အပိုင်း ၆၆၈
Viewers 53k

အခန်း ၆၆၈

ငါအလျင်လိုနေတယ်...


"မင်းတကယ် ဝင်ပြိုင်ချင်တာလား..."


ထိုစားဖိုမှူး အရမ်းအံ့သြသင့်သွားသည်။သူရှေ့မှ စားဖိုမှူးလေးက ပြိုင်ပွဲဝင်ချင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူက အစားကြူးနတ်ဘုရားစားသောက်ပွဲမှ ပြိုင်ပွဲက မည်မျှ ကြောက်စရာကောင်းသည်ကို မသိဘူးလား...


ပုဖန် သူ့ကိုသံသယဖြစ်နေသော စားဖိုမှူးကိုကြည့်၍ နှုတ်ခမ်းတွန့်လိုက်မိသည်။


"မင်း အံအားသင့် နေစရာမလိုပါဘူး ငါ့ကို လမ်းပြပါ ငါအလျင်လိုနေလို့ ...


"အာ...."


ပုဖန် စကားကြောင့် စားဖိုမှူး စွံ့အသွား၏ ထို့နောက် သူရှေ့မှသူသည် အနည်းငယ် စိတ်လွတ်နေသည်ဟု သတိပြုမိလိုက်သည်။


"မင်းက အလျင်လိုနေတယ် မင်းက လွယ်လွယ်လေး ကျော်ဖြတ်နိုင်တယ်လို့ ထင်နေတာလား..."


ထ်ိုစားဖိုမှူးက ဘာမှထပ်မပြောတော့ပဲ ပုဖန်ကို အဓိပ္ပါယ်အပြည့်အဝပါဝင်သော အပြုံးဖြင့် ကြည့်လိုက်သည်။ထို့နောက် သူ လှည့်ထွက်သွားလိုက်ပြီး အရှေ့မှ ဦးဆောင်လိုက်သည်။


ပုဖန် ထ်ိုစားဖိုမှူးနောက်မှတစ်လှမ်းချင်းလိုက်လာခဲ့ပြီး အစားကြူးနတ်ဘုရားအဆောက်အဦးထဲသို့ ဝင်ရောက်လာခဲ့လေသည်။


အစားကြူးနတ်ဘုရား အဆောက်အဦးသည် တကယ်ကို ကြီးမားလှပြီး ဆယ်လွှာရှိလေသည်။တစ်လွှာချင်းစီမှာလည်း အစားကြူးတောင်ကြားထဲတွင် နေထိုင်သူများနှင့် ပြည့်နှက်နေသည်။အဆောက်အဦး၏ နံရံကို အမည်မသိရသော သလင်းကျောက်အမျိုးအစားတစ်ခုဖြင့် တည်ဆောက်ထားသည်။


ထိုနေထိုင်သူများ၏ မျက်နာပေါ်မှ စိတ်လှုပ်ရှားနေကြသော အမူအရာများကြောင့် အံ့အားသင့်သွားသည်။


"မင်းတွေ့လား မင်းပြိူင်ပွဲထဲမှာ မင်းပြိုင်ပွဲဝင်ပြီး မင်းရဲ့ အရည်အချင်းတွေကို ပြချင်တယ်ဆိုရင်အဲ့ဒီလိုမျိုး အရူးအမူးဖြစ်နေတဲ့ အားပေးသူတွေနဲ့ မျက်နာချင်းဆိုင်ရမှာ... ကြောက်သွားပြီလား..."


သူရှေ့မှ စားဖိုမှူးက ပုဖန်၏ အကြည့်များကို သတ်ိထားလိုက်မိပြီးနောက် အပြုံးဖြင့် ပြောလာလေသည်။


"ကြောက်ရမယ် ..."


ပုဖန် အံ့အားသင့်သွားသည်။သူ့၏ အဘိဓာန်ထဲတွင် ကြောက်သည်ဆိုသည့် စကားလုံးမရှ်ိပေ။


"စကားမများနဲ့ မြန်မြန်လေးသွား ငါအလျင်လိုနေတယ် ..

"


စားဖိုမှူး၏ မျက်နာက နီရဲသွားလေသည်။


ဒီလူကတော့ တကယ်ကို သဘောထားကျဉ်းမြောင်းတဲ့လူပဲ ငါတို့ နည်းနည်းလေးတောင်စကားပြောလို့မရဘူးလား...


"ကောင်းပြီ ကောင်းပြီ ကောင်းပြီ မင်းမှာအချိန်မရှိဘူး ဟုတ်တယ်မဟုတ်လား..."


စားဖိုမှူးက ဒေါသတကြီးဖြင့် အရှေ့မှ ရှူးရှူးရှားရှား ထွက်သွားလေသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူ အရူးအမူးဖြစ်နေကြသော အားပေးသူများကို ဖြတ်ကျော်၍ ကြည့်လိုက်ရာ ထိပ်တန်းပြိုင်ပွဲဝင်ဟုခေါ်သော စားဖိုမှူးတစ်ရာကို တွေ့လိုက်သည်။ပုဖန် သူရင်းနီးနေသော ပုံရ်ိပ်ကို တွေ့လိုက်ရသည်ထင်သည်။


"အဲ့ဒါက ကျိုးထုံ မဟုတ်ဘူးလား...သူကလည်း ဒီထဲမှာ ပါတာလား..."

နုဖန် တီးတိုးရေရွတ်လိုက်၏။


အရှေ့မှ စားဖိုမှူး၏ နားရွက်လေးများ လှုပ်ခါသွားပြီး ပုဖန်ကို အံ့အားတသင့်ဖြင့် လှည့်ကြည့်လာလေသည်။


"မင်းက စားဖိုမှူး ကျိုးထုံကို သိတယ်လား... သူ့ရဲ့ နောက်ခံကလေ လုံးဝ သာမန်မဟုတ်ဘူး...သူက အစားကြူးတောင်ကြားက မဟာအကြီးအကဲရဲ့ အနှစ်သက်ဆုံး တပည့်ပဲ... သူ့ရဲ့ ပါရမီအရည်အချင်းကလည်းနော် အရမ်းကို အံ့သြဖို့ကောင်းတယ် သူက တံခါးပိတ်ကျင့်ကြံနေရာကနေ ပြန်လာတာ ရက်နည်းနည်းပဲ ကြာသေးတယ် သူထွက်လာတာနဲ့နော် ပထမတန်းစားအဆင့်ကို တန်းရောက်သွားတာပဲ ...သူက နဂိုတည်းက သာမန်မဟုတ်ဘူး အခုဆိုရင် ပိုပြီးတော့တောင်မှ တမူထူးခြားသွားသေးတယ်..."


ထိုစားဖိုမှူးက အဆက်မပြတ် ချီးကျူးပြောဆိုလေသည်။


"မင်းစကားများများမပြောသင့်ဘူး အရှေ့ကနေ လမ်းသာပြပါ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး..."


ပုဖန် ထပ်ပြောလိုက်သည်။


ဖူး...


စားဖိုမှူးခမျာ သူ့၏ ရင်ဘတ်တည့်တည့်ကို မြှားဝင်စိုက်သလို ခံစားလိုက်ရသည်။သူ ဒေါသထွက်လွန်းသောကြောင့် ငိုပင်ငိုချင်လာမိ၏။သူစကားထပ်မပြောတော့ပဲ ပုဖန်ကို စူးခနဲ ကြည့်၍ အရှေ့သို့ ပြန်လှည့်ကာ ဆက်လျှောက်သွားလိုက်သည်။


ခဏမျှကြာပြီးနောက် ရှေးဟောင်းပုံစံ သစ်သားတံခါးတစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ထိုသစ်သားက အလွန်ပင် အိုဟောင်းနေပြီဖြစ်ပြီး တံခါးရွက်ပေါ်၌လည်း ပုံစံ တစ်ချို့ ရေးထွင်းထားလေသည်။


၎င်းက တမူထူးခြားဆန်းကြယ်နေပြီးလူတိုင်း၏ စိတ်ကို ဆွဲယူနေလေသည်။


"အာ...အဲ့ဒီမှာ ထွင်းထားတာတွေက အခြေခံ ပုံစံတစ်ချို့လား..."


"မင်းရဲ့ မျက်လုံးတွေက စူးရှလိုက်တာ အဲ့ဒီ လိုင်းတွေကို ငါတို့ အစားကြူးတောင်ကြားထဲက ပန်းပဲဆရာတွေ ထွင်းထား တကယ်တော့ သူတို့က မီးဖ်ိုချောင်သုံးဓားတွေပေါ်မှာ ထွင်းချင်ပေမယ့် မဟာသခင်က အကြံရပြီးတော့ တံခါးပေါ်မှာ ထွင်းထားလိုက်တာ ..."


စကားများလှသော စားဖ်ိုမှူးက အကြားအာရုံကောင်းလှ၏။သူက ပုဖန်ဘက်သို့ လှည့်၍ အဖြေပေးလိုက်သည် ။


"တံခါးပေါ်မှာ ထွင်းထားပြီးတော့ သူတို့ ဘာလုပ်နိုင်လို့လဲ..."


စားဖိုမှူး ပြောစရာစကားမဲ့သွားသည်။


"သူတို့ ဘာလုပ်နိုင်တယ်ဆိုတာတော့ ဘုရားပဲ သိလိမ့်မယ်..."


"ကောင်းပြီ ကောင်းပြီ မင်းစကားမပြောနဲ့တော့ လမ်းသာပြ..."


 ပုဖန် ထပ်ပြောလိုက်၏။စကားများသော စားဖိုမှူး အော်ငိုချင်သွားပေသည်။


"ငါတို့ ရောက်နေပြီ ကောင်လေး..."


ပုဖန် အသာချောင်းဟန့်လိုက်ပြီး တံခါးကို တွန်း၍ ဝင်လိုက်သည်။


"ဟေ့...ကောင်လေး မင်းအခန်းထဲကို အဲ့ဒီလိုမျိုး ဝင်သွားလို့မရဘူးလေ..."


သူကြောင်အထိတ်လန့်သွားသည်။သူ့၏ မျက်နာက ဖြူဖျော့သွားပြီးနောက် ပုဖန်ကို တားဆီးရန် ကြိုးစားလိုက်၏။သို့သော်လည်း သူနောက်ကျသွားလေပြီ။ပုဖန်က တံခါးဖွင့်၍ အခန်းထဲသို့ ဝင်ရောက်သွားပေပြီ။


"ဒီကောင်လေးက တကယ့်ကို မြန်တာပဲ..."


ပုဖန် အခန်းထဲသို့ ခြေချလိုက်သည်နှင့် မွှေးရနံ့ဖျော့ဖျော့က သူ့၏ နှာခေါင်းဝကို ကျီစယ်လာသောကြောင့် မျက်ခုံးပင့်လိုက်မိသည်။ခဏကြာပြီးနောက် သူ့၏ မြင်ကွင်းများ ကြည်လင်လာပြီး မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


သူရှေ့မှ အရာအားလုံးက ကြည်လင်နေပြီးသူအရာများစွာကို မြင်နေရလေသည်။မျက်လုံးပေါင်းများစွာက သူ့ကို ကြည့်နေကြသည်။ပုံစံအမျိုးမျိုးနှင့် လူများစွာရှိနေလေ၏။


လူတစ်ယောက်က မီးဖ်ိုချောင်သုံးဓားမကြီးနှစ်ခုကို ဆွဲကိုင်ထား၏ နောက်ထပ်လူတစ်ယောက်က စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ မျက်လုံးကို ကိုင်ထား၏။


ထို့ပြင် ထူးဆန်းလှသောလူတစ်ယောက်က သူ့၏ ခေါင်းပေါ်တွင် ဒယ်အိုးနက်တစ်လုံးကို တင်ထားပြီး ဟန်ချက်ညီအောင် ကြိုးစားနေသည်။ပုဖန်အခန်းထဲသို့ ဝင်လိုက်သည်နှင့် တခြားသူများကလည်း အံ့အားသင့်သွားကြပြီး သူ့ဆီသို့ လှည်ကြည့်လာကြသည်။


"ကျွန်တော်ရဲ့ စီနီယာအကိုတို့ ကျွန်တော်တို့ကို ခွင့်ပြုပေးပါ...ကျွန်တော်တို့က ပြိုင်ပွဲထဲမှာ ဝင်ပါချင်လို့ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီကြပါဦး..."


စကားများသော စားဖိုမှူးက အချိန်ကိုက် အခန်းထဲသို့ဝင်ရောက်လာပြီး တခြားစားဖိုမှူးများအားလုံးကို ဦးညွှတ်၍ တောင်းပန်လိုက်သည်။သူ့၏ မျက်နာကလည်း တွန့်လိမ်ရှုံ့မဲ့နေလေ၏။


"မင်းက တတ်ိယတန်းစားစားဖိုမှူးလေးလေ မင်းက ဒီပြိုင်ပွဲကို ဝင်ပြိုင်ရဲတယ်ပေါ့ မင်းကိုဘယ်သူကများ သတ္တိတွေ ပေးသနားလိုက်တာတုန်း..."


မျက်နာပေါ်၌ ကန့်လန့်ဖြတ် အမာရွတ်ရှိနေသော လူက အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။


"ကျွန်တော်ကို ကျွင်းချင်ရှောင်းလို့ခေါ်တယ် ကျေးဇူးပြုပြီးတော့ သင်ကြားပြသပေးပါဦး..."


ပုဖန်ကို ခေါ်ဆောင်လာသော စားဖိုမှူး ကျွင်းချောင်ရှင်းရဲ့ မျက်နာက နီရဲနေလေသည်။သူစိတ်ကျဉ်းကျပ်စွာဖြင့် ခေါင်းညွှတ်၍ စကားပြောနေသည်။


"ငါကတော့ ရယ်စရာကောင်းတယ်လို့ထင်တယ်..."


ကြွက်သားအပြည့်ဖြင့် သန်မာလှသော လူတစ်ယောက်က ဖြေးညှင်းစွာ မတ်တပ်ထရပ်လာသည်။သူ့၏ လက်များက အေးစက်လှသော လေငွေ့ကို ထုတ်လွင့်နေသော မြွေနှင့်တူသည့် စိတ်ဝိညာဉ်သားရဲခေါင်းကို ပွတ်သပ်ပေးနေသည်။ထိုမြွေ၏ ခေါင်းက တောက်ပလှပြီး ရောင်ပြန်ဟပ်နေလေသည်။


"တတိယတန်းအဆင့် စားဖိုမှူးနဲ့ တတိယအဆင့် စားဖိုမှူးတောင် မဖြစ်သေးတဲ့လူတစ်ယောက်...မင်းတို့နှစ်ယောက် ငါတို့ကို လာနောက်ပြောင်နေတာလား...ပြိုင်ပွဲက ပျော်ပွဲရွှင်ပွဲအတွက် လုပ်ပေးတာလို့ ထင်လို့လား...ပညာမစုံသေးတဲ့ စားဖိုမှူးငယ်လေးတွေ... ငါထင်တာတော့ တကယ့်စားဖိုမှူးတွေနဲ့ ယှဉ်ပြိူင်ဖို့က မလွယ်ကူဘူးဆိုတာကို ပြဖို့ ငါ သူတို့ကို ရိုက်ပေးရမယ်ထင်တယ်..."


ထိုထွားကြိုင်းလှသော သူ ပြောပြီးသည်နှင့် အခန်းတစ်ခုလုံး ရယ်သံများပွက်လောရိုက်သွားသည်။တစ်စုံတစ်ယောက်က ရယ်ရလွန်းသောကြောင့် မျက်ရည်များပင် ထွက်လာလေသည်။


အလှောင်ပြောင် ရယ်မောခံနေရသောကြောင့် ကျွင်းချင်ရှောင်း ရှက်ရွံ့မှုနှင့် ဒေါသဖြစ်မှူကို ခံစားလိုက်ရသည်။


"ငါလုပ်နိုင်မယ်လို့ ယုံကြည်တယ်...ငါ့ဆရာက ငါလုပ်နိူင်မယ်လို့ပြောတယ်..."


ကျွင်းချင်ရှောင်း လက်သီးတင်းတင်းဆုပ်၍ သူ့ကိုယ်သူ အားပေးနေလိုက်သည်။ပုဖန် ထိုသူကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းများတွန့်လိုက်မိသည်။ထို့နောက် သူ့ပတ်ဝန်းကျင်တွင်ရှိနေသော ပုံစံအမ်ျိုးမျိုးနဲ့ လူများကို အကဲခတ်ကြည့်လိုက်၏။သူကျိုးချင်ရှောင်း၏ ပခုံးကို တစ်ချက်ပုတ်လိုက်ပြီး အရှေ့သို့ တက်လိုက်သည်။


"ပြိုင်ပွဲ မစသေးဘူးလား ငါအလျင်လိုနေတယ်..."


ပုဖန်ဆီမှ အားပေးမှုကို ခံလိုက်ရသည်ဟု ထင်မိသည့်ခဏမှာပင် သူ့စကားက်ိုကြားလိုက်ရသောကြောင့် ကျွင်းချင်ရှောင်း သွေးအန်လုပင်ဖြစ်သွားသည်။


ညီအကိုရေ မင်းက တကယ်ကြီး...

မင်းဖင်ကြီးကိုပဲ အလျင်လိုပာလား...


ပုဖန်၏ စကားက အခန်းထဲမှ ရယ်မောမှုများကို ရပ်တန့်သွားစေသည်။အားလုံးက သူ့ကို ကြည့်လာကြ၏ တစ်ချို့က နှာခေါင်းရှုံ့ကျသည်။တစ်ချို့က အေးစက်စွာဖြင့် စူးစိုက်ကြည့်ကြသလို တစ်ချို့က အထင်အမြင်သေးစွာဖြင့် ကြည့်ကြလေသည်။


"စားဖိုမှူးပေါက်စလေး ဒါက မင်းရဲ့ မီးဖိုချောင်လို့များထင်နေတာလား...အလျင်လိုနေတယ် ဟုတ်လား...မြန်မြန်လေး မင်းအိမ်ပြန်ပြီးပဲ နို့သွားသောက်နေလိုက်..."


မြွေခေါင်းကို ပွတ်သပ်နေသော သူက အေးစက်စွာပြောလာလေသည်။ပတ်ဝန်းကျင်ရှ်ိ လူများကလည်း ကဲ့ရဲ့ ရှုံ့ချကြ၏။ပုဖန်၏ ခံစားချက်မဲ့လှသောမျက်နာသေက မာနကြီးသည်ဟု ထင်မှတ်စေသည်။ထို့ကြောင့် သူတို့ ပို၍ ဒေါသထွက်သွားကြသည်။


"မင်းက ဘာလဲ...မင်းက ဒီနေရာမှာ မောက်မာနိုင်တယ်လို့ ထင်နေတာလား...မောက်မာနေရအောင် မင်းက အစားကြူးဘုတ်ပြားပေါ်က စားဖိုမှူးမလို့လား..."


ကျွင်းချင်ရှောင်း၏ မျက်နာကလည်း မဲမှောင်သွားသည်။သူ ပုဖန်၏ အင်္ကျီလက်စကို ဆွဲ၍ နောက်ဆုတ်ရန် အချက်ပြလိုက်သည်။


သို့သော်လည်း ပုဖန်က ဘာမှ မခံစားရသကဲ့သို့ ပြုမူနေလေသည်။


ကျွီ...


အခန်းထဲရှိ လေထုက ပို၍ တင်းမာလာစဉ်မှာပင် တံခါးဖွင့်သံနှင့်အတူ ပုံရ်ပ်သုံးရ်ိပ် ဝင်လာလေသည်။နှုတ်ခမ်းမွှေးကော့ကော့နှင့် အဖိုးကြီးက အရှေ့မှ လျှောက်လာခဲ့သည်။သူက ပျင်းရိလေးကန်သော မျက်ဝန်းများဖြင့် မီးဖ်ိုခန်းထဲမှ လူများကို အကဲခတ်နေသည်။


သူနောက်မှ အမျိုးသားတစ်ယောက်နှင့် အမျိူးသမီး တစ်ယောက်လိုက်ပါလာလေသည်။သူတို့၏ အမူအရာများက တည်ကြည်နေသည်မှာ တောင့်တင်းနေသော အလောင်းကောင်များနှင့်ပင်တူလှသည်။အမျိုးသမီးက နတ်ဆိုးဆန်စွာလှပသည်။သူမ၏ မျက်ဝန်းများနှင့် နီရဲသော နှုတ်ခမ်းပါးများက ဆွဲဆောင်မှုရှိလှ၏။


သူမ၏ စားဖိုမှူးဝတ်စုံကလည်း သူမ၏ ရင်သားကြီးကြီးများကို ပင့်တင်ထားသလို ဖြစ်နေသည်။သူတို့သုံးယောက် ဝင်လာသည်နှင့် အခန်းထဲမှ လေထုက ပြောင်းလဲသွားသည်။


"ပြိူင်ပွဲဝင်တွေအားလုံး ဒီနေရာမှာ ရောက်နေကြပြီ ဟုတ်တယ်မဟုတ်လား...နောက်ကျတဲ့ ဘယ်သူမဆို ပြိုင်ပွဲဝင်ဖို့ အဆင့်မမီတော့ဘူး...မင်း နည်းနည်းဆိုးသွမ်းပုံရတဲ့ ကောင်လေး ငါနောက်လိုက်ခဲ့..."


ထိုနှုတ်ခမ်းမွှေးနဲ့ အဘိုးအို စကားပြောသည့အချိန်၌ သူ့၏ မေးက တုန်ခါနေလေသည်။အခန်းထဲရှိ စားဖိုမှူးများက တည့်တည့်မတ်မတ်ရပ်၍ အဘိုးအိုကို လေးလေးစားစားဖြင့် ခေါင်းညိတ်ပြကြသည်။ထိုအဘိုးအိုက အစားကြူးတောင်ကြား၏ ၆ယောက်မြောက်အကြီးအကဲ ထွမ်ဖြစ်သည်။


"ဒီပြိုင်ပွဲမှာပါဝင်တဲ့သူတွေရဲ့ ကျွမ်းကျင်မှု အရည်အချင်းကို မသတ်မှတ်ထားဘူး ဒါပေမယ့်လည်း မင်းရဲ အချက်အပြုတ်ကျွမ်းကျင်မှူက အရမ်းပဲ နိမ့်ကျနေမယ်ဆိုရင်တော့ မင်းပဲ ဒုက္ခရောက်လိမ့်မယ်...ဂုဏ်သရေရှိ လူကြီးမင်းတို့ ကိုယ့်ကိုကိုယ် ပြန်ပြီးတော့ သုံးသပ်ကြပါ...ပြိုင်ပွဲအတွင်းမှာ လူရယ်စရာဖြစ်ပြီး ထုတ်ပယ်ခံရတော့မှ ငါတို့ အစောပိုင်းက သတိမပေးခဲ့ဘူးလို့ အပြစ်မတင်ပါနဲ့ ..."


လူသေမျက်နာနင့် အမျိုးသားက ပြောလိုက်သည်။သူ့စကားကြောင့် အားလုံးတုန်ယင်သွားကြသည်။ထို့နောက် သူတို့အားလုံး၏ မျက်လုံးများက အပေါက်ဝနားတွင်ရပ်နေသောပုဖန်နှင့် ကျွင်းချင်ရှောင်းဆီသို့ ရောက်ရှိလာလေသည်။


ကျွင်းချင်ရှောင်းတတိယအဆင့် စားဖ်ိုမှူး ပုဖန် တတိယအဆင့်တောင် မဟုတ်သေးတဲ့ စားဖိုမှူး...ထိုနှစ်ယောက်က အစားကြူးနတ်ဘုရားအဆောက်အဦးထဲမှ ကန်ထုတ်ခံရဖို့ ဖြစ်နိုင်ချေအများဆုံးပင်။


ဒီလိုအရည်အချင်းမျိုးနဲ့ သူတို့က ပြိုင်ပွဲတွင် နောက်ဆုံးရလဒ်သာရပေလိမ့်မည်။


အထူးသဖြင့် အလျင်လိုနေတယ်လို့ ပြောတဲ့သူ ...


"ကောင်းပြီ ရှင်တို့အားလုံး ကျွန်မနောက် လိုက်ခဲ့ကြ ပြိုင်ပွဲက ရိုးရှင်းပါတယ် ဘာမှမရှုပ်ထွေးဘူး...


ဆွဲဆောင်မှုရှိလှသော အမျိုးသမီး၏ နူးညံ့ ချစ်စရာကောင်းလှသော အသံလေးက အားလုံး၏ နှလုံးသားက်ို ပျော့ပျောင်းသွားစေသည်။


ဂလု...


ထ်ိုအမျိုးသမီး၏ အသွင်အပြင်ကြောင့် လူများစွာ၏ မျက်ဝန်းထဲတွင် တပ်မက်မှုများရှိနေသည်။ထိုအမျိုးသမီး၏ ခန္ဓာကိုယ်လှုပ်ရမ်းသွားသည်ကို မြင်လိုက်သည်နှင့် သူတို့၏ လည်စေ့များက လှုပ်ရှားသွားကြသည်။


နှုတ်ခမ်းမွှေးအဖိုးအိုနှင့် မျက်နာသေလူငယ်တို့က နေရာမှ မရွေ့ကြပေ။အခန်းထဲ၌ ရှိနေကြသောလူများက သူတို့နှစ်ယောက်ကို ဖြတ်ကျော်၍ အမျိုးသမီးနောက် လိုက်သွားကြသည်။


ပုဖန်နှင့် ကျွင်းချင်ရှောင်းလည်း အနောက်မှ လိုက်ပါသွား၏။


ပုဖန် နှုတ်ခမ်းမွှေး အဖိုးအိုကို ဖြတ်လျှောက်လိုက်သည့်အခ်ျိန်၌ အဖိုးအို၏ အလွန်ပျင်းရိနေသော မျက်ဝန်းများက မှုန်ကုတ်ကုတ်ဖြစ်သွားသည်။


ပုဖန်ကလည်း သူ့ကို ကြည့်လိုက်၏။ပုဖန်၏ တည်ငြိမ်လှသော မျက်ဝန်းများက အဖိုးအိုကို အံ့အားသင့်သွားစေသည်။


အဖိုးအိုက ပုဖန်တို့နှစ်ယောက် ပျောက်ကွယ်သွသည်ထိ ကြည့်နေပြီးနောက် သူ့၏ မျက်ဝန်းများက နက်ရှ်ိုင်းသွားသည်။


"ဘာ ဘာဖြစ်လို့လဲဆရာ ..."


အကြောသေနေသော မျက်နာနှင့်လူက အဖိုးအို၏ ထူးဆန်းသော လှုပ်ရှားမှုကို သတ်ိပြုမိလိုက်ပြီး မေးလိုက်မိသည်။


"အဲ့ဒီစားဖိုမှူးလေး... ရဲရင့်တဲ့ အငွေ့အသက်ရှိတယ် စိတ်ဝင်စားစရာပဲ...သူဘယ်သူလဲ ဆိုတာ စုံစမ်းလိုက်..."


မျက်နာ အကြောသေနေသော လူက ခဏမျှ ရှုပ်ထွေးသွားပြီးနောက် အဖြူရောင်အဆောင်ပြားတစ်ခုကိုထုတ်ယူကာ သူ့၏ စွမ်းအင်များဖြည့်တင်းလိုက်သည်။ကျောက်စိမ်းအဆောင်ပြားအတွင်း၌ အကြောင်းအရာများစွာ ပေါ်လာသည်။သူ စာရွက်အများအပြား ရှာဖွေလိုက်ပြီးနောက် သူ့၏ အမူအရာက အလေးအနက်ဖြစ်သွားသည်။


"ကျွန်တော်တို့ရဲ့ အချက်အလက်ထဲမှာအဲ့ဒီလူငယ်ရဲ့ အကြောင်းမရှိဘူး ကြည့်ရတာ သူက အစားကြူးတောင်ကြားက မဟုတ်ဘူးထင်တယ်...တခြားတစ်ယောက်ကိုတော့ ကျွင်းချင်ရှောင်းလို့ ခေါ်တယ်...သူက အဖိုးကြီးချိုက်ရဲ့ တပည့်အသစ်ပါ..."


ထိုအမျိုးသားက ပြောလိုက်သည်။


"အဖိုးကြီးချိုက်ရဲ့ တပည့်....စိတ်ဝင်စားစရာပဲ... ရဲရင်တဲ့ လူငယ်က ငါတို့ အစားကြူးတောင်ကြားထဲက မဟုတ်ဘူး... ဟားဟား ပိုပြီးတော့တောင် စိတ်ဝင်စားစရာကောင်းသေးတယ်... အဲ့ဒီစားဖိုမှုးလေးကို ဂရုစိုက်ဖို့ လင်းနကိုပြောလိုက်...ငါတို့ အစားကြူးတောင်ကြားက ဧည့်ဝတ်မကျေပွန်လို့ ဘယ်ရမလဲ..."