အခန်း ၆၇၀
မိကျောင်းတစ်ကောင်ပုံ ထွင်းထုတယ်...
ပုဖန်၏ လက်ရာကို ကြည့်လိုက်ပြီးနောက် ကျွင်းချင်ရှောင်း အနည်းငယ် စိတ်ဝေဝါးသွားသည် ။ ပုဖန်ထွင်းထုထားသည်ကို သူမြင်လိုက်ရသည်နှင့် သူ့၏နှလုံးသားမှာ တုန်ရီလာ၏။ သူ့တစ်ကိုယ်လုံး၌ ကြက်သီးမွှေးညှင်းများထလာကာ အထိတ်တလန့် ဖြစ်နေလေသည်။
စိတ်ထဲတွင် ဧရာမ မိကျောင်းကြီးတစ်ကောင်က သူ့ရဲ့ပါးစပ်ကြီးကိုဖွင့်ပြီး သူ့ဆီ ပြေးလာနေသည်ဟုပင် ထင်နေမိသည်။ ဟိန်းဟောက်သံက ချက်ချင်းဆိုသလို ထွက်ပေါ်လာသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖျော့သွားလေသည်။သူနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်မိသည်။
"တကယ့်ကို ကျောချမ်းစရာပဲ… အဲဒီ့အရာက ဘာကြီးလဲ..."
သူ၏ စိတ်စွမ်းအင်ဖြင့် ထိုမပီမပြင် ရုပ်ပုံတစ်ခုကို ခွဲခြားရန် အာရုံစိုက်လိုက်မိသည်။ ယခုဆိုလျှင်သူ့ရှေ့စားပွဲပေါ်တွင် တင်ထားသော ပုဖန်၏ လက်ရာမြောက်သော အကောင်ကြီးတစ်ကောင် ရှိနေလေသည်။ ပုဖန်က သူ့ကို ဖျော့တော့သော အကြည့်ဖြင့်ကြည့်ကာ အနည်းငယ် ပြုံးပြလိုက်သည်။
"ဒါကြီးက ဘာလဲ ဘာလိုလှုပ်နေတာလဲ..."
ကျွင်းချင်ရှောင်းက အံ့သြနေဟန်ဖြင့် ပုဖန်ကို လှည့်မေးလိုက်သည်။
"လှုပ်တယ်..."
ပုဖန် အံ့အားသင့်သွားသည်။ ခဏအကြာတော့ သူ့က တောက်ပစွာ ပြုံးလိုက်သည်။
"မလှုပ်ပါဘူး မင်းမူးနေတာ ဖြစ်မယ်..."
ပုဖန် ကျွင်းချန်ရှောင်းကို ပြောလိုက်သည်။
ကျွင်းချင်ရှောင်းက ပုဖန်ကို မယုံကြည်ပေ။ သူ မုန်လာဥဖြူ မီးကျောင်းခေါင်းတို ရှိရာဆီသို့နီးကပ်လာပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။
"မင်းက အဲဒီ့ အမှိုက်လ်ိုဟာကို သုံးပြီး ဒာကို ပြုလုပ်ထားတာလား.."
ကျွင်းချင်ရှောင်းက မယုံကြည်နိုင်စွာ အော်ပြေလိုက်သည်။ သူသာ အမှိုက်သာသာပစ္စည်းများကို အသုံးပြုလျှင် ရင်ခုန်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လက်ရာကို ဖန်တီးနိုင်ပါ့မလား။
ဒီကောင်လေးက ဘယ်သူလဲ...
ကျွင်းချင်ရှောင်းက သူ့ခေါင်းကို မော့လိုက်ပြီး မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်။ သူကပုဖန်ကို စိုက်ကြည့်ရင်း လေအေးတစ်ချက်ကို ရှိုက်ထုတ်လိုက်၏ သူ့၏ပုံမှာ အနည်းငယ် ထိတ်လန့်နေပုံလဲပေါ်ပေသည်။
။နှုတ်ခမ်းမွေးကို လက်ဖြင့်သပ် နေသော အဘိုးအိုက မျက်နှာသေအမျိုးသားနှင့် ချောမောလှပသော အမျိုးသမီးကိုခေါ်ဆောင်ရင်း ရှေ့သို့လျှောက်လှမ်းလာ၏။
အဘိုးအိုက လေးနက်စွာ စိုက်ကြည့်နေလေသည်။
သူတို့သုံးယောက်က အကြည့်ချင်းဆုံလျှက် ပုဖန်ရှိရာဆီသို့ လျှောက်သွားကြသည်။
ကျွင်းချင်ရှောင်း၏ ရင်ထဲတွင် တုန်လှုပ်နေမိသည်။ သူ ခေါင်းငုံ့၍ နေကာ သူ့ခန္ဓာကိုယ်ကို သေးသထက် သေးအောင် ကြိုးစားလိုက်သည်။
ပုဖန် သူ့ဆီသို့လျှောက်လာနေသော လူသုံးယောက်ကို မြင်သော်လည်း မတုန်မလှုပ် တည်ငြိမ်စွာကြည့်နေဆဲ ဖြစ်၏။
"ဒါ မင်းရဲ့ ပစ္စည်းလား..."
နှုတ်ခမ်းမွေးနှင့် အဖိုးအိုက ကျောက်စိမ်းဖြူမိချောင်းခေါင်းတိုကို အနီးကပ်ကြည့်လိုက်သည်။ ခဏအကြာတွင် သူကလေးနက်စွာ အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ပုဖန်ဘက်သို့လှည့်၍ မေးလေသည်။
"ငါမှမဟုတ်ရင် ဒါကြီးကို ဘယ်သူကလုပ်မှာလဲ…
ဒီလိုထူးဆန်းတဲ့ပုံသဏ္ဍာန်နဲ့ အမှိုက်လို မုန်လာဥတွေကိုသာ မပေးခဲ့ရင်ဒီလိုမျိုးကို ထွင်းထုဖို့ ငါစိတ်ကူးရှိလာမှာမဟုတ်ဘူး..."
ပုဖန်က ပြန်ဖြေလိုက်၏။ အဘိုးအို၏ နောက်တွင်ရပ်နေသော အမျိုးသမီးမျက်နှာက ချက်ချင်းဆိုသလို အေးစက်မာကြောသွားသည်။ ပုဖန်၏လှောင်ပြောင်ခနဲ့ လိုသော လေသံကို သူမသိရှိလိုက်လေသည်။
မျက်နှာသေ အမျိုးသားကလဲ မိချောင်း ကိုစိုက်ကြည့်နေလေသည်။ သူ့၏တပည့်နှစ်ယောက်မှာလဲ အနည်းငယ် စိတ်ရှုပ်ထွေးနေဟန် ပေါ်နေသည်။ အချိန်အတော်ကြာပြီးနောက်... အံကြိတ်ပြေါနေသည့်အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ဒီ မိချောင်းခောင်းတိုမှာ အရမ်းရက်စက်တဲ့ဝိဉာဉ်ရှိနေပုံရတယ်..."
လူငယ်တွေက ဖြတ်ထိုးဉာဏ်အပြည့်နဲ့ရှိပြီး တကယ်တော်ကြတယ်..."
အဘိုးအိုက မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ သူက ပုဖန်ကို စူးစိုက်ကြည့်လိုက်ပြီး ထွက်ခွာသွားလေသည်။
ထိုသူသုံးယောက် ထွက်သွားသည်ကို မြင်သည်နှင့်ပုဖန်၏ ပါးစပ်ထောင့်စွန်းလေးများ ကွေးညွတ်သွားသည်။
“ဟေး… အဲ့တာက အချိန်ဘယ်လောက်ကြာမှာလဲ ငါအလျင်လိုနေတယ်..."
ကျွင်းချင်ရှောင်းက အံသြသွားသည်။
ဒီကောင်က အသက်မရှင်ချင်ဘူးထင်တယ်...
သူက အချိန်မဖြုန်းချင်သော်လည်း ထိုကောင်လေးက သူ့ ဒေါသကိုဆွနေပေသည်။ ကျွင်းချင်ရှောင်းက တခြားအကြီးအကဲများ ဒေါသထွက်လာမည့် အချိန်ကို စောင့်ကြည့်နေခဲ့သည်။ တခြားသူများ ခေတ္တရပ်ပြီး နောက် ထွက်သွားကြသည်ကို သူမြင်တွေ့လိုက်ရသည်။
“ကောင်းပြီလေ..."
လက်ကိုင်တုတ်ကောက်နှင့် နှုတ်ခမ်းမွှေးရှိသော အဘိုးအို၏ ရယ်သံက လေနှင့်အတူ ပေါ်ထွက်လာသည်။ သူတို့က လှုပ်ရှားနေသည့်ကြားထဲမှာပင် ရပ်တန့်သွားကြပြီး ပုဖန်ဘက်သို့ မယုံကြည်ဟန်ဖြင့် လှည့်ကြည့်လိုက်ကြ၏။
"ဘာတွေ ဖြစ်နေတာလဲ
ခြောက်ယောက်မြောက် အကြီးအကဲက အဲဒီကလေးနဲ့ သဘောတူလိုက်တာလား...
သူကကိစ္စတစ်ခု နှေးကွေးနေခြင်းကို မုန်းတီးတာလား .."
သူတို့ မျက်ရည်များပင် စို့လာ၏။
"နှေးကွေးနေခြင်းက သူတို့ရဲ့အမှားတစ်ခု မဟုတ်ဘူး
ဒါက အရမ်းမြန်နေတဲ့ကောင်ကလေး နဲ့ပဲသက်ဆိုင်တယ်..."
လူများစွာက ဒေါသထွက်နေကြသည်။ သို့သော် မကြာမီအချိန်တွင်းမှာပင် သူတို့၏ ဒေါသကကြောက်စိတ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ပုဖန်ကို ကြည့်နေရင်းပင် သူတို့ နှလုံးသားထဲမှ အကြောက်တရားများက ပေါ်ထွက် လာခြင်းဖြစ်သည်။
"ဘာလို့ ဒီကလေးရဲ့ဓားစွမ်းရည်က ဒီလောက်တောက် ထက်မြက်နေတာလဲ..."
ဆဌမမြောက် အကြီးအကဲပြောလိုက်သောစကားကြောင့် ထိုကလေးစွမ်းရည်ကို သူအသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ အချိန်တိုအတွင်းမှာပင် ထိုကောင်လေးက လက်ရာမြောက်သော အနုပညာလက်ရာတစ်ခုကို ထွင်းထုခဲ့ခြင်းဖြစ်၏။
"ဒီလိုအရည်အချင်းမျိုးကို သာမန် ပထမတန်းစား စားဖိုမှူးတွေတောင် ယှဉ်နိုင်မှာမဟုတ်ဘူး..."
ကျွင်းချင်ရှောင်း ထိတ်လန့်တုန်လှုပ်သွားသည်။ ပုဖန်က သာမန်ကောင်လေး) တစ်ယောက်သာသာ သူတွေးမိခဲ့ခြင်းဖြစ်သည်။ ဒီကောင်လေးတကယ့်ကို မထင်ထားလောက်အောင် အလျင်လိုနေလေသည်။ထို့နောက် နှဖူးပြောင်ပြောင်နှင့် လူတစ်ယောက်က မယုံကြည်သော အမူအရာမျိုးဖြင့် ကြည့်နေသည်။ သူ့၏ အလုပ်က ပြီးသွားလေပြီ။ သို့သော်လည်း ပုဖန်ဘယ်လိုနည်းနှင့် အနိုင်ယူမည်နည်း။
“ကောင်းပြီ... ဓားကျွမ်းကျင်မှုစိန်ခေါ်မှုက ဒီမှာပဲ အဆုံးသတ်ပါပြီ...
ကျေးဇူးပြုပြီး မင်းတို့ အားလုံးလုပ်နေတာတွေကို ရပ်လိုက်ပါ..."
အမွှေးတိုင်လောင်ကျွမ်း သွားပြီးနောက်တွင် အချိန်ပြည့်သွားပြီ ဖြစ်သည်။ ချောမောလှပသော အမျိုးသမီးက သူတို့အလုပ်ကို ရပ်တန့်ခိုင်းလိုက်သည်။ ထို့နောက် ၎င်းတို့၏ ဓားများကို မီးဖိုခုံ ပြန်လည်ထားရသည်။မုန်လာဥနှင့် အပိုင်းအစများစွာ ပျံဝဲနေပြီး ရင်ခုန်စရာကောင်းသော မြင်ကွင်းက နောက်ဆုံးတွင် ရပ်တန့်သွားခဲ့လေပြီ။
စားဖိုမှူးများသည် ၎င်းတို့၏ နောက်ဆုံးအချောသတ် လက်ရာ သို့မဟုတ် မပြီးဆုံးသေးသော လက်ရာများကို ၎င်းတို့၏ စားပွဲများတွင် ပြသထားကြသည်။ တစ်ခုချင်းစီတိုင်းတွင် စိတ်ဝင်စားစရာများ ဖြင့်ပြည့်နက်နေ၏။ အမျိုးသမီးက ခါးကိုလှုပ်၍ ဖြည်းညှင်းစွာရောက်လာပြီးနောက် ထိုလူများ၏ဓားများကို ပြန်ယူလိုက်လေသည်။ ပုဖန်ရှေ့သို့ သူမ ရောက်လာသည့်အချိန်တွင် ပုဖန်၏တည်ငြိမ်သော အမူအရာကို မြင်လိုက်ရခြင်းကြောင့်သူမ မထိန်းချုပ်နိုင်စွာလှောင်ပြောင်ရယ်မော်လိုက်သည်။
"ဒီမီးဖိုချောင်သုံးဓားကို လွှင့်ပစ်သင့်တယ်"
ပုဖန်ပြောလိုက်ပြီးနောက် ဓားကို သူမဆီသို့ပစ်ပေးလိုက်လေသည်။ အမျိုးသမီးက ဓားကို ဖမ်းပြီးနောက် သူမ၏မျက်နှာမှာ ပုဖန်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း တခဏချင်းပြောင်းလဲသွားသည်။
“မင်း…”
ပုဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ခြင်းက သူ့၏စိတ်မကျေနပ်ဖြစ်နေခြင်းကို ပြသနေလေသည်။အမျိုးသမီးက ဘာစကားမှမပြောချေ။ သူက ဓားပေါ်တွင် ထွင်းထုကာ ခင်းကျင်းထားသည့်အရာက ကြောက်မက်ဖွယ်ကောင်းသော အင်အားအချို့ဖြင့် ကွဲသွားသလိုပင် တစင်္စကွဲပျက်သွား၏။ ဤအရာက ဓား၏ခံနိုင်ရည်ထက် သာလွန်သော စားဖိုမှူး၏ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်မှုကြောင့်ဖြစ်ကြောင်း သူမနားလည်ပေသည်။
ဒီစားဖိုမှူးရဲ့ အရည်အချင်းကခန့်မှန်းထားသည်ထက်ပင် ကျော်လွန်နေလေသည်။
နှုတ်ခမ်းမွှေးနှင့် အဘိုးအိုက စားဖိုမှူးတစ်ဦးစီ၏ အလုပ်ကို အဆင့်သတ်မှတ်ရန် အခြားနှစ်ယောက်နှင့်အတူ လက်နောက်ပစ်လျှက် လျှောက်လှမ်းလာလေသည်။
"ဒါကဘာလဲ...
တောက်ပြောင်နေပေမယ့် ဖရိုဖရဲပုံစံနဲ့ လုံးဝမကောင်းဘူး ထွက်သွားစမ်း...."
"မင်းက ရွှံ့နဲ့ကစားနေတယ်လို့များ မင်းထင်နေလား ဒီအရာက ဘာကြီးလဲ..."
"မင်း ရူးနေတာလား...
မင်း မုန်လာဥကြီးတစ်လုံးလုံး ရထားပြီးတာတောင် ငါ့ကို ဘောလုံးထွင်းပေးထားတာလား...
ငါတို့ ဘောလုံးပြုလုပ်ဖို့ မင်းကိုလိုတယ်ထင်နေလား..."
...
နှုတ်ခမ်းမွှေးနှင့် အဘိုးအိုက နူးညံ့သိမ်မွေ့သောပုံပေါက်သော်လည်း ပြိုင်ပွဲဝင်သူများက်ို ကြိမ်းမောင်းပြောဆိုမှုများကို သူ့နည်းလမ်းအတိုင်း ကျင့်သုံးနေသည်။ ကြိမ်းမောင်းပြောဆိုခံရသူများက မျက်နှာပင် မော်မကြည့်ဝံ့ကြပေ။ ထိုသူများ၏မျက်နှာမှာလဲ မအီမသာဖြစ်နေကြ၏။
အဘိုးအိုက အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူဖြစ်သောကြောင့် သူတို့ဘာမှမတတ်နိုင်ပေ။ လမ်းခရီးတွင် စားဖိုမှူးများစွာကို အနိုင်ယူ ဖယ်ရှားနိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဓားကျွမ်းကျင်မှုစိန်ခေါ်ပွဲကို လွယ်မယ်လို့ တွေ့ထင်ခဲ့ကြသော်လည်း ရလဒ်ကမူ ရက်စက်လွန်းလှပေသည်။
မျက်နှာသေ အမျိုးသားနှင့် ချောမောလှပသော အမျိုးသမီးကအကြည့်ချင်းဖလှယ်လိုက်ကြသည်။ နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် မကျေမနပ်သော အမူအရာကို မြင်လိုက်ရ၏။ အဘိုးအိုက ဒီနေ့ စိတ်တိုနေပုံပေါ်သည်။ ပြိုင်ပွဲဝင်တွေကံမကောင်းကြပေ။ မီးတောက်ကဲ့သို့ ဒေါသနှင့်လူကိုရင်ဆိုင်ရသည့် ကျွင်းချင်ရှောင်း အလွန်ကြောက်လန့်သွားပြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ဤဒဏ္ဍာရီလာလူကြီးက တကယ့်ကို ကြောက်စရာကောင်းပေသည်။
သူအသိအမှတ်ပြုခံရပါ့မလား
တကယ်ကြောက်စရာပဲ...
ပုဖန်က လျစ်လျူရှုလိုက်ကာ မျက်စောင်းထိုးရှိထိုင်ခုံပေါ်တွင် ထိုင်ကာ အေးဆေးစွာကြည့်နေသည်။ သူ့၏တည်ငြိမ်သော မျက်နှာက ကျွင်းချင်ရှောင်းကို ပို၍စိတ်လှုပ်ရှားစေလေသည်။ အဘိုးအိုသည် နောက်ဆုံး၌ ကျွင်းချင်ရှောင်း၏ မီးဖိုဆီသို့ လျှောက်လာလိုက်သည်။ သူက မျက်နှာတည်ဖြင့် နက်မှောင်သော ကျွင်းချင်ရှောင်းကို စိုက်ကြည့်ပြီးနောက် သူခင်းကျင်းထားသည်ကိုကြည့်လိုက်သည်။
ပုစဉ်းရင်ကွဲ အတောင်ပံများကဲ့သို့ ပွင့်ချပ်များနှင့် ဖူးပွင့်နေသောပန်းတစ်ပွင့်ဖြစ်သည်။ ပန်းပွင့်၏ အလယ်ဗဟိုတွင် လှပသော ရောင်ခြည်များ ဖြာထွက်နေသလိုပင် ဖြစ်သည်။ အဘိုးကြီးက သူ့ကို အော်ဟစ်ကြိမ်းမောင်းခြင်း မပြုပေ။ သူက ပန်းပွင့်ကို ခဏကြာရပ်ကြည့်နေရင်း သဘောကျစွာ သူ့၏ထင်ရှားလှသော နှုတ်ခမ်းမွှေးများကို ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးညွှတ်သည်အထိ ပြုံးလိုက်လေသည်
"မဆိုးပါဘူး။"
အဖိုးအိုက ကျောက်စိမ်းပန်းပွင့်ကို ခေါင်းအသာညိမ့်လျှက် ချီးမွမ်းလိုက်သည်။ ကျွင်းချင်ရှောင်းက ငုံ့ထားသောခေါင်းကို ချက်ချင်းပင် မော့၍ကြည့်လိုက်သည်။ သူ့တကယ့်ကို စိုးရိမ်မှုဖြင့်တုန်ရီနေလေသည်။
"သူက ချီးမွမ်းခံလိုက်ရတာလား..."
ကျွင်းချောင်ရှင်း ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ငိုချင်လာလေသည်။သူက အမြဲတမ်း ဆူပူကြိမ်းမောင်းခြင်းသာခံရပြီး ချီးမွမ်းခံရခြင်းတစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပေ။ ဒီနေ့တွင် သူတကယ့်ကို ချီးကျူးခံရဖြင်းဖြစ်သောကြောင့် ကျေနပ်နေပေသည်။ အဘိုးအိုက ကျွင်းချင်ရှောင်းကိုပခုံးကို ပုတ်ပြီးနောက် ပုဖန်ဘက်သို့ ဆက်လျှောက်သွားလေ၏။
သူက ပုဖန်၏ခင်းကျင်းပြသမှုပို ဂရုမစိုက်ဘဲ ပုဖန်ကိုသာ အကဲခတ်လေ့လာလိုက်သည်။ သူ့၏မျက်လုံးများက အပေါ်စီးမှဖိနှိပ်လွန်းနေပုံပေါ်သည်။ ထိုအခိုက်အတန့်က လေထုထဲမှ ဓားမြှောင်များ ထိုးထွက်လာနေသလိုပင်။ မျက်နှာသေ အမျိုးသားနှင့် ချောမောလှပသော အမျိုးသမီးက ၎င်းတို့၏ ဆဌမမြောက် အကြီးအကဲက ထိုကောင်လေးအား အဘယ်ကြောင့် ထိုသို့ပြုရကြောင်းကို နားမလည်နိုင်ကြပေ။
"ပြောပါအုံး မင်းဘာတွေ ပြုလုပ်ထားတာလဲ…”အဘိုးအိုက ပုဖန်ကို မေးလိုက်သည်။
“မိကျောင်းခေါင်းတို..."
ပုဖန် မျက်လုံးပင့်ကာ ပြန်ဖြေကြားလိုက်၏။
"မိကျောင်းခေါင်းတိုလား
သာမန် မိကျောင်းတစ်ကောင်လိုပါပဲ
အဲဒီကောင်လေးက မရိုးသားဘူးပဲ..."
မျက်နှာတည်နှင့်လူက မိကျောင်းကို ခဏကြာစိုက်ကြည့်လိုက်သည်။ မိကျောင်းတစ်ကောင် ဟိန်းဟောက်နေသလို ခံစားလိုက်ရသောကြောင့် တံတွေးကိုပင် မျိုချနိုင်ရန်ကြိုးစားလိုက်သည်။ သူကြောက်လန့်ကာ သူ့မျက်လုံးများ၏ အကြည့်ကို ထိုနေရာမှလွှဲလိုက်မိ၏။
"ဘာဖြစ်သွားတာလဲ..."
မိန်းမချောလေးက သူ့ကိုမေးလိုက်သည်။
ထိုလူ၏မျက်နှာပေါ်ရှိ ကြွက်သားများပင် တဆက်ဆက် တုန်ရင်လာလေသည်။
"ဒီကောင်ကလေး ဘာထွင်းထားလဲ မင်း မသိဘူးလား..."
အမျိုးသားက အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သည်။ သူ့၏မျက်လုံးထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများအထင်းသားပေါ်လွင်နေပေသည်။
မိန်းမချောလေးက အံ့အားသင့်သွားလေသည်။ သူမက လှည့်ကြည့်ပြီး မိချောင်းခောင်းတိုကို လေ့လာလိုက်သည်။ ခဏအကြာတွင် သူမ၏ အနီရောင် နှုတ်ခမ်းလေးက ပွင့်ဟသွားသည်။ သူမမြင်လိုက်ရသည်ကို မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို လက်နှင့် အုပ်ကာလိုက်၏။
"အဲ့ဒါ အဲ့ဒါက ဆည်းဆာရေကန်ထဲက မွန်းစတားကောင်ပဲ..."
မိန်းကလေးက အံ့သြမှုအပြည့်နဲ့ အော်ဟစ်လိုက်သည်။အစားကြူးတောင်ကြားရှိ လူအများအပြားက ဤကြီးမားလှသော မွန်းစတားကြီးကို မသိကြသော်လည်း မျက်နှာသေ အမျိုးသားနှင့် ချောမောလှပသော အမျိုးသမီးက အကြီးအကဲ၏အလုပ်သင်များအဖြစ် သတ်မှတ်ခံထားရသောကြောင့် ၎င်းက မည်မျှထိတ်လန့်စရာကောင်းသည်ကိုကို သိရှိနေခြင်းဖြစ်၏။ ဒီလူငယ်လေးဟာ ဒီမွန်းစတာကြီးကို ဘယ်လို ထွင်းနိုင်ခဲ့သလဲကို သူတို့ စဉ်းစား၍ပင်မရချေ။
“သွားစိမ်းဘိုးဘေးမိကျောင်း
စားဖိုမှူးကောင်လေး ဒီအကောင်ကြီးကိုမင်းသိလား...
တကယ်ပဲ မင်းက ဘယ်သူလဲ..."
အကြီးအကဲက မျက်နှာတင်းမာမှု အပြည့်ဖြင့်မေးလိုက်သည်။ စူးရှထက်မြက်လှပြီး ဓားနှင့်တူသော မျက်လုံးများက ပုဖန်ကို စိုက်ကြည့်နေလေသည်။
“သွားစိမ်းဘိုးဘေး မိကျောင်းကြီးကို မင်းသိတယ်…
မနေ့က ဆည်းဆာကန်ရဲ့ အထိကရုဏ်းဖြစ်သွားတယ်ဆိုတာ ငါကြားတယ်...
ဒီကောင်လေးနဲ့ သက်ဆိုင်နေတာလား..."
သွားစိမ်းဘိုးဘေး မိကျောင်းက ဒေါသတကြီးပြီး တိုက်ခိုက်ခြင်းကို ကိုယ်စားပြု တံဆိပ်ခတ်နှိတ်ထားသလိုပါပဲ..."
နှုတ်ခမ်းမွေးနှင့်အကြီးအကဲက ပြောလိုက်သည်။ သူ့မျက်လုံးများက အလွန်လေးနက်နေသောကြောင့် သူတို့ ကျောရိုးများပင် စိမ့်အေးကာ တုန်လှုပ်ချောက်ချားစေသည်။ လူများစွာက သူ့ကို မကြည့်ဝံကြပေ။
"အာ... ငါ ငါးမျှားသွားခဲ့ပြီး သတိမထားလိုက်မိခင်မှာပဲ ဒီသားရဲကိုလှုံ့ဆော်သလို ဖြစ်သွားတယ်..."
ပုဖန်ကပြောလိုက်သည်။
မျက်နှာတည်သောယောက်ျားနှင့် ချောမောလှပသော မိန်းမကစကားအတော်ကြာသည်အထိ မပြောနိုင်ပဲအံ့ဩနေကြ၏။
"ငါးသွားမျှားတယ်....မင်းက
ဆည်းဆာကန်ထဲမှာ ငါးမျှားတယ် ...
မင်းက အရမ်း ရယ်စရာကောင်းနေတာ မင်းသိလား..."
ဆည်းဆာကန်တွင် မရေမတွက်နိုင်သော သားရဲများစွာရှိပေသည်။ သွားစိမ်းဘ်ိုးဘေး မိကျောင်းက ၎င်းတို့ကြားတွင် အလွန်ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်ပေသည်။
"အဲ့လိုစားဖိုမှူးလေးက အဲဒီ့မှာ ငါးဖမ်းရဲတယ်...
ဒါပေမယ့် ပိုထူးဆန်းတဲ့အချက်က ဒီကောင်လေး အသက်ရှင်လျက် ထွက်လာတယ်ဆိုတာပဲ...
အခုခေတ်လူငယ်တွေမှာ ဘယ်သူကမှ မရိုးသားကြတော့ဘူး..."
အဘိုးအိုက ပုဖန် ကို လေးနက်စွာ ကြည့်လိုက်သည်။ သူ မျက်စောင်းတစ်ချက်ထ်ိုးကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူကမုန်လာဥနှင့်ပြုလုပ်ထားသည့် သွားစိမ်းဘိုးဘေး မိကျောင်းကို လက်တစ်ချောင်းဖြင့် မြှောက်လိုက်သည်။ အစစ်အမှန်စွမ်းအင်များ ပေါ်ထွက်လာပြီး မုန်လာဥများ ပေါက်ကွဲထွက်လာသောကြောင့် မြေပြင်ပေါ်၌ အပိုင်းအစများပြန့်ကျဲသွားလေသည်။
"မင်းအောင်မြင်တယ်...
ဒီသားရဲက ထွင်းထုထားရလောက်အောင် ကောင်းမွန်ခြင်းမရှိဘူး...
အဲဒါကို ပိုကောင်းအောင် လုပ်လိုက်ရင် လူတွေရဲ့ စိတ်စွမ်းအင်နဲ့ စိတ်ဝိဉာဉ်တွေကိုတောင် ထိခိုက်စေနိုင်တယ်..."
အဘိုးအိုကပြောလိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းမွေးကို သပ်လျှက် ထွက်သွားလေသည်။
“နောက်စိန်ခေါ်ပွဲအတွက် ပြင်ဆင်ကြပါ...
အဲဒါက မီးကိုထိန်းချုပ်မှု စိန်ခေါ်ပွဲပဲ..."
အဘိုးအိုက ပုဖန်ကို လေးနက်စွာကြည့်ရင်း အင်္ကျီလက်ကိုခေါက်တင်ကာ ထွက်ခွာသွားလေသည်။
"မီးထိန်းချုပ်မှု စိန်ခေါ်ပွဲ..."
လူတိုင်း အံသြသွားကြသည်။
"မီးတောက်ကို ထိန်းချုပ်ဖို့ စမ်းသပ်တာက ဘာကောင်းကျိုးရှိလို့လဲ...
စားဖိုမှူးတစ်ယောက်ဖြစ်လို့ မီးပွင့်မီးပွားလေးတွေနဲ့ ဆော့ကစားတာကို သူတို့ကမြင်ချင်တာလား..."