Chapter 197
ကျောက်အိမ်အပြင်ဘက်တွင်မူ ကျောက်လျူကြွားနေသည်ဟုထင်နေကြသော အမျိုးသမီးများအားလုံး မေ့လဲမတတ်ဖြစ်သွားသည်။ကျောက်လျူပြောတာတွေက အမှန်ဖြစ်နိုင်လို့လား။သူတို့မိသားစုက တကယ်ချမ်းသာပြီး တချိန်လုံးဖုံးကွယ်ထားခဲ့တာပေါ့။
ကျောက်မိသားစုအိမ်ထဲသို့ သေတ္တာမအားလုံးရွှေ့လိုက်ရန်နာရီဝက်ခန့်ကြာပြီးနောက် ကျန့်ရီလွှတ်လိုက်သည့်သူများက ပြန်သွားကြပြီဖြစ်သည်။ ကျောက်မိသားစုဝန်းထဲစောင့်ကြပ်ရန်အတွက် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှလူများသာ ကျန်နေသည်။
ထိုအချိန် ကျန်းကျန့်မှာထားသည့် စားသောက်ဆိုင်မှအစားအစာများလည်း ရောက်လာပေပြီ။
ကျန်းကျန့်က ယခုတစ်ကြိမ်ထွက်သွားရာတွင် ပိုက်ဆံများစွာရှာနိုင်သဖြင့် စားသောက်ဆိုင်တွင်မှာထားသည့်အစားအစာများကလည်း စားပွဲဆယ်ခုစာအပြည့်ပင်။
စားပွဲတိုင်း ကြက်၊ဘဲ၊ငါးနှင့်အသားများအပြင် အစားသရဲဆယ်ယောက်ပင်စားမကုန်သည့် ဟင်းပွဲများပင်ရှိနေသည်။
စားသောက်ဆိုင်က ကျောက်မိသားစုထံသို့ ဟင်းပွဲများအား ဝါးခြင်းတောင်းများဖြင့် လူများစွာသုံးပြီးပို့ပေးထားရသည်။
ကျောက်မိသားစုအတွက် ဟင်းပွဲများက အိမ်နှင့်မဆန့်တော့၍ အိမ်အပြင်ဘက်ရှိသေတ္တာများပေါ် ထားလိုက်ရသည်။
ကြက်ကင်၊ဘဲကင်၊ငါးပေါင်းဗူးများဖြင့် အမျိုးအစားစုံလင်လှသည်။ကျန်းကျန့်နောက် တစ်လခန့်လိုက်ရင်း အစားအစာအဝတ်အထည်ပြတ်လပ်ခဲ့ကြ၍ သူတို့မျက်လုံးများက လောဘတကြီးအစိမ်းရောင်ပြောင်းသွားကြသည်။
ဟင်းပွဲအားလုံးချရန်ပင် မစောင့်တော့ပဲ စပြီးစားလိုက်ကြသည်။
ကျန်းမင်ကလည်း အစားအသောက်အချို့ဆုပ်ကိုင်လိုက်ပြီး ကျောက်မိသားစုတံခါးအနီးထိုင်ချကာ အိမ်တံခါးစောင့်ရင်းစားနေသည်။ကြက်ခြေထောက်ကိုက်နေစဥ် အသက်ငါးဆယ်ခြောက်ဆယ်အရွယ် မိန်းမကြီးတစ်ယောက်က သူ့နားရောက်လာ၏။
"လူငယ်လေး..မင်းဘာအလုပ်လုပ်တာလဲ"
“ကျွန်တော်က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကပါ"
ကျန်းမင်က ထိုအမျိုသမီးအားပြုံးပြလိုက်ရင်း ကျောက်မိသားစုအိမ်နီးချင်းဖြစ်ရမည်ဟု တွေးမိသည်။
“ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကလား...မင်းက ကျောက်ကျင်းကောလက်အောက်မှာ အလုပ်လုပ်တာလား"ထိုအမျိုသမီးက ထပ်မေးလာသည်။
“ဟုတ်ပါတယ်"
ကျန်းမင်က ဖြေလိုက်ရင်း အသားတုံးကြီးကြီးအား ပါးစပ်ထဲထည့်ကာမြန်မြန်ဝါးလိုက်သည်။
ထိုအမျိုးသမီးက အခြားအရာများမေးလာချင်သော်ငြား ကျန်းမင်စားနေသည့်ပုံစံကြောင့် အံ့အားသင့်သွားကာ မေးခွန်းပြောင်းမေးလာ၏။
"မင်းဘာလို့ မြန်မြန်စားနေတာလဲ...ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက မင်းတို့ကို အစားအစာတွေ မပေးဘူးလား"ဤနေရာသို့ရောက်လာသူများမှာ ဆာလောင်နေသောသရဲများနှင့်တူနေ၍ပင်။
“အဲ့ဒါ...ကျွန်တော်တို့က အရင်ကအသားမစားခဲ့ရဘူး..နေ့တိုင်း ငါးတွေပဲစားနေရတာ..လူကိုလွှင့်ပစ်ချင်လောက်အောင်ပဲ"ကျန်းမင်က ဆိုလာသည်။
ကျန်းမင်နားကလူများကလည်း ခေါင်းညိတ်ပြလာကြသည်။
"ဟုတ်တယ်...အိုက်ယား ဘော့စ်က စားသောက်ဆိုင်ကမှာတဲ့အခါ သေချာကြည့်မမှာဘူး..စားပွဲပေါ်မှာ ငါးပေါင်းတွေတောင်ရှိနေတာ..အဲ့ဒါကို အခု ဘယ်သူကစားချင်မှာလဲ"
“မင်းတို့ ပင်လယ်ကိုထွက်သွားကြတာလား"
အမျိုးသမီးက ထပ်မေးလာသည်။နေ့တိုင်းငါးတွေစားနေရတယ်...အဲ့ဒါပင်လယ်ပဲဖြစ်ရမယ်။
“ဟုတ်တယ်...ပင်လယ်ကိုသွားခဲ့ကြတာ"ကျန်းမင်က ခေါင်းညိတ်ပြလိုက်သည်။
ထိုအမျိုးသမီးက ကျန်းမင်အား စိုက်ကြည့်လိုက်ပြီး ကျောက်မိသားစုအိမ်အား ရှုပ်ထွေးနေသောမျက်နှာဖြင့်ကြည့်လိုက်သည်။
အဲ့ကျောက်လျူပြောခဲ့တာ တကယ်အမှန်ပေါ့။
မူလက ကျောက်မိသားစုအကြောင်းပြောရန်စုဝေးနေကြသည့် လူများက ထိုခဏ၌ ရှုံ့မဲ့သည့်မျက်နှာများဖြစ်ကုန်ကြသည်။အထူးသဖြင့် သူ့တူမအား ကျောက်ကျင်းကောနှင့်လက်ထပ်စေချင်သော်ငြား အငြင်းခံလိုက်ရသည့်တစ်ယောက်ပင်။သူမနှလုံးသားထဲ ပြောင်းပြန်လှန်သလိုခံစားလိုက်ရသည်။
ယခင်က သူမသည် ကျောက်လျူနှင့်ဆက်ဆံရေးကောင်းကောင်းရှိပြီး ကျောက်လျူကလည်း သူမသားငယ်အား အလုပ်တစ်ခုရှာပေးမည်ပြောထားသည်။သူမက ကျောက်မိသားစုအကြောင်းအတင်းအဖျင်းပြောတတ်ပြီး အောင်သွယ်အလုပ်ကျရှုံးသွား၍ ပိုပြီးစိတ်ဆိုးလာကာ ကျောက်မိသားစုမကောင်းအကြောင်း နေရာတိုင်းပြောတော့သည်။
ယခု ကျောက်လျူသည်လည်း သိသွား၍ ဤရက်အတွင်း သူမအား စကားပင်ပြောချင်ဟန်မတူ။
ဤကျောက်မိသားစုက အံ့သြဖွယ်ကောင်းအောင်ပင် ချမ်းသာ၏။သူမသာသိခဲ့ပါက ကျောက်လျူအား မည်သို့မှ ဆွဲချလိုက်မည်မဟုတ်။ကျောက်လျူ၏မိသားစုမှ အကျိုးအမြတ်မရနိုင်မှာစိုးမိသည်။
အခြားသူများကလည်း ထိုအမျိုးသမီးကဲ့သို့ ဝမ်းနည်းနေကြသည်။သူတို့သာ ကျောက်မိသားစုအတင်းမပြောခဲ့ဘဲ ကျောက်လျူနှင့်ကောင်းမွန်သည့်ဆက်ဆံရေးရှိပါက သူမအားမှီခိုနိုင်ပြီး အခြားသူများနှင့်ဘေးမှရပ်ကြည့်နေရမည်မဟုတ်ချေ။
ထိုလူများက အတွေးလွန်နေကြသော်လည်း ကလေးများက ရိုးရိုးရှင်းရှင်းသာ။သူတို့က ကျောက်မိသားစုအိမ်သို့ ပြေးသွားလိုက်ရင်း ကျောက်မိသားစု၏လူရှည်ကြီးများထံပြေးသွားကာ အစားအစာများအား ဆာဆာနှင့်ကြည့်နေကြသည်။
“လာ...."
ကျန်းမင်က ကလေးများအား လက်ယပ်ခေါ်လိုက်ရင်း သူတို့မစားချင်သည့်ငါးဟင်းပန်းကန်များနှင့်တူများအား ပေးလိုက်သည်။
"ဒါမင်းတို့အတွက်...ငါးအရိုးတွေ သေချာထွင်စားကြ"
ပြေးလွှားနေသည့်ကလေးများက အသက်မငယ်တော့။ဖူချောင်တွင်လည်း ငါးပေါလှသဖြင့် ယခင်ကငါးစားဖူးသော်လည်း တူများကောက်ကိုင်လိုက်ပြီး မြန်မြန်စားလိုက်ကြသည်။
ဤငါးပေါင်းက အလွန်အရသာရှိလှကာ ထိုအရသာရှိသည့်ငါးမျိုး ယခင်က မစားဖူးချေ။
“အဲ့ဒီကောင်လေးတွေကတော့....တော်သေးတယ် ဟိုလူတွေက သဘောထားကြီးကြလို့...ငါးဟင်းတစ်ပန်းကန်က ကြေးပြားအများကြီးကုန်ပေမယ့် ကလေးတွေစားဖို့ပေးလိုက်ကြတယ်..."
ချင်းယန်လမ်းကြားမှ အဖိုးကြီးတစ်ယောက်က သက်ပြင်းချလိုက်သည်။သူက ထိုစားသောက်ဆိုင်အား သိပေသည်။ထိုနေရာရှိငါးပေါင်းက တစ်တုံးလျှင် ကြေးပြားငါးဆယ်ခြောက်ဆယ်ဝန်းကျင်ရှိလေ၏။
ကျန်းကျန့်လူများက အပြင်တွင် စားသောက်နေကြစဥ် အထဲရှိ ကျန်းကျန့်ကလည်း အတူတူပင်။
ကြက်တောင်ပံစားရသည်အား ကြိုက်သည့် ကျန်းကျန့်က ကြက်တောင်ပံပင်မစားတော့ပဲ ကြက်ခြေထောက်အား နှစ်ကိုက်သုံးကိုက် စားပစ်လိုက်သည်။
အသားအချို့စားပြီးနောက် ကျန်းကျန့်စားနှုန်းအရှိန်လျော့သွားပြီး ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့အား ယခုတစ်ကြိမ်ရှာခဲ့သည့်ပိုက်ဆံအကြောင်း ပြောလိုက်သည်။
"ဒီတစ်ကြိမ်က ပိုပြီးရှာခဲ့တယ်..ငွေတုံးသိန်းဂဏန်းလောက်..."
ကျောက်ဖူကွေ့က ကိုင်ထားသည့်ပန်းကန်လုံးအား ဖြတ်ခနဲချလိုက်မိကာ ကျောက်လျူကမူ တောင့်ခဲသွားသည်။
"ဘယ်လောက်လောက်ရှာခဲ့တာ..ရာဂဏန်းလောက်ဟုတ်လား"
“သိန်းဂဏန်းလောက်ပါ"ကျန်းကျန့်က ဆိုလိုက်သည်။
ယခုတစ်ကြိမ်တွင် ကျောက်လျူသည်လည်း ပန်းကန်လုံးအား မတော်တဆလွှတ်လိုက်မိလေသည်။
စားပွဲအပြည့်ပေါ်တွင် ကျန်းကျန့်တစ်ယောက်တည်း စားတော်တည်နေသည်။
ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့က စိတ်နှင့်ကိုယ်နှင့်မကပ်အား။သူတို့က အပြင်ဘက်ကို ခဏခဏကြည့်နေကြပြီး ငွေသိန်းပေါင်းများစွာ၏ပုံရိပ်က သူတို့အားနှောင့်ယှက်နေ၏။ဒီလိုအခြေအနေမှာ သူတို့ဘယ်လိုစားဝင်တော့မှာလဲ။
ကျောက်ကျင်းကောအတွက်ကမူ....။
ကျောက်မင်ကျူးက တစ်နှစ်ပြည့်နေပြီဖြစ်၍ အစာအမာများစစားနေပြီဖြစ်ပြီး သူမအားကျွေးနေရသည်။သို့သော်ငြား သူလည်း စိတ်လှုပ်ရှားနေသည်။
ကျန်းကျန့်က ထိုမတိုင်မီ ပိုက်ဆံများစွာရခဲ့ကြောင်း ပြောထားသော်လည်း ပမာဏများလိမ့်မည်ဟု ထင်မထားခဲ့။
ကျောက်ကျင်းကောက အစစ်အမှန်မဟုတ်သည့်နှယ် ခံစားနေရပြီး ငါးဗိုက်သားပိုင်းအား ဖဲ့ကာ ကျောက်မင်ကျူးပါးစပ်ထဲ ခွံ့ပေးလိုက်သည်။
ကျောက်မင်ကျူးက သူမအနားရောက်လာသည့်အသားတုံးကြောင့် ပါးစပ်ကျယ်ကျယ်ဟလိုက်သော်ငြား သူမခန္ဓာကိုယ်အား ကျောက်ကျင်းကောကထိန်းထားသဖြင့် လှမ်းကိုက်ရန် လည်ပင်းလေးကတိုနေသည်။ထို့ကြောင့် မကျေမနပ်ဖြစ်လာ၏။
"ဝူး....."
ကျောက်မင်ကျူး၏အော်သံက ကျောက်ကျင်းကောနှင့်ကျောက်စုံတွဲအား လန့်နိုးသွားစေ၍ ကျောက်ကျင်းကောက အမြန်ပင် ငါးကျွေးလိုက်ရသည်။ထို့နောက် သူက စားပွဲပေါ်ရှိ ဝက်ကင်နှင့်ကြက်ကင်တို့အား ကျန်းကျန့်တစ်ဝက်ကျိုးသည်ထိ တွယ်ထားမှန်းသိလိုက်ရသည်။
“အများကြီးမစားနဲ့လေ..ဝမ်းလျောနေကုန်မှ"ကျောက်ကျင်းကောက စိုးရိမ်တကြီးပြောလာသည်။.
“ဝမ်းလျောလည်း လျောပါစေတော့"ကျန်းကျန့်က ပြုံးလျက်ဆိုလိုက်သော်လည်း ဆက်မစားတော့ချေ။
ရှေးခတ်အချိန်တွင် သင်သာ ဝမ်းလျောပါက ဆေးမရှိ၍ အစားသာဂရုစိုက်စားရမည်ဖြစ်သည်။
ကျန်းကျန့်က စားသောက်ပြီးချိန် သိပ်မစားထားသည့် ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့က တူများချလိုက်ကြသည်။
သူတို့က အပြင်သို့သွားရန် မစောင့်နိုင်တော့။ကျန်းကျန့်လူများက သေတ္တာများအား စားပွဲအဖြစ်သုံးနေကြပြီး အချို့သေတ္တာများမှာ ဟင်းအဆီနှင့်စွပ်ပြုတ်ရည်များပေပွနေကြောင်း တွေ့လိုက်ရသည်။
ဒီ..သေတ္တာတွေက ငွေတွေပြည့်နေတာပေါ့လေ...ကောင်းပါတော့မလား..အဲ့လိုဆို။
ကျောက်လျူနှင့်ကျောက်ဖူကွေ့တို့က လက်များပွတ်သပ်ကာ တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။
ကျန်းကျန့်က မြန်မြန်စားသောက်နေသော်ငြား သူ့လူများက ပို၍မြန်သေးသည်။
ကျန်းကျန့်က စားသောက်ဆိုင်အား လူတစ်ရာစာထက်မနည်း မှာထားသော်လည်း လူငါးဆယ်နှင့်ပြောင်သွားလေသည်။
ကျောက်မိသားစု၏စိုက်ခင်းထဲတွင် သေတ္တာများပေါ်၌ ခွက်များပန်းကန်များအပြည့်ဖြစ်နေပြီး လူများက သေတ္တာပေါ်ထိုင်ရင်း ဖောင်းကားနေသောဗိုက်အား ပွတ်သပ်နေကြသည်။
ဟူမိသားစုငွေစက္ကူအိမ်တော်မှလူများရောက်လာသည့်အချိန် သူတို့က ရှုပ်ပွနေသောမြင်ကွင်းကို မြင်လိုက်ကြရသည်။
“သခင်ကြီးကျန်းက ဘယ်သူလဲ...ငွေတွေကရော."
ဟူ ငွေစက္ကူအိမ်တော်၏ဘော့စ်က အသံကျယ်ကျယ်မေးလာ၏။
သူ၏အလုပ်ရှင်က ဤနေရာသို့ ငွေရွှေ့ရန် လူပေါင်းများစွာခေါ်လာခိုင်းထားသည်။ဒီလိုအိမ်သေးသေးလေးက သူကိုယ်တိုင်လာဖို့လိုပြီး လူခေါ်ရွှေ့ရအောင်ထိ ငွေတွေရှိလို့လား။
“တံခါးပိတ်လိုက်..."ကျန်းကျန့်က ပြောလိုက်သည်။သူ့လူများက တံခါးပိတ်လိုက်ပြီးနောက် သူက ခြံထဲရှိသေတ္တာကြီးအားထိုးပြလိုက်ကာ ဆိုသည်။
"ငွေတွေက အထဲမှာ..အတူတူချိန်ကြတာပေါ့"
ထိုနာမည်ကြီးလှသည့်ငွေစက္ကူအိမ်တော်မှာ ငွေစုဘဏ်ဖြစ်ကာ အနာဂတ်မှဘဏ်နှင့်တူသည်။ငွေစက္ကူအိမ်တော်လုပ်ငန်းက နေရာဒေသကြောင့် ဘဏ်များနှင့် မယှဥ်သာနိုင်။သူတို့ပေးသည့်ငွေစက္ကူကလည်း ပမာဏအချို့သာရှိသည်။
ဤတစ်ကြိမ်က ကျန်းကျန့်ကိုယ်တိုင်လည်း သယ်လာသည့်ငွေပမာဏအား ရှင်းရှင်းလင်းလင်းမသိပေ။ဟုန်ကျင်းဆားသင့်မြေတွင် အလေးချိန်မချိန်ခဲ့ရ၍ဖြစ်မည်။ထို့ကြောင့် သူက ငွေများအား ငွေစက္ကူအိမ်သို့တိုက်ရိုက်မယူသွားခြင်းဖြစ်သည်။သူ့တွင်ရှိသည့် ငွေပမာဏအား အရင်သေချာအောင်လုပ်ဖို့လိုသည် မဟုတ်လား။
ကျန်းမင်နှင့်ဟယ်ရှားရှန့်က အမြန်ပင် သေတ္တာပေါ်ရှိဟင်းပွဲများအား ဖယ်ရှားပစ်ကာ သေတ္တာကိုမလိုက်ပြီး ဟူငွေစက္ကူအိမ်တော်ခေါင်းဆောင်အား ပြောလိုက်သည်:
"လာပါ...အတူတူချိန်ကြတာပေါ့"
သေတ္တာအားဖွင့်လိုက်ချိန် သပ်သပ်ရပ်ရပ်စီထားသည့်ငွေတုံးများက ရွှေရောင်လက်နေပြီး နေရောင်ခြည်ထဲတလက်လက်တောက်ပနေသည်။
ဆိုင်ရှင်က သူ့ဘေးရှိငွေတုံးများအားကြည့်လိုက်ပြီး သေတ္တာအားကြည့်လိုက်မိသည်။
ရုတ်တရက် သူဘာပြောရမှန်း မသိတော့။ခဏလေး.....ထိုဘော့စ်က ချက်ချင်းပင် ဤခြံထဲ၌ ထိုသေတ္တာမျိုးများစွာရှိသေးကြောင်း သိလိုက်ရသည်။
အဲ့သေတ္တာတွေကလည်း ငွေတွေအပြည့်ပဲလို့ပြောနေတာမို့လား။
ထိုဘော့စ်က ရုတ်တရက် နည်းနည်းမူးနောက်နောက်ဖြစ်သွားသည်။သူ လူအများကြီး ခေါ်လာခဲ့သင့်သည်။
တချီတွင် အလေးချိန်နှင့်ငွေစျေးတန်ဖိုးအား အရောင်နှင့်အကဲဖြတ်၍ရသည်။
ငွေ၏အရောင်ကောင်းလျှင် ပိုတန်ဖိုးကြီးလေ၏။အရောင်အသွေးမကောင်းသည့်ငွေများအနေဖြင့် တန်ဖိုးနည်းမည်ဖြစ်ပြီး အချို့ကုန်သည်များမှာ အရောင်မလှသည့်ငွေများပင် လက်မခံကြပေ။
အရောင်အသွေးအရင်ကြည့်လိုက်သည့် ဆိုင်ရှင်က မြင်သွားပြီးနောက် အံ့အားသင့်သွားရသည်။"ဒီငွေတုံးတွေရဲ့အရောင်က အကောင်းဆုံးပါပဲလား"
“အင်း"ကျန်းကျန့်က ခေါင်းညိမ့်လိုက်သည်။အမှန်တွင်ဖြင့် သူက ဤငွေတ
ငွေတုံးများအား ဟုန်ကျင်းဆားလွင်ပြင်မှရလာခဲ့သည်ဖြစ်၍ သေချာပေါက် အရောင်မဆိုးလောက်နိုင်။
ကျန်းကျန့်က အလွန်တည်ငြိမ်နေ၍ ထိုဘော့စ်က ကျန်းကျန့်အားကြည့်လိုက်ချိန် ဤလူက မရိုးရှင်းမှန်းခံစားမိသည်။ယခုအချိန် သူအရင်ဆုံးလုပ်ရမည့်အရာက ငွေချိန်ရန်ဖြစ်သည်။
ငွေတုံးများအား ကျန်းကျန့်က သူ့လူများကိုအရင်ချိန်ခိုင်းလိုက်ပြီး အလေးချိန်ချရေးထားရန်ပြောကာ ဆိုင်ရှင်ခေါ်လာသည့်လူများကို ပြန်ချိန်ခိုင်းလိုက်သည်။အလေးချိန်မှန်ကြောင်းအတည်ပြုပြီးသည်နှင့် ပမာဏအား စာအုပ်ထဲရေးထားမည်ဖြစ်သည်။
သူတို့ခြေလက်များက အလွန်မြန်ဆန်သော်လည်း ငွေပမာဏများလွန်း၍ အားစိုက်ထုတ်လိုက်ရသည်။ကျန်းကျန့်က တစ်ခဏမျှလေ့လာကြည့်နေပြီးနောက် ရပ်ကာကျောက်မင်ကျူးနှင့် စနောက်ပေးနေသည်။
ဤသည်အားမြင်ပြီး ကျောက်လျူက နှလုံးခုန်မြန်နေသောရင်ဘတ်အားပုတ်ကာ ကြည့်နေသည်အားရပ်လိုက်ရသည်။သူမစိတ်လှုပ်ရှားလွန်း၍ ဆက်မရပ်နိုင်တော့မည်စိုး၍ပင်။
ခြံထဲတွင် ငွေများပြည့်နေ၍ သူမက အသက်ပြင်းပြင်းရှူနေရပြီး ဤနေရာတွင်ဆက်မနေနိုင်တော့ချေ။သူမက ခြံတံခါးထောင့်ကို ဖွင့်လိုက်ကာ အပြင်ဘက်လမ်းလျှောက်ထွက်သွားသည်။
ကျောက်လျူထွက်လာသ
ည်နှင့် လူများဝိုင်းအုံလာကြသည်။
“ကျောက်လျူ...အခုလေးတင်ပြန်လာတာ ရှင့်သားမက်လား"
“ရှင့်သားမက်က တကယ် လုပ်ငန်းရှင်ကြီးပါလား..ဟမ်"
“ကျွန်မက ရှင်အမှန်တွေပြောနေမှန်း မထင်ထားခဲ့ဘူး...."