အပိုင်း ၆၆၇
Viewers 53k

အခန်း ၆၆၇

ထိပ်ဆုံးအယောက် ၁၀၀ ထဲမှ ချန်ပီယံ...


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ရုတ်တရက်လှုပ်ရှားလိုက်မှုက စည်းကားသ်ုက်မြိုက်နေသော အစားကြူးနတ်ဘုရားစားသောက်ပွဲကို အများကြီး မသက်ရောက်ပေ။


လူများက ယခုထိတိုင်အောင် စားသောက်နေကြဆဲဖြစ်သည်။သူတို့က မကြာခဏ စားရလေ့မရှိသော စားကောင်းသောက်ဖွယ်ရာများကြောင့် ပျော်ရွှင်နေလေသည်။


လူတစ်ချို့က အခ်ျိန်အတော်ကြာအောင် မဆုံဖြစ်ခဲ့သော သူတို့၏ မိတ်ဆွေများနှင့် ပြန်ဆုံတွေ့ကြလေသည်။ထို့ကြောင့် သူတို့ စားပွဲတစ်ခုံထဲထိုင်၍ ဝိုင်ခွက်များမြောက်ကာ ပျော်ရွှင်ဝမ်းမြောက်၍ စားသောက်နေကြလေသည်။


 အကြီးအကဲ ချူချန်းရှန်ကလည်း ရင်ပြင်ကျယ်အလယ်ရှိ နေရာတွင် ထ်ိုင်နေပြီး သူ့၏ စားကောင်းသောက်ဖွယ်များကို စားသောက်နေသည်။သူ့၏ မျက်နာက အလွန်ပင် တည်ငြိမ်အေးချမ်းနေ၏။


ယခုအခိုက်အတန့်က အစားကြူးနတ်ဘုရားစားသောက်ပွဲ၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းပင်ဖြစ်သည်။လူတိုင်းက ၎င်းကို အချိန်အကြာကြီး စောင့်မျှော်နေခဲ့ကြခြင်းဖြစ်သည်။


ကောင်းကင်နွေဦး သူတော်စင်သားတော်၏ မျက်နာက မဲမှောင်နေသည်။သူ့၏ ဘေးတွင် ထိုင်နေသော ချီကျီက အသက်ရဲရဲပင် မရှုရဲပေ။သူတော်စင်သားတော်၏ ထ်ိုမျက်နာထားမျိုးက ရှားပါးလှလေသည်။


ထိုမျက်နာက တစ်စုံတစ်ရာ မကောင်းသည့်အရာများဖြစ်လာဿ စိတ်အခြေအနေ မကောင်းသည့် အဓိပ္ပါယ်ပင် ။တကယ်တမ်းဆိုရလျှင် သူတော်စင်သားတော်အနေဖြင့် စိတ်အခြေအနေဆိုးသည်ဟူသည့် စကားလုံးတစ်လုံးဖြင့်ပင် မလုံလောက်ပေ။သူ့၏ ဆိုးရွားလှသော ဒေါသများကိုပင် ကြိုးစား၍ ဖိနှိပ်နေရလေသည်။


ရှောင်ယုသည်လည်း သူ့၏ သတ်ဖြတ်ရမည့် စာရင်းထဲ ပါဝင်သွားပေပြီ။တစ်စုံတစ်ရာ ဖြစ်ပွားလာခြင်းကြောင့် မဟုတ်ပဲ အာကာသနတ်သမီးက သူ့ကို ကူညီလိုက်သောကြောင့်ဖြစ်သည်။


"အာကာသနတ်သမီးက ဘာကြောင့် သူ့ကို ကူညီရတာလဲ..."


မနာလိုမှုက သူ့ကို လွှမ်းခြုံသွားပြီး အားလုံးကိုပင် သတ်ပြစ်ချင်စိတ် ပေါက်နေလေသည်။ရှောင်ယုတင်မကပဲ မိုက်မဲလှသော စားဖိုမှူးလည်း ပါပေသည်။ထိုစားဖိုမှူးက သူ့၏ လန်ကျီနှင့် လုကျီတို့ကို ရက်စက်ကြမ်းကြုတ်စွာ ခေါ်ဆောင်သွားပေသည်။


ထိုမကောင်းဆိုးဝါး စားဖ်ိုမှူးက အစားကြူးတောင်ကြားထဲမှ ဖြစ်လျှင်ပင် သူဂရုမစိုက်ပေ။ထိုစားဖိုမှူးကို နောက်တစ်ကြိမ်မြင်လိုက်သည်နှင့် မိုးကြိုးလျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သတ်ပစ်ပေမည်။


....


ကျယ်ဝန်းလှသော မြေပြင်က ရုတ်တရက် ပြောင်းလဲသွားသည်။တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေသော စင်မြင့်များ ရုတ်တရက် ထွက်ပေါ်လာ၏။၎င်းတို့၏ တောက်ပြောင်လင်းလက်နေပုံမှာ မျက်စိမလွှဲချင်စရာကောင်းလှသည်။


လူအားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ကြသည်။သူတို့ ထိုစင်မြင့်များပေါ်လာသည်ကို မြင်သည်နှင့် စိတ်အားတက်ကြွလာကြ၏။အစားကြူးတောင်ကြားတွင် နေထိုင်ကြသူများအားလုံးက ထိုစင်မြင့်များကို မြင်လိုက်သည်နှင့် နောက်ထပ်ဘာအကြောင်းအရာ လာတော့မည်ကို သိနေပေသည်။


အစားကြူးနတ်ဘုရားစားသောက်ပွဲ၏ အကောင်းဆုံးစားဖိုမှူး တစ်ရာချန်ပီယံ ဆုပြိုင်ပွဲ ဖြစ်သည်။အစားကြူးဘုတ်ပြားပေါ်တွင် အဆင့်မြင့်မားလှသော အယောက် ၁၀၀ အတွင်း ဝင်နေသည့် စားဖိုမှူးများအားလုံးက သူတို့၏ စင်မြင့်များအပေါ်တွင် သူတို့၏ အချက်အပြုတ်အရည်အချင်းများအားလုံးကို ပြသမည်ဖြစ်သည်။


ပရိတ်သတ်များက အရည်အချင်းမြင့်မားလှသော စားဖိုမှူးများ၏ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ခြင်းကို ကြည့်ခွင့်ရမည်ဖြစ်သည်။ထိုအတွေ့အကြုံက သူတို့ကို လုံးဝ အံ့သြသင့်သွားစေပေလိမ့်မည်။


အစားကြူးဘုတ်ပြား၏ ထိပ်ဆုံး ၁၀၀ အတွင်း၌ အားအနည်းဆုံးသူများမှာ ဒုတိယအဆင့် စားဖိုမှူးများဖြစ်သည်။စားဖိုမှူးအများအပြားက သူတို့၏ ကျွမ်းကျင်မှုများကို တစ်ခ်ျိန်တည်း ပြသမည်ဖြစ်သည်။ထိုမြင်ကွင်းက လူအားလုံး၏ မျက်ဝန်းထဲတွင် ဆန်းကြယ်သည့် ပုံရိပ်တစ်ခုအဖြစ် ထင်ဟပ်နေပေလိမ့်မည်။


ဒါက အစားကြူးနတ်ဘုရား စားသောက်ပွဲ၏ အဖွင့်ပြပွဲ တစ်ခုပင်ဖြစ်ပေသည်။အစားကြူးနတ်ဘုရားစားသောက်ပွဲသည် အခမ်းအနားတစ်ခုသာမက အစားကြူးဘုတ်ပြားပေါ်၏ အဆင့်များကို ပြန်လည် ပြုပြင်သည့် အချိန်အခါလည်းဖြစ်သည်။


ဉာဏ်ကြီးရှင် စားဖိုမှူးများက မိုးရွာပြီးနောက် ထွက်ပေါ်လာသော မျှစ်စို့များကဲ့သို့ အပြိုင်အဆိုင် ထွက်ပေါ်လာပေလိမ့်မည်။လူများက အစားကြူးဘုတ်ပြားပေါ်တွင် အဆင့်ဝင်ထားပြီးသော စားဖိုမှူးများနှင့် ယှဉ်ပြိုင် တိုက်ခိုက်ပေလိမ့်မည်။


ဘုတ်ပြားပေါ်မှ စားဖိုမှူးကို အောင်မြင်လိုက်သည်နှင့် သူ့၏ နာမည်နေရာတွင် အစားထိုးဝင်ရောက်နိုင်ပြီဖြစ်သည်။ဒါက အစားကြူးဘုတ်ပြား၏ စည်းမျဉ်းဖြစ်ပြီး တကယ့်ကို ရက်စက်ကြမ်းတမ်းလွန်းလှသည်။


သို့သော်လည်း တကယ်တမ်းတွင် ထ်ိုစည်းမျဉ်းများရှိပေမယ့် ကြီးကျယ်ခမ်းနားသော စားဖိုမှုးများက ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ဆဲဖြစ်သည်။အစစ်အမှန် မွန်းစတားများပေါ်ထွက်လာမှသာလျှင် ထိုမွန်းစတားအိုကြီးများကို အနိုင်ယူနိုင်ပေလိမ့်မည်။သူတို့က ထိပ်ပိုင်းနေရာကို အချိန်အကြာကြီး စိုးမိုးထားခဲ့ခြင်းဖြစ်သည်။လူများစွာကလည်း သူတို့ကို အတော်လေး လေးစားကြလေသည်။


ကျွီ...


လေးလံလှသော တံခါးများကို တွန်းဖွင့်လိုက်သည်နှင့် နှစ်ပေါင်းများစွာ ကပ်တွယ်နေသော ဖုန်မှုန့်များပါ လှိမ့်ဝင်လာသကဲ့သို့ထက်ရသည်။အစားကြူးနတ်ဘုရားအဆောက်အဦး၏ ခမ်းနားကြီးကျယ်သော တံခါးကို ဖွင့်လှစ်လိုက်ပြီးနောက် အဆောက်အဦးထဲမှ လူများလျှောက်ထွက်လာကြသည်။


သူတို့အားလုံးက စားဖ်ိုမှူးဝတ်စုံကို ဝတ်ဆင်ထားကြသည်။သူတို့၏ စိတ် ဝိညာဉ်နှင့် စွမ်းအင်များက ကောင်းကင်ကိုပင် ပစ်လွှတ်နိုင်လောက်အောင် ကြီးမားလှသည်။သူတို့၏ ဝတ်ရုံတွင် တလက်လက်တောက်ပနေသော အလင်းလှိုင်းလေးများ ဖြတ်ပြေးနေသည်။


သူတို့၏ တင့်တယ်လှသော ဝတ်ရုံကို ကြည့်ခြင်းအားဖြင့် သူတို့ အချက်အပြုတ်အတွေ့အကြုံများကို ခန့်မှန်းနိုင်ပေသည်။သို့သော် သူတို့က... သူတို့၏ တကယ့်အစစ်အမှန် အောင်မြင်မှုများကို ဖုံးကွယ်ထားလျှင် မည်သူမှသိနိုင်လိမ့်မည်မဟုတ်ပေ။


အစားကြူးနတ်ဘုရား စားသောက်ပွဲက အမည်မသိ စားဖိုမှူးများအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ရုံသာမက မြောက်များလှစွာသော စားဖိုမှူးများအတွက် တိုးတက်လာနိုင်မည့် အခွင့်အရေးတစ်ရပ်လည်းဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် အစားကြူးဘုတ်ပြားပေါ်ရှိ သူတို့၏ အဆင့်သတ်မှတ်ချက် မြင့်မားလာသည်နှင့်အမျှ သူတို့ ရရှိနိုင်သော အရင်းအမြစ်များကလည်း ပို၍ တိုးပွားလာပေလိမ့်မည်။


အရင်းအမြစ်များ အထောက်အပံ့များအတွက် စားဖိုမှူးတစ်ယောက်စီတိုင်းက သူတို့၏ ပါရမီကိုအကောင်းဆုံးပြသနိုင်ရန် ကြိုးစားကြပေလိမ့်မည်။


အကြီးအကဲ ချူချန်းရှန်က မတ်တပ်ရပ်လိုက်ပြီးနောက် အဆောက်အဦးထဲမှ ထွက်လာသောစားဖိုမှူးများကို ကြည့်လိုက်သည်။


စားဖိုမှူးများက အကြီးအကဲကို လေးစားမှုအပြည့်ဖြင့် ဦးညွှတ်နှုတ်ဆတ်လိုက်ကြသည်။ထို့နောက် သူတို့၏ စင်မြင့်များဆီသို့ ပျံသန်းတက်ရောက်သွားကြသည်။


အချိန်တို. အတွင်းမှာပင် သူတို့၏ နေရာများကို ရှာဖွေတွေ့ရှိလိုက်ပြီးနောက် တင်ပျင်ခွေ၍ ထိုင်လိုက်ကြသည်။လူအများက တစ်ခဲနက် အားပေးနေကြလေသည်။အစားကြူးတောင်ကြားက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို ယှဉ်ပြိုင်ရန်ထိုက်တန်လေသည်။တပည့်များ၏ စွမ်းဆောင်ရည်က သာမန်မဟုတ်ပေ။


သူတို့၏ မျက်ဝန်းများက အလွန်တောက်ပသည်။ထိုစားဖိုမှူးများတွင် အံ့အားသင့်စရာ စိတ်ဝိညာဉ် စွမ်းအင်များရှိလေသည်။ ထိုနေရာတွင် သူ့၏ နောက်ကျောဘက်၌ ဒယ်အိုးတစ်လုံးကို လွယ်ထားသော စားဖ်ိုမှူးတစ်ယောက်ရှိသည်။သူက သူ့၏ စင်မြင့်ဆီသို့ ပျံတက်ပြီး ခြေချလိုက်သည်။


တခြားတစ်ယောက်က ကြီးမားတုတ်ခိုင်လှသော မီးဖိုချောင်သုံးဓားကြီးကို ကိုင်ထားသည်။သူ့ဆီမှလည်း ကြမ်းတမ်းလှသော အော်ရာများက အဘက်ဘက်သို့ လွင့်ထွက်နေသည်။


အခြားစားဖိုမှူးတစ်ယောက်ဝတ်ဆင်ထားသော စားဖိုမှူးဝတ်စုံ၏ အင်္ကျီလက်မှာလည်း အလွန်ရှည်လျားလှသောကြောင့် လေအရှိန်ဖြင့် တဖျတ်ဖျတ် လွင့်ခါနေလေသည်။


ထိုလူများက ပုံသဏ္ဍာန်အမျိုးမျိုးရှိကြပြီး အားလုံးက တမူထူးခြားနေပေသည်။လူများ စောင့်မျှော်နေကြသော ဇာတ်ဆောင်များက ထိပ်ဆုံး စားဖ်ိုမှူး ၁၀ယောက်ဖြစ်ပြီး နောက်ဆုံးမှ ပေါ်လာကြမည့်သူများဖြစ်သည်။


ထ်ိုသူ၁၀ယောက်က တကယ့်အမိုက်စါး စားဖိုမှူးမျါးဖြစ်လေသည်။


ထိုအချိန်တွင် ချွီရန်ချန်းဖုန် ဝင်လာလေသည်။သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့၏ စားဖိုမှူးဝတ်စုံက တလွင့်လွင့် လွင့်ခါနေသည်။


ချွီရန်ချန်းဖုန်က ထိပ်သီး ၁၀ယောက်ထဲတွင် ပထမဦးဆုံးထွက်ပေါ်လာသော ပထမတန်းစား စားဖိုမှူးတစ်ယောက်ဖြစ်သည်။လူများစွာ၏ မျက်ဝန်းများက တောက်ပသွားသည်။ခေါက်ဆွဲဘုရင် တည်ထောင်သူ ချွီရန်ချန်းဖုန် သူ့၏ ဂုဏ်သတင်းက အစားကြူးတောင်ကြားထဲတွင် မသိသူမရှိပေ။


ကောင်းကင်မြှုပ်နှံ ခေါက်ဆွဲသည် ခေါက်ဆွဲဘုရင်ဆိုင်၏ အထင်ရှားဆုံး ဟင်းပွဲ တစ်ပွဲဖြစ်သည်။ထိုခေါက်ဆွဲပွဲက လူများစွာကို သရေတများများဖြစ်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။


ချွီရန်ချန်းဖုန်အပြင် တခြားသိသာထင်ရှားနေသော စားဖ်ိုမှူးများစွာလည်း ရှိနေပေသေးသည်။


လူတစ်ယောက်က ထူးခြားဆန်းကြယ်လှသော ကိုယ့်ယို့ကားယား နိုင်လှသည့် မီးဖ်ိုချောင်သုံးဓားကို ကျောဘက်တွင် လွယ်ထားသည်။သူ့၏ ပုံစံက သွေးကင်ဆာသမားလို ဖျော့တော့နေပြီး အေးစက်လှသော အလင်းများ ထုတ်လွင့်နေ၏။


ထိုသူသည်လည်း စားဖ်ိုမှူးတစ်ယောက်ဖြစ်သည်။ထို့အပြင် သူက အစားကြူးဘုတ်ပြားပေါ်တွင် ချွီရန်ချန်းဖုန်ထက်ပင် အဆင့်မြင့်သေးသည်။


တစ်ခြားစားဖိုမှူးတစ်ယောက်က အသားစိမ်းတစ်တုံးကိုပင် ကိုက်ကာဝါးမျိုစားသောက်နေလေသည်။ထိုသူများအားလုံးက လူအများအပြားကို အံ့အားသင့်စေသည့် အင်္ဂါရပ်များ ရှိနေလေသည်။


သူတို့အားလုံးက ကိုယ်ပိုင်စင်မြင့်များပေါ်သို့ ခြေချလိုက်သည်နှင့် လူအများက နားကွဲမတက် ကျယ်လောင်စွာ အော်ဟစ်အားပေးကြလေသည်။


......


အစားကြူးနတ်ဘုရားအဆောက်အဦး၏ အပြင်ဘက်တွင်...


ပုဖန် သူ့၏ ရှေ့တွင်ရှိနေသော ဧရာမမွန်းစတားကောင်ကြီးကဲ့သို့ ကောင်းကင်ကိုပင် ထွင်းဖောက်နေသည့် အဆောက်အဦးကို ကြည့်လိုက်သည်။သူတကယ်ကို အံ့အားသင့်သွားသည်။၎င်း၏ ပုံစံက ခမ်းနားလှ၏။


သို့သော်လည်း သူ့၏ အံ့အားသင့်မှုက ကြာရှည်ရှိမနေပဲ အဆောက်အဦးအတွင်းသို့ လှမ်းဝင်လိုက်လေသည်။အစားကြူးနတ်ဘုရားစားသောက်ပွဲကို ဒီနေရာတွင် ကျင်းပနေသည်ဖြစ်လေရာဝမ်ရမ်ရှန်ကလည်း ဒီနေရာတွင်ရှိနေပေလိမ့်မည်။


သူအဆောက်အဦးအတွင်းသို့ ဝင်ပြီး မကြာခင်မှာပင် ဝမ်ရမ်ရှန်ကို ရှာတွေ့နိုင်ပေလိမ့်မည်။ထို့ကြောင့် ပုဖန်က အနည်းငယ်မျှပင် တွန့်ဆုတ်မနေပဲ ချက်ချင်း အရှေ့သို့ လျှောက်လာခဲ့သည်။


သို့သော်လည်း သူ ဂိတ်တံခါးဝကို ဖြတ်လာပြီးချိန်မှာပင် တားမြစ်ခြင်းခံလိုက်ရသည်။သူ့ကို တားဆီးလိုက်သော သူမှာလည်း စားဖိုမှူးဝတ်စုံကိုဝတ်ဆင်ထားလေသည်။သို့သော် သူ့အဆင့်က သိပ်မမြင့်ပေ။


ပုဖန်က ချွီရန်ချန်းဖုန်နှင့် ဝမ်ရမ်ရှန်တို့၏ ဝတ်စုံများကို မြင်ဖူးလေသည်။သူတ်ို့က သူရှေ့မှတစ်ယောက်ထက် ခမ်းနားကြီးကျယ်ပြီး တောက်ပလင်းလက်လှသည်။


အစားကြူးတောင်ကြား၏ ပုံစံအရ စားဖ်ိုမှူးဝတ်စုံက ပို၍ ခန့်ညားလေလေ စားဖိုမှူး၏ အချက်အပြုတ်စွမ်းရည်က ပို၍ မြင့်မားလေလေပင် ။


"ငါ အထဲဝင်ပြီး တစ်ယောက်ယောက်ကို ရှာချင်လို့ ..."


ပုဖန်က သူ့ရှေ့မှ စားဖိုမှူးကို အမှန်တိုင်းပြောလိုက်သည်။တကယ်တမ်းတွင်လည်း သူက ဝမ်ရမ်ရှန်ကိုရှာ၍ ကောင်းကင်ဝါးမ်ျိုဝိညာဉ်စက်ငါးကို ချက်ပြုတ်သည့် နည်းလမ်းတစ်ချို့ သင်ယူလိုခြင်းဖြစ်သည်။


ပုဖန်က ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးအကြောင်းမသိပေ။စနစ်က သူ့ကို ရှင်းပြပြီးပြီဆိုသော်လည်း သူသိသည့် တစ်ခုတည်းသော အရာမှာထိုငါးကို ကိုင်တွယ်ရန်ခက်ခဲသည် ဆိုခြင်းပင်။


အမှားသေးသေးလေး ပြုလုပ်မိလိုက်သည်နှင့် ထ်ိုငါးတစ်ခုလုံးကို အဆိပ်သင့်သွားစေပေလိမ့်မည်။ထို့ကြောင့် ပြီးပြည့်စုံမှုရရှိစေရန်အတွက် ငါးကို ဘယ်လို ကိုင်တွယ်ရမည်ဆိုသည်အား ဝမ်ရမ်ရှန်ကို မေးရန်လိုအပ်နေပေသည်။


သူရှေ့မှ စားဖိုမှူးက ပုဖန်ကို အထက်အောက် စုံဆန်ကြည့်လိုက်သည်။ပုဖန်၏ ဝတ်စုံက သူ့၏ စားဖ်ိုမှူးဝတ်စုံနှင့် ကွဲပြားခြားနားနေလေရာ သူ့၏ အကြည့်များက ပို၍ သင်္ကာမကင်းဖြစ်လာသည်။


"ဖိတ်ကြားစာ ရထားလား.. ဖိတ်ကြားစာမရှိဘူးဆိုရင် အထဲကို ဝင်လို့ရမှာမဟုတ်ဘူး..."


ထိုစားဖ်ိုမှူးက ကြင်နာစွာသတိပေးလိုက်သည်။


"ဖိတ်ကြားစာ..."


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။၎င်းသာအမှန်ဆိုလျှင် သူ အဆောက်အဦးတွင်းသို့ မဝင်နိုင်တော့ပေ။


"အစားကြူးနတ်ဘုရားစားသောက်ပွဲက အစားကြူးတောင်ကြားရဲ့ အရေးအကြီးဆုံး အခမ်းအနားတစ်ခုပဲ လူအများအပြားက ပွဲမှာ ပါဝင်ချင်ကြတယ် ဒါပေမယ့် ခုံအရေအတွက်ကတော့ အကန့်အသတ်ရှိတယ်လေ...တကယ်လို့ ဖိတ်ကြားစာမပါပဲသာ ဝင်ချင်တိုင်းဝင်လို့ရမယ်ဆ်ိုရင် စားသောက်ပွဲတစ်ခုလုံးက ပရမ်းပတာတွေဖြစ်ကုန်မှာပေါ့..."


ထိုစားဖိုမှူးက ပြောလိုက်ပြီးနောက် ပုဖန်ကို သနားကြင်နာစွာကြည့်လိုက်သည်။


"ဒီတော့ ငါမင်းကို ဝင်ခွင့်ပြုလို့မရဘူး..."


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ထိုစားဖိုမှူးက ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆည်းဆာရေကန်ရှိရာဘက်သို့ မျက်နာမူ၍ ဟန်ကြီးပန်ကြီး တစ်ခွဲသားနဲ့ ရပ်နေပေသည်။


ပုဖန် သူ့ကို နောက်ကျော ခိုင်းထားသောစားဖ်ိုမှူးကို ကြည့်လိုက်သည်။ထို့နောက် အစိမ်းရောင်အခိုးအငွေ့များနှင့်အတူ မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာလေသည်။


ကောင်းပြီလေ မင်းက ငါကို မဝင်ခိုင်းဘူးဆိုတော့လည်း ငါ့နည်းငါ့ဟန်နဲ့ ငါဝင်ရမှာပေါ့...သူ့ကို ဒယ်အိုးနဲ့ ရိုက်လိုက်မယ်...


ပုဖန် ရိုက်တော့မည့်အချိန်မှာပင် ထိုစားဖ်ိုမှူးက ပုဖန်ဘက်သို့ ပြန်လှည့်လာလေသည်။သူ ပုဖန်လက်ထဲမှ ဒယ်အိုးကို မြင် လိုက်သည်နှင့် သူ့၏ အမူအရာကပြောင်းလဲသွားပြီး မျက်တောင်တခတ်ခတ်ဖြစ်သွားသည်။


"မင်းက ဘာလို့ ဒယ်အိုးသယ်လာတာလဲ..."


ထိုသူက သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။ပုဖန်က မျက်နာအမူအရာတစ်ချက်မပြောင်းပဲ ပြန်ဖြေလိုက်၏။


"မင်းခန့်မှန်းကြည့်လေ..."


ထိုစားဖိုမှူးက ပုဖန်ကိုကြည့်ပြီး ခပ်တည်တည်ဖြင့် ပြန်ပြောလာလေသည်။


"ဒယ်အိုးတစ်လုံးနဲ့... စားဖိုမှူးဝတ်စုံ ဝတ်ထားတယ်ဆိုတော့ မင်းက စားဖ်ိုမှူးပဲ ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား...မင်းသာစားဖိုမှူးတစ်ယောက်ဆ်ိုရင်တော့ လွယ်ကူသွားပြီလေ ...ငါတို့မှာ အစားကြူးနတ်ဘုရားစားသောက်ပွဲကို တက်ရောက်ဖို့ တခြားနည်းလမ်းတစ်ခုရှိသေးတယ်..."


ပုဖန် အံ့အားသင့်သွားပြီးသူ့၏ ဒယ်အိုးကို အောက်သို့ ပြန်နှိမ့်လိုက်သည်။ထို့နောက် ဆက်ပြောရန် အချက်ပြလိုက်သည်။


"အစားကြူးနတ်ဘုရား စားသောက်ပွဲမှာ ထ်ိပ်ဆုံး စားဖိုမှူး ၁၀၀ကြားထဲက ချန်ပီယံ ရွေးချယ်ပွဲရှိတယ်...ဒါက အယောက်၁၀၀လို့ပြောပေမယ့်လည်း အစားကြူးတောင်ကြားထဲက စားဖိုမှူးအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်...ဒါပေမယ့် ငါတို့လိုမျိုး အဆင့်နိမ့်စားဖိုမှူးတွေကတော့ ရင်ပြင်ကျယ်က ပြိုင်ပွဲကို တ်ိုက်ရိုက်ဝင်ပြိုင်လို့မရဘူး...အခွင့်အရေးရဖို့အတွက် ရွေးချယ်မှု အဆင့်ဆင့်လုပ်ဖို့လိုတယ်..မင်းရွေးချယ်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အဆောက်အဦးထဲကို ဝင်နိုင်တယ်..."


"အဲ့ဒီရွေးချယ်ပွဲဆိုတာက ဘာလဲ..."


ပုဖန်ထပ်မေးလိုက်သည်။


"ကောင်းပြီ အဲ့ဒါက စိန်ခေါ်သူက အရည်အချင်းပြည့်မီမမီ စစ်ဆေးမှုတစ်မျိုးပဲ ...ရင်ပြင်ကျယ်နေရာမှာရှိနေတဲ့ စားဖိုမှူးတစ်ယောက်ချင်းစီတိုင်းကို ငါတို့က ရွေးချယ်ပြီးတော့ စိန်ခေါ်နိုင်တယ်...ငါတို့ နိုင်လိုက်ပြီဆိုတာနဲ့ အဲ့ဒီလူရဲ့ အဆင့်သတ်မှတ်ချက်ကို ငါတို့ ရပြီ ..."


ထိုစကားကို ကြားသည်နှင့် ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။၎င်းက တကယ်ကို ရက်စက်ကြမ်းတမ်းလှသည်။ရှုံးနိမ့်သွားသည်နှင့် တစ်ပြိုင်နက် ထိုသူသည် တစ်ပါးသူအတွက် အနင်းခံ ကျောက်တုံးတစ်တုံးဖြစ်သွားပေလိမ့်မည်။


မည်သူမှ အနင်းခံ ကျောက်တုံး ဖြစ်ချင်ကြမည်မဟုတ်ပေ။ထို့ကြောင့် အစားကြူးတောင်ကြားထဲတွင်ရှိနေသော စားဖိုမှူးများအားလုံးက သူတို့၏ အချက်အပြုတ်စွမ်းရည်များကို အလွန်ပင် ကြိုးကြိုးစားစား လေ့ကျင့်ကြလေသည်။


ပုဖန်သူ့မေးစေ့ကို ပွတ်၍ စဉ်းစားတွေးတောနေသည်။တောက်ပလင်းလက်နေသော အဆောက်အဦးအတွင်းကိုကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှ်ိူက်လိုက်သည်။


အစားကြူးနတ်ဘုရားအဆောက်အဦးထဲသို့ ဝင်ရန် တခြားနည်းလမ်းမရှိတော့သလိုပင် သူထ်ိုနေရာသို့ အင်အားသုံးဝင်ရောက်နိုင်သော်လည်း.... ထိုသို့ ဆိုလျှင် ကြီးမားသည့်နေရာထဲတွင် ဝမ်ရမ်ရှန်ကို ရှာရန်ခက်ခဲပေလိမ့်မည်။ဒီစားဖိုမှူး၏ အကြံပြုချက်က အဓိပ္ပါယ်ရှိလှသည်။


အရည်အချင်းပြည့်မီသော စိန်ခေါ်သူအဖြစ်နှင့် ရွေးချယ်ပွဲတွင် ပါဝင်သင့်ပေသည်။ပြီးနောက် သူဝမ်ရမ်ရှန်ကို တိုက်ရိုက်ရှာနိုင်ပေလိမ့်မည်။


အဲ့ဒီလိုက ပိုပြီးလွယ်တယ် 


"ဟေး...သူငယ်ချင်းစိတ်ဓာတ်ကျမနေပါနဲ့ စိန်ခေါ်ပွဲကို ဝင်ပြိုင်တယ်ဆိုတာက မင်းသိတဲ့အတိုင်းပဲ ယှဉ်ပြိုင်ခြင်းရဲ့ အငွေ့အသက်ကို ခံစားတာကသာ အရေးကြီးတာ ရှုံးတာနိုင်တာက အရေးမကြီးဘူး...ငါတို့ လိုအပ်တာက အတွေ့အကြုံပဲ... မင်းကြည့်လေ မင်းက အခုထိ ငယ်ရွယ်နေတုန်းပဲရှိသေးတယ် မင်းရဲ့ အနာဂတ်က အရမ်းကိုပဲ တောက်ပနေနိုင်တယ်..."


ထိုစားဖိုမှူးက တကယ်ကို စကားများသူတစ်ယောက်ဖြစ်သည်။သူက ပုဖန်ကို ဆွဲကိုင်၍ အဆက်မပြတ် အကြံပေးစကားပြောဆိုလေသည်။ပုဖန် အနည်းငယ်ပင် စိတ်ရှုပ်လာသလို ခံစားမိလိုက်သောကြောင့် သူ စကားစဖြတ်လိုက်သည်။


"ငါ့ကိုသာ ရွေးချယ်ပွဲကို ခေါ်သွားပေး...ဒါကို မင်းထပ်ပြောနေစရာမလိုတော့ဘူး..."


ထိုစားဖိုမှူးက အရမ်းအံ့သြသွားပြီး မျက်ခုံးပင့်လိုက်မိ၏။


"အာ...မင်းတကယ်ပဲ ပါဝင်ချင်တာလား..."