အခန်း၆၈၀
ခွေးဘုရင်က မင်းကိုကယ်တင်ဖို့ ငါက်ိုပြောတယ်....
"အရေးကြီးတယ်...
မွန်းစတားတစ်ကောင်က မြို့ကို တိုက်ခိုက်နေတယ်..."
အဆုံးမရှိသော အကြောက်တရားတစ်ခုက နှလုံးသားမှ ပေါ်ထွက်လာသောကြောင့် အော်ဟစ်လိုက်သည်။ ပုံရိပ်တစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာလေသည်။ သူက အစားကြူးနတ်ဘုရားမြို့တော်၏ အစောင့်တစ်ဦးဖြစ်သည်။ ထိုအချိန်တွင် သူ၏မျက်နှာမှာချွေးများဖြင့် ဖုံးလွှမ်းနေပြီး နီရဲနေပေသည်။ သူက အမောတကောဖြင့် အစားကြူးနတ်ဘုရား အဆောက်အအုံ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ သို့သော်လည် သူ့၏အသံက အဆောက်အအုံးတွင်းမှ လူများကြားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပေသည်။
"ဘာလဲ...
မွန်းစတားတစ်ကောင်က မြို့ကို တိုက်ခိုက်နေတာလား..."
ချူချန်းရှန့် နောက်ဆုံးရလဒ်ကို ကြေညာတော့မည့်အချိန်တွင် အော်ဟစ်သံတစ်ခုက သူ့ကို စွဲဆောင်လိုက်သည်။ သူလှည့်ကြည့်လိုက်သည့်အချိန်တွင် အဆာက်အအုံ၏အစောင့်ကိုတွေ့လိုက်ရသည်။
"ဘာတွေ ဖြစ်လို့လဲ..."
ချူချန်းရှန့်က လေးနက်စွာ မေးလိုက်သည်။ သူ့၏အသံက အစောင့်ကို ငြိမ်သက်သွားစေသည်။
"မွန်းစတားတစ်ကောင်က မြို့ကို တိုက်ခိုက်နေတာလား...
ဘာဖြစ်နေတာလဲ...
မွန်းစတားတစ်ကောင် ဘယ်ကရောက်လာပြီး မြို့ကို တိုက်ခိုက်ရတာလဲ..."
ပညာရှင်အများအပြားက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
"အစားကြူးတောင်ကြားကို တိုက်ခိုက်ရဲတယ်..."
အစားကြူးတောင်ကြားက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေထက် အားမနည်းပေ။
ဒီမွန်းစတားက ကျားရဲ့အသည်း သို့မဟုတ် ကျားသစ်ရဲ့သည်းခြေအိတ်ကို စားထားတာလား...
အစောင့်၏သတင်းစကား ကိုကြားလိုက်ရသောကြောင့် ဆဋ္ဌမမြောက်အကြီးအကဲ၏မျက်နှာမှာ ချက်ချင်းဆိုသလိုပင်ပြောင်းလဲသွားသည်။ နှုတ်ခမ်းမွေးများကို တုန်တုန်ရင်ရင်ဖြင့် သပ်လိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားပုံပေါ်လေသည်။
ချူချန်းရှန့်လည်း တစ်ခုခုကိုမှတ်မိသွားပုံရပြီး မျက်ခုံးပင့်လိုက်သည်။ သူ မတ်တပ်ထရပ်ပြီး မကြာမီ အစားကြူးတောင်ကြားရှိအဆောက်အအုံမှ သူ၏ ၀တ်ရုံရှည်ကြီးကို နောက်သို့ ပျံဝဲသွားအောင်ပြုလုပ်ရင် ထွက်ခွာလာသည်။
"သွား ရှေ့ကနေ လမ်းပြစမ်း..."
ချူချန်းရှန့် က ပြောလိုက်သည်။
"ချန်ပီယံဆုရွေးချယ်ပွဲက ဆက်လက်ကျင်းပလိမ့်မယ် ...ရန်ယုက လက်ကျန်ပွဲစဉ်များအတွက် အကဲဖြတ်ပေးလိမ့်မယ်...။
" ချူချန်းရှန့်ကလှည့်၍ အခြားသူများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူကရှေ့သို့ လျှောက်သွားကာ အစောင့်နှင့်အတူ ပျောက်ကွယ်သွားလေသည်။
မြင့်မားသော စင့်မြင့်ထက်တွင် ကောင်းကင်ဘုံသူတော်စင် သားတော်အပေါ် မှ ဖိအားများ ပျောက်ကွယ်သွားလေသည်။ သူ့မျက်နှာမှာ မည်းမှောင်နေပြီး မယုံကြည်ခြင်းများပြည့်နက်နေသည်။ လူတိုင်းက ချူချန်းရှန့် ပျောက်ကွယ်သွားသည်ကိုကြည့်ကာ စကားအနည်းငယ်မျှပင်ထွက်မလာကြပေ။
"မဟာအကြီးအကဲ… အနည်းဆုံး ထွက်ခွာမသွားမီ နောက်ဆုံးရလဒ်ကို ပြောပြခဲ့သင့်တယ်...
သိချင်စိတ်နဲ့နေရတာ တကယ့်ကို အနှောင့်အယှက်ဖြစ်မှန်း အကြီးအကဲသိပါတယ်..."
သို့သော်လည်း ချူချန်းရှန့်က သူတို့၏ အတွေးများကို ဂရုစိုက်မိဟန်မပေါ်ပေ။ သူလျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် လူအများက မယုံကြည်နိုင်ခြင်းများဖြင့် ကျန်ရစ်ခဲ့လေသည်။
ဆဌမမြောက် အကြီးအကဲထိုနေရာကို ဖြတ်သွားကာ သူ့နောက်သို့ လိုက်လေသည်။ ဆိုးရွားလှသည့် ကြိုတင်သတိပေးချက် တစ်ခုကိုကြားသိလိုက်ရချိန်တွင် သူ၏မျက်ခုံးများ တွန့်ကွေးသွား၏။ သူတို့သုံးယောက်က အစားကြူးနတ်ဘုရား အဆောက်အအုံမှ ထွက်သွားသည်နှင့် တပြိုင်နက် သူတို့က မြို့တော်ဆီသို့ ဦးတည်သွားကြသည်။
အစောင့်တစ်ယောက်က ရှေ့ကို တလေးတစားဖြင့် ဦးဆောင်လမ်းပြလိုက်သည်။ချူခန်းရှန်နှင့် ဆဌမနြောက် အကြီးအကဲတို့က ဖြည်းညှင်းစွာ သူ့နောက်သို့ လိုက်ကြလေသည်။ ရုတ်တရက် ချူချန်းရှန့်တစ်ယောက်ရပ်တန့်သွားသည်။ အနက်ရောင်ဝတ်စုံရှည်ဝတ်ထားသော ကောင်မလေးတစ်ယောက်လမ်းလျှောက်သွားသည့် ဦးတည်ရာကို သူ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“အာ ဒီခံစားချက်က ... ငရဲကမ္ဘာရဲ့ သက်ရှိများလား..."
ချူချန်းရှန့်၏ မျက်လုံးများက မိန်းကလေး၏ ချောမောလှပသော အသွင်အပြင်ကို ကြည့်နေချိန်တွင် အလင်းတန်းအချို့ ဖြာထွက်နေသည်။ သို့သော်လည်း သူကဂရုမစိုက်ပဲ ရှေ့သို့ဆက်လျှောက်သွားနေလေသည်။
ကြီးမားသော မိကျောင်းကြီးက အစားကြူးနတ်ဘုရားမြို့တော်၏ အပြင်ဘက်၌ ၎င်း၏ မျက်လုံးများဖြင့် မြို့ကို စိုက်ကြည့်နေသည်။ ချူချန်းရှန့်က မြို့ရိုးနားသို့ ရောက်ရှိလာပြီးနောက် ဧရာမသားရဲကြီးကိုမြင်လိုက်ရသည်နှင့် ချူချန်းရှန့်၏မျက်နှာက တင်းမာသွားသည်။ သူ့ရင်ဘတ်ထဲမှ နှလုံးခုန်သံကိုပင်ကြားနေရလေသည်။
“သွားစိမ်း ဘိုးဘေးမိကျောင်း.."
.....
အစားကြူးရင်ပြင်ကျယ်ထောင့်ရှိ အမြင့်ဆုံး စင်မြင့်တစ်ခုမှ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ထွက်လာသည်။ သူဆင်းသက်သည့်အချိန်တွင် စိန်ခေါ်ပွဲ၌ ကျယ်လောင်သောမြည်သံထွက်ပေါ်လာလေသည်။ ဤလူမှာ အစားကြူးဘုတ်ပြားပော်ရှ်ိ ထိပ်တန်းစားဖိုမှူး ရန်ယုဖြစ်သည်။ သူက အစားကြူးတောင်ကြားရှိ ကမ္ပည်းထိုးခြင်းခံထားရသည့် ပထမတန်းစား စားဖိုမှုးဖြစ်ပေသည်။ သူက အထူးတန်းစားဖိုမှူးတစ်ယောက်လဲဖြစ်၏။
ပြင်းထန်သော အလင်းတန်းများဖြင့် သူကပုဖန် နှင့်ဝမ်ရန်ရှမ် ကိုပြုံးလျက် ကြည့်လိုက်သည်။
“မင်းတို့ ထိုင်ပြီး အနားယူကြ...
မဟာအကြီးအကဲက ပြန်လာတဲ့အခါ သင်တို့၏ စိန်ခွဲပွဲပွဲရလဒ်ကို ကြေညာလိမ့်မယ်...
အခု နောက်ထပ်စိန်ခေါ်မှုပွဲက်ု ဆက်ကျင်းပမယ်..."
ဝမ်ရန်ရှမ်က ရန်ယုကို ထူးခြားသည့်အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ သို့သော် သူအမှန်တကယ် ပြုံးနေခြင်းမျိုးမဟုတ်ပေ။ သူက ဝိုင်တစ်ငုံစာကို မော့သောက်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့်လှည့်ထွက်သွားသည်။ သူက မူးနေသကဲ့သို့ လှုပ်ယမ်းကာ ယိမ်းနွဲ့နေ၏။ သူ့တွင် ဟင်းချက်စဉ်ကဲ့သို့ စိတ်အားထက်သန်မှုများ မတွေ့ရပေ။
ဝမ်ရန်ရှမ်က ရန်ယု အပေါ် ကောင်းမွန်သည့် စိတ်ခံစားချက် မရှိသည်ကိုတွေ့မြင်နိုင်သည်။
ရန်ယု၏ နူးညံ့သောမျက်နှာက အဝေးသို့ထွက်ခွာသွားသော ဝမ်ရန်ရှမ်၏ကျောပြင်ကိုကြည့်၍ ပြုံးလိုက်သည်။ထို့နောက်ခဏအကြာတွင် ပုဖန်ဘက်သို့လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ပုဖန်က မျက်ခုံးပင့်လျက် ရန်ယုကို စိုက်ကြည့်လိုက်သည်။ သူ ဘာစကားတစ်ခွန်းမှ ထပ်မပြောဘဲ လှည့်ထွက်သွားသည်။
"ပိုင်ရှင်ပု ဒီမှာ"
ရှောင်ယုက မြင့်မားသောစင်မြင့်ထက်မှ သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ ပုဖန်အံ့သြသွားသော်လည်း သူ့ကို လျစ်လျူမရှုပေ။ သူ မြေပြင်ကိုထောက်ကန်ကာ ရှောင်ယုဆီသို့ ပျံတက်သွားလိုက်သည်။
"ပိုင်ရှင်ပု
မင်းရဲ့ ဟင်းချက်စွမ်းရည်က ခါတိုင်းလို ကြောက်စရာကောင်းပြီး မှင်သက်စရာပဲ..."
"အကိုကြီး က အရမ်းတော်တာပဲ..."
ကလေးမလေး၏ ပါးစပ်က ဖောင်းကားနေသည်။
"ခုထိ စားနေတုန်းပဲလား..."
ပုဖန်အံ့ဩသွားသည်။ သူ့မျက်လုံးများက မိန်းကလေး၏ ဖောင်းကားနေသော ပါးပြင်ကိူကြည့်ပြီးနောက် တောင်ကြီးကဲ့သို့ဟင်းပွဲများဆီသို့ ကူးပြောင်းသွားသည်။
“ဗိုက်ဆာတယ်… မဝသေးဘူး ထပ်စားချင်သေးတယ်..."
ကလေးမလေးက ဝိုင်းစက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ရင်းပြောလိုက်သည်။
ပုဖန် စကားထပ်မပြောတော့ပဲ မျက်မှောင်ကြုတ်လိုက်ကာ ကလေးမလေး၏ ခေါင်းကို ပွတ်လိုက်သည်။ ဒီကလေးမလေးဟာ သူ့ခန္ဓာကိုယ်ထဲမှာ အစားကြူး နတ်ဘုရားရဲ့ဝိညာဉ်ရှိနေပေသည်။ ဒါ ကြောင့်အမြဲလိုလို အများကြီးစားနိုင်သည်မှာ အံ့ဩစရာမရှိပေ။
"ဒါဆို ပိုစားသင့်တယ်"
ကလေးမလေးက ခေါင်းကိုညိမ့်လျက် ထပ်ပြောလိုက်သည်။ ပုဖန်က မြင့်မားသော စင်မြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ရှောင်ယုက အနားကို ချဉ်းကပ်လာပြီး တောက်ပစွာ ပြုံးလိုက်သည်။
“ဟေ့ ပိုင်ရှင်ပု...
မင်းမှာ ဝိုင်ရှိသေးလား ငါသ်ိချင်လို့...
မွှေးရနံ့သင်းသင်းလေးနဲ့ မကြာခဏ ချက်ပြုတ်လေ့ရှိတဲ့ ဝိုင်လေ....”
ရှောင်ယု က မေးလိုက်သည်။
ဝိုင်...
ဒီကောင်က ဝိုင်လိုချင်နေတာလား...
ပုဖန်က ရှောင်ယု ဘက်သို့လှည့်လိုက်သည်။ ဒီလူငယ်ကို ပထမဆုံးကြိမ်တွေ့သည့်အချိန်ကိုသူ အမှတ်ရသွား၏။ သူ့၏ဝိုင်ကြောင့် ပုဖန်ဆီသို့သူရောက်လာခဲခြင်းဖြစ်သည်။ ပုဖန်က စကားတစ်ခွန်းမှ မပြောပဲ လက်ကို လှန်လိုက်သည့်အချိန်တွင်ကြွေပုလင်းတစ်ခု ပေါ်လာလေသည်။ ၎င်းက အဖြူရောင်ကျောက်စိမ်းပုလင်းမဟုတ်သော်လည်း ဤပုလင်းတွင် အေးခဲကျောက်စိမ်းနှလုံးသားဝိုင် ပါရှိပေသည်။
"ဒီမှာ..."
ပုဖန်က ပုလင်းကို လှမ်းပစ်လိုက်သောကြောင့် ရှောင်ယု လှမ်းဖမ်းလိုက်သည်။ ရှောင်ယုအလွန်ပျော်ရွှင်သွား၏။ သူ့မျက်လုံးများက ပျော်ရွှင်မှုဖြင့် တောက်ပနေသည်။ ပေါက်ကွဲတော့မည့်ပုံပေါက်သည့် ပုလင်းကို ပုတ်ရင်းသူပြုံးလိုက်သည်။ပုလင်းဆို့က လွင့်ထွက်သွားသည်။ ဝိုင်၏ရနံ့က လေထဲတွင် စိမ့်ဝင်နေလေသည်။
"ဂလု ဂလု ဂလု..."
ရှောင်ယုက သူ့ပါးစပ်ကိုဟကာ ဝိုင်ကိုလောင်းထည့်လိုက်၏။ အေးမြသောစပျစ်ရည်သည် ပါးစပ်မှတဆင့် လည်ချောင်းဆီသို့ စီးဝင်သွားသည်။ ရှောင်ယုက ပါးစပ်ကို လက်ဖြင့်ပွတ်ဆွဲ သုတ်လိုက်သည်။
"ဟားဟားဟား အရမ်းကောင်းတာပဲ..
ဒီအရသာကို ငါကြိုက်တယ်..."
ရှောင်ယု ၏ မျက်လုံးများက အမှတ်ရစရာများ ပြည့်နှက်နေပေသည်။ ပုဖန်က ရှောင်ယုကို ကြည့်ပြီး ပြုံးလိုက်သည်။ တင်ပျဉ်ခွေထိုင်ချလိုက်ပြီးနောက် ရုတ်တရက် သူ့နောက်ကျောဆီမှ လေအေးတစ်ချက်ကို ခံစားလိုက်ရသည်။
"အာ..."
ပုဖန်အံ့ဩသွားသည်။ သူ့အနောက်မှာ ထိုင်နေသော ပုံရိပ်ကိုလှည့်ကြည့်လိုက်သည်။ သို့သော်လည်း သူမ ဘယ်ချိန်ထဲကရောက်နေသည်ကို သူမလိုက်ပေ။
"ပုဖန်...နောက်ဆုံးတော့ နင့်ကို ငါရှာတွေ့ခဲ့ပြီ..."
ခံစားချက်မဲ့နေသကဲ့သို့ နယ်သာရီက ပုဖန်ကို ကြည့်ကာ သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ ပုဖန်က မျက်မှောင်ကြုတ်ကာ နယ်သာရီကို ကြည့်လိုက်လေသည်။ သူ့မျက်နှာက အံ့ဩမှုများဖြင့်ပြည့်နက်နေလေသည်။
"နင်က...ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ..." ပုဖန်က အနည်းငယ် နားလည်ရခက်နေသည့် ပုံစံဖြင့် မေးလိုက်သည်။
"ဒီအမျိုးသမီးက ဘာလို့ဒီမှာရှိနေရတာလဲ..."
"ခွေးဘုရင်က နင်အန္တရာယ်ကြုံရနိုင်တယ်လို့ပြောတယ် သူက နင့်ကိုကယ်ဖို့ ငါ့ကိုလွှတ်လိုက်တယ်…”
နယ်သာရီက ပုဖန်ကိုရိုးစင်းစွာ ပြောလိုက်ပြီးနောက် မော့ကြည့်လိုက်သည်။
"ငါ့ကိုကယ်ဖို့..."
ပုဖန်က နယ်သာရီကိုခံစားချက်မဲ့စွာ ကြည်လိုက်သည်။ထို့ပြင် နယ်သာရီကလည်း သူ့ကို ခံစားချက်မဲ့သော မျက်လုံးများဖြင့် ပြန်လည်ကြည့်လိုက်လေသည်။ သူတို့တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြ၏။
“ဖူး…”
ရှောင်ယုက သူ့ကိုယ်သူ ဝိုင်အနည်းငယ်လောင်းလိုက်၏။ ပုဖန်နှင့်နယ်သာရီတို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်နေသည်ကိုမြင်လိုက်ရသောကြောင့် သူချက်ချင်းပင် ဝိုင်ကို ထွေးထုတ်လိုက်မိ၏။
"ဘာတွေဖြစ်နေတာလဲ...
ဒီကောင်မလေးက တစ္ဆေလား
သူရောက်လာတုန်းက ငါဘာလို့မသိမိတာလဲ..."
ခွေးဘုရင်က ပုဖန်အား ကယ်တင်ရန် နယ်သာရီကို တောင်းဆိုခဲ့တယ်...
သို့သော်လည်း အအကောင်းဆုံးအနေအထားတွက်၍ ပြောလျှင်ပင် သူမက ဝိညာဉ်လှေကား ပထမအဆင့်ရှိသူတစ်ယောက်သာ ဖြစ်ပေမည်။
သူမ သူ့ကို ဘယ်လို ကယ်တင်နိုင်မလဲ...
သူ့မှာ အန္တရာယ်ရှိနေရင်တောင် ဒီမိန်းကလေးက လက်ရှိမှာဘာမှမလုပ်ပေးနိုင်ဘူး...
နင်ငါ့ကိုမယုံဘူးလား..."
နယ်သာရီက ပုဖန်ကို ကို ကြည့်၍မေးလိုက်သည်။ ထို့နောက် နယ်သာရီကသူမ၏ သွယ်လျသော လက်ကို လွှဲယမ်းလိုက်လေသည်။ သူ့မ၏ လက်ထဲတွင် ခွေးမွှေးပေါင်းများစွာ ပါလာသည်ကို တွေ့လိုက်ရ၏။ ပုဖန်က ခွေးမွှေးများကို မြင်လိုက်ရပြီးနောက် သူ့၏မျက်နှာ၌ အံ့အားသင့်ခြင်းများစွာ ပြေးလွှားသွားလေသည်။
"ခွေးဘုရင်ရဲ့ အမွှေးတွေကို ယူလိုက်တာလား..."
ပုဖန်က မယုံကြည်နိုင်စွာမေးလိုက်သည်။
" ခွေးဘုရင်ရဲ့အမွှေးတွေက ဒီနေရာမှာပြိုင်ပွဲဝင်နိုင်ဖို့ ငါ့ရဲ့ တကယ့်အရည်အချင်းအစစ်အဖြစ် ခဏတာ စွမ်းဆောင်နိုင်တယ်…”
နယ်သာရီက ရိုးစင်းစွာဖြေလိုက်လေသည်။ သူမက ပုဖန်ကို အနည်းငယ်ရီဝေနေသော မျက်နှာဖြင့် ကြည့်လိုက်လေသည်။ ခွေးဘုရင်အမွှေး၏ အမှောင်စွမ်းအင်များက သူမအား အစစ်အမှန် စွမ်းအင်ကိုအသုံးပြုရန် ကူညီပေးနိုင်ပေသည်။
ဒါက အလုပ်ဖြစ်မှာလား...
ဒီပုံစံတိုင်းသာဆို ငါဘလက်ကီဆီက ဆံပင်ပိုယူခဲ့သင့်တယ်...
ပုဖန်နှင့်နယ်သာရီ စကားပြောနေချိန်တွင် ကောင်းကင်ဘုံသားတော်၏ မျက်လုံးများက နယ်သာရီထံသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားလေသည်။
"ဘာ..."
သူအံ့သြသွားသော်လည်း သူ့မျက်နှာကိုပြန်လည်ပြောင်းလဲယူလိုက်သည်။
မြငင့်မားလှသည့် စင်မြင့်ပေါ်ရှိ လူပေါင်းများစွာက မည်သည့်နေရာမှ ထွက်လာမှန်းမသိသော မိန်းကလေးအား သတိပြုမိလိုက်ကြသည်။ သူတို့အားလုံး အံ့သြသွား၏။
"ဝီ..."
ကောင်းကင်နွေဦးသူတော်စင်သားတော်က ညိုမှိုင်းသော မျက်နှာဖြင့် မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေစဉ်မှာပင် သူ့၏မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ သူ့၏လက်ကို လှန်လိုက်သည်နှင့် ကျောက်စိမ်းအဆောင်ပြားမက လှပစွာ ထွန်းလင်းလာပေသည်။
"ဘာ... ငရဲကမ္ဘာသက်ရှိ....
ဘယ်မှာလဲ..."
ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်လုံးများက ပြူးကျယ်လာလေသည်။ ကျောက်စိမ်းအလင်းကက ညွှန်ပြသည့် လမ်းကြောင်းတိုင်း ကြည့်လိုက်ရာ...သူ့ကို အမြင်မကြည်သော ရှောင်ယု၏ စင်မြင့်ထက်မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို မြင်လိုက်ရလေသည်။