အပိုင်း ၆၇၇
Viewers 62k

အခန်း ၆၇၇

စက္ကူနဲ့ထုပ်မယ်...စွပ်ပြုတ်ထဲကူးမယ်...


ဝမ်ရမ်ရှန် ငါးကိုင်သည့်နည်းလမ်းကို အားလုံးငေးမောနေမိကြသည်။သူငါးကို တစ်ချက်ပုတ်လိုက်ပြီး လက်မြှောက်လိုက်တိုင်း သူ့၏ လက်ချောင်းကြားထဲတွင် ငါးအရိုးပါလာလေသည်။


မှန်သည်။ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးတွင် အရိုးများအပြင် တခြားကိုင်တွယ်စရာအရာများစွာရှိနေပေသေးသည်။နေ့အလင်းရောင်ဓား၏ တောက်ပလှသော အလင်းရောင်များ ဖြတ်သန်းသွားသည်။


ငါးအကြေးခွံများလွင့်ပျံထွက်သွားသည်။ထိုငါး၏ အကြေးခွံများက သတ္တုကဲ့သို့ တောက်ပြောင်နေပြီး တကယ်ကို ကြမ်းတမ်းထက်မြလှသည်။ဝမ်ရမ်ရှန် သူ့၏ လက်ကို အသာလှုပ်ယမ်းလိုက်သည်နှင့် အကြေးခွံများက သူ့၏ လက်နားတွင် စုစည်းဝဲလည်နေလေသည်။ထို့နောက် အရိုးများပစ်ထားရာနေရာသို့ ပစ်လိုက်သည်။


လူအများက အာမေဋိတ်သံ ပြုလိုက်မိကြသည်။သူက ထိပ်သီး ၁၀ယောက်ဝင်အဖြစ် တကယ်ကို ထိုက်တန်ပေသည်။သူ့၏ လှုပ်ရှားမှုများက လူအများအား သဘောကျလေးစာစလောက်စေ၏။


ငါးအကြေးခွံများကို ဖယ်ရှားပြီးနောက် ဝမ်ရမ်ရှန်မျက်ဝန်းထဲမှ အလင်းရောင်များက ထက်မြက် ပြောင်းလဲသွားပေသည်။ထိုအရာက ပို၍ တင်းမားလာသည်။သူက သူ့၏ လက်ချောင်းလေးများကို မြှောက်၍ ငါးအသားကို တိုင်းထွာလိုက်သည်။ထို့နောက် သူ့လက်ထဲမှ ဓားအလင်းက လှုပ်ရှားသွားပြီး ငါးအသားကို ဖြတ်တောက်လိုက်၏။


သူဓားဖြင့် နေရာသုံးနေရာကို လှီးဖြတ်လိုက်သည်။ထို့နောက် ငါးကို မြှောက်လိုက်ပြီး ညှင်သာစွာကြည့်လိုက်၏။ထို့နောက် ငါးအသားမှ စိမ့်ထွက်လာသော အရည်ကြည်များကို ရေဖြင့်ဆေးကြောလိုက်သည်။ပြီးသည်နှင့် သူငါးခေါင်းကို အသာညှစ်လိုက်ပြီး အနက်ရောင် အမျှင်များကို ဆွဲထုတ်လိုက်၏။


နောက်ဆုံး သူ အနက်ရောင်အမျှင်ကို ဆွဲထုတ်ပြီးသည်မှသာလျှင် ဝမ်ရမ်ရှန်၏ တင်းကျပ်နေသော အကြောအချဉ်များက သက်တောင့်သက်သာပြန်ဖြစ်သွားသည်။


သူငါးကို ပြန်ချလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ယခုတွင် ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးတစ်ကောင်လုံးကို အောင်မြင်စွာ ပြီးစီးသွားလေပြီ။သူ့လက်မှ ရေစက်များကို သုတ်လိုက်ပြီးနောက် ပုဖန်ကို တည်ငြိမ်စွာလှမ်းကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။


"သိပြီ..."


အားလုံးက ကြောင်အမှင်သက်နေကြလေ၏။


"သူတို့က အကြည့်ချင်းဖလှယ်နေတာလား..."


ဝမ်ရမ်ရှန်၏ လှုပ်ရှားမှုများက အလွန်လျင်မြန်လှသောကြောင့် လူများစွာကို မူးဝေနေအောင် ပြုလုပ်သွားပေသည်။ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို ကိုင်တွယ်ရာတွင် အသေးစိတ်အနုစိတ်လုပ်ဆောင်ရပေသည်။အမှားလေးတစ်ခုကပင် ဖြစ်စဉ်တစ်ခုလုံးကို ကျရှုံးသွားစေပြီး အဆိပ်ရှိသော ထိုငါးကို ပါဝင်ပစ္စည်းဖြစ်လာပေလိမ့်မည်။


အစားကြူးတောင်ကြားထဲတွင်ပင် ထိုငါးကို ကိုင်တွယ်ရာ၌ ဝမ်ရမ်ရှန်ကဲ့သို့ ယုံကြည်မှုရှိသူ အများကြီးမရှိပေ။ပုဖန်ပြုံး၍သူ့၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို သေချာစွာ ကိုင်တွယ်လိုက်သည်။


"ငါ ၇၀ ၈၀ %လောက်တော့ရတယ်..."


ဝမ်ရမ်ရှန်အံ့အားသင့်သွားသည်။ 


"၇၀ ၈၀ %တောင်လား ဒီကလေးက စူးရှတဲ့ မျက်လုံးတွေရှိတာပဲ ..."


ဝမ်ရမ်ရှန် အသာရယ်မောလိုက်သည်။သူ မည်သည့်စကားမှ ထပ်မဆိုတော့ပဲ အလုပ်ဆက်လုပ်လိုက်၏။သူက မီးဖိုခုံအောက်ရှိ ဗီရိုထဲမှ ပါဝင်ပစ္စည်းများကို ထုတ်လိုက်သည်။


၎င်းတို့က ရိုးရှင်းသော ပါဝင်ပစ္စည်းများဖြစ်သော်လည်း စိတ်ဝိညာဉ် စွမ်းအင်များ အပြည့်အဝ ပါဝင်နေကြောင်း ထင်ရှားပေသည်။ပါဝင်ပစ္စည်းများထဲတွင် စိတ်ဝိညာဉ်လင်ဇီးဟုခေါ်သော ဆေးဖက်ဝင်အပင်တစ်မျိုးလည်းရှိနေသည်။ဝမ်ရမ်ရှန်က ထိုဆေးပင်ကို ထုတ်ယူလိုက်ပြီးနောက် အပေါ်မှ မှိုပွင့် သဏ္ဍာန်ကို သုံးပိုင်းဖြတ်ချလိုက်သည်။


သူလင်ဇီးမှ ထွက်လာသော အရည်များကို အသုံးပြု၍ ငါးအပေါ် လိမ်းကျံလိုက်သည်။ထို့နောက် တခြားပါဝင်ပစ္စည်းများကို နုတ်နုတ်စင်းလိုက်ပြီး ငါး၏ ဘေးပတ်ပတ်လည်တွင် ပုံထားလိုက်သည်။


အားလုံး ပြီးဆုံးသွားပြီးနောက် ဝမ်ရမ်ရှန်က သူ့၏ ဓားကို စဉ်းနှီတုံးပေါ်တွင် စိုက်ထားလိုက်၏။သူအသာအယာပင့်သက်ရှိုက်လိုက်သည်။လက်တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဝါးဆစ်ပိုင်းတစ်ခု ပေါ်လာ၏ သူ အဖုံးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့လှသော ဝ်ိုင်ရနံ့များ ထွက်ပေါ်လာသည်။


သူ နောက်တစ်ခါ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဝါးဆစ်ပိုင်းထဲမှ အရည်များ စုစည်းသွားပြီး ကြီးမားလှသည့် အစက်တစ်စက်အဖြစ် ထွက်ပေါ်လာသည်။


ဝမ်ရမ်ရှန်က ထ်ိုရေစက်ကို လက်ဖြင့်တောက်လိုက်ပြီး ပေါက်ကွဲ သွားစေလိုက်သည်။


ရွှစ်...


၎င်းက ငါးတစ်ကောင်လုံးပေါ် ကျဆင်းသွားလေသည်။၎င်းက ကျေနပ်စရာကောင်းလောက်အောင် မိုးရွာသွန်းဖြိုးပြီးနောက် ပြန်လည် ခြောက်သွေ့သွားသော မြေပြင်ကဲ့သို့ပင် ထ်ိုငါးကလည်း အသက်ဝင်လာသကဲ့သို့ ဖြစ်လာလေသည်။


ပုဖန်က ဝမ်ရမ်ရှန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေဆဲဖြစ်သည်။ထို့အပြင် ယခု၌ ဝမ်ရမ်ရှန် မည်သည့် ဟင်းကိုချက်မည်ကို သူသိနေပေသည်။


"ငါးပေါင်း...သူက ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို ပေါင်းလိုက်မလို့လား..."


 ပုဖန် မျက်ဝန်းများ စုကျုံ့လိုက်သည်။ဝမ်ရမ်ရှန်၏ လှုပ်ရှားမှုများက မြန်လည်းမမြန်သလို နှေးလည်းမနှေးပေ။သူ့၏ လက်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မီးဖိုခုံထဲ ဝင်သွားပြီးနောက် ပြင်းထန်စွာ လောင်ကျွမ်းလာလေသည်။


သူ မီးဖိုပေါ်သို့ ပေါင်းခံအိုးကို တင်လိုက်သည်။အဖုံးဖွင့်လိုက်ပြီး ကောင်းကင်ဝါးမျို ဝိညာဉ် စက်ငါးကို ပေါင်းအိုးထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။


ထို့နောက် အဖုံးပြန်ဖုံးလိုက်ပြီး အနောက်သို့ ဆုတ်လိုက်သည်။ခဏအကြာ၌ ဝိုင်ဘူးကို ထုတ်ယူလိုက်ပြီး ပါးစပ်ထဲ လောင်းထည့်လိုက်၏။


"အခုမင်းအလှည့်ပဲ စားဖိုမှူးလေး..."


ဝမ်ရမ်ရှန်က စိတ်ကျေနပ်မှုအပြည့်ဖြင့် ဝိုင်သောက်လိုက်ပြီးနောက် ပုဖန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။ထိုအခိုက်အတန့်၌ ပရိတ်သတ်များကလည်း ဝမ်ရမ်ရှန် မည်သည့်ဟင်းကို ချက်မည်အား သိရှိသွားကြသည်။


"ပေါင်းမယ်..."


ဒါက ကောင်းကင်ဝါးမျို ဝ်ိညာဉ်စက်ငါးကို ချက်ပြုတ်ဖို့ အကောင်းဆုံးနည်းလမ်းပဲဟု ထင်လိုက်ကြသည်။ယခုအချိန်၌လူများက ဝမ်ရမ်ရှန်၏ ဟင်းပွဲကို စောင့်ဆိုင်းနေကြလေသည်။


သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ဝမ်ရမ်ရှန် ပြောလိုက်သောစကားကြောင့် လူများက ပုဖန်ဆီသို့ လှမ်းကြည့်လာကြသည်။လူများစွာ၏ အကြည့်များက အထင်အမြင်သေးမှုများ ပါဝင်နေလေသည်။


"ဟွန်း...စားဖိုမှုးသေးသေးလေးတစ်ယောက်က ဝမ်ရမ်ရှန်လို အဆင့်ရှိတဲ့ စားဖိုမှူးကို စိန်ခေါ်ချင်နေတယ်...ဒီကောင်လေးကတော့ ကောင်းကင်ဝါးမျို ဝ်ိညာဉ်စက်ငါးရဲ့ ခက်ခဲမှုတွေကို ကိုင်တွယ်ဖြေရှင်းရတော့မယ်..."


ပါဝင်ပစ္စည်းများကို ပြင်ဆင်ခြင်းကလည်း အနုပညာလက်ရာပင်ဖြစ်သည်။အထူးသဖြင့် လုံးဝ အမှားအယွင်းမခံနိုင်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ရာတွင် ဖြစ်သည်။ဆဠမမြောက်အကြီးအကဲက ထိုင်ခုံတစ်ခုတွင်ဝင်ထိုင်လိုက်သည်။ထို့နောက် သူ့၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ပုဖန်ကို ကြည့်နေလေသည် ။


ထိုကောင်လေးက နောက်ထပ် ဘယ်လိုအံ့အားသင့်စရာများကို ဖန်တီးနိုင်မည်မှန်းသူသိချင်နေမိသည်။သူ့၏ ဓားကျွမ်းကျင်မှုနှင့် အချက်အပြုတ်ကျွမ်းကျင်မှုတွေက ကောင်းမွန်လှသည်။သို့ဆသ်ာလည်း အစားကြူးဘုတ်ပြားပေါ်ရှိ စားဖိုမှူးတစ်ယောက်ကို စိန်ခေါ်ရာတွင် သေချာသည့်ကိစ္စမရှိတော့ပေ။


စင်မြင့်ထက်တွင် ထိုင်နေသော အာကာသနတ်သမီး၏ မျက်တောင်လေးများက တုန်ယင်နေသည်။သူမပုဖန်ကို ကြည့်လိုက်သောအခါတွင် မျက်ဝန်းများထဲ၌ အလင်းရောင်များထွက်လာသလို ထင်ရသည်။


ရှောင်ယုကလည်းစိတ်လှုပ်ရှားနေ၏။သူ ခုံကိုမှီ၍ ပုဖန်ကို ကြည့်နေလေသည်။ပါးစပ်ထဲသို့ ချက်ပြုတ်ထားပြီးသော အသီးအရွက်များဟသိပ်သွင်းနေသည့် ကလေးမလေးကလည်း မျက်လုံးပြူးပြူးလေးများဖြင့် ကြည့်ရှုနေလေ၏။


ထို့အပြင် ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်နာက မဲမှောင်နေသည်။သူ့၏ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်သော်လည်းသူ့၏ အေးစက်လှသော အကြည့်များကမူ ပုဖန်ကိုသာ စူးစိုက်ကြည့်နေသည်။


ချူချန်းရှန်၏ စွမ်းအားက သူ့အပေါ်တွငိသက်ရောက်မှု ရှိနေဆဲပင်ဖြစ်သည်။သူ့ကို အလွန်အမင်းဖိနှိပ်ထားသောကြောင့် သွေးအန်ချင်နေမိသည်။ပတ်ဝန်းကျင်ရှိ စားဖိုမှူးများအားလုံးကလည်း ပြိုင်ပွဲကို စိတ်ဝင်တစားကြည့်နေကြသည်။


ချွီရန်ချန်းဖုန်က မျက်ဝန်းများမှေးကျင်းလိုက်ပြီး နောက်လာမည့် ပြကွက်ကို စောင့်မျှေိာနေလေပြီ။ယခုလက်ရှိအချိန်တွင်လူအားလုံးက ပုဖန်ကိုသာ အာရုံစိုက်နေကြ၏။


ကျွင်းချင်ရှောင်းက ပုဖန်ကို အလွန်လေးစားအားကျနေလေသည်။


"ဒီစားဖိုမှူးငယ်လေးက ဘယ်လိုလုပ်ပြီးတော့ အရမ်းကို တည်ငြိမ်နေရတာလဲ သူလုံးဝ မကြောက်ဘူးလား...သူက အစားကြူးဘုတ်ပြားပေါ်မှ အဆင့် ၁၀အတွင်းဝင်တဲ့ စားဖိုမှူးနဲ့ ရင်ဆိုင်နေရတာလေ..."


"အဲ့ဒီတော့ အခုငါ့အလှည့်ပေါ့ ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ အပေါ်ဘက်သို့ ကော့တက်သွားသည်။သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆုပ်ကိုင်လိုက်၏။


ထိုအခိုက်အတန့်မှာပင် သူ့၏ မျက်ဝန်းများက အလွန်စူးရှထက်မြက်လှသည်။သူ့လက်ကို လှုပ်ရှားလိုက်သည်နှင့် သိုးမွှေးကြိုးတစ်ကြိုးပေါ်လာလေသည်။သူဆံပင်များကို ကြိုးဖြင့် စည်းနှောင်လိုက်သည်။ပုဖန် ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို စတင်ကိုင်တွယ်လိုက်လေသည်။


ဝမ်ရမ်ရှန် ငါးကိုင်သွားပုံအား ပုဖန် ကြည့်ရှူထားပြီဖြစ်သည်။ဝမ်ရမ်ရှန်၏ လှုပ်ရှားမှုက အလွန်လျင်မြန်လှသည်ဆိုသော်လည်း ပုဖန်၏ မြင်ကွင်းထဲမှ အဓိကအချက်များကို ဖုန်းကွယ်ထားနိုင်ခြင်းမရှိပေ။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ စူးရှဆွဲငင်လှသော မြည်သံတစ်ခု ထွက်ပေါ်လာသည်။


ရွှီ...


အလင်းရောင်တစ်ချက်လက်သွားပြ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ငါးဝမ်းဗိုက်တွင် သေးငယ်သော ဖြတ်ရာတစ်ခု ပြုလုပ်လိုက်သည်။ထို့နောက် သူ့လက်ကို အနည်းငယ်လှုပ်ခါလိုက်ပြီး ငါးကို လေထဲသို့ မြောက်တင်လိုက်သည်။


ငါး၏ ဝမ်းဗိုက်ပေါ်မှ ဓားရာက ချက်ချင်းပင်ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်အတိုင်းဖြစ်သွားသည်ဟု ထင်ရသည်။ပုဖန်၏ လှုပ်ရှားမှုများကို ကြည့်နေကြသူများက အနည်းငယ်အံ့အားသင့်သွားကြပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။


"သူ့ရဲ့ ဓားစကေး သူ့ရဲ့ လှုပ်ရှားမှုတွေက ဝမ်ရမ်ရှန်နဲ့ လုံးဝ မကွာဘူး...ဒီစားဖိုမှူးလေးရဲ့ ဓားကျွမ်းကျင်မှုက ဝမ်ရမ်ရှန်ကို ယှဉ်ပြိုင်နိုင်တယ်...ဘုရားရေ .."


ပရိတ်သတ်များထိတ်လန့်ကြောင်အနေကြသည်။ဆဠမမြောက် အကြီးအကဲက သူ့၏။ မုတ်ဆိတ်မွှေးများကို သပ်ရင်း မျက်ဝန်းများစုကျုံ့ကာကြည့်နေသည်။


"ဒီကလေးရဲ့ အံ့သြသင့်စရာဓားစွမ်းရည်ကို သူတို့တွေ မမြင်ဖူးကြသေးဘူး..."


ထန်...


ငါးက မီးဖိုခုံပေါ်သို့ ပြန်လည်ကျရောက်လာသည်။ပုဖန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ငါး၏ အသားကို ပုတ်လိုက်သည်။ထို့နောက် သူ့၏ လက်တစ်ချက်လှုပ်လိုက်တိုင်း ငါးအရိုးများထွက်ပေါ်လာလေသည်။


သူတို့၏ လှုပ်ရှားမှုများက ဆင်တူနေပြီး လုံးဝ ကွဲပြားမှုမရှိဟုတောင်ပြောနိုင်ပေသည်။သူတို့ ငါးကိုင်တွယ်ရာတွင်အသုံးပြုသည့် နည်းလမ်းကလည်း တူညီနေပေသည်။


"ဒီစားဖိုမှူးလေးက ဝမ်ရမ်ရှန်ရဲ့ နည်းလမ်းကို သင်လိုက်တာလား..."


ဝမ်ရမ်ရှန်က ဝိုင်သောက်နေခြင်းအား ရပ်လိုက်ပြီး ပုဖန်၏ အံ့အားသင့်စရာလှုပ်ရှားမှုများကို ကြည့်နေခဲ့သည်။ပုဖန်လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လှုပ်ရှားနေလေသည်။ထို့နောက် သူ့လက်တွင် အစိမ်းရောင်မီးခိုးငွေ့များပေါ်လာပြီး ဓားပြန်လည်ပျောက်ကွယ်သွားသည်။


သူ နွေဦးစမ်းရည်ကိုအသုံးပြု၍ ငါးက်ိုဆေးကြောသန့်စင်လိုက်သည်။ထို့နောက် ငါးခေါင်းကို ညှစ်လိုက်ပြီး အနက်ရောင်အမျှင်ကို ဆွဲထုတ်လိုက်သည်။


"ကြည့်ရတာတော့ ငါ ငါးကိုင် လို့ ပြီးသွားပြီထင်တယ်..."


ပုဖန် ငါးအသားကို ပွတ်လိုက်ရာ ပျော့ပျောင်းမှုကို ခံစားလိုက်ရသည်။သူအနည်းငယ် ပြုံးလ်ိုက်မိ၏။


"မင်းဘာချက်မှာလဲ မင်းကကော ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို ပေါင်းမှာပဲလား...တကယ်လို့ မင်းသာ အဲ့ဒီဟင်းပွဲကို ချက်မယ်ဆိုရင်တော့ မင်းငါ့ကို နိုင်နိုင်မှာမဟုတ်ဘူး..."


ဝမ်ရမ်ရှန် အေးစက်တည်ငြိမ်စွာကြည့်နေပြီးနောက် ပျင်းရိလေးတွဲစွာပြောလိုက်သည်။ပုဖန်က ဝမ်ရမ်ရှန်ကို ထူးဆန်းစွာကြည့်လိုက်သည်။


"ငါက ဘာလို့ ငါးကို ပေါင်းရမှာလဲ..."


ထို့နောက် အားလုံး၏ အကြည့်များအောက်မှာပင် သူ ဆီစိမ်စက္ကူများကို ထုတ်ယူလိုက်သည်။


"စက္ကူ ဒီကောင်လေးက ဘာလုပ်ချင်နေတာလဲ...သူက ဘာလို့ စက္ကူလိုတာလဲ...စက္ကူအသုံးပြုပြီး ချက်မလို့လား..."


အားလုံး သံသယမကင်းဖြစ်သွားကြသည်။


"ဘယ်လိုစားစရာမျိုးက စက္ကူသုံးဖ်ို့လိုလို့လဲ ..."


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပြန်လည်ထွက်ပေါ်လာသည်။ပုဖန် ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်ပြီး လျင်မြန်လှသောအရှိန်ဖြင့် နုတ်နုတ်စင်းလိုက်သည်။အချိန်အတိုတွင်းမှာပင် လှီးဖြတ်ထားပြီးသော ပါဝင်ပစ္စည်းများအားလုံး စက္ကူပေါ်ရောက်သွားသည်။


ပုဖန်ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးကို ယူလိုက်ပြီးစက္ကူအပေါ်တူတူတင်ထားလိုက်သည်။သူ့၏ လက်မှ အလင်းရောင်တစ်ချက်လက်သွားပြီး ကျောက်စိမ်းခရားတစ်လုံး ပေါ်လာသည်။


သူထိုခရားအဖုံးကို ဖွင့်လိုက်သည်နှင့် လူများအားလုံး မှင်သက်အံ့သြသင့်သွားကြသည်။ရှောင်ယု ဆက်ခနဲ တုန်သွားသည်။သူ့၏ လည်ပင်းက ရှည်ထွက်လာပြီး သူ့မျက်ဝန်းများပြူးကျယ်လာသည်။ထို့နောက် သူ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။


"အဲ့ဒါက အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်မဟုတ်ဘူးလား..."


အာကာသနတ်သမီး၏ မျက်ဝန်းမှလည်း အလင်းရောင်များဖြာထွက်လာ၏။ပုဖန် ကျောက်စိမ်းခရားအဖုံးကို ဖွင့်ဟလိုက်သည်နှင့် သင်းပျံ့လှသောရနံ့က အစားကြူးနတ်ဘုရားအဆောက်အဦး၏ ရင်ပြင်ကျယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။


ထိုဝိုင်က လုံးဝ သာမန်မဟုတ်ပေ။ဝိုင်ရနံ့က လူများကိုပင် ဆာလောင်လာစေသည်။၎င်း၏ ရနံ့က လူအများကို ရေဆာလာစေ၏။ပုဖန်က အေးစက်လှသော ဝိုင်များကို ငါးကိုယ်ပေါ် လောင်းချလိုက်သည်။ထို့နောက် စက္ကူကို ခေါက်လိုက်၏။


ဝမ်ရမ်ရှန်၏ မျက်ဝန်းများက အလွန်စူးစိုက်နေလေသည်။သူ အရမ်းသိချင်နေမိသည်။


"ဒါက ဘယ်လို နည်းစနစ်မျိုးလဲ ..."


ဆဠမမြောက်အကြီးအကဲလည်း စိတ်ရှုပ်ထွေးနေမိသည်။ထိုကဲ့သို့ ချက်ပြုတ်သည့်နည်းလမ်းမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။သူတစ်ယောက်တည်းသာမဟုတ် လူများအားလုံးလည်း စိတ်ရှုပ်ထွေးစွာဖြင့် အံ့အားသင့်နေကြလေသည်။


မည်သို့ပင်ဆိုစေ ပုဖန်က သူတို့ကို ဂရုမစိုက်ပေ။သူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် ရွှေနှင့် အနီရောင်မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်သည်။ထိုမီးတောက်ကို မြင်လိုက်သည့်ခဏတွင် ဆဠမမြောက်အကြီးအကဲ၏ မျက်နာက ရှုံ့မဲ့သွားလေသည်။