အပိုင်း ၁၉၀
Viewers 31k

Chapter 190




ဖန့်ချီ၏ လေယူလေသိမ်းက ယာပြန့်ရွာကလူတွေနှင့် အတူတူပဲဖြစ်သဖြင့် ရွာသားတွေ အတော်လေး စိတ်အေးလက်အေးဖြစ်သွားကြသည်။ တစ်စုံတစ်ယောက်ကမေးလိုက်၏။


 "မင်းက... "


"ကျွန်တော်က ရှောင်ထန့်ရွာကပါ" 


ဖန့်ချီက သူ့ဇာစ်မြစ်အကြောင်းပြောပြီး ကျန်းကျန့်နှင့် တခြားသူတွေ၏ အထောက်အထားကို ရှင်းပြခဲ့သည်။


ကျန်းကျန့်က ဖန့်ချီကို အမှန်တရားအပြည့်အစုံကို မပြောပေခဲ့မဲ့ သူက အနီးနားကဖြစ်ကြောင်း၊ လူတွေသဘောရှိ အသတ်ခံရသည်ကို မြင်နေရသည့်အတွက် လာကူညီခြင်းဖြစ်ကြောင်း ဖန့်ချီက ထပ်ခါတလဲလဲ ပြောပြီး ဆိုလိုက်၏။


"ကျွန်တော်တို့ ဘော့စ်က လူကောင်းပါ..စိတ်မပူပါနဲ့...သူက မင်းတို့ကို သေချာပေါက် ကူညီပေးလိမ့်မယ်..."


ယာပြန့်ရွာမှလူများသည် ချက်ချင်းပင် အလွန်ကျေးဇူးတင်မိသွားကြသည်။


ထွက်ပြေးသူများက ပြန့်ကျဲနေသဖြင့် ကျန်းကျန့် ၎င်းတို့အားလုံးကို နောက်ဆုံးတွင် မဖမ်းနိုင်ခဲ့ပေ။


ဤလူများ အားလုံးသည် ဟုန်ကျန်းဆားလွင်ပြင်မှ ဖြစ်ကြသောကြောင့် ၎င်းတို့ ထွက်ပြေးပြီးနောက် ယာပြန့်ရွာကို တိုက်ခိုက်ရန် နောက်ထပ်လူများကို ခေါ်ဆောင်လာနိုင်သည်။သို့ပေမဲ့ ကျန်းကျန့်နှင့် သူ့အဖွဲ့က ဤရွာသားတွေကို ကာကွယ်ရန် တစ်ချိန်လုံးယာပြန့်ရွာမှာ နေလို့မရပါချေ။ ၎င်းတို့က လူသိပ်မများသောကြောင့် ဟုန်ကျန်းဆားလွင်ပြင်မှ နောက်ထပ်လူများလာပါက ရွာကို ကာကွယ်နိုင်မည်မဟုတ်ပေ။


ကျန်းကျန့် နှင့် အခြားသူများသည် ယာပြန့်ရွာတွင် တစ်ညတာ အနားယူကြပြီး သူတို့ ထွက်သွားသောအခါ ယာပြန့်ရွာမှ လူများက သူ့နောက်တွင် ပါလာကြသည်။


နှစ်ရက်အကြာတွင် ကျန်းကျန့် နှင့် အခြားသူများသည် ပုန်ကန်မှုကို တိုက်ခိုက်ရန်ရောက်ရှိလာသော အရာရှိများနှင့်စစ်သည်များ၏ အမဲလိုက်ခြင်းခံရသော ဆားလုပ်သားအုပ်စုနှင့် တွေ့ဆုံခဲ့သည်။


ဟုန်ကျန်းဆားလွင်ပြင်၏ ဤဘက်ခြမ်းတွင် ဆားလုပ်သားမိသားစုများ အများအပြားရှိသော်လည်း အမှန်တကယ်တွင် ယခင်က ဟုန်ကျန်းဆားလွင်ပြင်တွင် လူအနည်းငယ်သာ သေဆုံးခဲ့သည်။


သို့ပေမဲ့ ပုန်ကန်မှုကိုအဆုံးသတ်ရန် ရောက်လာသည့် အရာရှိတွေနှင့် တပ်သားတွေက ဂရုမစိုက်ကြပေ။


ဟုန်ကျန်းဆားလွင်ပြင်မှာ ယခုလိုမျိုး တစ်ခုခုဖြစ်ပါက အထက်ကလူတွေကို သေချာရှင်းပြရပေမည်၊ တရားခံကို မဖမ်းနိုင်ပါက အပြစ်မဲ့သော ဆားလုပ်သားတွေကို ပြဿနာရှာရန်ကလွဲ၍ ရွေးစရာလမ်းမရှိတော့ပေ။


ဆားလုပ်သားများကို ဖမ်းချင်သော်လည်း အခြားထည့်သွင်းစဉ်းစားမှုများလည်း ရှိသေးသည်။


ယနေ့ခေတ်တွင် စစ်ပွဲမရှိသော်လည်း စစ်ဘက်အရာရှိတစ်ဦးအနေဖြင့် ရာထူးတိုးလိုပါက ကုသိုလ်ကောင်းမှုတစ်ခုခုပြုရမည်၊ထိုသို့မဟုတ်ပါက ရန်သူတစ်ဦးကို သတ်ပစ်ရမည်။

(ကုသိုလ်ကောင်းမှု=အကျိုးဆောင်မှု)


ထိုသို့သော အခြေအနေမျိုးတွင် ရန်သူများ တတ်နိုင်သမျှ များများ ထားရှိခြင်းသည် သဘာဝသာ ဖြစ်သည်။စင်စစ်အားဖြင့် သူတို့အနေဖြင့် ရာထူးတိုးပြီး ချမ်းသားကြွယ်ဝမလာခင်မှာ လူတွေကို များများ သတ်ပစ်ရန် လို၏။


အရာရှိများ၏ အမိန့်အရ၊ တပ်သားများသည် ဟုန်ကျန်းဆားလွင်ပြင်မှ ဆားလုပ်သားမိသားစုများကို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူငယ်ဖြစ်စေ အသက်ကြီးသူ ဖြစ်စေ သတ်ဖြတ်ခဲ့သည်။ သူတို့အားလုံးက သူပုန်တွေဆိုသည်မှာ သေချာ၏။


ဤဆားလုပ်သားမျိုးဆက်များသည် မတရားမှုများစွာကို ကြုံတွေ့ခဲ့ရပြီး မကြာသေးမီနှစ်များအတွင်း စိတ်ရှည်သည်းခံမှုများစွာ လိုအပ်လာသောကြောင့် ၎င်းတို့သည် ထိတ်လန့်တကြား ထွက်ပြေးရုံတတ်နိုင်ခဲ့ကြသည်။


မပြေးလျှင် သူတို့ သေလိမ့်မည်ပင်။


ကျန်းကျန့်၏ အဖွဲ့က ပိုကြီးလာသည်။


သူတို့အတွက် တခြားသူတွေနှင့်ထပ်မတွေ့ရန်ကလည်း မဖြစ်နိုင်ပါချေ။


အချိန်ကြာလာသည်နှင့်အမျှ ကျန်းကျန့်၏ အနီးပတ်ဝန်းကျင်တွင် လူများ ပိုများလာသည်။ သူတို့အများစုက ယောက်ျားသားတွေဖြစ်နေ၍သာမဟုတ်ပါက ကျန်းကျန့် သူတို့ကို စောင့်ရှောက်နိုင်မှာ မဟုတ်ပေ။


သို့သော်ငြားလည်း လူများစွာရှိနေခြင်းက ဝန်ထုပ်ဝန်ပိုးဖြစ်နေဆဲပင်။


တခြားအရာတွေကို မတွေးခင် ဤလူတွေကို ဘေးကင်းရာနေရာကို ပို့ပေးရန် လိုအပ်၏. . . ကျန်းကျန့် ထိုလူများကြားတွင် အတော်အတန် တတ်ကျွမ်းသူများနှင့် စကားပြောသောအခါတွင် အနီးနားတွင် တောအုပ်တစ်ခု ရှိနေကြောင်း သိလိုက်ရပြီး ယင်းက ပုန်းခိုရန် အလွန်ကောင်းသော နေရာတစ်ခုဖြစ်သည်။


ဒီလိုဆိုရင် ဒီလူတွေကို အရင်လိုက်ပို့လိုက်ကြရအောင်. . .


ကျန်းကျန့် သူ၏လူများနှင့်အတူ တောင်ပေါ်သစ်တောဆီသို့ ဦးတည်သွားခဲ့သည်။


လူအများအပြားကိုခေါ်ဆောင်သွားခြင်းသည် အန္တရာယ်ရှိသောကြောင့် ကျန်းကျန့်က လူတစ်စုကို သတင်းမေးရန် ဦးစွာစေလွှတ်ခဲ့သည်။ထိုလူတွေ အခြေအနေကို စုံစမ်းပြီး ပြန်လာသည့်နေ့မှာ သူတို့က စိုးရိမ်တကြီးပြော၏။


"ဘော့စ်... အနီးအနားမှာ လှုပ်ရှားထားတဲ့ ခြေရာတွေ ရှိတယ်... သူတို့ အရေအတွက် များတယ်"


တစ်ချိန်တည်းမှာပင်၊ ယခင်က ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းပိုက်ထားသူများသည် ဤရက်ပိုင်းတွင် ပုန်းအောင်းနေထိုင်ကြပြီး ကျူးအားလင်ဆီသို့ ဆားလုပ်သားများပိုလာအောင်ပင် ဆွဲဆောင်ခဲ့ကြသည်။ တစ်စုံတစ်ဦးကလည်း သတင်းပို့သည်— 


"အစ်ကိုကျူး တစ်ယောက်ယောက် လာနေတယ်...ချက်ပြုတ် နေတဲ့ မီးခိုးငွေ့ကို ငါတို့တွေ့ပြီ"


"သွားစုံစမ်း" 

ကျန်းကျန့်ကပြောလိုက်သည်။


“သေချာစုံစမ်း"

ကျူးအားလင်က ပြောသည်။


[**ဟယ်ရှင်းစီရင်စုနယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လူအများအပြား သေဆုံးခဲ့သော်လည်း ယင်းက ၎င်းအပေါ် များစွာသက်ရောက်မှုမရှိခဲ့ပေ။


သက်ရောက်မှုမှာ သေးငယ်သော်လည်း သတင်းသိရှိပြီးသား မိသားစုကြီးအချို့သည် ဆားများစတင်စုဆောင်းလာကာ ဟဲရှင်းစီရင်စုနယ်ရှိ ဆားစျေးနှုန်းများကို ပိုမိုဈေးကြီးလာစေပြီး မူလစျေးထက် အဆပေါင်းများစွာ တိုးမြင့်လာစေသည်။


သို့ပေမဲ့ ဆားလျှော့စား၍ ဘယ်သူမှတန်းမသေပါချေ. . . ဆားဈေး မြင့်တက်မှု၏ သက်ရောက်မှုမှာ စပါးဈေးကဲ့သို့ ပြည်သူများအတွက် ကြီးမားခြင်းမရှိပေ။


သို့ပေမဲ့ ဟယ်ရှင်းစီရင်စုနယ်၏အထက်ပိုင်းဒေသတွေက ၎င်းကို သိပ်ဂရုမစိုက်ပါချေ။


အမှန်တွင်၊မည်သို့ပင်ဖြစ်စေကာမူ ဆားများ ပြတ်တောက်လိမ့်မည်မဟုတ်ရာ ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူများနှင့် ဟုန်ကျန်းဆားလွင်ပြင်နှင့် ပတ်သက်သူများမှလွဲ၍ ဘယ်သူမှ စိုးရိမ်နေကြခြင်းမရှိပေ။


ဆားလုပ်သားစုစုပေါင်းမှာ အနည်းငယ်မျှသာ ဖြစ်သောကြောင့် ပြဿနာကြီးကြီးမားမား မဟုတ်သည်မှာ သေချာသည်။


ဟုန်ကျန်းဆားလွင်ပြင်နှင့် နှိုင်းယှဉ်ပါက သူတို့သည် ချင်ဖုန့်ဝိုင်ကို ပို၍စိုးရိမ်ကြသည် တော်ဝင်အမိန့်စာက မြို့တော်မှ ဆင်းသက်လာပြီး ချင်ဖုန့်ဝိုင်ကို ချီးကျူးဂုဏ်ပြုစရာအနေဖြင့် ဖော်ပြရုံသာမက ဝိုင်ကိုလည်း ချီးကျူးခဲ့သည်။


တော်ဝင်မိသားစုကတောင် ချီးကျူးခံရတဲ့ ဝိုင်ရဲ့အရသာက ဘယ်လိုလဲ...


ဟယ်ရှင်းစီရင်စုနယ်ရှိ ချမ်းသာသော စီးပွားရေးသမားများသည် ချင်ဖုန့်ဝိုင်ကို စိတ်ဝင်စားခဲ့ကြသော်လည်း ကျန့်မိသားစုက ဝိုင်ကို ပထမအကြိမ်ပို့ပြီးကတည်းက တစ်စက်မျှပင် ထုတ်ယူရန် ငြင်းဆိုခဲ့သည်။


ရှားပါးသည့်အရာက အဖိုးတန်သည့်အတွက် လူတွေက ချင်ဖုန့်ဝိုင်ကို အချိန်ကြာလာသည်နှင့်အမျှ ပိုပိုပြီး စောင့်မျှော်လာကြ၏။သို့ပေမဲ့ လက်ရှိအချိန်မှာ ကျန့်ရီတစ်ယောက် တကယ်ကို စိတ်ဓာတ်ကျနေသည်ဆိုခြင်းကို သူတို့မသိခဲ့ကြပါချေ။


ဝိုင်တစ်သုတ်ကို သိမ်းဆည်းနိုင်ခဲ့သည်။သို့ပေမဲ့ ရလဒ်အနေဖြင့်. . . ကျန်းကျန့်က အားလုံးကို ယူရန် တစ်ယောက်ယောက်ကို စေလွှတ်လိုက်၏။


ကျန်းကျန့်က သူ့လူတွေရဲ့ဒဏ်ရာတွေကို ဆေးကြောဖို့ ဒီလောက်စျေးကြီးတဲ့ဝိုင်ကို ယူလိုက်တယ်...**]


(ဒီနားမှာ ဖတ်ရင်းရှုပ်သွားမှာစိုးလို့ နည်းနည်းပြောပါရစေ...ဆားလွင်ပြင်မှာ သူဌေးတွေကတစ်ဖက် အလုပ်သမားတွေက တစ်ဖက် ဖြစ်နေတဲ့ပြသနာပါ 

အရာရှိတွေက ပုန်ကန်တဲ့အလုပ်သမားတွေကို မညှာပဲ သူတို့ ရာထူးတိုးရအောင် သတ်ပစ်တာပါ 

အဲ့ကြားထဲမှာ သူဌေးတွေရဲ့ လက်ပါးစေတွေကပါ လုယက်သတ်ဖြတ်တာမျိုးဝင်လုပ်နေတာပါ 

[** ...** ] ဒီထဲကစာက လူလာတာကို သွားစုံစမ်းခိုင်းတဲ့နေရာကနေ တစ်ခြားအကြောင်းအရာရှင်းတဲ့ဘက်ကို ရောက်သွားတာပါ ) 

.........


ကျန်းကျန့် စုံစမ်းရန် တစ်စုံတစ်ဦးကို စေလွှတ်ပြီးနောက်တွင် ၎င်းတို့ အနီးနားရှိ လူအုပ်စုသည် ၎င်းတို့၏ မိသားစုများနှင့်အတူ ထွက်ပြေးလာသည့် ဆားလုပ်သားများဖြစ်ကြောင်း သိရှိခဲ့ရပြီး အမျိုးသမီးနှင့် ကလေးများလည်း အများအပြားရှိခဲ့သည်။


ထိုသို့သော လူအုပ်စုသည် ၎င်းတို့အား ခြိမ်းခြောက်နိုင်မှု မရှိသည်မှာ ထင်ရှားသည်။


အဖွဲ့က အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးနောက် ကျန်းကျန့် စိတ်သက်သာရာရသွားခဲ့ပြီး ထိုလူများနှင့် စကားပြောရန် တစ်စုံတစ်ဦးကိုပင် စေလွှတ်ခဲ့သည်။ သူသည် ထိုလူအုပ်စုနှင့် တွေ့ဆုံလိုပြီး တတ်နိုင်သမျှ သတင်းအချက်အလက်များ ရယူရန် ကြိုးစားလိုသည်။


ကျန်းကျန့် နှင့် အခြားသူများ၏ အခြေအနေကို ကျူးအားလင် နားမလည်မီ ကျန်းကျန့်က စေလွှတ်လိုက်သော သံတမန် ရောက်လာသည်။


"စကားပြောမှာလား" 


ကျူးအားလင် အံ့အားသင့်သွားသော်လည်း သူသဘောတူလိုက်သည်။


အကယ်၍ ထိုလူများသည် တရားဝင် စစ်သားများ ဖြစ်ပါက ၎င်းတို့ကို မြင်လျှင် စကားမပြောဘဲ တိုက်ခိုက်ကြမည် ဖြစ်သောကြောင့် ၎င်းတို့က သူတို့ကို လာမတိုက်ခိုက်သည်ဖြစ်ရာ ဆားလုပ်သားအိမ်ထောင်စုများ သို့မဟုတ် အခြားစုဝေးနေသူများ ဖြစ်ကောင်းဖြစ်နိုင်သည်။


သို့တိုင် ကျူးအားလင် သတိလည်းကပ်ထားသည်ပင်။ 


"မင်းတို့ ငါ့နေရာမှာ စကားပြောလို့ရတယ်... ဒါပေမယ့် လူအများကြီးနဲ့တော့ မ(လာ)ရဘူး"


ကျူးအားလင်နှင့် စေ့စပ်ညှိနှိုင်းခဲ့သူမှာ ကျန်းမင် ဖြစ်သည်၊ ထို့ကြောင့် ကျူးအားလင်၏အခြေအနေကို စစ်ဆေးပြီးနောက် ကျူးအားလင် ၏တောင်းဆိုချက်ကို သဘောတူလက်ခံခဲ့သည်။


"ကိစ္စမရှိပါဘူး...ငါတို့ဘော့စ်က ပြီးရင် မင်းကို စကားပြောဖို့လာလိမ့်မယ်"


ကျန်းမင်၏ အမြန်သဘောတူချက်ကိုကြားသောအခါ ကျူးအားလင်စိတ်သက်သာရာရသွား၏။


ကျန်းကျန့် ကျူးအားလင်၏နေရာသို့သွားသောအခါတွင် သူနှင့်အတူ လူနှစ်ဆယ်ခန့်သာ လိုက်ပါလာခဲ့သော်လည်း ထိုလူနှစ်ဆယ်ခန့်လူများသည် သူနှင့်အတူခေါ်လာသည့် လူကောင်းလူတော်များသာဖြစ်ပြီး အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ပါက သူလွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားသည်။


မကြာခင်မှာပဲ ကျန်းကျန့် ကျူးအားလင်နှင့် သူ့အဖွဲ့ကို တွေ့ဆုံခဲ့၏။


လူအမြောက်အမြားရှိကြပြီး အများစုမှာ အ၀တ်စုတ်များ ဝတ်ဆင်ကာ အိုးခွက်များ ကျောပိုးခါးကြပြီး သူ့ လက်ထဲမှ ထွက်ပြေးသွားသူများကဲ့သို့ပင်၊သို့သော် အချို့သော လူများကား .....


ကျန်းကျန့် ၏ အကြည့်များသည် ဤအဖွဲ့၏ခေါင်းဆောင် ကျူးအားလင်ထံ ရောက်သွားပြီး ၎င်းနောက် ဤလူများ၏ မျက်နှာနှင့် လက်များကို ကြည့်လိုက်သည်။သူတို့အားလုံးက ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့ကြသော်လည်း သူတို့၏အဝတ်အစားများသည် တကယ်ကောင်းသည်၊ ဤအဝတ်အစားများက ...ဟုန်ကျန်းဆားလွင်ပြင်မှ လူများထံမှ ချွတ်ယူထားခြင်း ဖြစ်နိုင်သည်။


ဤလူအုပ်စုက ဟုန်ကျန်းဆားလွင်ပြင်မှလူများကိုသတ်ခဲ့သည်မှာသံသယဖြစ်ဖွယ်မရှိပေ။


ကျန်းကျန့် သူတို့ကို စေ့စေ့ငုငုကြည့်ကာ ဤလူအုပ်စု၏ လက္ခဏာအကြောင်း ရဲရဲတင်းတင်း မှန်းဆလိုက်သည်။ကျူးအားလင် ကျန်းကျန့်နှင့် အခြားသူများကို ကြည့်ပြီး ထူးဆန်းသော တစ်ခုခုကို ခံစားလိုက်ရပြီး မျက်ခုံးများ ချက်ချင်း ရှုံ့သွားကာဆိိုလိုက်သည်။


"မင်းက ဆားလွင်ပြင်က မဟုတ်ဘူးလား..." 


ထိုဆားလွင်ပြင်ရှိ အမျိုးသားများသည် ဆားကို နေ့တိုင်းကျိုကြသောကြောင့် လက်ဖဝါးကြမ်းခြင်းကဲ့သို့သော တူညီသောလက္ခဏာများ ရှိသော်လည်း ဤလူများသည် ထိုကဲ့သို့မဟုတ်ပေ။


ကျန်းကျန့်က ခေါင်းညိတ်သည်။

"ငါတို့က တကယ်ကို ဆားလွင်ပြင်ကလူတွေမဟုတ်ဘူး....."


"ကျန်းကျန့် ဒီမှာဘာလုပ်နေတာလဲ..."


ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာပြီး ကျန်းကျန့်၏ စကားများကို အနှောင့်အယှက်ပေးလိုက်သည်။


ကျန်းကျန့်က ခေါင်းကို လှည့်ကြည့်လိုက်သောအခါ မုတ်ဆိတ်မွေးပေါက်နေပြီဖြစ်ပြီး လူရိုင်းဖြစ်လာခါနီးကျိုးမောင်ဟယ်က သူ့ကိုအံ့အားသင့်စွာ စိုက်ကြည့်ရင်းဆို၏။  


"မင်း ဘယ်လိုလုပ် ဒီမှာပေါ်လာတာလဲ...ဘာလိုချင်လို့လဲ"


"မင်းက တော်ဝင်သံတမန်နဲ့သိတာလား..." 

၎င်းကိုမြင်သောအခါ ကျူးအားလင်က ကျန်းကျန့်ကို ချက်ချင်းသတိနှင့်ကြည့်လိုက်သည်။


ကျန်းကျန့် သူ၏သံသယကို အတည်ပြုခဲ့သည်။သူ့ရှေ့ရှိ ဤလူများသည် ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းပိုက်ခဲ့သူများ ဖြစ်လိမ့်မည်။


ဒီလူတွေကို ဒီမှာတွေ့မယ်လို့ မထင်ထားဘူး....


"တော်ဝင်သံတမန်ကို ငါသိတယ်...ဒါပေမဲ့ မင်းကိုဒုက္ခမပေးဘူးဆိုတာ စိတ်ချနိုင်တယ်"


ကျန်းကျန့်က ကျူးအားလင်ကို လှည့်ကြည့်လိုက်သည်။


"မင်းပြောတော့ ရန်လိုတဲ့ ရည်ရွယ်ချက်မရှိဘူးဆို..."


ကျူးအားလင်အနားရှိ အမျိုးသားတစ်ဦးက မကျေမနပ် အော်ဟစ်လိုက်ပြီး အခြားတစ်ယောက်က ကျိုးမောင်ဟယ်ကို အလျင်အမြန် ဆွဲဖမ်းလိုက်သည်။ သူ့ကို ကိုင်ထားရင်း ကျန်းကျန့်ကို သူကမေးသည်။


 "မင်းက ဘယ်သူလဲ... မင်း အစိုးရ ကလား"


"အစိုးရ"ဟူသော စကားလုံး ထွက်လာသည်နှင့် တပြိုင်နက် ကျူးအားလင်ဘက်မှ လူများက ရုန်းရင်းဆန်ခတ် ဖြစ်ကြပြီး အချို့မှာ မျက်လုံးများထဲရှိ မုန်းတီးမှု များလွန်းသဖြင့် ဇိုးဇိုးဇတ်ဇတ်တုန်နေကြသည်။


"တိတ်တိတ်နေကြစမ်း..." 


ကျူးအားလင်က အော်လိုက်ပြီး ကျိုးမောင်ဟယ်၏ လည်ပင်းမှာ ဓားကို တင်လိုက်ပြီး ကျန်းကျန့်နှင့် တခြားသူတွေကို ဆိုသည်။


"မင်းတို့ရဲ့ လက်နက်တွေကို ချလိုက်...မဟုတ်ရင် ငါသူ့ကိုသတ်လိုက်မယ်"


သူတို့သည် အချိန်အတော်ကြာအောင် ထိုစစ်သားများ၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအခါ ကျန်းကျန့် နှင့် အခြားသူများ ရောက်လာမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။


၎င်းကိုမြင်သောအခါ ကျန်းကျန့် သူ့လက်ထဲက သစ်သားချောင်းကို ကြင်နာစွာ လွှင့်ပစ်လိုက်ပြီးပြောလိုက်၏။


"မင်း ငါ့ဘက်သွားပြီး ကြည့်လို့ရတယ်...ငါက ဆားအိမ်ထောင်စုတွေ အများကြီး ကယ်ထားတာ... မင်းကိုဖမ်းဖို့ ငါဒီကိုရောက်နေတာ မဟုတ်ဘူး... ဒီတော်ဝင် သံတမန်နဲ့ ပတ်သက်ပြီးကတော့ …."


ကျန်းကျန့်က ကျိုးမောင်ဟယ်ကိုကြည့်ပြီး 

"အရှင်ကျိုး... လူတွေ ပစ္စည်းတွေ ပို့ပေးတာအပြင် ကျုပ်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက တခြားသူတွေကို အကာအကွယ်ပေးဖို့ ဒါမှမဟုတ် လူနဲ့ ပစ္စည်းတွေကို ရှာဖွေပေးမဲ့ အလုပ်လည်းလုပ်ပါတယ် ...ဒီတစ်ခါတော့ သခင်ကျန့်က ခင်ဗျားကို ဒီကနေ ခေါ်ထုတ်ပေးဖို့ ပိုက်ဆံအများကြီး အကုန်ခံပြီး ကျုပ်ကိုလာခိုင်းခဲ့တာပါ..."


ဤသည်မှာ ကျန်းကျန့် သူ့ကိုယ်သူ ကြာမြင့်စွာကတည်းက ပြင်ဆင်ထားခဲ့သော အကြောင်းပြချက်တစ်ခုဖြစ်သည်။


သူ့အထောက်အထားကို ဖုံးကွယ်ထားနိုင်ရင် ထုတ်ဖော်မှာမဟုတ်သော်လည်း... မတတ်နိုင်ပါက…..တော်ဝင် သံတမန်ကို ကယ်တင်ဖို့ ဒီအချိန် ဒီကိုလာခဲ့တယ်...သူ့အကြောင်းပြချက်က လုံးဝမှန်တယ်...


လူတစ်စုကို သူဆွဲခေါ်လာရခြင်း အကြောင်းအရင်းမှာ သူတို့သည် အလွန်သနားစရာကောင်းလှသောကြောင့် ဖြစ်သည်။


ဤဆားလုပ်သားများသည် ရက်စက်သည်ဟု ခေါ်ဆို၍မရသော ပုန်ကန်မှုပြုရန် တွန်းအားပေးခံခဲ့ရသည်။ကျန်းကျန့်က ရိုးသားသည်ကို သူတို့မြင်သောအခါ ကျန်းကျန့်နှင့်တခြားသူတွေကို ဘာမှ မလုပ်တော့ပေ။ သူတို့က ကျန်းကျန့်၏အဖွဲ့ကို လက်နက်ချရုံချခိုင်းပြီး ကိုယ့်လူတွေကို ဘယ်သူတွေ နောက်ကပါလာသည်ကို စစ်ဆေးရန် စေလွှတ်လိုက်၏။


ကျန်းကျန့် နောက်ကလိုက်လာသူတွေဆီကနေ ကျန်းကျန့်က သူတို့ကို ကယ်တင်ပြီး ဟုန်ကျန်းဆားလွင်ပြင်မှာ လူတချို့ကို သတ်လိုက်ခြင်းဖြစ်ကြောင်း သူတို့ဆီကနေ အတည်ပြုလိုက်ရသည့်အခါမှာ ကျန်းကျန့်ကို သတိမထားကြတော့ပါချေ။


ဆန့်ကျင်ဘက်အနေဖြင့် ကျိုးမောင်ဟယ်က ကျန်းကျန့်အား မကျေနပ်မှုအပြည့်ဖြင့် မျက်မှောင်ကြုတ်ကာဟောက်သည်။ 


"မင်းလူတစ်ယောက်ကို သတ်လိုက်တာလား... မင်းတစ်ယောက်ယောက်ကိုသတ်ခဲ့တာလား...လူတစ်ယောက်ကို ဘယ်လိုသတ်နိုင်ရတာလဲ.."


ကျန်းကျန့် : "……" 


ခင်ဗျားက ကျုပ်ကို အသတ်ခံဖို့ စောင့်စေချင်သလား။ ဤကျိုးမောင်ဟယ်၏ နှလုံးသားသည် တကယ် ပြောင်းလဲရန် လွယ်ကူသည်။


"သူ့အတွက် စိတ်မပူပါနဲ့..." 



ကျူးအားလင်က ကျန်းကျန့်ကို လက်ဝှေ့ယမ်းပြပြီး ကျိုးမောင်ဟယ်ကို ခေါ်သွားခိုင်း၏။ကျိုးမောင်ဟယ်ကို ခေါ်ဆောင်သွားပြီးနောက် သူကမေးလိုက်၏။


"မင်းရဲ့ ကိုယ်ရံတော်လုပ်ငန်းက ပိုက်ဆံပေးရင် လူတွေကို အကာအကွယ်ပေးနိုင်တာလား...ငါ မင်းကို ပိုက်ဆံပေးရင် ရော... ငါ့အတွက် လူတချို့ကို မင်းကာကွယ်ပေးနိုင်မလား"


ကျန်းကျန့် သူ့စကားကြားသောအခါ အံ့အားသင့်သွားသော်လည်း ကျူးအားလင်က အရည်အချင်းရှိသူဖြစ်ကြောင်း ခံစားလိုက်ရသည်။


တချီသမိုင်းမှာပဲဖြစ်စေ၊ သူနေထိုင်ခဲ့သည့် အရင်ကမ္ဘာမှာပဲဖြစ်စေ၊ တောင်သူလယ်သမားအရေးတော်ပုံများက ဘယ်တော့မှ မအောင်မြင်ခဲ့ပါချေ။


ရှေးခေတ်တောင်သူလယ်သမားများသည် ပညာသင်ယူရန် လမ်းကြောင်းမရှိ၊ စကားလုံးအနည်းစုသာ သိကြပြီး ၎င်းတို့လက်အောက်ရှိ လူများကို စီမံခန့်ခွဲနည်းကိုမသင်ယူရပေ။ထို့ကြောင့် ၎င်းတို့၏ အမြင်မှာ ကျဉ်းမြောင်းလာကာ ဖိနှိပ်မှုကို သည်းမခံနိုင်သောကြောင့် လူထုအုံကြွမှု(ပုန်ကန်မှု) ပေါ်ပေါက်လာသော်လည်း လူထုအုံကြွမှု အောင်မြင်ရန်က မဖြစ်နိုင်ပေ။


ကျူးအားလင်အနေဖြင့် ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းပိုက်နိုင်ခဲ့သည်မှာ လုံးဝဥဿုံကြက်ကန်းဆန်အိုးတိုးသလိုကံကောင်းမှုဖြစ်သည်။ မာနကြီးပြီး ကိုယ့်ကိုကိုယ်စိတ်ကြီးဝင်မည်ဆိုပါက သွားရမည့် တစ်ခုတည်းသောလမ်းက အစိုးရနှင့် စစ်တပ်က ဖျက်စီးပစ်ခြင်းကိုခံရခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာပဲ သူ့ခေါင်းက ရှင်းနေသေးပြီး သူ့ကိုယ်သူ မာန်မဝင့်ဘဲ သူ့အားနည်းချက်တွေကိုသူ သိ၏။


ကျူးအားလင်က သူ၏ အားနည်းချက်များကို အမှန်ပင် သဘောပေါက်ခဲ့သည်။


သူသည် ဆားအိမ်ထောင်စုမှ ကြီးပြင်းလာသူဖြစ်ပြီး ဟုန်ကျန်းဆားလွင်ပြင်သြဇာလွှမ်းမိုးသည့်ဧရိယာကို ဘယ်သောအခါမှ မစွန့်ခွာခဲ့ပေ။သူ သူ့အဖေကို လူတွေကို စီမံခန့်ခွဲရန် ကူညီပေးစဥ်က သူတို့အတူနေသည့် ဆားအိမ်ထောင်စုလေးက စုစုပေါင်း လူနည်းနည်းပဲ ရှိသေးသည်။


ယခုမူကား ထောင်နှင့်ချီသောလူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။


အကယ်၍ ထိုတော်ဝင်သံတမန်သာ မရှိခဲ့လျှင် ဤလူ

များ နေ့တိုင်း စားရမည့် အစားအစာ မည်မျှရှိသည်ကိုပင် ရေတွက်နိုင်လိမ့်မည် မဟုတ်ပါချေ။


ထို့အပြင်… ကျူးအားလင်က အသက်ကြီးသူများနှင့် အားနည်းသောကလေးများနှင့်အတူ ခရီးသွားရန် အလွန်ခက်ခဲကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့သည်။