အပိုင်း ၅၂
Viewers 18k

Chapter 52

နဂါးငွေ့တန်းကျောင်းတော်ကြီး၏ ကံကောင်းသူလေး


"အား....."


မည်သူဆီကမှန်းမသိထွက်ပေါ်လာသော အော်သံ၏အဆုံး၌ ခန်းမကျယ်တစ်ခုလုံး ပွက်ပွက်ဆူနေသော ချော်ရည်များကဲ့သို့ ဆူညံပွတ်လောရိုက်သွားလေသည်။အဆောက်အဦးအမိုးကြီးပြိုကျလာသကဲ့သို့ပင် ခံစားလိုက်ရသည်။


" နတ်ဘုရားမူ....နတ်ဘုရားမူ ..."


"နတ်ဘုရားမူက နဂါးငွေ့တန်းကျောင်းတော်ကြီးရဲ့ အုပ်ချုပ်သူတစ်ယောက်လို့ကြားခဲ့ဖူးပေမဲ့... ငါ အဲဒါကိုအလေးမထားမိခဲ့ဘူး"


"ငါ ဒီကိုရောက်နေတဲ့ ခုနှစ်နှစ်အတော်တွင်းမှာ သူ့ကို ပထမဆုံးကြိမ်မြင်ဖူးခြင်းပဲ..."


"ငါအိမ်မက်မက်နေတာပဲဖြစ်ရမယ် တစ်ယောက်ယောက် ငါကိုဆွဲဆိတ်ကြစမ်းပါ..."


ယောင်စစ် စကားဆက်မဆိုတော့ပဲရပ်လိုက်သည်။


သူစိတ်ငြိမ်အောင်ထား၍ ပွက်လောရိုက်နေသော လူများကိုကြည့်လိုက်သည်။


"အရှင်မင်းကြီး..."


သွေးစုပ်ဖုတ်ကောင်များအားလုံးက မူရွှမ်ကိုနှုတ်ဆက်လိုက်ကြသည်။


"အင်း..."


မူရွှမ်ခေါင်းညိတ်ပြလိုက်၏။


အနီးကပ်ကြည့်လိုက်သောအခါ မူရွှမ်၏နောက်၌ မုတ်ဆိတ်မွှေးအဖြူနှင့်အဘိုးကြီးတစ်ဦးနှင့် သေသပ်ကျနစွာဝတ်ဆင်ထားသော လူလတ်ပိုင်းဆရာတစ်ယောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။ထိုသူက ကျောင်းတော်ကြီး၏ဆရာတစ်ယောက်ဖြစ်နိုင်ပေသည်။


"အရှင်မူ... ဒါကျောင်းသားဖွင့်ပွဲကျင်းပတဲ့နေရာပါ..."


လူလတ်ပိုင်းအရွယ်အမျိုးသားက အပြုံးတစ်ပွင့်နှင့်အတူ ခန်းမကိုဝေ့ဝဲပြ၍ မိတ်ဆက်စကားဆိုလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အိမ်မက်ယောင်နေသကဲ့သို့တောက်ပသောအပြုံးတစ်ပွင့်ရှိနေသည်။


နဂါးငွေ့တန်း ကျောင်းတော်ကြီးကို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကတည်ထောင်ကဲ့ပြီး သွေးစုပ်ဖုတ်ကောင်းမျိုးနွယ်က အရင်းအမြစ်များထုတ်ပေးခဲ့ခြင်းဖြစ်သည်။


ထိုသွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို ကျောင်း၏အုပ်ချုပ်သူများအဖြစ် အမြဲသတ်မှတ်ထားခဲ့ကြသည်။သို့သော် ကြီးမြတ်သော ပိုင်ရှင်မူက ကျောင်းကိုစစ်ဆေးရန်အမှန်တကယ် ရောက်လာလိမ့်မည်ဟုတော့ မထင်ထားခဲ့မိချေ။


မူရွှမ်အားလုံးကိုလျစ်လျူရှူ၍ ယောင်စစ်ဆီသို့သာ ဦးတည်လျှောက်သွားလိုက်သည်။ သူပွက်လောရိုက်ဆူညံနေသော ခန်းမကိုတစ်ချက်ကြည့်၍ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ 


"တိတ်တိတ်နေကြ..."


သူအသံက အကျယ်ကြီးမဟုတ်သော်လည်း ခန်းမ၏ထောင့်တိုင်းကို ပဲ့တင်ထပ်သွားစေပြီးလူတိုင်း၏နားထဲသို့တိုက်ရိုက်တိုးဝင်သွားနိုင်သော အစွမ်းရှိလေသည်။


မီးကိုရေဖြန်းလိုက်သလို ခန်းမတစ်ခုလုံးတိတ်ဆိတ် ငြိမ်သက်သွားလေသည်။


မူရွှမ်ကျေနပ်သွားပြီးနောက် ယောင်စစ်၏ ခေါင်းလေးက်ိုခပ်ဖွဖွပွတ်သပ်လိုက်ပြီး ပို၍နူးညံနွေးထွေးသောအသံဖြင့်ပြောလိုက်သည်။


"ဒါက မင်းနဲ့သင့်တော်မယ်လို့ထင်တယ်..."


"သင့်တော်ပါတယ်..."


ကျောင်းသားကျောင်းသူများက သူအသံနောက်မှလိုက်၍ပြောလိုက်ကြသည်။


နောက်ခဏအတွင်းမှာပင် ယောင်စစ် နာမည် အောက်မှ မဲအရေအတွက်က တစ်ရှိန်ထိုး တိုးမြင့်လာပြီး ကုရှုချန်း၏အောက်၌ သုညဖြစ်သွားလေသည်။


မမျှော်လင့်ထားစွာပင်ယောင်စစ်က ကျောင်းသားကောင်စီ ဥက္ကဌဖြစ်သွားလေသည်။ 


ထိုအကြောင်းကိုတွေးမိလိုက်ရုံဖြင့်သူမရင်ထဲ ကမ္ဘာပျက်သွားသလိုခံစားရလေသည်။ကျောင်းသို့ဝင်ရောက်ပြီးခဏအတွင်းမှာပင်တစ်ကျောင်းလုံး ၏အမုန်းတရားများကိုအောင်မြင်စွာစုဆောင်းနိုင်ခဲ့လေသည်။ သူမ၏အနာဂတ်က မည်မျှခက်ခဲမည်ဖြစ်ကြောင်း တွေးတောကြည့်ရန် မလိုတော့ပေ။


နောက်တစ်နေ့မနက် အိမ်ကထွက်ခါနီး၌ကျောင်းကိုသွားရန်အတွက်သူကိုယ့်သူတွန်းအားပေးနေရလေသည်။


ငါဘာလုပ်သင့်လဲ....

ရွေးကောက်ပွဲကပြီသွားပြီဆိုတော့ ငါဘယ်လိုလုပ်လို့ရသေးလဲ...အဲဒီရာထူးကိုငါ သူများဆီကိုလွဲပေးလို့ရသေးလား...


"ကျောင်းလိုက်ပို့ပေးရမလား..."


အဓိက လက်သည်တရားခံမူရွှမ်ကမေးလာလေသည်။


ယောင်စစ် ကမန်းကတန်း အပြင်သို့ခြေလှမ်းလှမ်းလိုက်သည်။


"ရပါတယ်...မလိုက်ပို့ပါနဲ့... ကိုယ်ဘာသာသွားလိုက်မယ်..."


နင်သာလိုက်လာရင် ပိုဆိုးသွားတော့မှာပေါ့ဟ...


လေးလံလှသောခြေလှမ်းများက်ို အနိုင်နိုင်သယ်ရင်းကျောင်းသို့ဦးတည်လိုက်သည်။ကျောင်းသို့ရောက်ချိန်၌ မနာလိုမုန်းတီးသေ မျက်ဝန်းများနှင့်ကြည့်လာမည်ကိုရင်ဆိုင်ရန်တွေးထား၏။ 


သို့သော်လည်း အခြေနေက သူထင်ထားသာသည်နဲ့ နည်းနည်း ...မဟုတ်သေးဘူး အများကြီးလွဲနေလေသည်။


"မင်္ဂလာပါ...."


" အင်း..."


"မင်္ဂလာနံနက်ခင်းပါ...ဥက္ကဌကြီး..."


"အင်း..."


"ဥက္ကဌကြီး မင်္ဂလာပါနော်..."


" အင်း..."


သူဘေးနားမှ ဖြတ်သွားကြသော ကျောင်းသားကျောင်းသူများအားလုံးက တလေးတစား ဖြင့်နှုတ်ဆက်သွားကြလေသည်။


မနာလိုမုန်းတီးမှုများက သူတိူ့၏စ်ိတ်လှုပ်ရှားအဖြစ်ပြောင်းသွားသကဲ့သို့ပင်...

 

ဟုတ်တယ်... သူတို့ စိတ်လှုပ်ရှားနေကြတာ 

စိတ်လှုပ်ရှားတာမှ သူ့အပေါ်ကိုခုန်အုပ်ပြီး ဖက်ထားချင်တဲ့ ပုံစံမျိုးနဲ့ စိတ်လှုပ်ရှားနေကြတာ...


သူတို့ကိုကြည့်ပြီး ယောင်စစ် ကြက်သီးများပင်ထလာလေသည်။


ဘာတွေဖြစ်နေတာလဲ ဒီကျောင်းက ကျောင်းသားတွေက ဒီလိုပဲ ယဉ်ကျေးလိမ္မာကြတာလား...ငါ ဥက္ကဌဖြစ်လာတာကို ဘယ်သူမှ မကန့်ကွက်ကြတော့ဘူးလား...


တစ်ချို့က သူကိုလှမ်းနှုတ်ဆက်ရုံတင်မက သူမနောက်မှတစ်ကောက်ကောက်လိုက်ပါလာလေသည်။


တစ်ယောက်စနှစ်ယောက်စလိုက်ပါလာရင်းနှင့်ယောင်စစ်နောက်တွင် မျက်ဝန်းများတစ်လက်လက်တောက်ပနေသော လူအုပ်ကြီးဖြစ်လာလေပြီ။ 


ယောင်စစ် အူကြောင်ကြောင်ဖြင့်သူ၏အခန်းထဲသို့ဝင်လိုက်လေသည်။


"ဟဲ့...ဟဲ့ သူရောက်လာပြီ..ရောက်လာပြီ..."


စကားသံအဆုံး၌နောက်ထပ်လူလူအုပ်ကြီးတစ်အုပ်၏ ဆီးကြိုဝန်းရံခြင်းကိုခံလိုက်ရသည်။


"နောက်ဆုံးတော့ ဥက္ကဌယောင်ရောက်လာပြီပဲ..."


အရောင်ဖျော့ဂါဝန်ရှည်တစ်ထည်ကိုဝတ်ဆင်ထားသော ယောင်စစ်မြင်ဖူးသလိုရှိနေသည့် တစ်ယောက်ကလာရောက်၍နှူတ်ဆက်လေသည်။ 


ယောင်စစ် သူမကိုသေချာကြည့်ပြီးကာ မှ မှတ်မိသွားလေသည်။ ဒါမနေ့က ဆံပင်ထုံးနှစ်ထုံးနဲ့ကောင်မလေးပဲ


"မင်္ဂလာပါ ..."


 ယောင်စစ် တည်တည်ငြိမ်ငြိမ်လေးနှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ..."


 ထိုကောင်မလေးကသိသိသာသာဂနာမငြိမ်ဖြစ်နေလေသည်။ သူမဆီမှ မလိုမုန်းတီးမှုများလည်းပျောက်ကွယ်နေပြီးဘလင်းဘလင်းမျက်လုံးကြီးများဖြင့်ယောင်စစ်ကိုကြောင်စရာကောင်းလောက်အောက်စိုက်ကြည့်နေလေသည်။


" ငါ့ နာမည်က ချူကျင်းပါ...ငါတို့နှစ်ယောက်စလုံးက 3D အခန်းထဲမှာတက်ရမှာလေ..."


"ဟဲလို....ချူကျင်း ငါ့ နာမည်က ယောင်..."


" ငါသိတယ်....ငါသိတယ်..."


ချူကျင်းအားရပါးရဖြတ်ပြောလိုက်သည်။


"နင့်နာမည်ကယောင်စစ် ငါတို့ရဲ့ကျောင်းသား ဥက္ကဋ္ဌ နင်ကိုလူအားလုံးသိတယ်...

ဟီး.ဟီး....ကျောင်းသူယောင် ငါ နင့် ကိုတစ်ခုလောက် အနှောက်အယှက်ပေး လို့ရမလား..."


"ဘာများလဲ...."


"ငါ....ငါ..နင်ရဲ့ဆံပင်ကိုထိကြည့်လို့ရမလား..."


"ဟမ်..."


ယောင်စစ် ကြက်သေသေသွားသည်။


နောက်နေတာများလား...ဒါဘယ်လိုတောင်းဆိုမှုမျိုးလဲ...


"ရပါတယ်...ဒါပေမဲ့..."


ချူကျင်းကသူမစကားဆုံးအောင်ပင်မစောင့်ပဲ လေးလေးနက်နက် ဦးညွတ်လိုက်သည်။သူမ၏မျက်ဝန်းများကလည်းပို၍အရောင်တတ်လာသည်။


ဟမ်... ဘာဖြစ်တာလဲဟ ငါ့ဆံပင်ကိုထိရမှာအဲလောက်စိတ်လှုပ်ရှားစရာကောင်းလို့လား...


ထိုကောင်မလေးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ယောင်စစ်၏ခေါင်းဆီသို့တစ်ဖြေးဖြေးချင်းလက်ဆန့်တန်းလိုက်သည်။


မူလက အကောင်းတိုင်းရှိနေသော ထိုကောင်မလေးက ပါကစ္စတန်ရောဂါသည်လိုမျိုးလက်များတဆတ်ဆတ်တုန်ရီနေလေသည်။


အချိန်အတော်အကြာကြိုးစားပြီးနောက် နောက်ဆုံးယောင်စစ်၏ခေါင်းကိုထိတွေ့မိသွားသည်။သူမအပူတစ်ခုကိုထိတွေ့လိုက်ရသလိုမျိုး ချက်ချင်းလက်ပြန်ရုတ်လိုက်လေသည်။


"အား....."


စူးရှသောအော်သံတစ်ခုထွက်ပေါ်လာလေသည်။


ထိုကောင်မလေးကသူ၏လက်ကိုရင်ဘက်တွင် ကပ်ထားလိုက်ပြီးနောက် အဆုတ်ကွဲမတတ်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ထို့နောက် ဆောက်တည်ရာမရပုံစံဖြင့်တစ်တွတ်တွတ်ရေရွတ်နေလေသည်။


"ငါထိလိုက်တယ်...ငါတကယ်ပဲထိလိုက်တယ်...ငါနတ်ဘုရားမူကိုင်သွားတဲ့ဆံပင်ကိုထိလိုက်တယ်..."


ဘာတွေဖြစ်နေတာလဲ....


ထိုကောင်မလေးက အမောဖောက်သလိုတုန်ရီလာလေသည်။သူ သူကိုယ့်သူကိုမထိန်းနိုင်တော့ပဲ ဘေးဘက်သို့လဲကျသွား၏။


ယောင်စစ် ထိုကောင်မလေးအား ထူရန်ပြင်လိုက်သည့်အချိန်မှာပင်ဘေးနားတွင် ရှိနေသော လူအုပ်ကြီးကသူမကိုဝိုင်းလာပြီးတစ်ယောက်ပြီးတစ်ယောက်တောင်းဆိုလာကြလေသည်။


"ဥက္ကဌကြီး ငါရောထိလို့ရလား..."


"ကျွန်တော်လဲထိချင်တယ်..."


"ဒါဆိုနတ်ဘုရားမူနဲ့သွယ်ဝိုက်ပြီးလက်ဆွဲနှုတ်ဆက်လိုက်သလိုပဲ..."


"လက်ဆွဲနှုတ်ဆက်ရုံတင်မကဘူး နတ်ဘုရားမူက ဥက္ကဌကြီးအနားမှာ အကြာကြီးရပ်နေတာဆိုတော့... အခု နတ်ဘုရားမူနဲ့တူညီတဲ့လေထုကိုရှူရှိုက်နေပြီလို့ပြောလို့ရတယ်..."


" ငါတို့ရဲ့ ဥက္ကဌကြီးကရာစုနှစ်များစွာအတွင်းမှာ နတ်ဘုရားမူနဲ့ပထမဦးဆုံးရင်းနှီးဆက်သွယ်မှုရှိတဲ့တစ်ဦးတည်းသောသူပဲ ငါတော်တော်လေးစိတ်လှုပ်ရှားနေပြီ..."


"ဟုတ်တယ်....ဟုတ်တယ်...နတ်ဘုရားမူက ငါတို့ ဥက္ကဌကြီး ရဲ့ခေါင်းကိုထိခဲ့တာလေ..."


"ဟိ....ဟိ ဒါကို စကြာဝဠာ တစ်ခုလုံးသိအောင်ကြော်ငြာ ဖို့လိုနေပြီ..."


"ဟား...ဟား...ဥက္ကဌကြီး နှင့်အတန်းဖော်ဖြစ်ရတာ တအားကံကောင်းတာပဲ..."


"ငါတော့ စကြာဝဠာသုံးဒင်္ဂါး တစ်ဘီလီယံလောက်ကောက်ရလိုက်သလိုခံစားနေမိပြီ..."


နေကြပါဦး...ဒါကနင်တို့ဖော်ရွှေနေကြတဲ့အကြောင်းရင်းလား...နင်တို့အဲဒီကိစ္စကိုကျော်လိုက်လို့ရမလား...ဒီမှာတစ်ယောက်ယောက်မူးလဲသွားတယ်လေ။


မနေ့ကရွေးကောက်ပွဲမှာ ငါ့အဖေငါ့ခေါင်းကိုထိလိုက်တာက ဘယ်လိုလုပ် အဓိကအချက်ဖြစ်လာရတာလဲ...


ကြည့်ရသည်မှာ သူမကံကောင်းစေသော အဆောင်တစ်ခုဖြစ်သို့ပြောင်းလဲသွားပုံရလေသည်။