အပိုင်း ၆၆၉
Viewers 53k

အခန်း ၆၆၉

တမင် ခက်ခဲအောင် လုပ်တာလား...


ရှေ့မှ ဦးဆောင်လျှောက်နေသော အမျိုးသမီး၏ ခန္ဓာကိုယ်က အချိုးကျနစွာ ယိမ်းနွဲ့နေလေသည်။ထိုကောက်ကြောင်းကိုကြည့်၍ အနောက်မှ လိုက်ပါလာသောသူများက တံတွေးအနိုင်နိုင်မျိုချနေရသည်။


မှန်ပေသည်။ထိုအမျိုးသမီးကို စိတ်မဝင်စားသကဲ့သို့ ပုံမှန်တိုင်း ပြုမူနေကြသူများလည်းရှိသည်။


သူတို့ တံခါးမှ ဖြတ်လျှောက်လာလိုက်သည်နှင့် စားစရာမျိုးစုံ၏ သင်းပျံ့သောရနံ့များရောက်လာလေသည်။


သူတို့ရှေ့မှ မြင်ကွင်းက ချက်ချင်းပင် ပြောင်းလဲသွား၏ အလွန်ပင် ကြီးမားလှသောအခန်းကြီးတစ်ခုအဖြစ်မှ မီးဖိုခုံများစွာကို စီတန်းချထားသော ဧရာမမီးဖိုချောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။


မီးဖိုခုံတစ်ခုစီတွင်လည်းစားဖ်ိုမှူးများက ချက်ပြုတ်ရင်း အလုပ်များနေကြ၏။ဟင်းပွဲတစ်ပွဲပြီးသည်နှင့် အဝေးသို့ ချက်ချင်းယူဆောင်သွားခြင်းခံရသည် ။စားဖိုမှူးတစ်ယောက်၏ နဖူးတွင်လည်း ချွေးများ သီးနေပြီး ပင်ပန်းနွမ်းနယ်နေပုံကို မြင်နေရသည်။လူများစွာက သံသယမကင်းဖြစ်သွားပြီး အမျိုးသမီးကို မေးလိုက်ကြသည်။


"ဘာကြောင့် သူက ချက်နေသေးတာလဲ စားသောက်ပွဲက အခုချိန်ဆိုရင် ပြီးဆုံးသွားသင့်ပြီလေ ဟုတ်တယ်မဟုတ်လား ဒါမှမဟုတ် သူတို့က စားသောက်နေသေးလို့လား...လူဘယ်လောက်များများ များ စားသောက်နေသေးတာလဲ..."


ထိုအမျိုးသမီးက ချွေးပြန်နေသော စားဖိုမှူး ဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ ပါးစပ်ကို အုပ်ကာ၍ အသာရယ်မောလိုက်သည်။


"အစားကြူးနတ်ဘုရားပွဲတော်မှာ ခင်းကျင်းထားတာတွေ အများကြီးရှိတယ်လေ အဲ့ဒီစားဖိုမှူးက စားပွဲတစ်ခုကို တာဝန်ယူရလို့ပဲ သူ့အတွက်တော့ တကယ်ကို အစားအသောက်ပွဲတော်ကြီးပဲ ဒါပေါ့ သူဘယ်လိုလုပ် အနားယူနိုင်ဦးမှာလဲ..."


ရှစ်...


အားလုံးလေအေးတစ်ချက်ရှိုက်လိုက်မိကြပြီး ထိုစားဖိုမှူးအတွက် သနားကြင်နာမှုကို ခံစားလိုက်ရသည်။တခြားစားဖိုမှူးများက ဟင်းပွဲတစ်ပွဲပဲ ချက်ရသည် အခ်ျိန်တွင် ထိုစားဖိုမှူးက ဟင်းပွဲမြောက်များစွာကို ချက်ရလေသည်။


တကယ်ကို ကြောက်စရာကောင်းလှ၏။သူထိုမျှ ပင်ပန်းနွမ်းနယ်နေခြင်းမှာ အံ့သြစရာမရှိတော့ပေ။အားလုံး တူညီသည့် အတွေးတစ်ခုကို တွေးမိကြလေသည်။အကယ်၍ သူတို့သာဆိုလျှင် ချက်ချင်းလဲကျသွားပေလိမ့်မည်။


ချက်ပြုတ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားပင်မက စိတ်ပိုင်းဆိုင်ရာစွမ်းအားလည်း များစွာကုန်ခမ်းပေသည်။စားဖိုမှူးတစ်ယောက်၌ လုံလောက်သည့် ခွန်အားမရှိလျှင် တကယ်ကို ပင်ပန်းနွမ်းနယ်သွားပေလိမ့်မည်။ထို့အပြင် ထိုနွမ်းနယ်မှုက ကုစားရန်လည်း ခက်ခဲလှသည်။


၎င်းက သူတို့၏ ပုံမှန်အခြေအနေကို များစွာသက်ရောက်သွားပေလိမ့်မည်။ပုဖန် ထ်ိုလူများအနောက်မှ လက်နှစ်ဖက်ကို နောက်ပစ်၍ လိုက်လာခဲ့သည်။သူစီတန်းနေသော စားဖိုမှူးများအားလုံးကို ကြည့်လိုက်သည်။


ပထမဦးဆုံးအကြိမ်ဖြင့် ထ်ိုမျှကြီးမားသည့် မီးဖိုခန်းကို မြင်ဖူးခြင်းဖြစ်သည်။ထိုကဲ့သို့သောတောက်ပစည်းကားမှုက လူအများအား အစားကြူးတောင်ကြားကို လေးစားမိလာအောင် လုပ်ဆောင်နေပေသည်။


ထိုသို့မဟုတ်လျှင်လည်း စားဖ်ိုမှူးများအတွက် သန့်စင်နယ်မြေတစ်ခု ရှိလာလိမ့်မည်မဟုတ်ပေ။မီးဖ်ိုခန်းထဲတွင်လည်း ခေါက်တုံ့ခေါက်ပြန်သွားလာနေကြသူများစွာ ရှိလေသည်။နောက်ဆုံးမှလိုက်လာသော ပုဖန်ကလည်း အမျိုးသမီး၏ စကားကိုလည်း ကြားလိုက်ပေသည်။


"အစားအသောက်ပွဲတော်တဲ့လား..."


 သူနှုတ်ခမ်းတစ်ချက်တွန့်လိုက်မိသည်။သူက လောဘကြီးသည့် အကျင့်ရှိသည့်သူများကို မလိုက်လျောတတ်ပေ။ခွေးဘုရင်နှင့် နယ်သာရီတို့ကလည်း တကယ်ကို အစားသရဲများဖြစ်ကြသည်။သူတို့က အကြိမ်တိုင်း ပုဖန်ကို ပိုချက်ရန် လောဘတကြီးတောင်းဆိုလေ့ရှ်ိသည်။သို့သော်လည်း ပုဖန်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်လေ၏။ထို့ကြောင့် ဤစားဖိုမှူးသည် အနည်းငယ် မိုက်မဲသည်ဟု သူခံစားမိသည်။


သူတို့တောက်ပစည်းကားနေသော နေရာကို ဖြတ်ကျော်လာပြီးနောက် အနည်းငယ်တိတ်ဆိတ်ပြီး ဗလာဖြစ်နေသော နေရာသို့ ရောက်ရှိလာကြသည်။အမျိုးသမီးက ရပ်တန့်လိုက်ပြီးနောက် လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။"


"ဒီနေရာက ယှဉ်ပြိုင်ဖို့အတွက် ပထမဆုံးစစ်ဆေးမယ့်နေရာပဲ ဒါက ဓားစွမ်းရည်ကျွမ်းကျင်မှု စိန်ခေါ်မှုပဲ..."


အမျိုးသမီးက တောက်ပလင်းလက်လှသော အပြုံးလေးဖြင့် ပြောလိုက်သည်။သူမ၏ မျက်နာလေးက ပို၍ပင် အလှသွေးကြွယ်သွားလေ၏။စားဖိုမှူးအားလုံးနီးပါး ငေးမောနေကြလေသည်။


"ဓားကျွမ်းကျင်မှု ပြိုင်ပွဲပြီးတာနဲ့ လူ ၃၀ ပဲ ရွေးချယ်မှာ ရှင်တို့အားလုံး အကောင်းဆုံးအရည်အချင်းကိုရလိမ့်မယ်လို့ ကျွန်မမျှော်လင့်မိပါတယ်..."


အမျိုးသမီးက ပြောပြီးသည်နှင့် ခြေလှမ်းဆုတ်၍ ရပ်လိုက်သည်။သူတို့ နှင့် အလှမ်းကွာဝေးလှသော နေရာတွင် နှုတ်ခမ်းမွှေးကော့ကော့နှင့် အဖိုးအို ရောက်ရှိလာပြီး လက်နှစ်ဖက်နောက်ပစ်၍ ရပ်တန့်ကြည့်နေလေသည်။


အဖိုးအို၏ နောက်တွင် မျက်နာသေဖြင့် အမျိုးသားက ခံစားချက်မဲ့လှစွာဖြင့် တိတ်တဆိတ်ရပ်ကြည့်နေ၏။


"ရှင်တို့ နေရာယူကြပါ ...ကျွန်မတို့က မီးဖိုချောင်သုံးဓားနဲ့ ပါဝင်ပစ္စည်းတွေကို ထောက်ပံ့ပေးမယ် ..."


အမျိုးသမီးက ကြေငြာလိုက်သည်။သူမ၏ စကားကို ကြားပြီးသည်နှင့် စားဖိုမှူးများအားလုံးက မီးဖိုခုံများဆီသို့ အလျင်အမြန် သွားလိုက်ကြသည်။


ထိုအချိန်တွင် မျက်နာသေဖြင့် အမျိုးသားက လှပသော အမျိုးသမီးကြားရန် ရည်ရွယ်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။တိုးညှင်းသော အသံဖျော့ဖျော့တစ်ချက် သူမ၏ နားထဲ ဝင်ရောက်လာသောကြောင့် သူမ အနည်းငယ်အံ့အားသင့်သွားသည်။ထို့နောက် နှုတ်ခမ်းမွှေးနှင့် အဖိုးအိုရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။


ခဏအကြာ၌ အမျိုးသမီးက သူမ၏ ခန္ဓာကိုယ်ကို လွှဲယမ်းရင်း မီးဖိုခုံ တစ်ခုံချင်းစီကိုဖြတ်လျှောက်သွားလိုက်သည်။မီးဖိုခုံတစ်ခုရှေ့ရောက်တိုင်း လက်အသာဝှေ့ယမ်းလိုက်သည်နှင့် အလင်းရောင်လေးများ တောက်ပသွားသည်။ထို့နောက် အပြာရောင်မီးဖိုချောင်သုံးဓားနှင့် ပါဝင်ပစ္စည်းများ ပေါ်လာပေလိမ့်မည်။


ဓားကျွမ်းကျင်မှုပြိုင်ပွဲအတွက် အသုံးပြုရမည့်ပစ္စည်းများက မီးဖိုချောင်သုံးဓားနှင့် ကျောက်စိမ်းဖြူ မုန်လာဥများပင်ဖြစ်သည်။


"အားလုံးပဲ မီးဖိုချောင်သုံးဓားတစ်လက်နဲ့ ကျောက်စိမ်းဖြူ မုန်လာဥ သုံးခု ရရှိပါလိမ့်မယ်...အချိန်အတိုအတွင်းမှာပဲ သင်တို့ အကောင်းဆုံးကြိုးစားထွင်းထုရမယ်...ငါတ်ို့က အဆင့်သတ်မှတ်ပြီးတော့ နောက်တစ်ဆင့်တက်လှမ်းနိုင်တဲ့သူကို ဆုံးဖြတ်ပေးမှာ ဖြစ်တယ် ..."


အမျိုးသမီးက အချက်အလက်များကို ပြောရင်းဖြင့် မီးဖိုခုံတိုင်းဆီသို့ မုန်လာဥနှင့် ဓားများပို့ဆောင်ပေးနေသည်။သူမ ပုဖန်၏ ရှေ့သို့ ရောက်သည့်အခါ၌ ပုဖန်၏ တည်ငြိမ်နေသော အမူအရာကိုကြည့်၍ အနည်းငယ်ပြုံးလိုက်မိသည်။


ပုဖန် အမျိုးသမီးကို သံသမကင်းစွာဖြင့် ကြည့်လိုက်သည်။ထိုအခိုက်အတန့်မှာပင် သူမ၏ လက် ဝှေ့ယမ်းသွားပြီး အနက်ရောင်လိုင်းများပါသော အပြာရောင်မီးဖိုချောင်သုံးဓားနှင့်အတူ ပုကွကွ မုန်လာဥသုံးလုံး ပေါ်လာလေသည်။


"ဘာ..."


ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ့၏ အတွေ့အကြုံများအရ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုဓားက ဆိုးရွားလှကြောင်း သ်ိပေသည်။ဓား၌ လိုင်းစင်းများထင်နေရုံသာမက ဓားပြုလုပ်ထားသော သတ္တုကလည်း မကောင်းပေ။


ဒီအမျိုးသမီးက သူ့ကို ပြဿနာရှာချင်နေတာလား...


သူမက ဆိုးရွားလှသော ဓားပေးထားရုံသာမက ဆိုက်မပြည့်မီသော မုန်လာဥများကိုလည်း ပေးထားသေးသည်။သူမုန်လာဥ များက တခြားသူများ၏ ဝဝဖြိုးဖြိုးမုန်လာဥများနှင့် ယှဉ်လ်ိုက်လျှင် အတော်ကြီးကို အခြေအနေဆိုးနေပေသည်။


ပုဖန် ထိုအမျိုးသမီးကို စူးစိုက်ကြည့်လိုက်သည်။အမျိုးသမီးက အပြုံးဖျော့ဖျော့ပြုံးပြလိုက်ပြီးနောက် ခေါင်းတစ်ချက်ညိတ်ပြပြီး လှည့်ထွက်သွားလေသည်။


"အခု သင်တို့ စတင်နိုင်ပြီ သင်တို့အတွက် အမွှေးတိုင် တစ်တိုင်စာ အချိန်ရှိပါမယ် အကောင်းဆုံးအရည်အချင်းကို ပြသကြပါ..."


အမျိုးသမီးက အပြုံးလှလှလေးပြုံး၍ ကြေငြာလိုက်သည်။


တမင်တကာ လုပ်တာလား...


ပုဖန် မျက်မှောင်ကြုတ်လိုက်၏။ထိုအမျိုးသမီး ဘာကြောင့် သူ့ကို ပစ်မှတ်ထားနေသည်ကို သူမသိပေ။မည်သို့ပင်ဆိုစေ သူမ၏ လုပ်ရပ်က ကောင်းပေသည်။၎င်းကို စောစောပြီးသွားခြင်းက ကောင်းလှ၏။သူက အလျင်လိုနေပေသည်။


ထို့ကြောင့် ပုဖန်က ထိုကိစ္စနှင့်ပတ်သတ်၍ စိတ်အနှောက်အယှက်မဖြစ်ပေ။သူက ဓားကို ကြမ်းကြမ်းတမ်းတမ်းကိုင်လိုက်သည်နှင့် ဓားပေါ်မှ အနက်ရောင်အစင်းတစ်ချို့က သူ့လက်ပေါ်သို့ ပြုတ်ကျလာလေသည်။


ဓားက လှုပ်ရှားသွားပြီး ပြိုးပြိုးပျက်ပျက် အပြာရောင်အလင်းတန်းများပေါ်လာသည်။ပုဖန် ဓားကို ခဏမျှ ဝှေ့ယမ်းလိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းများ တွန့်ရှုံ့သွားသည်။ဓားနှင့် မုန်လာဥများက တကယ့်ကို အမှိုက်သရိုက်များပင် ဓားကို ကိုင်လိုက်သည်နှင့် သက်တောင့်သက်သာ ဖြစ်မှူကို မခံစားရပေ။


ကျွင်းချင်ရှောင်းက ပုဖန်ကို တစ်ချိန်လုံးကြည့်နေလေသည် ။စီနီယာ အမျိုးသမီးက ပုဖန်ကို အမှိုက်သရိုက်ပစ္စည်းများပေးလိမ့်မည်ဟု မထင်ထားမိပေ။


"သူမက တမင်တကာခက်ခဲအောင်လုပ်နေတာလား...မင်းငါ့ရဲ့ ကျောက်စိမ်းဖြူမုန်လာဥ တစ်ခုနဲ့ လဲချင်လား...."


ကျွင်းချင်ရှောင်းက ပုဖန်ကို တိုးတိုးတိတ်တိတ်မေးလိုက်သည်။ပုဖန် အံ့အားသင့်သွားသည်။ထို့နောက် သူ့၏ မျက်နာထားက ပို၍ ပျော့ပျောင်းနူးညံ့သွားပြီး ပြောလိုက်သည်။


"မလိုပါဘူး ငါ အလျင်လိုနေတယ်..."


ကျွင်းချင်ရှောင်း ပြောစရာစကားမဲ့သွားလေသည်။


မင်းညီမပဲ အလျင်လိုနေလိုက်...ဒီလိုအသုံးမကျတဲ့ဓားနဲ့ သုံးစားမရတဲ့ မုန်လာဥနဲ့ မင်းဘယ်လိုလုပ် နိုင်တော့မှာလဲ...


သူ့၏။ကောင်းမွန်တဲ့ စိတ်ကူးလေးက နတ်ဆိုးတစ်ကောင်ကြောင့် အက်ျိုးမဲ့ ဖြစ်သွားလေသည်။သူ နှာခေါင်းရှုံ့၍ တစ်ဖက်သို့ လှည့်လိုက်သည်။သူ့၏ ပါဝင်ပစ္စည်းများဆီ၌သာ လုံးဝ အာရုံ နစ်မြှုပ်ထားလိုက်သည်။


ဖောက်...ဖောက်...


ကျောက်စိမ်းဖြူ မုန်လာဥ ဆီမှ နူးညံ့သော အသံတိုးတိုးထွက်နေပြီး မုန်လာဥများ နေရာအနှံ့ လွင့်ပျံနေလေသည်။အခန်းထဲတွင် တခြားမည်သည့်အသံမှ မကြားရပေ။စားဖိုမှူးများအားလုံးက သူတို့၏ မီးဖိုချောင်သုံးဓားကို ကိုင်ဆွဲ၍ မုန်လာဥများကို ကောင်းဆုံးလှီးဖြတ်နိုင်ရန် ကြိုးစားနေကြပေသည်။


အမျိုးသမီးက နှုတ်ခမ်းမွှေးနှင့် အဖိုးအိုရှိရာဆီသို့ လျှောက်သွားလိုက်ပြီးနောက် အရိုအသေပေး၍ ဘေးနား၌ရပ်လိုက်သည်။


"ဆရာ ဘာလို့ ကျွန်မတို့က အဲ့ဒီကောင်လေးကို ခက်ခဲအောင်လုပ်တာလဲ..."


အမျိုးသမီးက နားမလည်သောကြောင့် သံသယမကင်းစွာ မေးလိုက်သည် ။မျက်နာသေဖြင့် အမျိုးသားက သူမကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မပါစွာဖြင့် ပြောလိုက်၏။


"အဲ့ဒီကောင်လေးက ငါတို့ အစားကြူးတောင်ကြားက စားဖိုမှူး မဟုတ်ဘူး...သူ့ရဲ့ အကြောင်းကို ငါတို့ သတင်းအချက်အလက်ထဲမှာ ရှာမတွေ့ဘူး...ဖြစ်နိုင်တာက သူက အပြင်ကမ္ဘာက ဖြစ်လိမ့်မယ်..."


"အပြင်ဘက်က စားဖိုမှူး... ပြီးတော့သူက ထိပ်သီး၁၀၀ ပြိုင်ပွဲကို ဝင်ရောက်ရဲတယ်လား..."


"အပြင်ဘက်က စားဖိုမှူးတစ်ယောက်က ဒီကို လာရဲတယ်ဆိုမှတော့ သေချာတာပေါ့ သူ့မှာ အရည်အချင်းရှိလိမ့်မယ်...သူက သာမန်မဟုတ်နိုင်ဘူး ဒါက သူ့အတွက် စစ်ဆေးမှုပဲ ...တကယ်လို့ ငါတို့သာ သူ့ကို စားဖိုမှူး၁၀၀ ချန်ပီယံ ပြိုင်ပွဲထဲ အလွယ်တကူ ဝင်ရောက်ခွင့် ပြုလိုက်မယ်ဆိုရင် ငါတို့ အစားကြူးတောင်ကြားရဲ့ ဂုဏ်သတင်းက ပျက်စီးသွားလိမ့်မယ်..."


အဖိုးအိုက ပုဖန်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။မကြာခင်မှာပင် သူ့၏ အာရုံ စူးစိုက်နေသော မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်လိုက်၏။နတ်ဆိုးဆန်စွာ လှပလှသောအမျိုးသမီးနှင့် မျက်နာသေအမျိုးသားတို့လည်း သူတို့ဆရာ၏ အမူအရာကိုကြည့်၍ သံသယမကင်းဖြစ်သွားသည်။


သူတို့ အဖိုးအို၏ အကြည့်အတိုင်း လိုက်ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။


ထိုနေရာတွင် ကျွမ်းကျင်လှသော ဓားနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြသနေခြင်းကြောင့် ဓားအလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေသည်။


ပြင်းထန်လှသော အော်ရာတစ်ခုလွှမ်းမိုးလာသည်။ထိုအော်ရာက လူများအားလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။အမျိုးသမီး၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။တအံ့တသြ ပွင့်ဟသွားသော ပါးစပ်ကို လက်ဖြင့် ကာလိုက်မိ၏။မျက်နာသေဖြင့် အမျိုးသား၏ နှာခေါင်းက ပွကျယ်လာပြီး မျက်ဝန်းများ ပြူးလာသည်။


"ဒီဓားစွမ်းရည်က ..."


ပုဖန် တည်ငြိမ်အေးစက်လှသော မျက်နာထားဖြင့် ဓားကို လှည့်လိုက်သည်။ထို့နောက် သူသေချာစွာ ဆုပ်ကိုင်လိုက်ပြီး စိုက်ကြည့်လိုက်၏။ခဏအကြာ၌ သူ့လက်ထဲမှ ဓားက ထောင့်ဖြတ်မျဉ်းအတိုင်း လွှဲတက်သွားပြီးနောက် မုန်လာဥများကို လေထဲသို့ ပစ်လွှတ်လိုက်လေသည်။


ကောင်းကင်ကိုပင် ဆုတ်ဖြဲ ပစ်တော့မလိုမ်ျိုး အပြာရောင်အလင်းလှိုင်းတစ်ခု ရိုက်ခတ်လာသည်။အလင်းလှိုင်း၏ နောက်မှ အော်ရာများလည်း လွင့်တက်လာ၏။


ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းဖြူ မုန်လာဥက လေထဲတွင် လည်သွားပြီး အခွံများကွာကျသွားလေသည်။ပုဖန်က မုန်လာဥ ကို သေချာစွာ ကြည့်လိုက်ပြီးနောက် မည်သို့ဖြတ်တောက်ရမည်ကို စဉ်းစားလိုက်သည်။


ထိုမုန်လာဥသုံးလုံးက ပုကွကွဖြစ်နေပြီး အရွယ်အစားကလည်း မတူညီကြပေ။သူတို့က တကယ်ကို အမှ်ိုက်သရိုက်သာသာပင်ဖြစ်သည်။သို့သော်လည်း သူတို့ စိတ်မရှိပေ။သူ့၏ အတွင်းထဲ၌ ပုံဖော်ပြီးနောက် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။


သူ ဓားကို ဆုပ်ကိုင်လိုက်ပြီး လှည့်လိုက်၏။လေထဲမှ မုန်လာဥများက ရပ်တန့်သွားပြီး ပြုတ်ကျလာသည်။သူ ဓားကိုင်လက်ကို ဆန့်ထုတ်လိုက်ပြီး ကျဆင်းလာသော မုန်လာဥများကို ဓားဖြင့် ဖမ်းဆီးလိုက်သည်။ထို့နောက် ဓားထိပ်က လှုပ်ရှားသွားပြီး မုန်လာဥလေးများ နေရာအနှံ့ လွင့်ထွက်သွားလေသည်။


...


ဟူး....


ကျွင်းချင်ရှောင်း မီးဖ်ိုချောင်သုံးဓားကို ဂရုတစိုက်ဖြင့် ချထားလိုက်ပြီး သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။သူလုပ်ဆောင်ပေးခဲ့သော အလုပ်ကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်၏။


ဒီတစ်ကြိမ်၌ သူ ပုံမှန်လုပ်နေကြထက် ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့သည်။သူ့၏ ဓားစွမ်းရည်က အကောင်းဆုံးမဟုတ်သော်လည်း သူ့ဆရာ၏ ဂရုတစိုက် သင်ကြားမှုများအောက်တွင် အဆိုးဆုံးတော့လည်း မဟုတ်ပေ။


စားဖိုမှူး တစ်ယောက်အတွက် အခြေခံအကျဆုံး စွမ်းရည်မှာ ဓားစွမ်းရည်ဖြစ်သည်ဟု သူ့ဆရာအမြဲတမ်းပြောလေ့ရှိသည်။သူလည်း ထိုကဲ့သို့ ကျွမ်းကျင်လှသော မာစတာတစ်ယောက်ဖြစ်လာပေမည်။


သူ့၏ရှေ့၌ ပန်းတစ်ပွင့်ပွင့်ဖူးနေသကဲ့သို့ မုန်လာဥရှိနေသည်။သူ့၏ ပွင့်ချပ်ကလေးများက ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာပြီး ထိလိုက်သည်နှင့် ကျိုးပဲ့သွားတော့မလို ထင်ရသည်။


၎င်းက အစစ်အမှန်နှင့်ပင်တူနေလေသည်။ထို့အပြင်အရေးကြီးဆုံးက သူ ထိုအရာကို ပုံဖော်ဖို့ အချိန်အများကြီး မသုံးခဲ့ပေ။၎င်းအတွက် အမွှေးတိုင်တစ်ဝက်စာ အချိန်မျှသာ ကုန်သည်ဟု ထင်မိသည်။


သူ့၏ လုပ်ဆောင်ချက်က မြန်လည်းမမြန်သလို မနှေးလည်းမနှေးပေ။သူက အမှိုက်သရိုက်လိုပါဝင်ပစ္စည်းနှင့် ဓားကို ရရှိထားသော စားဖိုမှူးလူငယ် မည်သည့် ပစ္စည်းများလုပ်သည်ကို သိချင်လှသည်။


သူ ထိုသူအတွက် အလုပ်ပြီးမြောက်ဖို့ တကယ်ကို ခက်ခဲပေလိမ့်မည်။ကျွင်းချင်ရှောင်း ခေါင်းမော့ ကြည့်လိုက်သည်။တကယ်တမ်းတွင် အမွှေးတိုင်တစ်ဝက်မျှသာ အချိန်ကုန်သေးသောကြောင့် သူ့ဘေးနားရှိ စားဖ်ိုမှူးတစ်ချို့က သူတို့၏အလုပ်ကို အာရုံစိုက်နေကြခြင်းဖြစ်သည်။


မှန်ပေသည်။အလုပ်ပြီးသွားသည့် စားဖိုမှူးတစ်ချို့လည်းရှိနေပေသည်။သူတို့၏ အကြည့်များလေထဲတွင် တွေ့ဆုံသွားကြသည်။


"တကယ်ပဲ ငါ့ဆရာကမှန်တယ်...အစားကြူးတောင်ကြားထဲက စားဖိုမှူးတွေအားလုံးက တကယ်ကို ထူးကဲတဲ့ သူတွေကြီးပဲ ..."


ထို့ကြောင့် သူ မောက်မာစွာ မပြုမူသင့်ပေ။ကျွင်းချင်ရှောင်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။သူက ပုဖန် ဘယ်လို ပုံစံလုပ်ထားသည်ကို သိချင်လှသည်။အကယ်၍ ပုဖန်၏ အလုပ် မပြီးသေးလျှင်သူ့၏ ဓားကို ပေးလိုက်ပေမည်။မည်သို့ပင်ဆိုစေ သူက ပြီးဆုံးသွားလေပြီ။


သို့သော်လည်း သူလှည့်လိုက်သည့်ခဏမှာပင် ထ်ိုလူငယ်က မည်သည့်နေရာက ရလာမှန်းမသိသော ထိုင်ခုံပေါ်တွင်ထိုင်နေသည်ကို တွေ့လိုက်ရသည်။သူက မျက်လုံးများကို စေ့စေ့ပိတ်ရင်း အိပ်ပျော်နေလေသည်။


"လခွမ်း...သူက အရှုံးပေးလိုက်တာလား..."


ကျွင်းချင်ရှောင်း သူ့၏ အသည်းထဲမှပင် ဆူးအောင့်သွားသလို ခံစားလိုက်ရ၏။


"မင်း...မင်း..."


ကျွင်းချင်ရှောင်း ပုဖန်ကိုကြည့်၍ ပြောမည့်စကားမဆုံးသေးခင်မှာပင် ပုဖန် ၏ ငိုက်မြည်းနေသော မျက်ဝန်းများ ပွင့်လာပြီး သူ့ကို ကြည့်လာသည်။ပုဖန် သန်းဝေလိုက်သည်။


"မင်းတို့ ကောင်တွေက အရမ်းနှေးတာပဲ..ငါအလျင်လိုနေပါတယ်ဆိုမှ ..."


"ဘာ...."


 မင်းက ဘာတွေ သောက်ကျိုးနဲ အလျင်လိုနေတာ...


ပုဖန်၏ စကားကြောင့် ကျွင်းချင်ရှောင်း ကြောင်အသွားသည်။ခဏအကြာမှ သူတစ်စုံတစ်ရာကို သတိရသွားပြီး ပုဖန်၏ မီးဖ်ိုခုံကို လှမ်းကြည့်လိုက်သည်။


သူ့၏ မျက်စ်ိရှေ့၌ ရတနာတစ်ပါးရှိနေလေသည်။ရှေးခေတ်က ရက်စက်ကြမ်းကြုတ်လှသော မိကျောင်းတစ်ကောင် သူ့ကို ကိုက်ဖို့ ပါးစပ်ပွင့်ဟလာသလို ခံစားလိုက်ရသည်။