အပိုင်း ၆၆၃
Viewers 53k

အခန်း ၆၆၃

ဆည်းဆာကန်ထဲမှ မွန်းစတား...


"ဗွမ်း ဗွမ်း ဗွမ်း..."


ငါးမျှားကြိုးက ရုတ်တရက်တင်းသွားသည်။ ရေပြင်က ကြောက်မက်ဖွယ်ရာ စွမ်းအားတချို့ကြောင့် အကြမ်းပတမ်းလှုပ်ခါသွားလေ၏။ ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။ သူအသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး လှေငယ်လေးပေါ်၌ပင် ခြေတစ်လှမ်းဆုတ်လိုက်သည်။ ရွှေသံချပ်ကာ အစောင့်များက လုံးဝမလှုပ်ရှားကြပေ။ သူတို့ပုဖန်၏ အဝေးမှာသာရပ်၍ ငါးမျှားချိတ်တွင် ဘယ်လိုသားရဲမျိုး ဖမ်းမိနေသည်အား စောင့်ကြည့်နေကြသည်။ 


သူတို့တွေ့လိုက်ရသော လှုပ်ရှားမှုများအရ ထိုသားရဲက သေးငယ်လိမ့်မည်မဟုတ်ပေ။ ထို့အပြင်ရုန်းကန်မှုများအရ ထိုသားရဲက သာမန်မဟုတ်သည်ကို သိနိုင်သည်။ ငါးမျှားတံက ကြောက်မက်ဖွယ်ရာ အားများအောက်တွင် ကွေးညွှတ်လာသည်။ ၎င်းက အချိန်မီ ကြိုးပဲ့သွားတော့မည့်ပုံပေါ်သည်။ ပုဖန်၏ မျက်ဝန်းများက အာရုံစူးစိုက်လိုက်လေသည်။ သူလက်နှစ်ဖက်ကို အားအပြည့်ထည့်လိုက်ပြီး ငါးမျှားတံကို မြှောက်တင်လိုက်သည်။ သို့သော်လည်းမရွေ့ပေ။ 


ငြိမ်သက်နေသော ရေပြင်ကထိုအချိန်၌ ပြောင်းလဲလာလေ၏။ ဆည်းဆာရေကန်က ချက်ချင်းပင် ဆူပွက်လာလေသည်။ ၎င်းကကန်အတွင်းမှ ဧရာမသားရဲကြီးတစ်ကောင် လှုပ်ရှားနေပုံရ၏။ သို့သော်လည်း ပုဖန်နှင့်တခြားသူများက ရေပြင်ထက်တွင်ရပ်နေသောကြောင့် မည့သည့်သားရဲမှန်းမသိသေးပေ။ ကန်ရေများမြင့်တက်လာသောကြောင့် ပုဖန်၏အမူအရာတောင့်တင်းသွားသည်။ သူအရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး လေထဲသို့ပျံတက်လိုက်သည်။ သူလက်ထဲသို့ စွမ်းအင်ပို ပို့လွှတ်လိုက်ပြီးနောက် မျက်မှောင်ကျုံ့လိုက်သည်။ 


"ဒီငါးက တကယ့်ကို သန်မာတာပဲ..."


ပုဖန်တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူ အတွေးတစ်ချက်လက်သွားပြီး စစ်စတန်၏ သိုလှောင်နယ်မြေထဲမှ ကြံ့ခိုင်သန်စွမ်းအမဲသားလုံးများပေါ်ထွက်လာသည်။ ထိုအသားလုံးလေးများက ပုဖန်၏ တဖြည်းဖြည်းချင်း လည်ပတ်နေပြီးနောက် သူ့၏ပါးစပ်ထဲသို့ ပျံသန်းဝင်ရောက်သွား၏။ 


စိုအိနေသော အသားလုံးလေးများ ကိုက်ဝါးသံကို အပြင်ကလူများပါ ကြားရလေသည်။ သူအသားလုံးကိုမြိုချပြီးနောက် သူ့၏လက်မောင်းတစ်လျှောက် အပူငွေ့များတက်လာသည်ကို ခံစားလိုက်ရသည်။ သူလက်မှစွမ်းအင်များကို နောက်တကြိမ်ထပ်မံတိုးမြှင့်လိုက်သည်။ ထို့နောက် ရွှေသံချပ်ကာဝတ် အစောင့်များနှင့် အပြာဝတ်မိန်းကလေးတို့၏ ကြောက်ရွံထိတ်လန့်သည့် အကြည့်များအောက်မှာပင် ရေကန်ထဲမှသားရဲကြီး တဖြည်းဖြည်းထွက်ပေါ်လာလေပြီ။ 


"ဝုန်း..."


ရေလှိုင်းများစွာ ပေါက်ကွဲလွှင့်စင်သွားပြီးနောက် ကြီးမားလှသောအရိပ်ကြီး ပေါ်ထွက်လာ၏။ ငါးကဲ့သို့ စိတ်ဝိဉာဉ်သားရဲကြီးက သူတို့ပေါ်မှ ဖြန်သန်းကျော်ဖြတ်သွားသည်။ထိုငါးတောင်များက ကြီးမားကျယ်ပြန့်လှသည်။ ရေပူဖောင်းများနေရာအနှံ ဆန့်ထုတ်နေသောကြောင့် အားလုံးကြောင်အနေကြသည်။ သူတို့ပြန်လန်သည့်အချိန်၌ ထိုဧရာမသားရဲကြီးက ကန်ထဲသို့တဖန်ပြန်လည် ပြုတ်ကျသွားပြီး ရေများပို၍လွှင့်စင်တက်လာလေသည်။ 


ရေကန်တစ်ခုလုံးက ကြီးမားလှသောလှိုင်းဂယက်များဖြင့် ပြည့်နေလေသည်။ ငါးကဲ့သို့သားရဲက ဟိန်းဟောက်လိုက်သည်။ ကောင်းကင်တစ်ခွင်လုံး ရုတ်တရက် မှောင်မဲသွားသလိုထင်ရ၏။ ထိုဧရာမသားရဲက ခုန်ထွက်လိုက်ပြီး လေထဲတွင် လည်နေသည့်အချိန်၌ အားလုံးကြောက်ရွံ့တုန်လှုပ်နေကြသည်။ 


"ဒါဘယ်လို ငါးမျိုးလဲ ကြည့်ရတာထိတ်လန့်စရာကောင်းလိုက်တာ..."


လူတစ်ချို့က ထိုငါးကိုမှတ်မိကြပေသည်။ သို့သော်လည်း မည်သူမျှအတည်မပြုရဲကြပေ။ ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးကို မည်သူမှမနှောက်ယှက်ရဲကြသည်မှာ နှစ်ချို့နေပေပြီ။ ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးက လှေလေးပေါ်သို့ ပြုတ်ကျလာပြီး လှေက အက်ကွဲသွားလေသည်။ 


"အရူးကောင်ပဲ သူဆည်းဆာရေကန်ထဲက ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးကိုလာဖမ်းလိမ့်မယ်လို့ ငါယုံတောင် မယုံနိုင်ဘူး..."


နောက်ဆုံး၌ လန်ကျီရေရွတ်လိုက်လေသည်။ ၎င်းက ဆည်းဆာကန်ထဲရှိ ကြောက်စရာအကောင်းဆုံး ရိုင်းစိုင်းဆုံး သားရဲဖြစ်လေသည်။ ထို့အပြင် ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးကတကယ့်ကိုလဲ ကြီးမားလှပေသည်။ သူ့၏ ခန္ဓာကိုယ်က မီတာအနည်းငယ်ခန့်ပင် ရှည်လျား၏။ သူ့၏ ထက်မြက်လှသော သွားများကလည် နေရောင်ခြည်အောက်တွင် ထောက်ပလင်းလက်နေသည်။ ပုဖန်က ထိုသားရဲဘာကြောင့်များ ဒီလောက် သန်မာနေသလဲဟုပင် သိချင်နေမိခဲ့သည်။


 နောက်ဆုံး၌ သူဧရာမ ငါးဘီလူးတစ်ကောင်ကို ဖမ်းမိသည်ကို သိရှိသွားလေသည်။ သူ့၏လှေငယ်လေးကလဲ ဆိုးဝါးစွာပျက်ဆီးသွားသောကြောင့် လေထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက်ရေမျက်နှာပြင်ပေါ်သို့ တည်ငြိမ်စွာခြေချလိုက်၏။ သူရေပြင်ပေါ်သို့ ခြေချပြီးသည်နှင့် ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးကို အလျင်သလိုဆွဲလိုက်သည်။ ထိုငါးကလဲ ရူးသွပ်စွာဖြင့် အဝေးကိုဆွဲယူနေလေ၏။ ထိုင်ငါးက ဒေါသတကြီးဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်မြည်ကြွေးနေလေသည်။ 


ရွှေသံချပ်ကာဝတ် အစောင့်များ၏အကြည့်က ပြောင်းလဲသွားသည်။ လန်ကျီ၏ အကြည့်များကလည်း အေးစက်သွား၏။ 


"သူ့ကိုသတ် အချိန်မဖြုန်းနဲ့တော့ ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးက ဒီမှာရှိနေတုန်းငါတို့ မြန်နိုင်သမျှ အမြန်ဆုံး သူ့ကိုသတ်ရမယ်..."


လန်ကျီ အော်ဟစ်လိုက်၏။ သူမ၏ခန္ဓာကိုယ်မှ အေးစက်လှသော လေအေးများထွက်ပေါ်လာသည်နှင့် သူမခြေထောက်အောက်က ရေပြင်က အေးခဲသွားလေသည်။ သူမလက်ဖြောက်တစ်ချက် တီးလိုက်သည်နှင့် ရေကန်ထဲမှ အင်အားတစ်ခု ထိုးတက်လာသလိုမျိုး ရေတိုင် ရေလုံးတချို့ ထိုးတက်လာလေ၏။ ရေခဲစွမ်းအားများ ပျံ့လွှင့်သွားပြီး ထိုရေတိုင်များက အေးခဲသွားလေသည်။ ထိုရေခဲချောင်းမျာက ပြင်းထန်လှသောအချိန်ဖြင့် ပုဖန်ဆီသို့ တိုးဝင်လာကြသည်။ 


ပုဖန်ကရေခဲချွန်များကို မျက်လုံးပင့်ကြည့်လိုက်ပြီးနောက် သူ့၏ခန္ဓာကိုယ်ကို အသာအယာ ယိမ်းနွဲ့လိုက်သည်။ ထိုရေခဲချွန်များက ကျယ်လောင်သော အသံနှင့်အတူ ဧရာမငါးကြီး၏ခန္ဓာကိုယ်ကို စိုက်ဝင်သွား၏။ ကောင်းကင်ဝါးမြိုဝိဉာဉ်စပ် ငါး၏ခန္ဓာကိုယ်က လွှင့်ထွက်သွားသည်။ ထို့နောက် ကျယ်လောင်သောဆူညံသံများ ထုတ်လွှင့်လာပြီး သူ့၏ငါးတောင်ပံများက တုန်ခါနေလေသည်။ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်စွမ်း ရှိခဲ့သော သားရဲအရုပ်ကြိုးက နောက်ဆုံး၌ ပြတ်တောက်သွားလေသည်။ 


ကြီးမားလှသော တွန်းကန်မှုကြောင့် ပုဖန်ကောင်းကင်ထက်သို့ လွှင့်ထွက်သွားသည်။ ထို့ကြောင့် ခပ်ဝေးဝေးရေထဲသို့ ပြန်လည်ပြုတ်ကျလာလေ၏။ 


"ဒီသားရဲအရုပ်ကြိုးက ခံနိုင်ရည်မရှိဘူးလား..."


 "ဂျွတ် ဂျွတ်..."


သားရဲအရုပ်ကြိုးက ပျက်ဆီးသွားပြီးနောက် ငါးမျှားတံကလည်း အချိန်ကြာကြာ ခံနိုင်တော့မည့်ပုံမပေါ်ပေ။ ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးက အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် အပိုင်းပိုင်းအစအစ ကျိုးပျက်သွားလေသည်။ 


"သူ့ကိုသတ်..."


သူမ၏ တိုက်ခိုက်မှုက လွဲချော်သွားသောကြောင့် လန်ကျီ၏မျက်နှာက အေးစက်သွားလေသည်။ သူက ပုဖန်ကိုလက်ညှိုးထိုး၍ အော်လိုက်သည်။ ချက်ချင်းသလို ရွှေရောင်အရိပ်လေးခုက ပုဖန်ဆီသို့ လျင်မြန်လှသောအရှိန်ဖြင့် တိုးဝှေ့လာလေသည်။ သူတို့၏ လက်နက်များဆှမှလဲ စိတ်ဝိဉာဉ်လှိုင်းများ မြင့်တက်လာလေ၏။ ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးက ဒေါသထွက်နေပေပြီ။ သူ့၏ ဆူးတောင်များကိုဖြန့်ကားကာ ပါးစပ်ကိုဟ၍ ရေဘောလုံးများကို နေရာအနှံ့သို့ပစ်လွှတ်တော့သည်။ 


ထိုရေဘောလုံးများက ရေမျက်နှာပြင်ပေါ်သို့ကျသွားသည်နှင့် ကန်ရေပြင်သည်ရေလှိုင်းဂယက်များရိုက်ခတ်သွားသည်။ ရေသံက ဆူပွက်လာသလို ပူစီဖောင်းများထလာလေ၏။ ထိုစွမ်းအားက ကြောက်စရာကောင်းလှသည်။ ပုဖန်က ရေမျက်နှာပြင်ပေါ် အသာခြေချရင်း ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။


ယခုအချိန်တွင် သန်မာထွားကျိုင်းသော ရွှေသံချပ်ကာဝတ် အစောင့် လေးယောက်က ရက်စက်ကြမ်ကြုတ်သော ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါး၏ ပစ်မှတ်ဖြစ်လာလေသည်။ ဝိဉာဉ်စပ်ငါးက ထိုလူလေးယောက်ရှိရာဆီသို့ ကူးသွားလေသည်။ ရွှေသံချပ်ကာဝတ် အစောင့်များ မျက်လုံးလှန်လိုက်မိကြသည်။ 


"ငါတို့က မင်းကိုဖမ်းတာမဟုတ်ဘူးလေ ဘယ်လိုဖြစ်ပြီး ငါတို့ကို လိုက်ဖမ်းချင်နေတာတုန်း..." 


မည်သို့ပင်ဆိုစေ ရွှေသံချပ်ကာဝတ် အစောင့်တပ်ဖွဲ့ သူတော်စင်သားတော်၏ လက်အောက်မှ အားအကောင်းဆုံး အဖွဲ့ဖြစ်သည်။ သူတို့က လူအနည်းငယ်သာရှိသော်လည်း သူတို့၏ တိုက်ခိုက်မှုစွမ်းအားက လူအားလုံးကို အားကျလေးစားစေနိုင်ခဲ့သည်။ 


"ဘုန်း ဘုန်း..."


ပေါက်ကွဲသံများက ပဲ့တင်ထပ်နေသည် ရွှေသံချပ်ကာဝတ် အစောင့်များက ဝိဉာဉ်စပ်ငါးရုတ်တရက် တိုက်ခတ်လာမည်ဟု မထင်မှတ်ထားသောကြောင့် သတိလက်လွတ် ဖြစ်လုနီးပါဖြစ်နေ၏။ လန်ကျီက ရေမျက်နှာပြင်အထက်တွင် ပျံဝဲနေသည်။ သူမ၏ အေးစက်လှသောအကြည့်များက အကွာအဝေးတစ်ခုတွင်ရှိနေသော ပုဖန်ကိုသာ ကြည့်နေလေ၏။ မှန်ပေသည်။ သူမထိုကောင်စုတ်လေးကို လွတ်မြောက်ခွင့်မပေးနိုင်ပေ။ ထို့ကြောင့်ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ 


သူမ၏ အင်္ကျီလက်စများ လှုပ်ခါသွားသည်။ရေမျက်နှာပြင်ထက်တွင် မုန်တိုင်းငယ်တစ်ခုပေါ်လာပြီး ပုဖန်ဆီသို့ဦးတည်သွားလေသည်။ ရေများကခဲသွား၏။ သူမ၏ရည်ရွယ်ချက် ရှင်းလင်းလှသည်။ သူမက ပုဖန်ကိုသတ်၍ လုကျီအတွက် လက်စားချေလိုခြင်း ဖြစ်သည်။ ပုဖန်အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ သူမဆီမှ ပြင်းထန်လှသော အော်ရာများကိုခံစားလိုက်မိသည်။ 


သူရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ထုတ်ဖော်လိုက်ပြီးနောက် သူ့၏အစစ်အမှန်စွမ်းအားများ ထည့်သွင်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ သူဓားကိုလွှဲ၍ ရေပြင်က်ိုခုတ်ချလိုက်လေရာ ရေများဖွားကနဲ လွှင့်စင်သွားလေ၏။ 


"ဓားဆယ့်သုံးချက် အရှင်သခင် ..."


ပုဖန်ကလန်ကျီကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီးနောက် သူ့၏ဓားချက်များကို အဆက်မပြတ် လွှဲယမ်းလိုက်သည်။ လျင်မြန်လှသေ ဓားစွမ်းအင်များက လေထဲတွင် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး ပေါက်ကွဲတုန်ခါသံများ ထွက်ပေါ်လာသည်။ သူစပ်ပြဲလန် ခေါက်ဆွဲ တစ်ပွဲ ထုတ်စားလိုက်၏။ ထို့နောက်တစ်ချိန်ထဲမှာပင် အမဲသားလုံးများကို ထုတ်ယူလိုက်သည်။ အစားအစာများက လေထဲလွှင့်မျောနေပြီးနောက်က် ရေထဲသို့ပြုတ်ကျသွားလေသည်။ ထို့နောက်အဝေးသို့ ဝေ့ဝဲထွက်သွား၏။ ဒါကပုဖန်၏ လျှာကဝေ အခင်းအကျင်းပင် ဖြစ်လေသည်။ 


သူ့၏ဓားချက်များကို အရူးအမူးလွှဲယမ်းနေစဉ် အတောအတွင်းမှာပင် သူ့၏အစားအစာများကိုလဲ အစီအရင်ဖြစ်တည်လာရန် ပို့ဆောင်ပေးနေလေသည်။ မည်သူမှ သတိမပြုမိခင်မှာပင် လျှာကဝေအစီအရင် ခင်းကျင်းပြီးသွားလေသည်။ ထို့အပြင်ပုဖန်၏ အော်ရာများကလဲ တဖြည်းဖြည်းမြင့်တက်လာပြီး သူ၏အထွတ်ထိပ် အခြေနေသို့ရောက်ရှိလာလေ၏။ ပုဖန်၏အခြေခံအဆင့်က မသေမျိုးခန္ဓာ ပထမအဆင့်တွင် ရှိသေးသော်လည်း သူပတ်ဝန်းကျင်ရှိ စွမ်းအားများက တရှိန်ထိုး တိုးတက်လာလေသည်။ ၎င်းက မသေမျိုးဝိဉာဉ် အဆင့်ပညာရှင်များကိုပင် ထိတ်လန့်သွားစေသည်။


 သူ၏စွမ်းအားများ အပြည့်အဝမြင့်တက်သွားသည့် အချိန်တွင် ထိုပညာရှင်များကို သေသည်အထိ သို့မဟုတ်နာကျင်အောင်ထိ လုပ်ဆောင်နိုင်ပေမည်။ 


"ခုနှစ်ချက်မြောက် ဓားချက်..."


သူ၏ဓားချက်များက တဖြည်းဖြည်း ပြင်းထန်လာပြီး ရေ၏ အလျင်ကိုပင် အဆင့်တစ်ဆင့်ဖြင့် ဖိနှိပ်နိုင်လေသည်။ 


"ရှစ်ချက်မြောက်ဓားချက်..."


ပုဖန်၏ဓားချက်များက စုစည်းသွားသည်။ ရွှေရောင်အလင်းတန်းများ တလက်လက် ထုတ်လွှင့်နေသော ရွှေနဂါး မီးဖိုချောင်သုံးဓားကို ပခုံးပေါ် ထမ်းတင်လိုက်သည်။ နဂါးစွမ်းအင်များပေါက်ကွဲထွက်လာလေ၏။ ၎င်းကရွှေရောင်နဂါးတစ်ကောင် လေထဲသို့ ထိုးတက်သွားသည် ဟုပင်ထင်ရသည်။ ရှစ်ချက်မြောက်ဓားချက်က နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်သည်းများကို ထုတ်ကာအပြာရောင်ဝတ် အမျိုးသမီးဆီသို့ တိုးဝင်လာလေ၏။


 ၎င်းကကြောက်စရာကောင်းပြီး အန္တရာယ်များလွန်းလှသောကြောင့် လန်ကျီတုန်ရီသွားမိသည်။ မသေမျိုး ခန္ဓာအဆင့်ကလေးက ထိုကဲ့သို့သူနှိုင်းဆ မရသောစွမ်းအားများကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ မလှမ်းမကမ်းတွင် ရှိနေသော ရွှေသံချပ်ကာ တပ်ဖွဲ့များလည်း ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးကို ဖိနှိပ်နိုင်ရန် ကြိုးစားနေကြ၏။ သို့သော်လည်း လန်ကျီက ထိုကောင်စုတ်ကလေးကို သူမ သတ်နိုင်လိမ့်မည်ဟုထင်သည်။ ထိုကြောင့်သူမ နောက်ဆုတ်ရန်မကြိုးစားတော့ပေ။


ထို့နောက်သူမ၏ အကြောအဆစ်များ အားလုံးကို ဖွင့်လွှတ်လိုက်သည်။ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် သူမ၏တကိုယ်လုံးကို ရေခဲအလွှာပါးတစ်ချပ်ဖြင့် ဖုံးကွယ်သွားလေ၏။ သူမ၏ရှေ့၌ လေအေးများက တစ်စစီစုလာပြီးနောက် ရေခဲဒိုင်းတစ်ချပ် ပေါ်လာသည်။ လန်ကျီကပုဖန်၏ သေစေနိုင်လောက်သော ဓားစွမ်းအင်များကို ထိုရေခဲဒိုင်းဖြင့် ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။


 ရှစ်ချက်မြောက် ဓားချက်ကိုလှည့်ရမ်းပြီးနောက် ပုဖန်ကသူ၏ခန္ဓာကိုယ်၌ ဗလာဖြစ်သွားသလိုခံစားလိုက်ရသည်။ ရုတ်တရက် သူ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး တုန်ရင်လာလေသည်။ သူ၏ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ မြောက်တက်လာပြီး သူ့ဘေးနားဆီမှ ရေများစီးကျနေလေ၏။ လျှာကဝေအစီအရင်က တောက်ပလင်းလက်နေပြီး ပတ်ဝန်းကျင်မှနေ၍ စွမ်းအားများဖြင့် သူ့ကိုထောက်ပံ့ပေး ထားလေသည်။ လန်ကျီ၏ရေခဲဒိုင်းက ကွဲအက်သွားလေ၏။


ဓားစွမ်းအင်နှင့် ရေခဲအလွှာတို့ ထိပ်တိုက်တွေ့ဆုံပြီးသည်နှင့် သူမလွင့်ထွက်သွားပြီး သူမ၏ရေခဲဒိုင်းကလဲ ချက်ချင်းပျက်ဆီးသွားလေသည်။ ပုဖန်ကသူရပ်နေရာ နေရာသည်ရေပြင်မဟုတ်ပဲ မြေပြင်ဖြစ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သို့သော်သူမည်သည့်အချိန်က မြေပြင်ပေါ်ရောက်နေမှန်း မသိလိုက်ပေ။ တကယ်တမ်း သူရပ်သည်က မြေပြင်မဟုတ်သည်ကို သိရှိသွားပြီးနောက် ထိပ်လန့်ကြောက်ရွံသွားလေသည်။ 


ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးက်ို တိုက်ခိုက်နေသော အစောင့်များရပ်တန့်လိုက်ကြသည်။ သူတို့အားလုံးပုဖန်ကိုကြည့်လိုက်မိပြီး တုန်ရင်နေကြသည်။ ကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါး၏ မျက်ဝန်းများကလည်း ပြူးကျယ်သွားသည်။ သူ၏ဆူးတောင်များကို ဖြန့်ကားရင်း ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလိုက်၏ ထို့အပြင်မကြာခင်မှာပင် ထိုအရာက လှုပ်ရှားလာပြီး သူ့၏ဆူးရှလှသောလျှာကို ထုတ်လာလေသည်။ ထိုလျှာကကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါး၏ ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားလေသည်။ 


ထို့နောက်ကောင်းကင် ဝါးမြိုဝိဉာဉ်စပ်ငါးက ထွက်မပြေးနိုင်ခင်မှာပင် ကြီးမားလှသော သားရဲကြီး၏မြိုချခြင်းကို ခံလိုက်ရသည်။ ရွှေသံချပ်ကာဝတ် အစောင့်များက ထိတ်လန့်ကြောက်ရွံ့စွာဖြင့် တုန်ရင်နေကြလေသည်။ လန်ကျီထိုနတ်ဝိဉာဉ် ခန္ဓာကိုယ်ပေါ် လဲကျသွားပြီးနောက်သူမတုန်ရင်စွာဖြင့် တံတွေးတစ်လုတ် မြိုချလိုက်သည်။ ပုဖန်လဲသူ၏ခန္ဓာကိုယ်က်ို ကွေးညွန့်၍ ထိုသားရဲပေါ် ထိုင်ချပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ 


"ဒီဧရာမအနက်ရောင် သားရဲကြီးက ဘယ်လိုမွန်းစတားမျိုးလဲ..."


တကယ်တမ်းပင်ရပုဖန်က သူကိုယ်သူ အပြစ်ကင်းကြောင်းသိလေသည်။ သူကကောင်းကင်ဝါးမြို ဝိဉာဉ်စပ်ငါးကိုသာ ဖမ်းဆီးလိုခြင်း ဖြစ်၏။ 


"ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ သားရဲထွက်လာလိမ့်မည်ဟု ဘယ်သူကသိမလဲ..."


အားလုံးက သူတို့၏ ခန္ဓာကိုယ်တုန်ခါနေသည်ကို ခံစားမိလေ၏။ ထို့နောက်ပုဖန်က လေထဲသို့ရေစီးကြောင်း တစ်ကြောင်းပစ်လွှတ်လိုက်သည်။ရေစီးကြောင်း လဲကျသွားပြီးနောက် ထိုသားရဲ၏ပုံသဏ္ဍာန်ကို သူမြင်လိုက်ရလေသည်။ချက်ချင်းပင် ပုဖန်လေအေးတစ်ချက် ရှိုက်မိသွားသည်။ 


"ဧရာမ မိချောင်းကြီး..."


လန်ကျီက သူမခြေထောက်များ ဂျယ်လီလိုပျော့ခွေသွားသည် ကိုခံစားမိလေသည်။သူမ၏မျက်နှာက သွေးရောင်လုံးဝမရှိတော့ပေ။ 


"ဆည်းဆာရေကန် သွားစိမ်းဘိုးဘေးမိကျောင်း..."