အပိုင်း ၆၇၂
Viewers 53k

အခန်း ၆၇၂

ငါ့မှာမီးစားနိုင်တဲ့အစွမ်းရှိနေမှတော့... ဘာလို့ ငါကပြန်ပေးရမှာလဲ...


မီးခိုးငွေ့များ ဖုံးလွှမ်းသွားသည်။ကြည့်နေသူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။သူတိုအားလုံး၏ ကမ္ဘာကြီးအပေါ်အမြင်များ ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်။စားဖိုမှူးတစ်ယောက်ဖြစ်လာပြီးနောက် အရာများစွာကို စားသောက်သည့် သူများကို မြင်ဖူးခဲ့ပေသည်။


သို့သော်လည်း မီးစားသည့် တစ်စုံတစ်ယောက်ကိုတော့ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ထို့အပြင် ထိုသူစားနေသည်ကလည်း သာမန်မီးမဟုတ်ပေ။


၎င်းက လူတစ်ယောက်ကို ပြာကျသည်အထိ လောင်ကျွမ်းသွားစေနိုင်သော ကောင်းကင်ကမ္ဘာမြေမီးလျှံဖြစ်သည်။ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အပူချိန်က ကောင်းလွန်းလှသည်။၎င်းကို မျိုချလိုက်လျှင် ဗိုက်ထဲသို့ သွားသည့်လမ်းကြောင်းမှာပင် သူက ဘယ်လိုများ လုပ်လိုက်တာလဲ


ထို့အပြင် သူ့ကို ကြည့်ရသည်မှာ ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အရသာက ကောင်းသည့် ပုံပေါ်လေသည်။နှုတ်ခမ်းမွှေးနှင့် အဖိုးအို၏ နှုတ်ခမ်းများ တွန့်ရှုံ့သွားသည်။


ပုဖန်ကို မွန်းစတားတစ်ကောင်ကို မြင်ရသကဲ့သို့ ကြည့်နေသည်။ထိုလူငယ်က သိပ်မသန်မာပေ။သို့သော်လည်း အံ့အားသင့်စရာများစွာကို ယူဆောင်လာလေသည်။


"ခဏနပေါဦး..."


အဖိုးအိုက အံ့သြသင့်ထိတ်လန့်သွားပြီးနောက် သူလေအေးတစ်ချက်ရှိုက်လိုက်မိသည်။တခြားသူများကလည်း အဖိုးအို၏ အမူအရာကိုကြည့်၍ ကြောက်ရွံ့သွားကြသည်။


"မကြာခင်မှာ ဆိုးရွားတာတစ်ခုခုဖြစ်လာတော့မှာလား..."


လူအားလုံးက ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားကြသော်လည်း တစ်ချို့ သတ္တိရှိသည့်သူများက အဖိုးအိုနှင့် ပုဖန်ကို စူးစမ်းအကဲခတ်နေကြလေသည်။


ကျွင်းချင်ရှောင်းလည်း အံ့အားသင့်ထိတ်လန့်နေကြသည်။ပုဖန်က အံ့အားသင့်စရာများစွာကိုယူဆောင်လာပေသည်။ထူးခြားကောင်းမွန်လှသော ဓားကျွမ်းကျင်မှု ပြည့်စုံလှသော မီးလျှံထိန်းချုပ်မှု ထို့အပြင် သူက ကောင်းကင်ကမ္ဘာမြေမီးလျှံကိုပင် စားနိုင်နေသေးသည်။ထိုကဲ့သို့သော မကောင်းဆိုးဝါးက ဘယ်နေရာက ထွက်ပေါ်လာတာလဲ ..."


အစားကြူးတောင်ကြားထဲတွင် နေထိုင်သူမဟုတ်သော အမည်မသိ မွန်းစတားတစ်ယောက်၏ စကားကြောင့် အားလုံး အံ့အားသင့်သွားရသည်။တကယ်တမ်းတွင် ဒီနေရာက အစားကြူးနတ်ဘုရားစားသောက်ပွဲ ဖြစ်သောကြောင့် လာသမျှလူအားလုံးက မွန်းစတားများဖြစ်သည်။


မည်သို့ပင်ဆိုစေ ဆဠမအကြီးအကဲ ထုတ်ဖော်ပြောကြားလိုသည်မှာ ....


ကျွင်းချင်ရှောင်း အကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်သည်။သူ့၏ ဘေးနားတွင်ရှိနေသော အမျိုးသမီးကလည်း ပုဖန်ကို ကြည့်နေကြသည်။


"ထိုအကြီးအကဲရဲ့ မျက်နာအမူအရာက နည်းနည်း...သူက လူငယ်လေးကို သဘောကျပြီး အသိအမှတ်ပြုလိုက်တာလား..."


အားလုံးက သံသယအပြည့်ဖြင့် ကြည့်နေကြသည်။သို့သော်လည်း နောက်ခဏအတွင်းမှာပင် ထိုအကြီးအကဲက သူ့၏ မျက်ခွံကိုပင် ဆွဲဆုတ်ပစ်ချင်နေသလိုမျိုး မျက်လုံးလှန်လိုက်သည်။နှုတ်ခမ်းမွှေးကော့ကော့တို့ကလည်း တုန်ယင်နေ၏။


"မင်း ငါ့ရဲ့ ကောင်းကင်ကမ္ဘာမြေမီးတောက်ကို အခုပြန်ထုတ်ပေးစမ်း...ချက်ချင်း..."


အကြီးအကဲက မြင့်မားသော စင်မြင့်နေရာအလွတ်ကို လှမ်းကြည့်လိုက်သည်။သူ့၏ စိတ်အခြေအနေက ဆိုးရွားနေလေသည်။


"ဒီကောင်လေးက မီးလျှံကို စားလိုက်တယ် သူပြန်ပေးမှာလား..."


၎င်းက ကောင်းကင်ကမ္ဘာမြေမီးလျှံဖြစ်သည်။ထိပ်တန်း အရည်အသွေးနိမ့် တစ်ခုမဟုတ်သော်လည်း ၎င်းကို ရရှိရန်အတွက် ပမာဏများစွာ ကုန်ကျခဲ့ရသည်။


"ဒီကောင်လေးက မီးလျှံကို တကယ်ကြီး စားပစ်လိုက်တယ် ..."


အကြီးအကဲ၏ နှလုံးသားမှ သွေးစိမ်းရှင်ရှင်ထွက်ကျလာသလို ခံစားလိုက်ရသည်။

လူတိုင်းလည်းအံ့အားသင့်သွားကြသည်။


"ကောင်လေးက မီးလျှံကို ပြန်မပေးချင်ဘူးလား...မဟုတ်သေးပါဘူး အဲ့ဒီမီးလျှံက သောက်ကျိုးနဲ သူပြန်မပေးဘူးဟ ..."


အားလုံးတွေးတောနေမိကြသည်။ပုဖန်၏ အကျင့်စရိုက်အရ ၎င်းကို သူပြန်မပေးသည်မှာ ဖြစ်နိုင်ပေသည်။အားလုံးက ထူးဆန်းသောအကြည့်များဖြင့် ကြည့်လာပြီး သူ့၏ အဖြေကို စောင့်နေကြလေသည်။


ပုဖန် အသာအယာပင့်သက်ရှိုက်လိုက်ပြီး ထိုအကြီးအကဲကို ကြည့်လိုက်သည်။


"ငါ့မှာ ဒီမီးလျှံကို စားနိုင်တဲ့ စကေးရှိတယ်ဆိုမှတော့ ဘာလို့ ငါပြန်ပေးရမှာလဲ ..."


သူ့၏ အဖြေက အားလုံးကို စွံ့အသွားစေသည်။သူတို့ မည်ကဲ့သို့ ပြန်လည်ချေပရမည်ကို မသိတော့ပေ။သူပြောသည်ကလည်း အကျိုးအကြောင်းဆီလျော်နေလရာ သူတို့ ပြန်မချေပနိုင်တော့ပေ။


ဒေါသကြောင့် အကြီးအကဲ နှုတ်ခမ်းမွှေးများက လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ထိုကောင်လေးက သူ့၏ မီးလျှံကို စားခဲ့သည့်အပြင် သူကိုယ်သူ မှန်ကန်ဖြောင့်မတ်သူအဖြစ် ပြုမူနေသေးသည်။


သူအရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် သူပုဖန်ရှေ့၌ ပေါ်လာပြီး ပုဖန်၏ ပခုံးကို ပုတ်လိုက်သည်။


ဝီ...


အကြီးအကဲဆီမှ စိတ်ဝိညာဉ် စွမ်းအင်များစီးဆင်းထွက်ပေါ်လာပြီး ပုဖန်၏ ခန္ဓာကိုယ်ထဲမှ မီးလျှံကို ရှာဖွေရန် ကြိုးစားလိုက်သည်။သို့သော်လည်း ခဏအတွင်းမှာပင် ထိုအကြီးအကဲ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။


အဘယ်ကြောင့်ဆိုသော် ပုဖန်၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ကမ္ဘာမြေမီးလျှံ၏ အရှိန်အဝါကို မခံစားရတော့ပေ။သူ စားသောက်ပြီး၍ ခြေဖျက်ပစ်လိုက်ပေပြီ။အဖိုးအို၏ မျက်နာက ဝမ်းချုပ်နေသူလို ရှုံ့မဲ့သွားသည်။သူ ရင်တွင်းနာကျင်မှုကြောင့် နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွား၏။


"ငါ့မှာ မီးစားနိုင်တဲ့ အစွမ်းရှိတယ်ဆိုမှတော့ ငါက ပျို့အန်မှာမဟုတ်သလို ပြန်အန်ထုတ်ပေးမှာလည်းမဟုတ်ဘူး..."


ပုဖန်က ရိုးသားဖြောင့်မတ်စွာပင်ပြောလိုက်သည်။သူ စကားပ်ိုပြောလေ အကြီးအကဲ၏ နာကျင်မှုက ပို၍ ပြင်းထန်လာလေပင် ။သူဘာကြောင့်များ ထိုကောင်လေး စားဖ်ို့အတွက် ကောင်းကင်ကမ္ဘာမြေမီးလျှံအစစ်ကို ထုတ်ပေးလိုက်မိတာလဲ..."


တကယ်ကို နောင်တရနေပေပြီ။သို့သော်လည်း ခဏအတွင်းမှာပင် အကြီးအကဲ၏ အကြည့်များက ပုဖန်ဆီ ရောက်လာပြီး အကြည့်များပြောင်းလဲသွားသည်။ထို့နောက် တစ်စုံတစ်ရာကို တွေးမိသွားရုံဖြင့် ပြုံးလိုက်သည်။ထိုအပြုံးကြောင့် ပုဖန် တုန်ယင်သွားမိသည်။


ဒီမြေခွေးအိုကြီးကတော့ သူခေါင်းထဲမှာ မကောင်းတာတွေ ကြံစည်နေပြီ ဒါကြောင့်မလို့ ဒီလောက် စက်ဆုပ်ဖွယ်ကောင်းတဲ့ အပြုံးကို ပြုံးနေတာ...


လူများစွာကလည်း ၎င်းကို သတိထားမိကြလေသည်။သို့သော်လည်း အခုအချိန်၌ ပးအဖိုးအိုက နူးညံ့သော မျက်နာထားကို ဆင်မြန်းထားလေပြီ။


"ဟေးလူငယ်လေး မင်းအလျင်လိုနေတာမဟုတ်ဘူးလား...ငါတို့ တတိယပြိုင်ပွဲအတွက်ပဲ သွားလိုက်ကြရအောင်..."


အဖိုးအိုက ခပ်ပြုံးပြုံးဖြင့် သူ့၏ နှုတ်ခမ်းမွှေးများကို ပွတ်သပ်နေလေသည်။ပုဖန် မျက်ခုံးပင့်လိုက်မိသည်။


တစ်ခုခုတော့ ထူးဆန်းနေတယ် ဒီလူကြီးက ဘယ်လိုဖြစ်လို့ ရုတ်တရက် အေးဆေးဖြစ်သွားတာလဲ...


သို့သော်လည်း အဖိုးအိုပြောလိုက်သည့်စကားက အမှန်တကယ်သူလိုချင်နေသည့်အရာဖြစ်သည်။ထို့ကြောင့် သူမကန့်ကွက်ပေ။ယခုယှဉ်ပြိုင်မှု ပြီးနောက် ပြိုင်ပွဲဝင်တစ်ဝက်ခန့် ကျဆုံးခဲ့လေသည်။


အဖိုးအိုက လက်နှစ်ဖက်ကို နောက်ပစ်၍ အဝေးသို့ လျှောက်ထွက်သွားလေသည်။လူအားလုံးသည် သူ့၏ နောက်ကျောဘက်ကို ကြည့်၍ မုန်တိုင်းတစ်ခု လာနေပြီဟုတွေးလိုက်မိကြသည်။၎င်းက အလွန်ပြင်းထန်ကြောက်စရာကောင်းသည့် မုန်တိုင်းဖြစ်ပေလိမ့်မည်။


သူတို့ နောက်ထပ်အခန်း တစ်ခုထဲသို့ ရောက်လာကြသည်။ထိုအခန်းကလည်း သန့်ရှင်းသပ်ရပ်နေပြီး မီးဖိုခုံများကို အတန်းလိုက်စီတန်းထားလေသည်။


"တတိယမြောက် စိန်ခေါ်ပွဲကလည်း မခက်ပါဘူး...မင်းတို့ ဒီတစ်ပွဲပြီးပြီဆိုတာနဲ့ အစားကြူးနတ်ဘုရားအဆောက်အဦးရဲ့ ရင်ပြင်ကျယ်ကို တိုက်ရိုက်ဝင်သွားနိုင်ပြီးတော့ အစားကြူးဘုတ်ပြားပေါ်က စားဖိုမှုးတွေကို စိန်ခေါ်နိုင်ပြီ...မင်းတို့ နိုင်ခဲ့မယ်ဆိုရင်တော့ ဂုဏ်ပြုခံရပြီးတော့ အစားကြူးဘုတ်ပြားပေါ်က သူတို့ရဲ့ နာမည်နေရာကို အစားထိုးဝင်ရောက်နိုင်မယ်..."


အဖိုးအိုက ရှင်းပြလိုက်သည်။သူ့စကားများက လူများကို လှုံ့ဆော်ပေးလေသည်။ထိုစကားများက တကယ်ကို စိတ်လှုပ်ရှားစေ၏။တစ်စုံတစ်ယောက်က မစောင့်နိုင်တော့ပဲ မေးလိုက်၏။


"နောက်ထပ် စိန်ခေါ်မှုက ဘာလဲ..."


"မေးတာကောင်းတယ် ပထမဦးဆုံး စိန်ခေါ်မှုက ဓားကျွမ်းကျင်မှု ဒုတိယစိန်ခေါ်မှုက မီးထိန်းချုပ်မှု ဆိုတော့ တတိယစိန်ခေါ်မှုက ...ဒါပေါ့ အဲ့ဒါက ဘယ်ရိုးရှင်းနိုင်မလဲ..."


လူများက အဖ်ိုးအို၏ စကားများကိုနားထောင်ရင်း တတိယစိန်ခေါ်မှုက ဘာဖြစ်မလဲသိချင်နေကြပေပြီ။


"တကယ်တော့ တတိယစိန်ခေါ်မှုမှာ ဘာသတ်မှတ်ချက်မှ မရှိဘူး...မင်းတို့က ဟင်းပွဲတစ်ပွဲချက်ဖို့ပဲ လိုတယ် မင်းတို့ရဲ့ ဟင်းပွဲက ငါသတ်မှတ်ထားတဲ့ လိုအပ်ချက်နဲ့ ပြည့်စုံမယ်ဆိုရင် မင်းတို့ကျော်ဖြတ်နိုင်ပြီ..."


"တတိယစိန်ခေါ်မှုက ချက်ပြုတ်ခြင်းလား..."


အားလုံး အံ့သြသွားကြသည်။သူတို့ ခဏမျှ တိတ်ဆိတ်သွား၏ ဟင်းပွဲ တစ်ပွဲချက်ပြုတ်ရုံပဲဆိုရင် သူက ဘာလို့ အဲ့ဒီလို ထူးဆန်းတဲ့ အမူအရာမျိုး လုပ်နေရတာလဲ..."


မျက်နာသေအမျိုးသားနှင့် လှပသောအမျိုးသမီးတို့ကလည်း ခေါင်းညိတ်ပြလိုက်သည်။


"မင်းတို့ ကိုယ်တိုင် မီးဖိုခုံ ရှာပြီးတော့ ချက်ပြုတ်ဖို့ စတင်ပါ...မင်းတို့ရဲ့ အစစ်အမှန်စွမ်းအင်ကို မသုံးရဘူး မင်းတို့ ကိုယ်ပိုင် မီးဖိုချောင်သုံး ပစ္စည်းတွေကိုလည်း မသုံးရဘူး..."


မျက်နာသေနှင့် အမျိုးသားက အလေးအနက်ပြောလိုက်သည်။သူ့၏ စူးရှလှသော အကြည့်များက အားလုံးကို ကြက်သီးမွှေးညှင်းထသွားစေသည်။


"သူတို့က ကိုယ်ပိုင်ချက်ပြုတ်ပစ္စည်းတွေကိုလည်း မသုံးခိုင်းဘူး အစစ်အမှန် စွမ်းအင်လည်း မသုံးရဘူးဆိုတော့ သူတို့က အခြေခံအချက်အပြုတ် ကျွမ်းကျင်မှုကိုပဲ အသုံးပြုရမှာလား..."


အားလုံး စ်ိတ်ရှုပ်ထွေးသွားကြသည်။သူတို့ အလုပ်သင်စားဖိုမှူးဖြစ်လာကတည်းက အစစ်အမှန်စွမ်းအင်ကိုသုံး၍ ချက်ပြုတ်ခြင်းကိုသာ သင်ခဲ့ကြခြင်းဖြစ်သည်။


ယခုသူတို့ကို အစစ်အမှန် စွမ်းအင်သုံးခွင့် မပြုထားဘူးဆိုလေရာ ထိုပုံစံမျိုးနှင့် သူတို့အသားမကျပေ။


"ပါဝင်ပစ္စည်းတွေက အဲ့ဒီမှာ ရှိတယ် မင်းတို့က လူတွေ စိတ်ကျေနပ်စေမယ့် အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်..."


မျက်နာသေနှင့် အမျိုးသားက ပါဝင်ပစ္စည်းများ စုပြုံနေသော နေရာကို လက်ညှိုးညွှန်ပြ၍ ပြောလိုက်သည်။ထိုနေရာ၌ စိတ်ဝိညာဉ် စွမ်းအင်များ လှုပ်ရှားနေလေသည်။ထိုပါဝင်ပစ္စည်းများအားလုံးက စိတ်ဝိညာဉ် စွမ်းအင်ပါဝင်မှု မြင့်မားလာသော အဆင့်မြင့် ပါဝင်ပစ္စည်းများဖြစ်သည်။


သို့သော်လည်းသူတို့ကို ချက်ပြုတ်ရန်အတွက် အစစ်အမှန်စွမ်းအင် သုံးခွင့်မပြုထားဘူးဆိုတော့... အစားကြူးတောင်ကြားက တကယ်ကို ကြမ်းတမ်းလွန်းတယ်...


ပါဝင်ပစ္စည်းများမှာ ရိုးရှင်းလှသည်။လက်သီးဆုပ်အရွယ်ခန့်ရှိသော စိတ်ဝိညာဉ် သားရဲဥနှင့် ပေါင်းစပ်ရန် ပုလဲလုံးလေးများလို တောက်ပြောင်နေသောစိတ်ဝိညာဉ် ဆန်အနည်းငယ် အစိမ်းရောင်စိုအိနေသောဟင်းသီးဟင်းရွက်နှင့် စိတ်ဝိညာဉ် စွမ်းအင်အများအပြားပါဝင်သော အသားတစ်တုံး စသည်ဖြင့် ကွဲပြားခြားနားသော ပါဝင်ပစ္စည်းသုံးမျိုးရှိနေသည်။


ထိုပါဝင်ပစ္စည်းများက ခက်ခဲမှုမရှိပေ။ချက်ပြုတ်ရန်အတွက် အစစ်အမှန်စွမ်းအင်ကို သုံးခွင့်မရလေရာ ထိုပါဝင်ပစ္စည်းများက သင့်တော်လေသည်။


"အခု သင်တို့ စပြီး ချက်ပြုတ်နိုင်ပါပြီ သင်တို့အတွက် အမွှေးတိုင် တစ်တိုင်လောင်ကျွမ်းစာအချိန်ရှိပါမယ်..."


လှပသော အမျိုးသမီးက အနီရောင်နှုတ်ခမ်းပါးလေးများကို ဖွင့်ဟ၍ ပြောလိုက်သည်။သူမ ပြောပြီးသည်နှင့် စားဖိုမှူးများက ပါဝင်ပစ္စည်းများယူရန် အလျင်စလို လှုပ်ရှားလာကြသည်။


အချိန်အတိုအတွင်းမှာပင် သူတို့ ပါဝင်ပစ္စည်းအများစုကိုကောက်ယူပြီးလေပြီ စိတ်ဝိညာဉ်အသားက အနည်းငယ်သာရှိလေရာစားဖိုမှူးများက ယှဉ်ပြိုင်လုယူကြရသည်။


မှန်ပေသည်။စိတ်ဝိညာဉ်အသားက ဆန်နှင့် အသီးအရွက်တို့ထက်ကောင်းပေသည်။ထို့ကြောင့် အသားကိုရရှိသွားသော စားဖိုမှူးများ၏ မျက်နာတွင် စိတ်လှုပ်ရှားနေသောအပြုံးကြီးကြီးပေါ် လွင်နေသည်။


မရလိုက်သောသူများက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ကျွင်းချင်ရှောင်းနှင့် ပုဖန်တို့က အလျင်စလို မလှုပ်ရှားပေ။ထို့ကြောင့် သူတို့ ရောက်သောအခါတွင် ရွေးချယ်စရာများမကျန်တော့ပေ။


ပုဖန်က ကျွင်းချင်ရှောင်းကို အမူအရာကင်းမဲ့စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။ကျွင်းချင်ရှောင်းက အနည်းငယ်တွန့်ဆုတ်နေပေသည်။ခဏမျှ စဉ်းစားပြီးနောက် သူစိတ်ဝိညာဉ်ဆန်ကို ရွေးချယ်လိုက်၏။


"စိတ်ဝိညာဉ် ဆန်နှင့် စိတ်ဝိညာဉ် အသီးအရွက်ပဲကျန်တော့တာ..."


ပုဖန်ခေါင်းညိတ်လိုက်ပြီးနောက်ဆုံးကျန်နေသော ပါဝင်ပစ္စည်းကို ယူလိုက်သည်။ထိုစိတ်ဝိညာဉ် စွမ်းအင်ပါနေသော အသီးအရွက်က လတ်ဆတ်စိမ်းမြနေပေသည်။၎င်း၏ စိတ်ဝိညာဉ် စွမ်းအင်ပါဝင်မှုကလည်း မြင့်မားလှ၏။


"ငါ ဥထမင်းကြော် ချက်မယ်...ဒါပေမယ့် ငါ့ရဲ့ ဟင်းပွဲက သူတို့ကို ရိုက်ချနိုင်ပါ့မလားတော့ ငါမသေချာဘူး... "


ကျွင်းချင်ရှောင်း ပင့်သက်အသာရှိုက်လိုက်သည်။သူပုဖန်ကို တစ်ချက်မျှ အကဲခတ်ပြီးနောက် မီးဖိုခုံရှိရာဆီသို့ လျှောက်သွားလိုက်၏။


"ဥထမင်းကြော်လား ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထို့နောက် သူလည်း မီးဖိုခုံရှိရာလျှောက်သွားလိုက်သည်။သူတို့ဘေးနားမှလူများကလည်း သူတို့၏ အလုပ်များဖြင့် ရှုပ်ထွေးနေပေသည်။ပုဖန် လက်တစ်ဖက်လှုပ်ရှားလိုက်ရင်း စနစ်၏ သိုလှောင်နယ်မြေထဲမှ သိုးမွှေးကြိုးစတစ်စကို ထုတ်ယူကာဆံပင်များကို ချည်နှောင်လိုက်သည်။


"အစစ်အမှန် စွမ်းအင်မသုံးရဘူး အိုး...ဒီခံစားချက်လေးကို ငါလွမ်းနေတာ..."


ပုဖန်၏ လက်များက လှုပ်ရှားသွားပြီး သူ မီးဖိုခုံပေါ်ရှိ ဓားကို ကောက်ကိုင်လိုက်သည်။ဓားကို လှည့်ပတ်လိုက်သည်နှင့် ရောင်စဉ်တန်းများ ဖြာထွက်လာလေ၏။ခဏအကြာတွင် ပုဖန်က လတ်ဆတ်လှသောစိတ်ဝိညာဉ် စွမ်းအင်များကို အပိုင်းပိုင်းလှီးဖြတ်လိုက်သည်။


ထ်ိုအစိမ်းရောင်အသီးအရွက်များက အရည်ရွှမ်းလှပြီး အနည်းငယ်ခါးသက်သော အရသာရှိသည်။ပန်းကန်လုံးတစ်လုံးကို ယူလိုက်ပြီးနောက် ဥကို လှမ်းယူကာ ပန်းကန်ထိပ်နှင့် ရိုက်၍ ခွဲလိုက်သည် ။


ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြုခြင်းမရှိပဲ တူတစ်စုံကိုယူ၍ ခေါက်မွှေလိုက်၏။


ရွဲ...ရွဲ...ရွဲ...


အမျိုးမျိုးသော မွှေးရနံ့များ ကြိုင်လှိုင်စွာ ထွက်ပေါ်လာပေသည်။စားဖိုမှူးများ၏ ချက်ပြုတ်ခြင်းလုပ်ငန်းကလည်းပြီးဆုံးပေတော့မည်။အဖိုးအိုက မျက်ခုံးများ စုကျုံ့ထားပြီး လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေလေသည်။လေထုကို လွှမ်းခြုံလာသော မွှေးရနံ့များက သူ့၏ မျက်နာကို နီရဲသွားစေသည်။


"ငါ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေတယ် ..."


အဖိုးအို တီးတိုးရေရွတ်သည် ။မကြာခင်မှာပင် အမွှေးတိုင်လောင်ကျွမ်းကုန်ဆုံးသွားလေပြီ ။အဖိုးအိုက သူ့၏လက်ကို မြှောက်လိုက်ရာ စွမ်းအင်လှိုင်းတစ်လှိုင်းပြန့်နှံ့သွားပြီး အားလုံးကို တုန်ယင်သွားစေသည်။


ခဏအကြာ၌ အားလုံး သူတို့၏ ဟင်းပွဲများကို ပြင်ဆင်ပြီးသွားပြီဖြစ်ပြီးချက်ပြုတ်ခြင်းကို ရပ်လိုက်ကြလေပြီ။


"ကောင်းပြီ အချိန်စေ့ပြီ စိန်ခေါ်ပွဲ ပြီးဆုံးသွားပြီ ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီးချက်ထားတဲ့ မင်းတို့ရဲ့ဟင်းပွဲတွေကို မြည်းကြည့်ပါရစေ..."