အခန်း ၆၆၄
ဘိုးဘေးမိကျောင်းပါးစပ်ထဲမှ လွတ်မြောက်ပါ့မလား...
လရောင်က အနက်ရောင်အကြေးခွံများအပေါ် ဖြာကျနေသည်။စိတ်ဝိညာဉ် စွမ်းအင်အလင်းစက်လေးများက တလဲ့လဲ့ တောက်ပနေသည်။
ရက်စက်ကြမ်းကြုတ်လှသော အော်ရာများနှင့်အတူ ကျောက်သလင်းကဲ့သို့ တောက်ပနေသော ချွှန်မြေ့သည့် သွားစွယ်များကိုလည်း လှစ်ဟထားသည်။
သူ့၏ ပါးစပ်ကို အဖွင့်အပိတ်လုပ်နေသည်မှာ လေဟာနယ်ကိုပင် လိမ်ရှုံ့သွားစေသလ်ိုထင်ရသည်။ဒီသားရဲက မိကျောင်းခေါင်းတို ပုံသဏ္ဍာန်ရှိလေသည်။ပုဖန် လေထဲသို့ ပစ်လွှတ်လိုက်သော ရေမျက်နာပြင်မှ တစ်ဆင့် သူ့၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။
သားရဲ၏ အမြီးကလည်း ထက်မြက်လှသော ဓားရှည်တစ်ချောင်းကဲ့သို့ပင် ၎င်းကို လွှဲယမ်းလိုက်သည်နှင့် လေဟာနယ်ကိုပင် ပိုင်းဖြတ်လိုက်သလိုထင်ရသည်။
ပုဖန် အမွှေးအမျှင်များထောင်ထသွားလေသည်။ပထမဦးဆုံးအကြိမ်အဖြစ် သူကျောရိုးတစ်လျှောက်အေးစိမ့်မှုကို ခံစားလိုက်ရသည်။လန်ကျီက လုံးဝ ထိတ်လန့်ကြောက်ရွံ့နေပေပြီ။သူမ လဲပြိုကျနေပြီး နူးညံ့သည့် ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ရီနေသည်။
သွားစိမ်း ဘိုးဘေ မိကျောင်း ...၎င်းက စာအုပ်ထဲ၌ ကြောက်စရာအကောင်းဆုံးသတ္တဝါအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ဒဏ္ဍာရီများအရ အစားကြူးတောင်ကြား၏ ပထမဦးဆုံး အရှင်သခင်က ၎င်းကို ဆည်းဆာရေကန်ထဲ၌ ချိတ်ပိတ်ထားခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုသားရဲကောင်ကြီးက နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာပေပြီ။ဆည်းဆာရေကန်သည်။သားရဲများဖြင့် ပြည့်နှက်နေပြီး အေညက်ခြေမမြင်နိုင်သော ကန်တစ်ကန်ဖြစ်လေသည်။
ရေကန်၏ နက်ရှိုင်းသော ဧရိယာများတွင် ထိုသွားစိမ်းဘိုးဘေးမိကျောင်းထက်ပင် သန်မာသော သားရဲများနေထိုင်သည်ဟု ကောလဟာလများလည်းရှိသည်။သို့သော်လည်း ထိုသားရဲများကို မည်သူမှ မမြင်ဖူးပေ။
ထိုနေရာ၌ သွားစိမ်းဘိုးဘေမိကျောင်းနှင့် ကြုံကြိုက်ခြင်းမှာ လုံးဝက်ို မမျှော်လင့်ထားသော ကံဆိုးမှုပင်ဖြစ်သည်။
လန်ကျီ၏ ခန္ဓာကိုယ်က တောင့်တင်းနေသည်။ထိုသားရဲ တိုက်ခိုက်လာမည်ဆိုသောကြောင့် သူမ လုံးဝ မလှုပ်ဝံ့ပေ။ထိုမိကျောင်းကသာ သူမကို သတ်ချင်လျှင် လက်ကို လှန်ရသည်ထက်ပင် လွယ်နေပေလိမ့်မည်။
ရွှေသံချပ်ကာ အစောင့်များကလည်း ကောင်းကင် တစ်ခုလုံးကိုပင် ဖုံးအုပ်လုနီးပါးဖြစ်နေသော ဘိုးဘေမိကျောင်းအား ကြောင်အမှင်သက်စွာကြည့်နေကြသည်။ထိုဘိုးဘေမိကျောင်း၏ မျက်လုံးတစ်လုံးကပင် သူတို့၏ ခန္ဓာကိုယ်ထက် ကြီးမားလေသည်။
သူတို့၏ ခန္ဓာကိုယ်များက မရပ်မနား တုန်ယင်နေသောကြောင့် ဝတ်ဆင်ထားသော ရွှေရောင်သံချပ်ကာများ တစ်ခုနှင့်တစ်ခုတိုက်မိပြီး ဆူညံသံများ ထွက်ပေါ်နေလေသည်။
ရုတ်တရက် ထိုဘိုးဘေးမိကျောင်းက ကောင်းကင်ကိုပင် ဝါးမျိုချနိုင်သော သူ့၏ ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။ထိုအခိုက်အတန့်တွင် တိမ်များ၏ တောက်ပြောင်မှုပင် ပျောက်ကွယ်သွားပြီး ပြင်းထန်လှသော အော်ရာများက သူတို့က်ို လွှမ်းမိုးသွားလေသည်။
ရွှေသံချပ်ကာ အစောင့်များက သူတို့ လိပ်ပြာလွင့်ထွက်သွားသည်ဟုပင် ခံစားလိုက်မိသည်။၎င်းက ဘိုးဘေမိကျောင်းဖြစ်ပြီး ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးမဟုတ်ပေ။သူတို့ ဝိညာဉ် စက်ငါးကို တိုက်ခိုက်နိုင်သော်လည်း ဘိုးဘေးမိကျောင်းရှေ့တွင် တိုက်ခိုက်ခြင်းက လုံးဝ အဓိပ္ပါယ်မဲ့နေပေလိမ့်မည်။
သူတို့ လွတ်မြောက်နိုင်မနိုင်က တကယ်ကို ကိစ္စရပ်ကြီး တစ်ရပ်ဖြစ်နေပေပြီ။အဘယ့်ကြောင့်ဆိုသော် သူတ်ို့၏ ခြေလက်များအားလုံး တောင့်တင်းထုံကျင်နေသောကြောင့် လှုပ်ရှားရန်ပင် အခက်အခဲ ဖြစ်နေပေပြီ။
ရုတ်တရက် ရွှေသံချပ်ကာ ဝတ်အစောင့်တစ်ယောက်၏ ခြေထောက်က ဂျယ်လီလို ပျော့ခွေလာသည်ကို ခံစားလိုက်ရသည်၏သူ့၏ စွမ်းအင်များကိင မထိန်းချုပ်နိုင်တော့ပဲ ရေကန်ထဲ ပြုတ်ကျသွားလေသည်။သူ့မျက်နာက တစ္ဆေတစ်ကောင်လို ဖြူဖျော့နေပြီး ရေထဲတွင်ခက်ခက်ခဲ ကြိုးစားရုန်းကန်နေလေသည်။
သူ အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေသောကြောင့် သူ့၏ ဝိညာဉ်က ထွက်ပြေးသွားလေပြီ သူ့၏ အသက်ကလေးကို ကယ်တင်နိုင်ရန် အလို့ငှာ ဖြစ်နိုင်သမျှ ဝေးဝေးသို့ ကူးခတ်နေမိသည်။
ဗွမ်း ...
မှောင်မဲနေသော ညတွင် ရေသံများ ပဲ့တင်ထပ် ရ်ိုက်ခတ်နေသံက အားလုံး၏ အမွှေးအမျှင်များကို ထောင်နေစေသည်။တစ်ခြားရွှေသံချပ်ကာဝတ်သုံးဥိးကလည်း ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် မျက်ဝန်းများ စုကျုံ့သွားကြသည်။ထို့နောက် သူတို့ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိတော့ပဲ ကမ်းခြေရှိရာဆီသို့ ထွက်ပြေးကြလေသည်။
သို့သော်လည်း သူတို့ အမြန်ပြေးလေလေ သူတို့စိတ်များက ပို၍ လေးလံလာလေလေပင်။စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာလေသည်။သူတို့က ရေပြင်အလယ်မှာပင် ရှိနေသေးပြီး ကမ်းခြေနှင့် အလှမ်းဝေးလွန်းလှသည်။
ပုဖန်ကို ထောက်ပံ့ပေးထားသော ရေစီးကြောင်းက ပျောက်ကွယ်သွားပြီးနောက် သူကောင်းကင်မှနေပြီး မိကျောင်းခေါင်းပေါ်သ်ို့ ပြန်လည်ပြုတ်ကျလာလေသည်။
ထိုထိခတ်သံက လန်ကျီကို ကြောက်ရွံ့သွားစေ၏။ပုဖန်က မျက်နာသေဖြင့်ပင် ထိုမိကျောင်းခေါင်းတို၏။ခေါင်းပေါ်တွင် မတ်တပ်ရပ်နေလိုက်သည်။သူ့၏ နီရောင်စားဖိုမှုး ဝတ်စုံက တလွင့်လွင့်လွင့်ခါနေသည်။
ဗွမ်း...
ဘိုးဘေးမိကျောင်း၏ ခန္ဓာကိုယ်က လှုပ်ရှားလာသည်။ထို့နောက် ရွှေသံချပ်ကာဝတ် အစောင့်များ၏ မျက်ဝန်းများက ပြူးကျယ်ဝိုင်းစက်သွားပြီးနောက် သူတို့၏ လှုပ်ရှားမှုက ပ်ိုမို မြန်ဆန်လာသည်။
ထိုဘိုးဘေးမိကျောင်းက စတင်ကူးခတ်လာပြီး သူတို့နှင့် နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ဘိုးဘေးမိကျောင်း၏ မျက်လုံးကြီးများက ညအချိန်တွင် ထွန်းထားသော မီးပုံးများကဲ့သို့ပင် သူ့၏ အစာကို တွေ့ရသောကြောင့် တောက်ပနေလေသည်။ရွှေသံချပ်ကာအစောင့်များ ငိုကြွေးချင်နေကြပေပြီ။
"ငါတို့ကို အဲ့ဒီလို မကြည့်လို့ရမလား...ဗွမ်း...ဗွမ်း..."
ရေများက ချက်ချင်းဆူပွက်လာသည်။ဆူညံသံများကြားလိုက်ရပြီးနောက် ကောင်းကင်လောက် မြင့်မားလှသော ပါးစပ်ကြီးက ရွှေသံချပ်ကာ အစောင့်လေးဦးကို လှမ်းဟပ်လိုက်လေသည်။
ထိုလေးဦးစလုံးက သူတို့၏ အော်ရာများကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ယံဆီသို့ စွမ်းအင်များ ပစ်လွှတ်လိုက်လေသည်။သူတ်ို့၏ ခေါင်းအထက်တွင်လည်း ဝ်ိညာဉ်လှေကားများ ထွက်ပေါ်လာလေ၏။
သို့သော်လည်း သူတ်ို့၏ လှုပ်ရှားမှုများက အသုံးမဝင်ပေ။သူတို့က ဘိုးဘေးမိကျောင်းက်ို တုံံ့နှေးသွားအောင်ပင် မလုပ်နိုင်ပေ။
ဂျွမ်း....
အစစ်အမှန် စွမ်းအင်အကာအကွယ်များအားလုံး ပျက်စီးသွားပြီးနောက် ရွှေသံချပ်ကာ အစောင့်များအားလုံး တစ်လုတ်တည်းဖြင့် မျိုချခံလိုက်ရသည်။သူတ်ို့ထဲမှ တစ်ယောက်က ထွက်ပြေးလွတ်မြောက်ချင်လေသည်။သို့သော်လည်း ထက်မြက်လှသောသွားများဖြင့် ဖိကျိတ်ခံလိုက်ရပြီး အသားပိုင်းများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကျွတ် ကျွတ် ကျွတ်...
ဘိုးဘေးမိကျောင်းက တဖြေးဖြေးချင်းဝါးစားလိုက်ပြီးမှ မျိုချလိုက်သည်။အရိုးဝါးလိုက်သည့် ဆူညံသံများက မိကျောင်းခေါင်းပေါ်တွင် ပြန်လည်ရပ်တန့်ရန် ကြိုးစားနေသော လန်ကျီကို ထပ်မံ လဲပြိုကျသွားစေသည်။
ပုဖန်က အခုချိန်တွင် သူပြေးရမည်ဟု တွေးမိလေသည်။သူက ထိုသတ္တဝါနှင့် ရင်ဆိုင်ရလောက်အောင် မသန်မာပေ။သူ့လက်ထဲ၌ ရေနဂါးအရိုး မီးဖိုချောင်သုံးဓားရှိနေသော်လည်း ရင်ဆိုင်ဖို့တော့ မျှော်လင့်ချက်မရှိပေ။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက စိတ်ဝိညာဉ်သားရဲများအပေါ်တွင် ဖိနှိပ်နိုင်စွမ်းရှိသည်ဆိုသော်လည်း ဒီသတ္တဝါကြီးက တကယ်ကို ဆိုးဆိုးဝါးဝါးကြီးမားလွန်းလှ၏။
သို့သော်လည်း ထိုမိကျောင်း၏ စိတ်ဝ်ိညာဉ် စွမ်းအင်များ ပြည့်ဝနေသော ခန္ဓာကိုယ်ကိုကြည့်လိုက်မိပြီးနောက် သူ့၏ အတွင်းစိတ်က အသားတစ်တုံးလောက်ဖြတ်ရန် တိုက်တွန်းနေလေသည်။
ထို့ကြောင့် ပုဖန်က မိကျောင်း၏ နောက်ကျောဘက်ဆီသို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားလိုက်သည်။ထူထပ်သိပ်းသည်းလှသော အခွံအောက်တွင် စွမ်းရည်များပြည့်ဝနေသည့် အသားများ ရှိနေပေသည်။
ပုဖန် အကြေးခွံများကို ထိလိုက်ပြီး သူတို့ကို ခံစားကြည့်လိုက်သည်။အကြေးခွံများ၏ အပူချိန်က အလွန်ပင်နိမ့်ကျလှသောကြောင့် သူ့လက်ပင် ခဲသွားမတက်ဖြစ်သွားလေပြီ။
"အရမ်းအေးလွန်းတယ်..."
နီရောင်စားဖိုမှူးဝတ်ရုံက လှုပ်ခါသွားသည်။နွေးထွေးသော စွမ်းအင်စီးကြောင်းများ သူ့လက်ထဲသို့ စီးဝင်လာပြီးနောက် အေးတောက်နေမှုကို ပယ်ဖျောက်သွားစေသည်။
သူ့လက် ပြန်လည်လှုပ်ရှား၍ ရသွားပြီးနောက် ပုဖန် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးရုံ ပြုံးလိုက်ပြီးနောက် အစိမ်းရောင်မီးခိုးငွေ့များနှင့်အတူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာလေသည်။
ရှေးဟောင်းပုံစံ နက်ပြောင်နေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ညအခ်ျိန်မှာပင် တောက်ပနေလေသည်။ပုဖန် ဓားကို ကျွမ်းကျင်စွာ ဆော့ကစားလိုက်ပြီးနောက် တင်းတင်းဆုပ်ကိုင်လိုက်သည်။
သူနှင့် မလှမ်းမကမ်းတွင် ကြောက်ရွံဖြူဖျော့နေသော လန်ကျီက စိတ်လှုပ်ရှားတက်ကြွနေသော ပုဖန်ကို ကြောင်အကြည့်နေလေသည်။
"သူ ဘာလုပ်ချင်နေတာလဲ...သူက ရူးနေတာလား သူ့လက်ထဲက ဓားက ဘာအတွက်လဲ ဒီကောင်က အရူးပဲ ဒီကောင်က အစုတ်ပလုတ်ကောင်ပဲ ..."
ပုဖန်၏ ဓားက မိကျောင်းသားကို ခုတ်ဖြတ်ရန် မြောက်တက်လာသည်အား ကြည့်ရင်း လန်ကျီ မယုံနိုင်ဖြစ်သွားလေသည်။သူအလွန်ပင် ကြောက်ရွံ့သွားပြီး ချက်ချင်း ချာခနဲ လှည့်ထွက်၍ ပြေးလေသည်။
"သူ ရူးနေပြီ ဒီအရူးကောင်င မိကျောင်းသားကို စားချင်နေတယ်..."
လန်ကျီ လုံးဝ မယုံကြည်နိုင်တော့ပေ။ယခုအခ်ျိန်တွင် သူက ပုဖန်အား မိကျောင်းခေါင်းတိုကိုပင် နှောက်ယှက်ရဲသော အရူးအဖြစ် မြင်နေပေပြီ။
"ဘယ်သူကများ မိကျောင်းခေါင်းတိုအသားကို စားဖို့ စိတ်ကူးယဉ်ရဲမှာလဲ သာမန်လူတွေက ဘယ်လိုနည်းနဲ့မှ အိမ်မက်မက်မှာမဟုတ်ဘူး...မသေမျိုးခန္ဓာအဆငိ့ပဲရောက်သေးတဲ့ စားဖိုမှူးလေးက မိကျောင်းသားကို ဖြတ်ဖို့ရည်ရွယ်နေတယ် သူက တကယ်ကြီး မိကျောင်းသားကို လိုချင်နေတယ်...ငါကြားဖူးတာတော့ မိကျောင်းခေါင်းတိုရဲ့ အသားက စားမကောင်းဘူးတဲ့ ဒါပေမယ့်လည်း ဒီကောင်ကြီးရဲ့ အသားက စွမ်းအင်တွေများလွန်းတယ် အဲ့ဒီတော့ ငါထင်တာတော့အရသာက ကောင်းလိမ့်မယ် ထင်တာပဲ ..."
ပုဖန် တီးတိုးရေရွတ်နေမိသည်။ထို့နောက် ယုံကြည်ချက်အပြည့်ဖြင့် မိကျောင်း၏ အကြေးခွံများကို ဖြတ်တောက်လိုက်လေသည်။အကြေးခွံများ ဖယ်ရှားပြီးသည်နှင့် သူ့၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားထဲသ်ို့ များပြားလှသော အစစ်အမှန် စွမ်းအင်များကို ပို့လွှတ်လိုက်သည်။ဓားက တောက်ပလင်းလက်လာ၏။ရွှေရောင်အလင်းတန်းများက ဓား၏ ပတ်ဝန်းကျင်တွင် နဂါးတစ်ကောင်ကဲ့သို့ လှည့်လည်နေလေသည်။
ထို့နောက် ရွှေရောင်အလင်းတန်းများက မိကျောင်း၏ အသားလွှာထဲသို့ ဖြတ်သန်းသွားလေသည်။အသားများကို ဝါးနေသော ဘိုးဘေးမိကျောင်းက ချက်ချင်းပင် ရပ်တန့်သွားလေသည်။၎င်းက မုန်တိုင်းမလာခင် ငြိမ်သက်သွားခြင်းနှင့် တူနေလေ၏။
လန်ကျီ အသံမထွက်မိအောင် သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်ကာလိုက်သည်။ပုဖန်က တကယ့်ကို အရူးတစ်ယောက်ဖြစ်နေပေပြီ။ထိုအချိန်၌ ဘိုးဘေးမိကျောင်းက နာကျင်မှုကို ခံစားလိုက်ရသည်။သူ့၏ မျက်ဝန်းများ စူးရှ ကျဉ်းမြောင်းသွားပြီး ပါးစပ်ကိုဖွင့်ဟ၍ ဟိန်းဟောက်လိုက်သည်။
ထိုအော်သံက ရေကန်တစ်ခုလုံးကို ဆူပွက်သွားစေပြီး ရေများ ကောင်းကင်ယံအထိကိုပင် လွင့်တက်သွားသည်။မိကျောင်း ကျောဘက်တွင်ရပ်တည်နေသော လန်ကျီ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ရေထဲသို့ ပြုတ်ကျသွားလေသည်။
သို့သော်လည်း သူမ လေထဲမှာပင် တစ်ပတ်လှည့်လိုက်ပြီး ရေမျက်နာပြင်ပေါ်ကို ခြေချလိုက်သည်။ထို့နောက် သူမ၏ အပြာရောင်ဝတ်စုံစ တလွင့်လွင့် လွင့်ခါသည်အထိကိုပင် ထွက်ပြေးလေတော့သည်။
ယခုအခ်ျိန်၌ ထိုအတွေးတစ်ခုထဲကသာ သူမ၏ ခေါင်းထဲ ပြည့်နေလေသည်။
"ပြေး ပြေး ဒီအိမ်မက်ဆိုးထဲကနေ လွတ်အောင်ပြေး..."
သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ပုဖန် မိကျောင်း၏ ကျောဘက်မှ အသားတုံးကြီးတစ်တုံးကို တွန်းထုတ်လိုက်သည်။အသားတုံးထဲတွင် အလင်းရောင်လှိုင်းလေးများ တွန့်လူးနေသည်။၎င်းက စိတ်ဝိညာဉ် စွမ်းအင်အနှစ်သာရများစီးဆင်စနေခြင်းဖြစ်သည်
"အသားကောင်းပဲ..."
ပုဖန်က ချီးကျူးလိုက်ပြီးနောက် အသားကို အဝေးသို့ ထားလိုက်သည်။ရုတ်တရက် ဘိုးဘေးမိကျောင်းက ပြင်းထန်စွာ လှုပ်ခါလာသည်ကို ခံစားလိုက်ရပြီး သူရေကန်ထဲသို့ ပြုတ်ကျသွားလေသည်။
ကမ္ဘာလောကကြီးထဲမှ အကောင်းဆုံးဓားတစ်လက်လို စူးရှလာသည့်မျက်ဝန်းများက သူ့ရှိရာဆီသို့ ကျရောက်လာလေသည်။ဘိုးဘေးမိကျောင်းက ဒေါသထွက်စွာဖြင့် ပုဖန်၏ မျက်နာတည့်တည့်ဆီသို့ ဟိန်းဟောက်လိုက်သည်။ကြောက်မက်ဖွယ်ကောင်းလှသော ဟိန်းဟောက်သံက ကန်ထဲရှိ ရေလှိုင်းများကို မြင့်တက်သွားစေ၏။
ထွက်ပြေးနေသော လန်ကျီကရေလှိုင်းကြီးများ၏ ပြန်လည်ယူဆောင်ခြင်းကို ခံလိုက်ရပြီး မတော်တဆ ပုဖန်ဘေးနားသို့ ပြုတ်ကျသွားလေသည်။သူမ ပုဖန်ကို မြင်လိုက်သည်နှင့် နားကွဲလုမတက်ပင် အော်ဟစ်လိုက်သည်။ထို့နောက် စကားတစ်ခွန်းမှပင်မဆိုပဲ ထိုအရူးကောင်နှင့် ဝေးရာဆီသို့ ပြေးဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ထ်ိုအခိုက်အတန့်တွင် သူမ မပြေးနိုင်တော့ပေ။ဘိုးဘေးမိကျောင်းက ပြင်းထန်စွာ နှာမှုတ်လိုက်သည်။သူ တကယ့်ကို စိတ်ဆိုးဒေါသထွက်နေပေပြီ။အားအပြည့်ပါသော သူ့၏ လက်သည်းများကြောင့် ရေကန်က ပေါက်ကွဲသွားလေသည်။
"ပုရွတ်ဆိတ်နှစ်ကောင်လို လူတွေက သူ့ရဲ့ နောက်ကျောဘက်မှာ မကောင်းကြံစည်ရဲတယ် သူတို့က အသက်ရှင်ရတာ ပျင်းနေပြီလား..."
လန်ကျီ တုန်တုန်ရီရီဖြင့် ထိုလက်သည်းများကြားထဲမှ လွတ်မြောက်ရန် ကြိုးစားနေလေသည်။ကြောက်ရွံ့မှုကြောင့် သူမ မေ့မျောလုနီးပါးပင်ဖြစ်နေလေသည်။ပုဖန် ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်း၍ ထိုလက်သည်းချက်ကို ရှောင်လိုက်သည်။
အကယ်၍ ထိုလက်သည်းများကြားထဲ၌သာ မိသွားပါက ဘိုးဘေးမိကျောင်းသည် သူတို့ကို ကျိတ်သားဖြစ်သွားအောင် ပြောင်းပေး ပေလိမ့်မည်။ဘိုးဘေးမိကျောင်းက သူ့၏ ခြေလှမ်းများကို အဆက်မပြတ် လှုပ်ရှားရင်း ရူးသွပ်စွာ တိုက်ခိုက်နေလေသည်။
လန်ကျီ ထိုတိုက်ခိုက်မှုကို ရှောင်ရှားပြီးသည့်နောက် သူမ အသက်ရှုရပင်ခက်လာလေသည်။သူမ၏ အစစ်အမှန်စွမ်းအားများက ကုန်ပေတော့မည်။သူမ တကယ့်ကို အသဲအသန် ဖြစ်နေပေပြီ။ထိုအချိန်၌ သူမ၏။ ခေါင်းပေါ်သို့ အရိပ်ကြီးတစ်ခု ကျရောက်လာသည်။သူမ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်နေသော လက်သည်းကို ကြည့်လိုက်ပြီးနောက် သူမ၏ မျက်နာမှင်သက်ကြောင်အသွားသည်။
ဘုန်း...
ကောင်းကင်ထက်သို့ ရေမှုန်ရေမွှားများနှင့်အတူ သွေးများပါ လွင့်တက်သွားလေသည်။အပြာရောင် ကြိုးစက လွင့်ထွက်သွားပြီး ရေထဲ မျောပါသွားလေသည်။ကောင်းကင် နွေဦးသူတော်စင် သားတော်၏ အကူ လန်ကျီ သေဆုံးသွားလေပြီ။
နီရောင်စားဖိုမှူးဝတ်စုံ ဝတ်တင်ထားသော ပုဖန်က ညအချိန်တွင် မီးအိမ်ငယ်လေးတစ်လုံးနှင့် တူနေသည်။နီရောင်စားဖိုမှူးဝတ်စုံက ပုဖန်၏ အော်ရာများကို ထောက်ပံ့ပေးထားသည်။သူ လက်သည်းချက်များကို အချိန်အနည်းငယ်ခန့် ရှောင်ပြီးသည့်တိုင်အောင် အနည်းငယ်မျှသာ မောပန်းလေသည်။
ရုတ်တရက် ကြောက်မက်ဖွယ်ရာ စွမ်းအားများ စုစည်းပေါ်ထွက်လာပြီး ပုဖန်၏ ရေမျက်နာပြင်သည် လွင့်ထွက်သွားလေသည်။ပုဖန်၏ စိတ်က တုန်ခါသွားပြီး အရှေ့သို့ ခုန်ထွက်လိုက်သည်။
ကြီးမားလှသော လက်သည်းကြီးပေါ်ထွက်လာပြီး တိမ်များက လွင့်ထွက်သွားသည်။ထိုနေရာရှ်ိ ငါးများ ပုစွန်များ သားရဲများအားလုံး အဝေးသို့ လွင့်ထွက်သွား၏။ထို့နောက် ၎င်းတို့အားလုံးက ပုဖန်ဆီသို့ ရူးသွပ်စွာ တိုက်ခိုက်လာကြလေသည်။
ပုဖန်မျက်ခုံးပင့်လိုက်ပြီး လက်မြောက်လွှဲလိုက်သည်။ထို့နောက် တစ်ကြိမ်တည်းနှင့် ငါးနှစ်ကောင်ကို ထက်ပိုင်း ပိုင်းချလိုက်သည်။
"ဟာ...အဲ့ဒါ ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးတွေ မဟုတ်လား..."
ပုဖန်ရင်းနီးနေသော သားရဲငါးအသေးနှစ်ကောင်ကို ကြည့်၍ အံ့အားသင့်သွားသည်။သူ့၏ ဘေးဘက်ဆီမှ မုန်တိုင်းတစ်ခု ချဉ်းကပ်လာပြန်သည်။ပုဖန်၏ ဆံပင်မွှေးများထောင်ထသွားပြီး သူ့နှလုံးသားက တုန်ယင်သွားသည်။
ချွမ်...
ဘိုးဘေးမိကျောင်းက သူ့၏ အမြီးကို လွှဲယမ်း၍ ပုဖန်ကို ရိုက်ထုတ်လိုက်လေသည်။ကြောက်မက်ဖွယ်ရာ အင်အားက ပုဖန်ကို လွင့်ထွက်သွားစေ၏။သို့သော်လည်း နီရောင်စားဖ်ိုမှူးဝတ်စုံမှ နီရောင်အလင်းများ ဖြာထွက်လာသည်။ထ်ိုအလင်းတန်းများက သူ့၏ ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်ပြီး သေစေနိုင်လောက်သော တိုက်ခိုက်မှုမှ ကာကွယ်လိုက်သည်။
နီရောင်စားဖိုမှူး ဝတ်စုံ၌ စက္ကန့်ပိုင်းမျှ သုံး၍ရသော မယုံနိုင်စရာ ဆွဲဆောင်မှုတစ်ခု ပါရှိနေလေသည်။ထိုသို့ မဟုတ်လျှင် ပုဖန်က သေသည် အခြေအနေ မရောက်ရင်တောင် ကျိုးပဲ့သွားမည် ဖြစ်သည်။
ပုဖန် ခန္ဓာကိုယ်ကို ယိမ်းခါလိုက်ပြီးနောက် ဘိုးဘေးမိကျောင်းနှင့် ဝေးသော နေရာဆီသို့ ဆင်းသက်လိုက်သည်။ပြောရမည်ဆိုလျှင် သူ မိကျောင်း၏ အမြီးရိုက်ချက်ကြောင့် အဝေးရောက်သွားခြင်းဖြစ်သည်။ပုဖန် သူ့ဆီသို့ ကူးခတ်လာနေသော ဘိုးဘေးမိကျောင်းအားကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။လက်တစ်ဖက်စီတွင် ပိုင်းဖြတ်ထားသော ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို ကိုင်၍ ထွက်ပြေးပေတော့သည်။
ဘိုးဘေးမိကျောင်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် မြင့်တက်လာသော လှ်ိုင်းလုံးကြီးများနှင့်အတူ ပုဖန်ကို လိုက်ဖမ်းလေတော့သည်။