အခန်း၆၈၂
နင်ကငါ့ကိုဖမ်းချင်တယ်ဟုတ်လား...
ကျွင်းချင်ရှောင်း၏ နဖူးပေါ်၌ ချွေးများသီးနေသည်။သူက အစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးနှင့် ပထမဦးဆုံးအကြိမ် ပြိုင်ရခြင်းဖြစ်သောကြောင့် စိတ်လှုပ်ရှားနေပေသည်။
သူကလေးအရွယ်တည်းက သူ့ဆရာက အချက်အပြုတ်ပညာများကို သင်ကြားပေးခဲ့သည်။သို့သော်လည်းသူ့ဆရာဘေးမှ မည်သူနှင့်မှ ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိပေ။ထို့ကြောင့် သူအောင်ပွဲ၏ အရသာကို မသိပေ။သူ့ဆရာနှင့် ယှဉ်ပြိုင်တ်ိုင်းတော့ သူသာ အမြဲတမ်းရှုံးခဲ့လေသည်။
သူထိုအချက်ကိုဖြေရှင်း၍ မရသောကြောင့် စိတ်ဓာတ်ပျက်ပြားလာခဲ့သည်။သူ့ဆရာနှင့် သူ့၏ ကြားမှ ကွာခြားမှုအရ သူ့ဆရာကို အနိုင်ယူရန်မဖြစ်နိုင်မှန်းသူသိသော်လည်း သူ့ကိုယ်သူလေးစားမှုများပျောက်ဆုံးခဲ့ရသည်။
သူ့ဆရာနှင့် မျက်နာချင်းဆိုင်လိုက်တိုင်း သူ့နှလုံးသားထဲ အရိပ်မည်း တစ်ခုထင်ဟပ်နေခဲ့လေသည်။သူ့ဆရာကလည်း ထိုအချက်ကို သတိပြုမိခဲ့၏။ထို့ကြောင့်ပင် သူကိုယ်သူ ယုံကြည်မှုများနှင့် အတွေ့အကြုံများရရှိလာရန် သူ့ကို စေလွှတ်လာခြင်းဖြစ်သည်။
သူ့၏ ချက်ပြုတ်ခြင်း ကျွမ်းကျင်မှုအဆင့်က သူနှင့်ရွယ်တူ လုပ်ဖော်ကိုင်ဖက်များထက် ကျော်လွန်နေပြီဟု သူ့ဆရာကပြောခဲ့သည်။သူက အစားကြူးဘုတ်ပြားပေါ်မှရစားဖိုမှူးများနှင့် ရင်ဆိုင်ရန်ပင် အရည်အချင်းပြည့်မီနေခဲ့ပြီဟု ဆိုခဲ့လေသည်။
သူက သူဆရာပြောသောစကားများကို ယုံကြည်လေသည်။သို့သော်လည်း သူ ပုဖန်နှင့် ဆုံတွေ့ခဲ့ရလေသည်။
သောက်က်ျိုးနဲ ဆရာက ငါ့ကို လိမ်လိုက်တာလား...ဘာ ငါနဲ့ ရွယ်တူတွေထက် ငါကကျော်လွန်နေပြီဟုတ်လား...ငါ့ရဲ့ ရွယ်တူတွေက ငါ့ထက်ကျော်လွန်နေတာမဟုတ်တာ သေချာလား...
သူ့၏ ထူးကဲလှသော ဓားကျွမ်းကျင်မှု သူ့၏ ထူးခြားပြောင်မြောက်လှသော မီးထိန်းချုပ်မှု ထ်ို့အပြင် သူ့၏ ချက်ပြုတ်ခြင်းနည်းလမ်းကပါ ထူးဆန်းနေလေသည်။
သူနှင့် ပုဖန်ကြား၌ တွေးမရနိုင်လောက်အောင်ပင် ကွာခြားနေလေသည်။သ်ို့သော်လည်း သူကအရူးတစ်ယောက်တော့မဟုတ်ပေ။ထိုကဲ့သို့ ကွာခြားနေခြင်းမှာလည်း ပုဖန်က ပုံမှန်မဟုတ်သောကြောင့် ဖြစ်မှန်းသူသိပေသည်။
သူအမည်မသိသော စားဖိုမှူးတစ်ယောက်က သူ့၏ လမ်းပေါ်သို့ ခုန်ဝင်လာခဲ့ပြီး ငါ အလျင်လိုနေပါတယ် ငါတကယ်ကို အလျင်လိုနေပါတယ်... ပြောမည်ဟု မည်သူကများထင်ထားမည်နည်း။
သို့သော်လည်း ယခုလက်ရှိအချိန်တွင် သူက စင်မြင့်ပေါ်သို့ ရောက်ရှိနေပေပြီ။အစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးကို စိန်ခေါ်ချင်သော သူ့၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာပေပြီ။သူ့၏ အိပ်မက်များကို ဖြည့်ဆည်းပြီး သူ့၏ ယုံကြည်မှုများကို ဖြည့်တင်းရပေမည်။
ဝီ...
ကျွင်းချင်ရှောင်း၏ လက်ပေါ်၌ မီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာလေသည်။၎င်းက အစွန်းနှစ်ဖက်တွင် လက်ကိုင်နှစ်ခုပါရှိနေပြီး အလယ်တွင် ဓားသွားရှိသည့် ထူးဆန်းသည့်ဓားတစ်လက်ဖြစ်သည်။
ထက်မြေ့လှသော ဓားသွား၏ အလင်းများကလည်း ကြည့်ရသည်မှာပင် ကြောက်စရာကောင်းလှသည်။ထိုခြိမ်းခြောက်နိုင်စွမ်းသော မီးဖိုချောင်သုံးဓားက အရူးလို ပြုံးနေသော ကျွင်းချင်ရှောင်းနှင့် မလိုက်ဖတ်ပေ။
ပုဖန် ထိုဓားကို ကြည့်ပြီးအနည်းငယ်အံ့အားသင့်သွားမိသည်။ပရိတ်သတ်များလည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။သူတို့ တကယ်ကို ထူးဆန်းနေသောဓားကို ကြည့်ကာ ကြက်သေသေနေမိကြသည်။
"အဲ့ဒါကလည်း မီးဖိုချောင်သုံးဓားပဲလား ကြည့်ရတာထူးဆန်းလိုက်တာ ...
"ငါအဲ့ဒါကို မြင်ဖူးတယ်...အဲ့ဒါက မာစတာချိုက်ရဲ့ အထူးလက်ရာတစ်ခုပဲ သူက ငါတို့ အစားကြူးတောင်ကြားရဲ့ ဓားလုပ်ရာမှာ ကျွမ်းကျင်တဲ့ မာစတာတစ်ဦးပဲ...အဲ့ဒီဓားက ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုလိုပဲ ငါထင်ခဲ့တာ...တကယ့်အစစ်အမှန်လား..."
လူတစ်ချို့က ထိုဓားကို မြင်ဖူးကြပုံပေါ်လေသည်။သူတို့ ပြင်းပြင်းထန်ထန် ဆွေးနွေးပြောဆိုနေကြ၏။စင်မြင့်ထက်တွင်ရှိနေသော စားဖိုမှူးများကလည်း ကျွင်းချင်ရှောင်း၏ ဓားကို မြင်လိုက်သည့်ခဏတွင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။
တစ်ချို့ စားဖိုမှူးများက ပမာဏများများပေး၍ပင် ဓားလုပ်ပေးရန်ကမ်းလှမ်းကြသည်။သို့သော်လည်း သူတို့ အားလုံး ငြင်းပယ်ခံခဲ့ရ၏။သို့သော် ယခုတော့ စားဖိုမှူးတစ်ယောက်၏ လက်ထဲတွင် ထိုရက်စက်ကြမ်းကြုတ်ပြင်းထန်လှသော ဓားတစ်လက်ကို တွေ့လိုက်ရလေပြီ။
သူ့လက်က လှုပ်သွားသည်။အသားသတ်ဓားနှင့် တူသော ကြီးမားလှသော မီးဖိုချောင်သုံးဓားက လေရဟတ် တစ်ခုဖြစ်လာသကဲ့သို့ပင် လည်ပတ်နေလေသည်။
ပါဝင်ပစ္စည်းများကလည်း အစီအစဉ်မကျ လွင့်စင်သွား၏။ထိုအခိုက်အတန့်တွင် ကျွင်းချင်ရှောင်း၏ မျက်ဝန်းများက စူးရှလာသည်။သူ့၏ ပါဝင်ပစ္စည်းများက အတုံးကလေးများဖြစ်သွားပြီးနောက် စားပွဲပေါ်သို့ သေသပ်ကျနစွာ ပြန်ကျလာလေသည် ။
ဓားချက်တစ်ချက်စီတိုင်းကိုလုံလောက်သော အင်အားသာ အတိအကျအသုံးပြုထားသောကြောင့် လှီးဖြတ်ထားပြီးသော အရွယ်အစားများက တူညီနေခဲ့လေသည်။သူ့၏ ဓားစွမ်းရည်က လူအားလုံးကို အံ့အားသင့်သွားစေ၏။
မကြာခင်မှာပင် ဟင်းချက်တဲ့စိတ်အာရုံထဲ နစ်မြှုပ်သွားပြီးနောက် ကျွင်းချင်ရှောင်း၏ အော်ရာများက ချက်ချင်းပင်ပြောင်းလဲသွားသည်။သူ့၏ နူးညံ့သော အမူအရာများကလည်း ပျောက်ကွယ်သွားသည်။ကျွင်းချင်ရှောင်း၏ ပြိုင်ဘက်က အစားကြူးဘုတ်ပြားပေါ်တွင် အဆင့် ၅ဆင့်အောက် နိမ့်သော ဒုတိယအဆင့် စားဖိုမှူးတစ်ယောက်ဖြစ်သည်။
သို့သော်လည်း ဒုတိယအဆင့် စားဖိုမှူးများထဲတွင် လျှော့မတွက်သင့်သော စားဖိုမှူးတစ်ယောက်လည်းဖြစ်ပေသည်။သူ့၏ ဓားကျွမ်းကျင်မှုကလည်း မဆ်ိုးလှပေ။သို့သော်လည်း သူများကို အံ့အားသင့်သွားစေသည်က သူ့၏ ကြော်လှော်သည့် နည်းစနစ်ဖြစ်လေသည် ။သူ့၏ လှုပ်ရှားမှုများက တိမ်များရွေ့လျားနေသကဲ့သို့ ရေများစီးဆင်းနေသကဲ့သို့ နူးညံ့ချောမွေ့လှသည်။
သူ့၏ စားစရာများကို ကြော်ချက်သည့်အခါ၌ ထွက်ပေါ်လာသော မွှေးရနံ့များက လူများကို မှင်သက်ငေးမောနေစေ၏။မာစတာချိုက်၏ ဓားကို ရရှိထားသော ကျွင်းချင်ရှောင်းပင်လျှင် ဒီစိန်ခေါ်ပွဲ၌ အသာစီးရရှိထားသည်ဟု မထင်ရပေ။
....
ကောင်းကင်နွေဦးသူတော်စင်သားတော်က လေထဲတွင်ရပ်တည်နေသည်။သူက ပညာ ရှင်များ၏ မျက်ဝန်းများကို ဖမ်းစားထားလေသည်။အများအားဖြင့် ထိုသူအများစုက အစားကြူးတောင်ကြားအပြင်ဘက်မှသူများဖြစ်ကြသည်။
သန့်စင်နယ်မြေများမှ ပညာရှင်များမှလွဲလျှင် မဟာဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းများမှ ဧည့်သည်တော်များလည်းရှိနေလေသည်။ဆေးနန်းတော်သခင် လော့တန်ချင်းက ပုဖန်နှင့် သူဘေးမှ နယ်သာရီတို့ကို မြင်လိုက်သည့်အခါတွင် အခြေအနေများ ပြောင်းလဲသွားတော့မည်ကို သိလိုက်၏။
ပုဖန်ဒီနေရာသို့ ရောက်နေခြင်းကို နားလည်နိုင်ပေသည်။မည်သို့ပင်ဆိုစေ သူက စားဖိုမှူးတစ်ယောက်ဖြစ်သောကြောင့် ချက်ပြုတ်ရန် နည်းလမ်းများကို လေ့လာသင်ယူဖို့ လိုအပ်ပေသည်။သို့သော် နယ်သာရီက ဘာကြောင့် ဒီကို ရောက်နေရသနည်း။
ငရဲကမ္ဘာမှ အမျိုးသမီးက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး ထိန်းချုပ်ထားသော နေရာတွင် ထွက်ပေါ်လာခဲ့သည်။ထိုအမျိူးသမီးက သေလမ်းရှာနေတာလား...
လေထဲမှ ကောင်းကင်နွေဦးသူတော်စင်သားတော်၏ အမူအရာကလည်း နယ်သာရီကို တိုက်ခိုက်ဖို့ ပြင်ဆငိနေပုံရလေသည်။
"ဒီလူတွေကတော့ ငတုံးတွေပဲ ..."
လော့တန်ချင်း သက်ပြင်းချလိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။သို့သော်လည်း သူ ရပ်တည်ကူညီပေးမှုမျိုးမလုပ်ရဲပေ။ပုဖန်က သူတို့ဆေးနန်းတော်၏ ကယ်တင်ရှင်ဖြစ်ခဲ့သော်လည်း လော့တန်ချင်းအနေဖြင့် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သူတော်စင်တစ်ယောက်နဲ့ မျက်နာချင်းဆိုင်ရန် သတ္တိမရှိပေ။
သူဝင်ပါမည်ဆိုလျှင်တောင်မှ သူ့၏ အဆင့်နှင့် အကူအညီ ဖြစ်နိုင်မည်မဟုတ်ပေ။မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်တစ်ယောက်က ကောင်းကင်နွေဦးသူတော်စင်သားတော်နှင့် ရင်ဆိုင်ခြင်းက... လက်ဝါးတစ်ချက်တည်းဖြင့်ပင် အသားပြားဖြစ်အောင်ရိုက်သတ်ခံရပေလိမ့်မည်။
ကောင်းကင်နွေဦးသူတော်စင်သားတော်၏ လှုပ်ရှားမှုများက လူများကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
"သူက မဟာသခင်ချူချန်းရှန် မရှိတာကို အခွင့်အရေးယူပြီး ပုဖန်ကို သတ်တော့မလို့လား..."
"သူက ချူချန်းရှန်ရဲ့ ဒေါသကို မကြောက်ဘူးလား...သူ အစားကြူးတောင်ကြားကို ဆန့်ကျင်မလို့လား..."
ကျင့်ကြံသူအများစုက နားမလည်နိုင်သောကြောင့် မျက်မှောင်ပင်ကြုတ်ထားမိသည်။ချူချန်းရှန်က ပုဖန်ကို ကာကွယ်မည်ဟု ပြောခဲ့သည်။သ်ို့သော် ယခု ကောင်းကင်နွေဦးသူတော်စင်သားတော်က ပုဖန်ကို တိုက်ခိုက်ရန်ပြင်နေလေရာ အစားကြူးတောင်ကြားကို မျက်နာဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။သူက အစားကြူးတောင်ကြားနှင့် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံကြားမှ မီးမွှေးနေတာလား...
ကောင်းကင်နွေဦးသူတော်စင်သားတော်က သူ့၏ လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။သူ ပုဖန်ကို ခပ်ဖျော့ဖျော့ပြုံးပြလိုက်၏။သူ့၏ အော်ရာများကလည်း စူးရှထက်မြက်လာသည်။
သူလှံရှည်ကို လွှဲယမ်းလိုက်သည်။လှံက ကျယ်လောင်လှသော လေတိုးသံတစ်ခုနှင့်အတူ လေဟာနယ်ကို ဖောက်ထွင်းသွားပြီးလျင်မြန်လှသောအရှိန်ဖြင့် ပုဖန်ဆီသို့ ဦးတည်သွားလေသည်။
ရှောင်ယု၏ အမူအရာက ပြောင်းလဲသွားသည်။သူ ဝိုင်ဘူးထဲမှ အေးခဲ ကျောက်စိမ်းနှလုံးသားဝိုင်ကို မျိုချလိုက်ပြီးနောက် စားပွဲကို ရိုက်၍ ထရပ်လိုက်သည်။
သူနောက်ကျောမှ ဓားရှည်က မြည်ကျွေးသံတစ်ခုနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ဆူညံလှသော အသံများပဲ့တင်ထပ်သွားပြီး ဓားစွမ်းအင်များ ဖြန့်ကျက်လာလေသည်။ထိုများပြားလှစွာသော စွမ်းအင်ကြောင်းများက ကောင်းကင်ထက်တွင် အစီအရင်စက်ဝိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လှံရှည်ကို တိုက်ခိုက်လိုက်သည်။
"ကောင်းကင်ဗဟ်ို သန့်စင်နယ်မြေက ရှောင်ယု...ချူချန်းရှန် ငါ့ကို ရပ်တန့်လိုက်တုန်းကတော့ ငါ ဘာမှပြောလို့မရခဲ့ဘူး...ဒါပေမယ့် မင်းက ငါ့ကို ရပ်တန့်စေချင်တာဆိုရင်တော့... မင်းကိုယ်မင်းဘယ်သူလို့ထင်နေတာလဲ...ငါက တစ်စုံတစ်ယောက်ကို သတ်ချင်တယ်...မင်းက ဘယ်ကရလာတဲ့ သတ္တိတွေနဲ့ ငါကို တားရဲမလဲ .."
ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက သတ်ဖြတ်ခြင်းအငွေ့အသက်များလျှံတက်ထွက်လာသည်။သူ့၏ လှံရှည်က များပြားလှသော ဓားစွမ်းအင်များကို ချိုးခြေသွားသည်။
ဝုန်း...
ရှောင်ယု အနောက်သို့ ပြန်လွင့်လာသော ဓားရှည်ကို ဖမ်းဆုတ်လိုက်၏။သူသွေးတစ်လုတ် အန်လိုက်ရပြီးသူ့မျက်နာကလည်း ဖြူဖျော့သွားလေသည်။
"မင်း..."
ကောင်းကင်နွေဦးသူတော်စင်သားတော်၏ သတ်ဖြတ်ခြင်းအရှိန်အဝါက ရှောင်ယု တွက်ဆထားသည်ထက်ပင် ကျော်လွန်နေပေသည်။
ဘယ်လိုလုပ်ပြီး သူက အဲ့ဒီလောက်အင်အားကြီးနိုင်ရတာလဲ...
"ပိုင်ရှင်ပုက ငါ့ရဲ့ သူငယ်ချင်းပဲ ပြီးတော့ အစားကြူးတောင်ကြားရဲ့ မဟာအကြီးအကဲကလည်း သူကို ကာကွယ်မယ်လို့ ပြောထားတယ် ဒါတောင်မှ မင်းကဘာလို့ တိုက်ခိုက်ချင်နေသေးတာလဲ...မင်းက ဒီလ်ိုအသုံးမကျတဲ့ နည်းလမ်းမျိုးနဲ့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနဲ့ အစားကြူးတောင်ကြားတို့ကြားမှာ တကယ်ပဲ စစ်ပွဲ စတင်ချင်နေတာလား..."
ရှောင်ယု နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်သည်။သူ့၏ တောက်ပလှသောမျက်ဝန်းများက ကောင်းကင်နွေဦးသူတော်စင်သားတော်ကို စူးစိုက်ကြည့်နေ၏။
ရှောင်ယုက ထိမ်ိသောမေးခွန်းတစ်ခု ထုတ်လိုက်လေသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က သူတော်စင်သားတော်ပင် ဖြစ်သော်ငြားလည်း လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ရုံသာမက သူ့၏ ကောင်းကင်နွေဦးသန့်စင်နယ်မြေကိုပင် ကိုယ်စားမပြုနိုင်ပေ။
သို့သော်လည်း သူတစ်ယောက်တည်းဖြင့် အစားကြူးတောင်ကြားနှင့် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတို့ကြား စစ်ပွဲ စစေခဲ့မည်ဆိုလျှင်ပင် အက်ျိုးဆက်က သူလက်ခံနိုင်သောအရာမဟုတ်ပေ။သို့သော်လည်း ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ကြည့်ရသည်မှာ လုံးဝ မကြောက်ရွံ့ပုံပေါ်လေသည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းများကော့ညွှတ်သွားသည်။
"ဒီလူက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးရဲ့ နယ်မြေမှာ ငရဲကမ္ဘာသက်ရှိနဲ့ ပူပေါင်းထားတယ်...ငါက တော်ဝင်ခုံရုံးရဲ့ အဖွဲ့ဝင်ပဲ ဒီတော့ကာ...ဒါပေါ့ ငါက အကောင်းဆုံးကြိုးစားပြီး ငရဲ ကမ်သာသက်ရှိကို ဖမ်းလိုက်မယ် ပြီးတော့ ငါတို့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးကို သစ္စာဖောက်တဲ့သူကို သတ်လိုက်မယ်..."
သူတော်စင်သားတော်၏ မျက်ဝန်းမှ အလင်းတန်းများ ပစ်လွှတ်နေသလိုထင်ရသည်။သူ့၏ အသံက တုန်ခါရိုက်ခတ်သွားသည်။ကြားလိုက်ရသူအပေါင်း၏ မျက်နာထားများ ပြောင်းလဲသွားလေသည်။
"ငရဲကမ္ဘာသက်ရှိ...
" ဒီစားဖိုမှူးလေးက ငရဲကမ္ဘာသက်ရှိနဲ့ ပူးပေါင်းဆောင်ရွက်နေတယ် ဟုတ်လား...အဲ့ဒါ နောက်ပြောင်နေတာမဟုတ်လား...ကောင်းကင်နွေဦးသူတော်စင်သားတော်ရေ မင်းငါတို့ကို လာနောက်နေတာလား...မင်းစားဖိုမှူး လေးကို သတ်ချင်တယ်ဆိုရင်လည်း အခြေမြစ်ရှိတဲ့ အကြောင်းပြချက်လေးပြောပါဟုတ်ပြီလား...
တကယ်လို့ ဒီမှာ ငရဲကမ္ဘာသက်ရှိရှိနေတယ်ဆိုရင်လည်း ဘာကြောင့် စောစောထဲက မပြောရတာလဲ...ဘာကြောင့် ချူချန်းရှန် ထွက်သွားတဲ့အထိ စောင့်နေရသေးရတာလဲ ...မင်းအဲ့ဒီလ်ိုမျိုး မဟုတ်တဲ့အကြောင်းပြချက်ပေးနေမယ်ဆိုရင်တောင် ချူချန်းရှန်ကို ကြောက်ရွံ့နေတာကိုတော့ ဖုံးကွယ်ထားလို့မရနိုင်ဘူးလေ...
မှန်ပေသည်။လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးမှ ပညာရှင်အချို့၏ မျက်နာများကတော့ ပြောင်းလဲသွားကြသည်။သူတို့၏ ကိုယ်ပိုင်အဆောင်ပြားကို လျင်မြန်စွာကောက်ယူလိုက်ကြသည်။
သူတို့၏ စိတ်ဝိညာဉ် အဆောင်ပြားများကို အသက်သွင်းလိုက်သည်နှင့် ပေါ်ထွက်လာသော အလင်းတန်းများက ငရဲကမ္ဘာအမျိုးသမီး နယ်သာရီဆီသို့ ဦးတည်သွားလေသည်။
သူတို့၏ မျက်ဝန်းများက ချက်ချင်းပင်လှုပ်ခါသွားပြီး ပုဖန်ကိုကျော်ဖြတ်၍ နယ်သာရီကို ကြည့်လိုက်ကြသည်။ထိုအချိန်တွင် နယ်သာရီက ရှောင်ယ၏ စားစရာများကို ပျော်ပျော်ကြီး သိမ်းပိုက်နေလေသည်။
ထိုမိန်းကလေးနှစ်ယောက် ကလေးငယ်ငယ်လေးနဲ့ ကလေးကြီးတစ်ယောက်က သူတို့၏ ပါးစပ်များဖောင်းကားသည်အထိ စားသောက်နေသည်။
ပါးစပ်၌လည်းဆီများ ကွက်နေပြီး စားသောက်ရာတွင် ယဉ်ကျေးမှု တစ်စက်မှ မရှိတော့ပေ။အားလုံး ပြောစရာစကားမဲ့သွားကြသည်။
"အဲ့ဒါ ငရဲကမ္ဘာသက်ရှိလား...သူတို့ရဲ့ စိတ်ဝိညာဉ် အဆောင်ပြားတွေက ဘာမှားနေတာလဲ ဒါမှမဟုတ်...ကောင်းကင်နွေဦးသူတော်စင်သားတော်က လှည့်ကွက်တစ်ချို့လုပ်ပြီးတော့ ပုဖန်နဲ့ အဲ့ဒီအမျိုးသမီးကို တိုက်ခိုက်ခိုင်းစေချင်နေတာလား..."
မည်သို့ပင်ဆိုစေ အဆောင်ပြားများက ငရဲကမ္ဘာသက်ရှိများ၏ တည်နေရာပေါ်သို့သာ ပြသလေသည်။ထိုအချိန်အတွင်း၌ ကောင်းကင်နွေဦးသူတော်စင်သားတော်က သူ့၏ လှံရှည်ကို နယ်သာရီရှိရာဆီသို့ ချိန်ရွယ်လိုက်သည်။ထိုနည်းလမ်းဖြင့် သူက ပုဖန်ကို သတ်မည်ဖြစ်သည်။
လှံရှည်က လေထုကို ဖိနှိပ်ဆုတ်ဖြဲလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ ရွေ့လျားလာလေသည်။စင်မြင့်ထက်တွင် ထိုင်နေဆဲဖြစ်သော ပုဖန် မျက်ခုံးပင့်လိုက်သည်။လေကို ထိုးခွဲလာသောလေသင်တုန်းဓားများက သူ့၏ ပါးပြင်ကို ပျက်ရှသွားစေသည်။
အစားကြူးအဆောက်အဦး၏ ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။ထိုအချိန်တွင် အစားကြူးရင်ပြင်ကျယ်ရှိ ပြိုင်ကွင်းနေရာတွင် ပြိုင်ပွဲကလည်း ပြင်းထန်နေသည်။သို့သော်လည်း၎င်းတို့အပေါ် အနည်းငယ်မှ သက်ရောက်မှုမရှိပေ။
လှံရှည်ကလေဟာနယ်ကို ထိုးခွဲပြီး ပုဖန်ဆီသို့ ပြင်းထန်စွာတိုးဝင်လာနေသည်။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့လက်ထဲတွင် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။
သူ ကောင်းကောင်းပြင်ဆင်ထားခဲ့သည်။အကယ်၍ သူ မရင်ဆိုင်နိုင်ပါကလည်းသူ့၏အစစ်အမှန်စွမ်းအင်များအားလုံးကို ထုတ်ဖော်လိုက်ပြီး ကြီးမားခမ်းနားသောတိုက်ပွဲတစ်ခု ဖန်းတီးပေးပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် လူများ ကြောင်အမှင်သက်သွားကြသည်။အဘယ်ကြောင့်ဆိုသော် ပြင်းထန်စွာ ပြေးထွက်သွားသော လှံရှည်က စတုရန်းမျက်နာပြင်သို့ မရောက်သေးခင်မှာပင် သူ့၏ ရှေ့၌ မည်သည့် အချိန်ကမှန်းရောက်လာမှန်းမသိသော နယ်သာရီပေါ်လာလေသည်။
သူမက လှံရှည်ရှေ့တွင် လှပသော လက်ကလေးလွှဲယမ်းလိုက်သည်။စွမ်းအင်လှိုင်းများလှုပ်ခါသွား၏ နယ်သာရီက အစားများဝါးနေတုန်းဖြစ်သည်။သူမ၏ ဆံနွယ်ရှည်များ ထူထဲလှသောအနက်ရောင်ဆံနွယ်များကလည်း တဖျတ်ဖျတ်လွင့်ခါနေသည်။သူမ၏ ရေခဲတမျှအေးစက်လှသော မျက်နာလေးမော့လာလေသည်။
သူမ ကောင်းကင်နွေဦးသူတော်စင်သားတော်ကို တည့်တည့်ကြည့်လိုက်သည်။
"ငါကြားလိုက်တာကတော့ နင်က ငါကိုဖမ်းချင်နေတယ်ဟုတ်လား...ပုဖန်ကို သတ်ချင်နေတယ်ဟုတ်လား...နင်က ဘယ်သူလဲ ဘယ်သူမို့လို့ အဲ့ဒီလောက်မောက်မောက်မာမာတွေ ပြောရဲနေရတာလဲ..."