အပိုင်း ၅၀
Viewers 16k

Chapter 50

ကျောင်းသားခေါင်းဆောင်ရွေးချယ်ခြင်း...


သုံးကြိမ် သုံးခါ ပြောပြီးနောက်ကုရှူချန်းက နောက်ဆုံးရပ်တန့်သွားလေသည်။ထို့နောက် ယောင်စစ်ကို ဆရာများခန်းမဆောင်သို့ ဦးဆောင်၍ ခေါ်ဆောင်သွားလေသည်။


ထိုနေရာက သတင်းပို့ရသည့် နေရာနှင့် သိပ်မဝေးလှသောကြောင့် မိနစ်အနည်းငယ်မျှ လမ်းလျှောက်ပြီးသည်နှင့် သူမတို့ ဧရာမအဆောက်အအုံ အဝိုင်းကြီးဆီသို့ ရောက်သွားလေသည်။


သူမတို့ ဝင်ရောက်လာချိန်၌ အခန်းထဲတွင် ကျောင်းသားမြောက်များစွာဖြင့် ပြည့်နှက်နေပေပြီ။ဒီကျောင်းသည် ပထမတန်းစား ကျောင်းတစ်ကျောင်းဖြစ်ကြောင်း ငြင်းချက်ထုတ်စရာမလိုပေ။


ကုရှူချန်းက ယောင်စစ်ကို ခန်းမရဲ့ ဘယ်ဘက်ဆီသို့ဦးဆောင်ခေါ်သွားလိုက်သည်။ကံကောင်းထောက်မစွာနှင့် ပထမတန်း၌ နေရာလွတ်တွေ့လိုက်ရသည်။တခြားနေရာများ၌ ကျောင်းသားများ အပြည့်နီးပါး နေရာယူထားကြပေပြီ။ထိုသူများအားလုံးကလည်း ယောင်စစ်လိုမျိုး အစိမ်းရောင်ယူနီဖောင်းကို ဝတ်ဆင်ထားကြသည်။


သို့သော်လည်း သူမဘေးမှ ကုရှုချန်းက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ထိုသူ သူမဘေး၌ ထိုင်လိုက်သည်နှင့် တခြားလူများ၏ မနာလိုသော အကြည့်စူးစူးများကို ခံစားမိလိုက်၏။


ယောင်စစ် သူမပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ယခုခန်းမကျယ်ကြီးထဲ၌ လိုင်းသုံးလိုင်း ခွဲထားပေသည်။ဘယ်ဘက်၌ ရှိကြသူများက သူမကဲ့သို့ အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်ထားကြသူများဖြစ်သည်။အလယ်၌ အဖြုနှင့် အဝါယူနီဖောင်းကို ဝတ်ဆင်ထားသူများ ထိုင်နေကြသည်။ညာဘက်အခြမ်း၌ ကုရှုချန်ကဲ့သို့ အပြာရောင်ယူနီဖောင်းဝတ်ဆင်ထားသူများဖြစ်၏။


ဒီကျောင်း၌ ကျောင်းသားများ၏ အတန်းကို ယူနီဖောင်းများဖြင့် ခွဲထားပုံရလေသည်။


"နင်လုပ်စရာရှိရင် သွားလို့ရတယ်နော် ..."


သူမ၏တူလေးကုရှုချန်းက ဒီကျောင်း၏ အထက်တန်းကျောင်းသားဖြစ်ပေသည်။ထို့ကြောင့် သူမလိုမျိုး မူလတန်းကျောင်းသားလေးနှင့် အတူတူ ထိုင်ခိုင်းထား၍ မရပေ။


"စိတ်မပူပါနဲ့ ငါတစ်ယောက်တည်းလည်း အဆင်ပြေပါတယ် ..."


ကုရှုချန်းက အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူ့တွင် တကယ့်ကို လုပ်စရာတစ်ခုခုရှိပုံပေါ်လေသည်။ခဏမျှနေပြီးနောက် သူခေါင်းညိတ်ပြလိုက်၏။


"ဒါဆိုရင် အခမ်းအနား ပြီးသွားတာနဲ့ ကျွန်တော်ပြန်လာပါမယ် သခင်မလေး..."


"ကောင်းပြီ ကောင်းပြီ မြန်မြန်လေးသွား ..."


သူက အဝေးသို့ လျှောက်ထွက်သွားရင်းမှ သူမကို စိတ်ပူသလိုမျိုး အကြိမ်အနည်းငယ်မျှ ပြန်လှည့်ကြည့်နေသေးသည်။မှန်ပေသည်။ထိုသူက ခန်းမ အပြင်သို့ လျှောက်ထွက်သွားခြင်းမဟုတ်ပဲ သူမ၏ ရှေ့မှ စတိတ်စင်ပေါ်သို့ တက်သွားခြင်းဖြစ်သည်။


ယောင်စစ် အဖြစ်အပျက်များကို သေချာစဉ်းစားချိန်မရသေးခင်မှာပဲ သူမဘေးနားသို့ ကျောင်းသူတစ်ယောက်က လက်ကို လာဆွဲ၍ တိုးတိုးပြောလာလေသည်။


"ဟဲ့ ကျောင်းသူ နင်နဲ့ အဲ့ဒီ ကျောင်းသားခေါင်းဆောင် အဖွဲ့အစည်း ဥက္ကဋ္ဌနဲ့က ဘယ်လိုပတ်သတ်တာလဲ..."


ခေါင်းပေါ်၌ ဦးမှင်နှစ်ချောင်းရှိနေသော မျိုးနွယ်မှ မိန်းကလေးက မေးလ်ိုက်သည်။


"ဘယ်လ်ို ကျောင်းသားခေါင်းဆောင် အဖွဲ့အစည်း ဥက္ကဋ္ဌဟုတ်လား ..."


"ဟုတ်တယ်လေ ..."


အလွန်အမင်း စပ်စုချင်စိတ် ပြင်းပြနေလေသည်။သူတို့ဘေးနား၌ ရှိသော တခြားသူများကလည်း သူတို့ဆီသို့ လှမ်းကြည့်လာကြသည်။


"ကျောင်းအပ် စာရင်း ပေးသွင်းတုန်းကကြားခဲ့ရတာတော့ အကိုရှုက လွန်ခဲ့တဲ့ ငါးနှစ်ဆက်တိုက်လုံး ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌဖြစ်လာတာတဲ့...ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲတိုင်းမှာ ကန့်ကွက်မဲ မရှိ ရွေးချယ်ခံခဲ့ရတာတဲ့လေ ဒီနှစ်လည်း သူပဲ အရွေးချယ်ခံရမှာ သေချာတယ်..."


ငါတို့ရဲ့ ကုသေးသေးလေးက ပညာရေးမှာ တော်ရုံတင်မကဘူး စံပြကျောင်းသားခေါင်းဆောင်လည်းဖြစ်နေသေးတယ်ပေါ့လေ...


"ဟုတ်တယ်..."


တခြားကျောင်းသူတစ်ယောက်ကလည်း ဝင်၍ ပြောလာလေသည်။


"နင်တို့ ဘယ်လိုမျိုးတွေ့ခဲ့ကြတယ်ဆိုတာကို ငါတို့ကို ပြောပြပါလား..."


"ငါတို့ ဒီနေ့မှ တွေ့ကြတာ..."


ယောင်စစ် အမှန်အတိုင်းပင်ပြောလိုက်သည်။ပတ်ဝန်းကျင်ရှိ ကျောင်းသူများ၏ မျက်နာထားက ပြောင်းလဲသွားပြီး စိတ်ရှုပ်ထွေးသွားကြသည်။အထူးသဖြင့် သူမကို အသဲအသန်မေးနေသော မိန်းကလေးဖြစ်သည်။


"ငါတို့ကို လာနောက်မနေနဲ့...တကယ်လို့ ဒီနေ့မှာတွေ့တယ်ဆိုရင် သူကဘယ်လိုလုပ်ပြီး နင့်အပေါ် ကောင်းကောင်းဆက်ဆံမှာလဲ...စီနီယာကုက သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကဆိုတာ လူတိုင်းသိတယ်...သူက အပြင်လူ တစ်ယောက်ကို ဘယ်လိုလုပ်ပြီး သူကိုယ်တိုင် ခေါ်လာမှာလဲ ...ပြောပါ နင်တို့ ဘယ်လို ပတ်သတ်တာလဲဆိုတာ အမှန်တိုင်းပြော..."


"သူက ငါရဲ့တူလေ..."


တူလေးကုက တော်တော်လေးကို ပေါ်ပြူလာဖြစ်တာပဲ...


စကားပြောနေသော ကောင်မလေးက အေးခဲသွားလေသည်။


"နင်ကလည်း သွေးစုပ်ဖုတ်ကောင်လား..."


သို့သော် ယောင်စစ် ခေါင်းမငြိမ့်ပြခင်မှာပင် သူမ၏ ဘေးနားရှိ ဆံပင်စည်းထားသော မိန်းကလေးက လှောင်ပြုံးတစ်ချက်ပြုံးလိုက်သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်အသစ်တစ်ယောက် ကျောင်းဝင်ခွင့်ရလာတယ်လို့လည်း ငါမကြားမိဘူး...ပြီးတော့ နင်ပြောချင်တယ်ဆိုရင်လည်း ပိုပြီး သင့်တော်တဲ့ အကြောင်းပြချက်ပေးသင့်တယ်လေ..."


ထိုကောင်မလေးက ယောင်စစ်ကို အေးစက်စွာကြည့်နေပြီး သူမ၏ အသံကလည်း မုန်းတီးမှုများ ပါဝင်နေလေသည်။


"ဟင့်...အဲ့ဒီတော့ နင် စီနီယာကုကို သိလား...ဘာလို့ မပြောနိုင်ရတာလဲ...ကောင်းပြီလေ နင်မပြောချင်ဘူးဆိုရင် ထားလိုက်တော့..."


"ငါပြောပြီးလေဟဲ့..."


"ဟုတ်တယ် အဲ့ဒါအမှန်ပဲ..."


သူတို့ဘေးမှ တခြားကျောင်းသူတစ်ယောက်ကလည်း ဝင်ရောက်ထောက်ခံလာသည်။


"ငါကြားဖူးတာတော့ သွေးစုပ်ဖုတ်ကောင်တွေက ကျောင်းဝင်ခွင့်စာမေးပွဲ ကို ဖြေစရာမလိုဘူး...သူတို့က အထက်တန်းအဆင့်ကို တန်းပြီး တက်ရောက်နိုင်တယ်...အခုသူက မူလတန်းကို တက်နေတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီးတော့ သွေးစုပ်ဖုတ်ကောင်ဖြစ်နိုင်မှာလဲ..."


"နင်... နင်ဘာပြောလိုက်တာ...ငါဘာလို့ အဲ့ဒီအကြောင်းကို မသိရတာလဲ..."


"အမြဲတမ်း အဲ့ဒီလိုပဲဟာကို..."


ထိုမိန်းကလေးက ခဏမျှ ရပ်သွားပြီးနောက် ထပ်ပေါင်း၍ ပြောလာလေသည်။


"သွေးစုပ်ဖုတ်ကောင်မျိုးနွယ်က သူတို့ နိုးထလာထဲက SSS အဆင့်နဲ့ နိုးထလာတာ အဲ့ဒီတော့ သူတို့က စွမ်းအားကြီးတယ်လို့ ပြောလို့ရတယ်...ဒီတော့ ကျောင်းတက်မယ်ဆိုတာနဲ့ ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုပဲ အထက်တန်း အဆင့်ကို တန်းတက်လို့ရတယ် ...ငါတို့လ်ို သာမန်လူတွေကကြတော့ ဝင်ခွင့်စာမေးပွဲ ဖြေစရာမလ်ိုတဲ့ မူလတန်းကပဲ စတက်လို့ရတာ..."


အဲ့ဒီတော့ လွန်ခဲ့တဲ့ သုံးလလုံးလုံး အလယ်တန်းစာမေးပွဲ ဝင်ခွင့် ဖြေဆိုခဲ့ပေမယ့် ခွေးကျကျတဲ့အပြင် မူလတန်းကို တက်ရတာကလည်း အဲ့ဒီထက် နိမ့်တဲ့ အတန်းမရှိလို့ပေါ့လေ...


"ကျောင်းသားသစ် ကြိုဆိုပွဲ စတော့မယ် ..."


စင်ပေါ်မှ ကြေငြာသံကြောင့် ကျောင်းသူများအားလုံး အသိဝင်လာကြပြီး သူတို့၏ နေရာများသို့ ကမန်းကတမ်း ပြန်သွားကြသည်။


ယောင်စစ် စင်အလယ်တွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရချိန်မှာပင် တိုးလျညင်သာသော အသံတစ်သံကို ကြားလိုက်ရသည်။


"စကြာဝဠာ ကျောင်းတော်ကြီး စာသင်နှစ်အသစ် အခမ်းအနားဖွင့်လှစ်ကြောင်း ကြောငြာအပ်ပါတယ်  အခမ်းအနားဖွင့်ပွဲကို ကျောင်းသား ခေါင်းဆောင်ဥက္ကဌ ရွေးချယ်ပွဲနဲ့ စတင်ပါမယ်..."


"မြန်လိုက်တာ ..."


ယောင်စစ် အိပ်ငိုက်စရာ မေးခွန်းများမပြောပဲ အလိုရှိရာသို့ တိုက်ရိုက်သွားလိုက်သော စနစ်က်ို လုံးဝ ထောက်ခံပေသည်။ယောင်စစ် စင်ပေါ်သို့ ကြည့်လိုက်ရာ အဝါရောင် သို့မဟုတ် အပြာရောင် ယူနီဖောင်းများကို သတိပြုမိလိုက်သည်။၎င်းတို့က အထက်တန်း သို့မဟုတ် အလယ်တန်းကျောင်းသားများဖြစ်ကြောင်း သက်သေထူနေပေသည်။


စင်ပေါ်၌ ဆရာဖြစ်ဟန်တူသော လူလေးငါးယောက်လည်း ရှိနေသည်။သူတို့ကို ကြည့်ရသည်က ဝင်ရောက် စွက်ဖတ်မည့်ပုံ မရှိပေ။


ဒီတော့ မူရွှမ်ပြောသလိုမျိုး ဒီကျောင်းမှာ ကျောင်းသားတွေက လုပ်ပိုင်ခွင့် အပြည့် အဝရှိပြီး ဆရာတွေက တော်ရုံတန်ရုံ ဝင်မစွက်ဖတ်ဘူးဆိုတာ အမှန်ပဲပေါ့...


"ထုံးတမ်းစဉ်လာအတိုင်း ကျောင်းသားကျောင်းသူများထောက်ခံမဲ ပေးနိုင်ရန်အတွက် ဒီစာသင်နှစ်အတွက် ရွေးချယ်ထားခြင်းခံရတဲ့ ကျောင်းသား ဥက္ကဋ္ဌတွေကို အရင်ဆုံး ကြေငြာခွင့်ပေးသွားမှာဖြစ်ပါတယ်..."


အခမ်းအနားမှူးက စတင်ကြော်ငြာလိုက်သည်နှင့် စင်ပေါ်တွင် ထိုင်နေသောလူ၁၀ယောက်လောက်က သူတို့ တင်မြောက်လ်ိုသော ကျောင်းသားခေါင်းဆောင်၏ နာမည်ကို စာရွက်ပေါ်၌ ချရေးလိုက်လေသည်။


ထို့နောက် အခမ်းအနားမှူးက ဘယ်ဘက်မှ စတင်၍ သူတို့၏ စာရွက်လေးများကို သိမ်းယူလာခဲ့သည်။


"ဒု ဥက္ကဋ္ဌ ရှောင်းက ဘယ်သူကိုများ ရွေးချယ်ထားပါသလဲ ..."


"ကုရှုချန်း..."


"ကော်မတီ အဖွဲ့ဝင် စွန်းကကော ဘယ်သူကိုများရွေးချယ်ထားပါသလဲ ..."


"ကုရှုချန်း..."


"အဖွဲ့ဝင်လီကကော ဒီနှစ်မှာ ဘယ်သူကိုများ ..."


"ကုရှုချန်း..."


"အဖွဲ့ဝင်ထန်း ခင်ဗျာ..."


ချွင်းချက်မရှိ ကန့်ကွက်မဲ့သူမရှိ ကုရှုချန်၏ နာမည်တစ်ခုတည်းသာ စင်နောက်ဘက်ရှ်ိ မျက်နှာပြင်ပေါ်တွင် အဆက်အပြတ် ပေါ်ထွက်လာလေသည်။


"ဥက္ကဋ္ဌကြီးကု ခင်ဗျာ ဥက္ကဋ္ဌကြီးရဲ့ ရွေးချယ်မှုကိုကောသိပါရစေ ..."


"ယောင်စစ်..."


အဟွတ် အဟွတ် ...


ယောင်စစ် တံတွေးနင်မတက် ဖြစ်သွားလေသည်။


ချီးလို တူလေးကု... ဘာတွေ ပဒီးပဒါးလျှောက်ပြောနေတာလဲ...


အရမ်းနောက်ကျသွားပေပြီ။စတိတ်စင်ပေါ်ရှိ ကြီးမားလှသော မျက်နာပြင်ကြီးပေါ်တွင် သူမ၏ နာမည် စာလုံးကြီးကြီးဖြင့် ပေါ်လာလေသည်။


ယောင်စစ်....


ထိုနာမည်က ခန်းမထဲတွင်ရှိနေသော သူများအားလုံးကို စိတ်ရှုပ်ထွေးမှုဖြင့် ငြိမ်သက်ကျသွားစေသည်။သူတို့ ယောင်စစ်ဆိုသည်က မည်သူဆိုသည်အား အပြင်းအထန် စဉ်းစားတွေးတောနေကြသည်။


ယောင်စစ်၏ မျက်နာ ရှုံ့မဲ့သွားလေသည်။


ဒီနေရာကနေ ထွက်ပြေးရင် အချိန်မီသေးလားဟင်...


"ဟား ဟား ဟား ...ပထမဦးဆုံးအနေနှင့် ဥက္ကဋ္ဌကုနှင့် ယှဉ်ပြီး ရွေးချယ်ခံရမယ့် လူ ပေါ်ထွက်လာပါပြီ..."


အံ့သြသင့်နေပုံရလေသည်။သူမ၏ အကြည့်က ကျောင်းသားများပေါ်သို့ ဝေ့ဝဲသွားပြီးနောက် 


"ဂုဏ်ယူပါတယ် ယောင်စစ်...ကျေးဇူးပြုပြီး စင်ပေါ်ကို ကြွခဲ့ပေးပါ..."


ခဏအတွင်းမှာပင် အနာဂတ်၏ စိတ်ပျက်စရာကောင်းလှသော နည်းပညာကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရလေသည်။စတိတ်ပေါ်ရှိ မျက်နာပြင်ကြီးပေါ်တွင် သူမ၏ ရုပ်ပုံ ပေါ်လာလေသည်။ယောင်စစ်၏ စ်ိတ်ထဲ၌ ကျိန်ဆဲခြင်းများ ပလုံစီသွားလေသည်။


"အိုး...ဒီတော့ သူက ဒီနှစ်မှာ မူလတန်းမှာစတက်မဲ့ ကျောင်းသားအသစ်လေးပါ..."


အခမ်းအနားမှူးက အံ့အားသင့်မှုကို ထိန်းချုပ်ပြီး မိတ်ဆတ်ပေးလိုက်သည်။ခန်းမထဲရှိ လူတိုင်း၏ မျက်လုံးပေါင်းများစွာ သူ့ဆီသို့ ကျရောက်လာသည်ကို ယောင်စစ် ခံစားလိုက်မိသည်။


ဘေး၌ထိုင်နေသော ကျောင်းသူလေးဆိုလျှင် ပါးစပ်အဟောင်းသားဖြင့် သူမကို ပြူးကြောင်ကြည့်နေလေသည်။


ဆိုတော့ ငါထွက်ပြေးဖို့လည်း အချိန်မမီတော့ဘူးပေါ့နော်...အခု ရွေးချယ်စရာလည်းမရှိတော့ဘူးပေါ့  ..


ယောင်စစ် တစ်ခန်းလုံး၏ အကြည့်စူးစူးများကို ကြိတ်မှိတ်သည်းခံရင်းစင်ပေါ်သို့ တက်ရန် ပြင်လိုက်သည်။


" ဟဲလို ..."


ယောင်စစ် သူမ၏ လက်ကို မြောက်၍ ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင်များကို နှုတ်ဆတ်လိုက်သည်။ကုရှုချန်က နေရာမှ ထလာပြီးနောက် ၉၀ဒီဂရီ ခါးကိုင်းညွှတ်၍ ဦးညွှတ်လိုက်လေသည်။အကယ်၍ သူ့၏ ရှေ့တွင် စားပွဲခံမနေပါက ကြမ်းပြင်ပေါ်၌ ဒူးထောက်ပြီးလောက်ပေပြီ။


မည်သို့ပင်ဆိုစေ သူတို့၏ ဥက္ကဋ္ဌကိုယ်တိုင်င မတ်တပ်ရပ် ဦးညွှတ်နေပြီဖြစ်လေရာ သူတို့ ဆက်၍ မထိုင်ရဲကြတော့ပေ။သူမကိုယ်သူမ အင်တာနေရှင်နယ် အင်တာဗျူးတစ်ခုကို အောင်မြင်သွားသလိုမ်ျိုး ခံစားလိုက်ရသည်။


၎င်းက လူကြီးမင်းများအားလုံး တူတူထလာပြီး သူမကို လာရောက် လက်ဆွဲ နှုတ်ဆတ် ဂုဏ်ပြုကြသည့်အတိုင်းပင်။