အပိုင်း ၆၇၆
Viewers 53k

အခန်း ၆၇၆

ဝမ်ရန်ရှန်၏ မီးဖိုချောင်သုံးဓား...


အစားပုပ်နတ်ဘုရားမြို့တော်၏ အပြင်ဘက် ဆည်းဆာရေကန်တွင် ကြီးမားလှသော လှိုင်းလုံးများ တဝုန်းဝုန်းရိုက်ခတ်နေသည်။ကူးခတ်နေသော ငါးများက နေရာအနှံ့သ်ို့ ပြန့်လွင့်သွားပြီး ပြင်းထန်သော မြှားများကဲ့သို့ ကမ်းခြေနှင့် ရိုက်မိသွားကြသည်။


ကမ်းခြေတွင် အပေါက်ကြီးများချန်ခဲ့ကြ၏။ရေများတဝုန်းဝုန်း ဆူညံစွာရိုက်ခတ်နေစဉ်မှာပင် အကြေးခွံများနှင့် ပြည့်နှက်နေသော လက်တစ်ဖက်က ကမ်းခြေပေါ်ရောက်လာသည်။


ထိုခဏ၌ ဧရာမခန္ဓာကိုယ်ကြီးတစ်ခုနှင့်အတူ ရေမျက်နာပြင်အမြင့်ပါမြင့်တက်လာလေသည်။၎င်းက မိကျောင်းခေါင်းတိုဖြစ်သည် ။မိကျောင်းခေါင်းတိုကြီးက သူ့၏ ပါးစပ်ကို ဖွင့်ဟ၍ချိုမြလှသော သွားများကို လှစ်ဟလိုက်သည်။အလင်းပြန်မှုကြောင့် သွားများက တောက်ပနေ၏။


၎င်းက ကမ်းခြေပေါ်သို့ တွားသွားတက်လာသည်။ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်က တုန်ခါသွားသည်။၎င်းထွက်ခွာသွားပြီးနောက် ဘောင်ပင်ခတ်နေသော ဆည်းကန်၏ ရေအလျင်က ပြန်လည်ငြိမ်သက်သွားသည်။


ကမ်းခြေပေါ်သို့ တက်လာသော ရေများကလည်း ပြန်လည်ကျဆင်းသွား၏။ထိုမိကျောင်းကြီးလျှောက်လိုက်တိုင်း မြေပြင်က တုန်ခါနေသော်လည်း သူက ဟိန်းဟောက် အော်ဟစ်ခြင်းမရှိပေ။သူက တဖြေးဖြေးချင်း တွားသွားရင်း အဝေးသို့ ထွက်ခွာနေလေသည်။


အစားပုပ်နတ်ဘုရားမြို့တော်အနီးရှိ တိတ်ဆိတ်အေးချမ်းလှသော ရွာလေးတစ်ရွာသည် နေရောင်၏ အလင်းရောင်အောက်တွင် တောက်ပနေလေသည်။လမ်းများထက်တွင်လည်း စားသောက်ဆိုင်များနှင့် တည်းခိုခန်းများမှ ထွက်ပေါ်လာသော မွှေးရနံ့များ ပြန့်နှံ့နေသည်။


သူတို့၏ စီးပွားရေးလုပ်ငန်းများကလည်း စည်းကားသိုက်မြိုက်နေပြီး ကောင်းမွန်စွာ လည်ပတ်နေလေသည်။လှပသော အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က သူမ၏ မီးဖ်ိုခန်းထဲမှ ထွက်လာသည်။သူမက ဆေးကြောထားသောရေများကို အဝေးသို့ သွန်ပစ်ရန် ဇလုံတစ်လုံးဖြင့် သယ်ဆောင်လာလေသည်။


သူမက အပူငွေ့ထွက်နေဆဲဖြစ်သော ရေများကို ဖြန်းပတ်လိုက်သည်။ထို့နောက် မီးဖိုခန်းဘက်သို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ရုတ်တရက် သူမထိတ်လန့်တုန်လှုပ်သွားသည်။အဘယ့်ကြောင့်ဆိုသော် သူမ လှည့်လိုက်သည့်ခဏမှာပင် ကောင်းကင်က ရုတ်တရက်မှောင်ကျလာလေသည်။


"ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီလောက်ကြီးမြန်မြန်မှောင်သွားတာလဲ..."


ထိုအမျိုးသမီးက သင်္ကာမကင်းဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ကောင်းကင်ကို ကြည့်ရှုရန် ခေါင်းမော့လိုက်သည်။သူမလက်ထဲက ဇလုံက လွတ်ကျသွားပြီး နေရာမှာတငိ ကြက်သေသေနေမိသည်။ထို့နောက် သူမ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။


"ကောင်းကင်ဟုတ်လား..."


ထိုအရာက ကောင်းကင်မဟုတ်ပေ။ ၎င်းက ကောင်းကင်ကို ဖုန်းကွယ်ထားသောဧရာမလက်ဖဝါးကြီးပင် ဖြစ်သည်။ထိုအမျိုးသမီးက နားကွဲမတက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။


သို့သော်လည်း ကြီးမားလှသော လက်ဖဝါးကြီးရိုက်ခတ်လာပြီး ကျယ်လောင်သံများ မြည်ဟီးသွားသည်။ထိုလက်ဖဝါးကြီး၏ အောက်တွင် စားသောက်ဆိုင်တစ်ခုလုံး ပျက်စီးသွားပြီး အမျိုးသမီးလည်း မျက်တောင်တစ်ခတ်အတွင်း ပိပြားသွားလေသည်။


ချက်ချင်းပင် ရွာထဲ၌ ဝရုန်းသုဉ်းကား ဖြစ်သွားလေသည်။ကြောက်ရွံ့ထိတ်လန့်စွာ အော်သံများ ဆူညံပွက်လောရိုက်နေ၏။ကြီးမားလှသေည လက်ဖဝါးကြီးလေးဖက်က မုန်တိုင်းတစ်ခုကဲ့သို့ အဆက်မပြတ်ဖြစ်ပေါ်လာပြီး ရွာတစ်ခုလုံးကို အချိန်တိုအတွင်း ခြေနင်းချပစ်လိုက်လေသည်။ရွာတစ်ခုလုံး ပျက်စီးသွားလေ၏။


လူများက ထိုအဖြစ်ဆိုးမှ လွတ်မြောက်ရန် အသဲအသန် ထွက်ပြေးကြလေသည်။သူတို့အားလုံးက အစားပုပ်နတ်ဘုရားမြို့တော်ဆီသို့ ဦးတည်ပြေးကြ၏။ထိုကဲ့သို့ မွန်းစတားကြီးနှင့် တွေ့ကြုံရသည့် အချိန်တွင် အစားပုပ်နတ်ဘဘုရားမြို့တော်ကသာ ကယ်တင်နိုင်ပေလိမ့်မည်။ကြီးမားလှသော မိကျောင်းခေါင်းတိုကြီးက အသက်ရှူသံ တစ်သံ ထုတ်လွင့်လိုက်ပြီးနောက် လျင်မြန်လှသော အရှိန်ဖြင့် အစားပုပ်နတ်ဘုရားမြို့တော်သို့ ဦးတည်လိုက်လေသည်။


ဆည်းဆာရေကန်တွင် ခြေချောင်းလေးများသာ ပေါ်တော့သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လေပေါ်တွင် ရပ်တန့်နေသည်။


သူမက အလွန်လှပလှသည်။သူမ၏ မျက်နာလေးသည်လက်ရာမြောက်လှသော ရတနာပစ္စည်းကဲ့သို့ သိမ်မွေ့နူးညံ့လှ၏။သူမက လှပလှသော မျက်ဝန်းလေးများကို စုကျုံ့ရင်း ဆည်းဆာကန်ဘေးနားတွင် ရပ်နေသည်။


သူမက မိကျောင်းခေါင်းတိုကြီး ထွက်ခွာသွားရသည့် သဲလွန်စများကို တည်ကြည်လေးနက်စွာဖြင့် ကြည့်ရှုနေသည်။


"ဒီမွန်းစတားကောင်ကြီးကတော့ ပုဖန်ဆီကို ဦးတည်သွားနေပြီ..."


သူမ ခပ်တိုးတိုးရေရွတ်လိုက်ပြီးနောက် မိကျောင်းခေါင်းတို သွားရာနောက်သို့ ပျံသန်းလိုက်ပါသွားလေသည်။


"ငါအလျင်လိုနေတယ် ဒီတော့ မင်းကိုပဲ ရွေးလိုက်မယ် ..."


ပုဖန်၏ စကားက လူများကို တိတ်ဆိတ်ငြိမ်သက်ပြီး ပြောစရာစကားမဲ့သွားစေသည်


"အလျင်လိုနေတယ်...ဒါကြောင့်မလို့ အစားကြူးဘုတ်ပြားရဲ့ ထိပ်သီး ၁၀ယောက်ထဲက လူကို ရွေးလိုက်တယ်ပေါ့ ဘာလဲ သူက ကန်ထုတ်ခံရဖို့ အလျင်လိုနေတာလား..."


အများစုက ထိုသို့သာ တွေးမိကြလေသည်။ဝမ်ရမ်ရှန်က အစားကြူးဘုတ်ပြားပေါ်တွင် ကျော်ကြားမှုမရှိသော်လည်း ၎င်းက သူ့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်ဖြစ်သည်။


သူ့၏ အချက်အပြုတ်စွမ်းရည်အရ ကြည့်မည်ဆိုလျှင် သူ့ကို အနိုင်ယူနိုင်သူ များများစားစားမရှိပေ။သူက မည်သည့် ဟင်းလျာမဆို ချက်ပြုတ်နိုင်သောကြောင့် စားဖိုမှူး လောကတွင် ပိုင်ရှောင်ရှန်ဟုခေါ်လေသည်။သူ့က်ို မည်သည့် ပါဝင်ပစ္စည်းပေးလိုက်ပါစေအရသာရှိစွာ ပြီးပြည့်စုံ ကောင်းမွန်လှသော ဟင်းပွဲတစ်ပွဲ ချက်ပြုတ်ပေးပေလိမ့်မည်။


သူသည် အရည်အချင်းပြည့်မီစွာဖြင့် အစားကြူးဘုတ်ပြားပေါ်တွင် ၁ မှ၁၀အတွင်း ဝင်ခဲ့ခြင်းဖြစ်သည်။ပုဖန်၏ စိန်ခေါ်မှုကို ဝမ်ရမ်ရှန်ကြားလိုက်သောအခါတွင် ပထမဦးစွာ အံ့အားသင့်သွားသည်။ထို့နောက် သူ ပြုံးလိုက်ပြီး သူ့၏ ဝိုင်ဘူးထဲမှ ဝိုင်များကို ပါးစပ်ထဲလောင်းထည့်လိုက်သည်။


"မင်းက ငါနဲ့ ပြိုင်ချင်တာလား..."


ဝမ်ရမ်ရှန် မေးလိုက်သည်။တခြားသော စားဖိုမှူးများကလည်း သူတို့ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။လူများက ပုဖန်၏ စွမ်းရည်များကို မသ်ိသော်လည်း သူတို့အားလုံးက ဝမ်ရမ်ရှန်၏ စွမ်းရည်များကိုတော့ သိပေသည်။


ထိုလူသာ အရက်သမားတစ်ယောက်မဟုတ်လျှင် အစားကြူးဘုတ်ပြားပေါ်တွင် ထိပ်ဆုံး ၃ယောက်ထဲတွင် ပါဝင်ပြီးနေလောက်ပေပြီ။ထိုလူ၏ အချက်အပြုတ် စွမ်းရည်က မှင်သက်စရာကောင်းလွန်းလှသည်။


မည်သို့ပင်ဆိုစေ ချွီရန်ချန်းဖုန်ကတော့ အမြင်ကောင်းရှိနေပေသည်။သူက ပုဖန်၏ အချက်အပြုတ်စွမ်းရည်ကို မျက်မြင်တွေ့ဖူးသည်။ထိုလူ၏ အရည်အချင်းကမည်သည့်နည်းနှင့်မှ သာမန်မဖြစ်နိုင်ပေ။


ဒီတစ်ကြိမ်တွင် သူက ဝမ်ရမ်ရှန်ကို ထွက်သွားအောင် လုပ်နိုင်မနိုင်ကို မည်သူသိနိုင်မည်နည်း။


"ဟုတ်တယ် ခင်ဗျားပဲ ကျူပ်က ပါဝင်ပစ္စည်းတွေကိုလည်း ပြင်ဆင်လာတယ် ..."


ပုဖန်က ပြောပြောဆိုဆိုဖြင့် လက်နှစ်ဖက်ကို အသာလှုပ်လိုက်ရာ ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါးနှစ်ကောင်ထွက်လာလေသည်။


"ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါး ..."


ဝမ်ရမ်ရှန်တင်မက အနား၌ရှိနေသော စားဖိုမှူးများအားလုံး အံ့အားတသင့် စိတ်ရှုပ်ထွေးသွားကြသည်။ဆဠမမြောက် အကြီးအကဲလည်း ထိတ်လန့် အံ့သြသင့်သွား၏ မဟာအကြီးအကဲ ချူချန်းရှန်ပင် မျက်မှောင်ကြုတ်လိုက်လေသည်။


"စိတ်ဝင်စားစရာပဲ ဒီနေ့ခေတ်လူငယ်တွေက တော်တော်လေး သတ္တိရှိကြတယ် ...ဒါက ချက်ပြုတ်ဖို့အတွက် ဆိုးရွားတဲ့ ပါဝင်ပစ္စည်းတော့မဟုတ်ဘူး ဒါပေမယ့်လည်း သူ့ကို ကိုင်တွယ်ဖ်ို့အတွက် အရမ်းပဲ ထက်မြေ့တဲ့ ဓားလိုအပ်တယ်..."


ပုံမှန်အားဖြင့် ထိုကဲ့သို့သော ပါဝင်ပစ္စည်းအမျိုးအစားကို ချက်ပြုတ်ရန်အတွက် လူများက ရွေးချယ်ကြလိမ့်မည်မဟုတ်ပေ။ထို့အပြင်


"ဒီကောင်လေးက အဲ့ဒီငါးတွေကို ဘယ်ကနေရလာတာလဲ.."


အစားပုပ်နတ်ဘုရားမြို့တော်တွင် ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါးနှင့် ပတ်သတ်သည့် ပစ္စည်းအမျိုးမျိုးကို ရောင်းချရန်တားမြစ်ထားလေသည်။ထို့ကြောင့် ဒီကောင်လေး ငါးကို ဘယ်ကရသနည်း။ဆဠမအကြီးအကဲ၏ နှုတ်ခမ်းများတွန့်ရှုံ့သွားသည်။


"မဖြစ်နိုင်ဘူး ..."


အကြီးအကဲ ချူချန်းရှန်က နစ်စုံတစ်ခု တွေးမိသွားပုံရလေသည်။သူပုဖန်ကို ကြည့်လိုက်သည်။


"ဒီကောင်လေးကတော့ ပြဿနာကိုရှာတယ်..."


ရှောင်ယုခုံပေါ်ပြန်ထိုင်လိုက်သည်။ကလေးမလေးက အစားများဆက်စားနေတုန်းဖြစ်သည်။သူက ပုဖန်ဆီသို့ ကြည့်၍ လက်သီးတစ်လုံးလေထဲ ပစ်လွှတ်ကာကြိုးစားထားဟု အော်လိုက်သည် ။


ထို့နောက် သူမ ဆက်လက်၍ စားသောက်နေလေသည်။သူမကိုကြည့်ရသည်မှာ ပိုစားလေ ပိုဆာလောင်လေဖြစ်နေလေသည်။သူမ၏ ဗိုက်က အဆုံးမရှ်ိသော တွင်းနက်ကြီးအလားပင်ထင်ရ၏။


"စိတ်ဝိညာဉ် စွမ်းအင်တွေ အရမ်းကို များနေပြီ ..."


ရှောင်ယု ခေါင်းပင် ကိုက်လာသလို ခံစားရသည်။


"မကြာခင်မှာပဲ ဒီကလေးမလေး ပေါက်ကွဲသွားတော့မှာလား..."


သို့သော်လည်း သူ့တွင်ကလေးမလေးကို ဂရုစိုက်ရန် အချိန်များများမရှိတော့ပေ။သူမ စားချင်နေပြီဆ်ိုမှတော့ ဆက်လက်၍ စားခိုင်းထားပေမည်။ယခု သူ့၏ အာရုံများက ပုဖန်နှင့် နာမည်ကြီးစားဖိုမှူးတို့၏ ပြိုင်ပွဲအပေါ်သို့ အာရုံစိုက်ထားပေသည်။


၎င်းက ပုဖန်က သူ့၏ အချက်အပြုတ်စွမ်းရည်များဖြင့် တစ်စုံတစ်ဦးကို တိုက်ခိုက်သည်အား မြင်ရမည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်။


ထို့အပြင် ဒီနေရာက စားဖ်ုမှူးများ၏ နားခိုရာ ဗိမ္မာန်တစ်ခုလိုဖြစ်နေသောကြောင့် ပုဖနခနှင့် လက်ရည်သူ ပြိုင်ဘက်တစ်ယောက်ကို တွေ့ကောင်းတွေ့နိုင်ပေသည်။တခြားစိန်ခေါ်သူများက အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေပြီးမှ သူတို့၏ ပြိုင်ဘက်များကို ရွေးချယ်လိုက်ကြသည်။


မှန်ပေသည်။မည်သူမှ ပုဖန်လိုမျိုး မလုပ်ကြပေ။ပထမဆုံးအချီမှာပင် ထိပ်သီး ၁၀ယောက်ထဲက လူကိုဘယ်သူမှ မရွေးချယ်ကြပေ။သူတို့က ကိုယ်၏ အကန့်အသတ်ကို ကိုယ်သိပေသည်။ထိပ်သီး ၁၀ယောက်ဆိုသည်မှာ သူတို့ သွားမထ်ိသင့်သည့် လူများဖြစ်သည်။


ကျွင်းချင်ရှောင်းက အောက်ဆုံးတွင်ရှိနေသော စားဖိုမှူးကို ရွေးချယ်လိုက်သည်။ပထမဦးစွာဖြင့် လုံခြုံစိတ်ချမှုကို ဦးစားပေးရပေမည်။တခြားစ်ိန်ခေါ်သူများကလည်း သူတို့၏ ပြိုင်ဘက်များကို ရွေးချယ်ပြီးကြလေပြီ။


ပုဖန် မျှော်လင့်ထားသကဲ့သို့ပင် စိန်ခေါ်သူများအားလုံးက အဆင့် ၅ဆင့်အောက်တွင်ရှိနေသော စားဖ်ိုမှူးများကိုသာ ရွေးချယ်ကြလေသည်။တကယ်တမ်းတွင် သူတို့၏ အရည်အချင်းများက အများကြီး မနိမ့်ကျကြပေ။သူတို့ ပထမတစ်ချီကို အောင်မြင်ပြီးပါက ထိပ်ဆုံး ၅၀ အတွင်းရှိနေသော စားဖ်ိုမှူးများကို စိန်ခေါ်ရန် ပို၍ ယုံကြည်ချက်ရှိလာပေလိမ့်မည်။


သူတို့ကတည်ငြိမ်လှသော တိုးတက်မှူကိုသာ လိုချင်လှသောကြောင့် အလျင်စလို မလုပ်ကြပဲ ဖြေးဖြေးသာသွားကြသည်။


"ကောင်းပြီ ဒီလိုဆ်ိုရင် ပထမဦးဆုံးပြိုင်ပွဲက စားဖိုမှူးလေးနဲ့ ပထမအဆင့် စားဖိုမှူး ဝမ်ရမ်ရှန်တို့ပဲ..."


ဆဠမမြောက်အကြီးအကဲက သူ့၏ မုတ်ဆိတ်မွှေးများကို သပ်ရင်း ပြုံးကာပြောလိုက်သည်။ထိုခဏမှာပင် မြေပြင်က လှုပ်ခါသွားပြီး ချူချန်းရှန်၏ ဘေးပတ်လည်မြေပြင်မှ ကြီးမားလှသောပြိုင်ကွင်းဧရ်ိယာတစ်ခုထွက်ပေါ်လာသည်။


ပြိုင်ကွင်း၏ အဆုံးတစ်ဖက်စီတွင် မီးဖိုခုံနှစ်ခု ရှိနေပြီး ချူချန်းရှန်က ထ်ိုအလယ်တွင်ရှိနေသည်။ထိုမီးဖိုခုံများကို ကြည့်ရသည်မှာသပ်ရပ်တောက်ပြောင်နေသည်။၎င်းတို့က လုံးဝကို တမူထူးခြားသော ပစ္စည်းများဖြစ်နေ၏။


ပြောရမည်ဆိုလျှင် အစားကြူး တောင်ကြားက အစားကြူးနတ်ဘုရားစားသောက်ပွဲတော်ကို လုံးဝ သေချာပြင်ဆင်ထားပေသည်။ပုဖန်က သူ့လက်ထဲမှ ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးတစ်ကောင်ကို ဝမ်ရမ်ရှန်ဆီသို့ ပစ်ပေးလိုက်သည်။


ဝမ်ရမ်ရှန် အံ့အားသင့်သွားသည်။သူ့၏ မျက်ဝန်းများက ရွှင်မြူးတောက်ပနေ၏။သူပျံသန်းလိုက်သောကြောင့် သူ့၏ စားဖိုမှူးဝတ်ရုံက လွင့်ခါသွားလေသည်။သူ လက်တစ်ဖက်ဖြင့် ငါးကို ဖမ်းယူလိုက်ပြီးနောက် တစ်ခြားလက်တစ်ဖက်ဖြင့် ဝိုင်ဘူးကို ဖွင့်၍ ဝိုင်တစ်ငုံသောက်လိုက်သည်။ထို့နောက် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဝိုင်ဘူးက ပျောက်ကွယ်သွားလေသည်။


"ကောင်းကင် ဝါးမျို ဝိညာဉ်စက်ငါးကို ဖမ်းမိဖို့အတွက် မင်းအတွက် တော်တော်အခက်အခဲ ဖြစ်ခဲ့မှာပဲ...အဲ့ဒီအတွက်တော့ ငါကလည်း ငါ့ရဲ့အရည်အချင်းကို ကောင်းကောင်းပြသသင့်တယ် ..."


သူသူ့မီးဖိုခုံရှိရာဆီသို့ ဖြေးညှင်းစွာ ဆင်းသက်လိုက်ပြီးနောက် ပုဖန်ကို အသာလှန်ကြည့်လိုက်သည်။အစားကြူးနတ်ဘုရား အဆောက်အဦးအတွင်းတွင် ဝမ်ရမ်ရှန်ကို အားပေးသည့် တိုးသက်သော အသံတစ်သံထွက်ပေါ်လာလေသည်။


၎င်းက သူ့၏ စားသောက်ဆိုင်မှ စားဖိုမှူးမိန်းကလေးဖြစ်သည်။သူမက လူအုပ်ထဲ ကျပ်ညှပ်နေသောကြောင့် အနည်းငယ် စိတ်မကောင်းထြစ်နေပုံပေါ်လေသည်။သူမ၏ လက်ကို အတင်းဆန့်ထုတ်၍ လက်ဝှေ့ယမ်းပြနေ၏။


နောက်ခဏအတွင်း၌ ဝမ်ရမ်ရှန်၏ အော်ရာများက ပြောင်းလဲသွားသောကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူ၏ အော်ရာများက ယခုမှနိုးထလာသော ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ ထက်မြက်စူးရှလှလေသည်။


 ထို့နောက် အလင်းရောင်များနှင့်အတူ သူ့၏လက်ထဲတွင် တောက်ပလှသောမီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာပြီး လည်နေလေသည်။


"အဲ့ဒါက နေ့အလင်းရောင်ဓားပဲ အဲ့ဒါက မဟာသခင် ချိုက်ရဲ့ အနုပညာ လက်ရာတစ်ခုပဲ...ဝိုး...အဲ့ဒါက နာမည်ကြီးမီးဖိုချောင်သုံးဓားမဟုတ်လား သူက အဆင့် ၁၀ အတွင်းကဆိုတဲ့အတိုင်းပဲ သူကလုံးဝ သာမန်မဟုတ်ဘူး ဘုရားရေ သူတို့ ပြိုင်ဖို့ လိုသေးရဲ့လားအဲ့ဒီဓားကို ကြည့်လိုက်စမ်းပါဦး ဘယ်သူကများ အနိုင်ယူနိုင်တော့မှာလဲ..."


ကြည့်ရှုနေကြသူများက နေ့အလင်းရောင်ဓားက်ို မြင်လိုက်သည့်ခဏတွင် အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုများပြည့်နှက်သွားသောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ပုဖန်ပင်လျှင် ထ်ိုဓားကို မြင်လိုက်သည့်ခဏ၌ တုန်ယင်သွားသည်။၎င်းက အသိဉာဏ်ရှိနေသလိုမျိုး ခံစားလိုက်မိသည် ။


ပုဖန် ထိတ်လန့်သွားသည်။သူ့၏ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကလည်း အသိဉာဏ်ရှိနေပေသည်။သို့သော်လည်း ယခုအချိန်တွင် သူမထိန်းချုပ်နိုင်သေးပေ။ထို့ကြောင့် သူပို၍ ကြောက်ရွံ့မိပေသည်။


ဝမ်ရမ်ရှန်က တစ်ခြားသူများ၏ အော်ဟစ်အားပေးနေသံများကို စိတ်ထဲမထည့်ပေ။သူဓားက်ိုကိုင်ဆောင်လိုက်သည်နှင့် သူ့၏ အငွေ့အသက်အော်ရာများက ပြောင်းလဲသွားခဲ့၏ သူကပို၍ တည်ကြည်လေနက်လာသည်။သူ့၏ ယုံကြည်မှုများက မရွေ့လျားနိုင်သော တောင်ကြီးတစ်တောင်ကဲ့သို့ပင် ထိုအရာသည်ပင် စားဖ်ိုမှူးတစ်ယောက်၏ ယုံကြည်မှုပင်။


"ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးထဲမှာ အဆိပ်အတောက်တစ်ချို့ရှိတယ်...ဒါကြောင့်မလို့ ကိုင်တွယ်တဲ့ နေရာမှာ အရမ်းသတိထားဖို့လိုတယ်.."


ဝမ်ရမ်ရှန်က အေးတေးတည်ငြိမ်စွာပြောလိုက်သည်။ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့လက်ထဲမှ နေ့အလင်းရောင်ဓားက လှုပ်ရှားသွားပြီး ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါးကို ဖြတ်တောက်လိုက်သည်။


ရွှပ်...


သွေးများလွင့်စင်သွားသည်။နေ့အလင်းဓားပေါ်တွင် သွေးတစ်စက်မျှပင် စွန်းထင်မနေပေ။ထိုဓားက အလင်း၏ အရှိန်နှုန်းအတိုင်း လှုပ်ရှားသွားပြီး ငါး၏ ကလီစာများကို သန့်ရှင်းလိုက်သည်။ပရိတ်သတ်များ အသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။ငါး၏ ဝမ်းဗိုက်၌ မမြင်နိုင်လုနီးပါးဖြစ်နေသော သေးငယ်သော ဖြတ်တောက်မှုလေးတစ်ခုသာ ရှိသည်ကို သူတို့ တွေ့လိုက်ရသည်။


ငါးဗိုက်အတွင်းမှ ကလီစာများ ထုတ်ပြီးသည့်နောက်တွင် ငါးတစ်ကောင်လုံးက အသက်ရှင်နေသည့်အတိုင်း ပုံမပျက်ရှိနေလေသည်။ထ်ိုလှုပ်ရှားမှုက ပရိတ်သတ်များက်ို စွဲလမ်းနှစ်ခြိုက်သွားစေသည်။


ထို့နောက်ပိုင်းတွင် ပရိတ်သတ်များပို၍ အံ့အားသင့်လာရလေသည်။ဝမ်ရမ်ရှန်က ငါးကို ကိုင်တွယ်ပြီးနောက် အစားကြူးတောင်ကြားက ပြင်ဆင်ပေးထားသော စဉ့်နှီးတုံးပေါ်တွင် ထိုးစိုက်လိုက်သည်။ထို့နောက် ငါးခန္ဓာကိုယ်ကို သူ့၏ လက်ဖြင့် ပုတ်လိုက်၏


ထို့နောက် သူ့၏ လက်ကို မြှောက်လိုက်ပြီး ချွှန်ထွက်ပြီး ထိုးဖောက်မြင်ရလုဖြစ်နေသော အရိုးများကို ဆွဲထုတ်လိုက်သည်။ငါး၏ အရိုးအလယ်တွင် အနက်ရောင်အမျှင်တန်းတစ်ခုရှိနေသည်။ထ်ိုနေရာက ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါး၏ အဆိပ်အတောက်များသိုလှောင်ထားရာ နေရာဖြစ်သည်။


အမှားသေးသေးလေး ပြုလုပ်လိုက်မိသည်နှင့် ထ်ိုအရိုးက ကျိုးသွားပြီး အဆိပ်များ ပြန့်နှံ့ထွက်ပေါ်လာပေလိမ့်မည်။မည်သို့ပင်ဖြစ်စေကာမူ ငါးအရိုးအတွင်းမှ အဆိပ်အတောက်များက ဖုန်းကွယ်နေခြင်းတော့မရှိပေ။


ဝမ်ရမ်ရှန်၏ လက်က လှုပ်ရှားသွားပြန်သည်။သူ့၏ မီးဖိုချောင်သုံးဓားကိုသေချာစွာ ဆုပ်ကိုင်လိုက်ပြီး ငါးကို ခုတ်ပိုင်းလိုက်သည်။သူနှင့် မလှမ်းမကမ်းတွင်ရှိနေသော ပုဖန်၏ လက်မှ အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး အနက်ရောင်အရိုးနှင့် မီးဖိုချောင်သုံးဓားတစ်လက်ထွက်ပေါ်လာသည်။


သူ့၏ အလင်းရောင်များ တောက်ပနေသော မျက်ဝန်းများက ဝမ်ရမ်ရှန် ငါးကိုင်နေသည့်ပုံကို စူးစိုက်ကြည့်နေလေသည်။