အပိုင်း ၆၇၉
Viewers 53k

အခန်း ၆၇၉

အနိုင်၊အရှုံး...


ဝုန်း..ဝုန်း ...ဘုန်း...


အစားပုပ်နတ်ဘုရားမြို့တော်၏ အပြင်ဘက်တွင်ရှိသော ရွာက ဧရာမမိကျောင်းခေါင်းတ်ိုကြီး၏ လက်ဝါးချက်အောက်တွင် ပျက်စီးသွားပေပြီ။


လွတ်မြောက်လာသူများက သူတို့ တက်နိုင်သမျှ အမြန်ဆုံး မြန်နိုင်သမျှ မြန်အောင်ပြေးလွှားနေကြသည်။သူတို့အားလုံးက အစားပုပ်နတ်ဘုရားမြို့တော်ဆီသ်ို့ ဦးတည်ပြေးလာလေသည်။


မြေပြင်က တုန်ခါနေလေသည်။မိကျောင်းခေါင်းတိုကြီးလှုပ်ရှားလိုက်တိုင်း မြေပြင်က ကွဲအက်သွားသည်။၎င်း၏ ကြီးမားလှသောပါးစပ်ကြီးကို ဖွင့်ဟ၍ ရေခဲတမျှအေးစက်လှသောအလင်းတန်းများထုတ်လွင့်နေသည့် ချွန်မြလှသော သွားများကို ပြသထားလေသည်။


မိကျောင်းခေါင်းတိုကြီးက လျင်မြန်လှသောအရှိန်ဖြင့် လာနေလေရာအစားပုပ်နတ်ဘုရားမြို့တော်နားသို့ နီးကပ်လာလေပြီ။ယခုအချိန်၌ သားရဲကြီး၏ အရှေ့တွင် ခမ်းနားကြီးကျယ်လှသော အစားပုပ်နတ်ဘုရားမြို့တော်ရှိနေပေသည်။


ဧရာမမိကျောင်းခေါင်းတိုကြီးက ရပ်တန့်လိုက်ပြီးနောက် မြို့ကို ကြည့်လိုက်သည်။မိကျောင်းခေါင်းတိုက အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်ပြီးနောက် ထိုနေရာတွင် ရပ်တန့်နေလေသည်။လူများစွာက တုန်ယင်ကြောက်လန့်နေကြသော်လည်း မကြာခင်မှာပင် ထိုမိကျောင်းကြီး နေရာတွင်ရပ်တန့်နေသည်ကို သတ်ိပြုမိသွားကြသည်။


လူများစိတ်သက်သာရာရစွာသက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မြို့တံခါးဝဆီသို့ အလျင်အမြန်ပြေးလာကြလေသည်။မိကျောင်းကြီးက ရပ်တန့်နေသော်လည်း သူတို့ လုံခြုံမှုကို မခံစားရသေးပေ။သူတို့ မြို့တွင်းသို့ဝင်၍ အကာအကွယ်ရှာရပေမည်။


မြို့တံတိုင်းထက်တွင်ရှိနေသော အစောင့်များကလည်းသူတို့နှင့် အနည်းငယ်အကွာတွင် ရှိနေသော မိကျောင်းကိုကြည့်၍ ထိတ်လန့်တုန်ယင်နေကြသည်။၎င်းမိကျောင်းကြီးက တောင်သေးသေးလေးတစ်လုံးနှင့် မခြားနားပေ။


"ဒါက ဘယ်လိုမွန်းစတားမျိုးလဲ..."


အစောင့်များက ကြောက်ရွံ့မှုများပြည့်နှက်နေသည်ဆ်ိုသော်လည်း လွတ်မြောက်လာသူတို့၏ ဝမ်းနည်းပူဆွေးစွာငိုကြွေးသံများ စိုးရိမ်ထိတ်လန့်စွာ အော်ဟစ်သံများကို ကြားလိုက်ရသည်။ထို့ကြောင့် သူတို့ မြို့တံခါးကို ဖွင့်လှစ်လိုက်ပြီးထိုလူများအား မြို့တွင်းသို့ အလျင်အမြန် ဝင်ခိုင်းလိုက်သည်။


မြို့တံခါးဖွင့်လိုက်သည့်အချိန်တွင် တင့်တယ်လှသော ပုံရိပ်လေးတစ်ခုကလည်း ထ်ိုလူများနှင့် ရောနှောဝင်လာသည်အား မည်သူမှ သတ်ိမပြုမိလိုက်ပေ။လွတ်မြောက်လာသူများအားလုံး မြို့ထဲ ဝင်ပြီးသည့်တိုင်အောင် မိကျောင်းက ထိုနေရာတွင် လဲလျောင်းကာမြို့ကို ကြည့်နေတုန်းဖြစ်သည်။သူ့၏ မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်သည့်သူတိုင်း ကျောရိုတစ်လျှောက်အေးစိမ့်သွားမှုကို ခံစားလိုက်ရသည်။


"မြန်မြန်လေး မြို့တော်ရဲ့ တာဝန်ရှိသူတွေကို သွားပြီး သတင်းပို့..."


မြို့တံတိုင်းပေါ်ရှိ အစောင့်များက မိကျောင်းကြီး၏ အကြည့်နှင့် ရင်ဆိုင်နေရသောကြောင့် မည်သူမှ ဖြောင့်ဖြောင့်မရပ်နိုင်တော့ပေ။


.......


ဆွစ်....


အသံတစ်သံကြားလိုက်ရပြီးနောက် ပုံရိပ်လွှဲပြောင်းအစီအရင်မှ အလင်းတန်းများက ပုဖန်၏ နေရာဆီသ်ို့ ကျရောက်သွားသည်။


ပုဖန်က ဓားဖြင့် စက္ကူအိတ်ကို ဖောက်ဖြတ်လိုက်သည်။ ချက်ချင်းပင်ကျိုးပဲ့နေသော ရေကာတာမှ ရေများလျှံကျလာသကဲ့သို့ အပူအခိုးအငွေ့များ လှိမ့်ထွက်လာသည်။၎င်းက ဆူပွက်နေလေသည်။


စာရွက်ပိုင်းကို ဖယ်ထုတ်လိုက်သည်နှင့် သိပ်သည်းလှသော မွှေးရနံ့များ လှိုက်တက်လာသည်။ထိုရနံ့ထဲတွင် ငါး၏ ထူးခြားသော ရနံ့ ဝိုင်၏ သန့်စင်သောရနံ့နှင့် စိတ်ဝိညာဉ် သစ်သီးတို့၏ ချိုချဉ်ရနံ့တို့ပါဝင်နေသည်။


ရနံ့များပေါင်းစပ်မှုက လူများကို စွဲမက်စေပြီး သက်တောင့်သက်သာဖြစ်စေလေသည်။ကောင်းကင်ပေါ်တွင်ပြသထားသော ပုံရိပ်မှနေ၍ လူများက ကင်ထား၍ ဝာသွားသောစက္ကူကိုဖောက်ပြီး အထဲမှ ပျော့အိလှသော ငါးအသားကို မြင်နေရလေသည်။


ကောင်းကင်ဝါးမျို ဝိညာဉ်စက်ငါး၏ ခေါင်းနှင့် အမြီးကို ဖယ်ရှားလိုက်ပြီး စက္ကူထုပ်ထဲတွင် ငါးကိုယ်ထည်ကိုသာ ချန်ခဲ့လိုက်သည်။ဝိုင်နှင့်ရောစပ်ထားသောငါးစွပ်ပြုတ်အရည်က ပွက်ပွက်ဆူနေပြီး အပူငွေ့များထုတ်လွင့်နေလေသည်။


ငါးအသားက အဖိုးထိုက်တန်လှသော ကျောက်မျက်ရတနာများကဲ့သို့ ကြည်လင်တောက်ပနေသည်။လှပမှုက စာဖွဲ့ပြနိုင်သည်ထက်ပင် ကျော်လွန်နေပေ၏။


စိတ်ဝိညာဉ် စွမ်းအင်များပြည့်နေသော အနီရောင်စိတ်ဝိညာဉ် သစ်သီးအချို့ကလည်း တောက်ပလင်းလက်နေသည်။ထိုပေါင်းစပ်မှူအသွင်အပြင်က မျက်စိမလွှဲနိုင်စရာကောင်းလွန်းလှသည်။


"ချက်ပြုတ်တဲ့နေရာမှာတကယ်ပဲ စက္ကူကို သုံးလို့ရတယ်ပေါ့..."


စက္ကူထုပ်ငါး၏ ထူးခြားသော အနံ့အရောင်တို့ကို ကြုံတွေ့လိုက်ရပြီးနောက် လူများအံ့အားသင့်သွားကြသည်။သူတို့ မထိန်းနိုင်ပဲ တံတွေးတစ်လုတ်မျိုချလိုက်ရသည်။ထိုစက္ကူထုပ်ငါး၏အနံ့အရ ဝမ်ရမ်ရှန်၏ ငါးပေါင်းထက် အားနည်းလိမ့်မည်မဟုတ်ပေ။


ပုဖန်က သူ့၏ စက္ကူထုပ်ငါးကိုသယ်ဆောင်၍ ပြိုင်ကွင်းအလယ်သို့ လျှောက်လာခဲ့သည်။သူလှည့်လိုက်သောအခါတွင် သူ့၏နီရောင်စားဖိုမှူးဝတ်ရုံက ဝဲခနဲ လွင့်ခါသွားလေသည်။


သူ့၏ စက္ကူထုပ်ငါးက ဝမ်ရမ်ရှန်၏ ငါးပေါင်းကို မည်ကဲ့သို့ အနိုင်ယူမည်အား ကြည့်ရှုရန် အနည်းငယ်လည်း မျှော်လင့်နေပေသည်။ပုဖန် ငါးဟင်းပွဲကို ချူချန်းရှန်ဆီသို့ သယ်ဆောင်သွားလိုက်သည်။


ဝမ်ရမ်ရှန်က သူ့၏ ဝိုင်ခွက်ကိုထုတ်၍ သောက်လိုက်သည်။ထို့နောက် ပုဖန်ကို ကြည့်လိုက်ပြီးနှုတ်ခမ်းထောင့်စွန်းလေးများကော့တက်သွား၏သူပုဖန်ဘက်သို့ အသာအယာခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။


ပုဖန် သူ့ဘက်သို့ မျက်နာသေဖြင့် လှမ်းကြည့်လိုက်ပြီးနောက် စက္ကူထုပ်ငါးကို ချူချန်းရှန်၏ စားပွဲပေါ်သို့ ချပေးလိုက်သည်။ဝမ်ရမ်ရှန်က တကယ်ကို သိချင်နေပေသည်။သို့သော်လည်း သူ အလျင်စလို အရှေ့သို့ တိုးမသွားပဲ နေရာမှာတင်ရပ်၍ နောက်ဆုံးရလဒ်ကို စောင့်နေလေသည်။


ချူချန်းရှန်က သူ့၏မုတ်ဆိတ်မွှေးများကိုသပ်ရင်းပုဖန်ကို ကြည့်နေလေသည်။ငါးကို စက္ကူနဲ့ပတ်ပြီးချက်တယ်...ထိုချက်ပြုတ်ခြင်းနည်းလမ်းကချူချန်းရှန်ကို အံ့အားသင့်သွားစေ၏။


သူ့၏ တူဖြင့် စက္ကူအတွင်းဘက်ကို ဖိကြည့်လိုက်သည်။လျန်ချိမ်က သိချင်စိတ်ဖြင့် အနည်းငယ် လည်ပင်းဆန့်ထုတ်ထားပေ၏။သူ စက္ကူအိတ်ထဲမှငါးကို မြင်လိုက်ရသည့်အချိန်တွင် အံ့သြသင့်သွားမိသည်။


ထိုကောင်လေးက မျက်စိစပါးမွှေးစူးစေသော်လည်း သူ့၏ အချက်အပြုတ်စွမ်းရည်ကတော့ မဆိုးလှပေ။အာကာသနတ်သမီး၏ လှပဝိုင်းစက်သော မျက်ဝန်းလေးများက ပုဖန်ကို ကြည့်လိုက်သည်။ပြီးနောက် စက္ကူထုပ်ငါးကို ကြည့်လိုက်၏။


"စိတ်ဝင်စားစရာပဲ..."


စက္ကူကို အသုံးပြုပြီးတော့ ငါးရဲ့ အနံ့အရသာကို ထိန်းသိမ်းထားတယ် ပြီးတော့ စိတ်ဝိညာဉ် သစ်သီးတွေကို အသုံးပြုပြီးတော့ ငါးရဲ့ ညှီနံ့ကိုလည်း ဖျောက်ပစ်လိုက်တယ်...ပြီးတော့ ဝိုင်းကောင်းကောင်းကိုလည်း ထပ်ပေါင်းထည့်ထားသေးတယ်...ဟေး ကလေး ငါအရိုးသားဆုံးပြောရမယ်ဆိုရင်တော့ ငါမင်းရဲ့ ဝိုင်ကို တော်တော်လေး စိတ်ဝင်စားမိတယ်..."


ချူချန်းရှန်ပြောလိုက်သည်။ထိုစကားကြောင့် အားလုံးအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။


စားဖိုမှူးလေးက မဟာအကြီးအကဲချူချန်းရှန်ရဲ့ သဘောကျမှုကို ရရှ်ိသွားတာလား..."


ချူချန်းရှန်က စကားထပ်မဆိုတော့ပဲ ငါးအသားတစ်ဖဲ့ကို ကောက်ယူလိုက်သည်။လတ်ဆတ်မွှေးပျံ့နေသောငါးအသားလေးက တူကြားထဲတွင် မျော့ကြိုးတစ်ခုကဲ့သို့ တုန်ခါနေလေသည်။


သိပ်သည်းလှသောမွှေးရနံ့များနှင့် ကြွယ်ဝလှသောစွမ်းအင်များက ငါးအသားမှတစ်ဆင့် သူ့၏ တူတစ်လျှောက်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ချူချန်းရှန်၏ မျက်ဝန်းများ လှုပ်ရှားသွားလေသည်။ထို့နောက် သူ ငါးအသားကို ပါးစပ်ထဲ ထည့်လိုက်သည်။


ဝမ်ရမ်ရှန်ကဲ့သိူ့ပင် တခြားသူများအားလုံးကလည်း ချူချန်းရှန်၏ မျက်နာအပြောင်းအလဲကို စောင့်ကြည့်နေကြသည်။ချူချန်းရှန်၏ ဝတ်စုံက ဖောင်းကားလာလေသည်။သူ့မျက်ဝန်းမှအလင်းတန်းများကလည်းနေရာအနှံ့ကို ဖြန့်ကျက်လေ၏။


သူ့၏ နှုတ်ခမ်းမွှေးနှင့် ဆံပင်များကလည်း မြင့်တက်လာသည်။သူ့ကိုကြည့်ရသည်မှာ တကယ်ကို စိတ်လှုပ်ရှားနေပုံပေါ်၏။


"ဝ်ိုင်ရဲ့ အရသာက ငါးအရသာ သစ်သီးရဲ့ ချိုချဉ်အရသာတို့နဲ့ လိုက်ဖတ်ညီစွာ ပေါင်းစပ်ထားတယ်...တကယ်ကို ပြီးပြည့်စုံတယ် အရမ်းအရသာရှိတယ်...ဘတ်..."


ချူချန်းရှန် သူ့၏ တူကို စားပွဲပေါ်ပစ်ချလိုက်သည်။


ဟား...


သူစိတ်တည်မှုရစေရန် လေပြင်းပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။သူ့၏ အဝတ်အစားများက ပြန်လည် ငြိမ်ကျသွားပြီး သူ့မျက်နာအမူအရာကလည်း ပြန်တည်ငြိမ်သွားသည်။


"အကြီးအကဲရဲ့ အဝတ်အစားတွေက ဖောင်းလာတာဟုတ်တယ်မဟုတ်လား ...သူအဝတ်အစားတွေက ဖောင်းလာတယ် ဒီတော့ စားဖိုမှူးလေးရဲ့ ဟင်းပွဲကလည်း ဝမ်ရမ်ရှန်ထက် မနိမ့်ကျဘူးပဲ..."


လူတိုင်းအံ့အားသင့်နေကြသည်။ထိုကဲ့သို့ ဖြစ်နိုင်ချေမျိုးကို သူတို့မတွေးဖူးခဲ့ပေ။လျန်ချိမ် ထပ်မစောင့်နိုင်တော့ပေ။ဒီစားဖိုမှူးလေးက ဝမ်ရမ်ရှန်ထက် ကောင်းမွန်တဲ့ အစားအစာတစ်ခုက်ို ချက်ပြုတ်နိုင်တယ်ဆိုတာတကယ်ပဲလား...


ဝမ်ရမ်ရှန်၏ ငါးပေါင်းကပင် သူ့ကို အကြီးအကျယ်ထိတ်လန့် အံ့အားသင့်စေပြီဖြစ်သည်။ထိုကဲ့သို့ အရသာကောင်းမွန်လှသော ဟင်းပွဲမျိုးကို သူအရင်က မစားဖူးပေ။


တူကိုကောက်ယူ၍ ငါးအသားလေးကို ထိလိုက်သည်။ထိုခဏမှာပင် ကွဲပြားခြားနားသည့် ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။အသားမှ မွှေးရနံ့နှင့်အတူ ခပ်ဖျော့ဖျော့ အပူငွေ့လေးများ ထွက်ပေါ်နေတုန်းပင်ဖြစ်သည်။


သူငါးအသားတစ်ဖက်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အရသာက ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလေသည်။သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများထလာပြီးအနည်းငယ်တုန်ယင်သွားမိသည်။


စက္ကူထုပ်ငါးရဲ့အရသာက ငါးပေါင်းအရသာထက် သာလွန်နေပြီး လုံးဝ ပြီးပြည့်စုံလေသည်။ထိုအရသာထဲသူနစ်မြှုပ်သွားသလိုခံစားလိုက်ရသည်။ဝိုင်၏ အရသာနှင့် စ်ိတ်ဝိညာဉ် သစ်သီးတို့၏ ချိုချဉ်အရသာတွင်.


"ကောင်းတယ် အရမ်းအရသာရှိတယ်..."


သူ့၏ စကားလုံးများက လည်ချောင်းထဲတွင် တစ်စို့နေသလိုမျိုးသူခံစားနေရသည်။


အာကာသနတ်သမီးကလည်းငါးတစ်ဖဲ့ကိုယူ၍ စားလိုက်သည်။သူမက ဘာစကားတစ်ခွန်းမှမဆိုလိုက်ပဲ ပုဖန်ကို ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။


သူမ၏ မျက်ဝန်းများနှင့် ဆုံလိုက်သည့်ခဏ၌ ပုဖန်အံ့အသင့်သွားမိသည်။

ဒီမျက်ဝန်းတွေ... ရင်းနီးနေသလိုပဲ...


အာကာသနတ်သမီးက ပုဖန်ကို ပြုံးပြလိုက်သကဲ့သို့ သူမ၏ မျက်ဝန်းထောင့်စွန်းလေးများ ကွေးတက်သွားသည်။အနည်းငယ် ပို၍ အံ့အားသင့်သွားသည်။ထို့နောက် ခံစားချက်မဲ့စွာဖြင့်ပင် မျက်နာလွှဲလိုက်မိ၏။


လေပေါ်မျောစင်မြင့်များထက်တွင်ရှိနေသောပရိတ်သတ်များအားလုံးကလည်း စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည်။


"ဒီပြိုင်ပွဲကို ဘယ်သူများအနိုင်ရနိုင်မှာလဲ..."


ချွီရန်ချန်းဖုန်၏ မျက်ဝန်းများက ကွေးညွှတ်သွားပြီး သူ့၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုပေါ်လာသည်။သူ့၏ တောက်ပသော မျက်ဝန်းများက ပုဖန်ကိုသာစွဲစွဲမြဲမြဲ စိုက်ကြည့်နေသည်။


"ငါယုံတောင်မယုံနိုင်ဘူး..."


သူနှင့် မနီးမဝေးတွင်ရပ်နေသော စားဖိုမှူးတစ်ယောက်က သံသယအပြည့်ဖြင့် လှည့်ကြည့်လာလေသည်။


"ဘာလဲ စားဖိုမှူး ချွီရန် မင်းက ဒီဝမ်ရမ်ရှန် ရှုံးနိမ့်သွားမယ်လို့ ထင်နေတာလား .."


စကားစလာသော စားဖိုမှူးက ဝမ်ရမ်ရှန်အတွက် ယုံကြည်မှု အပြည့်ရှိနေပုံပေါ်သည်။


"ဘာလဲ စားဖိုမှူး ဝမ်ရမ်ကကော မရှုံးနိမ့်နိုင်တော့ဘူးလား..."


ချွီရန်ချန်းဖုန်က ခပ်ပြုံးပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။တခြားစာဖိုမှူး၏ မျက်နာက မဲမှောင်သွားလေသည်။


"ဟာသပဲမင်းက စားဖိုမှူးဝမ်ရမ်ရဲ့ စွမ်းရည်ကို သိသင့်တယ် တကယ်လို့သူသာ ရှုံးနိမ့်သွားမယ်ဆိုရင် ငါကအဲ့ဒီစားဖိုမှူးလေးလောက်တောင် အရည်အချင်းမရှိတော့ဘူးပဲ..."


ထိုစကားလုံးက ချွီရန်ချန်းဖုန်ကို ခဏမျှ တွေဝေတုံ့ဆိုင်းသွားစေသည်။ခဏမျှအကြာ၌ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။


"အဲ့ဒီစက္ကူထုပ်ငါးကို မြည်းစမ်းလိုက်တဲ့အချိန်မှာ မဟာအကြီးအကဲရဲ့ အဝတ်အစားတွေကော သူ့ရဲ့ ဆံပင်တွေပါ လွင့်ပျံတက်လာတာကို မင်းမမြင်ဘူးလား...ဒါပေမယ့် သူငါးပေါင်းကို စားတဲ့အချိန်တုန်းက ဆံပင်တွေပဲ လွင့်တက်လာတာလေ ဒါ ဘာအဓိပ္ပါယ်လဲဆိုတာ မင်းမသ်ိသေးဘူးလား..."


ချွီရန်ချန်းဖုန်၏ စကားကြောင့် တခြားစားဖိုမှူး ခဏမျှကြောင်အသွားပြီးနောက် သူ့၏ မျက်နာက ညှို့မှိုင်းသွားလေသည်။


"ကောင်းပြီ ငါတို့ အရသာမြည်းကြည့်ပြီးသွားပြီဆိုတော့ အာကာသနတ်သမီးနဲ့ ကောင်းကင်ဗဟိုသူတော်စင်သားတော်တို့ရဲ့ အဖြေကို ပြောပါဦး..."


ချူချန်းရှန်၏ စကားကို ကြားလိုက်သည်နှင့် အားလုံးအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။ယခုက အဖြေကို ကြားရမည့်အချိန်ပင်။


"ငါက စားဖိုမှူးဝမ်ရမ်ကို ရွေးချယ်တယ် သူ့ရဲ့ ငါးပေါင်းက နှိုင်းယှဉ်မရနိုင်လောက်အောင်ကောင်းလွန်းတယ်... ငါတော့ အဲ့ဒီအရသာမှာ တကယ်ကို ကျရှုံးသွားတယ် လျန်ချိမ်က အနည်းငယ်မျှပင် တွန့်ဆုတ်မှုမရှိပဲ ပြောလိုက်သည်။


အာကာသနတ်သမီးက လျန်ချိမ်ကို ထွင်းဖောက်လုမတက် စူးရှစွာကြည့်လိုက်သည်။


"ငါရွေးချယ်တဲ့ စားဖိုမှူးကတော့ ပု..."


အိုး ....


သူတို့၏ ရွေးချယ်မှုများအဆုံး၌ အားလုံး ဆူညံ ပွက်လောရိုက်သွားကြပြန်သည်။ထိုသို့ဆိုလျှင် မဟာအကြီးအကဲ ချူချန်းရှန်၏ ရွေးချယ်မှုကို စောင့်ရပေတော့မည်။


သို့သော်လည်း မဟာအကြီးအကဲ ချူချန်းရှန် သူ့၏ အဖြေကို ပြောတော့မည့် အချိန်တွင်ပင် ထိတ်လန့်စရာကောင်းလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။


"သတင်းပို့ပါတယ်...မွန်းစတားတစ်ကောင်က မြို့ကို တိုက်ခိုက်နေပါတယ်..."