အပိုင်း ၆၆၅
Viewers 53k

အခန်း ၆၆၅


ဘုန်း...


ဆည်းဆာကန်မှ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများ မြင့်တက်လာသည်။ထိတ်လန့်စရာ ကောင်းလှသော အော်ရာများကလည်း နေရာအနှံ့ဖြန့်ကျက်လာ၏။


ပုဖန်က သူ့၏ အသက်အတွက် အသဲအသန် အလုအယက်ပြေးနေရလေသည်။သူ့၏ နီရောင်စားဖိုမှုးဝတ်စုံကလည်း တစ်ကြိမ်အသုံးပြုပြီးသွားပြီ ဖြစ်သောကြောင့် သူ့ကို ကယ်တင်နိုင်မည်မဟုတ်ပေ။


အကယ်၍သူသာ နောက်တစ်ချက် အရိုက်ခံရလျှင် အပြာရောင်ဝတ်အမျိုးသမီးနှင့် သူ့၏ အဖွဲ့သားများကလို အသားပြားဖြစ်သွားပေလိမ့်မည်။ထို့ကြောင့် သူ နောက်လှည့်မကြည့်စတမ်း ပြေးနိုင်သမျှ အမြန်ဆုံးပြေးနေလေသည်။သူ့၏ ဆံပင်များက်ို ချည်နှောင်ထားသော သိုးမွှေးကြိုးကလည်း ပြတ်တောက်သွားသောကြောင့် ဆံပင်များက လေအရှိန်ဖြင့် တလွင့်လွင့်ခါနေ၏။


ဘိုးဘေးမိကျောင်းကလည်း သူ့၏ ကြီးမားလှသော ပါးစပ်ကို ဖွင့်ဟ၍ စိတ်ဆိုးဒေါသထွက်စွာဖြင့် ဟ်ိန်းဟောက်လိုက်ပြန်သည်။သူ့၏ ခြေလက်လေးချောင်းက မြေပြင်ပေါ်တွင် မြန်နိုင်သမျှ အမြန်ဆုံးရွှေ့လျားနေ၏။သူက ပုဖန် အနားသို့ ရောက်လုနီးပါးပင်ဖြစ်နေလေသည်။


ဗွမ်း..ဗွမ်း...


ပုဖန်၏ ဘေးနားပတ်ဝန်းကျင်တွင်ရှိနေသော ကောင်းကင်ဝါးမျို ဝိညာဥ် စက်ငါးများကလည်း ပုဖန်ဆီသို့ တဟုန်ထိုး တိုးဝင်ပြီး ကိုက်ဖြတ် ဝါးမျိုရန် ကြိုးစားနေကြသည်။ဆည်းဆာရေကန်က ကြောက်စရာကောင်းလှသည်။ထိုနေရာ၌ များပြားလှသော စိတ်ဝိညာဥ်သားရဲများရှိနေပေ၏။


အစာကြူးတောင်ကြားထဲက မည်သူမှ ဒီကန်တွင် ငါးမမျှားချင်ခြင်းက အံ့သြစရာမရှိတော့ပေ။သူတို့သာ ဂရုမဲ့စွာဖြင့် မိကျောင်းခေါင်းတိုကောင်ကို မျှားခဲ့မိပါက မည်သူမှ မသိလိုက်ခင်မှာပင် သေသွားပေလိမ့်မည်။


ပုဖန် ခပ်မြင့်မြင့်ခုန်လိုက်ပြီးနောက် ရေထဲ သို့ ဒိုင်ပင် ထိုးချလိုက်သည်။ဘိုးဘေးမိကျောင်း၏ လက်သည်းချက်က အချိန်ကိုက်ရောက်ရှိလာပြီး ရေပြင်တစ်ခုလုံး ပေါက်ကွဲ လွင့်စင်သွားသည်။ဘိုးဘေးမိကျောင်းက သူ့၏ ကြီးမားသည့် မျက်လုံးကို လှည့်လိုက်ပြီး ရေပြင်၏ မည်သည့်နေရာမှ ပုံရိပ်ထွက်ပေါ်လာမည်ကို ကြည့်ရှုနေသည်။


ဂူး...


ပုရွတ်ဆိတ်ကဲ့သို့ အကောင်ပေါက်က သူ့ကို လှည့်စားနေသည်မှာ တကယ်ကို ဒေါသထွက်စရာကောင်းလှသည်။ပုဖန် ရေထဲမှ ပြန်ထွက်လာပြီးသည်နှင့် မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်ပြီး အစစ်အမှန် စွမ်းအင်များ ဖြည့်သွင်းလိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက လေထဲတွင် လည်သွားပြီးနောက် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးကာနိုင်လောက်အောင် ကြီးမားသည့် အိုးကြီးတစ်ခုအဖြစ် ပြန့်ကားလာသည်။


ဘန်း...


ပုဖန် ထိုဒယ်အိုးဖြင့် ဘိုးဘေးမိကျောင်း၏ မျက်နာကို ဖြတ်ရိုက်လိုက်သည်။ဧရာမဘိုးဘေးမိကျောင်းကြီးက မျက်တောင်တစ်ချက်ပင် ခတ်မသွားပေ။သူ့၏ မျက်ဝန်းထဲမှ သတ်ဖြတ်ချင်စိတ်များက ပို၍ အားကောင်းလာလေသည်။ပုဖန် လျှာကိုက်လိုက်မိသည်။


"ကောင်းပြီလေ ဒီကောင်ကြီးက တအားကိုပဲ မတရားကြီးလွန်းနေတယ်...."


ဘန်း...


ပုဖန် နောက်တစ်ချက်ထပ်ရိုက်လိုက်ပြီးနောက် သူ့လက်ထဲမှ မယူရာလိပ်ခုံးဒယ်အိုးက ပျောက်ကွယ်သွားသည်။ထို့နောက် သူ ကောင်းကင်ဝါးမျို ဝိညာဥ်စက်ငါးကို သေချာစွာ ကိုင်လိုက်ပြီးနောက် လွတ်မြောက်ရန် ရည်ရွယ်၍ အဝေးသို့ ခုန်နိုင်သမျှ အားအကုန်ခုန်လိုက်သည်


သို့သော်လည်း သူ့၏ မြင်ကွင်းထဲတွင် ကမ်းခြေကို မြင်လိုက်သည်နှင့် ပုဖန်၏ အရှိန်က ပို၍ မြန်ဆန်လာသည်။


ဗွမ်း...ဗွမ်း...


ဘိုးဘေးမိကျောင်း၏ လက်သည်းချက်များကလည်း ပို၍ ပရမ်းပတာဖြစ်လာလေရာ ကန်ရေပြင်တစ်ခုလုံးက လှုပ်ခါနေလေသည်။ကြီးမားလှသည့် သားရဲကောင်ကြီးက အစက်အပျောက်လေးများသာရှိသော လူသားတစ်ယောက်ကို လိုက်ဖမ်းနေပုံအား မြင်လိုက်ပါက အသက်ရှူပင်မှားသွားပေလိမ့်မည်။


"ဒီခေါင်းကြီးကောင်က အရမ်းကို လွန်လွန်းတယ် ငါ သူ့ဆီက အသားလေးနည်းနည်းပဲ ယူတာလေ...အဲ့ဒါ ငါကို ဒီလို လိုက်ဖမ်းနေဖို့ လိုလို့လား..."


သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များအလျင်အမြန် ခမ်းခြောက်လာသည်ကို ပုဖန် ခံစားမိလိုက်မိပြီး သူ့မျက်နာက အနည်းငယ် မှောင်မဲသွားသည်။


"သူတကယ်ပဲ မိကျောင်း မစင် ဖြစ်လာတော့မှာလား ဒီလိုဆိုရင် နည်းနည်းရှက်စရာကောင်းနေပေလိမ့်မည်။ရုတ်တရက် တစ်စုံတစ်ရာ ပေါ်ပေါက်လာသလိုမျိုး ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။


ဆည်းဆာရေကန်တစ်ခုလုံး ရေများ တဗွက်ဗွက်ထလာသည်။ပုဖန် အံ့အားသင့်သွားမိပြီး လှည့်ကြည့်လိုက်၏။ ဘ်ိုးဘေးမိကျောင်းခေါင်းတိုက မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိသွားပုံပေါ်ပြီး မျက်လုံးများ လည်နေလေသည်။


ကောင်းကင်ပေါ်တွင် မိုးကြိုး လက္ခဏာများပေါ်လာသည်။ထိုမိုးကြိုးက ဘိုးဘေးမိကျောင်း၏ ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော အစင်းရာများထားခဲ့လေသည်။


ဘိုးလေးမိကျောင်း၏ ခြေလက်များက မမြင်ရသော နံရံကို ကုပ်တွယ်ထားပြီး ပုဖန်ကို စူးစိုက်ကြည့်၍ ဟိန်းဟောက်နေလေသည်။သူ့၏ အစွယ်အပြည့်ဖြင့် ပါးစပ်ကို ဖွင့်ဟကာ ကြောက်မက်ဖွယ်ရာ အော်ရာများကို ပြသနေ၏။


"စည်းတံဆိပ်တစ်ခုလား..."


ဘိုးဘေးမိကျောင်း ပိတ်မိနေသည်ကို တွေ့လိုက်ရပြီးနောက် ပုဖန်အံ့အားသင့်သွား၏။ထို့နောက် သူ ပြုံးဖြဲဖြဲဖြစ်လာပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။


သူ ခေါင်းမော့လိုက်ပြီး ကြီးမားလှသော ဘိုးဘေးမိကျောင်းကြီး မိုးကြိုးပစ်ခတ်ရပုံကို ကြည့်နေလေ၏။ဘိုးဘေးမိကျောင်းက အလွန်ပင် ဒေါသထွက်နေသောကြောင့် ပုဖန်ကို တစ်လုတ်တည်းဖြင့် ဝါးမျိုချပစ်ချင်လေပြီ။


သို့သော်လည်း သူက ဆည်းဆာရေကန်ထဲတွင် စည်းပိတ်ခံထားရသော အကျဥ်းသား တစ်ယောက်ဖြစ်နေလေသည်။သူဒေါသတကြီးဖြင့် သူ့၏ အမြီးကို လွှဲယမ်းကာ မမြင်ရသော နံရံက်ို ရိုက်ချေလိုက်သည်။


ထ်ိုစည်းချထားမှုက ပြင်းထန်စွာ လှုပ်ခါသွားသော်လည်း ဘိုးဘေးမိကျောင်းအနေဖြင့် ၎င်းကို မချိုးဖျက်နိုင်ပေ။ပုဖန်က ဒေါသတကြီးဖြစ်နေသော ဘိုးဘေးမိကျောင်းကို ခေါင်းငဲ့စောင်း၍ ကြည့်လိုက်သည်။ထ်ို့နောက်သူ လက်ညှိုးတစ်ချောင်းထောင်ကာ အသာအယာလှုပ်ရမ်းပြရင်း စကားဆိုလိုက်သည်။


"အရမ်း အလျင်မလိုပါနဲ့ တစ်နေ့နေ့ကျရင် ငါပြန်လာပြီး မင်းကို လာကြည့်မှာပါ ဟုတ်တာပေါ့ အဲ့ဒါက မင်းရဲ့အသားက တကယ်ကို အရသာရှိမယ်ဆိုရင်ပေါ့..."


ပုဖန်က ပြောလိုက်ပြီးသည်နှင့် ထိုနေရာမှ လှည့်ထွက်သွားလိုက်သည်။ဘိုးဘေးမိကျောင်းက ပုဖန်၏ စကားအဓိပ္ပါယ်ကို နားလည်ပုံရလေသည်။သူ့၏ အကြေးခွံများပင် ထောင်ထလာသည်အထိ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။


တကယ်တမ်းတွင်လည်း သူ့၏ ပါးစပ်ထဲ၌ စွမ်းအင်များ စုကျုံ့လာသည်။ကြောက်မက်ဖွယ်ရာ တုန်ခါသံကို ကြားလိုက်ရပြီးနောက် သူ အနောက်သို့ လှည့်ကြည့်လိုက်သည်။


ဘိုးဘေးမိကျောင်း၏ ပါးစပ်ထဲ၌ ရက်စက်ကြမ်းကြုတ်လှသော စွမ်းအင်များဖြင့် ပြည့်နှက်နေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။


၎င်းက ကောင်းကင်တွင် ဖြစ်ပေါ်နေသော စည်းတံဆိပ်သင်္ကေတကို ထိမှန်သွားလေသည်။ထို့နောက် ထိုသင်္ကေတထဲမှ မိုးကြိုးလှိုင်းများ ထွက်ပေါ်လာပြီး ဘိုးဘေးမိကျောင်းကို တိုက်ခိုက်လေသည်။


ကောင်းမွန်သော ရလဒ်မရှိသော်လည်း ဘိုးဘေးမိကျောင်းက ထိုစည်းတံဆိပ်နှင့် အချိန်အတော်ကြာ တိုက်ခိုက်နေလေသည်။နောက်ဆုံးမှာ သူ ထိုနေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။


မွန်းစတား ကောင်ကြီး ရေထဲသို့ ပြန်လည် ငုတ်လျိုးသွားချိန်တွင် ရေလှိုင်းခတ်သံများ ပဲ့တင်ထပ်ကျန်ခဲ့လေသည်။လှိုင်းလုံးများ အားကောင်းလှစွာ မြင့်တက်လာလေသည်။သို့သော်လည်း စည်းတံဆိပ်က ထိန်းချုပ်ထားသောကြောင့် သူတို့ ပုဖန်ကို လွှမ်းမိုးသွားနိုင်ခြင်းမရှိပေ။လှိုင်းများက ပုဖန်ကို ကမ်းခြေထိရောက်အောင် ပို့ဆောင်ပေးလိုက်လေသည်။သူ ကမ်းခြေပေါ် ရောက်သည်နှင့် သူ့၏ စွမ်းအင်ရေဝဲထဲမှ အစစ်အမှန် စွမ်းအင်များ ကုန်ခမ်းသွားသည်ကို ခံစားလိုက်မိသည်။


ကြီးမားဝဖြိုးလာသော ကောင်းကင်ဝါးမျို ဝ်ိညာဥ် စက်ငါးကို စနစ်၏ သိုလှောင်နယ်မြေထဲ ထည့်သိမ်းလိုက်ပြီးနောက် မြေပြင်ပေါ် တင်ပျစ်ခွေ၍ ထိုင်လိုက်သည်။သူ ကမာနှလုံးသားပန်ကိတ်ကို ထုတ်ယူ၍ အလျင်အမြန် ဝါးမျိုချလိုက်သည်။ပန်ကိတ်စားပြီးသည်နှင့် သူ့၏ စွမ်းအင်များက ပြန်လည်ဖြည့်တင်းလာပြီး သူ့၏ မျက်နာအရောင်က ပို၍ကြည့်ကောင်းလာသည်။


"ဟမ်း ...အခု ငါ စားဖိုမှူး ဝမ်ရမ်ရှန်ကို သွားရှာသင့်ပြီ...သူ ဒီကောင်းကင်ဝါးမျို ဝိညာဥ်စက်ငါးကို သုံးပြီး ဘယ်လိုစားကောင်းသောက်ဖွယ်တွေ ဖန်တီးနိုင်မလဲဆိုတာ ငါသိချင်သေးတယ်..."


ပုဖန် မတ်တပ်ထရပ်၍ သူ့ခန္ဓာကိုယ်မှ ဖုန်များကို ခါလိုက်ပြီးနောက် အစားပုပ် နတ်ဘုရားမြို့တော်ဆီသို့ ပြန်လည်ဦးတည်လိုက်သည်။ထိုအချ်ိန်တွင် အရှေ့ဘက်ဆီမှ ရောင်နီ ဖြာဖြာ မြင့်တက်လာပြီ ဖြစ်သည်။သူ သတိမပြုလိုက်မိစဥ်မှာပင် တစ်ညလုံး နီးပါး ကုန်ဆုံးသွားလေပြီ။


ခမ်းနားကြီးကျယ်လှသော အစားကြူးနတ်ဘုရားအဆောက်အဦးထဲတွင် မီးရောင်များ ထိန်းလင်းနေဆဲဖြစ်သည။ထ်ိုနေရာမှ ဆူညံသံများက ဘယ်တော့မှ ရပ်တန့်မသွားတော့မလို ထင်ရသည်။


ရှောင်ယုက ကလေးမလေး စားသောက်နေသည်ကို ကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေပေပြီ။သူတို့ကို ဧည့်ခံပေးနေသော စားပွဲထိုးအမျိုးသမီးသည်လည်း ကြောက်မက်ဖွယ်ရာများ မြင်နေရသလို နှုတ်ခမ်းတဆက်ဆက်တုန်ယင်နေ၏။


"ဒီလောက်ဟင်းပွဲအများကြီး ဒီကလေးမလေးက မကောင်းဆိုးဝါးလား...ဒီလောက်အများကြီးကို သူဘယ်လိုလုပ်စားနိုင်တာလဲ...သူ့ဗိုက်က မကြာခင် ပေါက်ထွက်တော့မှာလား...အစားအစာထဲမှာ ပါတဲ့ စွမ်းအင်တွေကြောင့် သူ့ဗိုက်က ပေါက်ကွဲထွက်လာတော့မှာတော့ မဟုတ်ဘူးမဟုတ်လား..."


စားပွဲထ်ိုး အမျိုးသမီး၏။ ခေါင်းထဲတွင် မေးခွန်းများ စုပြုံနေလေသည်။အစားကြူးနတ်ဘုရားစားသောက်ပွဲတွင် စားစရာများ အကန့်အသတ်မရှိ တည်ခင်းဧည့်ခံသည်ဆိုသော်လည်း ၎င်းက ပြောစကားမျှသာ ဖြစ်သည်။တကယ်တမ်း မည်သူမှ အကန့်အသတ်မရှိ မှာယူခြင်းမရှိပေ။


ပုံမှန်အားဖြင့် အစားကြူးနတ်ဘုရားစားသောက်ပွဲအတွင်းတွင် လူတစ်ချို့သာလျှင် အများဆုံး သုံးခါမှာယူ စားသောက်နိုင်လေသည်။သို့သော်လည်း ဒီနေ့မှာတော့ ထိုကလေးမလေးက စားပွဲငါးပွဲ စားသောက်ပြီးသွားပြီ ဖြစ်သည်။ထို့အပြင် သူမကိုကြည့်ရသည်မှာ ထပ်မံ စားနိုင်သေးပုံပေါ်လေသည်။


ရှောင်ယုလည်း ကြောင်အမှင်သက်နေပေသည်။ထိုကလေးမလေးက အများကြီးစားနိုင်သည်ဟု သူထင်မိခဲ့သော်လည်း ထိုမျှလောက်ထ်ိ မထင်ထားမိပေ။


"သူက ဆာလောင်ပြီး သေသွားရတဲ့ ဝိညာဥ် ပြန်ဝင်စားတာလား...ဒါမှမဟုတ် သူ့ရဲ့ တကယ့်ခန္ဓာကိုယ်က ဝက်လား..."


ရှောင်ယက နောက်ဆုံးကျန်သော အစားအစာတစ်ခုကိုပါးစပ်ထဲ ထည့်ဝါးလိုက်ပြီးနောက် ပန်းကန်သို့ ဘေးသို့ တွန်းဖယ်လိုက်သည်။ထို့နောက် စားပွဲထိုးအမျိုးသမီးဘက်သို့ လှည့်လိုက်ပြီး ပါပီ မျက်လုံးလေးဖြင့် ကြည့်လိုက်သည်။


"ငါ့ကို အဲ့ဒီလိုလာမကြည့်နဲ့ ငါ ကြောက်တယ်..."


ထိုကလေးမက တကယ့်ကို ကြောက်ဖို့ကောင်းသောကြောင့် သူမ၏ နှလုံးသားပင် တုန်ရီသွားလေသည်။


"ဒီကလေးမလေးက ထပ်စားချင်နေသေးတယ်လို့ ငါ့ကို လာမပြောနဲ့နော် ..."


ရှောင်ယုလည်း ရှက်ရွံ့မှုဖြင့် ချွေးပြန်နေပေပြီ။ထိုကလေးမလေးက ပိုင်ရှင်ပု ခေါ်ထားသူဖြစ်ပြီး သူမက အရမ်းလည်း စားနိုင်သူလည်း ဖြစ်နေပေပြီ။


"ကျေးဇူးပြုပြီး နောက်ထပ်စားစရာ ထပ်ယူလာပေးပါဦး..."


ရှောင်ယုအနေဖြင့် စားစရာထပ်မှာသည်ကလွဲ၍ သူလုပ်နိုင်စရာဘာမှမရှ်ိပေ။စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားသော ထိုစားပွဲထိုးမိန်းကလေးက ရှောင်ယုကိုကြည့်၍ မျက်လုံးလှန်လိုက်မိလေသည်။


"သူက ကလေးမလေးကို ထပ်စားခိုင်းဦးမယ်...သူက ဒီကလေးကို အရမ်းအလိုလိုက်ထားတာပဲ..."


ရှောင်ယ အလွန်ပျော်ရွှင်နေပေသည်။သူမ၏ အစားအိမ်က အဆုံးသတ်မရှ်ိသလို ခံစားမိလေသည်။သူမ အရသာရှိလှသော အစားအစာများကို တစ်ကိုက်ကိုက်လိုက်သည်နှင့် နောက်တစ်ကိုက် ထပ်ကိုက်ခိင်နေမိသည်။


သူမလုံးဝ မရပ်တန့်လိုက်နိုင်ပေ။ထို့အပြင် ထိုစားစရာများကို စားရသည်မှာ သူမ၏ အထဲ၌ နွေးထွေးနေသလို ခံစားရသည်။နွေးထွေးနေပြီး သက်တောင့်သက်သာရှိလှသော ခံစားချက်လေးက သူမကို ပို၍ စားချင်အောင် ပြုလုပ်နေပေ၏။


ထိုစားပွဲထိုးအမျိုးသမီးလည်း တံတွေးတစ်လုတ်မျိုချလိုက်မိ၏။သူမ၏ နဖူးမှ ချွေးများ စီးကျလာသည်ကိုပင် ခံစားရသည်။ထို့နောက် သူမ စကားမဆိုတော့ပဲ စားစရာများ သွားယူရန် လှည့်ထွက်သွားလေသည်။


အခြေအနေက လူအများစု၏ အာရုံများကို ဆွဲဆောင်သွားနိုင်ပေသည်။အဘယ့်ကြောင့်ဆိုသော် အများစုက သူတို့၏ စားစရာများကို စားသောက်ပြီးစီးသွားပြီ ဖြစ်သောကြောင့် စူးစမ်း၍ ကြည့်လာကြလေသည်။မည်သူမှ စားစရာထပ်မမှာကြသော်လည်း ရှောင်ယ၏ စားပွဲမှ အဆက်မပြတ်မှာယူနေပေသည်။


ကြွက်သားအပြည့်နှင့် သန်မာကြံ့ခိုင်လှသော မဟာဂိုဏ်း၏ အရှင်သခင်က ရှောင်ယတို့စားပွဲကိုကြည့်၍ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားလေသည်။


ထ်ိုကလေးမလေးက သူထက်ပို၍ စားနိုင်မည်ဟု သူမယုံကြည်ပေ။မဟာဂိုဏ်းမှ သူများက သူတို့၏ ခန္ဓာကိုယ်ကို အထူးသေချာလေ့ကျင့်ထားခြင်းဖြစ်သည်။


သူတို့ အများစုက အံ့အားတုန်လှုပ်စရာကောင်းလောက်အောင် အများကြီး စားနိုင်စွမ်းရှိကြသည်။ယခု အစားကြူးနတ်ဘုရားစားသောက်ပွဲ၌ သူကို ဖိနှိပ်နိုင်မည့် တစ်စုံတစ်ယောက်ရှိလိမ့်မည်ဟု သူမယုံကြည်ပေ။


"မိန်းကလေး ငါ့အတွက်နောက်တစ်ပွဲ ထပ်ယူခဲ့ ငါပိုစားရမယ်..."


မဟာဂ်ိုဏ်း၏ အရှင်သခင်က သူ့၏ စားပွဲကို ဝန်ဆောင်မှုပေးနေသော မိန်းကလေးအား ကြည့်၍ ပြောလိုက်သည်။စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော ထိုစားပွဲထိုး အမျိုးသမီးသည်လည်း အံ့အားသင့်သွားသည်။ထို့နောက် သူ စားစရာများ သွားယူရန်ထွက်သွားလေသည်။


ခဏအကြာတွင် သရေယိုစရာ စားစရာများကို ဧည့်ခံလာလေသည်။ရှောင်ယလည်း သူ့၏ စားပွဲထက်တွင် စားစရာများကို ရရှိလိုက်လေသည်။မဟာဂိုဏ်းအရှင်သခင်က ရှောင်ယဘက်ကို တစ်ချက်ကြည့်၍ ရယ်မောလိုက်သည်။ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ တောက်ပြောင်နေသော စားစရာများကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။


ဂျွမ်း...ဂျွမ်း ...


မဟာဂိုဏ်းအရှင်သခင်က စားနေစဥ်အတွင်းမှာလည်း ရှောင်ယကိုသာကြည့်၍ တိတ်တဆိတ်ယှဥ်ပြိုင်နေလေသည်။ရှောင်ယုက ထိုအချင်းအရာကို သိရှိသွားလေသည်။အခြားသူများလည်း စိတ်ဝင်စားလာကြ၏။


"ကလေး သူ့ကို အနိုင်ယူလိုက်စမ်း...ဘယ်သူက ပိုပြီး စားနိုင်တယ်ဆိုတာကို ပြလိုက်..."


ရှောင်ယုက မဟာဂိုဏ်း အရှင်သခင်ပေါ် မည်သည့် ယဥ်ကျေးမှုမှ မပြသပေ။သူ တောင်ပိုင်းနယ်စပ်တွင် ရှိနေစဥ်အခါက မဟာဂိုဏ်းမှ သူများကလည်း ထိုနေရာကို သူတို့၏ လေ့ကျင့်ကွင်းအဖြစ် ခြေချလာကြသည်။ထိုအချိန်တွင် မဟာဂိုဏ်းက တောင်ပိုင်းနယ်စပ်မှ လူများကို နိမ့်ကျသော ပုရွတ်ဆိတ်များကဲ့သို့ ဖိနိမ့်ဆက်ဆံခဲ့လေသည်။


အကယ်၍ ရှောင်ယုသာစိန်ခေါ်မှု များစွာကို မတွေ့ကြုံရသေးလျှင် သူ့၏ မူလအကျင့်စရိုက်အရ ထိုမဟာဂိုဏ်း အရှင်သခင်ကို သူ့ဓားဖြင့် နှုတ်ဆတ်သမှု ပြုမူပေလိမ့်မည်။


ယခုမူ ထိုမဟာဂ်ိုဏ်း အရှင်သခင်က ကလေးမလေး၏ ရိုက်ချက်ကိုခံရန် သူ့ကိုယ်သူ အဆိုတင်သွင်းလာပေသည်။ကလေးမလေးက ပိုင်ရှင်ပု၏ အဖွဲ့ဝင် ဖြစ်နေသဖြင့် သူအလွန်ယုံကြည်မှုရှိနေပေသည်။


ရှောင်ယက စားပွဲအပြည့် စားစရာများကို မြင်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းလေးများက စိတ်ကျေနပ်မှုအပြည့်ဖြင့် တောက်ပသွားပြီး သရေများကျလာလေသည်။


သူမက ပန်းကန်ကို အလျင်စလ်ို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ လောင်းသွင်းလိုက်သည်။သူမ၏ လှုပ်ရှားမှုက အားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေ၏။မဟာဂိုဏ်း၏ အရှင်သခင်ပင် အံ့အားတကြီး ဖြစ်သွား၏။


"ဘယ်လ်ိုလုပ်ပြီး ဒီကလေးမလေးက အဲ့ဒီလောက်တောင်..."


ဘန်း...


မဟာဂိုဏ်းအရှင်သခင်က သူကိုင်ထားသော သားရဲ ခြေထောက်ကို စားပွဲပေါ် ပြန်ချလိုက်သည်။ပန်းကန်ဟင်းပွဲတစ်ခုလုံးကို မယူလိုက်ပြီး ပါးစပ်ထဲ လောင်းထည့်လိုက်လေသည်။ထိုကလေးမလေးက သူ့လို မဟာဂိုဏ်း၏ အရှင်သခင်ထက် ပိုစားနိုင်မည်ဟူ သူလုံးဝ မယုံကြည်နိုင်ပေ။ထို့ကြောင့် ဘယ်သူပိုစားနိုင်သည်ဆိုတာကို သက်သေပြရပေမည်။


သူ့ပါးစပ်ထဲသို့ ဟင်းပွဲနှစ်ပွဲ ဆက်တိုက် လောင်းထည့်ပြီးနောက် သူ့၏ နှာခေါင်းများက ရှုံ့ပွရှုံ့ပွ ဖြစ်နေလေပြီ သူ့၏ ပါးစပ်တွင်လည်း ဆီများကွက်ပေနေလေပြီ ။


သူမျက်မှောင်ကြုတ်ထားရင်း ထိုပါးစပ်ထဲမှ စားစရာများကို ဝါးမျ်ိုချရန် အကောင်းဆုံးကြိုးစားနေလေ၏။


ဂလု...


သူ ဝိုင်အိုးကို ဆွဲယူ၍ မော့သောက်လ်ိုက်၏။ဝ်ိုင်များက ပါးစပ်ထောင့်မှပင် စီးကျလာပြီး လည်ပင်းတစ်လျှောက်စီးဆင်းသွားလေသည်။


"ကောင်းတယ်...ဒီတိုင်း ကြိုးစားထားမယ်..."


မဟာဂိုဏ်းအရှင်သခင်က သူ့ပါးစပ်ထဲမှ စားစရာများအားလုံးကို မျိုချလိုက်ပြီးနောက် သူပို၍ စိတ်လှုပ်ရှားတက်ကြွလာသည်။ထို့နောက် သူ စားစရာများ ပိုယူ၍ ပါးစပ်ထဲကို လောင်းထည့်လိုက်သည်။


သို့သော်လည်း ထိုခဏမှာပင် သူလုံးဝ အံ့အားသင့်သွားလေသည်။အဘယ့်ကြောင့်ဆိုသော် ကလေးမလေးက နောက်ထပ် ဟင်းပွဲတစ်ပွဲကို စားလိုက်ပြီးနောက် စားပွဲတစ်ခုလုံး ပြောင်ရှင်းသွားလေပြီ။သူမက အသာလေတက်လိုက်ပြီးနောက် ပါးစပ်သုတ်လိုက်၏။သူမတ်ို့ စားပွဲမှ စားဖိုမှူး မိန်းကလေးကို လှည့်ကြည့်လိုက်လေသည်။


"သူက စားလို့ ပြီးသွားပြီလား..."


မဟာဂိုဏ်းအရှင်သခင် ကြောင်အတုန်လှုပ်နေမိသည်။


"အဲ့ဒီကလေးမလေးက နေမကောင်းဖြစ်နေတာလား သူက ငါထက် ပိုစားနိုင်တယ်ဟုတ်လား...."


ခပ်လှမ်းလှမ်းတွင်ရှိနေသော သူတော်စင်သားတော်က အပြောင်းအလဲမရှ်ိသော အမူအရာဖြင့် သူ့၏ ဝ်ိုင်ခွက်ကို မြှောက်လိုက်သည်။သူမျက်ခုံးကျုံ့၍ ရှောင်ယုကိုသာ စူးစိုက်ကြည့်နေမိသည်။


သူက တစ်စုံတစ်ရာကြောင့် အနည်းငယ်စိတ်တိုနေရုံဖြင့် ပြုံးနေလိုက်သည်။


"အဲ့ဒီကလေးမလေး သူနဲ့ ပတ်သတ်ပြီးတော့ ထူးခြားတစ်ခုခုတော့ရှိရမယ်..."


ရုတ်တရက် သူ တုန်ယင်သွားသည်။ထို့နောက် သူ့၏ မျက်ဝန်းထဲ၌ ဝမ်းနည်းမှုများ ပြည့်လာပြီး ဝိုက်ခွက်ကို မော့သောက်လိုက်၏။


"လန်ကျီ သေသွားပြီ...သေစမ်း..."