အပိုင်း ၄၉
Viewers 16k

Chapter 49

 ကျောင်းတော်တံခါးဝအားဖြတ်ကျော်၍


" အ... အ... အရှင်မင်းသမီး..."


လူငယ်လေးသည် အချိန်အတန်ကြာ အထစ်အထစ်ဖြစ်နေကာ စကားပင်ဖြောင့်တန်းစွာမပြောနိုင်ချေ။


ယောင်စစ်က သက်ပြင်းချလိုက်သည်။


" ငါ့ကိုယောင်စစ်လို့ပဲခေါ်ပါ..."


"ဟုတ်..."


လူငယ်လေးက မတ်မတ်ရပ်ကာဖြေကြားလိုက်ပြီး အမိန့်တစ်ခုကို လက်ခံရရှိလိုက်သကဲ့သို့ပင်။


" မင်းက ယောင်ချမ့်ပြောတဲ့တစ်ယောက်လား..."


" ဟုတ် ဟုတ်ပါတယ်..."


လူငယ်လေးက မဖြေကြားမီ သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ယူလိုက်သည်။


" ကျွန်တော့်နာမည် ကု...ကုရှုချန်းပါ မျိုးဆက်ခုနစ်ရာ့နှစ်ဆယ်မြောက်ကသွေးစုပ်ဖုတ်ကောင်တစ်ကောင်ပါ... အကြီးအကဲယောင်ကသခင်မလေး ကျောင်းတော်ကိုလုံလုံခြုံခြုံရောက်သွားတာသေချာအောင် ကြပ်မတ်ပေးဖို့လွှတ်လိုက်တာပါ..."


"ဟယ်လို..."


ယောင်စစ်က သူမ၏လက်ကိုဆန့်ထုတ်ပေးလိုက်သည်။


" တွေ့ရတာဝမ်းသာပါတယ် ..."


လူငယ်လေးက ကြောင်အသွားပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို ကောင်းကင်ဘုံမှ ကောင်းချီးလက်ဆောင်တစ်ခုအား လက်ခံရရှိသလို ယောင်စစ်၏လက်ကို ထိကိုင်လိုက်ပြီး ဒူးတစ်ဖက်ထောက်ချလိုက်ကာ ယောင်စစ်၏လက်ဖမိုးအား သူ၏နဖူးဖြင့် အသာအယာထိကပ်လိုက်သည်။


၎င်းက သွေးစုပ်ဖုတ်ကောင်များ၏ အထူးတလည် နှုတ်ဆက်နည်းတစ်ခုဖြစ်၏။


ကုရှုချန်းက တည်ကြည်သိမ်မွေ့သောအသံဖြင့် ပြောကြားလာသည်။


" ဂုဏ်ယူဝမ်းမြောက်မိပါတယ် သခင်မလေး..."


ယောင်စစ် သူမ၏လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမနှင့်တွေ့သောအခါတိုင်း ဖြစ်တတ်သော သွေးစုပ်ဖုတ်ကောင်များ၏ ဖင်မငြိမ်သောအမူအရာများဖြင့် နေသားကျနေပြီဖြစ်သည်။


" ကျောင်းတော်ကိုလိုက်ပို့ပေးပါဦး..."


" ဟုတ်ကဲ့..."


ကုရှုချန်းက သူမအား ကျောင်းတော်တံခါးဝဆီသို့ ခေါ်ဆောင်လာပေးသည်။


နဂါးငွေ့တန်းကျောင်းတော်မှာ စဦးကျောင်းတော်ကြီးတစ်ခု ဖြစ်သည့်အလျောက် ကျောင်းတော်သို့အစီအရင်ခံရမည့် တတိယမြောက်ရက်ဖြစ်သည့်တိုင် ကျောင်းတံခါးဝတွင် ထူထပ်သောလူအုပ်ကြီး ရှိနေဆဲဖြစ်၏။ အချို့မှာ သုံးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ စီတန်းနေကြသော်လည်း ယောင်စစ်ကဲ့သို့ တစ်ကိုယ်တည်းရှိနေသူများလည်းရှိသည်။  ဤနေရာတွင် မတူကွဲပြားသော မျိုးနွယ်စုပေါင်းများစွာလည်းရှိပြီး ယောင်စစ်တွေ့ဖူးသမျှမျိုးနွယ်စုကွဲများထက် ပင်အဆပေါင်းများစွာ ကွဲပြားနေသည်။


သူမတို့ ကျောင်းတံခါးဝကို ဖြတ်ကျော်ခဲ့ပြီးသောအခါ အဝေးမှလက်လှမ်းပြနေသူတစ်ဦးအား တွေ့လိုက်ကြရသည်။


" ညီမလေးး လာပြီလားး..."


ဟော်ချီက အလျင်စလိုပြေးလာလေသည်။


" ငါမင်းတို့ကို တစ်နေကုန်စောင့်ရတော့မယ်ထင်တာ..."


 ဟော်ချီက ဝရုန်းသုန်းကား ပြေးလွှားလာသဖြင့် ကုရှုချန်းက ယောင်စစ်အားဝင်တိုက်မိမည်စိုးသဖြင့် ရှေ့တွင်ကာရပ်လိုက်သည်။


လွန်ခဲ့သောသုံးလက သူမနဂါးငွေ့တန်းကျောင်းတော်တွင် လျှောက်လွှာတင်မည့်အကြောင်း ဟော်ချီအားပြောခဲ့ဖူးသော်လည်း ထိုသူကအမှန်တကယ် သူမအားဤနေရာတွင် လာစောင့်နေပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။


" ဒီကောင်လေးက..."


ဟောချီက ကုရှုချန်းအား စပ်စပ်စုစုအကဲခတ်လိုက်သည်။


" ညီမလေးနင်... ရည်းစားထားနေတာလား..."


" ရှင်ဘာတွေ လျှောက်ပြောနေတာတုန်း..."


ယောင်စစ်၏မျက်နှာက ရှုံ့မဲ့သွားပြီး သူမက သင့်လျော်သောအကြောင်းပြချက်တစ်ခုပေးရန် အချိန်တစ်ခုမျှစဥ်းစားလိုက်ရ၏။


"အာ... သူက  ဦးလေးအိမ်က အငယ်ဆုံးကလေး..."


ကုရှုချန်းက အမှန်တကယ်လည်း ယောင်ချမ့်၏အထူးစွမ်းရည်မျိုးဆက်တွင် အငယ်ဆုံးဖြစ်သည်။


" မင်းတူလေးလား..."


တူဟုတ်လား... အခုသူမကအဒေါ်ဖြစ်ရပြန်ဦးမှာလား...


" သွေးဝေးတဲ့ဆွေမျိုးပါ..."


ဟော်ချီက ထိုအကြောင်းအရာအားလက်ခံသွားပြီး အဓိကအကြောင်းအရာဆီသို့ ဆက်သည်။


" မင်းတကယ်ရောက်လာတာပဲ တကယ်ကသိပ်ထင်မထားဘူးရယ်  ရေစက်လို့ပဲပြောရမှာပေါ့ ယောင်... ယောင်... ယောင်ပြီးတော့ဘာလာတာလဲမင်းနာမည်က..."


"ယောင်စစ်..."


မူရွှမ်၏စွမ်းရည်ကြောင့် သူမ၏သွင်ပြင်နှင့်ပတ်သက်၍ ဝေဝါးနေမည်မှာ လက်သင့်ခံနိုင်ဖွယ်ရှိသော်လည်း သူမတို့က လအတန်ကြာအွန်လိုင်းသူငယ်ချင်းများဖြစ်ခဲ့ကြသည့်အလျောက် နာမည်ကိုမူမှတ်မိနေသင့်ပေသည်မဟုတ်ပါလော...


" ယောင်... ညီမလေးယောင်..."


"..."


ရှင်မှတ်မိနေတာပိုကောင်းလိမ့်မယ် ဟင်းဟင်း...


" အော်ဟုတ်သား ငါဒီက အတန်းCမှာတက်နေတာ..."


ဟော်ချီက တက်ကြွစွာပြောသည်။


" ဒီကိုအရင်နှစ်ရက်ကတည်းကရောက်နေတာမို့ နေရာတွေနဲ့လည်း ရင်းနှီးနေပြီ မင်းကဘယ်အတန်းလည်း အလယ်တန်းလား အထက်တန်းလား ငါလိုက်ပြမယ်လေ..."


ယောင်စစ်၏မျက်နှာ တစ်ဖန်ရှုံ့မဲ့သွားရပြီး သူမက ဘယ်ဘက်ထောင့်စွန်းမှ အဆောက်အဦတစ်ခုအား အားလျော့စွာညွှန်ပြလိုက်၏။


" ဟိုတစ်ခု..."


ဟော်ချီက လှည့်ကြည့်လိုက်သောအခါ သူ၏မျက်လုံးအစုံ အဆမတန်ပြူးကျယ်သွားရလေသည်။


" အခြေခံအတန်း တကယ်ကြီးလား..."


" အဟင်းဟင်း..."


" ဘာလို့အလယ်တန်းကို မလျှောက်လိုက်တာတုန်း..."


"... "


လစ်စမ်း...


အလယ်တန်း ဝင်ခွင့်အောင်မှတော့ ဒီအခြေခံအတန်းကိုတက်နေရပါဦးမလား...


ဟော်ချီ၏ စကားလုံးများက သူမ၏​ ထိတ်လန့်ခြောက်ခြားဖွယ် ဝင်ခွင့်ရမှတ်များအား အမှတ်ရသွားစေသည်။


" အခြေခံအတန်းလည်း ကောင်းတော့ကောင်းတာပဲကို..."


ဟော်ချီက တောင့်တင်းစွာပြုံးလိုက်ပြီး ယောင်စစ်၏ပခုံးအားလှမ်းပုတ်ပေးသည်။


" မင်းရဲ့စွမ်းရည်နဲ့ဆို အခြေခံကောင်းတစ်ခု တည်ဆောက်နိုင်မှာပါ မင်းဘယ်တန်းခွဲကလဲပြောလေ အခုကစပြီးဒီဟော်ချီက မင်းရဲ့ကျောထောက်နောက်ခံဖြစ်ပေးမယ်..."


" ဇီဝဗေဒဖြစ်စဥ် တန်းခွဲ D အဆင့်သုံး..."


" ဇီဝဗဒေ..."


စိုးရိမ်ပူပန်သောအမူအရာက ဟော်ချီ၏မျက်နှာထက် ထင်ဟပ်သွားသည်။ အထူးစွမ်းရည်ရှိသူများသည် သဘာဝကပေးသောစစ်သည်ဘဝဖြင့် မွေးဖွားလာကြခြင်းဖြစ်ပြီး ၎င်းတို့အားပို့ဆောင်ပေးသော တန်းခွဲများသည် ၎င်းတို့၏အထူးစွမ်းရည်များအား ပိုမိုသန်မာလာစေရန် ထိန်းကျောင်းပေးသောနေရာများဖြစ်သည်။


ဇီဝဗေဒတန်းခွဲများကမူ မွေးရာပါ အထူးစွမ်းရည်မရှိသူများအား အခြားပညာရပ်များ သင်ကြားပေးသောနေရာဖြစ်သည်။ ဥပမာအနေဖြင့်  စက်ယန္တရားပညာရပ် ၊ အာကာသဗေဒနှင့် ဘဏ္ဍာရေးပညာရပ်တို့ပင်။


အထူးစွမ်းရည်ရှိသူများအတွက် ဇီဝဗေဒတန်းခွဲသည် အဓိပ္ပာယ်မရှိသော တန်းခွဲတစ်ခုဖြစ်သည်။


" မင်းက ရေစွမ်းအင်တန်းခွဲကိုသွားရမှာမဟုတ်ဘူးလား ဘာလို့ဇီဝဗဒတန်းခွဲလဲ..."


" အာ တခြားဟာလေးတွေသင်ချင်လို့ပါ..."


ယောင်စစ်က အမှန်တကယ်လည်း ယေဘုယျ ဗဟုသုတနှင့် ပညာရပ်မှန်သမျှအား တတ်စွမ်းသလောက် လေ့လာသင်ယူလိုခြင်းဖြစ်သည်။


ဟော်ချီကအသက်ပြင်းပြင်းရှူလိုက်ပြီး...


" ဘာပဲဖြစ်ဖြစ် တစ်ခုခုဆို ငါ့ကိုလာရှာဖို့သတိရနော် ငါတို့ကသားရဲတစ်ကောင်ကိုအတူတိုက်ခိုက်ခဲ့ဖူးကြမှတော့... မင်းကို နည်းနည်းစျေးလျှော့ပေးမှာပါ..."


အဖိုးအခယူပြီးစောင့်ရှောက်ပေးမှာပေါ့ ကော်တရာကပ်စေးနှဲ...


" အော် ဟုတ်သား အစီအရင်ခံရမယ့်နေရာကိုလိုက်ပို့ရဦးမလား..."


" ရပါတယ် ကျေးဇူး..."


သူမအနေဖြင့် ထိုလူ၏ဝန်ဆောင်မှုများအတွက် မပေးချေနိုင်မည်ကို စိုးရွံ့မိပါသည်။


" ကျွန်မတူလေးလိုက်ပို့လိမ့်မယ်..."


" အိုး... ကောင်းပါပြီ..."


ဟော်ချီက သူ၏ငွေရှာနိုင်မည့်အခွင့်အရေးလေး ဆုံးရှုံးသွားသကဲ့သို့ ညည်းညူလိုက်၏။


" ဒါဆိုသွားတော့လေ ငါလည်းသွားတော့မယ် ကျောင်းအခမ်းအနားမှာ ပြန်တွေ့ကြတာပေါ့..."


ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။


ကိုငွေခင်အား ပထုတ်ပြီးသည့်နောက်တွင်  ယောင်စစ်လည်း တူလေးကုအား အစီအရင်ခံရမည့်နေရာဆီသို့ လမ်းပြစေလိုက်ပေသည်။


ကျောင်းအပ်ရသည့်နေရာသည် အပြာရောင်ဂြိုလ်၌ကဲ့သို့ မတူညီချေ။ဆရာဆရာမများလည်းရှိမနေဘဲ သူမကထိုနေရာသို့ လမ်းလျှောက်ဝင်သွားရန်သာလိုအပ်သည်။  ဖော်ရွေသော နှုတ်ခွန်းဆက်စကားလေးကိုလည်း ကြားရလိမ့်မည်ဖြစ်၏။


" နဂါးငွေ့တန်းကနေကြိုဆိုပါတယ် အခြေခံကျောင်းသူလေးယောင်စစ်..."


" ဒီမှာ သခင်မလေးရဲ့ကျောင်းသားကဒ်ပါ ဒါကိုကျောင်းဝင်ဖို့ နဲ့ စာမေးပွဲခန်းဝင်ဖို့ လိုအပ်တယ်..."


" အို့ ကျေးဇူး..."


ယောင်စစ်က ကဒ်လေးအား ကြည့်ရှုလိုက်သောအခါ  သူမ၏ရုပ်ပုံနံဘေးတွင် နာမည်ရိုက်နှိပ်ထားပြီး အောက်တွင်မူ သူမ၏ကျောင်းဝင်နံပါတ်ဟုယူဆရသော ဂဏန်းများရိုပ်နှိပ်ထားသည်အား တွေ့လိုက်ရသည်။


" ဒါကို သခင်မလေးရဲ့ကွန်ပြူတာလက်ပတ်ထဲကိုလည်း ထည့်ထားလို့ရပါတယ်..."


ကုရှုချန်းစကားကြောင့် ယောင်စစ် ကဒ်ထောင့်စွန်းရှိ ကွန်ပြူတာလက်ပတ် သင်္ကေတလေးကို သတိပြုမိသွားသည်။


၎င်းကို ဖိနှိပ်လိုက်သောအခါ တီကနဲအသံနှင့်အတူ ပျောက်ကွယ်သွားပြီး ကွန်ပြူတာလက်ပတ်အတွင်းမှ အချက်ပေးသံထွက်ပေါ်လာပေသည်။ အတော်လေး တိုးတက်ကျယ်ပြန့်သော လုပ်ဆောင်ချက်တစ်ခုပါပေ။


သူမ ဟိုဟိုသည်သည် လိုက်လံမကြည့်ရှုနိုင်မီတွင် တူလေးကုက သူမထံသို့ အမျိုးစုံသောအရာများအား အဆက်မပြတ်ကမ်းပေးလာနေပြီး သူမ၏ကွတ်ပြူတာလက်ပတ်မှ တတီတီအသံများက မရပ်တန့်နိုင်အောင် ရှိတော့သည်။


" သခင်မလေးဒါက ကျောင်းတက်ရင်လိုအပ်လာမယ့် မှတ်စုတွေပါ..."


"သခင်မလေးဒါက ပုံနှိပ်တွေပါ..."


" ဒါကတော့ ကျွန်တော်ပြင်ဆင်လာခဲ့ပေးတဲ့မှတ်စုတွေပါ..."


" သခင်မလေး ကျွန်တော် အခြေခံအတန်းရဲ့ဖတ်စာအုပ်တွေအကုန်လုံး ဆယ်ကြိမ်ထက်မက လေ့လာခဲ့ပါတယ် ဒါကကျွန်တော့်ကောက်နှုတ်ချက်တွေပါ..."


" သခင်မလေးဒါက ပထမသင်ခန်းစာခြောက်ခုရဲ့ အကျဥ်းချုပ်တွေပါ..."


" သခင်မလေးဒါက ယန္တရားပညာရပ်ရဲ့ အဓိက ကောက်နုတ်ချက် တစ်ရာ့ရှစ်ခုပါ..."


" သခင်မလေး ဒါက စကြာဝဠာထဲကအဓိကမျိုးနွယ်စုတွေရဲ့ သမိုင်းကြောင်းတွေပါ..."


" သခင်မလေးဒါက....."


"သခင်မလေး ဟိုဟာက......"


-_-|||


ကျောင်းပထမဆုံးရက်လေးပါပဲဟယ် နင်ဘာလို့အများကြီးပြင်ဆင်လာရတာတုန်း...


ယောင်ချမ့်က အလုပ်တွေ ဘယ်လောက်တောင်ခိုင်းလိုက်လို့ပါလိမ့်...


" သခင်မလေး  နောက်တစ်ခုကျန်ပါသေးတယ်..."


" ကျန်သေးတယ်လား..."


ငါ့ကွန်ပြူတာလက်ပတ်ပေါက်ကွဲတော့မယ်လို့...


" အကြီးအကဲယောင်က ဒါကအရေးအကြီးဆုံးအချက်လို့ သေချာမှာလိုက်ပါတယ်..."


"ဘာတဲ့လဲ..."


" အစာစားချိန်အမီအိမ်ပြန်လာဖို့ပါ..."


လုံလောက်ပြီ...


ယောင်စစ်က သွားများကိုကြိတ်လိုက်သည်။

ထိုစဥ် ကျောင်းတော်ကြီး၏ကောင်းကင်ယံမှ ကြေငြာချက်တစ်ခု ပျံ့လွင့်လာသည်။


[ ကျောင်းသားအားလုံးနားဆင်ကြပါ နဂါးငွေ့တန်ကျောင်းတော်ရဲ့ ကိုးထောင့်ငါးရာတစ်ဆယ့်ရှစ်ကြိမ်မြောက် ဖွင့်ပွဲအခမ်းအနားနဲ့ စုံညီကို ဝင်ရောက်ဆင်နွှဲဖို့အတွက် ခန်းမကိုလာရောက်စုဝေးပေးကြပါ ]