အပိုင်း ၆၇၄
Viewers 53k

အခန်း ၆၇၄

ငါဒီအိုးနက်ကြီးကို မသယ်ထားပေးနိုင်ဘူး ...


မျက်နာသေအမျိုးသား၏ ကြွက်သားများက ဖောင်းကားလာကာ သူ့၏ ကြောက်မက်ဖွယ်အော်ရာများကလည်း ပေါက်ကွဲထွက်ပေါ်လာသည်။သူကျယ်လောင်စွာ အော်ဟစ်မာန်သွင်းလိုက်ပြီးနောက် ကြီးမားလှသော ဂိတ်တံခါးကြီးက ဖြေးညှင်းစွာပွင့်လာလေသည်။


ပုဖန်နှင့်တစ်ခြားသူများက မျက်နာသေအမျိုးသား၏ နောက်တွင် မတ်တပ်ရပ်နေကြလေသည်။တံခါး၏ ပွင့်ဟသွားသော ကြားထဲမှ အပြင်ဘက်မှ စူးရှသောအလင်းရောင်များဝင်လာ၏။ ထို့နောက် တဖြေးဖြေးချင်း အလင်းရောင်များက ပြန့်ကားလာသည်။၎င်းက မျက်စိကို အနည်းငယ် မနှောက်အယှက်ပေးလေသည်။


"ဒါက မျှော်လင့်ခြင်း တံခါးပေါက်ပဲ ဒီတံခါးပေါက်နေ ဖြတ်သန်းသွားနိုင်တဲ့သူတွေက အစားကြူးဘုတ်ပြားပေါ်မှာရှိတဲ့ စားဖိုမှူးတွေကို စိန်ခေါ်နိုင်လိမ့်မယ်...ဒီမျှော်လင့်ခြင်းတံခါးက မင်းတို့ရဲ့ အိပ်မက်တွေကို ဖြည့်ပေးနိုင်လိမ့်မယ်..."


နှုတ်ခမ်းမွှေးနဲ့ အကြီးအကဲက လက်နှစ်ဖက်ကို နောက်ပစ်၍ အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ကျွင်းချင်ရှောင်း၏ မျက်နာက စိတ်လှုပ်ရှားမှုဖြင့် နီရဲနေသည်။


"မျှော်လင့်ခြင်းတံခါး...ပြောတာကောင်းလိုက်တာ...သူတို့ရဲ့ အိပ်မက်ကလည်း အစားကြူးဘုတ်ပြားပေါ်က လူကို အနိုင်ယူပြီး သူတို့နေရာမှာအစားထ်ိုးဝင်ရောက်ဖို့ပဲ မဟုတ်လား...တကယ်ကိုပဲ မျှော်လင့်ချက်လိုအပ်တာပေါ့ တကယ်ကိုပါပဲ ..."


ပုဖန်၏ အသွင်အပြင်က ရေမျက်နာပြင်ကဲ့သို့ပင် တည်ငြိမ်နေသည်။၎င်းက တခြားသူများအတွက် မျှော်လင့်ခြင်းတံခါးဖြစ်ပေလိမ့်မည်။သို့သော်လည်း သူက အလျင်လိုနေပေသည်။နောက်ဆုံးတော့ သူ ရင်ပြင်ကျယ်ရှိရာသို့ ဝင်ရောက်ခွင့်ရပေပြီ။ထိုကျော်ကြားလှသော စားဖိုမှူးက ထိုနေရာတွင်ရှိနေသင့်ပေသည်။


ပုဖန် အတွေးများထဲ နစ်မြောသွားသည်။သို့သော်လည်း တခြားသူများက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တံခါးကို ကြည့်နေသောကြောင့် မည်သူမှ သတိမပြုမိပေ။ဂိတ်တံခါးပွင့်ဟသွားသည်နှင့် တောက်ပသောအလင်းရောင်က သူတို့၏ မျက်နာပေါ်အရိပ်ထင်ဟပ်လာသည်။


လှပသောအမျိုးသမီးက တစ်ခစ်ခစ်ရယ်မောလိုက်ပြီး မြေပြင်ပေါ် ခြေလှမ်းလိုက်သည်။မျက်နာသေအမျိုးသားက တံခါးဖွင့်ပြီးနောက် ပင့်သက်အသာရှိုက်လိုက်သည်။ထို့နောက် သူ့၏ လက်သီးနှစ်လုံးဖြင့် တူညီသော နေရာတစ်ခုကို ထ်ိုးနှက်လ်ိုက်သည်။


ပြီးသည်နှင့် သူက စပရင်တစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ လွင့်ပျံတက်လိုက်သည်။အမျိုးသမီးနှင့် အမျိုးသားနှစ်ယောက်လုံးက အလင်းအရှိန်နှုန်းဖြင့် ရင်ပြင်ကျယ်ရှိ စင်မြင့်များဆီသို့ ပျံသန်းသွားလေသည်။ပွဲပြည့်ပရိတ်သတ်များက ထိုနှစ်ယောက်ကို မြင်လိုက်သည်နှင့် ကျယ်လောင်စွာအော်ဟစ်ကြလေသည်။ပုံမှန်အားဖြင့်လူများစွာက ထိုမျက်နာသေအမျိုးသားနှင့်လှပသော အမျိုးသမီးကိုသိကြပေသည်။


အမျိုးသမီးကို ပို၍ လူသိများကြပေသည်။ထ်ိုနှစ်ယောက်စလုံးက အစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးများဖြစ်ကြသည်။တခြားစကားနှင့် ပြောရမည်ဆ်ိုလျှင်ပုဖန်က ထိုသူနှစ်ယောက်ကိုလည်း စိန်ခေါ်နိုင်ပေ။


စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော မျက်နာသေအမျိုးသားက သူ့၏ စင်မြင့်ပေါ်သို့ တက်လှမ်းလိုက်ပြီးနောက် တည်ငြိမ်သော မျက်နာထားနှင့် တင်ပျစ်ခွေ၍ ထိုင်လိုက်သည်။


လှပသောအမျိုးသမီး၏ ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်လေးက ယိမ်းနွဲ့နေ၏။ သူမ၏ ရင်သားများကလည်း လှုပ်ရမ်းခါနေသည်။သူမက ပန်းလေးတစ်ပွင့်ပွင့်လန်းလာသလို ပြုံးလိုက်ပြီးနောက် စင်မြင့်ထက်ဆီသို့ ခြေချလိုက်သည်။


"ကောင်းပြီ မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့ကြ ..."


အကြီးအကဲက အပြုံးဖြင့် ပြောလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်၍ အရှေ့မှ လျှောက်လိုက်သည်။ခဏအကြာ၌ သူတို့အားလုံး ရင်ပြင်ကျယ်ရှိရာဆီသို့ ဝင်ရောက်လာလေသည်။အဖိုးအိုက မြန်မြန်ဆန်ဆန်မလျှောက်သောကြောင့် သူတ်ို့အားလုံးကလည်းအဖိုးအိုနောက်ကနေ တစ်လှမ်းချင်း ဖြေးညှင်းစွာလိုက်လာလေသည်။


ဘယ် ညာ ဘယ် ညာ...


သူတို့အားလုံးက တည်ငြိမ်စွာဖြင့် လှမ်းလာနေကြသည်။ထိုအချိန်မှာပင် အကြီးအကဲက ရင်ပြင်ကျယ်ကွက်လပ်နေရာ၌ ပေါ်ထွက်လာလေသည်။ကြည့်ရှုနေသူများအားလုံးက အကြီးအကဲ၏ နောက်မှ ပါလာသော ပြိုင်ပွဲဝင် ၁၀ယောက်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။


အဘယ့်ကြောင့်ဆိုသော် သူတို့ ထွက်ပေါ်လာသည့် အဓိပ္ပါယ်က အစားကြူးနတ်ဘုရားစားသောက်ပွဲက အထွဋ်အထိပ်သို့ ရောက်လာပြီဆိုသည့် အဓိပ္ပါယ်ပင်.။


လေပေါ်ဝဲ စင်မြင့်များပေါ်တွင် ထိုင်နေကြသည့် ပညာရှင်များစွာကလည်း ထိုပြိုင်ပွဲဝင်များကိုမကြာခင်ပင် တိုက်ခိုက်တော့မည့် စစ်သူရဲများကိုကြည့်သလိုမျိုး ပြုံး၍ ကြည့်နေကြသည်။


တစ်ချို့က အာရုံစူးစိုက်၍ ကြည့်နေကြသလို တစ်ချို့ကလည်းအနည်းငယ် အံ့အားထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။ရှောင်ယုက ထ်ိုလူအုပ်ထဲသို့ ကြည့်လိုက်စဉ် ပုဖန်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်မှင်သက်သွားမိသည်။


"ဘယ်လိုဖြစ်လို့ ပိုင်ရှင်ပုက အဲ့ဒီကို ရောက်နေတာလဲ ...သူ ဘယ်လ်ိုလုပ်ပြီးစိန်ခေါ်သူ ဖြစ်လာရတာလဲ...သူ့ရဲ့ ကျွမ်းကျင်မှုနဲ့တောင်မှပဲ သူက တခြားသူတွေကို စိန်ခေါ်ချင်သေးတာလား..."


သူမ၏ ပါးစပ်ထဲသို့ အစားအစာများသွတ်သွင်းနေသည့် ကလေးမလေးကလည်းပုဖန်ကို မြင်လိုက်သည့်ခဏ၌ မျက်လုံးလှန်လိုက်မိသည်။သူမက ပလုတ်ပလောင်းဖြင့် ဆီများစိုအိနေသည့် လက်ညှိုးဖြင့် ပုဖန်ကို ညွှန်လိုက်သည်။သူမကိုကြည့်ရသည်မှာ တကယ်ကို စိတ်လှုပ်ရှားနေပုံပေါက်၏ 


ကောင်းကင်နွေဦးသူတော်စင်သားတော်နှင့် လျန်ချိမ်တို့ကလည်းပုဖန်ကို မြင်လိုက်ကြသည်။သူတို့၏ အမူအရာများက ဆိုးရွားသွားကြသည်။


ပုဖန်ကို သတ်ဖို့စေလွှတ်လိုက်တဲ့ သူတို့ရဲ့ လက်အောက်ငယ်သားတွေအားလုံးက သေသွားကြတာလား...ဒီကောင်လေးက ဘယ်လိုလုပ်ပြီးအသက်ရှင်နေသေးတာလဲ သူက တအားကံကောင်းနေတာပဲ...


ပုဖန်ကို မြင်လိုက်သည့်ခဏ၌ ကောင်းကင်နွေဦး သူတော်စင်သားတော်၏ အော်ရာများက ချက်ချင်းပင်မြင့်တက်လာလေသည်။သူ့၏ စင်မြင့်ကလည်း တုန်ခါသွားသည်။၎င်းက အချိန်မရွေးပြိုကျသွားတော့မည့်ပုံပေါ်လေသည်။


"သေသင့်တဲ့ ကောင်လေး...မင်းက ငါ့ရဲ့ လန်ကျီနှင့် လုကျီတို့ကို သတ်ခဲ့တယ် ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းမခုတ်ဖြတ်ရဘူးဆိုရင် ငါနှလုံးသားထဲက ဒေါသတွေကို ဘယ်လိုမှရဖြေလျော့နိုင်မှာမဟုတ်ဘူး..."


ကောင်းကင်နွေဦးသူတော်စင်သားတော်က ပုဖန်ကို စူးစူးရဲရဲကြည့်လိုက်ပြီးနောက် စားပွဲခုံကို ရိုက်ချလိုက်သည်။စန္ဒကူးသား စားပွဲက ကျေမွသွားပြီး အဘက်ဘက်သို့ လွင့်ပျံသွားသည်။


သူမတ်တပ်ထရပ်လိုက်၏ သူ့၏ မျက်နာကလည်းရေခဲတမျှ အေးစက်နေပေသည်။သူ့၏ အော်ရာများက ဘေးပတ်ဝန်းကျင်ရှိ လူများကိုပင် တုန်ရီစေလေသည်။ချီကျီက ကောင်းကင်နွေဦးသူတော်စင်သားတော် ခြင်္သေ့ရိုင်းတစ်ကောင်ကဲ့သို့ ဒေါသထွက်လာသည့်ခဏ၌ သူမတုန်ယင်ကြောက်လန့်သွားပြီးအသက်ပင် ရဲရဲမရှူဝံ့တော့ပေ။


"သူ သူတော်စင်သားတော်... အရှင် ကျွန်မတို့က အခု အစားကြူးနတ်ဘုရားစားသောက်ပွဲထဲမှာလေ..."


သူတော်စင်သားတော်၏ ဒေါသများ လွင့်ထွက်သွားတော့မည်ကို သတိပြုမိလိုက်ပြီးနောက် ချီကျီက သတိပေးလိုက်သည်။


"အစားကြူးနတ်ဘုရားစားသောက်ပွဲ ဟုတ်လား...အဲ့ဒီတော့ကော ဘာဖြစ်လဲ ငါက ကောင်းကင်နွေဦး သူတော်စင်သားတော်ပဲ ငါ သေစေချင်တဲ့ သူက သေကိုသေရမယ်..."


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက လျှပ်စီးများကဲ့သို့ စူးရှနေသည်။သူ့ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ဝတ်စုံကလည်း တောက်ပလှသောအလင်းများကို ထုတ်လွင့်နေ၏။


သူရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရင်း လေထဲ မျောလွင့်လိုက်သည်။သူ့၏အော်ရာများကလည်း ချက်ချင်းပင် ပြန့်နှံ့သွားလေသည်။သူလက်မြောက်လိုက်သည်နှင့် မည်သည့်နေရာကရောက်လာမှန်းမသိသောလှံတစ်ချောင်းပေါ်လာသည်။ထိုလှံက ခမ်းနားကြီးကျယ်လှပြီး လက်ရာမြောက်လှသော အစီအရင်များကို ရေးထွင်းထားလေသည်။


လှံပေါ်တွင် တပ်ဆင်ထားသော သလင်းကျောက်များ၏တောက်ပမှုက လှပလှပြီး ၎င်းတို့က လှံကို စွမ်းအင်ထောက်ပံ့ပေးနေလေသည်။ရင်ပြင်ကျယ်တစ်ခုလုံးကို မုန်တိုင်းတစ်ထု တိုက်ခိုက်သွားသလိုပင် ထင်ရသည်။သတ်ဖြတ်ခြင်း အငွေ့အသက်များကနေရာအနှံ့ကို ရိုက်ခတ်လာ၏။


ကောင်းကင်နွေဦး သူတော်စင်သားတော်၏ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များက ပုဖန်ဆီသို့ ဦးတည်နေလေသည်။အားလုံး ခဏမျှ အံ့အားသင့်သွားကြပြီးနောက် ထိတ်လန့်စွာ အော်သံများထွက်ပေါ်လာသည်။


"ဘာတွေ ဖြစ်နေတာတုန်း...ဘုရားရေ ကောင်းကင်နွေဦး သူတော်စင်သားတော်က အစားကြူးနတ်ဘုရားစားသောက်ပွဲအလယ်မှာ လူသတ်ချင်နေတယ် "


"ဟ ဒါက ပျော်စရာပဲ..."


"အိုး ကောင်းကင်နွေဦးသူတော်စင်သားတော်က စားဖိုမှူးလေးကို သတ်ချင်နေတာလား...သူကအပြစ်ကင်းတဲ့ စိန်ခေါ်သူလေးပဲ မဟုတ်ဘူးလား..."


ပုဖန်က ခေါင်းငှဲ့စောင်း၍ လေထဲတွင် နတ်ဘုရားကဲ့သို့ ရပ်တည်နေသော သူတော်စင်သားတော်ကို ကြည့်လိုက်သည်။ထိုသူဆီမှ အဆုံးအစမဲ့လှသော အော်ရာများက ပုဖန်ကို ဖိနှိပ်လာလေသည်။ကြည့်ရသည်မှာသူတော်စင်သားတော်က မြေပေါ်လဲပြိုကျသွားစေလေသည်။ပုဖန်က အနည်းငယ်မှ သက်ရောက်မှုကို မခံစားရပေ။


ပုဖန်နားတွင် ရှိနေကြသော သူများက မျက်နာပျက်ယွင်းကာအနောက်သို့ ဆုတ်သွားကြသော်လည်း ပုဖန်က ရပ်တည်နေတုန်းပင်ဖြစ်သည်။သူ့၏ ခံစားချက်မဲ့ မျက်ဝန်းများနှင့် သူတော်စင်သားတော်၏ သတ်ဖြတ်ခြင်းမျက်ဝန်းများ ထိပ်တိုက်တွေ့ဆုံသွားလေသည်။


နှုတ်ခမ်းမွှေးကားကားနှင့် ဆဠမမြောက် အကြီးအကဲက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း သူတော်စင်သားတော်၏ အရှိန်အဝါများကို ပယ်ဖျက်လိုက်သည်။


"ကောင်းကင်နွေဦးသူတော်စင်သားတော် မင်းဘာလုပ်ဖို့ ကြံရွယ်နေတာလဲ...သူတို့က စိန်ခေါ်သူတွေပဲ ...မင်းဘာလို့ သူတို့ကို ခြိမ်းခြောက်ချင်နေတာလဲ..."


အကြီးအကဲ၏အက်ရှလှသော အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။သူတော်စင်သားတော်က သူ့၏ လှံကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် သတ်ဖြတ်ခြင်းအငွေ့အသက်များထုတ် လွင့်လျက် လေထဲမှ လျှောက်လှမ်းလာခဲ့သည်။


"ဖြူနီစားဖ်ိုမှူး ဝတ်စုံကို ဝတ်ဆင်ထားတဲ့ စားဖိုမှူးက ငါ့ရဲ့ အကူနှစ်ယောက်ကို သတ်လိုက်တယ် ပြောကြည့်စမ်းပါဦး သူက သေဖို့မထိုက်တန်ဘူးလား..."


သူတော်စင်သားတော်က အေးစက်စွာပြောလိုက်သည်။အားလုံးဆူဆူညံညံဖြစ်သွားပြီးပုဖန်ကို ထိတ်လန့်တကြားကြည့်လိုက်ကြသည်။


"ဒီစားဖိုမှူးလေးက သူတော်စင်သားတော်ရဲ့ အကူနှစ်ယောက်ကို သတ်ရဲတယ်လား..သူ အဲ့ဒီသတ္တိတွေ ဘယ်ကရလာတာလဲ..."


ကောင်းကင်နွေဦး သူတော်စင်သားတော်ကို စော်ကားလိုက်ခြင်းကောင်းကင်နွေဦး သန့်စင်နယ်မြေတစ်ခုလုံးကို ရန်စလိုက်ခြင်းနှင့် မခြားပေ။သူ ဆိုးရွားသောလက်တုံ့ပြန်မှုကို ခံစားရပေလိမ့်မည်။


အဖြူရောင်မျက်နာကာကို ဝတ်ဆင်ထားသော အာကာသနတ်သမီးက သူမ၏ ဆံနွယ်နက်များကို သိမ်းလိုက်ရင်း ပုဖန်ကို သေချာစွာအကဲခတ်နေသည်။


ရှောင်ယုမျက်မှောင်ကြုတ်လိုက်သည်။သူ့နောက်ကျောမှ ဓားက အသံမြည်လာပြီးနောက် အလင်းရောင်တစ်ချက်နှင့်အတူပျံသန်းထွက်ပေါ်လာသည်။


သူဓားဖြင့် ပျံသန်းသွားရန် ကြံရွယ်လိုက်သည်။သို့သော်လည်းလူတစ်ယောက်က သူ့ကို တားလိုက်လေသည်။လျန်ချိမ်က ရှောင်ယုကို ပြုံး၍ ကြည့်လိုက်၏။


"ညီအကို အဆင်အခြင်မဲ့ အလုပ်ပါနဲ့ ငါတို့ရဲ့ ကောင်းကင်ဗဟ်ို သန့်စင်နယ်မြေကို ပြဿနာတွေ မယူဆောင်ပါနဲ့..."


"ဘေးဖယ်..."


ရှောင်ယုက သူ့ဒေါသများကို ဖိနှိပ်ရင်း အေးစက်စွာဖြင့် ပြောလိုက်သည်။


"ဒီလိုဆိုတော့လည်းမင်းမှာစွမ်းရည်ရှိမရှိ ကြည့်ရတာပေါ့ ..."


လျန်ချိမ် သူ့၏ အင်္ကျီလက်ကို ယမ်းခါလိုက်သည်နှင့် အပြာရောင်တောက်ပလှသော ဓားရှည်တစ်ချောင်းထွက်ပေါ်လာသည်။


ရင်ပြင်ကျယ်ထဲရှိ အခြေအနေက မုန်တိုင်းထန်တော့မည့် အခြေအနေသို့ ပြောင်းလဲသွားသော်လည်း ကြည့်နေသူများက အတိအကျ သဘောမပေါက်သေးပေ။


"ဒီလိုစားဖိုမှူးလေးက အန္တရာယ်များတဲ့ အခြေအနေမျိုးကို ဘယ်လိုလုပ်ဖန်တီးနိုင်မှာလဲ သူက တကယ်ပဲ ဘယ်သူလဲ ..."


ဆဠမမြောက်အကြီးအကဲက ပြောစရာစကားမဲ့သွားပြီးပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။


အလျင်လိုနေတယ်... အလျင်လိုနေတယ်နဲ့ မင်းအလျင်လိုနေတာက ဒီလိုပြဿနာတွေ ရှုပ်အောင်လုပ်ဖို့လား...


ခေါက်ဆွဲဘုရင်ဆိုင်မှ ချွီရန်ချန်းဖုန်က ပုဖန်ကိုကြည့်၍ ပြုံးလိုက်သည်။ထိုစားဖိုမှူးက စိန်ခေါ်သူအဖြစ် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူတကယ်ကို စိတ်လှုပ်ရှားနေမိသည်။သူက ပုဖန်၏ စွမ်းရည်ကိုမျက်မြင်ကြုံတွေ့ထားပြီးသားဖြစ်သည်။ထို့ကြောင့် ဖြစ်ပေါ်လာမည့် အံ့အားသင့်စရာ ကိစ္စများကို ကြိုတင်မျှော်လင့်နေပေသည်။


သူ့၏ ဝိုင်နံ့ကြားထဲတွင် နစ်မြှုပ်နေသော ဝမ်ရမ်ရှန်ကလည်း ပုဖန်ကို တွေ့သောအခါ၌ ပြုံးလိုက်သည်။


"စိတ်ဝင်စားစရာပဲ အဲ့ဒီကောင်လေး ထပ်ပေါ်လာပြန်ပြီ..."


ရင်ပြင်ကျယ်၏ လေထုအခြေအနေက ရုတ်ချည်းတင်းမာနေလေသည်။ပရိတ်သတ်များက မည်သို့ ဖြစ်ပျက်လာမည်ကို စောင့်မျှော်ကြည့်နေကြသောကြောင့် အသက်ပင် ရဲရဲမရှူရဲကြပေ။


မဟာအကြီးအကဲ ချူချန်းရှန်က ငြိမ်သက်စွာထိုင်နေလေသည်။သူ ဝိုင်တစ်ခွက်လောင်းထည့်လိုက်၏။ကောင်းမွန်လှသော ဝိုင်က လည်ချောင်းထဲ စီးဆင်းသွားသည်နှင့်အမျှ သူ့၏ မျက်နာထားက ပို၍ နူးညံ့လာသည်။


"အစားကြူးနတ်ဘုရားစားသောက်ပွဲမှာပြဿနာတွေ မဖန်တီးကြနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စတွေရှိသေးတယ် ဒါ့ကြောင့် မင်းတို့ ပြဿနာရှင်းချင်တယ်ဆိုရင် ပွဲပြီးမှ ရှင်းကြ..."


အကြီးအကဲ ချူချန်းရှန်က သူ့၏ ဝိုင်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ရင်း ညှင်သာစွာပြောလိုက်သည်။သူ့၏ အသံကို ကြားလိုက်ရသည့်ခဏ၌ လူအားလုံး အနည်းငယ်အံ့အားသင့်သွားပြီးနောက် ပင့်သက်ရှိူက်လိုက်ကြသည်။နောက်ဆုံးတော့ အကြီးအကဲ ဝင်ပြောလာလေပြီ။


ကောင်းကင်နွေဦး သူတော်စင်သားတော်၏ မျက်နာက အေးစက်မှောင်မဲနေသည်။သူက အကြီးအကဲဘက်သို့လှည့်၍ စူးစိုက်ကြည့်လိုက်သည်။


"အကြီးအကဲ ကျုပ်ရဲ့ အကူက ဒီလူရဲ့ အညှာအတာမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဒီကောင်ကို အပိုင်းတစ်ထောင်လောက် ပိုင်းဖြတ်သင့်တယ်..."


ချူချန်းရှန်က တည်ငြိမ်စွာဖြင့် ဝိုင်တစ်ခွက် ထပ်လောင်းထည့်လိုက်သည်။ခဏမျှအကြာမှ သူခေါင်းမော့၍ ကြည့်လိုက်သည်။


"မင်းဘာလုပ်ချင်တယ်ဆိုတာကို ငါဂရုမစိုက်ဘူး...မင်း အစားကြူးနတ်ဘုရားစားသောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့် ..."


"ငါ မစောင့်နိုင်ဘူး ဒီပုရွတ်ဆိတ်လို နိမ့်ကျတဲ့ အကောင်ကို သတ်ဖို့အတွက် ငါအချိန်အများကြီး မယူဘူး ...အကြီးအကဲ ကျုပ်ကို အသက်တစ်ရှိုက်စာပဲ အချိန်ပေးပါ..."


ထိုသို့ပြောလိုက်ပြီးသည်နှင့် ကောင်းကင်နွေဦးသူတော်စင်သားတော်က စကားထပ်မဆိုတော့ပဲ သူ့၏ အကြည့်များက လျှပ်စီးကဲ့သို့ စူးရှသွားသည်။သူ့လက်ထဲမှ လှံက အရှိန်ဖြင့် လွှဲယမ်းသွားပြီး ပုဖန်ကို ချိန်ရွယ်လိုက်သည်။


သူတော်စင်သားတော်က အတောင်ပံများဖြန့်ကားထားသော သိမ်းဌက်တစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်။သူ့၏ လှံလက်ကိုင်ပေါ် တက်နင်းလိုက်ပြီးနောက် ခြေထောက်မှတစ်ဆင့် အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ထို့နောက် လှံပျံနှင့်အတူ ပုဖန်ဆီသို့ ဦးတည်သွားလေသည်။


အားလုံးထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က အကြီးအကဲ ချူချန်းရှန်၏ စကားများကို လုံးဝ လျစ်လျူရှူလိုက်သေးသည်။


သူက အစားကြူးအဆောက်အဦး ရင်ပြင်ကျယ်၌ပင် လှုပ်ရှားရဲသည်။၎င်းက အစားကြူးတောင်ကြားကို မျက်နာဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ရူးသွပ်လှပေသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က မောက်မာဝင့်ကြွားလွန်းသည်ဟု ကောလဟာလများရှိခဲ့သည်။ယခုမူသူတို့အားလုံး မျက်မြင်တွေ့ရပေပြီ။ကောလဟလများက မှန်ကန်နေပေ၏။


ပုဖန်ကောင်းကင်နွေဦးသူတော်စင်သတော်လှုပ်ရှားလာသည်ကို တွေ့လိုပ်သည့်အခါ၌ သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။သူက တစ်စုံတစ်ရာတွေးတော ချိန်ဆနေပုံဖြင့် အကြီးအကဲ ချူချန်းရှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။


"ဟေး အဖိုးကြီး ဒီလူရဲ့အကူကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်တဲ့လူက ခင်ဗျားနဲ့တူတယ်... ကျုပ်လုပ်တာ မဟုတ်ဘူး အဲ့ဒီတော့ ကျုပ်က ဒီအိုးပူပူကြီးကို ခင်ဗျားအတွက် မသယ်ပေးထားနိုင်ဘူး..."


ပုဖန် အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။သူ့၏ အသံက မကျယ်လှသော်လည်း ပရိတ်သတ်များအားလုံး ကြားလိုက်ရ၏။သူတို့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်ဖြူလှန်လိုက်မိသည်။


သူတော်စင်သားတော်၏ သက်တံကဲ့သို့ ဖြာထွက်နေသော သတ်ဖြတ်ခြင်းအငွေ့အသက်များကရပ်တန့်သွားသည်။သူ့၏ မျက်နာက အနည်းငယ်ရှုံ့မဲ့သွားလေသည်။