော့တာပဲ...


"မင်းက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ရဲ့အရှင်သခင်နဲ့ နာမည်တူနေတာပဲ... ကြည့်ရတာတော့ မင်းကလည်းသူ့ရဲ့ဖန်အကြီးစားပဲဖြစ်ရမယ်..."


အမ်.... အမ်...


"......"