အခန်း ၆၇၁
အလျင်လိုနေတာနဲ့ မီးလျှံကိုစားပစ်တယ်...
"မီးလျှံထိန်းချုပ်မှု စိန်ခ်ါပွဲ..."
ပုဖန်အံ့သြသွားသည်။ နောက်စိန်ခေါ်မှုတစ်ခုကတော့ မီးလျှံထိန်းချုပ်မှုဖြစ်လေသည်။ ပုဖန်ကဤကဲ့သို့ စမ်းသပ်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ရမည်ဖြစ်သည်။ မီးလျှံတွေကို ထိန်းချုပ်ခြင်းမှာ စားဖိုမှူးတစ်ယောက်တွက် ကြီးကြီးမားမားအရာ မဟုတ်ဟု လူအများက ထင်ကြပေမည်။
အပူ၏ကြာချိန်နှင့် အတိုင်းအတာကို ထိန်းချုပ်ရန် ပိုအရေးကြီးပါသည်။
သို့သော်လည်း မီလျှံလေးကိုတောင် မထိန်းချုပ် နိုင်လျှင်အပူချိန်ကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
အဘိုးအိုက လက်ပိုက်လျှက် လျှောက်လှမ်းလာ၏။ မျက်နှာသေအမျိုးသားနှင့် ချောမောလှပသော အမျိုးသမီးက သူ့၏နောက်မှ လိုက်လာလေသည်။ သူတို့ မီးဖိုခန်းထဲမှ ခဏကြာတွင်ထွက်လာသည်။ သူတို့နောက်မှ အားလုံး လိုက်သွားကြသည်။
ဒီအခန်းက ထူးခြားတယ်...
ပုဖန်စိတ်ကူးထားသလို အခြားမီးဖိုချောင်အခန်းများနှင့် မတူညီပေ။ ဒီနေရာက အလုံပိတ်အခန်းတစ်ခုလို ဖြစ်ပြီး အလွန်ပူလောင်၏။ မြင့်မားလှသည့်အပူချိန်က လူအချို့ကို ကြောက်ရွံ့ထိတ်လန့်စေသည်။ ပုဖန် မီးဖိုခန်းထဲဝင်လိုက်သည်နှင့် လေပူများအနားတဝိုက်တွင် ရွေ့လျားနေခြင်းကို ခံစားလိုက်မိသည်။ ထိုကဲ့သို့သော အပူချိန်က သူ့ကို အံ့အားသင့်စေသော်လည်း ရင်းနှီးနေသည့် ခံစားမှုတစ်ခုကိုပေးစွမ်းလေသည်။
"ဘာ...
ကောင်းကင်နှင့်ကမ္ဘာမြေ မီးလျှံ…
မီးလျှံထိန်းချုပ်မှု စိန်ခေါ်ပွဲမှာ ကောင်းကင်နှင့် ကမ္ဘာမြေ obsidian မီးလျှံကို အသုံးပြုပြီး သူတို့ကို စမ်းသပ်မှာလား..."
ဒီမီးလျှံက အစားကြူးတောင်ကြား၌ ထင်ရှားသည်။ ကောင်းကင်နှင့်မြေကမ္ဘာ မီးတောက်က လိုအပ်သည့်အချိန်တွင် ပေါ်ထွက်လာခြင်းမျိုး မဟုတ်ဘဲ အခွင့်အရေးတစ်ခုအနေဖြင့် ပေါ်ထွက်လာခြင်းဖြစ်သည်။
ပုဖန်က အကောင်းဆုံး ကြမ်းတမ်းခြင်းတစ်သောင်း မီးလျှကို ရရှိထားခြင်းမှာ ကံကောင်းလှပေသည်။
အစားကြူးတောင်ကြားက ပြိုင်ပွဲဝင်တွေကို စမ်းသပ်ဖို့ ထိုမီးလျှံကိုအသုံးပြုခြင်းဖြစ်သည်။ဆေးနန်းတော်မှလူများ ပင်လျှင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိကြချေ။
အဖိုးအိုကလက်နှစ်ဖက်ကို နောက်ပစ်၍လမ်းလျှောက်လာလေ၏။ လူအများကလဲ စူးစမ်းချင်စိတ်အပြည့်ဖြင့် သူ့၏နောက်လိုက်လာကြလေသည်။ မကြာမီ အချိန်တွင်းမှာပင် သူတို့က မြင့်မားသည့် စင်မြင့်တစ်ခုဆီသို့ ရောက်ရှိလာကြသည်။ ထို့နောက် စိန်ခေါ်ပွဲ၌ အောင်မြင်မှုရရှိကျော်ဖြတ်ခဲ့သော လူသုံးဆယ်က ဘေးမှဝိုင်းရံထားကြသည်။ မျက်နှာသေနှင့်ယောကျာ်းက လူအုပ်ကိုကြည့်ရင်းပေါ့ပားစွာပြောလိုက်သည်။
"မီးထိန်းချုပ်ရေးစိန်ခေါ်ပွဲမှာ မင်းတို့ကို မီးလျှံတွေ ထိန်းချုပ်ခိုင်းမှာပဲ...ဒီမီးလျှံတွေက သာမန်မဟုတ်ဘူး...မီးလျှံက ပြင်းထန်လေမင်းတို့ရဲ့ ဟင်းလျာတွေမှာရှိတဲ့ စွမ်းအင်နဲ့ မွှေးရနံ့တွေက ပိုကောင်းလာလေဖြစ်တယ်...မီးလျှံတွေက မင်းတို့ရဲ့ အစားအစာကို အကောင်းဆုံးအဆင့်အနေအထားထိ ရောက်အောင် မြှင့်တင်ပေးလိမ့်မယ်..."
သို့သော်လည်း ပြင်းထန်လှသည့် မီးလျှံတွေကို ထိန်းချုပ်ရန်မှာ ခက်ခဲလွန်းပေသည်။
"ဒါက မီးလျှံ ထိန်းချုပ်မှုစိန်ခေါ်ပွဲက်ို ငါတို့ ပြုလုပ်ရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်..."
လှပသောအမျိုးသမီးက သူတို့ကိုအဖွဲ့က်ို လေ့လာလိုက်ပြီးနောက်တွင် မျက်နှာသေနှင့် ယောက်ျားက စိန်ခေါ်ပွဲ၏ အကြောင်းအရာများကို ဆက်လက်ပြောလိုက်သည်။
“ဒီစိန်ခေါ်ပွဲမှာ အစားကြူးတောင်ကြားက ပေးထားတဲ့ထားတဲ့ မီးလျှံကိုကို အသုံးပြုရလိမ့်မယ်...အဲဒါက မင်းတို့စိတ်ပူနေကြတဲ့ မီးလျှံပဲဖြစ်တယ်... ဒီမီးလျှံရဲ့ အပူကအရမ်းပြင်းထန်တယ်..."
မျက်နှာသေနှင့်အမျိုးသားက လှပသောအမျိုးသမီးကို ခေါင်းညိတ်ပြပြီးနောက် ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ ခဏအကြာတွင် မြည်သံ တစ်ခနှင့်အတူ တစ်စုံတစ်ခုက ပေါ်ထွက်လာနေပြီ ဖြစ်သည်။
ထိုအထဲတနေရာတွင် မီးလျံများတောက်လောင်နေသည်ကို မြင်ရ၏။ သူတို့စုဝေးရာ အလယ်ဗဟိုတွင် အနီရောင်မီးတောက်မီးလျံများ အစုလိုက်အပြုံလိုက် ပေါက်ကွဲလျှက်ပြင်းထန်စွာတောက်လောင်နေသည်။ ပူပြင်းလှသည့် အပူချိန်က ထိုအခန်းထဲတွင် ပျံ့နှံ့သွား၏။ အားလုံး ထိတ်လန့်သွားပြီး နောက်သို့ဆုတ်လိုက်ကြသည်။
"ဒါက မှေးမှိန်နေတဲ့ ကောင်းကင်နှင့် ကမ္ဘာမြေမီးလျှံကျောက်ပဲ...
စွမ်းအားက ကောင်းကင်နှင့်ကမ္ဘာမြေ မီးလျှံလောက် မပြင်းထန်သလို အပူရှိန်ကလဲ ကောင်းကင် ကမ္ဘာမြေမီးလျှံလောက် မပြင်းထန်ဘူး...
ဒါကမင်းတို့ကို စမ်းသပ်ဖို့ ကိရိယာသက်သက်ပဲ..."
လှပသောအမျိုးသမီးက ပြောလိုက်သည်။ သူမက မီးလျှံရှေ့သို့ တိုးလာပြီးနောက် လေထဲ၌လက်ကိုမြောက်၍ကာလိုက်သည်။ ခဏအကြာတွင် လေထဲသို့ခွဲထွက်သွားလေသည်။
မီးလျှံကလှည့်ပတ်နေသောကြောင့် သူမ၏မျက်နှာ၌ အနီရောင်အလင်းတန်းလေးများ ထင်ဟပ်နေသည်။
"ဘုန်း ဘုန်း..."
မီးလျှံက ပိုပြင်းထန်လာပြီး အပူရှိန်များကို ထုတ်လွှတ်လိုက်သည်။ သို့သော် ခဏအကြာတွင် မီးလျှံက ဖျော့တော့သွားပြီး ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွား၏။
"မင်းတို့လုပ်ဆောင်ရမှာက မီးကိုထိန်းညှိဖို့ပဲ... တစ်ဦးကို လက်ဖက်ရည် တစ်ဝက်သောက်စာ အချိန်ကို ရမယ်...မင်းတို့အကောင်းဆုံးလုပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။”
စကားပြောပြီးနောက် အမျိုးသမီးက အဖိုးအိုဘေးသို့ပြန်လျှောက်လာလေသည်။
အကြီးအကဲအဖိုးအိုက ဤစိန်ခေါ်ပွဲ၌ အဆုံးအဖြတ်ပေးမည့်သူ ဖြစ်မည်ကိုလဲ သံသယဖြစ်စရာ အကြောင်းမရှိပေ။
ကောင်းကင်နှင့်ကမ္ဘာမြေ မီးလျှံကျောက် ကိုရင်ဆိုင်ရသည်မှာ တကယ့်အစစ်အမှန်မမဟုတ်သော်လည်း လူတိုင်းက စိုးရိမ်ပူပန်နေကြသည်။
ကောင်းကင်ကမ္ဘာမြေ မီးလျှံကျောက်ကို ထိန်းချုပ်ရန် အဂ္ဂိရတ်ပညာရှင်များကို ပြုလုပ်ခိုင်းလျှင်... နားလည်နိုင်သော်လည်း ၎င်းတို့သည် စားဖိုမှူးများဖြစ်ကြသည်
ယခုကဲ့သို့ ပြင်းထန်လှသော မီးလျှံများကို ထိန်းချုပ်ရန်အတွက် လိုအပ်ချက်များကို မသိကြပေ။မီးလျှံတွေရဲ့ လုပ်ဆောင်ချက်က ပါဝင်ပစ္စည်းတွေကို ကောင်းစွာ ချက်ပြုတ်ရန်ပင် ဖြစ်သည်။ မီးအမျိုးအစားနှင့် ပတ်သက်၍ ထိုအရာတွေကသိပ်ပြီးအရေးမကြီးလှပေ။
“ပထမဆုံးပြိုင်ပွဲဝင်…”
အမျိုးသမီးက အခြားသူများ၏ ခံစားချက်ကို ဂရုမစိုက်ဘဲ သူတို့၏ အမည်များကို တိုက်ရိုက်ခေါ်ဆိုလေသည်။ ပုဖန်က အနီရောင်မီးလျှံကို မြင်လိုက်ရသောကြောင့် သူ့၏မျက်နှာ၌ အကဲမခတ်နိုင်သော အမူအရာကိုတွေ့လိုက်ရသည်။ ပူပြင်းလှသော်လည်း ထိုအပူရှိန်က ပုဖန်အတွက် ခြောက်ခြားစရာမကောင်းလှပေ။ ပုဖန်၏ခန္ဓာကိုယ်အတွင်းတွင်ပင် ကောင်းကင်ကမ္ဘာမြေမီးလျှံ ရှိလေသည်။
ကျွင်းချင်ရှောင်းက မီးလျှံဆီသို့ တုန်တုန်ယင်ယင်ဖြင့် လျှောက်လှမ်းသွား၏။ မီးလျှံက သူ့ဆီသို့တိုးဝင်လာလေသည်။ သူ့မျက်နှာက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်သွား၏။
"အရမ်းပူတာပဲ..."
ကျွင်းချက်ရှောင်းက ရေရွတ်လိုက်သည်။ သို့သော်လဲ လက်များမှာမူရပ်တန့်မသွားပေ။ သူ၏ စွမ်းအင်များ တိုးလာသည်နှင့်အမျှ မီးလျှံက ထိန်းချုပ်မှုအောက်တွင် ရှိနေသေးပေသည်။ ထိုအရာက ချစ်စရာကြောင်လေးလို တိတ်ဆိတ်စွာ အရည်ပျော်ပေလိမ့်မည်။ခတ္တမျှအကြာတွင် ကျွင်းချငိရှောင်း၏ မျက်နှာအမူအရာကပြောင်းလဲသွားသည်။ ထို့နောက် ချက်ချင်းပင် မီးလျှံက မြင့်တက်လာလေသည်။
"ဘုန်း ဘုန်း..."
မီးလျှံက ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ တောက်လောင်နေလေ၏။
“ကောင်းပြီ မင်း အခုဆင်းလို့ရပြီ”
အဘိုးအိုက ကျွင်းချင်ရှောင်အား ပြောလိုက်သည်။ ကျွင်းချင်ရှောင်းအံ့အားသင့်သွားပြီးနောက် စင်မြင့်ပေါ်သို့တက်သွားလေသည်။
ပုဖန်ကခေါင်းညိတ်လိုက်သည်။ ကျွင်းချင်ရှောင်းက ထိုကဲ့သို့ မီးလျှံကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မည်ဟုသူမထင်ထားခဲ့ပေ။ အမှန်တကယ်ပင် သူက လူများကို အံ့အားသင့်စေခဲ့သည်။
"ချိုက်ရဲ့ တပည့်ဖြစ် ထိုက်ပါတယ်...
အကြီးအကဲက မီးလျှံကိုကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ အဲ့ကလေးကို သင်ပေးခဲ့တာပဲ…”
ကျွငိးချင်ရှောင်း ထွက်သွားသည်ကိုကြည့်ရင်း အဖိုးအိုကက ပြုံးပြလိုက်သည်။ခဏကြာတွင် သူ့အကြည့်များက ပုဖန်ဆီသို့ ရောက်ရှိသွားလေသည်။
"မင်းအလှည့်ရောက်ပြီ.."သူညင်သာစွာ ပုဖန်ကိုပြောလိုက်သည်။
“နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပီ...
ငါတကယ်ကို မြန်မြန်ဆန်ဆန်လုပ်ရမယ်..."
ပုဖန်ကခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ရေရွတ်လိုက်ပြီးနောက် ထိုလူအုပ်ထဲမှ ထွက်လာလေသည်။ ဒီတစ်ကြိမ်၌ သူ့ကို ဘယ်သူမှ မလှောင်ပြောင်ရဲကြပေ။ ပုဖန်၏ ဓားကျွမ်းကျင်မှုများက လူအများစုကို ယုံကြည်အောင်ပြုလုပ်နိုင်ခဲ့ပေသည်။
"မြန်မြန် ပြီးမြောက်အောင် တတ်နိုင်သမျှ မြန်မြန် ကြိုးစားကြပါ…”
ပုဖန်ကို စိုက်ကြည့်ရင်း အဖိုးအို၏ ပါးစပ်ထောင့်များက ကွေးညွတ်သွားသည်။ ပုဖန်ကမျက်ခုံးပင့်လျှက် မီးလျှံဆီသို့ လျှောက်သွားလိုက်သည်။ မီးလျှံက မှေးမှိန်သွားပြီးနောက် ၎င်း၏စွမ်းအားမှာ သိသိသာသာ လျော့ကျသွားလေသည်။ ပုဖန်အတွက် ဤအရာက စိန်ခေါ်ပွဲတစ်ခုမဟုတ်ပေ။ သူ့လက်ကို မြှောက်လိုက်ပြီး မီးလျှံကို သူ့၏လက်များဖြင့် အုပ်မိုးလိုက်သည်။
အဝေးမှ မျက်နှာသေနှင့် အမျိုးသားကမီးလျှံရှေ့တွင် ရပ်နေသော ပုဖန်ကို မြင်လိုက်ရသည်။ သူက နှုတ်ခမ်းတွေကို ဖိထားလျှက် သူ့၏အစစ်အမှန်စွမ်းအင်များကို ရှေ့တွက်ရှိနေသော ဖွဲ့စည်းမှုဆီ တစ်ခုဆီသို့ပေးပို့နေပေသည်။
"ဘုန်း ဘုန်း..."
ပုဖန်၏ရှေ့မှမီးလျှံက ဒေါသတကြီးနှင့် ပေါက်ကွဲသွားသည်။ မီးလျှံက ကောင်းကင်းယံထိ မြင့်မားထိုးထွက်လာနေပေသည်။ လူများအားလုံး ထိတ်လန့်သွားပြီး နောက်ဆုတ်သွားကြ၏။ ပုဖန်၏ မျက်နှာတွင် စိုးရိမ်မှုအနည်းငယ် သန်းနေလေသည်။ သူ့၏အနီရောင်ဝတ်ရုံကလဲ အပူကိုခွဲထုတ်ပေးရန် စွမ်းအင်အလွှာတစ်ခုကို ထုတ်လွှတ်လိုက်သောကြောင့် သူအနည်းငယ် ယိမ်းယိုင်သွားသည်။
“မင်းအလျင်လိုနေတယ်ဆိုရင် အခုချက်ချင်းလုပ်ရလိမ့်မယ်...
အဲဒီ ပြင်းထန်လှတဲ့ မီးလျှံများကို မင်းဖိနိုင်ထိန်းချုပ်နိုင်ခဲ့ရင် မင်းအောင်မြင်လိမ့်မယ်...
ဘယ်လိုထင်သလဲ..."
အဖိုးအိုကပြောလိုက်သည်။ ဤအခိုက်အတန့်တွင် မီးလျှံက အလွန်မြင့်မားသောအပူချိန်ရှိနေပြီး တကယ့်ကောင်းကင်နှင့်ကမ္ဘာမြေမီးလျှံကဲ့သို့ပင် ပြင်းထန်စွာလောင်ကျွမ်းလုနီးပါးဖြစ်လေသည်။ သာမန်လူများက ထိုကဲ့သို့သော အပူဒဏ်ကို မခံနိုင်ကြသောကြောင့် ထိုမီးလျှံကို ထိန်းချုပ်ရန် ခံနိုင်ရည်မရှိကြပေ။ ပုဖန်က အဖိုးအိုကို တစ်ချက်ကြည့်လိုက်သည်။
ဘေးနားက လူများမှာလဲ လန့်ဖြန့်သွားလေသည်။
ကျွင်းချင်ရှောက်း မျက်နှာကရဲသွားသည်။ ဆဌမမြောက်အကြီးအကဲက ပုဖန်ကို ထပ်မံ၍ အားကိုးမျှော်မှန်းထားပေသည်။
"ကောင်းပြီ..."
ပုဖန်ပြောလိုက်သည်။
မင်းဟာ တကယ့်ကောင်းကင်နဲ့ ကမ္ဘာမြေ မီးလျှံကို ထုတ်လွှတ်နိုင်တယ်...
ဒီလိုအရာက မင်းတို့ထင်သလောက် မရိုးရှင်းဘူး..."
ပုဖန်က ဆက်လက်၍ပြောလိုက်သည်။
ပုဖန်၏ စကားများက အခြားလူများကို အံ့အားသင့်စေသည်။ လှပသောအမျိုးသမီးက စိတ်ရှုပ်ထွေးသွားပြီး မျက်နှာသေနှင့် အမျိုးသားမှာမူအံ့သြသွားခဲ့သည်။
အဖိုးအိုက ပြုံးလိုက်သည်။
စိတ်ဝင်စားစရာပဲ...
သူက လက်တစ်ဖက်ကို မြှောက်ကာဝှေ့ယမ်းလိုက်သည်။
မျက်နှာသေနှင့် အမျိုးသားကအချက်ပြမှုကို ရရှိပြီးနောက်အနည်းငယ် စိုးရိမ်နေသည်ကို တွေ့မြင်ရသည်။ ထို့နောက် သူ အခင်းအကျင်းများကို ရွှေ့ပြောင်းပြီး ကောင်းကင်ကမ္ဘာမြေမီးလျှံကို အပြည့်အဝလွှတ်ပေးလိုက်သည်။
"ဘုန်း ဘုန်း..."
မြင့်မားသောစင်မြင့်က ပြင်းထန်လှသည့် အပူချိန်ကို ခံနိုင်ရည်မရှိပုံပေါ်သည်။ အရည်ပျော်တော့မလိုပင်ဖြစ်နေ၏။ မီးလျှံနှင့် ကြီးမားသော အပူရှိန်၏ အသွင်ပြောင်းမှုကြောင့် လူများ နောက်ပြန်ဆုတ်သွားကြသည်။ သူတို့က မပျော့ညံ့သော်လည်း ကောင်းကင်နှင့်ကမ္ဘာမြေ မီးလျှံက သူတို့အတွက် အမှန်တကယ်ပင် ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။
ပုဖန်၏ဆံပင်များ တဖျပ်ဖျပ်လွှင့်နေသည်။ မီးလျှံများက တဟုန်းဟုန်းတောက်လောင်ကာ ဒေါသတကြီးဖြစ်နေသော သားရဲတစ်ကောင်ကဲ့သို့ဟိန်းဟောက်လိုက်သည်။ ပုဖန်က မီးလျှံကို လှမ်းကြည့်လိုက်သည်။ နီမြန်းလှသောမီးလျှံက သူ့မျက်လုံးများထဲတွင် အရောင်ထင်ဟပ်နေ၏။
"မဆိုးပါဘူး ဒါက လုံလောက်တယ်.."
ခဏအကြာတွင် ပုဖန်ရယ်မောလိုက်သည်။သူ၏ စိတ်စွမ်းအင်များက ရေကဲ့သို့ တဟုန်ထိုး စီးဆင်းလာလေသည်။
ဝေါင်း...
သူ့စိတ်စွမ်းအင်က မီးလျှံကိုကို ထိန်းချုပ်ဖိနှပ်လိုက်သည်နှင့် ဟိန်းဟောက်သံတချို့ကြားခိုက်ရသည်ဟုပင် ထင်လိုက်မိသည်။ မီးလျှံကပုဖန်၏စိတ်စွမ်းအင်များကို တွန်းလှန်လိုက်ပြီးနောက် ပြင်းထန်စွာ ရုန်းကန်ရင်း အနီးသို့ရောက်လာလေသည်။ ထိုအရာက သူ၏ စိတ်စွမ်းအင်တိုင်းကို လောင်ကျွမ်းစေနိုင်ပေသည်။
"ဟင်..."
ပုဖန်အံ့သြသွားသည်။ မီးလျှံကက ဒီလောက်ထိ ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ခဲပေ။
လှပသောအမျိုးသမီးက ပုဖန်ကိုကြည့်ရင်းပြုံးပြသည်။ သူမ၏ ရင်ဘတ်နားတွင် လက်နှစ်ဖက်ယှက်ပိုက်ထားပြီး ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ် ကောက်ကြောင်းများကို ပြသထားသည်။
သို့သော် ယခုအချိန်တွင် လူများအားလုံးက ပုဖန်ကိုသာ အာရုံစိုက်နေကြလေသည်။
စားဖိုမှူးတစ်ဦးက တောက်လောင်နေသောကောင်းကင်နှင့်ကမ္ဘာမြေ မီးလျှံကိုမည်သို့ထိန်းချုပ်နိုင်မည်နည်း။ ပုဖန်သာ အဂ္ဂိရတ်ပညာရှင်ဖြစ်ခဲ့လျှင် တစ်ကြိမ်ကြိုးစားနိုင်ပေသည်။ ပုဖန်က ထိုအရာကို သေချာစွာသိမြင်နိုင်ရန် ကြိုးစားနေလသည်။ သူ၏ စိတ်စွမ်းအင်ကို လှံကဲ့သို့ ပစ်ခတ်လိုက်သောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေ မီးလျှံထဲသို့ ထိုးကျသွားသည်။ သူက ရှည်လျားသော ခြေလှမ်းများကိုလှမ်း၍ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
ခဏအကြာတွင် လူတိုင်းက ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ချက်ချင်းဆိုသလိုပင် အသက်ပြင်းပြင်းရှူလိုက်ကြသည်။
"ဒီကောင်လေးက အရူးပဲ..."
“အမလေး ဘုရား ငါဘာကို ကြည့်နေမိတာလဲ... ဒါက ဘယ်လိုကြီးလဲ..."
"ဟင် ဒီကောင်လေးက လူရောဟုတ်ရဲ့လား..."
လူတွေက သူတို့ဘယ်သာအခါမှ မေ့နိုင်လိမ့်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို ကြည့်နေရခြင်းကြောင့် ထိတ်လန့်တုန်လှုပါသွား၏။ အဖိုးအိုနှင့် လှပသော အမျိုးသမီး တို့ကလဲ အံ့အားသင့်နေကြလေသည်။ ပုဖန်ကသူ၏လက်နှစ်ဘက်စလုံးကို ဆန့်ထုတ်ကာ ကောင်းကင်နှင့် ကမ္ဘာမြေ မီးလျှံဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ တဟုန်ထိုး တက်လာသော စိတ်စွမ်းအင်များက မီးလျှံများကို ထိန်းချုပ်ရန် များစွာ ရုန်းကန်ရပေသည်။
ကောင်းကင်နှင့် ကမ္ဘာမြေမီးလျှံက တဖြည်းဖြည်း သေးငယ်သွားသည်။ နောက်ဆုံးတွင် စွမ်းအားအပြည့်ဖြင့် တောက်လောင်နေသော မီးလုံးဖြစ်လာလေသည်။ သို့သော် လူအများကို ထိတ်လန့်စေသည့်အရာမှာ နောက်မြင်ကွင်းတစ်ခုသာဖြစ်၏။ ပုဖန်က နှုတ်ခမ်းများကို သပ်လိုက်ပြီးနောက် သူ့၏ မျက်ဝန်းများမှာ ပူလောင်လာဘေသည်။ ထို့နောက် သူက ဖိနှိပ်ထားသော ကောင်းကင်နှင့် ကမ္ဘာမြေမီးလျှံ မီးလုံးအား သူ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"ပါးစပ်ထဲကို ထိုးထည့်လိုက်တယ်..."
အားလုံး အံ့အားသင့်မှုဖြင့် ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် ပွက်လောရိုက်ကုန်ကြ၏။
"တကယ့်ကို ဘယ်လိုကြီးလဲ..."
"ဒီကောင်စုတ်လေးက မီးကိုစားနိုင်တာလား..."
"ဟုတ်ပြီ မီးကိုစားရုံနိုင်တာအပြင် သူက ကောင်းကင်နှင့်ကမ္ဘာမြေ မီးလျှံကို တကယ်ကြီးစားခဲ့တာပဲ...
ဒီမီးလျှံက လူတွေရဲ့ ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်စေနိုင်လား..."
အဲ့တာထက် ထူးဆန်းနေတာက မီးလျှံကို စားတဲ့အခိုက်အတန့်မှာ သူက ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားတဲ့ ပုံစံ ဖြစ်နေရတာလဲ...
မီးကိုစားရတာကိုဂုဏ်ယူတာလား ဒါမှမဟုတ် စားရတာ တကယ်ပျော်နေတာလား..."
"သူ့ကို လောင်ကျွမ်းနိုင်တယ်..."
အဖိုးအို၏လက်များ တုန်ရင်လာလေသည်။ သြူ ကွားဝါနေသာ နှုတ်ခမ်းမွေးများကို ဆွဲနှုတ်လုနီးပါးအထိ တုန်ရင်နေပေသည်။ ပုဖန်က အမှန်တကယ်ပင်သူ့ကို ထိတ်လန့်စေပေသည်။
"သူက ကောင်းကင်နဲ့ ကမ္ဘာမြေမီးလျှံကို သူ့ပါးစပ်ထဲ ဆွဲယူမြိုချ လိုက်တယ်...
အရင်ထဲက ဒီကလေးက ဒီလိုမျိုးအရာတွေကိုလုပ်နိုင်ခဲ့တာလား...ဒာမှမဟုတ် သူသေရတော့မှာလား..
မည်မျှပင် အလျင်လိုနေစေကာမူ မီးလျှံကို စားသုံးရန် မလိုအပ်ပေ။ ရက်စက်ကြမ်းကြုတ်သော ကောင်းကင်ကမ္ဘာမြေမီးလျှံက သူ့အား ပေါက်ကွဲထွက်စေလိမ့်မည် ဖြစ်သည်။ အားလုံးက ပုဖန်ကို မီးလျှံများက ပေါက်ကွဲထွက်အောင် လုပ်မည့်မြင်ကွင်းကိုမြင်နိုင်ရင် အကြည့်တစ်ချက်မလွဲပဲ သေချာစွာ စောင့်ကြည့်နေကြသည်။
သို့သော်လည်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်...
"ဂေ့..."
ပုဖန်က ဗိုက်ပြည့်အင့်နေသကဲ့ နှုတ်ခမ်း ဖွင့်ဟကာ လေတက်လိုက်လေသည် ။