အပိုင်း ၆၈၃
Viewers 53k

အခန်း ၆၈၃

ခွေးမွှေး...


"နင်က ငါ့ကို ဖမ်းချင်တယ် ဟုတ်လား...ပြီးတော့ ပုဖန်ကိုလည်း သတ်ချင်တယ်ပေါ့ နင်ကဘယ်သူလဲ...ဘာကြောင့် အဲ့ဒီလောက်မောက်မောက်မာမာ ပြောရဲနေရတာလဲ ..."


ပြတ်သားအေးစက်လှသောအသံက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။အားလုံး ထိတ်လန့်အံ့အားသင့်သွားကြ၏။ထိုအချိန်မှာပင် သွယ်လျသော လက်ကလေးတစ်ဖက်မြောက်တက်လာပြီး လှံရှည်ကို ခုခံလိုက်သည်ကို မြင်လိုက်ရသည်။စွမ်းအင်လှိုင်းများ အဘက်ဘက်ပြန့်နှံ့သွား၏။


"ဒီအမျိုးသမီး သူက ကောင်းကင်နွေဦးသူတော်စင်သားတော်ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်နိုင်တယ်ဟုတ်လား...သူမ ဘယ်လ်ိုများလုပ်လ်ိုက်တာလဲ...ပြီးတော့ အဲ့ဒါက ငရဲကမ္ဘာသက်ရှိလို့ ပြောတဲ့ အမျိုးသမီးမဟုတ်လား..."


ရှောင်ယုသူရင်ဘတ်ကို တင်းတင်းဖိကိုင်လိုက်သည်။သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေ၏။နယ်သာရီက ပုဖန်ရှေ့တွင် မတ်တပ်ရပ်တည်လိုက်သည်ကို မြင်လိုက်သောအခါ၌ သူအံ့သြသွား၏။


သူ့မျက်လုံး သူပင် မယုံနိုင်ဖြစ်နေမိသည်။ပုဖန်က နဂိုကအတိုင်း တည်ငြိမ်အေးဆေးစွာ ရှိနေတုန်းဖြစ်သည်။သူက တခြားသူများကို လှည့်ကြည့်ရမှာပင် ပြင်းနေသလို ထင်ရသည်။


ကောင်းကောင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက အေးစက်ကျဉ်းမြောင်းသွားသည်။


"ဒီအမျိုးသမီးက သူကို မောက်မာတယ်လို့ ပြောတယ်ဟုတ်လား...ဟာသပဲ ..."


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ နယ်မြေသို့ ဘယ်ငရဲကမ္ဘာသက်ရှိမှ မပေါ်လာရဲပေ။သို့သော် ပုဖန်ရှေ့မှ ငရဲကမ္ဘာသက်ရှိက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး နယ်မြေသို့ ရောက်လာရဲသည့်အပြင် သူ့ကိုပင် မောက်မာဝင့်ကြွားသည်ဟု ပြောရဲနေသေးသည်။


နယ်သာရီ သူမ၏ လက်ကို တွန်းလိုက်သည်။ထွက်ပေါ်လာသော အနက်ရောင်စွမ်းအင်များက လှံရှည်ကို အနောက်သို့ လွင့်သွားစေသည်။လေထဲတွင် ရပ်တည်နေသော ကောင်းကင်နွေဦးသူတော်စင်သားတော်က ၎င်းကို ဖမ်းယူလိုက်၏။သူ့၏ ရွှေရောင်ဝတ်စုံမှ တောက်ပလှသော အလင်းများ ထုတ်လွင့်လာသည်။သူ့၏ စွမ်းအင်များကလည်း ပြန့်ကားလာ၏။


သူလှံရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာဟစ်ကြွေးလိုက်သည်။ကြောက်မက်ဖွယ်ကောင်းလှသောရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များက အဘက်ဘက်သို့ လွင့်ထွက်သွားလေသည်။


"ဘယ်သူက ငါ့ကို တားရဲလဲ ...ငါရဲ့ လမ်းကို လာပိတ်တဲ့ ငရဲကမ္ဘာသက်ရှိ လုံးဝ ခွင့်လွှတ်မပေးပေးနိုင်ဘူး သေပေတော့.."


သူ့၏ ကျယ်လောင်လှသောအော်သံက မိုးခြိမ်းလိုက်သကဲ့သို့ပင် အားလုံး၏ နားစည်များကို တုန်ခါသွားစေသည်။ကောင်းကင်နွေဦး သူတော်စင်သားတော်က လေဟာနယ်ထဲ ခြေတစ်လှမ်းလှမ်းလိုက်သည်။သူ့၏ ပုံရိပ်က လျှောစီးလိုက်သကဲ့သို့ပင် လျန်မြန်စွာ ရွေ့လျားသွားပြီး နယ်သာရီရှေ့တွင် ပေါ်လာသည်။


သူ့၏ လှံရှည်က ရန်သူကို ထိုးနှက်လိုက်သည်။သူ့၏ ခြိမ်းခြောက်နိုင်စွမ်းသော အော်ရာများက ကြည့်ရှုနေသူများ၏ မျက်ဝန်းများကိုပင် ကျဉ်းမြောင်းသွားစေသည်။


"အရမ်းပြင်းထန် စွမ်းအားကြီးလွန်းတယ် ကောင်းကင်နွေဦး သူတော်စင်သားတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်..."


သူကို ချူချန်းရှန်က လက်ဝါးတစ်ဖက်တည်းဖြင့်ဖိနှိပ်နိုင်ခဲ့သော်လည်း ၎င်းက ရှက်စရာမလိုပေ။အဘယ့်ကြောင့်ဆိုသော် ထိုသူက ချူချန်းရှန်ပင်ဖြစ်နေသည်။


ယခုအခိုက်အတန့်၌ ကောင်းကင်နွေဦးသူတော်စင်သားတော် ပြသလိုက်သော စွမ်းအားများက လူအားလုံးကို ကြောက်ရွံ့ထိတ်လန့်သွားစေသည်။မည်သို့ပင်ဆိုစေ သူက ကောင်းကင်နွေဦးသန့်စင်နယ်မြေ၏ သူတော်စင်သားတော်တစ်ယောက်ဖြစ်ပြီး ပါရမီကောင်းလွန်းလှသော သူတစ်ယောက်လည်းဖြစ်သည်။


ဂျွတ်...ဂျွတ်...


နယ်သာရီက ခေါင်းမော့၍ လည်ပင်းချိုးလိုက်သည်။ထို့နောက် သူမ၏ ပါးစပ်ထဲမှ အစားများကို မျိုချလိုက်သည်။ပြီးနောက် သူမနှုတ်ခမ်းပေါ်တွင် ကပ်ကျန်ခဲ့သော အသီးအရွက်တစ်ချို့ကိုလည်း လျှာဖြင့် သပ်လိုက်သေးသည်။ထို့နောက် ကောင်းကင်နွေဦးသူတော်စင်သားတော်ကို စူးစိုက်စွာ တစ်ချက်ကြည့်လိုက်၏။


သူမ၏ သွယ်လျဖြူဖွေးလှသောလက်ကလေးများ လှုပ်ရှားသွားသည်။တူညီသော အနက်ရောင်စွမ်းအင်များထွက်ပေါ်လာပြီးလှံရှည်နှင့်ထိပ်တိုက်တွေ့ဆုံသွားလေသည်။သူတို့၏ တိုက်ပွဲက လေပေါ်မျောစင်မြင့်များကို တုန်ခါသွားစေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။


"ဒီငရဲကမ္ဘာသက်ရှိက အရမ်း သန်မာလွန်းတယ်ဒါကြောင့် သူက မကြောက်တာကို..."


ရင်ပြင်ကျယ်ရှိ အချက်အပြုတ်ပြိုင်ပွဲက ဆက်လက်ကျင်းပနေတုန်းဖြစ်သည်။ကျွင်းချင်ရှောင်း၏ ဟင်းပွဲက ပြီးခါနီးနေပြီ။သူ့၏ အိုးထဲမှ သင်းပျံ့လှသောမွှေးရနံ့များကို ထုတ်လွင့်နေပေ၏။


အခြားတစ်ဘက်တွင် သူနှင့် ယှဉ်ပြိုင်နေရသော စားဖိုမှူး၏ မျက်နာတွင် ချွေးများ သီးနေသည်။သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ခက်ခဲနေပုံပေါ်လေသည်။သူကကျွင်းချင်ရှောင်းကို မဲမှောင်သောမျက်ဝန်းများဖြင့် လှမ်းကြည့်နေလေသည်။


နောက်ပေါက်ကလေး၏ အချက်အပြုတ်စွမ်းရည်က သူ့ကို ဖိအားပေးပြီး ကြောက်ရွံ့စေနိုင်လေသည်။သူ ရှုံးနိမ့်တော့မည်ဟုပင် ထင်နေမိသည်။


"ဒီကလေးက ကောင်းကောင်းပြင်ဆင်လာတာပဲ..."


မကြာခင်မှာပင် သူတို့၏ ပြိုင်ပွဲ ပြီးဆုံးသွားလေပြီ။ချက်ပြုတ်ထားသော စားစရာများကို အိုးထဲမှ ထုတ်ယူ၍ ပြင်ဆင်လိုက်သည်။အပူငွေ့ထောင်းထောင်းထနေသော ရနံ့များက ဆွဲဆောင်မှုရှိလှသည်။


ကျွင်းချင်ရှောင်း၏ ဟင်းပွဲက အရောင်အသွေးစုံလင်လှသည်။ချက်ပြုတ်ထားပြီးသောပါဝင်ပစ္စည်းများက ကျောက်မျက်ရတနာများကဲ့သို့ပင် လှပနေသည် တဖြေးဖြေးမြင့်တက်လာသော မွှေးရနံ့များက သူ့၏ နှာခေါင်းထဲသို့ တိုးဝင်သွားသည်။သူကိုယ်တိုင်ပင် မထိန်းနိုင်ပဲ ကျေနပ်စွာဖြင့် မျက်လုံးများထိန်းလိုက်မိ၏။


ရှောင်ယု၏စင်မြင့်ထက်တွင်ထိုင်နေသော ပုဖန်က အောက်ဘက်ရှိ ရန်ပွဲကို ကြည့်နေခဲ့သည်။သို့သော်လည်း သူတော်စင်သားတော်၏ လှံက သူ့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်၏။ သူက ထိုအချက်ကို စိတ်ထဲ ထည့်မထားပေ။


နယ်သာရီက ဒီမှာရှိနေသည့်အပြင် သူမတွင်လည်း ခွေးဘုရင်၏...သူ လုံးဝ မကြောက်ပေ။


ကျွင်းချင်ရှောင်း၏ အချက်အပြုတ်အရည်အချင်းက မဆိုးလှပေ။ပုဖန် ထိုသူကို အာရုံစိုက် ကြည့်နေမိ၏။သို့သော်လည်း သူ့၌ ကိုယ်ကိုကိုယ် ယုံကြည်မှုများ လျော့နည်းနေပေသည်။


ထို့ကြောင့်ပင် ဒီအချက်အပြုတ်ပြိုင်ပွဲက ကျွင်းချင်ရှောင်း၏ ကိုယ့်ကိုကိုယ် ယုံကြည်မှုများကို ပြန်လည် တည်ဆောက်ရပေမည်။ကျွင်းချင်ရှောင်းသာ နိုင်သွားလျှင် သူ့ကိုယ်သူ ယုံကြည်မှု ရှိလာပြီးအစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးများကို ကြောက်ရွံ့မှုများ ပျောက်ဆုံးသွားပေလိမ့်မည်။


ထိုသို့ဆိုလျှင် သူ့၏ အချက်အပြုတ် အရည်အချင်းများကိုလည်း ပိုမိုပြသလာနိုင်လိမ့်မည်။


သူနှင့် သိပ်မဝေးသော နေရာရှိ ကောင်းကင်နွေဦးသူတေယ်စင်သားတော်က အလွန်အမင်းဒေါသထွက်နေပေပြီ။သူရဲ့တိုက်ခိုက်မှုများက တစ်ခုမှ အရာမထင်ပေ။


"ဘာကြောင့် အဲ့ဒီအမျိုးသမီးက အရမ်းသန်မာနေရတာလဲ သေပေတော့..."


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေ၏။သူ သူ့ပါးစပ်ဖွင့်ဟလိုက်သည်နှင့် ရက်စက်ကြမ်းကြုတ်သော အော်ရာများအဖြစ် ပြောင်းလဲသွားသည်။သူ့၏ လှံရှည်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီးနယ်သာရီဆီသို့ လွှဲပစ်လိုက်သည်။


ကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအင်များက လေထုကိုပင် ပေါက်ကွဲသွားစေသည်။ထိုဖိအားများကြောင့် နယ်သာရီ၏ဆံပင်များဟတဖျတ်ဖျတ်လွင့်ခါသွားသည်။


သူမ၏ လက်ကို လှုပ်ရှားလိုက်သည်နှင့် ခွေးဘုရင်၏ အမွှေးများက ပျံထွက်သွားပြီး လက်ကောက်ဝတ်နားတွင် ရစ်ဝဲနေလေသည်။


ပူပြင်းနေမင်း ဖြိုခွဲခြင်း ...


ကောင်းကင်နွေဦးသူတော်စင်သားတော်က ဟစ်ကြွေးလိုက်ပြီးနောက် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ထိုအချိန်၌ သူ့ခေါင်းပေါ်တွင် ဝိညာဉ်လှေကားပေါ်လာလေသည်။


သူ့၏ ဝိညာဉ်လှေကားအပေါ်တွင် ကြီးမားလှသော ကြယ်တစ်လုံး၏ ပုံရိပ်ရှိနေလေသည်။သူ့၏ ကြောက်မက်ဖွယ်ရာ အော်ရာများက တရှိန်ထိုးတိုးတက်လာသည်။ရွှေရောင်အလင်းတန်းများ လွင့်တက်လာသော လှံရှည်ကို အရှေ့သို့ ထိုးခွဲလာ၏။


နယ်သာရီ၏ နှလုံးသားက ပြင်းထန်စွာ တုန်ရီသွားသည်။ထိုတိုက်ခိုက်မှုက ခြိမ်းခြောက်နိုင်စွမ်းရှိလှသည်။သူမ အဆင်အခြင်မဲ့ မပြုမ်ိရဲပေ။ထ်ိုခဏ၌ သူမ၏ လက်ကလေးများက အစေ့တစ်စေ့သဏ္ဍာန်တစ်ခု ပြုလုပ်လာပြီးနောက် လေဟာနယ်တွန့်ရှုံ့သွားသည်။ဘယ်နေရာမှမှန်းမသိသော ကြီးမားလှသည့် သင်္ဘောကြီးတစ်စင်းထွက်ပေါ်လာလေသည်။


ခရက်ရှ်...ခရက်ရှ်...


လေဟာနယ် ပြိုကွဲသွားပြီးနောက် ငရဲကမ္ဘာသင်္ဘောကြီးရွက်လွင့်လာ၏။အားလုံး တုန်ယင်သွား၏ သူတို့ ငရဲကမ္ဘာသင်္ဘောကို တွေ့လိုက်သည့်အချိန်၌ပင် ကျောရိုးတစ်လျှောက်အေးစက်သွားခြင်းကို ခံစားလိုက်ရသည်။


နယ်သာရီ လေထဲ ပျံတက်လိုက်ပြီးသင်္ဘောကုန်းပတ်ပေါ် ခြေချလိုက်သည်။လှံရှည်က ရပ်တန့်မသွားပေ။နယ်သာရီဆီ ရည်ရွယ်လာသော တိုက်ခိုက်မှုက ငရဲကမ္ဘာသင်္ဘောကို ထိပ်တိုက်တိုက်ခိုက်မိသွားလေသည်။အကျိုးသက်ရောက်မှုက ပြင်းထန်လှသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်သွားပြီး သူ့လမ်းတစ်လျှောက်တွင်ရှိနေသော စင်မြင့်များနှင့် ဆက်တိုက်ရိုက်ခတ်မိသွားသည်။


ဘုန်း ..ဘုန်း...ဘုန်း...


သူ့လမ်းတစ်လျှောက်တွင်ရှိနေသော စင်မြင့်များကို ရိုက်ခတ်မိသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။အားလုံးက သူမြေပြင်ပေါ် ပြုတ်ကျသွားသည်ကို ကြည့်နေကြသည်။ချက်ပြုတ်ခြင်းပြိုင်ပွဲကလည်း ထိုအဖြစ်အပျက်ကြောင့် ရပ်တန့်သွား၏။


အားလုံးက သိချင်စိတ်ပြင်းပြစွာပင် ထိုအဖြစ်အပျက် နေရာသို့လှည့်ကြည့်လာကြသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က အပျက်အစီးများကြားထဲမှ ထရပ်လာလေသည်။သူ့၏ ဝတ်စုံက တောက်ပလင်းလက်နေဆဲဖြစ်သည်။သို့သော်လည်းသူတို့က ထိုသူတော်စင်သားတော် ပင်ပန်းနွမ်းနယ်နေပုံကိုမြင်နေရလေသည်။


မည်သို့ပင်ဆိုစေ ပထမဦးဆုံး သူတို့ တွေ့ခဲ့သည့် သန့်စင်နယ်မြေ၏ သူတော်စင်သားတော်က ထိုသို့မဟုတ်ပေ။ယခုမူ သူမျက်နာဆုံးရှုံး (အရှက်ရ)သွားပေပြီ။


"ငါ နင့်ကို ကျိန်းသေပေါက် သတ်မယ်..."


သူတော်စင်သားတော်၏ ရွှေသရဖူက ကွဲကြေသွားပြီး သူ့၏ ဆံပင်များက ပြေလျော့သွားသည်။သူ့၏ ရက်စက်ကြမ်းကြုတ်သော အော်ရာများက ထွက်ပေါ်လာပြီး သူအမြောက်ဆန်တစ်ခုအလား လေထဲထိုးတက်သွားလေသည်။


နယ်သာရီက ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေဆဲဖြစ်သည်။အလင်းရောင်များ ထုတ်လွင့်နေသည့် ခွေးအမွှေးများက သူမ၏ လက်ကောက်ဝတ်ပတ်လည်တွင် လည်နေဆဲဖြစ်၏။


၎င်းက သူမအား ခြိမ်းခြောက်ဖိနှိပ်ထားမှုမှ လွတ်မြောက်စေခဲ့သည်။နဂါးမြို့ဟောင်းတိုက်ကြီးပေါ်တွင် သူမ၏ အစစ်အမှန်စွမ်းအင်များကို ဖိနှိပ်ထားထားသည်။


သူမအစွမ်းရှိသလောက် ထုတ်သုံး၍ မရပေ။သို့သော်လည်း ခွေးဘုရင်၏ ဆန်းကြယ်လှသောခွေးအမွှေးလေးများက သူမလုံလောက်သော တိုက်ခိုက်မှု စွမ်းအင်များကို ပြန်လည်ရရှိစေခဲ့သည်။


နယ်သာရီ၏ အနက်ရောင်ဆံနွယ်ရှည်များက လွင့်မျောနေပြီး သူမ၏ အဝတ်ရုံနက်ကလည်း တဖျတ်ဖျတ်ခါနေသည်။သင်္ဘောထိပ်ပိုင်းပေါ်တွင် ရပ်တည်နေသော ပုံမှာ ဒီကမ္ဘာကြီးတွင် ပေါင်းစပ်ထားပြီး ပုံမှန်မဟုတ်သော ကြောက်မက်ဖွယ်အရှိန်အဝါများကို ပေးစွမ်းနေလေသည်။


လူတိုင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။သူမက ငရဲကမ္ဘာသက်ရှိ အစစ်ပဲ သူမ သိပ်သည်းလှသော သေဆုံးခြင်းစွမ်းအင်များကို အားလုံး ခံစားမ်ိစေသည်။


ယခုအချိန်၌ လူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။ငရဲကမ္ဘာသက်ရှိကို နှိမ်နင်းရန် ကောင်းကင်နွေဦးသူတော်စင်သားတော်အား သူတို့ ကူညီသင့်မသင့် တွန့်ဆုတ်နေကြသည်။


သို့သော်လည်း ကောင်းကင်နွေဦးသူတော်စင်သားတော် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်အား ပြန်လည်တွေးမိသွားပြီးသူတို့ မျက်နာများ ရှုံ့မဲ့သွားကြသည်။


ဘုန်း...


ကောင်းကင်နွေဦးသူတော်စင်သားတော် အဝေးသို့ ရိုက်ထုတ်ခံလိုက်ရပြီး မြေပြင်ပေါ် ထပ်မံပြုတ်ကျလာလေသည်။သူလဲကျသွားပြီးနောက် သူ့၏ ရွှေရောင်ကာကွယ်ရေးဝတ်စုံကလည်းပြိုကွဲသွားလေသည်။


"ငါ့ကို ဖမ်းချင်သေးလား...ပုဖန်ကိုကောသတ်ရဲသေးလား..."


နယ်သာရီက ခွေးမွှေးများကို လက်ထဲမှ ကိုင်ထားရင်း လေထဲတွင် အနည်းငယ် လွင့်မျောနေသည်။သူမ၏ မျက်ဝန်းများကလည်း လုံးဝ နက်မှောင်နေပေပြီ သူမ၏ ဆံနွယ်ရှည်များကလည်း ပို၍ ရှည်လျားလာသည်။


ဆွစ်...


ဆံနွယ်ရှည်များကပြေးထွက်သွားပြီး ကောင်းကင်နွေဦးသူတော်စင်သားတော်၏ အရှေ့တွင် ပေါ်ထွက်လာလေသည်။ထိုဆံနွယ်များက အနက်ရောင်လှံများကဲ့သို့ပင် ကောင်းကင်နွေဦးသူတော်စင်သားတော် ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။


သို့သော်လည်း ထိုပုံရိပ်က တဖြေးဖြေးမှိန်ဖျော့လာပြီး ပျောက်ကွယ်သွားလေသည်။၎င်းက ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ခန္ဓာကိုယ်အစစ်အမှန်မဟုတ်ပဲ အရိပ်မျှသာဖြစ်နေလေသည်။


ထိုပုံရိပ်ပြိုကွဲသွားသည့်အချိန်တွင် နယ်သာရီကလည်း ကောင်းကင်တစ်ခွင်ကို အကဲခတ်ကြည့်ရှုနေလေ၏သို့သော်လည်း သူမ အတွေးတစ်ချက်လက်သွားသည်။သူမ၏ ဆံနွယ်များက တွန့်လိမ်သွားပြီး ရည်ရွယ်ရာကို တိုးဝင်သွားလေသည်။


ဘန်း...ဘန်း...


ဆံနွယ်များက တစ်စုံတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် နောက်ထပ်ဦးတည်ရာ တစ်ခုသို့ ပြောင်းလဲသွားပြန်သည်။


သူမ၏ ဆံနွယ်များက ဗုံးပေါက်ကွဲသကဲ့သ်ို့ပင် အဆက်မပြတ်တိုက်ခိုက်နေသည်။အစားကြူးနတ်ဘုရားအဆောက်အဦး၏။ နေရာကျယ်တစ်ခုလုံးက ပျက်စီးလုနီးပါးပင်ဖြစ်နေလေသည်။


သို့သော်လည်း မြေပြင်ထက်တွင် ချန်ပီယံ ပြိုင်ပွဲ၏ တာဝန်ရှိသူ စားဖိုမှူးရန်ယုက တော်တော်လေးတည်ငြိမ်အေးဆေးနေတုန်းဖြစ်သည်။သူက စားစရာများကို ပျော်ပျော်ကြီးမြည်းစမ်းကြည့်နေပြီးနောက် နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။


"ဒီပြိုင်ပွဲအတွက် အန်ိုင်ရသူက ကျွင်းချင်ရှောင်းပဲ ..."


သူအေးဆေးစွာပြောလိုက်သည်။အာကာသနတ်သမီးနှင့် လျန်ချိမ်တို့ကလည်း ဘာစကားမှမဆိုပဲ သူ့နှင့် သဘောတူညီကြလေသည် ။အစားကြူးဘုတ်ပြားပေါ်မှ စားဖ်ိုမှူး၏ မျက်နာက ဖြူဖျော့သွားသည်။


"သူရှုံးသွားတာလား သူဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားရတာလဲ..."


ဘုန်း....


ဆံနွယ်နက်များက ရုတ်တရက် မြေပြင်ကို ထိခိုက်မိသွားပြီး မီးဖိုများ ပေါက်ကွဲသွားသည်။နေရာအနှံ့လွင့်စင်သွားသောအစအနများက ဒိုင်လူကြီးများကို ထိမှန်သွားလေသည်။


အာကာသနတ်သမီးနှင့် လျန်ချိမ်တို့က အစစ်အမှန် စွမ်းအားများကို အသုံးပြု၍ ကျောက်တုံးများကို ကာစီးလိုက်သည်။သို့သော်လည်း ရန်ယုက ထိုသို့ မလုပ်လောက်ပေ။


ကျောက်တုံးတစ်စက သူ့မျက်နာကို ထိမှန်သွားလေသည်။ရန်ယုက ခပ်ပြုံးပြုံးဖြင့် ထ်ိုကျောက်တုံးကို ကောက်ယူလိုက်သည်။ထို့နောက် သူလေထဲတွင် ဒေါသတကြီး တိုက်ခိုက်နေကြသော သူနှစ်ယောက်ကို မော့ကြည့်လိုက်၏။


ထို့နောက် သူ့၏ မျက်လုံးအောက်ခြေထဲမှပင် ရက်စက်ကြမ်းကြုတ်လှသော အော်ရာများ တဖြေးဖြေးမြင့်တက်လာလေသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က ပို၍ တိုက်ခိုက်လေလေ ပို၍ ကြောက်ရွံ့လေလေဖြစ်လာသည်။


ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်က ဤမျှ သန်မာလိုက်မည်ဟု မထင်ထားမိပေ။သူ ဖိနှိပ်ခံရတော့မလိုမျိုး ခံစားလာမိသည်။သို့သော်လည်း သူက ကောင်းကင်နွေဦးသူတော်စင်သားတော် တစ်ယောက်ဖြစ်သည်။သူက ဘာကြောင့် ဖိန်ှပ်ခံရမည်နည်း ထို့အပြင် ငရဲကမ္ဘာသက်ရှိ၏ ဖိနှိပ်မှုကို ဘာကြောင့်ခံရမည်နည်း။


"ဖယ်စမ်း..."


လှံရှည်က ပြေးထွက်သွားပြီး လေဟာနယ်ကို ကာထားသော ဆံနွယ်များအားအပေါက်ဖြစ်သွားစေလေသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက ပုဖန်ကို မလွှဲတမ်း ကြည့်လိုက်သည်။သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ထုတ်လွင့်လိုက်၏။


"သေလိုက်တော့..."


သူပုဖန်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်လိုသည်။တခြားသူများကို သူဂရုမစိုက်ပေ။ငရဲကမ္ဘာသက်ရှိကို သူမသတ်နိုင်လျှင်လည်း ပုဖန်က သေရပေမည်။


သူ့၏ ပစ်မှတ်က ပုဖန်တစ်ယောက်တည်းသာဖြစ်သည်။အစောပိုင်းက ချူချန်းရှန်က သူ့ကို ဟန့်တားခဲ့သည်။နောက် အနက်ရောင် ဆံပင်နှင့် အမျိုးသမီးကလည်း သူ့ကို ထပ်မံ ဟန့်တားလိုက်ပြန်သည် 


သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ထိုစားဖိုမှူးကို မည်သူများကူညီမည်ဟု သိချင်မိသေးသည်။


ဘန်း...


လှံရှည်က စင်မြင့်ကို ထိမှန်သွားပြီး အပိုင်းပိုင်းအစစ ပြိုကွဲသွားလေသည်။ရှောင်ယု၏ လက်ထဲမှ ဓားရှည်က ကြီးမားလာလေသည်။သူလှုပ်ရှားလိုက်ပြီး ပုဖန်နှင့် ကလေးမလေးကိုတိုက်ခိုက်မှုမှ ကယ်တင်လိုက်သည်။


ထို့ကြောင့် ကောင်းကင်နွေဦး သူတော်စင်သားတော်၏ တိုက်ခိုက်မှုက မအောင်မြင်လိုက်ပေ။သို့သော်လည်း သူ့၏ တိုက်ခိုက်မှုက အစားအစာအများအပြားကို လွင့်ထွက်သွားစေပြီး ပျက်စီးသွားစေသည်။


ပုဖန် ဓားပျံပေါ်တွင်ရပ်နေရင်းမှ မကောင်းသော စိတ်ခံစားချက်များကို ခံစားလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။သူလှည့်ကြည့်လိုက်ရာ အနက်ရောင်မြူခိုးများ ရစ်သိုင်းနေသော ကလေးမလေး ရှောင်ယကို မြင်လိုက်ရသည်။သူမ၏ မျက်နာက...