အပိုင်း ၆၆၆
Viewers 53k

အခန်း ၆၆၆

အာကာသနတ်သမီး


"လန်ကျီ သေပြီ ..."


ကောင်းကင်နွေဦးသူတော်စင်သားတော် သူ့ကိုယ်သူ ထိန်းရင်း ဝ်ိုင်တစ်ငုံသောက်လိုက်သည်။ခါးသက်သော အရသာက လျှာဖျားအနံ့ ပြန့်နှံ့သွားလေသည်။ဝ်ိုင်တစ်ချို့က သူ့၏ နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာလေသည်။


သူ့၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများ မြင့်တက်လာ၏ လက်ထဲမှ ဝိုင်ခွက်က်ို ခုံပေါ် ပြန်ပစ်တင်လိုက်ရင်း ဒေါသများကို ကြိုးစားထိန်းချုပ်လိုက်သည်။


သူ့၏ ဘေးနားတွင်ထိုင်နေသော ချီကျီက ကြားလိုက်ရသော သတင်းကြောင့် ထိတ်လန့်ကြောင်အနေမိသည်။


"လန်ကျီ သေပြီ ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


သူမ ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ကြောင်အကြည့်နေမိသည်။သူမလက်ထဲမှ ဝိုင်ခွက်က လွတ်ကျပြီး ခုံပေါ်တွင် ရေအိုင်ငယ်လေးတစ်ခုပင် ဖြစ်နေပေပြီ။


ဘာကြောင့် သူမတစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရမိမှန်းပင် မသိတော့ပေ။လုကျီက အသတ်ခံလိုက်ရပြီး ယခုလုလန်ကျီလည်း သေပေပြီ ဒါက တကယ်ကို ကြောက်စရာကောင်းလှသည်။


သူမဘေးတွင်ရှိနေသော သခင်ကို တိတ်တဆိတ်အကဲခတ်လိုက်၏။သူတော်စင်သားတော်က ဒေါသမီးလျှံများကို အနိုင်နိုင်ထိန်းချုပ်နေသည်အား တွေ့လိုက်ရသည်။လန်ကျီက သူတော်စင်သားတော် အနှစ်သက်ဆုံးသော က်ိုယ်လုပ်တော်အကူ ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် သူမက ပို၍ လှပဆွဲဆောင်မှုရှိလှသလို ချီကျီနှင့် လုကျီ တို့ထက်လည်း ဂရုတစိုက်ရှိလှသည်။


သူမက ယခုရုတ်တရက် သေဆုံးသွားလေရာ သူတော်စင်သားတော် မည်မျှ ဝမ်းနည်း ကြေကွဲနေလိမ့်မည်နည်း။


"ကောင်းတယ်...ဒီစားဖိုမှူးလေးက တော်တော်လေးကောင်းတယ်..."


သူတော်စင်သားတော်က သူတည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် သူ့၏ မျက်နာထားက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။


သူ ချီကျီကို လှမ်းကြည့်လိုက်သည်။ချီကလေးက သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီးနောက် သူ့၏ ဝိုင်ခွက်ကို ဆွဲယူ၍ ဝိုင်ဖြည့်ပေးလိုက်သည်။သူတော်စင်သားတော်က ဝိုင်ခွက်ကို ဆွဲယူ၍ တစ်ချိုက်တည်း မော့သောက်ပစ်လိုက်၏။ထို့နောက် သူ့၏ စွမ်းအားများကြောင့် ဝ်ိုင်ခွက်က အမှုန်အဖြစ်သို့ ပြောင်းလဲသွားလေသည်။


သေ...


မယာဂိုဏ်းအရှင်သခင်၏ မျက်လုံးများက ပြူးကျယ်နေသည်။သူ ပန်းကန်ကို ဘေးဘက်သ်ို့ ပို့လိုက်သော်လည်း သူ့၏ ရင်ဘတ်အတွင်းထဲမှ အပြင်သို့ အဆက်မပြတ် ဆန်တက်လာသောကြောင့် သူ့၏ မျက်နာက မှောင်မဲသွားလေသည်။သူခေါင်းကို မော့၍ ကလေမလေးကို လှမ်းကြည့်လိုက်သည်။


"အဲ့ဒီကလေးမလေးက အခုထိစားနိုင်သေးတယ်ဆိုတာကို သူမယုံနိုင်ဘူး ..."


သို့သော်လည်း အမှန်တရားက သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။ထိုကလေးမလေးက တကယ်ကို အများကြီးစားနိုင်ရုံသာမက အရေးကြီးဆုံးမှာ သူမက ပျော်ရွှင်စွာစားသောက်နေခြင်းဖြစ်ပြီး ပြည့်ဝသွားသည့် အရိပ်အယောင်လုံးဝမရှိပေ။


ထိုကလေးမလေး မည်မျှပင် ထူးဆန်းနေသည်က်ို သရဲတစ္ဆေများသာ သိန်ိုင်ပေတော့မည်။


"သူက လူ၁၀ယောက်စာလောက် စားလိုက်ပြီးသွားပြီ ...သူတကယ်ပဲ လူဟုတ်ရဲ့လား..."


ထိုဟင်းပွဲများတွင်ပါဝင်သည့် စိတ်ဝ်ိညာဥ် စွမ်းအင်က မသေမျိုး ခန္ဓာအဆင့် ပညာရှင်ကိုပင် ပေါက်ကွဲသွားအောင် လုပ်နိုင်ဖ်ို့ လုံလောက်နေပေပြီ ယခုမူသူက ကလေးသေးသေးလေး တစ်ယောက်မျှသာဖြစ်နေသည်။


မဟာဂိုဏ်းအရှင်သခင် ပါးစပ်အဟောင်းသားဖြစ်နေ၏။သူ့၏ မျက်နာက ဝမ်းချုပ်နေသူကဲ့သို့ ရုပ်ဆိုးနေပေပြီ ။ထို့အပြင် ယခုအချိန်တွင် သူ့၏ ဝမ်းဗိုက်က ဘောလုံးတစ်လုံးလို လုံးဝန်းနေ၏။သူမသက်မသာ ခံစားရပြီး အစာအားလုံးကို ပြန်လည် ပျ်ို့အန်ထုတ်ချင်နေလေသည်။


ဘေးနား၌ရှိနေကြသော ပညာရှင်များက မဟာဂိုဏ်းအရှင်သခင်ကို ကြည့်၍ ရယ်မောကြလေသည်။မဟာဂိုဏ်း၏ အကောင်းဆုံးသော အစားသရဲက အရှုံးပေးလိုက်ရလေပြီ ။


"ဒီကလေးမလေးက ဘယ်လို မွန်းစတားမျိုးလဲ ..."


လူများစွာက သိချင်စိတ်ပြင်းပြစွာဖြင့်ကလေးမလေးကို ကြည့်နေကြသည်။အကြည့်များက်ို ခံစားမိရုံဖြင့် ကလေးမလေးက ခေါင်းမော့လိုက်သည်။သူမ၏ မျက်နာလေးက ရှက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေလေသည်။


"ငါဗိုက်ပြည့်သွားပြီ ..."


သူမက ယခုလေးတင်မှ ကောက်ယူလ်ိုက်သော ဟင်းပွဲကို ပြန်ချလိုက်ပြီးနောက် မှားယွင်းစွာ အထင်အမြင်ခံရပုံမျိုးဖြင့် အော်လိုက်သည်။ကြည့်နေသူအားလုံး ပြောစရားကားမဲ့သွားကြသည်။


"နင်က ဗိုက်ပြည့်သွားပြီပေ့ါလေ နင်ကိုကြည့်ရတာ ဗိုက်ပြည့်သွားတဲ့ပုံပေါ်လို့လား..."


ရှောင်ယု အင်တင်တင်ဖြင့် ပြုံးလိုက်ပြီး ကလေးမလေး၏ ခေါင်းကို အသာဖွဖွပွတ်ပေးလိုက်သည်။သူမ ဘာကြောင့် ထိုမျှထိ စားသောက်န်ိုင်သည်ကို သူမသိသော်လည်း စားနိုင်သည်ဆိုခြင်းက ကောင်းမွန်သည့် ကံကောင်းခြင်းပင်။


"အဆင်ပြေတယ် စိတ်မပူနဲ့ နင်စားချင်သေးတယ်ဆိုရင် စားလိုက် တခြားသူတွေကို ဂရုစိုက်မနေနဲ့...."


ရှောင်ယုပြောလိုက်သည်။သူ့စကားကြားလိုက်သည်နှင့် ကလေးမလေး၏ မျက်ဝန်းများက ယှဥ်နိုင်စွမ်းမရှိလောက်အောင်ပင် တောက်ပလင်းလက်သွားသည်။


"တကယ်လား..."


"အခုထက်ထိ ဘာလို့ ဟန်ဆောင်နေသေးတာလဲ ပြော..."


ရှောင်ယုက တိုက်တွန်းလိုက်သည်။ကလေးမလေးက စိတ်လှုပ်ရှားစွာဖြင့် စားပွဲထိုးအမျိုးသမီးဘက်သို့ လှည့်ပြီး တက်ကြွစွာပြောလိုက်သည်။


"လူငါးယောက်စာအတွက် အစားအစာတွေချပေးပါ ကျေးဇူးပြုပြီး..."


ရှောင်ယု "......."


စားပွဲထိုးအမျိုးသမီး "......."


အခြားသူများ "........."


"ဒီကလေးမလေးက ဝက်ဝင်စားတာလား...မဟုတ်သေးလူး ဝက်ဆိုရင်တောင်မှ သူမလောက်စားနိုင်မှာမဟုတ်ဘူး..."


စားစရာများ ထပ်ရောက်လာလေသည်။လူတိုင်းက ကလေးမလေး သူ့ပါးစပ်ထဲ အစာများသွပ်ပေးနေသည်အားကြည့်နေကြသည်။သူမ၏ ပုံစံကြည့်ရသည်မှာ ကောင်းကင်ထောင့်စွန်းကိုပင်ဖြတ်၍ စားမည့်ပုံပေါ်လေသည်။


ရုတ်တရက် စင်မြင့်တစ်နေရာတွင် ထိုင်နေသော ကောင်းကင်နွေဦးသူတော်စင်သားတော်က မတ်တပ်ထရပ်လိုက်သည်။သူရှောင်ယုတ်ို့ဘက်သို့ လှည့်လိုက်ပြီး အေးစက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။


ရှောင်ယု သတ်ဖြတ်ခြင်းအငွေ့အသက်များကို ပထမဦးဆုံးခံစားလိုက်ရလေသည်။သူ့၏ နောက်ကျောမှ ဓားရှည်က တုန်ခါသွားသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က သူစင်မြင့်ဆီမှ ထွက်ခွာ၍ လေဟာနယ်ထဲ လျှောက်လှမ်းကာ ရှောင်ယုရှိရာဆီသို့ လာခဲ့သည်။


"ကောင်းကင် နွေဦးသူတော်စင် သားတော် ဘာလိုချင်လို့လဲ..."


ရှောင်ယုက သူတို့ရှိရာဆီသို့ နီးကပ်လာသော သူကိုကြည့်၍ မျက်ခုံးပင့်ကာ မေးလိုက်သည်။သူတော်စင်သားတော်က လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။သူဝတ်ထားသော ရွှေရောင်ဝတ်စုံက ညအမှောင်ကောင်းကင်ယံထက်တွင် တလှပ်လှပ်တောက်ပနေသည်။


သူ့ဆီမှလည်း ဖိအားများလွန်းသော အော်ရာများကို ထုတ်လွင့်နေသည်။


"အဲ့ဒီကလေးမလေးကို ငါကို ပေးလိုက် ..."


သူတည်ငြိမ်စွာပြောလိုက်သည်။သူ့၏ ပစ်မှတ်က ရှောင်ယပင်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် ထိုကလေးအား စားဖိုမှူးနှင့်အတူတူ တွေ့ဖူးပေသည်။


ဒီနေ့ သူ့၏ အကူနှစ်ယောက် ပုဖန်လက်ထဲတွင် သေဆုံးခဲ့ရသည်။သူမည်ကဲ့သို့ တည်တည်ငြိမ်ငြိမ်နေနိုင်ပါတော့မည်နည်း။သူက ပုဖန်ကို သွေးကြွေးအတွက် သွေးဖြင့် ပြန်လည်ပေးဆပ်ရအောင် လုပ်ရပေမည်။သူ့စကားကြောင့် အားလုံး ကြောင်အသွားကြသည်။


"ဒီအစားသရဲကလေးလေးက တစ်ယောက်ယောက်ကို နှောက်ယှက်မိလိုက်ပြီလား...ကောင်းကင်နွေဦးသူတော်စင်သားတော်က သည်းမခံနိုင်တော့ပဲ ဒီအစားသရဲလေးကို ရပ်တန့်ချင်နေတာလား..."


ဘာကြောင့်မှန်းမသိသော်လည်း လူတစ်ချို့က စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်မိကြသည်။ရှောင်ယု မတ်တပ်ထရပ်၍ သူတော်စင်သားတော်နှင့် မျက်နာချင်းဆိုင်လိုက်သည်။


ထိုကလေးမလေးအား သူထည့်ပေးလိုက်မည်မဟုတ်ပေ။သူမကို ဂရုစိုက်ပါမည်ဟု ပိုင်ရှင်ပုအား သူအာမခံခဲ့လေသည်။


"ငါက မပေးဘူးဆိုရင်ကော ..."


ရှောင်ယု၏ မျက်နာက အေးခဲလှသော အငွေ့အသက်များ ထုတ်လွင့်နေသလို အေးစက်နေလေသည်။ခပ်လှမ်းလှမ်းတွင်ထိုင်နေသော လျန်ချိန်က ရှောင်ယုကိုကြည့်၍ ထ်ိုစကားကြောင့် ပြုံးလိုက်သည်။ထို့နောက် သူ့လက်မှ ဝိုင်ခွက်ကို ပြန်ချလိုက်ပြီး ရှောင်ယုကို တစ်ချက်ကြည့်လိုက်၏။


"ညီအကိုယု မင်းက ဒီလို အစားပုပ်ကလေးအတွက်နဲ့ ဘာကြောင့် သူတော်စင်သားတော်ကို အပြစ်ပြုမှာလဲ..."


ရှောင်ယုမျက်မှောင်ကြုတ်လိုက်ပြီး လျန်ချိမ်ကို လှည်းကြည့်လိုက်သည်။


"မင်းပါးစပ်ပိတ်ထားလိုက်..."


သူ့၏ စကားလုံးက လုံးဝ ယဥ်ကျေးမှုမရှိပေ။၎င်းက လျန်ချိမ်၏ မျက်နာကို ဖြတ်ရိုက်လိုက်သကဲ့သို့ တူညီလှသောကြောင့် သူ့မျက်နာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။


"မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ..."


လျန်ချိမ် ဒေါသထွက်စွာ ပြောလိုက်သည်။


"ဒီကလေးမလေးကို မပေးဘူးဆိုရင်တော့ မင်းက ကောင်းကင်ဗဟို သန့်စင်နယ်မြေက ပါရမီရှင်ဆိုလည်း ငါ ဂရုမစိုက်ဘူး...မင်းအတွက်ရသေခြင်းတရားဆိုတဲ့ စကားလုံးတစ်လုံးပဲရှိမယ်..."


ကောင်းကင်နွေဦး သူတော်စင်သားတော်၏ စကားလုံးများထဲတွင်ပင် ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပါဝင်နေပေပြီ။


ရှောင်ယု တုန်ယင်သွားသည်။ကောင်းကင်နွေဦး သူတော်စင်သားတော်က တကယ်ကို အလေးအနက်ပြောနေကြောင်း သူသိလိုက်သည်။၎င်းက အစောပိုင်းအချ်ိန်တွင် လျန်ချိမ်ကြောင့် သူကို တိုက်ခိုက်ခြင်းနှင့် မတူညီတော့ပေ။ကောင်းကင်နွေဦးသူတော်စင်သားတော်က ကလေးမလေးအား တကယ်ကို လိုချင်နေပေသည်။


"ဘာကြောင့်လဲ ဒီကလေးမလေးက ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ဘာများအပြစ်ပြု မ်ိလို့လဲ ဒါမှမဟုတ် သူတော်စင်သားတော်က အစားသရဲတွေကို ဆန့်ကျင်နေတာလား...သူက အစားသရဲတွေကို မကြိုက်ဘူးလား..."


ရှောင်ယု၏ ဓားရှည်က တုန်ခါလာပြီး အလင်းများ အဆက်မပြတ် ထုတ်လွင့်လာသည်။ရှောင်ယု သူ့ဓားရှည်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူ့၏ ဓားစွမ်းအင်များ မြင့်တက်လာခဲ့သည်။


မင်းရဲ့ အခြေအနေနဲ့ ငါက မင်းကို လက်ချောင်းလေး တစ်ချောင်းတည်းနှင့်ပင် သတ်နိုင်တယ် မင်းက တကယ်ပဲ ငါ့ကို သတ်နိုင်လို့လား..."


လေထဲတွင်ရပ်တည်နေသောသူတော်စင်သားတော်က ရှောင်ယုကို အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။လျန်ချိမ်က ထိုမြင်ကွင်းကို စောင့်ကြည့်နေ၏။ပတ်ဝန်းကျင်ရှိ သူများအားလုံးလည်း အသက်ပင် ရဲရဲမရှုရဲကြပေ။


သူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ လက်အောက် သန့်စင်နယ်မြေမှ သူတော်စင်သားတော်ဖြစ်သည်။အင်အားစုကြီးများမှ အရှင်သခင်များပင်လျှင် ယခုအချ်ိန်တွင် နှာပင်မချေရဲကြပေ။


ပထမတန်း အင်အားစုကြီးများမှ ပညာရှင်များဖြစ်သော လော့တန်ချင်းနှင့် မဟာဂိုဏ်းအရှင်တို့သာလျှင် လေ့လာအကဲခတ်နေကြသည်။သို့သော်လည်း ၎င်းက သူတို့ ပြဿနာထဲ ဝင်ပါမည်ဟု မဆိုလိုပေ။ထို့အပြင် သူတို့ကိုယ်တိုင်အတွက်လည်း မည်သည့် ပြဿနာမှ မရှာဖွေလိုပေ။


ရုတ်တရက် ကောင်းကင်နွေဦး သူတော်စင်သားတော်၏ မျက်ဝန်းများက စုကျုံ့သွားပြီး သူ အနောက်ကို ကျော်ကြည့်လိုက်သည်။ထိုနေရာတွင် စင်မြင့်တစ်ခုထက်၌ တင့်တယ်လှသော ပုံရိပ်လေးတစ်ခုက ထိုင်နေလေသည်။


သူမ၏ နူးညံ့သွယ်လျသော လက်ချောင်းကလေးများဖြင့် ဝိုင်စက်များကို တောက်ထုတ်လိုက်ရာ လေထဲတွင် ဝိုင် ကျသံများထွက်ပေါ်လာလေသည်။သူတော်စင်သားတော်က လက်ဖဝါးမြောက်၍ ဝိုင်စက်များကို ရပ်တန့်စေလိုက်သည်။


"အာကာသနတ်သမီးဘာလို့ ဒီကိစ္စကို ဝင်စွက်ဖက်တာလဲ..."


"ရှင့်အတွက် ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီလူတွေကို လွှတ်ပေးစေချင်တယ်...ရှောင်ယုက ကျွန်မရဲ့ မိတ်ဆွေဟောင်းပဲ ..."


နူးညံ့ချိုမြိန်သော အသံလေး ထွက်ပေါ်လာသည်။လူအားလုံး အံ့အားတသင့်ဖြင့် လေအေးတစ်ချက်ရှိုက်လိုက်မိသွားကြသည်။အာကာသနတ်သမီးနှင့် ရှောင်ယုက သူငယ်ချင်းများဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားမိပေ။


"သူတို့က တစ်ယောက်နှင့်တစ်ယောက် သိနေကြတယ်ပေါ့ အဲ့ဒါထက် အာကာသနတ်သမီးက ရှောင်ယုကို ကယ်တင်လိုက်တယ်....ဒါဆိုတော့ သူတို့နှစ်ယောက်ကြားထဲက ပတ်သတ်မှုက ဘာလဲ..."


လျန်ချိမ်၏ မျက်ဝန်းများက စူးရှကျဥ်းမြောင်းသွားသည်။သူမယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


"ရှောင်ယုက အာကာသနတ်သမီးနှင့် သိနေတယ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...လွင်တီးခေါင်သည့် နယ်မြေကလာတဲ့ တောသားတစ်ယောက်ပဲလေ ဘယ်လိုလုပ်ပြီး အာကာသနတ်သမီးနဲ့ သိနိုင်မှာလဲ...လခွမ်း ဒါသာအမှန်ဆိုရင်တော့ ရှောင်ယုသေသသင့်တယ်..."


လျန်ချိမ်၏ အကြည့်များက မဲမှောင်လာပြီး ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ မြင့်တက်လာသည်။ရှောင်ယုလည်း အနည်းငယ် အံ့အားသင့်သွားသည်။အာကာသနတ်သမီးက သူ့ကို ဝင်ကူညီလိုက်မည်ဟု လုံးဝ မထင်ထားမိပေ။


"ဒါက ကလေးမလေးကြောင့်လား..."


"ကောင်းပြီလေ ဒီလိုဆိုတော့လည်း ငါ ရှောင်ယုကို မထိတော့ဘူး ကလေးမလေးကို ငါ့ကိုပေး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ထားလိုက်မယ်..."


သူတော်စင်သားတော်က ထပ်၍ စကားဆိုလိုက်သည်။


"မဖြစ်နိုင်ဘူး ..."


ရှောင်ယု သူ့၏ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ဆိုလိုက်သည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က ရှောင်ယုကို သေချာစွာ အကဲခတ်လိုက်သည်။သူ့၏ မျက်နာထားကလည်း အလွန်တရာ အေးစက်နေလေသည်။


ရှောင်ယုကလည်း လုံးဝ မကြောက်မရွံ့သူ့ကို ပြန်စိုက်ကြည့်နေလေသည်။


"ကောင်းပြီလေ...ဒီတစ်ကြိမ်တော့ ငါမင်းအသက်ကို ချမ်းသာပေးလိမ့်မယ်..."


သူတော်စင်သားတော်ကပြောပြီးသည်နှင့် သူ့၏ ထိုင်ခုံနေရာသို့ ပြန်သွားလေသည်။ရှောင်ယု စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး သူ့ဓားရှည်ကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။


မတရားခံရသလို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်နေသော ကလေးမလေးအားကြည့်လိုက်သည်။


"ငါအများကြီးစားနိုင်တာ အဲ့ဒါငါ့အမှားမှ မဟုတ်တာ..."


မိုးရွာနေပြန်သည်။ပုဖန် အစားပုပ်နတ်ဘုရားမြို့တော်ထဲမှ အေးစက်တိတ်ဆ်ိတ်နေသော စားသောက်ဆ်ိုင်ရှေ့တွင် ထွက်ပေါ်လာသည်။သူမော့ကြည့်လိုက်ရာဆိုင်ပိတ်ထားသည်ကို တွေ့လိုက်ရသည်။


"ပိုင်ရှင်မရှိဘူးပဲ...သူက အစားကြူးနတ်ဘုရားစားသောက်ပွဲကို သွားတာများလား..."


ပုဖန် လမ်းမတစ်လျှောက်လျှောက်လာလေရာ စားသောက်ဆိုင်များစွာ ပိတ်ထားသည်ကိုလည်း တွေ့လိုက်ရသည်။သူတို့က ဆိုင်ပိတ်၍ စားသောက်ပွဲကို သွားကြသည်ဆိုလျှင် စားဖိုမှူး ဝမ်ရမ်ရှန်တစ်ယောက်လည်း ထိုစားသောက်ပွဲကို သွားကြောင်း သံသယရှိစရာမလိုတော့ပေ။


ပုဖန် သက်ပြင်းအသာချလိုက်သည်။အကယ်၍ ကောင်းကင်ဝါးမျို ဝိညာဥ်စက်ငါးကို ဝမ်ရမ်ရှန်ချက်ပြုတ်သည်ကို ကြည့်လိုလျှင် သူ အစားကြူးနတ်ဘုရားစားသောက်ပွဲသို့ သွားရပေလိမ့််မည်။


"ဒီလိုဆိုတော့လည်း အစားကြူးနတ်ဘုရားစားသောက်ပွဲကို သွားတာပေါ့..."


မိုးစက်များက ထောင့်ဖြတ်မျဥ်းအတိုင်း ရွာသွန်းဖြိုးနေသည်။ပုဖန် မိုးရေထဲတွင် လျှောက်လှမ်းလာနေ၏။ကောင်းကင်ယံထက်တွင် ခမ်းနားကြီးကျယ်လှသော အလင်းရောင်များ ဖြာထွက်နေသည့်နေရာကို ဦးတည်လျှောက်လှမ်းလာ၏။