အပိုင်း ၆၈၄
Viewers 61k

အခန်း ၆၈၄

သူတောင်စင်သားတော်ကို မျိုမယ်...


အစားပုပ်နတ်ဘုရားမြို့တော်၏ အပြင်ဘက်တွင် ကြောက်မက်ဖွယ်ရာ ဖိအားများ ပြန့်နှံ့နေသည်။တိမ်တိုက်အမဲများကလည်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေ၏။


ချူချန်းရှန်၏ အပေါ်ပိုင်းအဝတ်အစားများ ဆုတ်ပြဲသွားသည်။သူ့၏ ခေါင်းထက်မှ တောက်ပသောအလင်းတန်းများ ထုတ်လွင့်နေသော ရွှေရောင် ပန်းကန်လုံးတစ်လုံးက သူ့ဆီသို့ စွမ်းအင်များ ပို့ပေးနေသည်။


သူ့ခန္ဓာကိုယ်ပေါ်ရှိ လိုင်းများက ဖားလောင်းလေးများ ကဲ့သို့ လှုပ်ရှားလာလေသည်။သူ့၏ အသွင်အပြင်က လူများကို ထိတ်လန့်ကြောက်ရွံ့သွားစေ၏။လက်သီးများမှ ကြောက်စရာကောင်းလှသော စွမ်းအင်များကို ထုတ်လွင့်နေသည်။မိကျောင်းခေါင်းတိုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ချူချန်းရှန်ကို ဆုတ်ဖြဲပစ်ရန် လှည့်ပတ်နေလေသည်။


ချူချန်းရှန်က လေဟာနယ်ထဲတွင် သူ့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းထားလိုက်သည်။သု့ခေါင်းပေါ်မှ ရွှေရောင်ပန်းကန်လုံးကည်း ဆက်လက်ရွေ့လျားနေသည်။ထိုမှ ထွက်ပေါ်လာသော အလင်းတန်းများက ကန်လန်ကာ တစ်ခုသဖွယ်ပင် ဖြာကျနေ၏။


"ဒီစိတ်ပျက်စရာကောင်းတဲ့ သားရဲမှာ အရေပြားအထူကြီးရှိနေတယ် တကယ်ကို စိတ်ရှုပ်ထွေးဖို့ကောင်းတယ်..."


ချူချန်းရှန်၏ မျက်ဝန်းများက တလက်လက်တောက်ပနေသည်။သူ့၏ မုတ်ဆိတ်မွှေးရှည်ကလည်း လေအရှိန်ကြောင့် လွင့်ပျံနေ၏။မြို့တံတိုင်းပေါ်ရှိ အစောင့်များက အလွန်ပင် ကြောက်လန့်တကြားဖြစ်နေကြသည်။ ဆဠမမြောက် အကြီးအကဲပင်လျှင် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိ၏။


ချူချန်းရှန်က အလွန်ပင် စွမ်းအားကြီးသည်။သို့သော်လည်း သူ ထိုသားရဲကို အနိုင်မယူနိုင်ပေ။၎င်းက တကယ်ကိုပင် ခက်ခဲလွန်းသည်။သွားစိမ်းဘိုးဘေး မိကျောင်းခေါင်းတိုတွင် သွေးနီရောင်မျက်ဝန်းများရှိနေသည်။သူ လက်ဖြင့် တစ်ချက်ပုတ်လိုက်တိုင်း မြေပြင်တစ်ခုလုံးက သိမ့်ခနဲ တုန်ခါသွားသည်။


ထိုသားရဲကြီးက အလွန်ပင် ဒေါသထွက်နေပုံပေါ်သော်လည်း မြို့ကို တိုက်ခိုက်ချင်ပုံမရပေ။၎င်းက တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံပေါ်သည်။


"သူဘာကိုများ စောင့်ဆိုင်းနေတာလဲ ..."


ချူချန်းရှန်နှင့် အခြားသူများက ထိုအဖြေကို မသိကြပေ။သို့သော်လည်း ချူချန်းရှန်မနေဖြင့် အဖြေကို သိစရာလည်း မလိုအပ်ပေ။သူသိသည်က မိကျောင်းခေါင်းတိုကြီး ဘာကို စောင့်ဆိုင်းနေသည်ဖြစ်ပါစေ ၎င်းက တစ်စုံတစ်ရာ ကောင်းမည့်အရာတော့ မဟုတ်န်ိုင်ပေ။


သူလက်သီးတင်းတင်းဆုပ်လိုက်ပြီးနောက် မျက်ဝန်းကျယ်ကျယ်ဖွင့်ကာ ပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။သူရှူထုတ်လိုက်သော လေများက ဓားစွမ်းအင်များ ကဲ့သို့ပင် ခပ်ဝေးဝေးထိ လွင့်ထွက်သွားသည်။


ရွှေရောင်ပန်းကန်လုံးမှ စွမ်းအင်အလင်းများကို ဆက်လက်ပေးပို့နေတုန်းဖြစ်သည်။ချူချန်းရှန်၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ ပြန်လည်တိုးပွားလာပြီး သူ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုလှသည်။


သို့သော်လည်း ထိုအချိန်တွင် အစားပုပ်နတ်ဘုရားမြိုါတော်ဘက်ဆီမှ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ ပြန့်လွင့်ထွက်ပေါ်လာသည်။အနက်ရောင် လေများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အရာရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။


ချူချန်းရှန်ပင် တုန်ယင်သွားပြီး မြို့တော်ဘက်ဆီသို့ လှည့်ကြည့်လိုက်ရာ ကောင်းကင်ဆီသို့ တရှိန်ထိုးတက်နေသော အနက်ရောင်လေစီးကြောင်းက်ို တွေ့နေရ၏။


"လခွမ်း ဘာတွေဖြစ်နေတာလဲ..."


ချူချန်းရှန်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။သူ့၏ စိတ်ထဲ၌ မကောင်းသာ စိတ်ခံစားချက်များ ပြည့်နှက်လာလေသည်။အစားကြူးရင်ပြင်ကျယ်တွင် ပုဖန် ကြောင်အမှင်သက်နေမိသည်။သူလှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့နောက်နား၌ရှိနေသောကလေးမလေး၏ ကိုယ်မှ အနက်ရောင် အခိုးအငွေ့များ အဆက်မပြတ် ထွက်နေသည်က်ို တွေ့လိုက်ရသည်။


ကလေးမလေးက ပါးစပ်ထဲတွင်ရှိနေသော အစားများကို ဝါးနေရင်းဖြင့် အနားတွင် ပြန့်ကျဲနေသော အစားအစာများက်ိုလည်း စိုက်ကြည့်နေ၏။သူမ၏ မျက်လုံးများမှ ဒေါသတရားများကိုပင် ခံစားမိနေလေသည်။


"စိတ်လျှော့ စိတ်လျှော့ စိတ်လျှော့ထား..."


ပုဖန် တစ်စုံတစ်ခုက်ို တွေးမိသွားပြီး သူ့မျက်နာက တင်းမာသွားသည်။သူကလေးမလေး၏ ခေါင်းထက်တွင် လက်တင်လိုက်ပြီး သူ့၏ အစစ်အမှန်စွမ်းအင်များက်ို ပို့လွှတ်ကာ အနက်ရောင်အခိုးအငွေ့များက်ို ဖိနှ်ိပ်ရန် ကူညီပေးလိုက်သည်။


အဖိုးကြီး ချူချန်းရှန်က ကလေးမလေးရဲ့ ကိုယ်ထဲတွင် အစားကြူးနတ်ဘုရား စိတ်ဝိညာဉ်ရှိနေသည်အား မည်သည့်နည်းနှင့်မှ ထုတ်ဖော်မပြောဆိုရန် မှာထားခဲ့သည်။


အကြောင်းပြချက်ကို သူမသိသော်လည်း ကလေးမလေးကို ကူညီလိုက်ခြင်းက ပို၍ ကောင်းမည်ဟု သူထင်မိသည်။


ရွဲ ရွဲ....


ပုဖန်၏ အစစ်အမှန် စွမ်းအင်များက အနက်ရောင်အခိုးအငွေ့များကို ဖိနှိပ်လိုက်သည်နှင့် ရေခဲပျော်သည့်အသံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာသည်။


ကလေးမလေး၏ ရက်စက်ကြမ်းကြုတ်လှသော မျက်နာက တဖြေးဖြေးချင်း လျော့ပါးလာသည်။ရှောင်ယု အံ့အားသင့်သွားသည်။သူအချိန်ကိုက်ပင် ကလေးမလေး၏ မူမမှန်သော မျက်နာအမူအရာကို တွေ့လိုက်ရသည်။


"ဘာဖြစ်သွားတာလဲ..."


ရှောင်ယုက တင်းမာခတ်ထန်သော မျက်နာထားဖြင့် မေးလိုက်သည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က ပိုင်ရှင်ပုကို သတ်ချင်သည်။သို့သော်လည်း သူရှောင်ယုက တခြားသူများက်ို တားဆီးရန်အတွက် လုံလောက်အောင် မသန်မာပေ။


"ဘာမှ မဟုတ်ပါဘူး...ဒါက အစားသရဲကလေးတွေရဲ့ အမျက်ဒေါသ သက်သက်ပါပဲ ..."


ပုဖန်က ကလေးမလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။


"အစားသရဲတွေရဲ့ အမျက်ဒေါသ..."


 ရှောင်ယုတိတ်ဆိတ်သွားသည်။သူ ဘေးပတ်ဝန်းကျင်တွင်လွင့်မျောနေသော အစားအစာများကိုသာ ကော်နဲ့ ကပ်ထားသလို ကြည့်နေသည့် ကလေးမလေးအား ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများများအား တွန့်ကွေးသွားစေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ တိုက်ခိုက်မှုက ကျဆုံးသွားသည်။သူအံ့သြထိတ်လန့်သွား၏ ထို့နောက် သူ့၏ ခန္ဓာကိုယ်ကို လေထဲတွက် မျှောလိုက်ပြီး ထိုအမျိုးသမီး၏ တိုက်ခိုက်မှုမှ ရှောင်ရှားလိုက်သည်။


အနက်ရောင် ဆံနွယ်များက ကောင်းကင်ယံကို ပစ်လွှတ်ဖြတ်သန်းသွားပြီး လေဟာနယ်ကိုပင် အက်ကွဲသွားစေ၏။မြေပြင်ပေါ်၌ ရန်ယုက မတ်တပ်ထရပ်လိုက်သည်။သူ့မျက်နာပေါ်မှ နူးညံ့သိမ်မွေ့သော အပြုံးက ပျောက်ကွယ်သွားလေပြီ။


"ငရဲ ကမ္ဘာသက်ရှိ ငါတ်ို့ အစားကြူးတောင်ကြားထဲကို လက်လွတ်စပယ် လာရဲတယ်ဆ်ိုတော့ သူ့ကိုသတ်..."


သူ မြေပြင်ကို တစ်ချက်စောင့်နင်းလိုက်ပြီးနောက် လေထဲသို့ ထိုးတက်လိုက်သည်။သူ့၏ ခေါင်းပေါ်၌ စိတ်ဝိညာဉ် လှေကားငါးထစ် ပေါ်လာလေသည်။သူ့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထွက်ပေါ်လာပြီး ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေသော နယ်သာရီကို တိုက်ခိုက်လိုက်သည်။


နယ်သာရီ မထီမဲ့မြင်ဖြင့် မျက်လုံးလှန်လိုက်သည်။သူမ၏ လွင့်မျောနေသော ဆံနွယ်များက ကောင်းကင်ယံကို ဖုံးကာနေသော ကြီးမားသည့် လက်ဖဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် ထိုလက်ဖဝါးက ရန်ယုကို ရိုက်ချလိုက်သည်။


ရန်ယု မာန်သွင်းဟစ်ကြွေးလိုက်သည်။သူ့၏ စားဖိုမှူး ဝတ်စုံက လွင့်မျောသွား၏။သူ့၏ မီးဖိုချောင်သုံးဓားက သံစုံ မြည်သံတစ်ခုနှင့်အတူ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။


ထိုမီးဖိုချောင်သုံးဓားက လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး လက်ဖဝါးကြီးကို နှစ်ပိုင်းပိုင်းလိုက်သည်။ဒါက အရိပ်ဖြတ် မီးဖိုချောင်သုံးဓား..


ထိုဓားကို မြင်လိုက်သော တစ်စုံတစ်ယောက်က အံ့အားသင့်ဖြင့် အော်လိုက်သည်။အရိပ်ဖြတ်ဓားက အစားကြူးတောင်ကြားထဲတွင် တတိယအဆင့်ရှိသောဓားတစ်လက်ပင်ဖြစ်သည်။


၎င်းက စွမ်းအားပြင်းလှသည်။ခံလိုက်ရသူပင် မခံစားမိလောက်အောင် လျှင်မြန် ယုံသာမက အရိပ်ကိုပင် ဖြတ်နိုင်စွမ်းရှိလေသည်။


ရွှစ် ရွှစ် ရွှစ်....


ထိုအရိပ်ဖြတ်ဓားက ကောင်းကင်ယံထက်တွင် လည်ပတ်၍ ရွေ့လျားသွားသည်။ထိုခဏမှာပင် ရန်ယု၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး နယ်သာရီ၏ အရှေ့တွင် ပြန်ပေါ်လာသည်။သူ့၏ ဓားကို ကိုင်မြောက်လိုက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။


"ငရဲကမ္ဘာကသက်ရှိက ငါတို့ရဲ့ အစားကြူးတောင်ကြားထဲကို သေဖို့လာတာပဲ...ဘာလို့ တစ်ခါတည်း သေဖို့ ငရဲကို မသွားလိုက်တာလဲ..."


အရိပ်ဖြတ်ဓားက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အမြန်နှုန်းဖြင့် လှုပ်ရှားသွားသည်။မည်သူမှ ထိုတိုက်ခိုက်မှုကို တုံ့ပြန်နိုင်လိုက်မည်မဟုတ်ပေ။


နယ်သာရီ၏ မျက်ဝန်းများက အနက်ရောင်အဖြစ် လုံးဝ ပြောင်းလဲသွားသည်။ထိုခုတ်ဖြတ်ချက်ကို မြင်လိုက်သည့် ခဏ၌ သူမ၏ ဆံပင်များ လွင့်ခါသွားသည်။ထိုခဏမှာပင် သူမ ပါးပေါ်မှ သွေးကြောစိမ်းများက ဖောင်းကြွလာပြီး မျက်လုံးဆီသို့ ဦးတည်လာလေသည်။


အနက်ရောင်သွေးကြောများက သူမ၏ အသွင်အပြင်ကို ပို၍ပင် ကြောက်စရာကောင်းစေသည်။


"ထွက်သွားစမ်း..."


ထိုအသံက လူတစ်သောင်းကို တစ်ကြိမ်တည်းမှာပင် တစ်ပြိုက်နက်တည်း တုန်လှုပ်ခြောက်ခြားသွားစေသည်။နယ်သာရီ၏ အနောက်ဘက်တွင် ပုံရိပ်ယောင် တစ်ခု ထွက်ပေါ်လာလေသည်။


ကြောက်မက်ဖွယ်ရာ စွမ်းအားများက ရန်ယုကို ရိုက်ခတ်သွားသည်။ရန်ယု၏ မီးဖိုချောင်သုံးဓားက သစ်ရွက်တစ်ရွက်ကဲ့သို့ ပါးလွှာသော အသွင်ဖြင့် ထွက်ပေါ်လာသည်။၎င်းက ကောင်းကင်ယံရှိ စွမ်းအားများက်ို ရိုက်ခတ်မိသွားပြီးနောက် အနောက်သို့ လွင့်ပျံထွက်သွားစေသည်။


ရန်ယု သွေးတစ်လုတ်အန်လိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။မြေပြင်ပင် ချိုင့်သွားပြီး ဘေးပတ်ပတ်လည်၌ အပ်ရာများ ထင်သွားသည်။


ထိုမြင်ကွင်းကြောင့် ရင်ပြင်ကျယ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။


"ငါတို့ ထိပ်သီး စားဖိုမှူး ရန်ယုက ဒီလိုပဲ တောက်ထုတ်ခံလိုက်ရတယ်....မဟာဟင်းလင်းပြင် အဆင့် ငရဲကမ္ဘာသက်ရှိလား..."


အက်ကွဲနေသော မြေပြင်မှ ရုန်းကန် ထရပ်လာသော ရန်ယု၏ မျက်နာတွင်လည်း မယုံကြည်နိုင်မှုများပြည့်နှက်နေသည်။လေထဲတွင် ရန်ယုကြောင့် ကောင်းကင်နွေဦးသူတော်စင်သားတော်က ဆံနွယ်များ၏ တ်ိုက်ခိုက်မှုမှ လွတ်မြောက်ရန် အခွင့်အရေးရသွားသည်။


သူ့၏ လှံရှည်က အဆက်မပြတ် တုန်ခါနေသည်။သူ ဆံနွယ်များကို တွန်းထုတ်လိုက်ပြီးနောက် လေဟာနယ်ထဲ ခြေတစ်လှမ်းလှမ်းလိုက်ခါ ရှောင်ယုတို့၏ အထက်၌ ပေါ်လာသည်။


"သေလိုက်တော့..."


ကောင်းကင်နွေဦးသူတော်စင်သားတော်က အေးစက်စွာပြောလိုက်ပြီးနောက် သူ့၏ လှံရှည်ဖြင့် ထိုးချလိုက်သည်။ပုဖန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူ့၏လက်တစ်ဖက်လှုပ်ခါသွားပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။ဒယ်အိုးက ချက်ချင်းပင် ပြန့်ကားလာပြီး သူတို့ကို ကာကွယ်လိုက်၏။


လှံရှည်၏ စွမ်းအင်များက မဟူရာလိပ်ခုံးဒယ်အိုးကိုရိုက်ခတ်သွားပြီး နားကွဲလောက်စရာအသံကျယ်များ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။


၎င်းက ကြီးမားလှသော ခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ပင် မဟူရာလိပ်ခုံး ဒယ်အိုးက ကောင်းကင်မှနေ၍ မြေပြင်ပေါ်သို့ ပြင်းထန်ကျယ်လောင်စွာ ပြုတ်ကျသွားလေသည်။


အာကာသနတ်သမီးမျက်ခုံးပင့်လိုက်သည်။မဟူရာလိပ်ခုံးဒယ်အိုး လွင့်ထွက်သွားသည်ကို မြင်လိုက်သည်နှင့် သူမ ဖြေးညှင်းစွာ ထရပ်လိုက်သည်။သူမက ကောင်းကင်နွေဦးသူတော်စင်သားတော်၏ ရက်စက်ကြမ်းကြုတ်လှသော အပြုအမူများကို တားဆီးရန် ရည်ရွယ်လိုက်သည်။


စင်မြင့်ထက်တွင် မဟာဂိုဏ်းအရှင်သခင်နှင့် လော့တန်ချင်းတို့က တိတ်တဆိတ်နေနေကြလေသည်။လော့တန်ချင်းက သူလှုပ်ရှားလိုလှသည်။သို့သော်လည်း ကောင်းကင်နွေဦးသူတော်စင်သားတော်၏ သတ်ဖြတ်ခြင်းအငွေ့အသက်များကို မြင်လိုက်ပြီးနောက် နောင်တရစွာဖြင့်ပင် သက်ပြင်းတစ်ချက်ချလိုက်သည်။


"သူ တိုက်ခိုက်တော့ကော ဘာများ အကောင်းတိုင်း ဖြစ်လာမှာမို့လို့လဲ..."


ကောင်းကင်နွေဦးသူတော်စင်သားတော်က လှံရှည်ကို ဆွဲကိုင်၍ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။သူ့၏ ရွှေရောင်ဝတ်စုံက ပျက်စီးသွားခဲ့ပြီး သူ့၏။ ရွှေသရဖူပင် နယ်သာရီကြောင့် ကွဲကြေသွားခဲ့သော်လည်း သူ့၏ အော်ရာများကတော့ အားနည်းမသွားပေ။


မဟာဟင်းလင်းပြင် ...


မှန်ပေသည် နယ်သာရီ၏ စွမ်းအင်အပြည့်အဝက မဟာဟင်းလင်းပြင် နယ်ပယ်အဆင့် တည်ရှိမှုမျိုး ဖြစ်သည်။ထို့ကြောင်မလို့လည်း ထို ငရဲကမ္ဘာသက်ရှိက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ နယ်မြေထဲသို့ ဝင်လာရဲခြင်းဖြစ်ပေလိမ့်မည်။


သို့သော်လည်း သူမ ထိုအဆင့် တည်ရှိမှု ဖြစ်လျှင်တောင်မှ တော်ဝင်ခုံရုံးထဲမှ တစ်စုံတစ်ယောက်က သူမကို ရှင်းထုတ်ပစ်ပေလိမ့်မည်။ပုဖန်သည်လည်း ငရဲကမ္ဘာသက်ရှိနှင့် ပူးပေါင်းဆောင်ရွက်သည်နေရာ သူ့တွင်လည်း ဖုံးကွယ်ထားသည်များ ရှိနေပေလိမ့်မည်။သူ့ကိုလည်း သတ်ရပေမည်။


လှံရှည်ကို လွှဲယမ်းလိုက်သည်နှင့် လေပြင်းများ တိုက်ခိုက်လာပြီး ဖိအားများ ပြန့်နှံ့လာသည်။၎င်းက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး မဟူရာလိပ်ခုံးဒယ်အိုးဆီသို့ ရည်ရွယ်လိုက်သည်။


ရုတ်တရက် မဟူရာလိပ်ခုံးဒယ်အိုးက လှုပ်ခါသွားပြီး လန်ထွက်သွား၏ ထ်ို့နောက် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။သို့သော်လည်း မဟူရာလိပ်ခုံးဒယ်အိုးမှ အနက်ရောင်အခိုးအငွေ့များပြန့်နှံ့လာပြီးနောက် ထိုနားမှာပင် ပို၍ ထူထဲလှသော အနက်ရောင်အခိုးအငွေ့များ ထပ်မံထွက်ပေါ်လာပြန်သည်။ရှောင်ယုနှင့် ပုဖန်တို့က ထိုလျှို့ဝှက်ဆန်းကြယ်လှသော အင်အားကြောင့် လွင့်ထွက်သွားသည်။


သူတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက်ကလေးမလေးဘက်သို့ လှည့်ကြည့်လိုက်သည်။ပုဖန်၏ အမူအရာက တောင့်တင်းသွားပြီးရှောင်ယု ထိတ်လန့်ကြောင်အသွားသည်။


ထိုကြောက်စရာကောင်းလှသောစွမ်းအားများက ကလေးမလေးဆီမှ ထွက်လာနေခြင်းဖြစ်သည်။


ဂရား...


အနက်ရောင်အခိုးအငွေ့များက ချက်ချင်း စုစည်းသွားပြီး ကလေးမလေး၏ ခေါင်းထက်တွင် ပေါ်လာသည်။ကောင်းကင်နှင့် ကမ္ဘာမြေကိုပင် ဝါးမျိူနိုင်သော ကြီးမားသည့် ပါးစပ်ကြီးရှိသည့် ဧရာမသားရဲကောင်ကြီး၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။သူမ၏ ခန္ဓာကိုယ်ကိုလည်း ရွေ့လျားနေသော အနက်ရောင်လှိုင်းများဖြင့် ဖုံးကွယ်ထားသောကြောင့် ကြည့်ရသည်မှာ ဆန်းကြယ်နေပေ၏။ပုဖန်အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ဖိအားများက အရင်ကထက် နှစ်ဆခန့်ပိုကြောက်စရာကောင်းလေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်က ပါးလွှာသော လေထုအလွှာထဲမှ ဧရာမသားရဲကောင်ပုံရိပ်ကြီးထွက်ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ကြောင်အနေလေသည်။


"ဒီသားရဲက ဘယ်က ထွက်လာတာလဲ ...ဒီနေ့မှာ ရိုင်းစိုင်းတဲ့ သားရဲတွေ ဘာကြောင့် ပေါများနေတာလဲ..."


သို့သော်လည်း ခဏအတွင်းမှာပင် ကောင်းကင်နွေဦးသူတော်စင်သားတော်ကပြန်လည်တည်ငြိမ်သွားသည်။သူ့ခန္ဓာကိုယ်မှ ကြမ်းကြုတ်ရက်စက်လှသော အော်ရာများ ထွက်ပေါ်လာပြန်သည်။


ထိုမွန်းစတားကောင်က ဘာကြီးပဲ ဖြစ်နေပါစေ ဂရုမစိုက်ပေ။သူကို လာတားဆီးသူ မည်သူမဆို သေရပေမည်။သူ့၏ ခေါင်းအထက်မှ ကြယ်ပွင့်က အလင်းရောင်များဖြာကျလာသည်။


ဂါး ...


ထိုအခိုက်အတန့်မှာပင် သားရဲကောင်အရိပ်က ဟိန်းဟောက်လိုက်သည်။ထိုသားရဲကောင်၏ လက်သည်းချက်များက ကောင်းကင်နွေဦးသူတော်စင်သားတော်ကို ရိုက်ချလာလေသည်။


ဘုန်း...


သူ့၏ လှံရှည်မှ စွမ်းအားများနှင့် အနက်ရောင်အခိုးအငွေ့ လက်သည်းချက်ကြီး တွေ့ဆုံသွားသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ မျက်ဝန်းများက ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပြူးကျယ်လာ၏။


လှံရှည်က ပျက်စီးသွားပြီးနောက် အပိုင်းပိုင်းအစစများအဖြစ် ပြန့်ကျဲသွားသည်။လင်သည်းချက်က ရပ်တန့်မသွားပဲ သူ့ဆီသို့ ဆက်လက်ဦးတည်လာသည်။လေထဲတွင် သူ့ကို ဖမ်းဆုပ်လိုက်သလိုပင်။


ကောင်းကင်နွေဦး သူတော်စင်သားတော်က ရုန်းမရနိုင်ဖြစ်သွားသည်။သေဆုံးခြင်းစွမ်းအင်များက သူ့ကို ဝါးမ်ျိုနေပေသည်။


"ဒါ ဘယ်လိုသားရဲကောင်လဲ..."


သူ ကြောက်ရွံ့ထိတ်လန့်လာပြီးမျက်နာအမူအရာက ရှုံ့မဲ့တွန့်လိမ်လာသည်။စင်မြင့်ထက်တွင်ထိုင်နေသော ချီကျီက ထိုအချင်းအရာကို မြင်လ်ိုက်ပြီးနောက် ထိတ်လန့်ကြောက်ရွံ့လာ၏။


သူတော်စင်သားတော်အား ဖမ်းဆီးထားသည့် သားရဲ၏ ကြီးမားသော ပါးစပ်ကြီးက အရာရာအားလုံးကို မျိုချတော့မည့်ပုံ ပေါ်လေသည်။ထိုသားရဲလက်က လှုပ်ခါသွားပြီးသူတော်စင်သားတော်၏ ခန္ဓာကိုယ်က ကောင်းကင်ထက်သို့ မြောက်တက်သွားလေသည်။ထိုသားရဲကြီးက သူ့၏ ပါးစပ်ကို ဖွင့်ဟထားသည်။သူ ထွက်ပြေးလွတ်မြောက်ချင်လေသည်။


"အာ မဟုတ်ဘူး မဟုတ်ဘူး ငါကို မစားနဲ့ ငါက ကောင်းကင်နွေဦးသူတော်စင်သားတော် ကောင်းကင်နွေဦးသန့်စင်နယ်မြေရဲ့ အနာဂတ်ပဲ..."


ထိုသားရဲ၏ ပါးစပ်ကြီးက အဆုံးမဲ့လှသော လှိုဏ်ဂူကြီးအလားပင်ထင်ရသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က ထ်ိုလှိုဏ်ဂူကြီးဆီသို့ သူ့ဘာသာသူ ပျံသန်းသွားနေသည်ကို တွေ့လိုက်ရ၏။သူ့နှလုံးသားထဲ၌ အဆုံးစမဲ့သော ကြောက်ရွံ့ထိတ်လန့်ခြင်းများဖြင့် တုန်ယင်လာလေသည်။


သူအလွန်ပင် ကြောက်ရွံ့နေသည်။သူရုန်းကန် လွတ်မြောက်ချင်၏။သူ အော်ဟစ်ငိုကြွေးပြီးသနားညှာတာမှုကို တောင်းခံချင်သည်။သို့သော်လည်းသူ မည်သည့်အရာကိုမှ မလုပ်နိုင်ပေ။


ထိုသားရဲ အရိပ်ကြီးက ကောင်းကင်နွေဦးသူတော်စင်သားတော်အား မျိုချလိုက်သည်ကို မြင်လိုက်ရသည့်ခဏ၌ လူအားလုံး မေးရိုးပြုတ်သွားသလို ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။