အပိုင်း ၁၉၁
Viewers 32k


Chapter 191

တော်ဝင်သံတမန်နှင့် ပြန်လည်တွေ့ဆုံခြင်း




ထိုလူအိုများနှင့် အားနည်းသောကလေးငယ်များကြောင့်သာ မဟုတ်ပါက၊ သူသည် ဤအစိုးရစစ်သားများ၏အလိုက်ခံရခြင်းကနေ သူ့လူများနှင့်အတူ အလွယ်တကူ ရှောင်ရှားနိုင်သော်လည်း ၎င်းတို့ကို ကာကွယ်ရန်အတွက် လူများစွာ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။


သူက သူ့လူများအတွက် ပုန်ကန်ချင်ခဲ့သည်။ သူသေသွားလျှင်ပင် သူတို့ကို ကာကွယ်စောင့်ရှောက်ရမည်ပင်. . . သူတို့ အချိန်သိပ်မကြာခင် သုတ်သင်ခံရမည်ကို သူကြောက်မိသည်။


ကျူးအားလင်က ကျန်းကျန့် လက်အောက်တွင် အလုပ်လုပ်နေသော သူများနှင့် စကားပြောခဲ့ပြီး ကျန်းကျန့်က အမှန်တကယ် လူကောင်းဖြစ်ကြောင်း သိခဲ့ရသည်။သူပင် သူနှင့် ဆက်ဆံရေးမရှိသော လူများစွာကိုပင် ခြွင်းချက်မရှိ ကယ်တင်နိုင်လိမ့်မည်မဟုတ်ပေ။


ကျန်းကျန့်က တစ်ပြားတစ်ချပ်မှ မရရှိဘဲ ထိုလူများကို ကယ်တင်ရန် ဆန္ဒရှိခဲ့သည်။ သူသာ ပိုက်ဆံပေးရင် . . . ကျန်းကျန့်က ဒီလူအိုတွေနဲ့ ကလေးတွေကို သူ့လက်အောက်မှာ နေထိုင်ဖို့ လမ်းစပေးလောက်မှာမဟုတ်ဘူးလား. . .


"မင်းက အပြင်ကပဲ...အဲဒီအမျိုးသမီးနဲ့ ကလေးတွေကို အပြင်ကို ခေါ်သွားနိုင်မလား...ငါ မင်းကို ပိုက်ဆံပေးမယ်..."


ကျူးအားလင်က ပြောလိုက်သည်။ 

"ငါ့မှာ ပိုက်ဆံတွေအများကြီးရှိတယ်"


ကျန်းကျန့်က ကျူးအားလင်ကိုကြည့်လိုက်သည်။။


ကျန်းကျန့်ကလည်း ကျူးအားလင်မှာ ပိုက်ဆံအများကြီးရှိမှန်းသိသည်။မည်သို့ပင်ဖြစ်စေ သူက ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းပိုက်ခဲ့သည်မဟုတ်ပါလော။ ဟုန်ကျန်းဆားလွင်ပြင်ကဘယ်လောက်ချမ်းသာလဲ...အနည်းဆုံးတော့ သူနဲ့ ယှဉ်နိုင်တယ်...


"မင်းနဲ့လူတိုင်းကို ခေါ်သွားနိုင်ဖို့ ငါ့မှာ အရည်အချင်းမရှိဘူး...ဒါပေမဲ့ မင်းဆက်သွယ်လို့အောင် ငါကူညီပေးနိုင်တယ်..." 


ကျန်းကျန့်က ကျူးအားလင်ကိုပြောလိုက်သည်။


သူ၏ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းသည် ဤနေရာရှိ လူအားလုံးကို ကယ်တင်ရန် အလွန်သေးငယ်သော်လည်း ကျူးအားလင်မှာ ပိုက်ဆံရှိလျှင် ကျူးအားလင်အတွက် အခြားသူများကို ဆက်သွယ်ပေးနိုင်သည်။


တချီမှာ ပင်လယ်ကုန်သည်တွေ အများကြီးရှိ၏။


အမှန်တွင် သူတို့က တည်ရှိခွင့် မရခဲ့ဘဲ အကြိမ်ကြိမ် တားမြစ်ခံခဲ့ရသည်။ အမှန်အတိုင်းပြောရလျှင် ထိုပင်လယ်ကုန်သည်များအားလုံးသည် တရားမဝင်မှောင်ခိုသမားများဖြစ်သည်။


ပင်လယ်ကုန်သည်များသည်တရားမ၀င်စီးပွားရေးလုပ်သောကြောင့် ကျူးအားလင်က ပေးဆောင်ရန်ဆန္ဒရှိသရွေ့၊ ၎င်းတို့သည် ဤနေရာရှိ လူအိုများနှင့်အားနည်းသောကလေးငယ်များကို လာခေါ်ပြီး ပြန်လည်နေရာချထားရန်အတွက်အခြားတစ်နေရာသို့ပို့ပေးရန်ဆန္ဒရှိကြလိမ့်မည်မှာသေချာသည်။


ကျန်းကျန့်အနေဖြင့် ကုန်းပေါ်တွင် တရားဝင်စစ်သားများကိုဖြတ်ကျော်၍ လူဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်သွားနိုင်သော်လည်း ဟုန်ကျန်းဆားလွင်ပြင်က ပင်လယ်ပြင်တွင် ပိတ်ဆို့ခံထားရသောကြောင့် ထောင်ပေါင်းများစွာသောလူများနှင့်အတူ ထွက်ခွာရန် မဖြစ်နိုင်ပေ။ သို့ရာတွင် သင်္ဘောကြီးများ ပင်လယ်ပြင်မှ ရောက်လာပါက. . .


ထိုစစ်သားများတွင် လှေပင်မရှိသဖြင့် ပင်လယ်ကူးသင်္ဘောများ ရောက်ရှိလာခြင်းကို ရပ်တန့်ရန် နည်းလမ်းမရှိပေ။


ကျန်းကျန့်က ကျူးအားလင်ကို အခြေအနေကို ပြောပြပြီး ကျူးအားလင်က ချက်ချင်း သဘောတူလိုက်၏။ 


"ဟုန်ကျန်းဆားလွင်ပြင်ကနေ ရွှေငွေတွေ လုယက်တုန်းက အများစုကို ငါဝှက်ထားခဲ့ပေမဲ့ ငါတို့နဲ့အတူငွေတချို့ချန်ထားခဲ့သေးတယ်... ပင်လယ်ကုန်သည်တွေဆီ ကူဆက်သွယ်ပေးပါ"


ကျူးအားလင်က ဤအချိန်တွင် အနည်းငယ် စိတ်အားထက်သန်နေသောကြောင့် ကျန်းကျန့်ကို ယုံကြည်ရန်သာ ရွေးချယ်နိုင်ခဲ့သည်။


"ကောင်းပြီ..." 


ကျန်းကျန့်က မဆိုင်းမတွ သဘောတူလိုက်သည်။


ကျူးအားလင် နှင့် ကျန်းကျန့်တို့ ဆွေးနွေးနေကြစဉ် တစ်ဖက်တွင် ကျိုးမောင်ဟယ်က ကျူးအားလင်၏လူများအား ရိက္ခာများ ဝေငှပေးနေသည်။


မူလက သူသည် ဤသူပုန်အဖွဲ့ကို ကူညီရန် ဆန္ဒမရှိခဲ့သော်လည်း ထိုလူများက သူ့ကို အတင်းအကြပ် စာအုပ်များသိမ်းဆည်းခိုင်းကာ အလုပ်များလုပ်ခိုင်းခဲ့သည်။ ဒီကောင်တွေက တကယ်ကို ရွံစရာကောင်းလွန်းတယ်...


ကျိုးမောင်ဟယ်၏ ဗိုက်ထဲမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်နေပေမဲ့ တစ်စုံတစ်ယောက်က လွဲယူသည်ကို တွေ့လိုက်ရသောအခါ သူက ချက်ချင်းပဲအော်လိုက်၏


"ရပ်လိုက်...မင်းမှားနေတယ်... ဒီကလေးတွေအတွက် ဘာကျန်တော့မှာလဲ"


ခုနက သူ့ကို ထောက်ပံ့ပို့ဆောင်ရေးကိစ္စများကို ကိုင်တွယ်ရန် အတင်းအကြပ် ခိုင်းစေခဲ့သူက သူယူခဲ့သော အရာများကို နာခံမှုရှိရှိဖြင့် ဖလှယ်ခဲ့သည်။


"ဘယ်လို လူရမ်းကားတွေလဲ... အရူးတွေ...အလကားကောင်တွေ..."


ကျိုးမောင်ဟယ်ထပ်ပြီး အော်ဟစ်လိုက်ပြီး သူ့မျက်နှာမှာ အထင်အမြင်သေးမှုတွေ ပြည့်နှက်နေသည်။


"မင်းထပ်အော်ရင် ငါမင်းကိုရိုက်မယ်..."


 တစ်စုံတစ်ယောက်က မကျေနပ်သဖြင့် ကျိုးမောင်ဟယ်ဆီသို့ လက်သီးကို ဆန့်ထုတ်လိုက်သည်။


ကျိုးမောင် ရုတ်တရက် စကားမပြောရဲတော့ပေ။ ကျန်းကျန့် ရဲ့ လူတွေ ဘယ်မှာလဲ... သူဘာလို့လာမကယ်သေးတာလဲ...


........


ဟယ်ရှင်းစီရင်စုနယ်


ကျန့်ရီ မြို့တော်သို့ ဝိုင်ကို ပထမဆုံး ပို့ဆောင်သောအခါ၊ ကျိုးမောင်ဟယ်က ဟုန်ကျန်းဆားလွင်ပြင်ကို အရေးယူနိုင်လောက်ကြောင်း သခင်ကျန့်အား ပြောပြခဲ့၏။ကျန့်မိသားစုသည် ၎င်းမှ အမြတ်အစွန်းများ ရရှိနိုင်သည်။မှန်ပေသည်၊ သူက ဤကိစ္စအတွက် ပါဝင်ကူညီရန်ရည်ရွယ်ခဲ့ကြောင်း မပြောခဲ့ပါချေ။


ဒုတိယသခင်ကျန့်က ကျန့်ရီ အဆိုပြုသည့်ကိစ္စများကို အမြဲအလေးထားပြီး ၎င်းအကြောင်းကို သိရှိပြီးနောက် ဧကရီမယ်တော်ကြီးကျေနပ်စေရန် ချင်ဖုန့်ဝိုင်ကို အခွင့်ကောင်းယူကာ မြစ်တောင်ဘက်ဆားရေးရာ မငြိမ်မသက်မှုများအကြောင်း အထူးပြောသွားခဲ့သည်။ကျိုးမောင်ဟယ် နှင့် ပတ်သက်၍လည်း သူစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။


ကျိုးမောင်ဟယ်၊ထိုလူမိုက်က ဆားနယ်ပယ်ရှိအကျင်ပျက်ခြစားမှုကို ရှာဖွေတွေ့ရှိပြီးနောက်... ထိုထဲသို့ တည့်တည့်ပြေးဝင်သွားနိုင်သည်။


ဒုတိယသခင်ကျန့်၏စကားကိုကြားသောအခါ ဧကရီမယ်တော်ကြီးက အလွန်ကျိုးကြောင်းဆီလျော်ကြောင်းတွေ့သဖြင့် သူကထပ်ဖြည့်ပြောလေသည်။


"အရှင်ကျိူးက ကျွန်ုပ်ရဲ့စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားပြီး ကျွန်ုပ်ရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"


ဧကရီမယ်တော်ကြီးက ကျိုးမောင်ဟယ် ဟုန်ရှင်းဆားလွင်ပြင်သို့သွားပြီး ပြဿနာရှာမည်ဟု မျှော်လင့်ခဲ့သည်မှာ ထင်ရှားသည်။


ထို့ကြောင့် ဒုတိယသခင်ကျန့်က ကျန့်ရီထံ စာတစ်စောင်ပေးပို့ပြီး ကျိုးမောင်ဟယ်အား အချိန်တန်လျှင် "ကူညီပါ" ဟု ခိုင်းခဲ့သည်။


ကူညီရမယ်...ဘာကူညီရမှာလဲ...သူဘာမှလုပ်စရာတောင်မလို...ကျိုးမောင်ဟယ်က ဟုန်ကျန်းဆားလွင်ပြင်ကို သိမ်းပိုက်ထားပြီးဖြစ်သည်. . .


ကျန့်ရီ သက်ပြင်းချလိုက်ပြီး ဒုတိယသခင်ကျန့် ထံမှ စာတစ်စောင်ကို သူ့ဘေးတွင် ချထားလိုက်သည်။


ဟုန်ကျန်းဆားလွင်ပြင် မတော်တဆမှုအကြောင်း သိပြီးနောက် သူ့ဒုတိယဦးလေးထံ ပေးပို့သောစာသည် သူ့ထံသို့ ပေးပို့ထားပြီးဖြစ်သင့်သည်။


ဒုတိယသခင်ကျန့်က ကျန့်ရီပေးပို့သောစာကို အမှန်ပင် မြင်ထားသည်။


ကျန်ရီထံမှ စာတစ်စောင်လက်ခံရရှိပြီး ဟုန်ကျန်းဆားလွင်ပြင်တွင် ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးရှိပြီးနောက်တွင် သူ့နှလုံးပူလောင်လာသော်လည်း ပြီးမြောက်ရန် အချိန်အတော်ကြာမည်ဟု သူထင်ခဲ့သည်။


ရလဒ်အနေဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟုန်ကျန်းဆားလွင်ပြင် ပျက်စီးသွားခဲ့၏။


ကိစ္စများစွာက လျင်မြန်စွာ ဖြစ်ပျက်နေသဖြင့် ဒုတိယသခင်ကျန့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။သို့ပေမဲ့လည်း ဤသည်က သူ့အတွက် ကောင်းသည်ပင်။


ဟုန်ကျန်းဆားလွင်ပြင်ကို ဝင်ရောက်စီးနင်းပြီးနောက် ကျိုးမောင်ဟယ်၏ အစီရင်ခံစာကို မြို့တော်သို့ ပေးပို့ခဲ့သည်။ ဧကရီမယ်တော်ကြီးက နေ့ရက်များကို ရေတွက်ပြီး ကျိုးမောင်ဟယ် ဟုန်ကျန်းဆားလွင်ပြင်သို့ ပြောင်းရွှေ့ချိန်သည် ဒုတိယသခင်ကျန့် ၎င်းကိုသတိရသည့်အချိန်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ခဏအကြာ၌ ဒုတိယသခင်ကျန့်မှာ ထက်မြက်သည့် အကြံဉာဏ်တွေ ရှိသည်ဟု သူ ခံစားမိသွား၏။


ဧကရီမယ်တော်ကြီးက ဟုန်ကျန်းဆားလွင်ပြင် အကြောင်း ဆွေးနွေးရန် သူမ၏ လူယုံတော်များကို ခိုင်းခဲ့သည်။ သူမကို ယုံကြည်သူတွေထဲမှာ ဒုတိယသခင်ကျန့်က တန်ဖိုးအရှိဆုံးဖြစ်သည်က သံသယဖြစ်စရာမလိုဘဲ နောက်ဆုံးမှာ ဧကရီမယ်တော်ကြီးလည်း သူ့အကြံဉာဏ်ကိုယူကာ သူအကြံပြုထားသည့်လူတွေကို အသုံးပြုခဲ့သည်. . .


ထိုအချိန်တွင် ကျန်းကျန့်က ကျူးအားလင် နှင့် အတူ ငယ်ရွယ်ပြီး သန်မာသော လူငယ်များကို တောင်ပေါ်မှ မခေါ်ဆောင်မီ သက်ကြီးရွယ်အိုများနှင့် အားနည်းသူများကို တောင်ပေါ်တွင် ဦးစွာအခြေချခဲ့သည်။


လူတွေကို ကယ်တင်ရန် မကြိုးစားခင် ထိုအစိုးရစစ်သားတွေ၏ အာရုံကို အာရုံလွှဲချင်ခဲ့သည်။


ကျန်းကျန့်အတွက်ထိုဝန်ထုပ်ဝန်ပိုးများမပါဘဲ အရာရာများကိုလုပ်ဆောင်ရန်ပိုမိုအဆင်ပြေသည်။ တစ်ချိန်တည်းမှာပင် သူ ကျန့်ရီကို ဆက်သွယ်ကာ ရွှေအမြောက်အမြား ပေးပို့ခဲ့သည်။


ကျန်းကျန့်ရဲ့ သတ္တိက တကယ်ကို ကြီးမားတယ်. . .


ကျန့်ရီက သက်ပြင်းချလိုက်သော်လည်း ကျန်းကျန့်၏ချဉ်းကပ်မှုနည်းလမ်းသည် သူ့အတွက် ကြီးမားသောအကျိုးကျေးဇူးများရရှိစေကြောင်း ဝန်ခံရပေမည်။


ဤရက်တွေမှာ ကျန်းကျန့်က သူ့လက်ထဲက ဟုန်ကျန်းဆားလွင်ပြင်၏အခြေအနေကို ကောင်းကောင်းသိစေသည့် အချက်အလက်တွေအများကြီးကို သူ့ဆီ ပေးပို့ခဲ့၏။ သူ့အတွက် အလုပ်တွေလုပ်ရသည်ကိုလည်း ပိုအဆင်ပြေစေခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အခြားလူများသည် သူကဲ့သို့ အခြေအနေကောင်းများ ရှိမနေခဲ့ကြပါချေ။


လက်ရှိတွင် ဓားပြများကို တိုက်ထုတ်ရန် စေလွှတ်လိုက်သော အစိုးရစစ်သားများပင် ဟုန်ကျန်းဆားလွင်ပြင် အတွင်းရှိ သီးခြားအခြေအနေများကို မသိရှိကြပေ။


ကျန့်ရီသည် ကျန်းကျန့် ပေးပို့သည့် အချက်အလက်ကို လေးလေးနက်နက် ကြည့်လိုက်သောအခါ နောက်ထပ် စာတစ်စောင်ကို တွေ့လိုက်ရ၏။


"ကျောက်ကျင်းကော" ဟူသော စာလုံးကို ထိုစာပေါ်တွင် ရေးထားသည်။


ကျန့်ရီ: " ..."


သူ့မှာ သူပုန်များကို ကယ်တင်ရန်သာမက ကျန်းကျန့်၏ အချစ်စာကို ကျောက်ကျင်းကောထံသို့ ပေးပို့ရန်လည်း တာဝန်ယူရသည်. . .


ကျန့်ရီက ကျန်းကျန့်ကို စောင့်ဆိုင်းရန် လူများကို တစ်နေရာသို့ စေလွှတ်ထားသောကြောင့် ကျန်းကျန့် နှင့် အဆက်အသွယ်ရှိထားခဲ့သော်လည်း ကျောက်ကျင်းကောက ကျန်းကျန့်နှင့် အဆက်အသွယ်မရှိခဲ့ပေ။


ကျန်းကျန့် အကြောင်း ကျန့်ရီကို မေးရန် သွားခဲ့သော်လည်း ကျန်းကျန့် ဘေးကင်းကြောင်းသာ ပြောပြခဲ့သည်။ ထို့အပြင် ကျန်းကျန့်နှင့် ပတ်သက်သည့် သတင်းများ ထပ်မံ မရရှိတော့ပေ. . .


ကျောက်ကျင်းကော မလွဲမသွေ အနည်းငယ် စိုးရိမ်လာသည်။သူ စိုးရိမ်ရလွန်း၍ ညဘက်ပင် ကောင်းကောင်းအိပ်မပျော်ပေ။သူ ကျန်းကျန့်ကို အရမ်းလွမ်းသည်။


ထိုနေ့တွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသောအခါ ကျောက်ကျင်းကောတစ်ယောက် အနည်းငယ်မျှ စိတ်ပျံ့လွင့်နေခဲ့သည်။ကျန့်ပေါင်နင်က သူ့ကို အကြိမ်အနည်းငယ် ခေါ်ပြီးမှသာ အာရုံတွေ ပြန်လည်ရရှိလာခဲ့၏။


"မရီး အလုပ်များတဲ့နေ့တွေအများကြီးဆိုတော့ ပင်ပန်းနေတာဖြစ်မယ်...တစ်ရက်လောက် အနားယူချင်လား" 


ကျန့်ပေါင်နင်က မေးလိုက်သည်။


ဤရက်တွေမှာ ကျောက်ကျင်းကောသည် မနက်ကနေ ညအထိ အလုပ်များနေပြီး ခဏလောက်ပင် မနားရပေ။ ရံဖန်ရံခါ သူအားလျှင် လေ့ကျင့်ခန်း လုပ်သည်. . . သူက ယောက်ျား အရင့်အမာကြီးတစ်ယောက် ဖြစ်၏၊ သူ အလုပ်ရှုပ်သည်ကို သည်းခံနိုင်ရမည်။


"မလိုပါဘူး" 

ကျောက်ကျင်းကောက ငြင်းဆိုခဲ့သည်။


“မရီး...မင်းရဲ့ကျန်းမာရေးကို ဂရုစိုက်သင့်တယ်၊...မဟုတ်ရင် ဘော့စ် ပြန်လာရင် မပျော်ဘဲနေ လိမ့်မယ်.. "


ကျန့်ပေါင်နင်က ဖြောင့်ဖြသည်။


"ခန္ဓာကိုယ်..." 

ကျောက်ကျင်းကော အေးခဲသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။


ကျန်းကျန့်က အစ သူထွက်သွားချိန်ကတည်းက ကလေးတစ်ယောက် ကိုယ်ဝန်ရှိနေနိုင်သည်ဟု ပြောခဲ့သည်. . . ဒီရက်တွေထဲ သူအရမ်းအလုပ်များနေတော့ အဲဒါကို လုံးလုံး မေ့သွားခဲ့တယ်...သမားတော်ဆီ သွားစစ်သင့်သလား...


သူ့မှာ ဘာအမှားမှ မခံစားရပေမဲ့ ယခင်တစ်ခါ ကိုယ်ဝန်ရှိတုန်းကလည်း လက္ခဏာတွေ အများကြီး ရှိခဲ့သည်။


ကျောက်ကျင်းကော ရက်ပေါင်းများစွာ အလုပ်များနေသောကြောင့် သူလုပ်သင့်လုပ်ထိုက်သမျှကို ပြီးလုနီးပါးပင်။ ၎င်းကို တွေးပြီးသည်နှင့် သူက ကျန့်ပေါင်နင်ကို နေ့ခင်းဘက် ပြန်လာမှာမဟုတ်ကြောင်းပြောပြီး စောင့်ကြည့်ပေးရန်ပြောလိုက်သည်။


ဖုချောင်ရှိ သင်္ဘောကျင်းအနီးတွင် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လုပ်ငန်းအသစ်များကို ဆွဲဆောင်ရန် ဆိုင်တစ်ဆိုင်ကို ငှားရမ်းခဲ့သည်။ မကြာသေးမီက ကျောက်ကျင်းကောက ဆိုင်တစ်ဆိုင်တည်းသာဆိုလျှင် လူများနှင့် ကုန်ပစ္စည်းအားလုံးအတွက် သေးငယ်လွန်းသည်ဟု ခံစားရသောကြောင့် ကျန့်ရီက သူ့အား ချင်ဖုန့်အဆောက်အဦးမှပေးသော ဝင်ငွေဖြင့် မြို့ထဲတွင် အိမ်တစ်လုံးဝယ်ပြီး"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း"ဟုနာမည်တပ်ခဲ့သည်။


သူ ထွက်လာပြီးနောက် သူ့အစေခံကောင်လေး ရို့အာကိုပါ သမားတော်ဆီ ခေါ်သွားခဲ့သည်။


မြို့ထဲမှာ အချိန်အတော်ကြာနေထိုင်ပြီးနောက် ကျောက်ကျင်းကောတစ်ယောက် မြို့နှင့်အတော်ရင်းနှီးနေပြီဖြစ်သဖြင့် အနီးနားက ဆေးဆိုင်ကို မရောက်ခင်မှာဘဲ သမားတော်တစ်ဦးကို တွေ့ရှိခဲ့သည်။


"ဘာဖြစ်လို့လဲ"


သမားအိုကြီးက ကျောက်ကျင်းကောကိုကြည့်ပြီး မေး၏။


"ဘာမှမဖြစ်ပါဘူးသမားတော်ကြီး...ကျွန်တော် ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ချင်လို့ပါ" 

ကျောက်ကျင်းကောက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။


သမားတော်က အရာများစွာကို မြင်ဖူးသောကြောင့် ကျောက်ကျင်းကောက ကော ဖြစ်သည်ကို သူ မအံ့သြဘဲ ပြုံးပြီး ကျောက်ကျင်းကော၏ သွေးခုန်နှုန်းကို စမ်းလိုက်သည်။


ကျောက်ကျင်းကောက သမားတော်ကို မျှော်တလင့်လင့်နှင့် ကြည့်နေပေမဲ့ သမားတော်က ဆရာဝန်က သူ့လက်ကို လွှတ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။


"မဒမ်... မင်းမှာ ကိုယ်ဝန်မရှိဘူး" 

သမားတော်က ပြောသည်။


"အိုး ..."

ကျောက်ကျင်းကော အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။


"မဒမ်က အခုတလော ပင်ပန်းလွန်းတော့ ကလေးရဖို့ လွယ်မှာမဟုတ်ဘူး... ကိုယ်ဝန်ရချင်ရင် အနားယူသင့်ပြီး ဆေးစာလည်း ပေးနိုင်ပါတယ်"

သမားတော်က ဆက်ပြောသည်။


ကျောက်ကျင်းကောအနေဖြင့် ဤရက်များအတွင်း အမှန်ကို အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့ပြီး ၎င်းကို တွေးတောပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


"သမားတော်...ဒါဆို ကျွန်တော့်အတွက် ဆေးနည်းနည်း ပေးပါလား...အခုတလော အိပ်ရေးဝဝ အိပ်ဖို့အခက်အခဲရှိနေတယ်... ကျွန်တော် ဘာဆေးသောက်ရမလဲ"


ကြီးပြင်းလာချိန်တလျှောကိ ဆေးအများကြီးမသောက်ခဲ့ရပေမဲ့ အခုရက်ပိုင်းမှာ အာရုံကြောတွေ မောပန်းနွမ်းနယ်နေသောကြောင့် သူ့အခြေအနေ ပိုကောင်းလာရန် ဆေးသောက်ချင်လာသည်။


သမားတော်က သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် ပစ္စည်းဟောင်းများဖြင့် ပြုလုပ်ထားသည့် သူ၏အဝတ်များကို ကြည့်ရှုလိုက်သည်။ထို့နောက် သူ့အတွက် အလျင်အမြန် ဆေးညွှန်ခဲ့ပြီး တရုတ်ဇီးသီးများ၊ကျွဲကော် နှင့် အခြားပါဝင်ပစ္စည်းများကို ရေးမှတ်ထားကာ စျေးနှုန်းအလွန်မကြီးသော်လည်း ခန္ဓာကိုယ်ကို အာဟာရဖြစ်စေနိုင်သည်။


မြို့၏ ဤဘက်ခြမ်းက သမားတော်များက ဟယ်ချောင်စီရင်စုက သမားတော်များနှင့် အနည်းငယ် ကွာခြားပေမဲ့ အနည်းဆုံး ဟယ်ချောင်စီရင်စုက သမားတော်တွေထက် ပိုက်ဆံအများကြီး ပိုရကြသည်။


အမှန်တွင် ကျောက်ကျင်းကောက ကောင်းကောင်းအနားယူနေပေမဲ့ ဆေးနည်းနည်းလောက်စားသည်ကလည်း မကောင်းသည်မျိုးမဟုတ်ပါချေ။


"ဟိုကိုသွားပြီး ဆေးသွားယူပါ" 

သမားတော်က ဆေးစာပြင်ဆင်ပြီးသည်နှင့် ကျောက်ကျင်းကောကို ပြောလိုက်သည်။ 


ဆေးစာက အလွန်ကြီး စျေးမကြီးပါချေ။ အထုပ်တစ်ထုပ်အတွက် ကြေးဒင်္ဂါး ၇၀ သာရှိပြီး စားစရာထဲတွင် ထည့်စားနိုင်သည်။ကျောက်ကျင်းကောက ငွေ ၂စကို ထုတ်ယူပြီး အထုပ် ၁၀ ထုပ် ဝယ်လိုက်သည်။


ဆေးကို ချိန်ဆပြီး တိုင်းရန် အချိန်များစွာယူရသဖြင့် ကျောက်ကျင်းကော သူ့အတွေးထဲတွင် အနည်းငယ် နစ်မြုပ်သွားရင်း ဘေးတွင် စောင့်ဆိုင်းနေခဲ့သည်။


ကျန်းကျန့် ယခုအချိန်တွင် ဘာလုပ်နေမည်မသိ။


နေ့ရက်တွေက အနည်းငယ်ပူလာပေမဲ့ ယခုအချိန်၌ အနည်းငယ်အေးနေသေး၏။ကျန်းကျန့် အပြင်မှာ ဘယ်လိုနေထိုင်ခဲ့သလဲ သူ မသိပါချေ။ မိုးရွာတဲ့အခါ သူ့မှာ နေစရာနေရာရော ရှိရဲ့လား. . .


ဖျားရင် အပြင်မှာ ဆေးကုနိုင်မှာမဟုတ်ဘူး. . .


ကျောက်ကျင်းကော ပို၍ စိတ်မသက်မသာဖြစ်လာသောအခါတွင် တစ်စုံတစ်ယောက် သူ့ရှေ့မှာ လမ်းချော်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။


အနည်းငယ် စိတ်ရှုပ်နေပေမဲ့ သတိရှိနေတုန်းဖြစ်သဖြင့် သတိထားလိုက်မိချိန်မှာ မသိစိတ်က ရှောင်လိုက်မိပြီး ကယိမ်းကယိုင်ဖြစ်နေသူကို ဆေးဆိုင်၏ကောင်တာပေါ်ကို ကျသွားစေခဲ့လေသည်။


ထိုလူက အဆင်ပြေပေမဲ့ သိက်ကံမကောင်းရှာခဲ့ပေ။ လက်ထဲရှိ စက္ကူဖြင့်ထုပ်ထားသော ဆေးအိတ်ကို ဆုတ်ဖြဲမိကာ ဆေးပင်အမြောက်အမြား ယိုဖိတ်သွားသည်။


ထိုအခါမှသာ ကျောက်ကျင်းကော လဲကျလုနီးပါးရှိသော အမျိုးသမီးမှာ အသက်သုံးဆယ်ကျော်ရှိပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ သူမသည် ဖြူဖျော့နေပြီး အလွန် စိတ်မသက်မသာ ဖြစ်နေသည်။


ကျောက်ကျင်းကော ဤရလဒ်အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။ အကယ်၍ သူသာ စိတ်အနှောက်အယှက်ဖြစ်မနေ ခဲ့လျှင် သူမကို ဖမ်းနိုင်မည်ဖြစ်သည်။


"အဆင်ပြေရဲ့လား..." 


ကျောက်ကျင်းကောင ထိုအမျိုးသမီးကို ကူညီလိုစိတ်ဖြင့် မေးလို

က်သည်။ 


သို့သော် အကူအညီပေးခြင်းဖြင့် ဒုက္ခရောက်မည်ကို သူ မမျှော်လင့်ခဲ့ပေ။


"ငါ့ဆေး... နင်က ငါ့ဆေးကို ဖိတ်အောင်လုပ် လိုက်တာ..." 

အမျိုးသမီးက ကျောက်ကျင်းကော၏လက်ကို ဆွဲကိုင်လိုက်ပြီး

"နင်အဲဒါအတွက် ပိုက်ဆံပေးရမယ်"