အပိုင်း ၆၈၁
Viewers 53k

အခန်း၆၈၁

ပုန်ကန်မှု ထွက်ပေါ်လာခြင်း...


သူ့လက်မှ ရွေ့လျားနေသော ကျောက်စိမ်းပြားက တောက်ပလျက် ပုဖန်ကိုညွှန်ပြနေလေသည်။


ပထမဆုံးအနေဖြင့် ကောင်းကင်ဘုံသူတော်စင် သားတော်က စားဖိုမှူးကောင်လေးကို မြင်တွေ့လိုက်ပြီးနောက် သူ့၏ လူသတ်ချင်စိတ်များ ပေါ်ထွက်လာလေသည်။ ထို့နောက် အနက်ရောင် ၀တ်စုံဖြင့် လှပသော အမျိုးသမီးတစ်ဦးကို သူထပ်တွေ့လိုက်ရသည်။ သူမကလှပသော်လည်း အေးစက်သော မျက်နှာက သာမန်နှင့်မတူပဲ ထူးခြားလှပေသည်။ ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင် သူမက တခြားလူများဖြင့် အဆက်အသွယ်လုပ်ခြင်းကို ရှောင်ဖယ်နေသော ခံစားမှုမျိုးကို ပေးစွမ်းနေပေသည်။ သူမခန္ဓာကိုယ်တစ်ဝိုက်တွင် လှုပ်ရှားနေသော မှောင်မဲသောလေထုကို ခံစားလိုက်ရသည်။


ကောင်းကင်ဘုံသူတော်စင် သားတော်က သူမကို မြင်တွေးလိုက်ပြီးနောက် သူ့၏ မျက်လုံးမျာကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။ သူ့ပါးစပ်မှသွေးများ ဖြင့်အေးစက်စက် ပြုံးပြလိုက်သည်။


"ချူချန်းရှန့် ချူချန်းရှန့် မင်းငါ့ကို ကာကွယ်ဖို့ တောင်းဆိုခဲ့တဲ့ စားဖိုမှူးလေးက သူ့ကိုယ်တိုင် သေမယ့်လမ်းကိုရွေးနေတယ်...


မင်းဘာလုပ်ပေးနိုင်မှာလဲ...

ဒီကောင်လေးကို ဆက်ကာကွယ်ဖို့ အကြီးမားဆုံး တားမြစ်ချက်ကို မင်း လျစ်လျူရှုလိမ့်မယ် လို့တော့ ငါမထင်ဘူး..."


ကောင်းကင်နွေဦးသူတော်စင် သားတော်စိတ်လှုပ်ရှားလာပြီး သူ၏ အော်ရာများက တဟုန်ထိုးမြင့်တက်လာသည်။


ထိုမိန်းကလေးက ငရဲကမ္ဘာသက်ရှိဖြ စ်သည်၊ စိတ်ဝိဉာဉ်အဆောင်က ဘယ်သောအခါမှ မှားယွင်းခြင်းမရှိခဲ့သောကြောင့် သံသယဖြစ်ဖွယ်မရှိပေ။ ငရဲကမ္ဘာမှ သားရဲများက ဤတိုက်ကြီး၏ မွေးရပ်ရှိ သတ္တဝါများနှင့် မတူညီသော အော်ရာများရှိပြီး ၎င်းတို့ခန္ဓာကိုယ်တစ်ဝိုက်တွင် မှောင်မိုက်သောစွမ်းအင်များ ရှိနေပေသည်။ ထိုအဆောင်ပြားက ပိုင်ရှင်ကို တွေ့ရှိသည်နှင့် ချက်ချင်း သတိပေးမည်ဖြစ်သည်။


စားဖိုမှူးက ထိုငရဲကမ္ဘာသက်ရှိနှင့် နီးကပ်နေပြီဖြစ်သည်။ သူက ငရဲကမ္ဘာသက်ရှိနှင့် ပူးပေါင်းဆောင်ရွက်မည်မှာ သေချာသည်။ သူတော်စင်သားတော်က သူ၏ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်သည်။ အချိန်အတော်ကြာအောင် ဖိနှိပ်ခံရသောကြောင့် သူ့၏လည်ပင်းများက တောင့်တင်းနေပေသည်။ 


“မင်းက သေချင်နေတာပဲ ငရဲကမ္ဘာသက်ရှိကလျှို့ဝှက်နဂါး တော်ဝင်ခုံရုံးနယ်မြေ ကို ခြေချရဲတယ်..."


ကောင်းကင်နွေဦးသူတော်စင် သားတော်၏ မျက်လုံးများက အေးစက်စွာ နယ်သာရီကိုစိုက်ကြည့်လိုက်သည်။ သိူ့သော်သူတကယ် ပင် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။


နယ်သာရီ ထိုအရာကိုခံစားလိုက်မိသည်။ သူမ သူတော်စင် သားတော်အား လျစ်လျူရှု ဂရုမစိုက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ 


ထို့နောက်ကောင်းကင် သူတောင်စင်သားတော်က တောက်ပသော မျက်လုံးများဖြင့် သူမကို ပြုံးပြသည်။ ပုဖန်က နယ်သာရီ၏မျက်လုံးများကို ကောင်းစွာ သတိထားမိလေသည်။ သူလှည့်ကာ ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ကြည့်လိုက်သည်။


"သူ့ကိုစိတ်ထဲ ထားနေစရာမလိုဘူး...

ဒါကရုပ်ပြ တစ်ခုသာသာပဲ..."

 ပုဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။


“အိုး..."


နယ်သာရီက သူ၏ ခံစားချက်မဲ့သော မျက်နှာဖြင့် ပြောလိုက်ပြီးနောက် အခြားလူဆီသို့ အာရုံစိုက်နေခြင်းကိုရပ်တန့်လိုက်သည်။ ရှောင်ယု ဝိုင်သောက်နေခြင်းက သီးသွားလေသည် ။


"မင်းတို့သူ့ရှေ့မှာ အခုလိုပုံစံနဲ့ တိုက်ရိုက်စကားပြောတာကို ရှောင်ရမယ်..."


မှန်ပေသည်။ ကောင်းကင်ဘုံ သူတော်စင်သားတော်၏ ကျင့်ကြံဆင့်ဖြင့် သူ အာရုံစိုက်လိုက်ရုံနှင့် အဝေးမှရှိနေသော ပုဖန်နှင် နယ်သာရီတို့ ပြောသည်ကို ကြားနိုင်လေသည်။


"သူက စကားသိပ်မပြောဘူး... 

တချို့တွေက သူ့ကို ကြည့်ရင်း ရုပ်တုလို့တောင်ပြောကြတယ်..."


ရှောက်ယုကောင်းကင်ဘုံ သူတော်စင်သားတော် မည်ကဲ့သို့ ဒေါသထွက်မည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။ သေချာသည်မှာ ထိုမိန်းကလေးက သူတို့ပြောနေသည်ကို နားလည်မည်မဟုတ်ပေ။


 ကလေးမလေးက အငွေ့တထောင်းထနေသော စွပ်ပြုတ် တစ်ပန်းကန်ကို ကိုင်ကာ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ဟင်းရည်မှ အဆီများကသူမ၏ နှုတ်ခမ်းထောင့်စွန်း၌ ဝေ့နေပေသည်။ကလေးမလေးက အများကြီး စာလိုက်သောကြောင့် သူမ၏ နှုတ်ခမ်းမှားက အဆီများဖြင့် တောက်ပြောင်နေလေသည်။ နယ်သာရီက ကလေးမလေးကို သတိထားရင်းကြည့်လိုက်ပြီးနောက် သူမ အနည်းငယ် အံ့သြသွားသည်။ 


ဒီကလေးမလေး စားသောက်နေချိန်မှာ ခွေးဘုရင်နဲ့ ဘာလို့တူနေရတာလဲ..." 


"အဲ့တာက အရသာရှိလား..." 


နယ်သာရီက ကလေးမလေးကို မေးလိုက်သည်။

ကလေးမလေးက နယ်သာရီကို ကြည့်ရင်းဖြင့်ပင် ပါးစပ်ထဲသို့ အစာများ ထပ်လောင်းထည့်လိုက်သည်။ ထိုမိန်းမလှလေးက အကိုကြီးနှင့် သိလေသည်။ ထို့ကြောင့် သူမ သိပ်သတိမထားခဲ့ခြင်းဖြစ်သည်။


"အရသာရှိတယ်..."


စားစရာများ ပြည့်နက်နေသည့် နှုတ်ခမ်းဖြင့်ပင် သူမ ပြန်ဖြေလိုက်သည်။ သို့သော် သူမ၏ အသံက မရှင်းလင်းပေ။ နယ်သာ၏ မျက်လုံးများကချက်ချင်းပင် တောက်ပလာသည်။ နို့နှစ်ရောင် သွယ်လျသော လက်မောင်းလေးကို ဆန့်ထုတ်လိုက်ပြီး ကလေးမလေး၏ပန်းကန်ထဲမှ အစာအသောက်များကို လက်တစ်ဆုပ်စာဆွဲယူလိုက်သည်။


"Munch Munch”


နယ်သာရီက သူ့၏လက်ဖြင့် အစာကိုယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူမ၏ လက်ရာမြောက်လှသော မျက်ခုံးလေးများက တွန့်ကွေးသွားသည်။ 


"ပုဖန်ရဲ့ ဟင်းပွဲလိုမဟုတ်ဘူး မျိုချရခက်တယ်..."


“ရှလွတ် ရှလွတ်”


ရှောင်ယုက ချောမောလှပသော မိန်းကလေး အစာစားနေပုံကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားသည်။ 


“ အစ်မကြီး ငါတို့အဆင်ပြေပြီလို့ ငါတွေးထားတာ ဒါပေမယ့် နင်က ငါ့အစားအစာကို ယူသွားတယ်...

 ငါတို့သူငယ်ချင်းမဖြစ်နိုင်တော့ဘူး...

ငါက ကလေးပဲရှိသေးတာ...."


ရှောင်ယ အံ့သြနေတုန်းမှာပင် နယ်သာရီက ဟင်းပွဲ တစ်ပွဲကိုစားသောက်ပြီးနေပြီ ဖြစ်သည်။မနီးမဝေးမှာရပ်နေသော စားဖိုမှူးအင်္ကျီဝတ် စားပွဲထိုးမှာမူ ချွေးပြန်နေပေသည်။ သူမ တုန်လှုပ်သွားသည် ။ သူမမျက်လုံးထဲတွင် ဒီဘ၀တွင် ဘယ်သူ့ကိုမှ မချစ်ချင်တော့မည် အရိပ်အယောင်များကို ပြသနေပေသည်။


“ဘာလို့နောက်ထပ် အစားကြီးတဲ့ကောင်မလေး တစ်ယောက် ပေါ်လာရတာလဲ...”

သနားစရာ စားဖိုမှူးနဲ့ သနားစရာ ငါလေးပဲ..."


ကောင်းကင်နွေဦး သူတော်စင်သားတော်ကက နယ်သာရီကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများ၏ တည်ငြိမ်မှု ပြန်လည်ရရှိလာသည်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အခြားသူများက ၎င်းတို့အား အစားကြူးတောင်ကြားအတွင်းမှ စိန်ခေါ်ပွဲများသို့ ပြန်မလှည့်ခင် ခဏကြာကြည့်လိုက်သည်။ 


ဒီတစ်ကြိမ်က ကျွင်းချင်ရှောင်း၏အလှည့်ဖြစ်လေသည်။ အစားကြူးဘုတ်ပြားရှိ အဆင့်ခုနစ်ဆယ်ထက်နိမ့်သော စားဖိုမှူးတစ်ဦးကို သူစိန်ခေါ်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူတို့က စိန်ခေါ်ပွဲ တစ်ခုအလယ်တွင် အားကြိုးမာန်တက် ချက်ပြုတ်နေကြပေသည်။


ပုဖန်၏ ယှဉ်ပြိုင်ပွဲအပြီးတွင် လူများက မည်သည့် စိန်ခေါ်သူကိုမှ မထီမဲ့မြင်မပြုရဲကြတော့ပေ။စိန်ခော်သူများအားလုံးက ပုဖန်ကဲ့သို့ ဟုတ်မဟုတ်ကိုတော့ တစ္ဆေများသာ သိပေလိမ့်မည်။


ပုဖန် အစားကြူးဘုတ်ပြား၏ထိပ်တန်းစားဖိုမှူး ၁၀ ဦးထဲမှ တစ်ဦးဖြစ်သော ဝမ်ရန်ရှမ်ကို အနိုင်ယူလုနီးပါးဖြစ်ပေသည်။


ဝမ်ရန်ရှမ်၏ ဟင်းချက်ကျွမ်းကျင်မှုက တကယ် အံသြစရာကောင်းသည်ကိုလဲ သိထားသင့်ပေသည်။ 


ပုဖန်က ခြေထောက်ချိတ်ထိုင်လျက် ပြိုင်ပွဲကို တည်ငြိမ်စွာကြည့်နေလေသည်။ သူက ချက်ပြုတ်နေသည့် ကျွင်းချင်ရှောင်းကိုကြည့်ရင်း မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။အမှန်တကယ်တွင် ပုဖန်က ကျွင်းချင်ရှောင်နှင့် တွေ့ဆုံပြီး အချိန်တိုအတွင်းထိုယောက်ျား၏ အရည်အချင်းကို သတိပြုမိခဲ့သည်။ 


သူ့ရဲ့ ဟင်းချက်နိုင်စွမ်းက သာမန်မဟုတ်ပေ။ ပုဖန် မြင်သည့်အတိုင်းဆိုလျှင် သူ့ကျွမ်းကျင်မှုက အနည်းဆုံးတော့ ထိပ်တန်းစားဖိုမှူး အဆင့်ငါးဆယ်ထဲတွင်ပါဝင်ပေလိမ့်မည်။ သူ့တွင်ပထမတန်းစားဖိုမှူးတစ်ယောက်၏ အရည်အချင်းများရှိနေပေသည်။


သို့သော်လည်း ကျွင်းချင်ရှောင်း အနည်းငယ် နူးညံ့လှပေသည်။ ထိုကဲ့သို့ ခမ်းနားထည်ဝါသော လေထုကို သူ တစ်ခါမှ မကြုံဖူးပုံပေါ်ပေသည်။ ပြင်းထန်လှသည် ပြိုင်ဘက်နှင့် မကြာခဏကြုံတွေ့ရသည့် အချိန်များတွင် သူ စိတ်လှုပ်ရှားရစမြဲပင် ဖြစ်၏။ သူ့၌ ယုံကြည်မှုမရှိလျှင် သူအကောင်းဆုံး ကို ချက်ပြုတ်နိုင်မည်မဟုတ်ပေ။ စားဖိုမှူးတစ်ယောက်က ယုံကြည်မှုမရှိလျှင် သူ့အရည်အချင်းအစစ်ကို မပြနိုင်ချေ။ ယုံကြည်ချက်ရှိခြင်းက စားဖိုမှူးတစ်ယောက်၏ ချက်ပြုတ်မှုစွမ်းရည်ကို ပြသရန်အတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းပင်ဖြစ်သည်။


ပုဖန်က ကျွင်းချင်ရှောင်းကို လေ့လာခဲ့ပြီး လူငယ်လေးက ဤချန်ပီယံပွဲပြီးနောက် သူ၏အားနည်းချက်များကို သိရှိလာနိုင်မည်ဟု မျှော်လင့်ပေသည်။ အကယ်၍သာ သူက ထိုအရာများကိုကျော်လွှားနိုင်ခဲ့ပါက ပိတ်ဆို့မှုများကို ချိုးဖျက်နိုင်ပြီး သူ့၏ဟင်းချက်နိုင်စွမ်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။


......


အစားကြူးနတ်ဘုရားမြို့တော် အပြင်ဘက်တွင် မိကျောင်းတစ်ကောင်၏ ခေါင်းလောင်းကဲ့သို့ ဧရာမမျက်လုံးများက မြို့ကို စိုက်ကြည့်နေသည်။ တစ်မိနစ်အတွင်းပေါက်ကွဲရန် အဆင်သင့်ဖြစ်ပုံရသည့်သူ့၏ ကြောက်မက်ဖွယ်ကောင်း အော်ရာများကိုလဲ ဖိနှိပ်ထားသည်။ 


တောင်ကြီးကဲ့သို့ ဧရာမခန္ဓာကိုယ်ကြီး အခြားသူတို့ကို တုနှိုင်းမရတဲ့ ဖိအားများကိုပေးစွမ်းသည်။


ချူချန်းရှန့်က မြို့တံခါး၏မျှော်စင်ဆီသို့ ပြေးသွားလိုက်သည်။ သူ၏ ဆံနွယ်ဖြူများက လေထဲတွင် လွင့်ပျံသွားကာ သူ့၏ဝတ်ရုံမှာလဲ လွင့်ပျံနေပေသည်။ 


"သွားစိမ်း ဘိုးဘေး မိကျောင်း..."


မြို့ရိုးပေါ်မှာ ရပ်လျှက် သူ့လက်များဖိဆုပ်ကိုင်လိုက်မိသည်။ သူ့မျက်လုံးကို မယုံနိုင် ဖြစ်နေလေ၏။


“ဒီမွန်စတားကြီးက ဆည်းဆာကန်အောက်မှာ အလုံပိတ်ထားတာ မဟုတ်လားဘူးလား...

ဘယ်လိုလုပ် လွတ်မြောက်လာတာလဲ..."

 

ခပ်နှိတ်ထားသည့် တံဆိပ်က ကျိုးပဲ့သွားသောကြောင့်ထိန်းချုပ်၍ မရတော့ပေ။ ချူချန်းရှန့်၏မျက်လုံးများက စူးရှလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အော်ရာများကလဲ ကျယ်ပြန့်လာပြီး ရက်စက်ကြမ်းကြုတ်လှသော အော်ရာများအဖြစ်သို့ ရောက်ရှိသွားသည်။


မြို့ရိုးပေါ်ရှိ လူအများအပြားက ချက်ချင်းဆိုသလို တုန်လှုပ်သွားကြသည်။ ထိုကဲ့သို့သော ဧရာမ မွန်းစတားကြီးနှင့် ရင်ဆိုင်ရသောအခါ သူတို့ အလွန်ထိတ်လန့်သွားကြသည်။


ဆဌမမြောက် အကြီးအကဲက အသက်ရှိုက်၍ ရှူလိုက်သည်။ 


"ဘိုးဘေး မိကျောင်းလား...

ဒီမွန်းစတားကို ချုပ်နှောင်ထားတဲ့ တံဆိပ် ကျိုးပျက်သွားတာလား...

ဘယ်လိုတောင် တိုက်ဆိုင်တာလဲ..."


ထိုကာင်လေး ပုဖန်က မုန်လာဥဖြူကိုဘိုးဘေးမိကျောင်း ပုံသဏ္ဍာန်အဖြစ် ထွင်းထုထားခြင်းဖြစ်သည်။ ယခုတွင်မူ ထိုမိကျောင်းက ဤနေရာသို့ ရောက်လာလေသည်။  


“တခြား ကောက်ကျစ်တဲ့နည်းလမ်းတွေ ရှိနေတာလား..."


ဘ်ိုးဘေးမိကျောင်း...

အစားကြူးတောင်ကြားရှိ လူများစွာသည် ထိုမွန်းစတားကြီးကို ပုဖန်မထွင်းထုမီကထဲက မြင်ဖူးကြပေသည်။ 


"ဒါက တိုင်ဆိုင်မှုပဲလား..."


ငါ့ဖင်ကြီးကိုပဲ တိုက်ဆိုင်နေလိုက်...


ပုဖန် ကောင်းကင်ဝါးမြိုဝိညာဉ်စက် ငါးကို ချက်ပြုတ်ပြီးပြီဟု သတိရသွားသောအခါ ဆဌမမြောက် အကြီးအကဲက၏ နှုတ်ခမ်းမွေးများ တဆတ်ဆတ်တုန်လာသည်။ သူ့နှုတ်ခမ်းမွေးသူ နှုတ်လုနီးပါးပင်ဖြစ်မိ၏။ 


"ပုဖန် ဆည်းဆာကန်မှာ ငါးသွားမျှားတာအမှန်ပဲလား...

ဒါ့ကြောင့်သူက ဘိုးဘေး မိကျောင်းအကြောင်းကို လေ့လာမိသွားတာလား...

ဒီကောင်လေးက ဘိုးဘေး မိကျောင်းကိုအဲ့ကနေ ထွက်လာနိုင်ဆောင် သွေးဆောင်ခဲ့တာဆိုတာရောအမှန်ပဲလား..."


ချူချန်းရှန့်က ထိုကဲ့သို့သော အရာများစွာကို စိတ်မ၀င်စားပေ။ သူကမြို့ရိုးပေါ်တွင် မတ်တပ်ရပ်လျက် တည်ငြိမ်သော မျက်နှာဖြင့်ကြည်နေ၏။ သူ့၏ အော်ရာများကလဲအဆက်မပြတ်တက်လာ၏။ မကြာခင်မှာ လူတွေ သည်းမခံနိုင်အောင် ခံစားရသည့် အဆင့်ထိကို ရောက်ရှိ သွားလေသည်။


“ဝှစ်…”


ချူချန်းရှန့်၏ ဦးခေါင်းထက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။နေရောင်ကဲ့သို့ တောင်လောင်နေကာ တလက်လက်တောက်ပနေသည်။ ခဏအကြာတွင် ထိုအလင်းရောင်က တောက်ပြောင်သော ရွှေပန်းကန်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှေပန်းကန်လုံးက ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအားတစ်ခုနှင့်အတူ နေရာတိုင်းသို့ အလင်းတန်းများ ဖြာထွက်နေစေသည်။


 လဲလျောင်းနေသော ဘိုးဘေးမိကျောင်းက ရွှေပန်းကန်လုံးကို မြင်လိုက်ရသည့်အခိုက်တွင် သူ့မျက်လုံးများက သွေးကဲ့သို့ နီရဲလာလေသည်။ ၎င်း၏ပါးစပ်ကိုဖွင့်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်သောကြောင့် လေဆင်နှာမောင်းတိုက်ခတ်လာသကဲ့ပင် ဖြစ်လာ၏။ ထိုလေပြင်းကြောင့် သစ်ပင်များစွာ ကျိုးကျသွားပေသည်။ ကျိုးကျနေသော ပင်စည်များကမြို့တံခါးကို ပြင်းထန်စွာ ထိမှန်ကာ ကြေးတံခါးများကို တုန်ခာသွားစေသည်။


“နတ်ဆိုးမွန်းစတား...မင်းဘယ်လိုတောင်အတင့် ရဲနေတာလဲ ...

ဆည်းဆာကန်ကို ပြန်သွားစမ်း..."


ချူချန်းရှန့်က အာရုံစိုက်ကာ အော်လိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခေါင်းထက်တွင် လှည့်နေသော ရွှေပန်းကန်လုံးက သူ့လက်ပေါ် ဖြည်းညှင်းစွာ ရောက်ရှိလာပေသည်။


ဘိုးဘေးမိကျောင်းက ဟိန်းဟောက်အော်ဟစ်လိုက်သည်။ ဒေါသတကြီးဖြင့် ခြေသည်းများကို မြေပြင်ပေါ်တွင် ကုတ်ယက်လိုက်သည်နှင့် တစ်ကိုယ်လုံးရှိ အကြေးခွံများထောင် ထွက်လာသည်။ တောင်နှင့်တူသော ကြီးမားလှသည့် ခန္ဓာကိုယ်က စတင်လှုပ်ရှားလာပေသည်။ ထိုသားရဲကြီးက အစားကြူး နတ်ဘုရားမြို့တော်သို့ ဝင်ရောက်ရန် စတင်ကြိုးပမ်းလာပေပြီ။


ချူချန်းရှန့်လက်ထဲရှိ ရွှေပန်းကန်လုံးက လျှို့ဝှက်ဆန်းကြယ်နေပြီး မှော်ဆန်သော တေးသွားများကို စတင်ရွတ်ဆိုလိုက်သည်။ သူ၏ ရှည်လျားသော ၀တ်ရုံက လွင့်ပျံနေကာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။ ရွှေပန်းကန်ကို လွှင့်ပစ်လိုက်ပြီးနောက် ထိုအရာကလေထဲမှာ လွင့်ပျံနေပေသည်။ 


ဆွစ်...


 လေဟာနယ် ကွဲသွားသလိုပင်ထင်ရသည်။ ဘိုးဘေး မိကျောင်းက အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကတစ်ခုက ၎င်း၏ပါးစပ်မှ ထွက်လာပြီး ရွှေပန်းကန်လုံးကို ထိမှန်သွားသည်။ ပန်းကန်လုံးက ဒေါင်ကနဲ မြည်ကာ ရိုက်ခတ်သွားသည်။ ချူချန်းရှန့်က အာရုံစိုက်လိုက်သည်နှင့် ရွှေပန်းကန်လုံးက သူ့လက်ထဲ ပြန်ဝင်လာသည်။ သူ ဖြည်းညှင်းစွာ အသက်ရှုလိုက်သည်။


"အရေထူတဲ့ မွန်းစတားကြီး... မင်းကိုမထိမချင်း မင်းပြန်မှာ မဟုတ်ဘူး..."


ချူချန်းရှန် ၏ ၀တ်ရုံက ရုတ်တရက် ပေါက်ကွဲထွက်ကာ သူ့၏ ခန္ဓာကိုယ်ပေါ်ရှိအနက်ရောင် လိုင်းများစွာက ပေါ်လွင်လာပေသည်။ ထိုအနက်ရောင်မျဉ်းများသည် စတင်လှုပ်ရှားလာပြီး ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ ချူချန်းရှန့်၏ အဝတ်အစားများ စုတ်ပြဲသွားသည့်အခိုက်တွင် သူ၏အငွေ့အသက်များ ရုတ်တရက်ပြောင်းလဲသွားသည်။ သူသည် အစပိုင်းတွင် နတ်ဘုရားနှင့်တူခဲ့ပြီး ယခုမူ တောရိုင်းတိရစ္ဆာန်ကဲ့သို့ ရက်စက်ကြမ်းကြုတ်နေပေသည်။


သူ့လက်ထဲရှိ ရွှေပန်းကန်လုံးကြီးက ကျယ်လာလေသည်။ သူက အမြောက်ဘောလုံးကဲ့သို့ စွမ်းအားများအား ဘိုးဘေးမိကျာင်းဆီသို့ ရက်ရက်စက်စက် ပစ်လွှတ်လိုက်သည်။


ဘိုးဘေ မိကျောင်းက မကျေမနပ်ဖြစ်စွာဟိန်းဟောက်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် ချူချန်းရှန့်က သူ့၏ရွှေပန်းကန်လုံးကို ကိုင်ကာ ပေါ်ထွက်လာပေသည်။


"ဘုန်း..."


ဘိုးဘေး မိကျောင်း၏ပါးစပ်မှ အကြေးခွံများက ကွဲအက်ကာ ကျိုးပဲ့သွားကြသည်။ နာကျင်မှုက ချက်ချင်းဆိုသလို ဘိုးဘေးမိကျောင်းအား ရူးသွပ်သွားစေသည်။ချွန်ထက်သော အမြီးက နတ်ကြာပွတ်ကဲ့သို့ လွဲယမ်းသွားပြီး အက်ကွဲသွားလေသည်။


 ချူချန်းရှန်၏ မျက်လုံးအကြည့်များက ယခုအချိန်တွင် သန်မာသော သားရဲများ၏ မျ က်လုံးများကဲ့သိုဖြစ်နေပေသည်။ သူ့လက်ကို အနက်ရောင်လိုင်းများစွာဖြင့် မြှောက်လိုက်ပြီး ထိုအမြီးကိုအဝေးသို့ ရောက်အောင်လုပ်လ်ိုက်လေသည်။ 


"ငါ မင်းကို ထွက်သွားဖို့ပြောနေတယ်... မင်းစကား နားမလည်ဘူးလား..."


ချူချန်းရှန့်က မိကျောင်း၏ခေါင်းပေါ်တွင် အေးစက်တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူကရွှေဇလုံကို မြှောက်ပြီး ထပ်တီးခေါက်လိုက်သည်။


......


ကောင်းကင်နွေဦး သူတော်စင်သားတော်က ဖြည်းညှင်းစွာထလာသည်။ သူ့၏အနောက်၌ ရပ်နေသော ချီကျီက သူဘာလုပ်မည်ကို မသိသောကြောင့် အံ့သြသွားပေသည်။ 


ချူချန်းရှန်က သူ့မကို သင်ခန်းစာတစ်ခုပေးလိုက်လေသည်။ ယခုမူ ထိုအကြီးအကဲဒီမှာမရှိသည့်အတွက် သူတော်စင်သားတော်အတွက် ပိုဒုက္ခကင်းနိုင်မည်လား မသိပေ။


ချီကျီက သူ့သခင်နောက်သို့ လိုက်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နေညက် သူမက ထိုလူ မတ်တပ်ရပ်လိုက်သည့်အချိန်တွင် သူ၏ လှံလေး ပြန်ပေါ်လာသည်ကို သတိပြုလိုက်မိသည်။


"ဘုန်း..."


သူ၏ ကြောက်မက်ဖွယ်ကောင်းသော အော်ရားများ ပျံ့နှံ့သွားလေသည်။


လူတိုင်းက ထိတ်လန့်သွားသည်။သူတို့က နဂါး၏မျက်လုံးများကဲ့သို့ ဖြစ်နေသော ကောင်းကင်နွေဦး သူတော်စင်သားတော်ဆီသို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။


 သူ့နှုတ်ခမ်းထောင့်လေးများကအထက်သို့ ကွေးညွတ်သွားကာ မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပေသာ်။


"ငရဲကမ္ဘာသက်ရှိနဲ့ ပူးပေါင်းလိုက်တဲ့ စားဖိုမှူးလေး...

ဒီတစ်ခါ မင်းကိုကယ်ဆယ်မယ့်သူက ဘယ်သူလဲဆိုတာ ကြည့်ကြသေးတာပေါ့...

ချူချန်းရှန့် ဒီနေရာမှာ ရှိနေရင်တောင် သူမင်းကို မကယ်နိုင်ဘူး..."