Chapter 51
ပြသနာဖြစ်ခြင်း...
ယောင်စစ် စင်မြင့်အလယ်သို့ လျှောက်သွားလိုက်ပြီးနောက်သူမကို သူမ မိတ်ဆက်လိုက်သည်။
"အားလုံးပဲ မင်္ဂလာပါ ကျွန်မနာမည်က ယောင်စစ်ပါ..."
တီတိုးပြောဆိုသံများ ပို၍ ကျယ်လောင်လာပြီး အမ်ျိုးသမီးများဆီမှ ဓားမြောင်ကဲ့သို့ အကြည့်များ သူမဆီ လွင့်ပျံလာလေသည်။
"ဟား ဟား ဟား...ဥက္ကဋ္ဌကု ကိုယ်တိုင် မင်းကို ရွေးချယ်ထားတယ်ဆ်ိုမှတော့ မင်းက ထူးခြားတဲ့ ကျောင်းသူပဲဖြစ်ရမယ်..."
အခမ်းအနားမှူးက ယောင်စစ်ဆီလျှောက်လာရင်း ရယ်မော၍ ပြောလိုက်သည်။
"ဥက္ကဋ္ဌကုကိုယ်တိုင် ပထမဦးဆုံး ရွေးချယ်ထားတဲ့ သူက မူလတန်းကျောင်းသူဖြစ်နေတယ်ဆိုတော့ မင်းမှာ ဘယ်လိုထူးခြားတဲ့ အရည်အချင်းတွေများ ပိုင်ဆိုင်ထားတာလဲ...တခြားသူတွေကို ပြောပြပေးလို့ရမလား..."
ယောင်စစ်တောင့်တင်းသွားသည်။
"ငါ့မှာ ဘယ်လိုအရည်အချင်းမှ မရှိပါဘူး..."
"ကောင်းလိုက်တာ ..."
ကုရှုချန်းက အားတက်သရောချီးကျူးလိုက်လေသည်။
"ဒီလောကကြီးထဲမှာ သူ့လောက် ကောင်းတဲ့သူမရှိဘူး..."
ခန်းမတစ်ခုလုံး အံ့အားတသင့် အော်ဟစ်သံများ ဆူညံသွားလေသည်။
ယောင်စစ် " .... "
အခမ်းအနားမှူး " ...."
ကျောင်းသားကောင်စီ အဖွဲ့ဝင်များ "...."
ကျောင်းသားများအားလုံး."...."
တူလေးကုရေ နင်ငါ့ကို အရှက်မရစေမှာ သေချာရဲ့လား...
"ဟား ဟား ဟား..."
အခမ်းအနားမှုးက တောင့်တင်းကြောင်အနေပြီးနောက် ခပ်ဖျော့ဖျော့ရယ်မောလိုက်ရင်း စကားပြောလိုက်သည်။
"ကဲအခု ငါတ်ို့စပြီးတော့ မဲပေးကြမယ်...ဥက္ကဋ္ဌဟောင်းကု အရှေ့ကို လာပေးပါ..."
တူလေးကုက အရှေ့သို့ လျှောက်လာပြီးနောက် ယောင်စစ်၏နောက် ခြေတစ်လှမ်းအကွာတွင်ရပ်လိုက်သည်။သူ့၏ အမူအရာက လေးနက်တည်ငြိမ်နေပြီး စိတ်လှုပ်ရှားမှု အနည်းငယ်လည်း ရောစွက်နေလေသည်။
"စပြီး မဲပေးကြစို့ ..."
အခမ်းအနားမှူးက ပြောလိုက်သည်နှင့် ကျောင်းသားကျောင်းသူများအားလုံး သူတို့၏ ကိုယ်ပိုင် လက်တော့ပ်များကို ဖွင့်လိုက်သည်။စင်မြင့်ထက်ရှိ ဖန်သားပြင်ပေါ်တွင် အကန့်နှစ်ခု ခွဲထားလေသည်။တစ်ဖက်တွင် ကုရှုချန်၏ နာမည်ပါပြီး တခြားတစ်ဖက်တွင် ယောင်စစ်၏ နာမည်ရှိနေသည်။
သူတို့၏ နာမည်အောက်ရှိ နံပါတ်များက လျင်မြန်စွာဖြင့် ခုန်တက်လာလေသည်။
"ဒါပေါ့..."
ကုရှုချန်၏ ဘက်ခြမ်းမှ ဖြစ်သည်။ယောင်စစ်၏ နာမည်အောက်၌ သံသယရှိစရာမလိုလောက်အောင် သုညသာဖြစ်လေသည်။ကုရှုချန်သူ့၏ ကွန်ပျူတာလပ်တော့ပ်ကို ဖွင့်ပြီး မဲပေးလိုက်မှသာလျှင် နံပတ်၁အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယောင်စစ် ရှက်ရွံ့မှုဖြင့် ပူလောင်လာပြီး အိမ်သို့ ပြန်ပြေးချင်စိတ် ပေါက်သွားလေသည်။
"အခုမဲပေးမှု ပြီးဆုံးသွားပါပြီ..."
၅မိနစ်ခန့် အကြာ၌ အခမ်းအနားမှူးက ကြေငြာလိုက်သည်။
"ယောင်စစ် ၂မဲ ကုရှုချန်း ၁၅၄၃၆မဲ...ဒီနေ့အတွက် ကျောင်းသားကောင်စီ ဥက္ကဋ္ဌ..."
"ကျွန်တော် နှုတ်ထွက်ပါတယ်..."
အခမ်းအနားမှူး၏ ကြေငြာချက် မပြီးဆုံးခင်မှာပင် ကုရှုချန်းက လက်ထောင်၍ ပြောလိုက်သည် ။
ဖာခ့်... တူလေးကုရေ နင်ကတော့ ငါ့ကို ချီးတွင်းထဲ တွန်းချနေတာပဲ နင့်ကို အမွေပြတ် စွန့်လွှတ်မှရတော့မယ်...
"ဥက္က... ဥက္ကဋ္ဌကု ..."
အခမ်းအနားမှူးက နာကျင်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ဥက္ကဋ္ဌသာ နှုတ်ထွက်သွားရင် ဒီနှစ်အတွက် ဥက္ကဋ္ဌရွေးချယ်ပွဲ ဖြစ်မြောက်တော့မှာမဟုတ်ဘူး..."
"ဘာလို့ မဖြစ်ရမှာလဲ ငါနှုတ်ထွက်လိုက်ရင် ရာထူးက အလိုအလျောက် သူမဆီကို ရသွားလိမ့်မယ်..."
ကုရှုချန်းက အခမ်းအနားမှူးကို ဒေါသတကြီးစိုက်ကြည့်ရင်းပြောလိုက်သည်။
"အပြင်လူတစ်ယောက်အနေနဲ့ မင်းက ဘာသိလို့လဲ..."
"အဲ့ဒီလိုမဟုတ်ပါဘူး..."
သူနဲ့ တစ်လျှောက်လုံး အလုပ်တွဲလုပ်လာတာဥက္ကဋ္ဌကုက ဒီလိုဒေါသကြီးတဲ့ လူတစ်ယောက်ဆိုတာ ဘာလို့ မသိရတာပါလိမ့်..."
အခမ်းအနားမှူးက ခဏကြောင်အသွားပြီးနောက် ပြောလိုက်သည်။
"စည်းမျဉ်းတွေအရ ဥက္ကဋ္ဌ တစ်ယောက်ဖြစ်လာဖို့ ထောက်ခံမဲ ၅၀ကျော်မှ ရနိုင်ပါမယ်..."
ထိုအဓိပ္ပါယ်က ကုရှုချန်းတစ်ယောက်တည်းသာ ဥက္ကဋ္ဌဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင်။
"ငါမှတ်မိသလောက်တော့ ဥက္ကဋ္ဌဟောင်းတစ်ဦးက သူ့ကိုယ်သူ အရည်အချင်းမပြည့်မီအောင်လုပ်လို့ရတယ်..."
"အမှန်ပါပဲ..."
"ဒါဆိုရင် ငါ့ကိုယ်ငါ အရည်အချင်းမပြည့်မီအောင် လုပ်မယ်..."
"ဥက္ကဋ္ဌ အဲ့ဒီလို လုပ်လို့မရဘူးလေ..."
"မင်း ဂုဏ်ယူသင့်တယ်...သခင်မလေးက ဒီလို ပွဲသေးသေးလေးမှာဝင်ရောက်ပါဝင်နေပြီဆိုထဲက မင်းက ဘာများထပ်ပြီးတောင်းဆိုချင်သေးလို့လဲ...သူမက ဒီစကြာဝဠာ အကယ်ဒမီ ကျောင်းရဲ့ သက်တမ်းတစ်လျှောက်မှာ အကောင်းဆုံး ဥက္ကဋ္ဌ တစ်ယောက်ဖြစ်လာမှာ သေချာတယ်..."
ကုရှုချန်းက အခမ်းအနားမှူးကို လျစ်လျူရှုလိုက်ပြီး ယောင်စစ်ကို တောက်ပစွာ ပြုံးပြလိုက်သည်။
"သခင်မလေးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်..."
ကျောင်းသားခေါင်းစီ အဖွဲ့တစ်ခုလုံး ဆွံ့အမှင်သက်သွားကြလေသည်။
"သူတို့ရဲ့ ဥက္ကဋ္ဌက အမြဲတမ်း ဒီလို ထင်ရာစိုင်းနေတာလား..."
"နေဦး တူလေးကု..."
ယောင်စစ် သူမကျောင်းသားကောင်စီ၌ မပါဝင်ချင်သည့် အကြောင်း ပြောမည့်အချိန်မှာပင် အနောက်ဘက်မှ တစ်စုံတစ်ယောက် ပြေးထွက်လာလေသည်။
"လခွမ်း ကုရှုချန်းရေ မင်းဘာတွေ လုပ်နေတာလဲ..."
ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီးနောက် ယောင်စစ်က်ို နှိမ့်ချဟန်ဖြင့် ကြည့်ရှုလိုက်သည်။
"မင်း ဥက္ကဋ္ဌ မဖြစ်ချင်တော့ဘူးဆိုရင်တောင်မှပဲ ကြုံရာလူကို ပေးလို့ရမလား...သူက ဘယ်သူလဲ..."
"ပိုင်ရိ..."
ကုရှုချန်၏ မျက်နာက မဲမှောင်သွားပြီး အလေးအနက်ပုံစံဖြင့် အော်ပြောလိုက်သည်။
"မင်းစကားပြောတာကို ဆင်ခြင်စမ်း..."
"ငါစကားပြောတာက ဘာဖြစ်နေလို့လဲ...မင်း ဒီနေ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ သူမကကော ဘယ်သူလဲ...ငါတို့ မျိုးနွယ်ထဲက လူသစ်တစ်ယောက်တော့ မဟုတ်နိုင်ဘူးမဟုတ်လား ငါ ဘာသတ်ိပေးချက်မှ မရထားဘူး...မင်းတ်ို့ကော ဘယ်လိုလဲ..."
ပိုင်ရိက အနောက်ကလူများကို လှည့်ကြည့်၍ မေးလိုက်သည်။
တခြားသူများက ပြိုင်တူ ခေါင်းယမ်းပြလိုက်ကြသည်။
ကုရှုချန်းတစ်ယောက်တည်းသာ သတင်းအချက်အလက်များလက်ခံခဲ့ရပြီး ၎င်းကလည်း အကြီးအကဲ ကော်မတီ၏တိုက်ရိုက်အမိန့်ဖြစ်သည်။
ထိုအကြီးအကဲတို့၏ နောက်ဆုံးဆုံးဖြတ်ချက်ကို လက်ခံရန်အတွက် ညသန်းခေါင်အချိန်မတော် အကြီးအကဲ ကော်မတီသို့ သွားရောက်ခဲ့ရလေသည်။သူတို့၏ အလေးအနက်ထားရသော သခင်မလေးက စကြာဝဠာ အကယ်ဒမီ ကျောင်းကို တက်ရောက်လိုခဲ့သည်။ထို့အပြင် အထက်တန်းမှ မဟုတ်ပဲ မူလတန်းမှစ၍ တက်ရောက်မည်ဖြစ်သည်။၎င်းကို သူ အိမ်မက်တစ်ခုလိုပင် ထင်နေဆဲဖြစ်သည်။
သူမက ဘဝအတွေ့အကြုံလိုချင်သောကြောင့် သူက သခင်မလေးရဲ့ ဘေးကင်းမှုနှင့် လုံခြုံမှုကို တာဝန်ယူပေးရမည်ဖြစ်သည်။အထူးအရေးကြီးဆုံးတစ်ချက်က ညစာစားဖို့ အိမ်ပြန်ရန် သတ်ိပေးရမည်ဖြစ်၏။
သူမက ဘဝအတွေ့အကြုံရစေရန် ကျောင်းသို့ ဝင်ရောက်လာခြင်းဖြစ်သောကြောင့် တခြားသူများဆီသို့ သတင်းအချက်အလက်များ မပေးပို့ခြင်းဖြစ်သည်။သူမ၏ ဂုဏ်သိက္ခာအရ နှိမ့်ချခံရသော နေရာတွင် နေခိုင်းရန်မဖြစ်နိုင်ပေ။ထို့ကြောင့် သူမကို ကျောင်းသားဥက္ကဋ္ဌ အဖြစ်နေရာပေးလိုက်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။
"မင်း သိစရာမလိုဘူး..."
"သူမက သေချာပေါက်ကို နောက်အသစ်တက်မယ့် ဥက္ကဋ္ဌ ဖြစ်လာလိမ့်မယ်..."
ကုရှုချန်းက ခပ်တင်းတင်းပြောလိုက်သည်။
"ဒါပေမယ့် ငါမလိုချင်ဘူးလေ..."
ယောင်စစ် ငြင်းချက်ထုတ်၍ မပြီးခင်မှာပင် ခြေတံရှည်နှင့် အမျိုးသမီးတစ်ယောက်က ခပ်ဖွဖွရယ်မောရင်း အရှေ့သို့ လျှောက်လာလေသည်။
"ငါကတော့ ကုကို ယုံကြည်လိုက်မယ်..."
ထို့နောက် ယောင်စစ်အောက်မှ နံပတ်အရေအတွက်က ၂မှ ၃သို့ ခုန်တက်လာလေသည်။
"လော့ယင်း နင်..."
ပိုင်ရိ စိတ်ရှုပ်ထွေးစွာဖြင့် သူ့၏ ဆံပင်များကို ဆွဲလိုက်မိသည်။
"ကောင်းပြီ နင်တို့က ဒီလိုမှဆိုမှတော့ငါလည်း အဲ့ဒီတိုင်း လိုက်လုပ်ရတာပေါ့..."
သွေးစုပ်ဖုတ်ကောင်များက အမြဲတမ်း သူတို့ အုပ်စုလိုက် လုပ်ဆောင်လေ့ရှိကြသည်။ထို့ကြောင့် တခြားသူများကပါ လိုက်ပါ လုပ်ဆောင်ကြလေသည်။
ယောင်စစ် နာမည်အောက်မှ ဂဏန်းများက နံပတ် ၁၀အထ်ိ ခုန်တက်သွားပေသည်။
"အမ် မဲပေးတာ မပြီးသေးဘူးလား...ဂဏန်းတွေက ဘာလို့ ပြောင်းသွားတာလဲ..."
"ဥက္ကဋ္ဌ ..."
အခမ်းအနားမှူးက အော်လိုက်သည်။
"မဲပေးတာက ပြီးသွားပါပြီ ဒီလိုမျိုး မဲနံပါတ်တွေကို ပြောင်းလဲလို့ မရတော့ပါဘူး..."
ထို့အပြင် သူပြောင်းခွင့်ပေးထားလျှင်တောင်မှ မဲအရေအတွက်က ၅၀%မရှိနိုင်ပေ။
"မဲအရေအတွက်က လုံလောက်ပြီထင်တယ်...သူက ကောင်စီ အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကို ရထားတယ်ဆိုတော့ သူဥက္ကဋ္ဌ တစ်ယောက်ဖြစ်လာသင့်တယ်..."
ကုရှုချန်းက တည်ငြိမ်စွာပင်ပြောလိုက်သည်။
"မင်းနဲ့ တကယ်ပဲ သင့်တော်ပါတယ် ..."
သြဇာအာဏာရှိသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် စင်မြင့်နောက်ကွယ်မှ ရင်းနီးနေသော အသံထွက်ပေါ်လာလေသည်။ယောင်စစ်၏ မျက်နာ ရှုံ့မဲ့သွားလေသည်။
ရှင်ပဲ အိမ်မှာစောင့်နေမယ်လို့ သဘောတူခဲ့တာမဟုတ်ဘူးလား...နင်တို့ အားလုံး ငါဒုက္ခရောက်အောင် ပေါင်းကြံနေကြတာလား...