အခန်း ၆၇၃
အသီးအရွက်စွပ်ပြုတ်...
အစားကြူး အဆောက်အဦးရင်ပြင်ကျယ်တွင်
စင်မြင့်တစ်ခုထက်ဆီက ကြိုးနှစ်ချောင်းတပ် တူရိယာမှ စည်းချက်ကျနသော သံစဉ်များ ထွက်ပေါ်နေလေသည်။
မွှေးပျံ့သင်းကြိုင်လှိုင်လှသော ရနံ့များကလည်း အဆောက်အဦးတစ်ခုလုံးကို လွှမ်းခြုံထားသည်။အစားကြူးဘုတ်ပြားပေါ်တွင် ပါဝင်သော စားဖိုမှူးတစ်ရာလုံးက စိတ်အားထက်သန်တက်ကြွနေကြသည်။
သူတို့က သက်ဆိုင်ရာစင်မြင့်ထက်ဆီတွင် ထိုင်နေရင်း ဆံပင်ဖြူ မျက်ခုံးမွှေးအဖြူနှင့် အကြီးအကဲ ချူချန်းရှန် ပြောနေသည်အားနားထောင်နေလေသည်။သူ့၏ အသံက လေထဲလွင့်ပျံနေသည်။
လေထဲရှိ စင်မြင့်များထက်တွင်ထိုင်နေကြသော ကျွမ်းကျင်းပညာရှင်များအားလုံးကလည်း သူ့၏ စကားလုံးများကို စိတ်ဝင်စားကြသည်။တကယ်တမ်းတွင် အကြီးအကဲ ဘာအကြောင်းပြောနေသည်ကို သူတို့ မသိကြပေ။
သို့သော်လည်း ချူချန်းရှန့်ကို လေးစားကြသောကြောင့် သူတို့ အလိုအလျောက် တုံ့ပြန်ကြခြင်းဖြစ်သည်။ချူချန်းရှန့်က တကယ်ကို ရှားပါးသော ပါရမီရှင်ဖြစ်သည်။အခြားဒေသမှ သူတော်စင်များပင်လျှင်သူ့ကို မလေးမစားမပြုရဲကြပေ။
ရှလွတ် ရှလွတ်...
ထိုကဲ့သို့ လေးနက်လှသော အခါသမယ၌ ဝါးနေသည့်အသံ အဆက်မပြတ်ထွက်ပေါ်လာသည်။တစ်စုံတစ်ယောက်၏ နှုတ်ခမ်းများ တွန့်သွားပြီး ထ်ိုအသံ ထွက်ပေါ်လာရာနေရာဆီသို့ လှမ်းကြည့်လိုက်သည်။၎င်းက ပန်းကန်တစ်ခုကိုကိုင်၍ စားသောက်နေသော ကလေးမလေးဖြစ်သည်။သူမ၏ စားသောက်ပုံက တကယ်ကို ကြောက်စရာကောင်းလှပြီး သူများကိုလည်း ရယ်မောမှုခံစားရစေသည် ။
သူမက ကလေးမလေးတစ်ယောက်မျှသာဖြစ်သော်လည်း တကယ်ကို အစားဘီလူးတစ်ယောက်ဖြစ်၏။တစ်ချို့လူများက တကယ့်ကို ထုံကျင်သွားသလို ခံစားရကြသည်။ပွဲ တရားဝင်မစတင်ခင်တည်းက သူမပါးစပ်နှင့်အစားမပျက်စားသုံးနေခဲ့သည်။
ယခုအချိန်ထိ သူမမှာထားသော စားစရာများမှာ လူနှစ်ဆယ်ကို ကျွေးမွေးရန် လုံလောက်ပေသည်။
"လူနှစ်ဆယ်စာ အစားအသောက်တွေ... ဒီကလေးက ကောင်းကင်ကိုများ ဆန့်ကျင်ချင်နေတာလား..."
ရှောင်ယုလည်း ပြောစရာစကားမဲ့နေပေသည်။အားလုံး၏ အကြည့်များ ကလေးမလေးဆီရောက်လာသည်ကို ခံစားမိလိုက်သောကြောင့် သူတုန်ယင်သွားမိ၏။
စိတ်မနှံ့သော အရူးများပင်လျှင် ထိုကလေးမလေး၌ ပြဿနာတစ်ချို့ ရှိမှန်း သိပေလိမ့်မည်။မည်သည့် သာမန်ကလေးမှ ထိုမျှ စားနိုင်လိမ့်မည်မဟုတ်ပေ။
ကောင်းကင်နွေဦးသူတော်စင်သားတော်ကလည်း ဓားတစ်ချောင်းကဲ့သို့ စူးရှထက်မြက်လှသော အကြည့်များဖြင့် လှမ်းကြည့်လာသည်။လျန်ချိမ်က သူ့၏ လက်ထဲမှ ကျောက်စိမ်းပြားကို ပွတ်သပ်နေသည်။သူ့ကို ကြည့်ရသည်မှာ အတွေးနက်နေပုံရလေသည်။
မဟာဂိုဏ်းအရှင်သခင်က သူ့၏ ဝမ်းဗိုက်ကို ပွတ်သပ်နေသည်။သူကလေးမလေးကို ကြည့်လိုက်မိပြီးနောက် သူ့နှုတ်ခမ်းများက တွန့်ရှုံ့သွားပြီး သူ့ဘောများပင် နာလာသလို ခံစားလိုက်ရသည်။
"အဲ့ဒီကလေးမလေးမှာ လျှို့ဝှက်ချက် တစ်ခုခုများရှိနေတာလား ...သူက စိတ်ဝိညာဉ် စွမ်းအင်ပြည့်နေတဲ့ ဟင်းပွဲတွေကို ဒီလောက်အများကြီးစားထားပြီးသွားပြီ ဝိညာဉ် လှေကားနှစ်ဆင့်ရှိတဲ့ ပညာရှင်တောင်မှ အဲ့ဒီလောက်အများကြီး စားထားမိရင် ဝမ်းဗိုက်ထဲ ပြည့်ကျပ်ပြီးတော့ ပေါက်ကွဲ ထွက်သွားလိမ့်မယ်..."
ရှောင်ယု ခေါင်းကိုက်နေပေပြီ တခြားသူများ၏ အကြည့်စူးစူးများက သူ့ဖင်ကို ပင်အပ်နှင့်ထိုးနေသကဲ့သို့ နေရထိုင်ရ ခက်စေသည်။ဖြစ်နိုင်မည်ဆိုလျှင် သူသည်လည်း ကလေးမလေး ဘာကြောင့် စားနိုင်သည်ဆိုတာကို ရှာဖွေချင်လွန်းလှသည်။သို့သော်လည်း ပိုင်ရှင်ပုက သူမကို ခေါ်လာပြီး စောင့်ရှောက်ပေးရန် ပြောကြားခဲ့သည်။ထို့ကြောင့် မည်သို့ပင်ဖြစ်ဖြစ် သူက သေချာစွာ စောင့်ရှောက်ပေးရပေမည်။
စားပွဲထိုးအမျိုးသမီးကလည်း ကလေးမလေးကိုကြည့်၍ ကြက်သေသေနေမိသည်။ကလေးမလေး၏ အမူအရာအရ စားစရာထပ်လိုချင်နေမှန်း သူမသဘောပေါက်မိသည်။ဒီစားပွဲအတွက် တာဝန်ယူထားရသော စားဖိုမှုးကို သူမတကယ်ကို သနားမိနေမိသေည်။
ရုတ်တရက် သူတို့အားလုံး၏ အကြည့်များက ပြောင်းလဲသွားပြီးနောက် ရင်ပြင်ကျယ်၏အဆုံးနေရာသို့ ကြည့်လိုက်ကြသည်။ထိုနေရာတွင် အစားကြူးနတ်ဘုရား အဆောက်အဦးကြီး၏ ကြေးတံခါးကြီးက တုန်ခါသံနှင့်အတူ ပွင့်ဟလာသည်။
အကြီးအကဲ ချူချန်းရှန်ကလည်း ဂိတ်တံခါးရှိရာဘက်သို့ စောင်းငှဲ့၍ ကြည့်လိုက်သည်။သူလက်ကို ပင့်မြောက်၍ သူမုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်၏။
လေပေါ်မျော စင်မြင့်များထက်တွင်ထိုင်နေသော စားဖိုမှူးများကလည်း တောက်ပလှသော မျက်ဝန်းများဖြင့် ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုတံခါးဝမှ ဖြတ်လျှောက်လာမည့် စားဖိုမှူးများက သူတို့၏ ပြိုင်ဘက်များဖြစ်လာမည်ကို သူတို့သိပေသည်။မည်သူမှ ဂရုမဲ့ မနေရဲကြပေ။အစားကြူးနတ်ဘုရားစားသောက်ပွဲအတွင်း အစားကြူးဘုတ်ပြားပေါ်မှ တစ်စုံတစ်ယောက် ကျရှုံးသွားသည်ဆိုသည့် အဖြစ်မျိုးကလည်း မရှားပါးလှပေ။
အခြားသူများက ဒီနေရာကိုရောက်ရန်အတွက်ရဂရုတစိုက် သေချာပြင်ဆင်ခဲ့ကြောင်း သူတို့ သိပေသည်။ထို့အပြင် ထိုသူများက မည်သည့်အဆင့်ရှိသည်ကိုလည်း သူတို့မသိရပေ။
အားလုံး၏ စိတ်အားထက်သန်နေသော အကြည့်များအောက်မှာပင် ဂိတ်တံခါးဝက ဖြေးညှင်းစွာ ပွင့်သွားပြီး အမှောင်ထဲမှနေ၍ တစ်စုံတစ်ဦးထွက်လာလေသည်။
.......
နှုတ်ခမ်းမွှေးနှင့် အကြီးအကဲက အနည်းငယ် မအီမသာပုံပေါက်နေသော ကျွင်းချင်ရှောင်းကို ကြည့်လိုက်သည်။သူ့၏ ရှေ့မှ အငွေ့တထောင်းထောင်းထနေသော ဥထမင်းကြော်ကို ကြည့်လိုက်ပြီး သူ့၏ နှုတ်ခမ်းမွှေးကော့ကော့လေးများ အနည်းငယ် မြင့်တက်သွားသည်။
ကျွင်းချင်ရှောင်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။သို့သော်လည်း သူ့၏ မျက်ဝန်းထဲတွင်တော့ ယုံကြည်မှုအပြည့် ရှိနေတုန်းဖြစ်သည်။အဖိုးအိုက ဇွန်းတစ်ချောင်းကိုယူ၍ ထမင်းကြော်တစ်ဇွန်းခပ်လိုက်သည်။
ထမင်းကြော်၏ ရနံ့က ခံတွင်းစိုလှစေသည်။ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ထမင်းစေ့လေးများက ချက်ချင်းကွဲထွက်သွားပြီး အရသာခံအာရုံကြောလေးများကို နှိုးဆော်လိုက်လေသည်။
သူတို့ ချက်ပြုတ်ရာတွင် အစစ်အမှန် စွမ်းအင်အသုံးပြုခြင်းကို ခွင့်ပြုမထားသော်လည်း ပြိုင်ပွဲဝင်များအားလုံးက မီးလျှံများကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
အကယ်၍ သူ့၏ မီးထိန်းချုပ်မှုသာ အနည်းငယ်တိမ်းစောင်းသွားလျှင် အရသာကိုလည်း အကျိုးသက်ရောက်သွားပေလိမ့်မည်။၎င်းက စားဖိုမှူးတစ်ယောက်၏ အခြေခံအတွက် မရေးကြီးဆုံး စစ်ဆေးမှုပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဒီကလေးများက အသားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးများကို စိန်ခေါ်ချင်သူများဖြစ်ကြသည်။သူတို့၌ အစစ်အမှန် ကျွမ်းကျင်မှုမရှိလျှင် စိန်ခေါ်ပွဲ၌ အားပျော့နေပေလိမ့်မည်။
"အင်း မဆိုးဘူး..."
ထမင်းကြော်တစ်ဇွန်းစားပြီးနောက် အဖိုးအိုက အံ့အားသင့်သွားပြီး အနည်းငယ်မျက်မှောင်ကြုတ်၍ ကျွင်းချင်ရှောင်းကို ကြည့်လိုက်သည်။ဒီထမင်းကြော်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ထိုကောင်လေးက ယခုအဆင့်ထိရောက်နေလိမ့်မည်ဟု သူမထင်ထားမိပေ။
ကြည့်ရသည်မှာ အဖိုးကြီးချိုက်က ဒီကောင်လေးပေါ်တွင် အများကြီး အားထုတ်ထားပုံရလေသည်။
"မင်းပိုပြီးတော့ ယုံကြည်မှုရှိသင့်တယ် မင်းရဲ အစားအစာက အရသာရှိတယ်...ကြိုးစားထား..."
အဖိုးအိုက ဇွန်းကို ပြန်ချလိုက်ပြီး ကျွင်းချင်ရှောင်း၏ ပုခုံးကို အသာပုတ်လိုက်သည်။ကျွင်းချင်ရှောင်း၏ တစ်ခုတည်းသော ပြစ်ချက်က သူ့တွင် တကယ်ယုံကြည်မှု ရှိမနေခြင်းပင် ဖြစ်သည်။သူက တခြားသူများကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်လေ့ရှိသည်။
ယုံကြည်မှု ပြည့်ပြည့်ဝဝရှိမှသာလျှင် သူတို့၏ အစားအစာများ၌ စိတ်စွမ်းအင် ဝိညာဉ် စွမ်းအားနှင့် စွမ်းအားများ လုံလုံလောက်လောက်ရှိပေလိမ့်မည်။
သူ့၏ သာလွန်သောမှတ်ချက်က ကျွင်းချင်ရှောင်းကို ဖုံးလွှမ်းသွားပေသည်။သူစိတ်လှုပ်ရှားတက်ကြွစွာဖြင့် ခေါင်းညိတ်လိုက်၏။သူ့၏ အစားအစာက အကြီးအကဲဆီမှ လက်ခံမှုရရှိလိုက်သည်။ဒါက သူမျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပေပြီ။
ခဏအကြာ၌ အကြီးအကဲက ပုဖန်ဆီသို့ ရောက်ရှိလာသည်။ပုဖန် သူ့လက်မှ ရေများကို သုတ်၍ မော့ကြည့်လိုက်သောအခါ ခံစားချက်မဲ့လှသော မျက်နာထားဖြင့် သူ့၏ စွပ်ပြုတ်ပွဲကို ကြည့်နေသော အဖိုးအိုက တွေ့လိုက်သည်။ထိုစွပ်ပြုတ်ပွဲကို တောက်ပမှုတစ်ချို့နှင့် ရောင်ခြည်သန်းလေးများ ဖုံးကာထားသည်။
"ဒါက မင်းရဲ့ဟင်းပွဲလား..."
အကြီးအကဲက အံ့အားတသင့်မေးလိုက်သည်။ပုဖန် ပုံမှန်အတိုင်း ခေါင်းညိတ်ပြလိုက်သည်။ထိုစွပ်ပြုတ်ပွဲက ပြင်းထန်လှသောမွှေးရနံ့များမရှ်ိသလို လှလည်းမလှပေ။
အစောပိုင်းက ပုဖန်ပြခဲ့သောလှုပ်ရှားမှုများနှင့် လွဲချော်နေပေသည်။
ဒီကလေးရဲ့ အချက်အပြုတ်စွမ်းရည်က တကယ့်ကို အမှိုက်သရိုက်ဖြစ်နေတာလား...ဒါအမှန်ပဲလား သူက ဓားကျွမ်းကျင်မှုမှာပဲ ထူးချွှန်တာလား...
ထိုသို့ တွေးလိုက်မိပြီးနောကိ အဖိုးအို မျက်မှောင်ကြုတ်လိုက်မိသည်။သူက ဒီကောင်လေးအား ကောင်းကင်ကမ္ဘာမြေမီးလျှံကို အကြောင်းမဲ့ စားခိုင်းခဲ့ခြင်းမဟုတ်ပေ။
သူဒီမီးလျှံကို အကြောင်းပြ၍ ထိုကောင်လေးအား အစားကြူးတောင်ကြားထဲတွင် နေခိုင်းရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။စိန်ခေါ်မှု နှစ်ခုအပြီး၌ ပုဖန်၏ အခြေခံက တကယ်ကို ကောင်းမွန်သည်ဟု သူထင်ထားခဲ့သည်။
သူက အစားကြူးဘုတ်ပြားထက်တွင် ရှိနေသော မွန်းစတားတစ်ချို့ထက် အားမနည်းပေ။သူထိုကဲ့သို့ ပါရမီရှိသူက အပြင်ဘက်ကမ္ဘာတွင်လည်းသာမန်စားဖိုမှူးတစ်ယောက်မဖြစ်နိုင်ပေ။
ပြင်ပမှ စားဖိုမှူးတစ်ယောက်က ထိုမျှလောက် အရည်အချင်းရှိနေသောကြောင့် သူတကယ်ကို အံ့အားသင့်ခဲ့ရသည်။ထိုကောင်လေးကိုသာ သူ့လက်အောက်သို့ ခေါ်လာခဲ့လျှင် တကယ်ကောင်းမည်ဟု ထင်ခဲ့သည်။
သို့သော်လည်း ပုဖန်ချက်ပြုတ်ထားသည့် ဟင်းပွဲကို မြင်ပြီးနောက် သူ အနည်းငယ်စိတ်ပျက်သွား၏ ။ကျွင်းချင်ရှောင်းလည်း ပုဖန်၏ ဟင်းပွဲကို မြင်ပြီးနောက် အကြီးအကဲကဲ့သို့ခံစားလိုက်ရသည်
ပုဖန်၏ ဟင်းပွဲက အံ့အားသင့်စရာပုံစံ (သို့မဟုတ်) အံ့မခန်းအပြင်မဆင်မဟုတ်ပဲ အရင်စွမ်းဆောင်မှုများနှင့် ကွာဝေးနေသည်။သို့သော်လည်းမည်သို့ပင်ဆိုစေ ပုဖန်ရရှိခဲ့သောပါဝငိပစ္စည်းများအား ဥတစ်လုံးနှင့် အသီးအရွက်တစ်ခုသာဖြစ်ကြောင်း သူမှတ်မိပေသည်။
ထိုကဲ့သို့သော ပာဝင်ပစ္စည်းမျိုးနဲ့ ဘယ်လိုလုပ် ကောင်းကောင်းချက်ပြုတ်နိုင်မှာလဲ...
ထို့ကြောင့် ကျွင်းချင်ရှောင်း ပုဖန်အတွက် စိတ်မကောင်းဖြစ်သွားသည်။ပုဖန်က ကျွင်းချင်ရှောင်းနှင့် အကြီးအကဲတို့၏ မျက်နာပေါ်တွငိ စိတ်ပျက်မှုကို မြင်လိုက်ရသောကြောင့် အံ့အားသင့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူတို့ နှစ်ယောက်ကို အကြည့်စူးစူးတစ်ချက်ပေးလိုက်သည်။
"မြည်းကြည့်လိုက် ခင်ဗျားတို့ အံသြသင့်သွားလိမ့်မယ်...ကျူပ်ရဲ့ စားစရာက ဘယ်တုန်းကမှမှ မကျရှုံးဖူးဘူး..."
ပုဖန်၏ ယုံကြည်မှု အပြည့်ရှိလှသော အသံက ကျွင်းချင်ရှောင်းကို အံ့အားသင့်သွားစေသည်။ပုဖန်၏ အသံက သူ့၏ စားစရာအပေါ်တွင် ခြွင်းချက်မရှိ ယုံကြည်မှုမျိုးရှိနေသည်။ထိုအသံက ကျွင်းချင်ရှောင်းကို ခံစားမှု တစ်မျိုးပေးစွမ်းလေသည်။
"သူ့ဟင်းပွဲက ဒီလောက်ရုပ်ဆိုးတာတောင် သူဘယ်လိုလုပ်ပြီး အဲ့ဒီလောက်ယုံကြည်မှုတွေရှိနေရတာလဲ..."
ပုဖန်၏စကားကြောင့် အဖိုးအို၏ မျက်ဝန်းများတောက်ပသွားသည်။ယုံကြည်မှုရှိခြင်းက ကောင်းလှပေသည်။သူက ယနေ့ခေတ် လူငယ်များ သတ္တိမရှိမှာကို စိုးရွံ့နေမိခြင်းဖြစ်သည်။
"ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်းရဲ့ ဟင်းပွဲကို ငါမြည်းကြည့်မယ်...မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်...တကယ်လို့ မင်းရဲ့ စားစရာက မကောင်းဘူးဆိုရင်တော့ မင်းကောင်းကင်ကမ္ဘာမြေမီးလျှံကို ပြန်ထွေးထုတ်ပေးရမယ်..."
"ကျုပ်မှာ စားနိုင်တဲ့ အစွမ်းရှိတယ်ဆိုမှတော့ ဘယ်တော့မှပြန်ထွေးထုတ်မှာမဟုတ်ဘူး..."
ပုဖန် နှုတ်ခမ်းတစ်ချက်တွန့်လိုက်ပြီးနောက် ချက်ချင်းပင် ငြင်းပယ်လိုက်သည်။သို့သော်လည်း အကြီးအကဲက ဒေါသမထွက်သွားပေ။သူ ဇွန်းတစ်ဇွန်းကို ကောက်ယူလိုက်ပြီး စွပ်ပြုတ်အနည်းငယ်ခပ်လိုက်သည်။
ဇွန်းနှင့် စွပ်ပြုတ်ထိလိုက်သည့်ခဏမှာပင် အကြီးအကဲ၏ မျက်ခုံးများ ပင့်တက်သွားပြီး သူ့၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက်လက်သွားသည်။
"ဟမ်း...စိတ်ဝင်စားစရာပဲ.."
သူ့လက်တွက် အနည်းငယ်အားထည့်လိုက်ပြီး စွပ်ပြုတ်၏ အပေါ်ယံအလွှာပါးကိုဆုတ်ဖြဲလိုက်သည်။စွပ်ပြုတ်မှ တောက်ပမှု တစ်ချို့ထွက်လာကာ အဖိုးအို၏ မျက်လုံးများဆီသို့ ရောက်လာပြီး ရနံများသင်းပျံ့သွားစေသည်
အခိုးအငွေ့နှင့် ထွက်ပေါ်လာသော မွှေးရနံ့များက နှာခေါင်းပေါက်ဝကို လာရောက်တိုက်ခိုက်သည်။အစားအစာ၏ ရနံ့နှင့် ဥ၏ ရနံ့က ပြည့်လျှံလှသည်။
အခိုးအငွေ့များနှင့်အတူ မွှေးရနံ့များက ချက်ချင်းပေါက်ကွဲထွက်လာပြီး နေရာမှာအနှံ့ ပြန့်နှံ့သွားသည်။
ဒါက ...
ကျွင်းချင်ရှောင်း ထိတ်လန့်တုန်ယင်သွားသည် ။
"သူ့၏ အနံ့က အရမ်းကို မွှေးပျံ့နေတာပဲ ဒါ တကယ်ကိုပဲ သာမန်ဟင်းပွဲဟုတ်ရဲ့လား..."
သာမန်ဟင်းပွဲတစ်ခုတွင် ထိုမျှ အံ့အားသင့်စရာကို တွေ့ရလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။ပုဖန် ယုံကြည်မှုရှိနေခြင်းက အံ့သြစရာမဟုတ်တော့ပေ။
"ဒါကို ဘယ်လိုခေါ်လဲ ..."
အကြီးအကဲက စွပ်ပြုတ်ကို မသောက်လိုက်သေးပဲ ပန်းကန်ထဲသို့ ပြန်လည်လောင်းထည့်လိုက်ပြီးမေးလိုက်သည်။
"ဒါကို အရောင်မတင်ရသေးသော ကျောက်စိမ်းလို့ခေါ်တယ်..."
ပုဖန်က လက်သုတ်ပုဝါကို ဘေးချလိုက်ပြီးနောက် သူ့ဆံပင်များကို ပြန်ဖြည်လိုက်ရင် ဖြေလိုက်သည်။
"အရောင်မတင်ရသေးတဲ့ ကျောက်စိမ်း ကျောက်ရိုင်းတုံး....ကောင်းလိုက်တဲ့ ကျောက်ရိုင်းတုံး..."
အဖိုးအို၏ မျက်ဝန်းထဲတွင် အလင်းရောင်များ လင်းလက်လာသကဲ့သို့ပင် သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။သူ စွပ်ပြုတ်ရည်ပျစ်ပျစ်ကို တစ်ဇွန်းခပ်လိုက်သည်။နှာခေါင်းထဲ တိုးဝင်လာသော မွှေးရနံ့က ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ အကြောအချဉ်များအားလုံးကို ပွင့်ထွက်သွားစေသည်။
ဥ၏ မွှေးရနံ့က ပိုးချည်မျှင်လေးကဲ့သို့ပင် သူ့၏ အရေအပြားကို ညှင်သာစွာပွတ်သပ်ပေးနေသည်။
ဂလု...
သူ စွပ်ပြုတ်ကို သောက်ချလိုက်သည်။စွပ်ပြုတ်ရည်များ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် သူ့၏ မျက်ဝန်းများ စုကျုံ့သွားသည်။စွပ်ပြုတ်၏ ရနံ့နှင့် ဥ၏ မွှေးရနံ့တို့ သမမျှတစွာ ရောစပ်ထားပြီး ထူးခြားလှသော သင်းရနံ့ကို ထုတ်လွင့်ပေးနေသည်။
၎င်းက တကယ့်ကို ကောင်းမွန်းလှသည်။ဥ အနှစ်ရည်လေးများကလည်း သူ့၏ ပါးစပ်ထဲတွင် ပိုးမျှင်များကဲ့သို့ ချောမွေ့စွာ စီးဆင်းသွားသည်။သူ့အတွက် နှစ်သက်စရာ ခံစားချက်တစ်ခုကို ချန်ရစ်ထားခဲ့လေသည်။
"ဒီစွပ်ပြုတ်က တကယ်ကိုပဲ တခြားဟင်းပွဲတွေနဲ့ ကွဲထွက်နေတယ် ..."
အကြီးအကဲက အဖိုးတန်လှသော စွပ်ပြုတ်တစ်ပန်းကန်လုံးကို သောက်လိုက်ပြီးနောက်ပန်းကန်ကိုပြန်ချလိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူခပ်ပြုံးပြုံးဖြင့် ပုဖန်ကို ခဏမျှ လေ့လာအကဲခတ်နေသည်။ပုဖန် ဒီကောင်လေးက အစားကြူးတောင်ကြားထဲတွင် နေကို နေရပေမည်။သူ့၏ ပါရမီအရည်အချင်းက တကယ့်ကို အံ့အားသင့်စရာကောင်းလှပေသည်။
"ကောင်းပြီ ငါမင်းတို့အားလုံးရဲ့ စားစရာတွေကို မြည်းစမ်းကြည့်ပြီးသွားပြီ ကံမကောင်းစွာနဲ့ပဲ ဒီစိန်ခေါ်မှုကို ၁၀ယောက်ပဲ ဖြတ်ကျော်နိုင်တယ် ဒါကြောင့် တစ်ချို့က ဝင်ရောက်ဖို့ အရည်အချင်းမပြည့်မီတော့ဘူး...ဒါပေမယ့်လည်း မင်းတို့ ကျရှုံးတယ်ဆိုပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်ကို အဆုံးရှုံးမခံပါနဲ့...မင်းတို့က ပြိုင်ပွဲမှာ ဝင်ပါနိုင်ပြီး အစားကြူးဘုတ်ပြားပေါ်က စားဖိုမှူးတွေကို စိန်ခေါ်နိုင်ပါသေးတယ်...မင်းတို့မှာ အရည်အချင်းရှိသရွေ့ ကံကောင်းခြင်းတွေက မင်းတို့ ပိုင်ဆိုင်ရမယ့်အရာပါပဲ စိန်ခေါ်မှုကို ဖြတ်ကျော်နိုင်သွားတဲ့ သူက အစားကြူးနတ်ဘုရားအဆာက်အဦးရဲ့ ဂိတ်တံခါးဝကြီးကို ဖြတ်ကျော်ပြီး အစားကြူးဘုတ်ပြားပေါ်မှ နာမည်ရေးထိုးထားခွင့်ရှိတဲ့ စားဖိုမှူးတွေနဲ့ ရင်ဆိုင်ပါ...သူတို့က မင်းတို့ကို တွေ့ဖို့ မစောင့်နိုင်တော့မှာတောင် ငါစိုးရွံ့မိပါတယ်..."
အကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေရင်း စိန်ခေါ်မှုကို ဖြတ်ကျော်နိုင်ခဲ့သော စားဖ်ိုမှူးများကို ကြည့်နေသည်။ထိုလူ ၁၀ ယောက်အုပ်စုက စိတ်လှုပ်ရှားနေပုံရပြီး သူတို့၏ ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်က တဟုန်ထိုးတိုးတက်လာသည်။
မျက်နာသေနှင့် အမျိုးသားက ခေါင်းညိတ်လိုက်ပြီးနောက် အရှေ့သို့ လျှောက်သွားသည်။သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့၏ အော်ရာများက အဆက်မပြတ်မြင့်တက်လာသည်။
ထို့နောက်သူက ကြီးမားလှသော ကြေးတံခါးကြီးအပေါ်တွင် လက်တင်ထားလိုက်သည်။သူ့၏ လက်မောင်းကြွက်သားများက ကျောက်တုံးကြီးများကဲ့သို့ ဖောင်းကြွလာ၏။
ယား...
သူ့၏ စွမ်းအင်များကို ပို့လွှတ်လိုက်သည်နှင့် ကြီးမားလှသော ဂိတ်တံခါးကြီးက တဖြေးဖြေးချင်း ပွင့်လာလေသည်။