အပိုင်း ၆၇၈
Viewers 53k

အခန်း ၆၇၈

ကောင်းကင်ဝါးမျို ဝိညာဉ်စက် ငါးပေါင်း...


ရွှေရောင်မီးလျံက ပို၍သေးငယ်သော အနီရောင်မီးလျံကိုလွှမ်းခြုံကာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများနှင်းပြင်းထန်စွာတောက်လောင်နေသည်။ ပြင်းထန်သော အပူရှိန်က. အားလုံး၏ အမူအရာကို ပြောင်းလဲသွားစေသည်။

 

ဆဋ္ဌမမြောက်အကြီးအကဲ၏မျက်နှာက တွန့်လိမ်ရှုံ့မဲ့သွားသည်။


"ဒီကလေးက သူပြန်ပြီးတော့ မထွေးထုတ်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား သူက အားလုံးကို အရူးလုပ်သွားတာလား...ဒီဟာက ကောင်းကင်ကမ္ဘာမြေ မီးလျှံ အတုပဲ မဟုတ်ဘူးလား.."


သို့သော်လည်း သူဒေါသများ ပေါက်ကွဲထွက်ပေါ်မလာခင် သူပြန်လည် ထိန်းချုပ်နိုင်လိုက်သည်။ရွှေရောင်မီးလျှံ၏ အထဲတွင် အနီရောင်မီးလျှံရှိနေသည်ကို တွေ့လိုက်ရပြီးနောက် သူ့၏ မျက်နာက ပို၍ လေးနက်သွားသည်။


ထို့နောက် တကယ်ကို အံ့အားသင့် တုန်လှုပ်သွားပြီး ထိတ်လန့်သွားလေသည်။ထိုမီးလျှံ ၎င်းက ကောင်းကင်ကမ္ဘာမြေ မီးလျှံအသစ်ပင်ဖြစ်သည်။ကောင်းကင်ကမ္ဘာမြေမီးလျှံ နှစ်ခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။သို့သော်လည်း အစားကြူးတောင်ကြား၏ အငွေ့အသက်များရှိနေသော ကောင်းကင်ကမ္ဘာမြေမီးလျှံကို သူခံစားမိနေတုန်းဖြစ်၏။


"ဒီကောင်လေးက ဘာလုပ်လိုက်တာလဲ...သူက ငါ့ရဲ့ မီးလျှံကို ဝါးမျိုလိုက်တယ်ပေါ့ ဒီလိုဆိုရင် ကြည့်ရတာတော့ ငါရဲ့ မီးလျှံကို ပြန်ယူနိုင်တော့မယ့်ပုံမပေါ်ဘူး..."


ဆဠမမြောက် အကြီးအကဲက သူ့၏ ကိုယ်တွင်း အင်္ဂါများကိုပင် အပြင်းအထန် နာကျင်သွားသလို ခံစားလိုက်ရပြီး ရှုံ့မဲ့သွားလေသည်။ချူချန်းရှန်ကလည်း ပုဖန် ထုတ်လိုက်သော မီးတောက်ကို မြင်လိုက်ရသည်။အစဉ်သဖြင့် တည်ငြိမ်နေသော သူ့၏ မျက်ဝန်းများက အံ့သြရိပ်များ ထင်ဟပ်သွားသည်။


"ကောင်းကင်ကမ္ဘာမြေမီးလျှံကို အသုံးပြုပြီး ချက်ပြုတ်မှာလား...သူက ဒီလောက် ကြမ်းထမ်းပြင်းထန်တဲ့ မီးလျှံကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ခဲ့တာလဲ..."


ချူချန်းရှန်က ထ်ိုစားဖိုမှူးလေး ဝမ်ရမ်ချုံနှင့် ကျိုးထုံတို့ကို မည်ကဲ့သို့ အနိုင်ယူခဲ့သည်အား သူအမြဲတမ်းသိချင်နေခဲ့မိသည်။ပုဖန်၏ အချက်အပြုတ်စွမ်းရည်က မဆိုးဘူးဆိုသည်ကို သူ သိသော်လည်း တကယ်တမ်း အများကြီး မမြင်ဖူးပေ။


ဒီနေ့တော့ သူ့တွင် အခွင့်အရေးရှိလာပေပြီ။ဆဠမမြောက် အကြီးအကဲက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။နောက်ဆုံး၌ သူ့၏ နာကျင်မှုများက ပြန်လည် အနည်ထိုင်သွားပေပြီ။


ယခု သူ့၏ မျက်လုံးထဲတွင် ပုဖန်က အဖိုးထိုက်တန်လှသော ကျောက်မျက်အလား ဖြစ်နေပေပြီ။


ငါ ဒီကလေးကို အစားကြူးတောင်ကြားထဲမှာ နေခိုင်းရမယ် ...သူက ငါတို့ရဲ့ မီးလျှံကို စားပြီးမှ ထွက်ပြေးချင်တယ် ဒါမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး...


ဆဠမမြောက်အကြီးအကဲက စိတ်ထဲတွင် တွက်ချက်နေမိလေသည်။ပုဖန် မှုတ်ထုတ်လိုက်သော မီးလျှံက အစားကြူးတောင်ကြားမှ ပြင်ဆင်ပေးထားသော မီးဖိုထဲသို့ ဝင်ရောက်သွားသည်။


၎င်းမီးဖိုက ပြင်းထန်လှသော အပူချိန်ကိုပင် ခံနိုင်ရည်ရှိသည့် မီးဖိုကောင်းတစ်ခုဖြစ်သည်။၎င်းက ကောင်းကင်ကမ္ဘာမြေမီးလျှံကြောင့် ပျော်ကျသွားလိမ့်မည်မဟုတ်ပေ။


ပုဖန်၏ တစ်ခြား လက်တစ်ဖက်တွင် အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မဟူရာလိပ်ခုံး ဒယ်အိုးပေါ်လာသည်။၎င်းက ကြီးမားလေးလံသော်လည်း ရှေးဟောင်းဆန်ပြီး တည်ငြိမ်သော အငွေ့အသက်များရှိပေသည်။


ပုဖန်က ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်သည်။သူ စက္ကူထုပ်ငါးကို ယူလိုက်ပြီး ဒယ်အိုးထဲထည့်ကာကင်လိုက်သည်။မဟူရာလိပ်ခုံး ဒယ်အိုးက ဒယ်အိုးတစ်ခုမျှသာ မဟုတ်ပေ။


၎င်းက နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်း အစုံထဲမှ တစ်ခုဖြစ်သည်။၎င်းကို အမျိုးမျိုးသော ချက်ပြုတ်ရေးပစ္စည်းများအဖြစ်လည်း သုံးနိုင်လေရာ အကင်စက်အိုးတစ်ခုအဖြစ်သုံးဖို့ ပြဿနာမရှိပေ။


ဒီလိုမှ မဟုတ်လျှင် ပုဖန်က ငါးကင်ရန် အကင်စက်လိုက်ရှာနေရပေမည်။ထိုသို့သာဆိုလျှင် အရမ်းကိုစိတ်ပျက်စရာကောင်းပေလိမ့်မည်။ဝမ်ရမ်ရှန်နှင့် ပုဖန်တို့ နှစ်ယောက်စလုံးက သူတို့ ပြင်ဆင်ပြီးထားသော ငါးများကို အိုးထဲသို့ ထည့်ထားပြီ ဖြစ်သည်။


ကြည့်ရှုနေသူအားလုံးက သိချင်စိတ်ပြင်းပြနေပေပြီ။ယခု ပြိုင်ပွဲတွင် မည်သူ အနိုင်ရမည်ကို သူတို့ စောင့်မျှော်ကြည့်ရှုနေကြသည်။


"ဒါပေါ့ဟ စားဖိုမှူး ဝမ်ရမ်နိုင်လိမ့်မယ်...သူရဲ့ လှုပ်ရှားမှုတွေက စီးဆင်းနေတဲ့ ရေအလျင်လိုပဲလေ မင်းမမြင်ဖူးလား...ဒီလို ပြောကြေးဆိုရင် စားဖိုမှူးလေးရဲ့ ငါးကိုင်တဲ့နည်းလမ်းကလည်း လုံးဝကို မဆိုးဘူးလေ မဟုတ်ဘူးလား...စားဖိုမှူး ဝမ်ရမ်က ထိပ်ဆုံး ၁၀ယောက်ထဲမှာ ပါတာကွ ဘယ်ကလာမှန်းမသိတဲ့ စားဖိုမှူးတစ်ယောက်က သူကို ဘယ်လို အနိုင်ယူနိုင်မှာလဲ ..."


ပွဲကြည့်နေသူများက သူတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ငြင်းခုန်ရင်း ဆူညံနေကြလေသည်။


ဝမ်ရမ်ရှန်က သူတို့ကို စိတ်ထဲမထည့်ထားပေ။သူ့၏ အရက်ကို သောက်ရင်း လည်ချောင်းထဲသို့ ဆင်းသွားသည့် ပူလောင်သည့် ခံစားမှူကို စိတ်ကျေနပ်စွာဖြင့် ခံစားနေမိသည်။


ပုဖန်က သူ့၏ နဂါးအရ်ိုး မီးဖိုချောင်သုံးဓားကို ဆော့ကစားနေသည်သူ့၏ လက်ချောင်းလေးများထဲတွင်ဖြတ်သန်းနေသည့် မီးဖိုချောင်သုံးဓားက အလင်းများ တလှပ်လှပ် ထုတ်လွင့်နေသည်။


ဝမ်ရမ်ရှန် ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးအား ကိုင်တွယ်မှု ပြုသွားပုံက ပုဖန်ကို အလေးအနက် စဉ်းစားစရာများ ရသွားစေသည်။ကမ္ဘာကြီးပေါ်တွင် သူမသိထားသော ပါဝင်ပစ္စည်းများစွာရှိသည်ကို သူသိပေသည်။


သူက ၎င်းတို့၏ ပုံစံများပြုပြင်ကိုင်တွယ်ရမည့် နည်းလမ်းများကို မလေ့လာထားလျှင် ချက်ပြုတ်ရန်အတွက် ပြင်ဆင်နိုင်လိမ့်မည်မဟုတ်ပေ။


"ဟေး စနစ်.. မင်းမှာ ပါဝင်ပစ္စည်းအများစုကို ဘယ်လို ကိုင်တွယ်စီမံရမလဲဆိုတာ နားလည်စေနိုင်ဖို့ အကူအညီပေးနိုင်တဲ့ တစ်ခုခုများရှိလား..."


ပုဖန်က သူ့၏ နေရာတွင်ရပ်နေရင်း စနစ်ကို တိတ်တဆိတ်မေးမြန်းနေလေသည်။စနစ်က ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ၎င်း၏ တည်ငြိမ်လှသော အသံကို ပုဖန်ကြားလိုက်ရသည်။


(ရပါတယ်...စနစ်က ပိုင်ရှင်အတွက် အစားအစာပါဝင်ပစ္စည်းများ စွယ်စုံကျမ်းကို ထောက်ပံ့ပေးနိုင်ပါတယ်...ဒါပေမယ့်လည်း ယခု သင့်ရဲ့ ကျင့်ကြံမှုအခြေခံကို မူတည်ပြီးတော့ စွယ်စုံကျမ်းရဲ့ သုံးပုံတစ်ပုံကိုသာ ဖတ်ရှုလေ့လာနိုင်ဦးမှာဖြစ်ပါတယ်..)"


စနစ်၏ အသံက ပုဖန်ကို ခဏမျှစိတ်ရှုပ်ထွေးသွားစေသည်။ထို့နောက် သူပျော်ရွှင်မှုများ မြင့်တက်လာလေသည်။


"ဒီလို အသုံးဝင်တဲ့ စနစ်မျိုးရှိနေတယ်လား ...ငါ ပါဝင်ပစ္စည်းတွေရဲ့ စွယ်စုံကျမ်းကို ရပြီဆိုတော့ ...သူကို ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်များ၏ ထိပ်ဆုံး၌ရပ်တည်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ပါးဖြစ်လာရန် ထောက်ပံ့ပေးနေသော တန်ဖိုးရှိသော စနစ်လေး ငါရဲ့ အရင်းနီးဆုံးသူငယ်ချင်းလေး ..."


(သင့်ရဲ့ အခုလက်ရှိ မစ်ရှင်ပြီးမြောက်သွားတာနဲ့ စနစ်က အစားအစာပါဝင်ပစ္စည်းများ စွယ်စုံကျမ်းကို ပေးအပ်ပါမယ်...)


ထိုသို့ပြောပြီးသည့်နောက် စနစ်က ပြန်လည် တိတ်ဆိတ်သွားလေသည်။ပုဖန်စိတ်ထဲမှ သူကိုယ်သူ ပြန်လည် ဆွဲထုတ်လိုက်သည်။ထို့နောက် သူ့၏ အကြည့်များ မြင်ကွင်းများက ပြန်လည်ရှင်းလင်းပြတ်သားလာကာ ဆူညံသံများနားအတွင်းသို့ တိုးဝင်လာလေသည်။


ဝမ်ရမ်ရှန်က နောက်ဆုံးဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် မီးဖိုခုံနားသို့ လျှောက်သွားလိုက်သည်။သူအိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ရေနွေးငွေ့များလိပ်တက်လာလေသည်။


ဝမ်ရမ်ရှန်၏ ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးပေါင်း ပြီးသွားပေပြီ။ငါး၏ ထူးခြားမွှေးကြိုင်လှသော ရနံ့က ရင်ပြင်ကျယ်တစ်ခုလုံးကို ပြည့်နှက်သွားလေသည်။


လူအားလုံး မျက်ဝန်းများမှေးစင်း၍ ထိုသင်းကြိုင်သည့်ရနံ့များကို ရှူရှိုက်လိုက်ကြသည်။ပေါင်းအိုးထဲမှ သေးငယ်တောက်ပလှသော အစက်အပြောက်များစွာ ပျံသန်းထွက်လာသည်။ထိုအစက်အပြောက်လေးများက သမုဒ္ဒရာထဲတွင် ငါးများကူးခတ်နေသည်နှင့်ပင် ဆင်တူနေလေသည်။ဝမ်ရမ်ရှန်ထုတ်ယူလိုက်သော ငါးပေါင်းအပေါ် အလင်းကန့်လန့်ကာ တစ်ခု ကျရောက်လာလေသည်။


ထိုပုံရိပ်အား အစားကြူးရင်ပြင်ကျယ်ရှိ ကျယ်ဝန်းသော မျက်နာပြင်ပေါ်တွင် ပြသထားလေသည်။၎င်းက အပူငွေ့များ တထောင်ထောင်းထနေသည့် ငါးပေါင်းတစ်ကောင်ပင်ဖြစ်သည်။


ငါး၏အသားများကို မွှန်းထားပြီး စိုအိနူးညံ့လှသော အဖြူသားလေးများပေါ်အောင် လှစ်ဟပြထားသည်။ငါး၏ အရေခွံကလည်း မီးခိုးရောင်အထည်တစ်စ လွှမ်းခြုံထားသလို အလင်းတန်းများထွက်ပေါ်နေသည်။


အသားထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များ လှုပ်ရှားစီးဆင်းနေပြီးအသား၏ အရောင်က တောက်ပနေသည်။လူများက လင်ဇီး၏ ရနံ့နှင့် စိတ်ဝိညာဉ် ဆေးပင်များ၏ ရနံ့ကို အနံ့ခံနိုင်လေသည်။


ထိုငါးပေါင်းက အခြေခံအားဖြင့် ပြီးပြည့်စုံနေသည်။အပူချိန်ကိုလည်း ကောင်းစွာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ငါး၏ ပါးစပ်က အနည်းငယ်ဟနေပြီး အပူငွေ့လေးများ တငွေ့ငွေ့ ထွက်ပေါ်နေသည်။


ကြွေပန်းကန်လုံးထဲတွင် ဝိုင်နှင့်ရောစပ်ထားသည့် လိမ္မော်ရောင်သန်းနေသော ပူပူနွေးနွေးငါးစွပ်ပြုတ်များရှိနေသည်။သူပိုင်းဖြတ်ထားသော လင်ဇီးများကိုလည်း ငါး၏ ဘေးပတ်လည်တွင် ပြန့်ကျဲထားသည်။လင်ဇီး၏ ရနံ့နှင့် ငါး၏ ရနံ့တို့ ပေါင်းစပ်ထားသော ရနံ့ကလည်း ပို၍ ကောင်းမွန်နေပေသည်။


တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လူများစွာ၏ ဗိုက်ထဲမှ ဂလုံဂလွမ် အသံများကို ကြားလိုက်ရလေသည်။


"ဒီငါးပေါင်းက လုံးဝ ပြီးပြည့်စုံလွန်းတယ်..."


ရင်ပြင်ကျယ်၏ နေရာအနှံ့မှ ဆူညံသံများထွက်ပေါ်နေသည်။ထိုငါးဟင်းပွဲက ထိပ်တန်း စားဖိုမှူး ၁၀ယောက်ထဲမှ တစ်ယောက်ထဲ၏ လက်ရာဖြစ် အမှန်တကယ်ကို ထိုက်တန်လှပေသည်။


ထိုစားဖိုမှူး၏ အောင်မြင်မှုက တကယ်ကို သာမန်မဟုတ်ပေ။သူတို့၌ မြည်းစမ်းရန်အတွက် အခွင့်အရေးမရှိသော်လည်း ကြည့်နေရရုံဖြင့်ပင် ကျေနပ်နေပေသည်။


ဝမ်ရမ်ရှန်က ကြွေပန်းကန်ပြားကို လှပသွားအောင် သန့်ရှင်းလိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။မွှေးပျံ့သင်းကြိုင်လှသော ငါးပေါင်းရနံ့က သူ့၏ နှာခေါင်းထဲ တိုးဝင်လာပြီး စိတ်ကို တည်ငြိမ်သွားစေသည်။


"ငါ့ ဟင်းပွဲကတော့ ပြီးသွားပြီ..."


ဝမ်ရမ်ရှန်က ငါးပန်းကန်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားလိုက်ပြီး ပုဖန်ကို အေးဆေးစွာကြည့်လိုက်သည်။


"အာကာသနတ်သမီး ၊ ကောင်းကင်ဗဟိုသူတော်စင်သားတော် ဒီပြိုင်ပွဲကို ငါနဲ့ အတူ ကူပြီး အကဲဖြတ်ပေးနိုင်မလား..."


ပြိုင်ပွဲအလယ်တွင်ရှိနေသော ချုချန်းရှန်က ခေါင်းမော့လိုက်ပြီး လေပေါ်မျောစင်မြင့်ထက်ဆီမှ အာကာသနတ်သမီးနှင့် လျန်ချိမ်တို့ကို ကြည့်လိုက်သည်။


ဒီတစ်ကြိမ် အစားကြူးနတ်ဘုရားအခမ်းအနားကို လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများမှ သူတော်စင်သားတော်နှစ်ယောက်နှင့်သူတော်စင်နတ်သမီးတစ်ယောက်လာခဲ့ပေသည်။


ကောင်းကင် နွေဦးသူတော်စင်သားတော်က အလွန်အမင်းမောက်မာရိုင်းစိုင်းလှသောကြောင့် ချူချန်းရှန်က သူ့ကို ဂရုမစိုက်ပေ။တကယ်တမ်းပြောရမည်ဆိုလျှင် အစောပိုင်းအချိန်က မည်သည့်အရာမှ မဖြစ်ပွားခဲ့ပါကကောင်းကင်နွေဦး သူတော်စင်သားတော်လည်း အကဲဖြတ်လာလုပ်ပေးနိုင်ပေသည်။


သို့သော်လည်း သူက ပြသနာရှာထားပြီးပြီဖြစ်လေရာ သူ့ကိုထိုင်၍သာ ကြည့်ခိုင်းထားလိုက်မည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ အမူအရာက ပြောင်းလဲသွားသည်။သူ အံတင်းတင်းကြိတ်ထားပြီး သူ့ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ယင်နေသည်။


သို့သော်လည်း ချူချန်းရှန်၏ ဖိအားများအောက်တွင် လက်ညှိုးတစ်ချောင်းထဲမှ မလှုပ်နိုင်ပေ။ကောင်းကင်ဗဟို သူတော်စင်သားတော်လျန်ချိမ်ကလည်း အံ့အားသင့်သွားသည်။သို့သော်လည်း ပုံမှန်အားဖြင့် ထ်ိုကဲ့သို့ ကမ်းလှမ်းမှုမျိုးကို သူငြင်းပယ်မည်မဟုတ်ပေ။


အာကာသနတ်သမီးက ညှင်သာစွာခေါင်းညိတ်လိုက်သည်။သူ၏ မြင့်မားသောစင်မြင့်ဆီမှ ခုန်ဆင်းလာလေရာ သူမ၏ အဖြူရောင်ဝတ်စုံက လွင့်ခါသွားသည်။ထို့နောက် သူ ပြိုင်ကွင်းဧရိယာဆီသို့ ဖြေးညှင်းစွာဆင်းသက်လိုက်သည်။


ချူချန်းရှန်က ထိုနှစ်ယောက်ကိုကြည့်ပြီးလက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ပြိုင်ကွင်းဧရိယာတွင် သူတို့နှစ်ယောက်ထိုင်ရန်အတွက် နေရာအမြင့်နှစ်ခုပေါ်လာလေသည်။သူတို့က သူတို့၏ ခုံစင်မြင့်များဆီသို့ ဆင်းသက်၍ ထိုင်လိုက်သည်။


လျန်ချိမ်၏ မျက်နာက ကျေနပ်မှုကြောင့် ပြုံးဖြီးဖြီးဖြစ်နေသည်။အမှန်တကယ်တမ်းတွင်ဒီနေရာက ကောင်းကင်နွေဦးသူတော်စင်သားတော်၏ အပိုင်ဖြစ်သင့်ပေသည်။သို့သော်လည်း ယခုမူ သူ့အတွက် ဖြစ်သွားပေသည်။


သူအံ့အားသင့်သွားသလ်ို အလွန်လည်း သဘောကျနှစ်သက်သွားသည်။သူက အာကာသနတ်သမီးဘက်သို့ ခေါင်းငှဲ့စောင်း၍ ကြည့်လိုက်သည်။သူမက မျက်နာကို အဖြုရောင်ပုဝါစဖြင့် ကာထားသော်လည်း သူမ၏ လှပမှုသောအဆင်းကို မြင်နေရသေးသည်။


ဝမ်ရမ်ရှန်က သူ့၏ ဟင်းပွဲကို ဖြေးညှင်းစွာ သယ်ဆောင်လာခဲ့သည်။ထို့နောက် အကြီးအကဲချူချန်းရှန်၏ ရှေ့တွင် ချပေးလိုက်ပြီးနောက် နူးညံ့စွာပြုံးလိုက်ပြီး လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။


"မဟာအကြီးအကဲ သုံးဆောင်ပါ.."


ချူချန်းရှန်က ဝမ်ရမ်ရှန်ကို မော့ကြည့်လိုက်ပြီးနောက် သူ့၏ မုတ်ဆိတ်မွှေးများကို သပ်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။ထို့နောက် သူတူတစ်စုံကိုကောက်ယူလိုက်သည်။သူ့၏ တူကို စားပွဲဖြင့် ခေါက်လိုက်ပြီးနောက် ငါးတစ်ဖဲ့ ဖဲ့ယူလိုက်သည်။


ချူချန်းရှန်က ငါးအသားကို ဖြေးညှင်းစွာ ဝါးပြီးမှ မျိုချလိုက်သည်။သူ့၏ မျက်နာတွင် မည်သည့်ထူးခြားသည့် အမူအရာမှရှိမနေပေ။မျိုချလိုက်ပြီးနောက် ချူချန်းရှန်၏ မျက်ဝန်းများက စူးရှကျဉ်းမြောင်းသွားသည်။သူ့၏ ဆံပင်များနှင့် သူ့အဝတ်အစားများက ပြန့်လွင့်သွားပြီး သူပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။


"ဒါက တကယ်ကို ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးပဲ ဘယ်လောက်တောင်အရသာရှိလိုက်လဲ...ငါးအသားက လတ်ဆတ်နူးညံ့ပျော့ပျောင်းပြီး အရသာကလည်း ထူးခြားတယ်...လင်ဇီးရဲ့ ပြည့်ဝနေတဲ့ စွမ်းအင်တွေ ကောင်းမွန်တဲ့ဝိုင် ပြီးတော့ ဆေးဖက်ဝင်အပင်တွေကို ကောင်းမွန်စွာရောစပ်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့အရသာက ပါးစပ်ထဲ စွဲကျန်နေပြီးတော့ ထူးထူးခြားခြား ကောင်းမွန်နေတယ်..."


ချူချန်းရှန် မှတ်ချက်ပြုလိုက်ပြီးနောက် သူ့၏ ပြန့်လွင့်နေသော ဆံပင်များက ပြန်လည် ငြိမ်သက်သွားပြီး ဖောင်းကားလာသောအဝတ်များကလည်း သေသေသပ်သပ်ပြန်ဖြစ်သွားသည်။


သို့သော်လည်း စင်မြင့်ထက်များတွင်ရှိနေသော အစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးများက အလွန်ပင် ထိတ်လန့်အံ့အားသင့်နေကြသည်။


"မဟာအကြီးအကဲရဲ့ အဝတ်အစားတွေက မိုးပျံပူဖောင်းလိုမျိုးဖောင်းကားနေတယ် ကြည့်ရတာ အဲ့ဒီအစားအစာက တကယ်ကို အရသာရှ်ိတာထင်တယ်..."


"မဟာအကြီးအကဲ သဘောတွေ့တဲ့ ဟင်းပွဲတွေ အများကြီးမရှိဘူးဆိုတာကို မင်းသိသင့်တယ်...အများကြီးမရှိဘူး...ဝမ်ရမ်ရှန် သူနိုင်လိုက်မယ်...သူ့ရဲ့ အစားအစာက မဟာအကြီးအကဲရဲ့ အရသာခံမှုကို အောင်မြင်သွားပြီ..."


လူများက ဆူညံပွက်လောရိုက်စွာ ဆွေးနွေးကြပြန်သည်။သူတို့အားလုံးက ဝမ်ရမ်ရှန်ကို အထင်ကြီးလေးစားနေကြပြန်ပြီ။လျန်ချိမ်လည်း သိချင်စိတ်ပြင်းပြနေပေပြီ။သူ ငါးအသားတစ်ဖက်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။


ငါးအသားက လတ်ဆတ်နူးညံ့ပျော့ပျောင်းလွန်းသောကြောင့် သူ့၏ လျှာဖျားပေါ်တွင် ရေကဲ့သို့ အရည်ပျော်သွားသလိုမ်ျိုးထင်ရသည်။လျန်ချိမ်ကောင်းမွန်လှသော အရသာထဲ ပျော်ဝင်နစ်မြှုပ်သွားမိသည်။


"ထူးကဲလိုက်တာ အရမ်းအရသာရှိတယ် အရမ်းအရမ်းကို အရသာရှိတယ် ..."


လျန်ချိမ်အဆက်မပြတ် ချီးကျူးပြောဆိုလိုက်သည်။


"ဒီအစားအသောက်က ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါးနဲ့ လုပ်ထားတာ ..."


လျန်ချိမ်၏ တုံ့ပြန်မှုက ဝမ်ရမ်ရှန် ကြိုတင်မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေပေပြီ။သူ ပြုံးလိုက်ပြီးနောက် အာကာသနတ်သမီးဘက်ဆီသို့ လှည့်ကြည့်လိုက်ကာ သူမ၏ အပြုအမူကို စောင့်မျှော်နေပေသည်။


အာကာသနတ်သမီး၏ မျက်ဝန်းလှလှလေးများက ဝမ်ရမ်ရှန်ကို မကြည့်ပေ။သူမက ငါးတစ်ဖက်ကို ကောက်ယူလိုက်သည်။ထို့နောက်သူမ၏ တခြားလက်တစ်ဖက်ဖြင့် မျက်နာကာကို ပင့်တင်လိုက်၏။သို့သော် သူမ၏ ပါးစပ်ကိုကာထားတုန်းပင်ဖြစ်သည်။


သူမ ငါးကို အရသာခံစားလိုက်ပြီးနောက် မျက်နာကာစကို ပြန်ချထားလိုက်သည်။ထိုအပြုအမူလေးက လူများစွာအား သူမ၏ လှပမှုကို မြင်ချင်စိတ်ဖြင့် မချိမရဲဖြစ်သွားစေသည်။


"အမှန်ပဲ တကယ်ကို အရသာရှိတယ်..."


သူမက နူးညံ့ချိုသာစွာပြောလိုက်ပြီးနောက် တူကို ညှင်သာစွာပြန်ချလိုက်သည်။သူမ၏ အသံလေးက တောင်ကြားထဲတွင် တေးဆိုဌက်လေးတစ်ကောင် တေးဆိုနေသကဲ့သို့ပင် ။


"သူမရဲ့ တုံ့ပြန်မှုက နည်းနည်းသာမန်မဖြစ်လွန်းဘူးလား..."


လူအားလုံးသံသယဖြစ်သွားကြသည်။


မလှမ်းမကမ်းတွင်ရှိနေသော ပုဖန်က သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို ပုတ်လိုက်သည်။ခပ်နိမ့်နိမ့်အသံတစ်ခုထွက်ပေါ်လာပြီးနောက် ဒယ်အိုးပွင့်သွားလေသည်။


ပုဖန်အိုးထဲမှ စက္ကူထုပ်ငါးကို ထုတ်ယူလိုက်သည်။အနည်းငယ်ဖောင်းကားနေသောစက္ကူအိတ်တစ်အိတ်က လူတိုင်း၏ မြင်ကွင်းထဲ ဝင်ရောက်လာသည်။၎င်းက သူတို့ကို မသိမသဟထိတ်လန့်သွားစေသည်။


"သောက်ကျိုးနဲ အဲ့ဒီစက္ကူအိတ်ကြီးက ဘာတုန်း အဲ့ဒါက စားလို့ရလို့လား..."


အားလုံး၏ သင်္ကာမကင်းသော အကြည့်များအောက်မှာပင် ပုဖန်လက်ထဲမှဓားက လှုပ်ရှားသွားပြီး စက္ကူအိတ်ကို ဖြတ်၍ ဖွင့်လိုက်သည်။ချက်ချင်းပင် ကြွယ်ဝလှသောမွှေးရနံ့များက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာလေသည်။