အပိုင်း ၂၀၁
Viewers 32k

Chapter 201




နှစ်ပေါင်းများစွာကြာပြီးနောက် သူမမှာ လျောင်ချင်းဟယ်တွင် အခြားမိန်းမရှိကြောင်းမသိခင်ကလောက် ဒေါသမထွက်ခဲ့သော်လည်း ကလေးဆိုလာ၍....။


လျောင်မိသားစုရှိ

လူများက ဖြုန်းရန်သာသိကြပြီး ငွေရှာနည်းကို မသိကြချေ။သူမလက်ထပ်စဥ်က သူတို့တွင် ပိုက်ဆံမရှိရုံသာမက အခြားသူများအပေါ်တွင်လည်း အကြွေးများရှိလေ၏။ယခုတွင် လျောင်မိသားစုတစ်ခုလုံးက သူမ၏တင်တောင်းကြေးအပေါ်မှီခိုနေရကြောင်း ပြော၍ရသည်။


သူမတွင်သာ ကလေးတစ်ယောက်ရှိပါက မိန်းကလေးဆိုလျှင်ပင် သူမ၏ပိုက်ဆံအားလုံးအား သူမအတွက်တင်တောင်းကြေးအဖြစ် သမီးဖြစ်သူကိုပေးလိုက်နိုင်သော်လည်း သူမတွင်လည်း ကလေးမရှိပေ။


လျောင်ချင်းဟယ်က မွေးလာမည့်ကလေးမှာ သူမအား အမေခေါ်မည့်အကြောင်း ကြားလိုက်စဥ် ဝမ်ယင်နျန်းမှာ ချက်ချင်းပေါက်ကွဲလာခဲ့သည်။


သူမဗိုက်ထဲကထွက်လာခြင်းမဟုတ်သည့်ကလေးကို သူမ မလိုချင်ပေ။


သူမ၏တင်တောင်းကြေးအား အခြားသူ၏ကလေးကိုထောက်ပံ့ရန် မသုံးလိုက်ချင်။


အမှန်တွင်ဖြင့် ဝမ်ယင်နျန်းကလည်း ဆယ်နှစ်ကြာပြီးနောက် ကလေးမရနိုင်သည့်အတွက် ကလေးရလာတော့မည်မဟုတ်မှန်း သိထားခဲ့သည်။


ဤကိစ္စတွင်...သူမ၏ပိုက်ဆံအား လုလွမ်ဗိုက်ထဲရှိကလေးကို ပေးလိုက်ရမည်က ဖြစ်နိုင်မည်လား။


သူမက လုလွမ်ကို မောင်းထုတ်ချင်လောက်အောင် ဒေါသထွက်မိသည်။သို့သော်လည်း လျောင်ချင်းဟယ်က အစေခံမလေးများအား လုလွမ်ကိုစောင့်ရှောက်ရန်နှင့် သူအပြင်ထွက်သည်နှင့် သူမအားတားရန်ပြောထားသည်။


ဤအစေခံမိန်းကလေးများက သူမလက်ထဲမှပိုက်ဆံရသည်ဖြစ်ပြီး သူမကိုသာမှီခိုကြသူများသာ။သူတို့က သူမစကားကိုနားထောင်ကြသော်လည်း ယခုတွင်မူ လျောင်ချင်းဟယ်ကပြောလိုက်သည်နှင့် အံ့သြစရာပင် လျောင်ချင်းဟယ်ဘက်မှာသာရပ်နေကြပြီး ဘယ်ကရောက်လာမှန်းမသိသည့် လုလွမ်ကို ကာကွယ်ပေးနေကြသည်။


သူမက သူတို့သခင်လေးအတွက် ကလေးမမွေးပေးနိုင်သည့်အတွက် အနာဂတ်သခင်မ မဖြစ်နိုင်၍လားဟု တွေးမိလာသည်။


သူမက စဥ်းစားရင်း ဒေါသထွက်လာရကာ မြင်းကိုထိန်းထားရင်း ကြာပွတ်နှင့်လူရိုက်တော့သည်။သို့သော်လည်း သူမက ကျန်းကျန့်မှအတားခံလိုက်ရသည်ပင်။


“ယင်နျန်း...မြင်းပေါ်က ဆင်းခဲ့"လျောင်ချင်းဟယ်က ချော့ပြောလာသည်။


"မင်းရဲ့အမှားကိုသာဝန်ခံလိုက်ရင် ဒီနေ့ဖြစ်ခဲ့တာတွေကို ကျေအေးပေးလိုက်မယ်...ယင်နျန်း သူမဗိုက်ထဲက ကလေးမွေးပြီးရင် မင်းက စောင့်ရှောက်ပြီးပျိုးထောင်လို့ရ...."


“ဒီမိန်းမဗိုက်ထဲက ကလေးကို ဘယ်သူက ပျိုးထောင်ပေးချင်နေလို့လဲ..."


ဝမ်ယင်နျန်းက ဒေါသတကြီးဆိုလိုက်သည်။ဒီလျောင်ချင်းဟယ်က တခြားကလေးကိုမွေးခိုင်းနေတယ်ပေါ့...ပြီးတော့ အခွင့်ကောင်းပဲလို့ပြောသေးတယ် ...ရယ်စရာပဲ။


“ယင်နျန်း..ဒါ ငါ့ကလေးကွ"


လျောင်ချင်းဟယ်က ဆိုလိုက်ရင်း သူ့နားက အစောင့်အရှောက်များအား ခေါ်လိုက်သည်။


"မင်းတို့တွေကူပြီး မဒမ်ကို မြင်းပေါ်က ဆင်းပေးလိုက်ကြ...သူမနားဖို့ အိမ်ထဲပြန်ခေါ်သွား"


လျောင်မိသားစုအစောင့်အရှောက်များက ဝမ်ယင်နျန်းထံ အမြန်ရောက်လာကြသည်။


မြင်းက ကျန်းကျန့်ဆွဲထားသည်ဖြစ်ပြီး လျောင်မိသားစုမှလူများဝန်းရံလာ၍ ဝမ်ယင်နျန်းတွင် ပြေးစရာမြေမရှိပေ။


သူမအား "မဒမ်"ဟုခေါ်ပြီး တရိုတသေဆက်ဆံဖူးသောသူများက သူမစကားကို အတည်မမှတ်ကြတော့၍ ဝမ်ယင်နျန်းက ဒေါသထွက်လာရသည်။သူမက မြင်းပေါ်က ခုန်ချလိုက်ပြီး ကျန်းကျန့်ကို လှောင်ပြုံးပြုံးလိုက်ကာ"မင်းက တကယ်ကောင်းတဲ့သူပဲ...ဒီရန်ငြှိုးကို...ငါသေချာပေါက် ပြန်တောင်းမယ်"


ဤလူကြောင့်သာမဟုတ်လျှင် သူမ ဤအခြေအနေထိရောက်သွားမည်မဟုတ်။


ဝမ်ယင်နျန်းက စိတ်ဆိုးနေသော်ငြား လျောင်ချင်းဟယ်က ကျန်းကျန့်ကို ကျေးဇူးတင်နေသည်။ကျန်းကျန့်ကြောင့်သာမဟုတ်လျှင် လုလွမ်ဗိုက်ထဲရှိကလေး ပျက်ကျပြီးသည်ပင်။


“မဒမ်လျောင်..."ကျန်းကျန့်က ရုတ်တရက်ခေါ်လာသည်။


"ကျန်တော် ခင်ဗျားရဲ့ဒေါသကိုနားလည်ပေမယ့် တရားခံအစစ်ကိုရှာသင့်တယ်လို့ ထင်တယ်"


ဝမ်ယင်နျန်းမှာ မေ့လဲမတတ်ဖြစ်သွားသည်။တခြားအကြောင်းအရာတွေရှိသေးတာလား။


“အပြင်မှာ အခြားတစ်ယောက်ရှာပြီး ကလေးရှိတာက ခင်ဗျားယောကျာ်းလေ...ဒီအမျိုးသမီးနဲ့ အစေခံတွေနဲ့မှမဆိုင်တာ...သူမက သူကိုယ်တိုင် ခင်ဗျားယောကျ်ားကို တွန်းအားပေးနိုင်လို့လား"ကျန်းကျန့်က ဆိုလိုက်ကာ:"ဒါက ခင်ဗျားယောကျာ်းရဲ့အမှားပဲ သူများတွေကို လိုက်ရိုက်နေစရာမလိုဘူး" 


ဝမ်ယင်နျန်းက တွေဝေသွားရပြန်သည်။


ကျန်းကျန့်က သူ့လက်ထဲမှကြာပွတ်အား ဝမ်ယင်နျန်း လက်ထဲထည့်ပေးလိုက်ပြီး:"ဘာလို့အမျိုသမီးတစ်ယောက်က အခြားအမျိုးသမီးတစ်ယောက်ကို ခက်ခဲအောင်လုပ်နေမှာလဲ..ကျွန်တော်သာ ခင်ဗျားနေရာမှာဆို ..ကျွန်တော့်အပေါ်အမှားလုပ်ရဲတဲ့သူကို အရင်ဆုံးရိုက်ချပစ်လိုက်မှာ"


ကျန်းကျန့်အနေဖြင့်မူ အမျိုးသားကသာ အဓိကဖြစ်နေ၍ မိန်းမနှင့်အပျော်မယားကြား ရန်ပွဲက အဓိပ္ပါယ်မရှိကြောင်း တွေးမိသည်။


အပျော်မယားက အဲ့ယောက်ျားကို ဖိအားပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။


ကမ္ဘာပေါ်မှာ အဲ့လိုထူးဆန်းတဲ့အရာတွေရှိရင်တောင် အဲ့စိတ်တိုစရာကောင်းတဲ့ ယောက်ျားကိုပဲ ရန်လုပ်သင့်တာလေ...ဘာလို့ နဂိုမိန်းမက သူမကို သွားရန်လုပ်ရမှာလဲ။


ဤခေတ်ကမ္ဘာတွင် အပျော်မယားထားခြင်းမရှိကြပဲ အမျိုးသားအများစုက ဇနီးသုံးယောက်နှင့်ကိုယ်လုပ်တော်လေးယောက်သာထားကြသည်။


သို့သော်လည်း ကျန်းကျန့်က ဤအကြောင်းစဥ်းစားမိသည်နှင့် စိတ်ညစ်လာသည်။


သူ့မင်ကျူးလေးသာ အနာဂတ်မှာ ပါတနာတစ်ယောက်ရလာရင် သူမလည်း အခြားတစ်ယောက်ရှိနေတဲ့ ယောကျ်ားနဲ့ အိမ်ထောင်ရေးတည်ဆောက်ရအုံးမှာလား...။ဘာလို့လဲ။


ကျန်းကျန့်၏စိတ်ကူးက အခြားသူများနားလည်ရန်ခဲယဥ်းလှ၍ ဝမ်ယင်နျန်းက ကြာပွတ်လှမ်းယူလိုက်ချိန် တစ်ကိုယ်လုံးတောင့်ခဲသွားရသည်။ဘာ...ဘာလို့ ဒီလူက လျောင်ချင်းဟယ်ကိုရိုက်ဖို့ပြောနေရတာလဲ။


လျောင်ချင်းဟယ်ကလည်း ကျန်းကျန့်ကို အံ့အားသင့်စွာကြည့်လိုက်မိသည်။ဒီလူက တစ်ခုခုမှားနေတာမဟုတ်ဘူးလား။


ကျန်းကျန့်က ဝမ်ယင်နျန်း ကြာပွတ်ယူလိုက်သည်အား မြင်ပြီး နောက်ထပ်တစ်ခုသတိရလာ၍ သူမအား အသိပေးလိုက်သည်


:"မဒမ်လျောင်...ခင်ဗျားက တချီရဲ့မဟာစည်းမျဥ်းတွေအကြောင်း ဖတ်ဖူးမှာပါ...ညင်ညင်သာသာပဲလုပ်ပေါ့"


တချီ၏စည်းမျဥ်းထဲတွင် ယောကျ်ားကိုရိုက်သည့်မိန်းမအကြောင်း ဖော်ပြထားခြင်းမရှိ၍ လူများက မိန်းမများမှာ ယောကျာ်းကိုရိုက်၍မရဟု တွေးမိကြသည်။


သို့ဆိုလျှင်ပင် သင်သာ တစ်ယောက်ယောက်ကိုသတ်လိုက်မိပါက ဝမ်ယင်နျန်းမှာ ကံဆိုးမိုးမှောင်ကျသွားပေမည်။


ယခုခေတ်၏စည်းမျဥ်းများက အမျိုးသမီးများဘက်မှာ ရှိမနေကြ။


ဝမ်ယင်နျန်းက ကြာပွတ်မြောက်လိုက်သော်ငြား ဤသည်အားကြားလိုက်ရ၍ မယမ်းတော့ပဲ လျောင်ချင်းဟယ်ဗိုက်ကို ကန်လိုက်သည်။


“အား....."လျောင်ချင်းဟယ်က စူးစူးဝါးဝါးအော်ဟစ်လာ၏။


“အဆိပ်ပြင်းတဲ့မိန်းမ...အဆိပ်ပြင်းတဲ့မိန်းမ..."လျောင်ဖေဖေနှင့်မေမေတို့က ဒေါသတကြီးအော်ဟစ်လာကြကာ"အဲ့မိန်းမကိုတားလိုက်စမ်း...သူ့ကိုဆွဲထုတ်သွားကြ"


လျောင်အဖေနှင့်အမေတို့၏စကားများကြားပြီးနောက် လျောင်မိသားစုအစေခံများက ဝမ်ယင်နျန်းအားတားရန် သွားလိုက်ကြသည်။


ကောင်းသည့်တစ်ခုက ဤမိသားစုမှအစေခံများက ဝမ်ယင်နျန်းအား ထိပင်မထိရဲကြ၍ပင်။


ဝမ်ယင်နျန်းတွင်လည်း ကိုယ်ပိုင်အစေခံများရှိ၍ မြင်းပေါ်တက်ပြီး ထွက်မသွားမီ သူတို့ကမလိုက်နိုင်ကြကာ လျောင်မိသားစုအစေခံများနှင့် သူမ၏ကိုယ်ပိုင်အစေခံတို့ရောထွေးသွားကြလေ၏။ 


မြင်းကွင်းက ရုတ်တရက် ကသောင်းကနင်းဖြစ်လာသည်။


ဤသည်အား ဘေးမှရပ်ကြည့်နေသည့် ကျန့်ရီမှာ"......"


အစပိုင်းတွင် ကျန်းကျန့်က မဒမ်လျောင်ကိုအပြစ်ပြုမိမည်စိုးနေသော်ငြား ကျန်းကျန့်က ဤသို့အဆုံးသတ်လိုက်မည်ဟုမထင်ထားချေ။


အံ့သြစရာကောင်းတဲ့ ရိုက်ချက်ပဲ။


သူက ကျန်းကျန့်မှာ မဒမ်လျောင်အားအပြစ်ပြုမိမည်ကို စိုးရိမ်မနေတော့ပဲ မဒမ်လျောင်ကသာ လျောင်ချင်းဟယ်အား သတ်လိုက်မည်ကိုစိုးရိမ်မိလေသည်။


သင်သာ ဇနီးတစ်ယောက်လက်ထပ်ချင်ပါက လူကောင်းကိုသာလက်ထပ်သင့်ကြောင်းက မှန်လေသည်။လျောင်ချင်းဟယ်ကသာ လက်ထပ်စဥ်က မျက်စိရှင်ရှင်ထားခဲ့ပါလျှင် ဤသို့ကျားမအားလက်ထပ်ရလိမ့်မည်မဟုတ်သလို အကန်ခံရမည်လည်းမဟုတ်ပေ။ 


ကျန့်ရီက နှိုင်းယှဥ်စဥ်းစားလိုက်ခြင်းပင်။နောက်ရက်များတွင် မြို့ထဲရှိလူများက လျောင်မိသားစုအကြောင်းပြောကြမည်ဖြစ်ကာ လျောင်ချင်းဟယ်လည်း အရှက်ရမည်ဖြစ်သည်။


ကျန့်ရီက ဝမ်ယင်နျန်းကဲ့သို့ မနာခံတတ်သည့်မိန်းမမျိုးကို သဘောမကျချေ။ယောကျာ်းအများစုကလည်း သဘောမကျလောက်ဟု ခန့်မှန်းမိသော်လည်း သူက မဒမ်လျောင်အား ကူညီရမည်ပင်။


သူစုံစမ်းရသလောက် တချီရှိအကောင်းဆုံးသင်္ဘောများ၏တစ်ဝက်ခန့်က ဝမ်မိသားစုဆောက်ထားခြင်းဖြစ်သည်။


“ဘာတွေလေရှည်နေကြတာလဲ...မင်းတို့တွေသွားပြီး လျောင်မိသားစုဝင်တွေထဲကနေ ဆွဲဖြဲပြီး ကျန်းကျန့်ကိုပြန်ခေါ်လာခဲ့လေ"


ကျန်းက သူနှင့်ခေါ်လာသည့်လူများအား မျက်ရိပ်မျက်ခြေပြလိုက်သည်။


ကျန့်ရီနားရှိလူများကလည်း သူ့နောက်လိုက်သည်ကကြာပြီဖြစ်၍ ကျန့်ရီစိတ်ကိုလည်း ဖတ်တတ်ကြသည်။ထို့ကြောင့် အပြေးအလွှားမသွားပဲ လျောင်မိသားစုအစေခံများအား တွန်းကာ ကျန်းကျန့်ကိုပြန်ခေါ်လာကြသည်။


ထို့ကြောင့် မိသားစုအစေခံများမှ လုံခြုံသည့်နေရာသို့ခေါ်သွားခံရသည့် လျောင်ချင်းဟယ်က ဝမ်ယင်နျန်းထံမှ နောက်ထပ်အကန်ခံလိုက်ရသည်။


“ချင်းဟယ်...ယောကျ်ား..."လုလွမ်ကလည်း စိုးရိမ်ပြီး ငိုလာသည်။


“အဆိပ်ပြင်းတဲ့မိန်းမ...ချင်းဟယ်က နင့်ကိုမောင်းထုတ်ပစ်မှာသေချာတယ်"အဖေလျောင်က ဒေါသတကြီးအော်လာသည်။


“နင်...ငါတို့လျောင်မိသားစုထဲ နောက်ထပ်ဝင်လာဝင်လာကြည့်..."အခုထိစကားမဆိုလာသေးသော အမေလျောင်ကလည်း မနေနိုင်၍ ဝင်ပြောလာသည်။


ဤစကားများကြားပြီးနောက် ဝမ်ယင်နျန်းက လျောင်ချင်းဟယ်ကို ထပ်ကန်လိုက်ကာ ရုတ်တရက် အဓိပ္ပါယ်မရှိကြောင်း ခံစားရသည်။


ဘာလို့ ဒီနေရာမှာရှိနေပြီးတော့ ဒီလူတွေရဲ့ ရယ်စရာအဖြစ်ခံနေရမှာလဲ။


သူမက လူအုပ်အားကြည့်လိုက်စဥ် လုလွမ်ကို လူစုကကာထားပေးကြပြီး လျောင်အဖေနှင့်လျောင်အမေတို့ပင် သူမရှေ့မှကာပြီး တားနေသည်အား တွေ့လိုက်ရသည်။


ဒါပေမယ့် သူမကရော.....။


သူမလက်မထပ်မီက သူမကလည်း မိသားစု၏အချစ်တော်လေးဖြစ်ခဲ့သော်လည်း ယခုတွင် ဤလူများက အခြားသူများရှေ့ အရှက်ရအောင်ပြုမူခဲ့ကြပြီး ထွက်သွားရန်ပင် ပြောခဲ့ကြသည်။


ထိုလျောင်ချင်းဟယ်ကလည်း ပန်းပွင့်အိမ်တော်သို့ အကြိမ်ပေါင်းများစွာ သွားလာခဲ့သည်။သူ့တွင် အခြားမိန်းမရှိနေမှန်း သူမစိတ်ပင်မကူးခဲ့ချေ။


သူသာ ကလေးလိုချင်ကြောင်း ပြောခဲ့ပါက သူမက နောက်ထပ်မိန်းမယူခွင့်ပေးချင်ပေးနိုင်လေသည်။သူမကိုယ်တိုင်လည်း မရှိမှဖြင့် သူ့အတွက်ကလေးမွေးပေးရန် သင့်လျော်သည့်အမျိုးသမီးတစ်ယောက် ရွေးချယ်ပေးမည်ပင်။


သူမက လက်ထပ်ပြီးသားဖြစ်၍ အလျော့ပေးရမည့်အရာများလည်းရှိသည်ပင်။


သို့သော်လည်း လျောင်ချင်းဟယ်က သူမကိုမပြောဘဲ အပြင်တွင်မိန်းမရှိနေပြီး ကိုယ်ဝန်ရှိသည်နှင့် အိမ်ပင်ခေါ်လာသေးသည်။


သူမက တစ်ချက်ကြည့်ရုံနှင့်သိလိုက်သည်။လုလွမ်မှာ သူမနှင့်ကိုက်မည့်သူမဟုတ်ပေ။လျောင်မိသားစုတံခါးဝသို့ ရောက်ပင်မလာသော်ငြား လျောင်မိသားစုက ကာကွယ်ပေးလွန်းနေ၍ အနာဂတ်တွင် သူမဆက်ပြီး ရှင်သန်နိုင်ပါဦးမည်လား။


ဤအတိုင်းစဥ်းစားမိရင်း ဝမ်ယင်နျန်းမှာ လမ်းပျောက်သလိုခံစားရလာသည်။


“မဒမ်လျောင်..."ကျောက်ကျင်းကောကလည်း ရောက်လာသည်။သူက လူစုထဲပြေးသွားပြီး ဝမ်ယင်နျန်းကို ခေါ်လိုက်ပြီး ဝမ်ယင်နျန်းကို ဖမ်းရန်ကြိုးစားနေသည့် အစေခံမလေးအား တွန်းထုတ်ပစ်ကာ"မဒမ်လျောင်...အဆင်ပြေရဲ့လား"


ဝမ်ယင်နျန်းက မော့ကြည့်လိုက်ရာ ကျောက်ကျင်းကောအား တွေ့လိုက်ရသည်။


သူမက ကျောက်ကျင်းကောနှင့်တစ်ကြိမ်ဆုံဖူးပြီး သူမက သူ့အားကူညီချင်သည့်အကြောင်းကလည်း သူကလည်း သူမနှင့်ဖျားနာပုံတူနေသည်ဟု ခံစားမိ၍ပင်။


သူမက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှာ ကောတစ်ယောက်မှ ဦးစီးနေကြောင်းကြားမိစဥ်က ကျောက်ကျင်းကောအား စိတ်ဝင်စားမိပြီး နောက်ပိုင်းတွင်လည်း သူမကဲ့သို့ပင် ကလေးရှိနိုင်ရန် သမားတော်ထံလာပြသည်ကို တွေ့လိုက်ရသည်။သေချာပေါက် သူမလည်း သူ့အား စာနာမိသွားသည်။


သူမက ကျောက်ကျင်းကောအား စာနာမိသော်လည်း သူမကိုယ်သူမ ပိုပြီးသနားမိသည်။


“အဆင်ပြေပါတယ်...ဒါပေမယ့် မင်းက ဘာလို့ဒီရောက်နေတာလဲ"ဝမ်ယင်နျန်းက မေးလိုက်သည်။


“ကျွန်တော့်အိမ်က ဒီမှာလေ"ကျောက်ကျင်းကောက အိမ်အသစ်ကို ထိုးပြလိုက်သည်။


ဝမ်ယင်နျန်းက အိမ်တော်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ဆိုလာသည်။


"ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လူတွေကိုကာကွယ်ပေးတဲ့ လုပ်ငန်းမို့လား...ငါမင်းကို ပိုက်ဆံပေးမှာမို့ ငါ့ကိုကာကွယ်ပေးရမယ်"


“ဗျာ...."ကျောက်ကျင်းကောမှာ မေ့လဲမတတ်ဖြစ်သွားလေသည်။


သို့သော်လည်း ဝမ်ယင်နျန်းက ကျောက်မိသားစုအိမ်တော်ထံ လျှောက်သွားပြီဖြစ်ကာ သူမနောက်လိုက်ခဲ့ရန် သူမ၏ကိုယ်ပိုင်အစေခံများအား အချက်ပြလိုက်သည်။


ဝမ်ယင်နျန်းက မင်းနန်စီရင်စုမှဟယ်ရှင်းစီရင်စုဆီ လက်ထပ်လိုက်သည့်အချိန် သူမ၏တင်တောင်းကြေးထဲမှ လယ်ယာနှင့်စီးပွားရေးလုပ်ငန်းများတွင်လုပ်သည့်သူများမပါပဲ လူတစ်ရာထက်မနည်းခေါ်လာခဲ့သည်။


သို့သော်လည်း အချို့အား သူမဆိုင်၏ဆိုင်ရှင်အဖြစ်ခန့်ထားလိုက်ပြီး အချို့သူများက လက်ထပ်သွားကြကာ ကျန်သည့်သူများက အခြားနေရာသွားပြီး သူမအလုပ်ကိုကူပေးကြသည်။ထို့ကြောင့် ယခုသူမဘက်တွင် လူတစ်ဆယ်ခန့်သာ ရှိလေသည်။


ထိုလူဆယ်ယောက်က ဝမ်ယင်နျန်းနောက် လိုက်ခဲ့ကြပြီး အမြန်ပင် ကျောက်မိသားစုအိမ်တံခါးဝသို့ ဝင်သွားကြသည်။သူတို့အထဲမှ အသက်သုံးဆယ်အရွယ်အမျိုးသမီးတစ်ယောက်က ဆိုလာသည်။


"ဒီနှလုံးသားမရှိတဲ့သူတွေ..မဒမ်က သူတို့အပေါ်ကောင်းကောင်းဆက်ဆံပေမယ့် ဆန်ကျင်နေကြတယ်"


ဝမ်ယင်နျန်းကိုတားလာပြီး လုလွမ်ကိုကာကွယ်လိုက်သည့်အစေခံတစ်ယောက်က ဝမ်ယင်နျန်း၏အစေခံများထဲမှဖြစ်၍ သူမစိတ်ဆိုးရသည့်အကြောင်းရင်းထဲမှတစ်ခုလည်းဖြစ်လေသည်။


“ငါက လျောင်မိသားစုရဲ့ မမလေးပဲရှိတာလေ..လျောင်မိသားစုရဲ့ခေါ

င်းဆောင်မှမဟုတ်တာ..သူတို့ငါ့စကားနားမထောင်ကြဘူးပေါ့"


ဝမ်ယင်နျန်းက ဆိုလိုက်ပြီး မျက်လုံးထဲမီးဝင်းဝင်းတောက်လာကာ ခြေလှမ်းကိုအရှိန်မြင့်လိုက်ပြီး ကျောက်မိသားစုအိမ်ပေါက်ဝထံ လှမ်းဝင်လိုက်သည်။