အပိုင်း ၂၆ ( Genius Slacker 9 )
Viewers 10k

နံနက်ခင်းတွင် သုံးကြိမ်မြောက်အတန်းချိန် ပြီးသောအခါ ချန်အန်းရှိူ့သည် အခန်း ၁၀ သို့ ရောက်လာသည်။


အခန်း ၁၀ မှ ကျောင်းသားများသည် ကျယ်ကျယ်လောင်လောင် စကားပြောနေကြသည်။ ချန်အန်းရှိူ့ ရောက်လာသည်နှင့်တပြိုင်နက် အားလုံးက တိတ်ဆိတ်သွားပြီး ယန်ကျင်းဇီကို လှမ်းမကြည့်ဘဲ မနေနိုင်ကြချေ။


ချန်အန်းရှိူ့... သူက ယန်ကျင်းဇီကို ဒုက္ခပေးဖို့ ဒီကိုရောက်လာတာလား?


ဤကဲ့သို့တွေးနေကြရင်း ချန်အန်းရှိူ့က ယန်ကျင်းဇီ၏ရှေ့တွင် စာအုပ်တစ်အုပ် တင်လိုက်သည်ကို သူတို့ တွေ့လိုက်ရသည် : "မင်း ဒီမှတ်စုစာအုပ်ထဲက အကြောင်းအရာတွေကို ကူးပြီး အလွတ်ကျက်ရမယ်။"


"ပြဿနာမရှိပါဘူး!" ယန်ကျင်းဇီက ပြောခဲ့သည်။ ဤမှတ်စုစာအုပ်သည် သူ့အတွက် ချန်အန်းရှိူ့၏ဂရုစိုက်မှု ဖြစ်လေရာ သူက ကော်ပီကူးပြီး အလွတ်ကျက်ပစ်ရမည်!


သူ့ပတ်ဝန်းကျင်ကလူများ သူ့ကို ဝိုင်းကြည့်နေကြသည့်အတွက် ချန်အန်းရှိူ့က ရှက်နေခဲ့ကာ ယန်ကျင်းဇီ၏မိဘများ သူတို့နှစ်ယောက်အကြောင်းကို သိခွင့်မပေးနိုင်ဘူးဟု စဉ်းစားရင်း သူက လှည့်ထွက်သွားသည်။


ချန်အန်းရှိူ့ထွက်သွားသောအခါ အခန်း ၁၀ မှ ကျောင်းသားများသည် ယန်ကျင်းဇီအား စာနာစိတ်ဖြင့် ကြည့်ကြသည်။


ချန်အန်ရှိူ့က ယန်ကျင်းဇီကို ဘာပေးခဲ့လဲ သူတို့က မသိဘဲ သူ(ချန်အန်းရှိူ့)က သူ့(ယန်ကျင်းဇီ)ကို ကော်ပီကူးပြီး အလွတ်ကျက်ခိုင်းထားတာ...


ချန်အန်းရှိူ့က သူ့ကို စိုက်ကြည့်နေတာ၊ ယန်ကျင်းဇီက အရမ်းသနားဖို့ကောင်းတာပဲ!

…….


လက်အောက်ငယ်သားများစွာ ရှိသော ကျောင်းနယ်မြေဘော့စ်တစ်ယောက်အနေဖြင့် ယန်ကျင်းဇီသည် အမြဲတမ်း လူများစွာ၏ဝန်းရံခြင်းကို ခံရလေ့ရှိသည်။


မွန်းတည့်ချိန်၌ ညီငယ်လေးများစွာသည် သူ့ထံလာ၍ သူနှင့် နေ့လယ်စာအတူစားရန် ပြင်ကြသည်။


အမှတ် ၁ အထက်တန်းကျောင်းသည် ကျောင်းသားများအား နေ့လယ်တွင် ကျောင်းအပြင်ထွက်စားခွင့်မပြုကြောင်း စည်းကမ်းသတ်မှတ်ထားသောကြောင့် မူလပိုင်ရှင်က အစားကြေးများသူဖြစ်လျှင်တောင်မှ သူက နေ့လယ်တွင် ကျောင်းကန်တင်း၌ စားသောက်နေရဆဲဖြစ်သည်။


မူလပိုင်ရှင်၏ ဇီဇာကြောင်သောပါးစပ်ကြောင့် သူက သူ့ညီငယ်လေးများအား ကန်တင်းရှိ အစားအသောက်အားလုံး၏ တစ်ယောက်စာကို အမြဲဝယ်ခိုင်းသော်လည်း ကြုံသလို အနည်းငယ်သာ ကိုက်စားပြီး နောက်ဆုံးမှာတော့ ထိုဟင်းလျာများက အခြေခံအားဖြင့် သူနှင့် အတူစားနေသော ညီငယ်လေးများ၏ ဗိုက်များထဲ၌သာ အဆုံးသတ်သွားလေ့ရှိ၏။


မူလပိုင်ရှင်၏အနားတွင် ရှိနေကြသော ညီငယ်လေးများအကြောင်း ပြောရမည်ဆိုလျှင် သူတို့ထဲမှအချို့က သူတို့မိသားစုစီက သူတို့၏မိသားစုစီးပွားရေးအတွက် ယန်ကျင်းဇီကို စိတ်ကျေနပ်စေရန် တာဝန်ပေးခံထားရပြီး အချို့ကတော့ မူလပိုင်ရှင်၏ငွေအတွက်သက်သက်သာ ရောက်လာခဲ့ကြသည်... ယွီလိမင်ကဲ့သို့သောသူများပင်။


အမှတ် ၁ အထက်တန်းကျောင်းကို မူလပိုင်ရှင် စတက်တော့ သူ့မှာ ညီငယ်တစ်ယောက်မှ မရှိပေမယ့် သူက ပစ္စည်းများကို ဝယ်ကာ လူများကို အတူစားဖို့ စတင်ဖိတ်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မူလပိုင်ရှင်သည် ကျွမ်းကောင်းဟန်စီ စားစရာများ အမြဲသယ်သွားပေးခဲ့သည်။ ကျွမ်းကောင်းဟန်က မလိုချင်သဖြင့် သူက သူ့ဘေးနားတွင် ရှိနေသော လူကိုသာ ပေးပစ်လိုက်သည်။ ထိုသူက ယွီလိမင် ဖြစ်သည်။


ယွီလိမင်၏မိသားစုသည် အခက်အခဲအနည်းငယ်ထဲ ကျရောက်နေခဲ့သည်။ သူက မူလပိုင်ရှင်နှင့်အတူ သူ စားနိုင်၊သောက်နိုင်သည်ကို တွေ့ရှိသွားခဲ့၍ သူက မူလပိုင်ရှင်၏နောက်သို့ လိုက်ခဲ့သည်။ မူလပိုင်ရှင်က တကယ်ပိုက်ဆံ‌ရက်ရောသည်။ အမြဲလိုလို သူက ယွီလိမင်အား ပစ္စည်းများ ဝယ်ခိုင်းတတ်သည်။ သူ့ကိုပေးသောပိုက်ဆံမှာ အများကြီးဖြစ်၏။ သူ့အတွက် အမြဲတမ်း အပိုငွေအချို့ ကျန်လေရာ ကျောင်းသားကောင်းတစ်ယောက် ဖြစ်သော ယွီလိမင်သည် သူ့အတွက် လက်တိုလက်တောင်း လုပ်ပေးရသည်ကို အထူးပျော်သည်။


ဤအခိုက်အတန့်တွင် သူက ယန်ကျင်းဇီ၏ အစားအသောက်ကဒ်ကို ယူလိုက်ပြီး မေးလိုက်သည် : " ဘော့စ်၊ ပုံမှန်ပဲလား? " မူလပိုင်ရှင်သည် အစားအသောက်ကဒ်ကို သိမ်းထားရန် ပျင်းလွန်းလှသဖြင့် သူသည် ယွီလိမင်အား အစားအသောက်ကဒ်ကို တိုက်ရိုက်ပေးထားခဲ့သည်။


" အင်း၊ ပုံမှန်ပဲ! " ယန်ကျင်းဇီက ပြောသည်။


ထို့နောက် သူ၏ညီငယ်လေးများက ကန်တင်းထဲရှိ စားပွဲအနည်းငယ်တွင် တိုက်ရိုက်နေရာယူလိုက်သည်ကို သူ တွေ့လိုက်ရပြီး ခဏအကြာတွင် တစုံတယောက်က ကန်တင်းရှိ ဟင်းပွဲအားလုံး၏ တစ်ယောက်စာကို ပို့ပေးခဲ့သည်။


သူဌေးဘဝက အရမ်းသက်သာသည်။


ယန်ကျင်းဇီတွင် မကူးပြောင်းခင်က မှတ်ဉာဏ်များ မရှိသော်လည်း မူလပိုင်ရှင်တွင် မှတ်ဉာဏ်အများအပြား ရှိသည်။ မူလပိုင်ရှင်စီက သူ လွှမ်းမိုးခံလိုက်ရသည်ဟု သူ ခံစားမိကာ ထို့ကြောင့်ပင် စားစရာများက အရသာမရှိခြင်းဟု သူ ထင်မိသည်။


သာမန်ကာလျှံကာ အနည်းငယ်စားလိုက်ပြီးနောက် ယန်ကျင်းဇီသည် ယွီလိမင်ကို မေးလိုက်သည် : " ယွီလိမင်၊ မနက်က အတန်းထဲမှာ ချန်အန်းရှိူ့ ဘာလုပ်လဲ? "


" ချန်အန်းရှိူ့က တခြားဘာများလုပ်သေးလို့လဲ? သူက ဖတ်စာအုပ်ထဲကလေ့ကျင့်ခန်းတွေကိုပဲ ဖြေနေမှာပေါ့။ "


ညီငယ်လေးတစ်ယောက်က ဖြေလိုက်သည်။


ယွီလိမင်က ထိုသွက်လက်သောညီငယ်လေးကို တချက်ကြည့်လိုက်ပြီးနောက် ယန်ကျင်းဇီကို ပြန်ကြည့်လိုက်ကာ


" ဘော့စ်၊ ချန်အန်းရှိူ့က အခြားသူတွေကို လျစ်လျူရှူပြီး အရင်လိုပဲ သူ့ကျောင်းစာပေါ်မှာပဲ သူ့ဘာသူ အာရုံစိုက်နေခဲ့တယ်။ လေ့လာရေးကော်မတီက သူ့ကို စကားပြောဖို့ သွားခဲ့ပြီး သူကတော့ ဂရုတောင်မစိုက်ခဲ့ဘူး! "


အတန်း၏လေ့လာရေးကော်မတီအဖွဲ့ဝင်သည် လှပသောအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ထိုအမျိုးသမီးလှလှက ချန်အန်းရှိူ့ကို စိတ်ဝင်စားနေသည်!


ယန်ကျင်းဇီသည် လိမင်၏အဖြေကို အလွန်ကျေနပ်နေခဲ့သည် : " မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဆက်ပြီးစောင့်ကြည့်ထားလိုက်!"


" ဟုတ်ကဲ့ ဘော့စ်! " ယွီလိမင်က ချက်ချင်းပြန်ဖြေလိုက်ပြီး အနာဂတ်မှာ သူက သေချာပေါက် သူ့ဘော့စ်၏အချစ်ဆုံးလူနှင့်ပတ်သက်သော အကြောင်းအရာမျိုးစုံကို တစ်ခုချင်းစီ တင်ပြရမည်ဟု ‌ဆုံးဖြတ်လိုက်သည်။ အမှန်ပဲ၊ သူ့ဘော့စ်က ချန်အန်းရှိူ့ကို သဘောကျနေကြောင်း ယွီလိမင်က အတည်ပြုပြီးသားဖြစ်၏။


သူ့ဘော့စ်က သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးပြတ်တောက်သွားတာ ချန်အန်းရှိူ့အတွက်မှန်း ဘယ်သူမှမမြင်နိုင်ကြဘူးလား?


ချန်အန်းရှိူ့က သေချာပေါက် သူ့ဘော့စ်ရဲ့ဇနီးလေးပဲ!


ခဏလေး၊ ချန်အန်းရှိူ့ကို "သူ့ဘော့စ် သဘောကျသော ယောက်ျား"အဖြစ် ဖော်ပြသည်က ပိုကောင်းသည်။


"ဇနီးလေး"ဆိုသောစကားလုံးက ချန်အန်းရှိူ့နှင့် တကယ်မလိုက်ဖက်ပေ...


ယွီလိမင်က ဒါကို တွေးနေခဲ့ပြီး ချန်အန်းရှိူ့ ဝင်လာသည်ကို တွေ့လိုက်သည်။


ယနေ့ခေတ်တွင် လူငယ်များအားလုံးက အရပ်ရှည်ကြသော်လည်း အသက်ပိုကြီးသောမျိုးဆက်များတွင် အများစုမှာ အရပ်မရှည်ကြဘဲ အနည်းဆုံး အခန်း ၁ နှင့် အခန်း ၂ ကို စာသင်သော ဝဝကစ်ကစ် ဆရာလျိုပင် အရပ် ၁.၇ မီတာ (၅ပေ ၆လက်မ ခန့်) သာ ရှိသည်။


ဤအချိန်တွင် ချန်အန်းရှိူ့သည် ဆရာလျိုနှင့် စကားပြောနေခဲ့ပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ဆရာလျိုထက် အများကြီးပိုကြီးသည်။


ယွီလိမင် တွေးနေရင်း သူ့ဘော့စ် ပြေးထွက်သွားသည်အား တွေ့လိုက်ရလေသည်။


အရှိန်က အရမ်းမြန်သည်။


ညီငယ်လေးများ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ယန်ကျင်းဇီသည် စိတ်လှုပ်ရှားမှုအပြည့်နှင့် ချန်အန်းရှိူ့၏ရှေ့သို့ ရောက်သွားခဲ့သည်။


" တိုက်ဆိုင်လိုက်တာ ဆရာတို့လည်း ဒီမှာ လာစားကြတာလား? "


" ဒါက တိုက်ဆိုင်မှုပဲ။ ငါတို့က ဒီမှာ နေ့တိုင်း လာစားတယ်လေ။ "


ဆရာလျိုက ရယ်မောလိုက်သည်။


ချန်အန်းရှိူ့က ကန်တင်းထဲဝင်လိုက်သည်နှင့်တပြိုင်နက် ယန်ကျင်းဇီက အစာမစားချင်မှန်း သူ တွေ့လိုက်သည်။ ကျောင်းသားကန်တင်းရှိ အစားအသောက်က တကယ်ပဲ အရသာသိပ်မရှိပေ...


အရင်တုန်းကတော့ ယန်ကျင်းဇီက သူနှင့်အတူ မစားချင်ပေမယ့် ယခု ယန်ကျင်းဇီက အတူစားချင်လိမ့်မည်ဟု သူ ခံစားရသည်။ ပြီးတော့ အပေါ်ထပ်က ဆရာ့ စားသောက်ဆိုင်အတွက် အစားအသောက်ကဒ်လည်း ယန်ကျင်းဇီတွင် ရှိသည်။


အဲ့တာက... ယန်ကျင်းဇီနှင့်သူ့ဆက်ဆံရေးကို ယန်ကျင်းဇီ၏မိဘများသာ သိသွားခဲ့ပါလျှင် သူတို့က ယန်ကျင်းဇီကို သေချာပေါက် အပြစ်တင်လိမ့်မည် သို့မဟုတ် သူ့အဖေပြောသလိုမျိုး သူတို့က ယန်ကျင်းဇီကို နိုင်ငံခြားပို့ပစ်လိမ့်လိုက်မည်...


ချန်အန်းရှိူ့က ယန်ကျင်းဇီကို ကြည့်လိုက်ပြီး : " ငါ့အဖေက မင်းကို တခုခုအတွက် လိုချင်နေတယ်။ မင်း ငါနဲ့လိုက်ခဲ့။ " ချန်အန်းရှိူ့က ပြောပြီးနောက် အပေါ်ထပ်တက်သွားခဲ့သည်။


ယန်ကျင်းဇီ နောက်ကနေ လိုက်သွားသည်။


ယန်ကျင်းဇီ၏ညီငယ်များသည်လည်း ဆွံ့အသွားကြသည်။


သူတို့ဘော့စ်...သူက သူတို့ကို ထားခဲ့တာလား?


" ဘော့စ်မှာ ဆရာတွေရဲ့ကန်တင်းအတွက် အစားအသောက်ကဒ် အမြဲရှိနေခဲ့ပေမယ့် သူက အဲ့မှာစားရတာ အဆင်‌မပြေဘူးလို့ ခံစားရတဲ့အတွက် တခါမှမသွားခဲ့ဘူး... "


ယွီလိမင်က တိုးညှင်းစွာ ပြောခဲ့သည်။


" ဒါဆို ဒါက 'အလှတရားရဲ့ဆွဲဆောင်မှု' လား? "


" ချန်အန်းရှိူ့က တကယ်တော့ တကယ်ပဲ... အရမ်းကြည့်ကောင်းတယ်။ "


" သူက ရုပ်ချောရုံသာမက သူ့အဆင့်တွေလည်း ကောင်းတယ်... "


" ငါ့ကောင်မလေးက ချန်အန်းရှိူ့ကို ကြည်ညိုလွန်းလို့ ခိုးကြောင်ခိုးဝှက် ထိဖို့တောင် ကြိုးစားဖူးတယ်။ "


" ဘာပဲပြောပြော... ဘော့စ်က မျက်လုံးကောင်းတယ်။ "


" အရမ်းခက်ခဲမှာပဲ! "


သူတို့ဘော့စ်က နည်းနည်းတော့ ရှုပ်ထွေးတယ်! သူက ချန်အန်းရှိူ့ကို တကယ်ကြိုက်တာ!


" ဘော့စ်ရဲ့နှလုံးသားငယ်လေးကတော့ ကွဲကြေတော့မယ်‌ထင်တယ်။ "


" ချန်အန်းရှိူ့က ဘော့စ်ကို အပေါ်ထပ်မှာ စားဖို့ခေါ်သွားတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ ဖြစ်ရမယ်! "


" ဘော့စ်က ဆရာချန်ကို မကြိုက်ဆုံးဆိုတာ ဘယ်သူကမသိလို့လဲ ပြီးတော့ ချန်အန်းရှိူ့က ဘော့စ်ကို ဆရာချန်ရဲ့ရှေ့မှာ စားဖို့ တကယ်ခေါ်သွားတယ်... "


" ဘော့စ်၊ သူ သူ့ထမင်းကိုတောင် စားနိုင်ပါ့မလား? "



သေချာ‌တာပေါ့၊ ယန်ကျင်းဇီက သူ့ထမင်းကို အရမ်းကောင်းကောင်း စားနိုင်နေသည်!


အဓိကအထက်တန်းကျောင်းတစ်ကျောင်းဖြစ်သော အမှတ် ၁ အထက်တန်းကျောင်း၏ ဆရာများသည် လစာကောင်းကောင်းရသည်။ ဆရာများ၏ကန်တင်းမှ အစားအစာများသည်လည်း အရသာရှိလှသည်။ ပြီးတော့ သူ့အချစ်ဆုံးလူကလည်း သူနှင့်အတူရှိနေလေရာ သူ အရမ်းကောင်းကောင်းစားနိုင်သည်။ ဆန့်ကျင်ဘက်အနေနှင့် သူ့ရှေ့တွင် ထိုင်နေသော ဆရာချန်က ကောင်းကောင်းမစားနိုင်ပေ။


အဖေချန်က ပေါက်ကွဲတော့မည်ဖြစ်၏။


သူ့သားက နေ့လယ်စာအတွက် ယန်ကျင်းဇီကို သူ့စီပင် ခေါ်လာခဲ့သည်။ သူ့တွင် ဒီမနက်အတွက် နောက်ဆုံးစာသင်ချိန် မရှိသဖြင့် သူသည် အမဲသားပြုတ်ကို စောစောရခဲ့ပြီး သူ့သားက ယန်ကျင်းဇီ၏ပန်းကန်ထဲသို့ အမဲသားချပ်များ တကယ်ထည့်ပေးနေသည်။ အဖေချန် ဘာမှမစားနိုင်တော့။


ဘာကိုမှ သဘောပေါက်နားလည်ခြင်း မရှိသူက အမေချန် ဖြစ်သည်။


ယန်ကျင်းဇီ၏ chat နှင့် ချန်အန်းရှိူ့၏ရည်းစားစာများ တို့၏ screenshot များ နေရာတကာ ပျံ့နှံ့သွားစဉ်က အမေချန် ဒေါသဖြစ်ခဲ့သော်လည်း 'အမှန်တရား'ကို သိရှိသွားပြီး‌နောက် သူ(မ) စိတ်မဆိုးတော့ပေ။


သူ(မ)၏ စိတ်ထဲတွင် ယန်ကျင်းဇီသည် အလွန်မယုံကြည်ရသော ကျောင်းသားတစ်ဦးဖြစ်သည်။ ထိုကဲ့သို့သော ကျောင်းသားများအတွက် အမှတ်ကောင်းသောကျောင်းသားများအကြောင်း ထိုသူတို့၏နောက်ကွယ်တွင် ပြောဆိုကာ ဆရာများကို ဆူပူကြိမ်းမောင်းခြင်းသည် သာမာန်ဖြစ်သည်။ သူ(မ)က ဒါကို သာမန်အဖြစ်မြင်ပြီး ဒေါသဖြစ်စရာအကြောင်းမရှိဘူးဟု သူ(မ) ခံစားရသည်။ အရေးအကြီးဆုံးကတော့ ယန်ကျင်းဇီ လူသိရှင်ကြား ဝန်ခံပြီး ပြဿနာကို သူ(မ)၏သားဖြစ်သူစီ မတွန်းပို့ခဲ့ခြင်း ဖြစ်၏။ ယခုဆိုလျှင် သူ(မ)သည် ယန်ကျင်းဇီက မယုံကြည်ရသော်လည်း တာဝန်သိစိတ် ရှိသေးသည်ဟု ခံစားနေရသည်။


" မင်းရဲ့မိဘတွေက မင်းအတွက် ကျောင်းစရိတ်အများကြီးသုံးထားလို့ မင်းကြိုးစားပြီး စာကျက်သင့်တယ်။ မင်းမိဘတွေရဲ့ ပင်ပန်းမှုတွေကို အလဟဿမဖြစ်စေနဲ့။ "


အမေချန်သည် စကားမပြောချင်သော အဖေချန်နှင့် ချန်အန်းရှိူ့ကဲ့သို့မဟုတ်ဘဲ သူ(မ)သည် ဩဝါဒခြွေရခြင်းကို နှစ်သက်ပြီး ဤတစ်ကြိမ် ထမင်းစားနေစဉ်တွင် စကားစပြောလာခဲ့သည်။


ယန်ကျင်းဇီသည် သဘောတူရင်း စားလိုက်သည် : " ဆရာမ မစိုးရိမ်ပါနဲ့၊ ကျွန်တော် စာကြိုးစားပါ့မယ်။ "


အမေချန်က ယန်ကျင်းဇီ ပေါ့ပေါ့တန်တန် ပြန်ဖြေသည်ဟု ခံစားမိပေမယ့် ကံကောင်းထောက်မစွာဖြင့် သူ့သဘောထားက မှန်ကန်နေဆဲပဲ… သူ(မ)က ဆက်ပြောခဲ့သည်။


ယန်ကျင်းဇီ : " ... " နားထောင်နေရုံကလွဲ သူ ဘာလုပ်နိုင်သေးလို့လဲ?


အမှန်တော့ မင်း စဉ်းစားကြည့်မယ်ဆိုရင် နားထောင်ရသည်က အဆင်ပြေသည်။ ထို့ပြင် ဆရာများသည် မင်းကို စိတ်ညစ်အောင်လုပ်ဖို့အတွက်နှင့် သူတို့ လေကုန်ခံနေမည်မဟုတ်ချေ။


သူ ထမင်းကောင်းကောင်းစားပြီး အောက်ထပ်ပြန်ဆင်းသည့်အချိန်မတိုင်ခင်အထိ အမေချန်က စကားပြောနေဆဲဖြစ်ပြီး ချန်အန်းရှိူ့က အေးစက်စက်မျက်နှာနှင့် သူ့ဘေးနားတွင် မတ်တပ်ရပ်နေခဲ့သည်။


ဤမြင်ကွင်းကို မြင်လိုက်ရသော ကျောင်းသား : " ... " ယန်ကျင်းဇီက အရမ်းသနားစရာကောင်းတယ်! သူက ထမင်းစားနေရင်းတောင်မှ အဆူခံရနေရတယ်!


ချန်အန်းရှိူ့ပင်လျှင် အနည်းငယ်ရှက်နေသည်။


သူသည် ယနေ့ ကျောင်းသို့ ဖုန်းခိုးသယ်လာကာ သူ စာသင်ခန်းထဲတွင် ရှိနေသောအခါ အပြင်ထုတ်ရမည်ကို ရှက်နေခဲ့သော်လည်း နေ့လယ်ခင်းတွင်မူ အိမ်သာသို့ သွားစဉ် ဖုန်းကိုထုတ်လိုက်ပြီးနောက် ယန်ကျင်းဇီထံ မက်ဆေ့တစ်စောင် ပို့လိုက်သည် : "ငါ တောင်းပန်ပါတယ်။"


သူက ယန်ကျင်းဇီ ကောင်းမွန်သောတစုံတခုကို စားစေချင်ရုံလေးဖြစ်ပေမယ့် မမျှော်လင့်ဘဲ...


" မင်းက 'ငါကတောင်းပန်ပါတယ်'' လို့ ပြောလိုက်တာလား?!!! မင်းက တခြားသူတွေကို ချစ်နေတာလား!!!" ယန်ကျင်းဇီက ချက်ချင်းရီပလိုင်းပြန်လိုက်ပြီး တချိန်တည်းမှာပင် သူ့လက်ကိုင်ဖုန်းနှင့် အိမ်သာသို့ လျှောက်သွားခဲ့သည်။ အများအားဖြင့် ချန်အန်းရှိူ့သည် သူ့ကို မက်ဆေ့ပို့ဖို့ အိမ်သာထဲမှာ ပုန်းနေတတ်သည်။


ချန်အန်းရှိူ့သည် ယန်ကျင်းဇီ၏မက်ဆေ့ကို လက်ခံရရှိသောအခါတွင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ယန်ကျင်းဇီက ဘယ်လိုလုပ် အဲ့လိုတွေးမိတာလဲ?


သူ ရီပလိုင်းပြန်ဖို့ စာရိုက်ခါနီးမှာပဲ အိမ်သာခန်း၏တံခါးက အခေါက်ခံလိုက်ရသည် : " ကိုယ့်ကိုပြောပြ၊ မင်းက ဘာလို့ တောင်းပန်ပါတယ်လို့ ပြောရတာလဲ? "


ချန်အန်းရှိူ့သည် ယန်ကျင်းဇီ၏စကားသံကို မှင်တက်နေသောအမူအရာဖြင့် ကြားလိုက်ရသည်။


ယန်ကျင်းဇီက အိမ်သာခန်းထဲကို ဝင်သွားပြီး ချန်အန်းရှိူ့ကို ပြောလိုက်သည် : " အရင်ပြောပြပါ။ လမ်းမခွဲပါနဲ့! "


" ငါ လမ်းမခွဲချင်ပါဘူး။ " ချန်အန်းရှိူ့က ဆို၏။


" ကောင်းတယ်။ ဒါနဲ့ မင်း ဒီနေ့ နေ့လယ်မှာ အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ ကိုယ်တို့အတူရှိနေလို့ရတဲ့အချိန်ကိုလည်း မင်းက တိုးလိုက်ပြီး မင်းရဲ့မိဘတွေရှေ့မှာ ကိုယ် ကောင်းကောင်းမွန်မွန် ပြုမူနိုင်မယ့် အခွင့်အရေးလည်း ပေးခဲ့တယ်။ ကိုယ်တို့ မနက်ဖြန်လည်း ဆက်လုပ်ရမယ်။ ကိုယ့်ကို ထမင်းအတူစားဖို့ ထပ်ဖိတ်ပါဦး။ " ယန်ကျင်းဇီက ပြောလိုက်၏။ ချန်အန်းရှိူ့က ဘာလို့ 'ငါ တောင်းပန်ပါတယ်' ဆိုပြီး ပြောရသလဲ ဆိုတာကို တကယ်တော့ သူ သိပြီးသားပင်။ သူက ထိုစကားများကို အရင်ပြောလိုက်သည်က သူသည် ချန်အန်းရှိူ့ ထိုကိစ္စပေါ်တွင် တဝဲလည်လည် ‌တွေးနေသည်အား ရပ်လိုက်စေချင်၍ဖြစ်သည်။ ပြီးတော့... သူ ချန်အန်းရှိူ့နှင့် နေ့လယ်စာ အတူတူတကယ်စားချင်သည်။


ချန်အန်းရှိူ့ရဲ့အမေက သူ့ကို နေ့တိုင်း ဆက်တိုက် ဆိုဆုံးမနေနိုင်လိမ့်မယ်လို့ သူ မယုံဘူး!


ချန်အန်းရှိူ့ ခေါင်းညိတ်လိုက်သည်။


ယန်ကျင်းဇီက ထပ်ပြောပြန်သည် : " မင်းက ရုတ်တရက်ကြီး ကိုယ့်ကို တောင်းပန်ပါတယ်လို့ ပြောတော့ ကိုယ့်ရဲ့ နုနုနယ်နယ် နုလုံးသားလေးကို နာကျင်စေတယ်။ ကိုယ် နှစ်သိမ့်မှုအဖြစ် ချစ်အနမ်းလေးတစ်ပွင့်လောက် လိုအပ်နေတယ်။ "


ချန်အန်းရှိူ့ : " ... "


" မင်း ကိုယ့်ကိုမချစ်ဘူးလား? " ယန်ကျင်းဇီက မေးခဲ့သည်။


ချန်အန်းရှိူ့သည် ယန်ကျင်းဇီ၏မျက်နှာစီသို့ ညင်သာစွာ ရွေ့လျားလာသည်။


ယန်ကျင်းဇီက သူ့ခေါင်းကိုအမြန်လှည့်လိုက်ပြီး သူတို့၏နှုတ်ခမ်းများကို ထိကပ်စေလိုက်သည်!


ဒါတင်မကဘဲ အပြင်မှာ တခြားသူတွေလည်း ရှိနေသေးသည်!


ချန်အန်းရှိူ့က ထပ်မံအေးခဲသွားကာ သူ့မျက်နှာပင် တဖြေးဖြေး နီရဲတက်လာခဲ့သည်။


အရေးအကြီးဆုံးကတော့ အတန်းစတော့မည်...


သူတို့ အခု ဘာလုပ်ကြမှာလဲ?


ချန်အန်းရှိူ့ အတွေးများနေချိန်တွင် ယန်ကျင်းဇီက ပြင်းပြင်းထန်ထန် ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။ " အခုချိန်ကစပြီး လိမ်လိမ်မာမာနေပြီး ကိုယ့်စကားနားထောင်ရမယ်။ နားလည်လား? "


ချန်အန်းရှိူ့ အံ့အားသင့်သွားပြီးနောက် နောက်တစ်ခေါက် အနမ်းခံလိုက်ရပြန်သည်။


သူ့ကိုနမ်းပြီးနောက်မှာတော့ ယန်ကျင်းဇီက အခန်းတံခါးကို ဖွင့်ပြီး အပြင်ထွက်သွားလေသည်။


အိမ်သာထဲ ခုလေးတင် ဝင်လာသော ကောင်လေးနှစ်ယောက်မှာ အခန်း ၂ မှ ဖြစ်ပြီး သူတို့က ယန်ကျင်းဇီကို တွေ့လိုက်သောအခါ ရှော့ခ်ရသွားကြသည်။ ထို့နောက် ချန်အန်းရှိူ့ကိုပါ သူတို့ တွေ့လိုက်ရသောအခါ သူတို့က 'ကျောင်းတွင်းအနိုင်ကျင့်ခြင်း' ဆိုသည့် စကားလုံးကို ချက်ချင်းတွေးမိလိုက်ကြသည်!


သူတို့ ကြားခဲ့ရသည်က ဒီနေ့ နေ့လယ်မှာ ချန်အန်းရှိူ့က သူမိဘတွေစီ ယန်ကျင်းဇီကို ခေါ်သွားပြီးတော့ ယန်ကျင်းဇီကို ဆုံးမခိုင်းလိုက်တာ ယန်ကျင်းဇီက ထမင်းတောင် မစားနိုင်‌လိုက်ဘူးဟူ၍။ အဲ့ဒါကြောင့် ယန်ကျင်းဇီက ဒီမှာ ချန်အန်းရှိူ့ကို ဒုက္ခပေးနေတာမလား?


သူ့ကိုကြည့်ပါဦး၊ ချန်အန်းရှိူ့ရဲ့မျက်နှာက သေချာပေါက် ဒေါသတွေနဲ့ မျက်နှာကြီးနီရဲနေတာပဲ!


ဤကျောင်းသားများသည် ထိုသို့တွေးနေကာ ချန်အန်းရှိူ့က သူတို့ကို လှမ်းကြည့်နေသည်အား တွေ့လိုက်ရသည်။


ချန်အန်းရှိူ့က သူတို့ကို အရမ်းတွေ ကျေးဇူးတင်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား? အကယ်၍ သူတို့သာ အိမ်သာကို မလာခဲ့ဘူးဆိုရင် ချန်အန်းရှိူ့ ယန်ကျင်းဇီစီက အရိုက်ခံနေရလောက်ပြီ!


ဤကျောင်းသားများသည် လူကယ်လိုက်နိုင်ခြင်းအတွက် ဂုဏ်ယူမှုကို ရုတ်တရက် ခံစားလိုက်ရသည်။


သူ့ရည်းစားကောင်လေးနှင့်နမ်းနေရင်း အနှောင့်အယှက်ပေးခံလိုက်ရသော ချန်အန်းရှိူ့သည် စိတ်ရှုပ်ထွေးနေရင်း သူ့အတန်းကို ပြန်သွားခဲ့သည်။


သူ စိတ်ငြိမ်သွားအောင် ပုစ္ဆာအချို့တွက်ဖို့လိုသည်။


အရေးကြီးဆုံးကိစ္စက သူ့အဆင့်များ ကျ၍မဖြစ်ပေ...မဟုတ်လျှင် သူ့အဖေ စိတ်ဆိုးလိမ့်မည်။


စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ချန်အန်းရှိူ့က ပုစ္ဆာများကို စတင်ဖြေရှင်းခဲ့သည်။


တကယ်တော့ သူသည် အထက်တန်း တတိယနှစ်မှ သင်ခန်းစာများကို သင်ယူပြီးဖြစ်၏။ သို့သော်ငြား သူသည် ပိုမြင့်သောအမှတ်များကို လိုချင်နေဆဲဖြစ်၍ သူ လျော့တိလျော့ရဲလုပ်မနေသင့်ပေ။


ကျောင်းဆင်းသည်နှင့်တပြိုင်နက် အဖေချန်က သူ့သားကို လာရှာပြီး တခါတည်း အိမ်ပြန်ခေါ်သွားခဲ့သည်။


သူ ကြောက်သည်က သူ့သား ယန်ကျင်းဇီကိုရှာဖို့ ပြေးထွက်သွားမည်ကို...


ချန်အန်းရှိူ့က ယန်ကျင်းဇီစီ သွားဖို့ တကယ့်ကို မစီစဉ်ထားခဲ့ပေ။ ဆရာများစွာကို ဖိတ်ခေါ်ထားပြီး ကျူရှင်စတက်တော့မည်ဖြစ်ကြောင်း ယန်ကျင်းဇီက သူ့ကို ပြောပြထားပြီးသားဖြစ်လေရာ သူ ယန်ကျင်းဇီကို ညဘက်အချိန်၌ ဆက်သွယ်၍မရတော့ချေ။


ထို့ကြောင့် ချန်အန်းရှိူ့သည် အိမ်တွင် ရိုးရိုးသားသားဖြင့် စာလေ့လာခဲ့၏။


‌အဖေချန်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။


ယန်ကျင်းဇီအတွက်ကတော့ သူက အမှန်တော့ ယနေ့၌ စာမလေ့လာခဲ့ပါချေ။


သူက ကျွမ်းကောင်းဟန်ကို ဒုက္ခသွားပေးခဲ့ပြီး သူ့ကိုယ်သူအတွက် ဆရာတစ်ယောက်ကိုလည်း သွားရှာခဲ့သည်။


ကျွမ်းကောင်းဟန်သည် ကျောင်းတွင် မနေပေ။ ကျောင်းဆင်းပြီးနောက် သူသည် နေ့တိုင်း ကျူရှင်သင်ခန်းစာများအတွက် မတူညီသောဆရာများစီသို့ သွားသည်။ ဆရာများ၏လစာကို ယန်ကျင်းဇီက ပေးနေရဆဲဖြစ်သည်။


ယနေ့မှာတော့ ယန်ကျင်းဇီက တံခါးဝကို တိုက်ရိုက်သွားပြီး ဘေလ်ကိုပြရင်း ဆရာ့ကို ပြောလိုက်သည် : " ဆရာ၊ ကျွန်တော်က သူ့အတန်းအတွက် ပိုက်ဆံပေးခဲ့တယ်! အခု ကျွန်တော် သူနဲ့ ရန်ဖြစ်ထားတယ်။ ဒီအတန်းကို သူ့ကို မပေးတော့ဘူး။ သူ့အစား ကျွန်တော် လာသင်မယ်! "


ဆရာ : " ... "


ကျွမ်းကောင်းဟန်လည်း စိတ်မတည်ငြိမ်နိုင်နေတော့ပေ : " ယန်ကျင်းဇီ! "


" ကျွမ်းကောင်းဟန်၊ ငါတို့က သူငယ်ချင်းတွေ ဖြစ်ခဲ့တာမို့လို့ ငါ မင်းကို အစားအသောက်တွေ ပေးခဲ့ဖူးတယ်။ အခု ငါတို့က သူငယ်ချင်းတွေ မဟုတ်တော့ဘူး။ သေချာ‌တာပေါ့၊ ငါ မင်းအတွက် ပိုက်ဆံမသုံး‌နိုင်တော့ဘူး။ " ယန်ကျင်းဇီသည် ပျင်းရိနေသောအမူအရာနှင့် ကျွမ်းကောင်းဟန်အား ကြည့်လိုက်သည် : " အင်း၊ ငါတို့ရဲ့ နှစ်တွေအများကြီး သူငယ်ချင်းဖြစ်ခဲ့မှုကြောင့် အရင်က ငါ မင်းကို ပေးဖူးတဲ့ ပိုက်ဆံနဲ့ပစ္စည်းတွေကိုတော့ မင်း ငါ့ကို ပြန်ပေးစရာမလိုပါဘူး။ "


ကျွမ်းကောင်းဟန်သည် ငယ်စဉ်ကတည်းက ချောမွေ့စွာနေထိုင်လာခဲ့သော်လည်း မကြာသေးမီက သူသည် ယန်ကျင်းဇီစီမှ နှောင့်ယှက်ခံရပြီး အရှက်ရခဲ့ရသည်...


သူ ယန်ကျင်းဇီကို ကြည့်သောအခါ သူ့မျက်လုံးများက လူသတ်ချင်နေပုံ ရသည်။


ယန်ကျင်းဇီက အကြောက်အရွံ့မရှိ : " မင်း ဘာလို့ ထွက်မသွားသေးတာလဲ? "


ကျွမ်းကောင်းဟန်သည် ခပ်ဖွဖွ တခစ်ခစ်ရယ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။


ထိုအခါမှသာလျှင် ကျွမ်းကောင်းဟန်၏မုန်းတီးမှုကို လုံလုံလောက်လောက် ဆွဲထုတ်ခဲ့သော ယန်ကျင်းဇီသည် ထိုဆရာကို ကြည့်လိုက်ကာ : " ဆရာ၊ လာပါ။ ကျွန်တော်တို့ စာဆက်သင်ကြမယ်။ "


ဆရာ : " ...မင်းက ဘာသင်ချင်တာလဲ? "


ဤဆရာသည် ကျွမ်းကောင်းဟန်အား အချိန်အတော်ကြအောင် စာသင်ပေးခဲ့သည်။ ယခုချိန်၌ သူသည် ကျွမ်းကောင်းဟန်၊ ယန်ကျင်းဇီနှင့် ဖူးကျီးတို့အကြောင်း သိသည်။ ယန်ကျင်းဇီ၏အောင်မြင်မှုများကိုလည်း သူ သိထားသည်။


သူသည် ကျွမ်းကောင်းဟန်ကို ကျူရှင်ပြခဲ့သည်။ အဲ့တာက တကယ်စာသင်ခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ယန်ကျင်းဇီ... အကယ်၍ သူ ယန်ကျင်းဇီကို အထက်တန်း ဓာတုဗေဒ သင်ပေးမယ်ဆိုရင် ယန်ကျင်းဇီ နားလည်ပါ့မလား?


" ဒီနေ့ အလယ်တန်း ဓာတုဗေဒနဲ့ စကြရအောင်။ " ယန်ကျင်းဇီက အလယ်တန်းကျောင်းသုံးဖတ်စာအုပ်ကို ထုတ်လိုက်သည်။


သူက ဘယ်တော့မှ မမမေ့နိုင်ပေမယ့် ဖတ်စာအုပ်ဖတ်ရုံနှင့် ဗဟုသုတအချက်အားလုံးကို သူ နားမလည်နိုင်ပေ။ အဲ့ဒါကို ရှင်းပြဖို့ ဆရာများ၏အကူအညီကို သူ လိုအပ်နေသေးသည်။


ဆရာ : " ... " သူက နှစ်နာရီစာအတန်းတစ်တန်းအတွက် ယွမ်တစ်ထောင် ယူသည်။ အခု သူ့ကို အလယ်တန်းစာ သင်ခိုင်းလိုက်တာလား?