အပိုင်း ၁၈၇
Viewers 31k

Chapter 187

ပင်လယ်ဘက်မှ မငြိမ်သက်မှုများ



ဟယ့်ရှီရွာကဲ့သို့သော အေးချမ်းလှသည့် နေရာတွင် နေခဲ့ရသည့် ကျန်းမင်မှာ ဆက်မကြည့်နိုင်တော့ပေ။ 


ကျန်းကျန့် ခေါ်လာသော လူများထဲမှ မြို့တော်သို့ မလိုက်ဖူးကြသူများမှာ မနေနိုင်ဘဲ အော့အန်မိသွားကြလေသည်။


ထိုအလောင်းများအားလုံးမှာ တိရစ္ဆာန်များထံမှ ကိုက်ဖြတ်စားသောက်ခံထားရသည့် လက္ခဏာများ ပေါ်နေပြီး သာမန်လူတစ်ယောက်က သေချာပေါက် ကြည့်နိုင်မည် မဟုတ်ပေ။


"ကျင်းတွေ တူးပြီး မြှုပ်ပေးလိုက်ရအောင်" ကျန်းကျန့်က ပြောလိုကွသည်။


"ဟုတ်ကဲ့ပါ... ဘောစ့်" ကျန်းမင်က ပြန်ဖြေလိုက်ပြီး တွင်းတူးရန်အတွက် လူများကို ခေါ်သွားခဲ့သည်။


သူတိူ့က ဤနေရာရှိ မည်သူ့ကိုမှ မသိပါသော်လည်း သူတို့အတွက် ကျောက်တိုင်ထူပေးဖို့ စဥ်းစားရန်ကိုပင် ခက်ခဲနေသည် ဖြစ်ရာ အနည်းဆုံးတော့ ထိုသူများကို အေးချမ်းစွာ အနားယူစေရန် လုပ်ပေးသည်က ကောင်းပေမည်။


ကျန်းကျန့်နှင့် အခြားသူများ တိတ်တဆိတ် တွင်းတူးနေကြချိန်တွင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။


 "ဘယ်သူတွေလဲ"


ဟယ့်ရှီရွာသားများမှာ ထိုအသံကြောင့် တုန်သွားကြပြီး အချို့မှာ သရဲတွေ့သည့်အလား ဖြူလျော်သွားကြလေသည်။ သို့သော်လည်း ကျန်းကျန့်က အလွန် တည်ငြိမ်နေပြီး နောက်တွင် အိမ်ပျက်လေးထဲမှ ထွက်လာသည့် အဝတ်စုတ်များ ဝတ်ထားသူ တစ်ယောက်ကို တွေ့လိုက်ရသည်။


ဤနေရာရှိ အခြေအနေက စိတ်မကောင်းစရာ ကောင်းလွန်း၍ အိမ်ထဲတွင် ပုန်းနေသည့် သက်ရှိလူတစ်ယောက် ရှိနေသေးကြောင်း ကျန်းကျန့် သတိမပြုမိခဲ့ပေ။


သူက ပထမတွင် တုန်ယင်သွားသော်လည်း ထိုသူများ ဝတ်စားထားပုံကို တွေ့လိုက်ရသောအခါ အနည်းငယ် ငြိမ်ကျသွားသည်။ ထိုလူ၏ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်သောအခါ... ဒီလူငယ်လေးက သူ ပင်လယ်စာ လာဝယ်တော့ ငါးဆားနယ်နဲ့ ရေညှိတွေ အများကြီး ရောင်းပေးလိုက်တဲ့သူ မဟုတ်ဘူးလား...


ထိုလူငယ်လေး၏ နှုတ်ခမ်းများက ဖြူဖျော့နေပြီး မျက်လုံးများက နီရဲနေသည်။ သူက ကျန်းကျန့်နှင့် အခြားသူများကို အညှိုးတကြီး ကြည့်လိုက်ပြီး သူ့လက်သီးဆုပ်များ ပို၍တင်းကြပ်လာခဲ့လေသည်။


"မင်းငါ့ကို မှတ်မိလား... ငါမင်းဆီကနေ ပင်လယ်စာတွေ ဝယ်ဖူးတယ်လေ" ကျန်းကျန့်က ထိုသူကို ပြောလိုက်သည်။ 


"ငါတွင်းတူးပြီး ဒီလူတွေကို မြှုပ်ပေးမလို့ လုပ်နေတာ"


ထိုသူက ကျန်းကျန့်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက်တွင် မြေပေါ် ထိုင်ချ၍ ခါးခါးသီးသီး ငိုကြွေးလေတော့သည်။


ကြီးကောင်းကြီးမားလူကြီး ငိုသောအခါ ရုပ်ဆိုးလှသော်လည်း ဤအခိုက်တွင် မည်သူကမှ သူ့ကို အပြစ်မဆိုနိုင်ကြ။


သူတို့သာ ဤအခြေအနေနှင့် ကြုံတွေ့ရပါက သူ့ထက်ပင် ပို၍ သည်းသည်းထန်ထန် ငိုကြွေးနိုင်သေးသည်။ ဟယ့်ရှီရွာသားများက ကျင်းများကိုသာ တိတ်တဆိတ် ဆက်တူးနေကြပြီး တစ်ချိန်တည်းမှာပင် မီးမွှေးလိုက်ကြသည်။ ထို့နောက်တွင် ရေနွေးအိုး တည်လိုက်ကြပြီး သူတို့စားရန်အတွက် တစ်ခုခု ချက်ရန် အဆင်သင့် ဖြစ်နေလေပြီ။


ထိုလူအတွက် စိတ်မကောင်း ဖြစ်ရသဖြင့် ရေဆူလာသောအခါ တစ်စုံတစ်ယောကက သူ့ရိက္ခါခြောက်များထဲမှ ထမင်းခြောက်ကြော်များ ထုတ်ယူလာပြီး ရေနွေးထဲတွင် ထည့်စိမ်ကာ သူ့ကို ကမ်းပေးလိုက်သည်။


ထိုယောကျ်ားက ထမင်းခြောက်ကြော် တစ်ပန်းကန်ကို တဖြည်းဖြည်း စားသောက်နေပြီး လူတစ်ကိုယ်လုံးက အနည်းငယ် အားပြည့်လာပုံရသည်ကို တွေ့လိုက်ရသဖြင့် ကျန်းကျန့်က မေးလိုက်သည်။ "ဘာတွေဖြစ်သွားတာလဲ"


အားပြန်ပြည့်လာသော ထိုသူက တဖြည်းဖြည်း ရှင်းပြလာသည်။


ဟုန်ကျန်းဆားလွင်ပြင်တွင် မတော်တဆမှုဖြစ်ပွားကတည်းက ကြီးကြပ်သူများစွာ အသတ်ခံလိုက်ရပြီး ဆားလွင်ပြင်လက်အောက်မှလူများကလည်း ပရမ်းပတာ ဖြစ်နေသည်။ 


အချို့လူများက လုပ်မြဲအလုပ်ကို လုပ်နေပြီး ဆားလွင်ပြင်၏ အခြေအနေ ပြန်ငြိမ်သွားမည်ကို စောင့်နေပြီး ဆားလွင်ပြင်မှာပင် အလုပ်ဆက်လုပ်ချင်နေကြစဥ် အခြားလူများမှာ ဟုန်ကျန်းဆားလွင်ပြင်က ပျက်စီးသွားပြီဟု ခံစားရသဖြင့် အသက်မွေးဝမ်းကြောင်းအတွက် အခြားနည်းလမ်းရှာရန် ထွက်ပြေးလွတ်မြောက်ရန် ရည်ရွယ်ခဲ့ကြသည်။


နှစ်ဖက်လုံး၌ လူများစွာ ရှိနေသော်လည်း မည်သည့်ဘက်တွင် ရှိနေပါစေ သူတို့အားလုံးက ပင်လယ်ကမ်းခြေမှ လူများအပေါ် မနှစ်လိုကြပေ။ ထိုဆားလုပ်သားများ အုံကြွရသည်မှာ ဆိုးဆိုးဝါးဝါး ဆက်ဆံခံရပြီး နှိပ်စက်ခံခဲ့ရခြင်းကြောင့် ဖြစ်ပြီး သူတို့သည်လည်း ပြန်တိုက်ခိုက်ပြီး သတ်ပစ်ရန် တွေးနိုင်ပါ့မလား...


အမှန်မှာ ဟုန်ကျန်းဆားလွင်ပြင်က လူဆိုးလူယုတ်ဓါးပြတို့၏ အသိုက်ကြီး ဖြစ်သည်။ ယခုတွင် ဓါးပြခေါင်းဆောင်က သေသွားပြီး ဓါးပြအသိုက်တွင် ကျန်ရှိနေသော သူများမှာလည်း ဖရိုဖရဲ ဖြစ်နေကြသည်။ သူတို့၏ လူရင်းများက သေသည်အထိ တိုက်ခိုက်ခဲ့ကြလေရာ ပြင်ပမှ လူများအပေါ် ခွင့်လွှတ်မှု ပြသရန် မဖြစ်နိုင်ပေ။


ရွာကို ဟုန်ကျန်း ဆားလွင်ပြင်လက်အောက်မှ လူများက မွှေနှောက် ရှာဖွေခဲ့ကြသည်။ သူတို့က ရွာသားမျာ အားလုံးကို သတ်ဖြတ်ခဲ့ကြပြီး သူတို့၏ ငွေများကို လုယက်ကာ ထွက်ပြေးသွားကြလေသည်။


ထိုလူ အသက်ရှင်ခဲ့ရသည့် အကြောင်းအရင်းမှာလည်း ဇနီးတစ်ယောက်နှင့် လက်ထပ်ရန်အတွက် ငွေရှာချင်၍ ညအချိန် ငါးဖမ်းထွက်ခဲ့ခြင်း ဖြစ်ရာ ထိုသူများကို ရှောင်ရှားနိုင်ခဲ့သည်။


သို့သော်ငြား ငါးဖမ်းထွက်ရာမှ ပြန်လာသောအခါ သူ့တစ်ရွာလုံး အသတ်ခံခဲ့ရသည်ကို မြင်ခဲ့ရပြီး တောင့်မခံနိုင်တော့ပေ။ အဆုံးတွင် သူက နှစ်ရက်လုံး မစားမသောက်ဘဲ အခန်းထဲမှာသာ ထိုင်နေခဲ့ပြီး ကျန်းကျန့်နှင့် အခြားသူများ၏ အသံကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။


"မင်းနာမည် ဘယ်လိုခေါ်လဲ" ကျန်းကျန့်က မေးလိုက်သည်။


ကျွန်တော်က ဖန့်ချီပါ" ထိုသူက ပြောလိုက်သည်။


"မင်း ဘာဆက်လုပ်မယ် စိတ်ကူးထားလဲ... ငါတို့နောက် လိုက်ခဲ့ချင်လား" ကျန်းကျန့်က ထပ်မေးလိုက်သည်။


"ကျွန်တော် လိုက်ခဲ့ပါ့မယ်" ဖန့်ချီက ခပ်မြန်မြန်ပင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့မှာ သွားစရာမှ မရှိတာ... ကျန်းကျန့်နောက် မလိုက်ရင် ဘယ်ကို သွားရမှာလဲ... 


ရွာထဲရှိ ဆန်စပါးများနှင့် ငွေများအားလုံးကို လုယက်ခံလိုက်ရသော်လည်း ဖန့်ချီက ခပ်မြန်မြန် လှည့်ပတ်ရှာဖွေလိုက်ပြီးနောက် မတိုင်မီက သူဝှက်ထားခဲ့ပုံရသည့် ဆန်တစ်အိတ်၊ ငါးဆားနယ်နှင့် ရေညှိခြောက်အချို့ကို ယူလာခဲ့သည်။


ကျန်းကျန့်နှင့် အခြားသူများက အစာခြောက်များ ယူလာခဲ့သော်လည်း သိမ်းထားရန် လိုနေသေးသည်။ ထို့မှသာ အကျပ်အတည်းနှင့် ကြုံလာရသောအခါ သူတို့၏ ဘဝကို ကယ်တင်ပေးနိုင်မည် ဖြစ်လေသည်။ အခြားသော အစားအစာများ ရှိသဖြင့် သူတို့က အစာခြာက်များကို မစားတော့ဘဲ ဆန်နှင့် ငါးဆားနယ်တို့ကို သုံး၍ ဆန်ပြုတ် ပြုတ်လိုက်သည်။


ကျန်းကျန့်က ထိုအခွင့်အရေးကို ယူကာ နောက်ထပ်ကိစ္စများ မေးမြန်းနေခဲ့သည်။


ဖန့်ချီ၏ မိသားစုက ပင်လယ်ကမ်းခြေတွင် မျိုးဆက်ပေါင်းများစွာ အစဥ်အဆက် နေထိုင်လာခဲ့သဖြင့် ပင်လယ်ကမ်းခြေအကြောင်းနှင့် အနီးအနားရွာများ၏ တည်နေရာများကို ကောင်းကောင်း သိသည်။ သို့သော်လည်း ဆားလုပ်သားများ နေထိုင်သည့် နေရာက ဝေးလံလှပြီး အကွာအကွယ်ကလည်း တင်းကျပ်လှသဖြင့် သူကလည်း အသးစိတ် မသိပါပေ။


ကျန်းကျန့်က သူပြောသည့်အတိုင်း လိုက်မှတ်လိုက်ပြီး သူယူလာသည့် ကိုယ်တိုင်လုပ် မြေပုံလေးတွင် တည်နေရာများ ထပ်ဖြည့်လိုက်သည်။ ဤရွာမှ လူများအားလုံး အသတ်ခံလိုက်ရသော်လည်း ဟုန်ကျန်းဆားလွင်ပြင်မှ လူများ မဟုတ်လေရာ သူတို့က ဤနေရာသို့ ထပ်လာကြမည် မဟုတ်ပေ။ ထိုညတွင် ကျန်းကျန့်က လူများအားလုံးကို မြှုပ်ပေးလိုက်ပြီးနောက် မထွက်ခွာခင် သူလူများနှင့်အတူ ဤနေရာတွင် တစ်ညနေခဲ့သည်။


တောရိုင်းထဲက ဘဝက အလွန်ကြမ်းတမ်းလှသည်။


ကံအားလျော်စွာဖြင့် ဆောင်းရာသီတွင် မိုးနည်းပြီး ကျန်းကျန့်ကလည်း အတွေ့အကြုံများစွာ ရှိကာ ဤခေတ်၏ လူသားများ၏ အခြေအနေကလည်း အလွန်သာမန်ဆန်လေသဖြင့် လူတိုင်းက မြန်မြန် ကျင့်သားရသွားကြသည်။


ကျန်းကျန့်က သူ့လူများအား ပင်လယ်ကမ်းခြေသို့ ခေါ်သွားချိန်တွင် ကျောက်ကျင်းကောက ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်း၏ ကိစ္စ အဝဝကို တာဝန်ယူနေရသည်။


သူ့လူများရှေ့တွင် ကျန်းကျန့်က ကျောက်ကျင်းကောကို အမြဲတမ်း မျက်နှာသာပေးပြီး ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်း၏ စာရင်းကိုင်များကို သင်ကြားပေးရန်ပင် စေခိုင်းခဲ့လေရာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် လုပ်ကိုင်ကြသူများ အားလုံးက ကျောက်ကျင်းကော၏ လုပ်ရည်ကိုင်ရည်ကို လက်ခံယုံကြည်ကြသည်။


သို့သော်လည်း ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းနှင့် လုပ်ကိုင်ဆောင်ရွက်လိုသူ အချို့မှာ ကျောက်ကျင်းကောကို သိပ်မယုံကြပေ။ 


"ကျန်းကျန့်ကရော... ကျန်းကျန့် ဘယ်မှာလဲ... ဒီတစ်ခေါက် ငါ့မှာ ပစ္စည်းကောင်းတွေ အများကြီး ပါလာတာတောင် သူ့မျက်နှာကို လာမပြဘူးလား... ဒါဘာအဓိပ္ပါယ်လဲ" 


ဆူဖြိုးလှသော စီးပွားရေးသမားတစ်ယောက်က မကျေမနပ်ဖြင့် အော်လိုက်သည်။ 


"ကျန်းကျန့်က အခု ဟယ့်ရှီရွာမှာ မရှိလို့ပါ... လူကြီးမင်း တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို လူကြီးမင်းရဲ့ လိုအပ်ချက်တွေ ပြောလို့ ရပါတယ်" 


ကျောက်ကျင်းကောက ကောင်းကောင်းမွန်မွန် ပြောပြနေသည်။


"ကျန်းကျန့်မရှိရင်တောင် ငါ့ကိုအရူးလုပ်ဖို့ ကောတစ်ယောက် ရှာလာလို့ မရဘူး... မင်းတို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းမှာ ဘယ်သူမှ မရှိကြတော့ဘူးလား" 


ထိုလူက ကျောက်ကျင်းကောကို မကျေမနပ် ကြည့်လိုက်သည်။ အမှန်တွင် သူအော်ဟစ်နေရခြင်းမှာ ခိုင်မာသည့် အကြောင်းအရင်းတစ်ခုကြောင့် မဟုတ်ဘဲ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းက သူ့ကို အထင်သေးလွန်း၍ သူနှင့် စကားပြောရန်အတွက် ကျောက်ကျင်းကောလို ကောတစ်ယောက် သွားရှာလာခြင်း ဖြစ်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။


"ခင်ဗျား ဘာပြောချင်တာလဲ" ကျောက်ကျင်းကောက တစ်ဖက်လူကို မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်။


"လူပြောင်းလိုက်... ငါနဲ့ စကားပြောဖို့ တခြားတစ်ယောက် လိုချင်တယ်... ငါကောတစ်ယောက်နဲ့ အလုပ်စကား မပြောချင်ဘူး" ထိုလူက ချက်ချင်းပင် ပြောလိုက်ပြီး ကျောက်ကျင်းကောကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ 


"ကောင်းပါပြီ... ကျွန်တော် လူလဲပေးပါ့မယ်" ကျောက်ကျင်းကောက အေးတိအေးစက် ပြောလိုက်ပြီး ထရပ်လိုက်ချိန်တွင် သူ့ရှေ့မှ စားပွဲကြီးကို တွန်းလိုက်သည်။


ထိုစားပွဲကို ကျန်းကျန့်က ခေတ်သစ်၏ "ဘောစ့်ထိုင်ခုံ" အတိုင်း ပြုလုပ်ထားသဖြင့် အလွန်ကြီးမားပြီး လေးလံသည်။ ကျောက်ကျင်းကောက ၎င်းကို မလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပစ်ချလိုက်ရာ မြေကြီးပင် တုန်သွားသည်။


"ဒီစားပွဲက နေရာကို မကျသေးဘူး... ရွှေ့ပဲ ရွှေ့နေရတာ" 


ကျောက်ကျင်းကောက အေးတိအေးစက် ပြောလိုက်ပြီးနောက် အပြင်ကို လှည့်ထွက်သွားပြီး မကြာခင်ကမှ သူ့ကို အလုပ်ကူညီပေးရန် ရွှေ့ပြောင်းလာသည့် ကျန့်ပေါင်နင်ကို တားလိုက်သည်။


 "ကျန့်ပေါင်နင်... အထဲကလူနဲ့ စကားသွားပြောလိုက်ဦး" 


ကျန့်ပေါင်နင်က ကျောက်ကျင်းကော လုပ်ခဲ့သည့် အရာအားလုံးကို မြင်လိုက်ရပြီး သူ အထဲသို့ ဝင်ထိုင်လိုက်သောအခါ သူ့ရှေ့တွင် ထိုင်နေသူမှာ ချွေးအမြောက်အများ ထွက်၍ သူ့ရှေ့မှ စားပွဲကို ရွှေ့ရန် ကြိုးပမ်းနေကြောင်း တွေ့လိုက်ရသည်။


စားပွဲက လေးလွန်းလှသဖြင့် အလုပ်ကြမ်း တစ်ခါမှ မလုပ်ဖူးသည့် စီးပွားရေးသမားတစ်ယောက် ရွှေ့နိုင်မည် မဟုတ်ပေ။ ထို့နောက် ကျန့်ပေါင်နင်က ထိုသူ ဝတ်ရုံလက်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ သူ့ခေါင်းမှ ချွေးများအား သုတ်နေသည်ကို တွေ့လိုက်ရသည်။


"ဆိုင်ရှင်လီ... ကျွန်တော်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းက ခင်ဗျားရဲ့ ဘယ်ပစ္စည်းကို ပို့ပေးရမလဲ..." 


ကျန့်ပေါင်နင်က ဆိုင်ရှင်လီကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်။ "ခင်ဗျားလည်း တွေ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းမှာ ဆိုရင် ကောတွေကတောင် အရမ်းသန်မာကြတယ်... ခင်ဗျားရဲ့ ကုန်ပစ္စည်းတွေကို ခင်ဗျားပို့ချင်တဲ့နေရာအထိ သေချာပေါက် ပို့ပေးနိုင်မှာပါ"


ဆိုင်ရှင်လီက အနည်းငယ် ထိတ်လန့်သွားပြီး ထွက်ပြေးချင်နေပါသော်လည်း ကျန့်ပေါင်နင်၏ ပြုံးနေသော ပုံစံက သူ့ကို တစ်နည်းနည်းဖြင့် ချိန်းခြောက်နေသကဲ့သို့ ရှိနေသည်။


သူက ဘာမှမပြောတော့ပေ။ ထိုကောက သူ့ရှေ့တည့်တည့်တွင် စားပွဲကို ပစ်ချပြလိုက်သည်။ သူသာ ယခု ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းမှလူများနှင့် စီးပွားရေး လုပ်ရန် ငြင်းလိုက်ပါက သူကိုယ်တိုင်ပင် ကိုင်ပေါက် ခံလိုက်ရနိုင်သည် မဟုတ်ပါလား...


ဆိုင်ရှင်က ရန်မူလိုစိတ်များကို မျိုချကာ ကျန့်ပေါင်နင်နှင့် စတင် ပြောဆိုလေတော့သည်။


နှစ်ဖက်သားက စာချုပ်ချုပ်ခဲ့ကြပြီး ကျန့်ပေါင်နင် အခန်းထဲမှ ထွက်လာသောအခါ ကျောက်ကျင်းကောက သူ့ကို လှမ်းခေါ်လိုက်သည်။


"စီးပွားရေးကိစ္စ ပျက်သွားတာတော့ မဟုတ်ပါဘူးနော်" ကျောက်ကျင်းကောက ပူပန်မှုအချို့ဖြင့် မေးလိုက်သည်။ ကျန်းကျန့်က ဤနေရာတွင် မရှိသဖြင့် သူကလည်း စိတ်အခြေအနေမကောင်းလေရာ ဧည့်သည်ရှေ့တွင် ကြမ်းတမ်းမိသွားသည်။ ဒါ မကောင်းလောက်ဘူးနော်...


"မရီး... စီးပွားရေးကိစ္စက ပျက်မသွားပါဘူး" ကျန့်ပေါင်နင်က ပြောလိုက်သည်။ 


"မရီးက အရမ်းမိုက်တာပဲ... နောက်တစ်ခါ ဒီလိုကိစ္စမျိုး ကြုံရင် အခုအတိုင်းပဲ လုပ်ပြလိုက်လေ" ကျောက်ကျင်းကောက ကောဖြစ်သဖြင့် နူးညံ့ပြနေလျှင် အလွယ်တကူ အနိုင်ကျင့်ခံရနိုင်ကာ ကြမ်းပြလိုက်သည်က ပိုကောင်းသည်။


သူသိခဲ့သည့် မိန်းမသားများမှာ ပို၍ ကြံ့ခိုင်လေလေ ပို၍ သက်တောင့်သက်သာ ရှိသော ဘဝတွင် နေရလေလေ ဖြစ်သည်။


ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း ထိုအကြောင်းကို သိပါ၏။ သူက မည်သူ့အကြောင်းကိုမှ မပြောပြခဲ့ဖူးသော်လည်း ကျန်းကျန့်ကမူ... အကြီးဆုံးကျန်းက ဆိုးဆိုးဝါးဝါး အနိုင်ကျင့်ခံခဲ့ရသော်လည်း သူသန်မာလာသောအခါ... အခု သူ့ကို ဘယ်သူကများ အနိုင်ကျင့်ရဲမှာလဲ...



ကျောက်ကျင်းကောက ပိုပို၍ ကြံ့ခိုင်လာပြီး ရက်အနည်းငယ်အတွင်းမှာပင် ဟယ့်ရှီရွာထဲမှ ကိစ္စအားလုံးကို သေသေသပ်သပ် စီစဥ်ဆောင်ရွက်ပြီးသွားလေပြီ။