အခန်း၁၂၇
Viewers 12k

Chapter 127

( ယွင်ယိမြို့)


မကြာသေးမီက၊ ဇာ့ခ်တိုက်ခိုက်မှုများသည် တာဇာ့များ၏ လက်ချက်များဖြစ်သည်။ ပိုင်မြို့ကို တိုက်ခိုက်ခြင်းမပြုမီတွင် တာဇာ့များသည် လင်းရွှမ် တည်ရှိရာ စစ်မြေပြင်တွင် ဇာ့ခ် အများအပြားကို တမင်တကာ ထည့်ထားပြီး ဘယ်မှသွားမရအောင်လုပ်ထား၏။ တာဇာ့များသည် ယိလန် အပြင် ကမ္ဘာတစ်ခုလုံး၏ အရင်းအမြစ်များနှင့် လူအင်အားကို SSS အဆင့် ဇာ့ခ်ဘုရင်မအား နို့စို့အရွယ်မှ လူကြီးအဖြစ်သို့အမြန်ဆုံး ကြီးထွားလာစေရန်အသုံးပြုမည်ဖြစ်သည်။  ထို့နောက်တွင်၊ မောက်မာသော SSS အဆင့်ပိုးမွှားကောင် လင်းရွှမ် သည် လုံးဝပျောက်ကွယ်သွားပေမည်။


လင်းမိသားစုသည် ယခုအခါ အလွန်ဂုဏ်သိက္ခာကြီးမားပြီး စွမ်းအားများစွာပိုင်ဆိုင်ထားကြသည်။ တော်ဝင်မိသားစုကလည်း သူတို့ကို မနာလိုဖြစ်နေသည်မှာ အတော်ကြာပေပြီ။ ပလ္လင်ပေါ်တွင် မည်သည့်မင်းသားပဲ ထိုင်စေကာမူ လင်းမိသားစု၏ မျက်နှာကို မကြည့်ရဲကြပေ။


အရှင်သခင် အင်ပါယာ၏ အသန်မာဆုံး လူငယ်ပါရမီရှင် လင်းရွှမ် သည် ရှောင်မင် နန်းတက်သည့်နေ့မှာ သေသွားမှသာ အဆင်ပြေမည်ဖြစ်သည်။  နောင်တွင် ရှောင်မင်လည်း ပလ္လင်ပေါ်၌ ထိုင်သောအခါ ပို၍သက်တောင့်သက်သာ ထိုင်နိုင်ပေလိမ့်မည်။


လင်းယောင်ယောင် သည် ဤအကြောင်းကို တွေးပြီး သေးငယ်သော စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်တွင် ခွန်အားမရှိသလို ခံစားခဲ့ရသည်။  သူမသည် အဖြစ်အပျက်များစွာကို ကြိုမြင်ထားပြီးဖြစ်သော်လည်း ဤကြိုတင်သတ်မှတ်ထားသည့် အရာများကို မတားဆီးနိုင်ခဲ့ပေ။ သူမ ကူးပြောင်းလာပြီးနောက် ရှောင်မင် နှင့် ရန်များအောင် လင်းမိသားစုသည် အခြားသူများကို အနိုင်ကျင့်ရန် မလုပ်ဖူးသော်လည်း ရှောင်မင် နှင့် တာဇာ့ကြယ်ပွင့်မဟာမိတ်တို့သည် လင်းရွှမ် ကို ဖယ်ရှားပြီး လင်း မိသားစုကို အနိုင်ယူလိုဆဲပင်။


 သို့သော် တာဇာကြယ်ပွင့်မဟာမိတ်၏ စစ်မှန်သောပန်းတိုင်မှာ အရှင်သခင် အင်ပါယာတစ်ခုလုံးဖြစ်သည်။ သူတို့သည် လင်းရွှမ် ကို တတ်နိုင်သမျှ အမြန်ဆုံး မဖယ်ရှားပါက လင်းရွှမ် သည် တစ်ချိန်ချိန်တွင် အရှင်သခင် အင်ပါယာကို ကျူးကျော်ရန် သူတို့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာမည်မှာ သေချာသည်။


SSS အဆင့် ဇာ့ခ်ဘုရင်မသည် ယိလန် တွင် သိသိသာသာ ပျက်စီးမှုများ ဖြစ်စေသော်လည်း အသက်များစွာ မဆုံးရှုံးခဲ့ပေ။ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ကလည်း အချိန်မီရောက်လာနိုင်၏။ ယခု SSS အဆင့် ဇာ့ခ်ဘုရင်မသည် ယခုမှမွေးဖွားလာခဲ့ပြီးဖြစ်၍ SSS+ အဆင့်၏ ကြောက်မက်ဖွယ် ဖြစ်တည်မှုအဖြစ်သို့ ကြီးထွားလာခြင်းမရှိသေးချေ။


လင်းယောင်ယောင် သည် ဘယ်နေရာမှာမဆို အဆင်‌ပြေစေရန်အတွက် သူမ ပြင်ဆင်ထားလေ့ရှိသော ဖြည့်စွက်အစားအစာများဖြစ်သည့် ဇာ့ခ်အသားကိတ်များ၊ဇာ့ခ်အသားခြောက်၊ ဆေးဟင်းချို၊ ဖြည့်စွက်ဆေးဝါးများ စသည်တို့ကို အမြန်စားခဲ့ပြီး ဆုံးရှုံးသွားသော စိတ်ပိုင်းဆိုင်ရာနှင့် ကာယအားကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းခဲ့သည်။ ကံကောင်းစွာပင်၊ အစားအသောက်ကုထုံးသည် အနူးညံ့ဆုံးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိသည့်အပြင် မြင့်မားသော စွမ်းအင်ကို ပေးစွမ်းပြီး ဖြစ်၍အစာစားရန် မလိုအပ်တော့‌ေပ။


ဝေ့ယွမ် နှင့် ကျောက်ချင်းယွင် တို့သည်လည်း ဖြည့်စွက်စာများ စားသုံးနေကြသည်။ လောလောဆယ် ယာယီဘေးကင်းသော်လည်း SS-အဆင့်ဇာ့ခ်ကို ရှုံးခဲ့ရသည့် ယခင်အတွေ့အကြုံကို မမေ့နိုင်ကြသေးပေ။  အစားအသောက်ကို ကောင်းကောင်းမြည်းဖို့တောင် ဂရုမစိုက်ဘဲ တတ်နိုင်သမျှ ခွန်အားပြန်လည်ရရှိရန်သာ စိတ်ကူးကြသည်။ သို့သော်၊ ဖြည့်စွက်အစားအစာများနှင့် ပေါင်းစပ်ထားသည့် ဆေးဖက်ဝင်ဟင်းရည်များသည် လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသည့် ဟင်းရည်လောက် အရသာမရသော်လည်း အရသာရှိနေဆဲပင်။ သူတို့၏ အလွန်ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်နှင့် စိတ်မှာ သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။


 ကျန်နွယ်ပင်သုံးပင်ကို အသုံးပြု၍ 012 သည် သူ့အတွက် လင်းယောင်ယောင် ပြင်ဆင်ပေးသော ဆေးဖက်ဝင်ဟင်းချိုကို စုပ်ယူလိုက်သည်။ ခဏအကြာတွင်၊သူ့ခန္ဓာကိုယ်ရှိ အချည်းနှီးဖြစ်သွားသော ကွက်လပ်များ အနည်းငယ်ပြည့်လာပြီး နွယ်ပင်အသစ်များ ပေါက်ဖွားလာခဲ့သည်။ထို့နောက် 012 က လင်းယောင်ယောင် ကို  


 "ငါ မောနေပြီ၊ ဒါပေမယ့် သခင် အဆင်ပြေနေလို့ တော်သေးတာပေါ့...ဒီနေ့ ငါ ဘယ်လိုလဲ တော်ရဲ့လား"


လင်းယောင်ယောင် သည် အကိုင်းအခက်များနှင့် အရွက်များ၏ ထိပ်ကို ထိလိုက်‌၍


 "012 က အကောင်းဆုံးပဲ...များများစားနိုင်တယ်… စားပြီးရင် ကောင်းကောင်းအနားယူ"


 012 ၏ ကိုင်းအခက်များနှင့် အရွက်များပေါ်တွင် ဒဏ်ရာရရုံသာမက၊ SS-အဆင့် ဧရာမဇာ့ခ်ကိုဖမ်းရန် သူ့ခန္ဓာကိုယ်အနှစ်သာရကို စတေးထားသောကြောင့် အတွင်းပိုင်း၌ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သည်။ ဆုံးရှုံးမှုက ကြီးမားသော်လည်း ကံကောင်းစွာပင် အချိန်သိပ်မကြာလိုက်ဘဲ အဆင့်-4ကို  ပြန်ရောက်သွားနိုင်သည်။


ယခုတစ်ကြိမ်တွင်၊ 012 သည် ရန်သူကိုခုခံကာကွယ်ရန် အပြင်းအထန်ရုန်းကန်ခဲ့ရသည်။ တိုက်ပွဲတွင်၊ သူ့ကိုယ်ပိုင်အဆင့် နယ်နိမိတ်များကို ဖြတ်ကျော်သွားခဲ့သည်။ ထိုမျှမကသေး၊ထူးခြားသောစွမ်းဆောင်မှုအတွေ့အကြုံသည် 012 အား အကျိုးဖြစ်ထွန်းစေသည်။ ဖြည့်စွက်ရင်းမြစ်များသာ  လုံလောက်စွာ စားသုံးလိုက်ပါက၊ 012 သည် လူသားများအတွက် SS အဆင့်နှင့် ညီမျှသည့် အဆင့်-6အထိ တိုးတက်သွားနိုင်သည်။


သို့သော်၊ လင်းယောင်ယောင် မှာ လောလောဆယ် အချိန်အများကြီး မရှိချေ။  012 အတွက် အဆင့်တက်လာဖို့ဆိုပါက ဤဇာ့ခ်လှိုင်းများ ပြီးသွားစေရန် စောင့်ဆိုင်းရမည်ဖြစ်သည်။


မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ အချိန်မီရောက်ရှိလာခြင်းကြောင့် ဇာ့ခ်ဒီရေနှင့်ကြုံတွေ့ရသည့် မြို့ကြီးသုံးမြို့သည် လျင်မြန်စွာ တိုးတက်ကောင်းမွန်လာခဲ့သည်။ ဇာ့ခ်များကြောင့်သေဆုံးသူအနည်းစုရှိသော်လည်း၊ အရေအတွက်က ထိုမျှလောက်မဆိုးသေးပေ။


သူတို့ ယခင်က ကြိုတင်ဟောကိန်းထုတ်ခဲ့သော အဆိုးရွားဆုံးရလဒ်မှာ- မြေပြင်ရှိ တိုက်ခိုက်ရေးသမားအားလုံး သုတ်သင်ရှင်းလင်းခံရပြီး မြေအောက်ရှိ အရေးပေါ်တည်းခိုနေရာများရှိ အရပ်သားများလည်း ဇာ့ခ်များအတွက် ရိက္ခာများဖြစ်လာခဲ့သည်ဆိုသော အချက်မှာလည်း—မဖြစ်ခဲ့ပေ။


 ဝေ့ယွမ်၏ ယခင်အကြံအစည်မှာလည်း အသုံးမဝင်ပေ။ ထို့ကြောင့် ဝေ့ယွမ် သည် စစ်ဘက်ဆိုင်ရာ အာကာသယာဉ်ပေါ်ရှိ ဒဏ်ရာရသူအားလုံးကို ယွင်ယိမြို့သို့ စေလွှတ်ရန် ရည်ရွယ်ထားသည်။  ပြီးမှသာ၊ ရေရှည်စီမံကိန်းကို စဉ်းစားရမည်ဖြစ်သည်။


လင်းယောင်ယောင် တွင် အခြားအစီအစဉ်များရှိသော်လည်း သူမ၏စွန့်စားခန်းအစီအစဉ်ကို အကောင်အထည်မဖော်မီ အနားယူရန် ယွင်ယိ မြို့သို့ ပြန်သွားရန် လိုအပ်သည်။ ထို့နောက် အထိရောက်ဆုံး အရန်ကုထုံးများပြင်ဆင်ရန် အသစ်ရရှိထားသော SS-အဆင့်ဇာ့ခ်အသားကိုလည်း အသုံးပြုရမည်ဖြစ်သည်။


 သူမ ပေးခဲ့သော ဖြည့်စွက်ဆေးကို စားခဲ့သော တင်းချမ် သည် သူ့ခွန်အား၏ 50 မှ 60 ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။  ယခု သူသည် အခြားဒဏ်ရာရရှိသော တိုက်ခိုက်ရေးသမားများကို  ကူညီစောင့်ရှောက်ပေးနေသည်။


တင်းချမ် သည် လင်းယောင်ယောင် နှင့် ဝေ့ယွမ် တို့ ယာဉ်မောင်းခန်းမှ ထွက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရစွာဖြင့် 


"ယောင်ယောင်…အတန်းဖော် ယောင်ယောင်"


ထိုအခါ လင်းယောင်ယောင် သည် သူမစုဆောင်းထားသော အလယ်အလတ်မှ အဆင့်မြင့်အဆင့်ထိ ဖြည့်စွက်အစားအစာများဖြစ်သည့် ဇာ့ခ်အသားခြောက်၊ ဇာ့ခ်အသားချပ်များ၊ ဇာ့ခ်အသားပိုင်မုန့်၊ ဆေးဖက်ဝင်ဟင်းချို အစရှိသည်တို့ကို တင်းချမ်အား ပေးလိုက်သည်။


"စောစောက ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…နောက်တစ်ကြိမ် ထပ်ပြီး စစ်ပွဲတွေ ဆက်ဖြစ်မှာဆိုတော့ ဒါတွေက ရှင့်အတွက် အသုံးဝင်တယ်… အရန်ဆေးဝါးတွေလောက် ထိရောက်မှု မရှိပေမယ့်၊ ဘေးထွက်ဆိုးကျိုးတွေ မရှိပါဘူး"


တင်းချမ် က အမြန်ငြင်းဆိုလိုက်၏။


"မဟုတ်ဘူး...မင်းပဲ ယူထားပါ… အဲဒီတုန်းက ကိုယ် အဲ့ဒီလိုမလုပ်ခဲ့ရင်တောင် မင်းအန္တရာယ်ဖြစ်မှာ မဟုတ်ဘူး… မင်းကပဲ ကိုယ့်ကို တစ်ကယ် ကယ်ခဲ့တာပါ…ကိုယ်သာ အဲ့ဒီမှာနေရင်  ဒဏ်ရာရပြီး အနှေးနဲ့အမြန်ဆိုသလို သေရမှာ”


သူမသည် လှည့်ပတ်ပြီး တိုက်တွန်းရာတွင် မကျွမ်းကျင်သောကြောင့် ဝေ့ယွမ် ကို အကူအညီတောင်းသလို ကြည့်လိုက်၏။


ဝေ့ယွမ် က " ကျေးဇူးပြုပြီး မငြင်းပါနဲ့လား... ဒါက ညီမရဲ့ ကျေးဇူးတင်စိတ်ပါ…မင်း လက်မခံရင် ငါ့ညီမက စိတ်မကောင်းဖြစ်နေလိမ့်မယ်" 


ထိုအချိန်တွင် တင်းချမ် သည် ဆက်ငြင်းဆန်မနေတော့ပေ။


ထို့နောက်၊ လင်းယောင်ယောင် သည် လက်ကျန် ဇာ့ခ်အသားအနည်းငယ်နှင့် ဆေးဖက်ဝင် ဟင်းချိုများကို ထပ်မံထုတ်ယူလိုက်သည်။ ထို့နောက် သူမသည် တင်းချမ် အား စိတ်ပိုင်းဆိုင်ရာ နယ်ပယ်တွင် ထိခိုက်မှုရှိသွားသော ဒဏ်ရာရရှိသူများထံ သူမအား လိုက်ပို့ဖို့ ပြောလိုက်သည်။ထို့နောက်  မျက်နှာသာမပေးဘဲ လူတိုင်းကို အနည်းဆုံး ဆေးဖက်ဝင်ဟင်းချိုတစ်မျိုးစီ ဝေငှပေးလိုက်သည်။ ခန္ဓာကိုယ်နှင့် အသားများ ပျက်စီးစုတ်ပြဲသွားပါက၊ ဆေးကုသခန်းဖြင့် ကုသနိုင်သည်။ထို့အတွက်၊အားလုံးက သူမအားကျေးဇူးတင်နေကြသည်။


ထိုစဉ်၊ကျောင်းသားနှင့်တူသော တိုက်ပွဲဝင်လူငယ်တစ်ဦးက မေးလာ၏။


 "ကျောင်းသားလင်း က အစားအသောက်ကုထုံးဆရာ မဟုတ်ဘူးလား... မက်ခါကို ဘယ်လိုမောင်းနိုင်နေတာလဲ" 


တစ်ယောက်ကလည်း "ဒီကအစ်မက လင်းရွှမ် ရဲ့ညီမလို့ကြားတယ်... ဆရာဝေ့ကရော ဘာလို့ ညီမလို့ခေါ်တာလဲ"


စစ်မြေပြင်တွင် လင်းယောင်ယောင် ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ကောင်းမွန်လှသဖြင့် ဆက်ပြီးဖုံးဖိထားရန် မလိုအပ်ချေ။ ဝေ့မိသားစု၏ သမီးဖြစ်ကြောင်း ဧကရာဇ်မြို့တော်ရှိ လူတော်တော်များများ သိနေပြီးသားဖြစ်၍ လျှို့ဝှက်ချက်မဟုတ်တော့ချေ။  မကြာမီပင် ကြေညာမည်ဖြစ်သည်။


ဝေ့ယွမ် ကဝင်ပြောလိုက်သည်။


 "လင်းရွှမ် က ယောင်ယောင် ရဲ့ အစ်ကိုကြီးပါ…ဒါပေမယ့် ငါက သူ့ဝမ်းကွဲအစ်ကိုတော်တယ်…ယောင်ယောင် က အဆင့်မြင့် Green Star သွေးပါတယ်… သူမမှာ တိုက်ခိုက်ရေးရော၊အရန်ကုထုံးရော ကျွမ်းကျင်မှု နှစ်ခုရှိတယ်…ပြီးတော့ သူမက မက်ခါ စွမ်းရည်ကို သင်ယူခဲ့ပါတယ်…ဒါပေမယ့် အဲ့ဒါက သူမကိုယ်သူမ ကာကွယ်ဖို့ ဆိုပြီး သင်ခဲ့ပေမယ့် ဒီနေ့အခြေအနေက သူမကို မက်ခါကစားဖို့ အတင်းအကြပ် တွန်းအားပေးခဲ့တာပါ…သူမက   တစ်ကယ့်တိုက်ပွဲဝင် သမားလို အင်အားမရှိပါဘူး.…ဒီနေ့လည်း အတန်းဖော် တင်းချမ် ကြောင့် ယောင်ယောင် အသက်ဘေးက လွတ်ခဲ့တာပါ..."


အတိအကျပြောရလျှင် သူမသည် Green Star တော်ဝင်မိသားစု၏ သွေးသားဖြစ်သည်။ သို့သော်လည်း Green Star မဟာမိတ်တွင် မင်းမျိုးမင်းနွယ် မရှိတော့ပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဒီမိုကရေစီနည်းစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။ အဆင့်မြင့် Green Star လူမျိုး၏ ပင်ကိုယ်အရည်အချင်းရှိသူဟု ခေါ်ခြင်းက ပို၍သင့်လျော်သည်။


ဖုံးကွယ်ထားရန် မလိုအပ်သော်လည်း၊ တိုက်ပွဲဝင်သူများထက် ပိုအားကောင်းနေသည် ဟူ၍သာ သတင်းကြီးသွားပါက လင်းယောင်ယောင်အတွက် သေချာပေါက် မလုံခြုံပေ။သူမကို တိုက်ခိုက်ရန် အပြိုင်အဆိုင်များ ရှိလာနိုင်သည်။ ထို့ကြောင့် သူမအတွက် ရှေးရှု၍ ဝေ့ယွမ် ပြောရခြင်းဖြစ်ပေသည်။


သူမသည် သိမ်မွေ့ပြီး နူးညံ့သော်လည်း ထက်မြက်သည်ဟုဆိုကာ လူတိုင်းက သဘောကျကြသည်။ သူမတွင် လက်ထောက်ကုထုံးပညာရှင်တစ်ယောက်၏ ပျော့ညံ့သော ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း၊ သူမ၏ မက်ခါမောင်းနှင်မှုအဆင့်သည် အလွန်ကောင်းမွန်ကြောင်းလည်း ချီးကျူးခဲ့ကြသည်။


လူတိုင်းက မနာလိုမဖြစ်ကြသော်လည်း သူမ၏အောင်မြင်မှုသည် မိသားစုကြောင့်ဟု ခံစားနေကြရသည်။    အစားအသောက် ကုထုံးပညာရှင်တစ်ယောက်အနေဖြင့် သူမသည် အခက်အခဲများကို တွေ့ကြုံခံစားရန် အန္တရာယ်အရှိဆုံး ယိလန် သို့ လိုက်ပါလာခဲ့သည်။ ထို့အပြင်၊ သူတို့အားလုံးသည် ဝေ့ယွမ်၏ အာကာသယာဉ်ပေါ်တက်ပြီး သူမ၏ ဖြည့်စွက်အစာများကို စားသောက်ကြ၏။ ထို့ကြောင့် သူမ အကြောင်း မကောင်းမပြောပေ။


ယွင်ယိမြို့သို့ ရောက်ရှိလာပြီးနောက်တွင် အခြေအနေက မငြိမ်းချမ်းကြောင်း သူတို့ သိလိုက်ရသည်။ ဇာ့ခ်များ တိုက်ခိုက်လာသော်လည်း သိပ်မများပေ။ထို့အပြင်၊ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ သည် ဇာ့ခ်များ၏ သတင်းကို ကြားဖြတ်ဖမ်းယူနိုင်ခဲ့သဖြင့် စတင်ရှင်းလင်းနိုင်ခဲ့သည်။


ယွင်ယိမြို့သို့ ရောက်သောအခါ တင်းချမ် သည် လင်းယောင်ယောင် ကို 


 "အတန်းဖော် လင်း …ဂရုစိုက်ပါ… နောက်မှ ပြန်ဆုံကြမယ်"


လင်းယောင်ယောင် ကလည်း ပြုံးပြီး ခေါင်းညိတ်သည်။  


"ရှင်လည်း ဂရုစိုက်ပါ…နောက်ဆို အကူအညီလိုရင် ကျွန်မရဲ့ အစားအသောက်ကုထုံးဆိုင်ကို လာရှာလို့ရတယ်"


တင်းချမ် နှင့် အခြားဒဏ်ရာရစစ်သည်များ ဝေးကွာသွားပြီးနောက် ကျောက်ချင်းယွင် က စိတ်မသက်မသာနှင့် ရေရွတ်လိုက်လေသည်။


 "ပြန်တွေ့ကြမယ် ဟုတ်လား ချီးပဲ...သူ့ကိုယ်သူ ယောင်ယောင် ကို အများကြီး ကူညီပေးခဲ့တယ်လို့ ထင်နေသလား...နောက်ထပ် အခွင့်အရေး ထပ်လိုချင်သေးရတယ်လို့"


သူဆိုလိုသည်က S အဆင့် စိတ်စွမ်းအားနှင့် SS အဆင့် ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ထိပ်တန်းအရာရှိကျောက်၏ မြေးဖြစ်သူမှာတောင် အခွင့်အရေးမရှိနေ၍ ထိုကောင်လိုမျိုး အညတရကောင်တစ်ယောက်အတွက် မျှော်လင့်ချက် မရှိနိုင်ပေ။


ယွင်ယိမြို့၏ ဆက်သွယ်ရေးအချက်ပြမှုသည် ပုံမှန်ဖြစ်နေ၍ ချောင်းမင်ယောင် သည် သူတို့ ရောက်လာမှန်းသိသည်နှင့် အမြန်ကားဖြင့် လာတွေ့သည်။ ထို့နောက် သူက ယွင်ယိ မြို့သို့သွားရာလမ်းတွင် SS-အတန်းအစား ဧရာမတောင်ပံ ဇာ့ခ် ကိုတွေ့ခဲ့ရကြောင်း ပြောပြသည်။  ယဲ့ရှီ သည် ဧရာမတောင်ပံပါ‌သော ဇာ့ခ်၏ စိတ်စွမ်းအားနှင့် တိုက်ခိုက်ခံခဲ့ရပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာနယ်ပယ်သည် ဆိုးရွားစွာ ပျက်စီးခဲ့သည်။ယခုတော့ အနည်းငယ် သက်သာလာသလိုရှိသည်။ 


သူက ပြောပြောဆိုဆို လင်းယောင်ယောင်အား စိတ်အားထက်သန်စွာ‌ ပြောလိုက်သည်။  


"ညီမမှာ ဆေးဖက်ဝင်ဟင်းချိုနဲ့ တခြားဖြည့်စွက်စာတွေရှိသေးလား"


သူမ၏ အာကာသခလုတ်တွင်၊ အဆင့်-5 ဆေးဟင်းချို ဆယ်ပုလင်းသာ ကျန်တော့သည်။ထိုသို့ ဆေးဖက်ဝင်အစားအစာများမှာ ပြုလုပ်ရန် အလွန်ခက်ခဲပြီး စုချင်းဟယ် နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ ထို့ကြောင့် ယဲ့ရှီ၏ လက်ရှိအခြေအနေအတွက် အထောက်အကူဖြစ်မည်မဟုတ်ပေ။


ထို့ကြောင့် သူမ ခေါင်းခါလိုက်သည်။


 "လောလောဆယ်တော့ ဆေးဖက်ဝင်ဟင်းလျာတွေ အကောင်းစားတွေတော့မဟုတ်ဘူးပေါ့..ခါတိုင်းလို ဖြည့်စွက်စာကတော့ ရနိုင်ပါတယ်...အများကြီးလုပ်ရတော့မှာမို့လို့ ယဲ့မိသားစုရဲ့ မီးဖိုချောင်ကို ငှားရမယ်…"


 ဤနည်းဖြင့် စတားချောလေးများ အဖွဲ့သည် ယဲ့မိသားစု၏ နေထိုင်သည့် ဗီလာသို့ ဦးစွာသွားခဲ့သည်။ မှောင်ခိုဈေးကွက်သူဌေး ယဲ့ရှောင်ချင်း သည် အိမ်တွင်မရှိပေ။ သူသည် အပြင်ဘက်တွင် အလုပ်များနေပြီး၊ သူ၏အမည်အောက်ရှိ စက်မှုလုပ်ငန်းနှင့် အင်အားစုများကို ညွှန်ကြားကာ ဤ ဇာ့ခ်ဒီရေတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုးစားနေသည်။ ထို့အပြင် ဇာ့ခ်အသားများကို ထပ်မံစုဆောင်းနိုင်ဖို့လည်း သူကြိုးစားနေလေသည်။ထို့အပြင် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၏ ညသိမ်းငှက်အဖွဲ့ဝင်များသည် SSS အဆင့် ဇာ့ခ်ဘုရင်မကို မထိန်းထားနိုင်ပါက၊သူ၏ ဇနီး၊ သားသမီးများကို အရည်အချင်းရှိသည့် လက်အောက်ငယ်သားများအား ချက်ချင်း ပြောင်းရွှေ့ခိုင်းဖို့ သူက ညွှန်ကြားထား၏။


ချောင်းမင်ယောင် နှင့် ယဲ့ရှီ တွေ့ကြုံခဲ့ရသော SS အဆင့် ဧရာမ အတောင်ပံရှိ ဇာ့ခ်သည် အလွန်အစွမ်းထက်ပြီး ပျံသန်းနိုင်သည်။ ထိုစဉ်က ချောင်းမင်ယောင် သည် ထိုအကောင်၏ အတောင်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်သည်။ယင်းကြောင့် ဧရာမဇာ့ခ် ကြီးသည် ပို၍ဒေါသဖြစ်သွားခဲ့ပြီး ယဲ့ရှီကို ဒဏ်ရာရစေရန် အပြင်းထန်ဆုံး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုလှိုင်းအား အသုံးပြုခဲ့သည်။ 


xxxxxx