အပိုင်း ၆၈၅
Viewers 54k

အခန်း ၆၈၅

အစားကြူးဝိညာဉ်...


ကောင်းကင်နွေဦးသူတော်စင်သားတော်က ဧရာမအရိပ်ကြီးဆီမှ တစ်လုတ်တည်းဖြင့် မျိုချခြင်းကို ခံလိုက်ရသည်။ထိုဧရာမပါးစပ်ကြီး၏ အထဲတွင် အနက်ရောင်စွမ်းအင်ရေဝဲများ လည်နေပုံမှာ ကောင်ူကင်တစ်ခုလုံးကိုပင် မျိုချပစ်နိုင်မည်ဟု ထင်ရသည်။


ထိတ်လန့် ကြောက်ရွံ့စရာကောင်းလှသည်။ကောင်းကင်နွေဦးသူတော်စင်သားတော်က ထိုရေဝဲထဲစုပ်ယူခံလိုက်ရပြီးနောက် သူ့၏ အကာအကွယ်နှင့် သူ့၏ အဝတ်အစားများအားလုံး တစ်စစီ ဆုတ်ပြဲသွားကာ အမှုန့်ဖြစ်သွားလေသည်။


ကောင်းကင်နွေဦးသူတော်စင်သားတော်၏ သနားစဖွယ်အော်ဟစ်သံများကလည်း တဖြေးဖြေးတိမ်မြှုပ်ပျောက်ကွယ်သွားသည်။ဧရာမအရိပ်ကြီးက မျိုချပြီးနောက် သူ့၏ ပါးစပ်ကို ပြန်လည်ပိတ်လိုက်သည်။မြင်ကွင်းတစ်ခုလုံးက ငြိမိသက်တိတ်ဆိတ်သွားလေသည်။


လူအားလုံးက ရက်စက်ကြမ်းတမ်းလှသောအရိပ်ကြီးကို ထိတ်လန့်အံ့သြသင့်စွာ ကြည့်နေကြသည်။


"အရမ်းကိုမောက်မာတဲ့ သူတော်စင်သားတော်က တစ်ကိုက်တည်းနဲ့ မျိုချခံလိုက်ရပြီ ...ဘာသဲလွန်စမှ အကျန်အောင်ပဲ ..."


အေးစက်လှသော ကြောက်ရွံ့မှုတစ်ခုက ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး သူတို့ ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။ကလေးမလေးက သားရဲကြီးအဖြစ် ပြောင်းလဲသွားသည်မှာ သူတို့ တွေးနိုင်တာထက်ကို ကျော်လွန်နေပေပြီ။


သူတို့ တွေးထင်ခဲ့သည်မှာ ထိုမိန်းကလေးက သာမန်ထက် စားနိုင်သည်ဟုပင် သို့သော်လည်း ထိုကလေးမလေးက သာမန်ထက်စားနိုင်ရုံသာမက အရာရာအားလုံးကိုလည်း စားနိုင်နေပေသည်။


ရှောင်ယု ထိုမြင်ကွင်းကို ကြည့်၍ ကြောက်ရွံ့မှင်သက်နေမိသည်။သူ့၏ ဓားပျံကလည်း နိမ့်ဆင်းကျသွားသည်။


"သူမက ချစ်စရာကောင်းတဲ့ ကလေးမလေး မဟုတ်ဘူးလား ..ဘယ်လိုဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ရှေးဟောင်းသားရဲကြီးအဖြစ် ပြောင်းလဲသွားတာလဲ..."


အဖြစ်အပျက်များက မြန်ဆန်လွန်းလှသောကြောင့် သူတုံ့ပြန်ဖို့ပင် သတိမရနိုင်ဖြစ်နေသည်။အခ်ျိန်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အစားကြူးနတ်ဘုရားအဆောက်အဦးတစ်ခုလုံး ဆူညံသံများနှင့် ပွက်လောရိုက်သွားလေသည်။


"ကောင်းကင်နွေဦး သူတော်စင်သားတော်က အစားကြူးတောင်ကြားထဲမှာ သတ်ခံလိုက်ရပြီ အိုး...ဘုရားရေ မကြာခင်တော့ တစ်ခုခု ကြီးကြီးကျယ်ကျယ်ဖြစ်တော့မယ်..."


ချီကျီက ထိတ်လန့်မှုကြောင့် ထုံကျင်တောင့်တင်းနေပြီး စင်မြင့်ထက်ဆီသို့ ဒူးထောက်ကျသွားသည်။အခိုးအငွေ့များဖြင့် ဖွဲ့စည်းထားသော သားရဲက သူမ၏ အရှင်ကို မျိုချလိုက်ပုံမှာ မတုံ့ပြန်နိုင်ပဲ ဖြစ်နေရသည်။


ကလေးမလေးက အနက်ရောင်အခိုးအငွေ့များ၏ အထဲတွင်ရှိနေသည်။သူမ၏ ပတ်ပတ်လည်တွင် ထူးခြားဆန်းကြယ်လှသော အမှတ်အသားများ လည်ပတ်နေလေ၏။သူမ၏ မျက်နာက ရက်စက်ကြမ်းကြုတ်လှသည်။သို့သော်လည်း သူမကို ကြည့်ရသည်မှာကြောက်မက်ဖွယ်ကောင်းလှသော ဝေဒနာကို ခံစားနေရပုံပေါ်သည်။


သားရဲ အရိပ်ကြီးထံမှ အနက်ရောင်အခိုးအငွေ့တန်းတစ်ခုက ကောင်းကင်ထက်ဆီသို့ ထိုးတက်သွားသည်။၎င်းကတိမ်များကြားထဲ ဝင်ရောက် ဖိနှိပ်လိုက်ပြီးနောက် ကောင်းကင်တစ်ခုလုံးကို အနက်ရောင်အခိုးအငွေ့များအဖြစ် ဖုံးလွှမ်းလိုက်သည်။


အစားပုပ်နတ်ဘုရားမြို့တော်၏ အပြင်ဘက်တွင် ချူချန်းရှန်၏ မျက်နာက သိသိသာသာ ပြောင်းလဲသွားသည်။ကောင်းကင်ပေါ်သို့ ထိုးတက်သွားသော အနက်ရောင်အခိုးအငွေ့များကိုကြည့်၍ သူ့၏ မျက်နာက မဲမှောင်သွားသည်။


"အစားပုပ်ဝိညာဉ် ဘာကြောင့် နိုးထလာတာလဲ ပြီးတော့ ဒီတစ်ကြိမ် ပိုပြီးတော့ ကြောက်စရာကောင်းနေတယ်..."


ဆဠမမြောက် အကြီးအကဲက ခေါင်းမော့ကြည့်လိုက်သည်။သူတစ်စုံတစ်ခုကို သတိရသွားပုံဖြင့် မျက်ဝန်းများ စုကျုံ့သွား၏ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးများ စိုနစ်သွားလေသည်။


ဝေါ...


ဘိုးဘေးမိကျောင်းခေါင်းတိုက ထိုအနက်ရောင်အခိုးအငွေ့များကို မြင်လိုက်ရသည်။၎င်းမှ စွမ်းအင်များကို ခံစားမိလ်ိုက်ပြီး သူဟိန်းဟောက်မိလိုက်၏ သူ့၏ အော်ရာများကလည်း ချက်ချင်း ပြောင်းလဲသွားလေသည်။


အစောပိုင်းက မြေပြင်ပေါ်တွင် အေးဆေးငြိမ်သက်စွာဖြင့် လဲလျောင်းနေခြင်းဖြစ်သည်။ယခုအခါတွင် သူ့၏ စိတ်သဘောထားက ချက်ချင်းပြောင်းလဲသွားလေသည်။သူ သူ့၏ လက်ဖြင့် မြေပြင်ကို ပုတ်လိုက်ပြီးနောက် အစားပုပ်နတ်ဘုရားမြို့တော်ရှိရာဆီသို့ တရှိန်ထိုးထိုးတက်လာသည်။


"တကယ်ပဲ ဒီတိရစ္ဆာန်က အစားကြူးဝိညာဉ်ကို စောင့်နေတာလား..."


ချူချန်းရှန်၏ မျက်နာက ဖြူဖျော့သွားသည်။သူလေထဲသို့ လှမ်းတက်လိုက်၏။သူ့၏ ရွှေရောင်ပန်းကန်လုံးက မြင့်တက်လာပြီး သူ မိကျောင်းခေါင်းတိုရှိရာဆီသို့ သွားလိုက်သည်။


"ရပ်စမ်း...ရိုင်းစိုင်းတဲ့ တိရစ္ဆာန် ..."


ချူချန်းရှန် အော်ဟစ်လိုက်သည်။သူ့၏ အော်ရာများကလည်း မြင့်တက်လာ၏ သို့သော်လည်းမိကျောင်းခေါင်းတိုက သူ့၏ သန်မာလှသော အမြီးကို ဝှေ့ယမ်း၍သာ အဖြေပြန်ပေးလိုက်၏။


ဘုန်း ..


အမြီးက ထောင့်ဖြတ်အတိုင်း လွှဲချလာလေသည်။ချူချန်းရှန် မျက်ခုံးလှည့်လိုက်မိသည်။သူ့၏ ခန္ဓာကိုယ်ကို ယိမ်းခါရင်း လျှောက်လိုက်၏။ထို့နောက် ရွှေပန်းကန်လုံးဆီမှ အလင်းတန်းများ ဖြာကျလာပြီး မိကျောင်းခေါင်းတိုဆီသို့ ဦးတည်ဝင်သွားလေသည်။


ထန်...


မိကျောင်းခေါင်းတို၏ အမြီးက နောက်သို့ ရိုက်ထုတ်ခံလိုက်ရပြီး လေထဲတွင် မီးပွင့်မီးပွားများပင် ဖြစ်ပေါ်သွားသည်။သားရဲက ဒေါသတကြီး ဟ်ိန်းဟောက်လိုက်၏ ။ဒီတစ်ကြိမ်၌ ၎င်း၏ သွေးမျက်ဝန်းများက ပို၍ နီရဲသွားပြီး မြို့တံတိုင်းပေါ်တွင်ရှိနေသော ချုချန်းရှန်ကို ကိုက်ရန် ကြိုးစားလိုက်သည်။


"မင်းက အစားကြူးစိတ်ဝိညာဉ်ကို လိုချင်လို့ ဒီမှာစောင့်နေတာလား...အရိုင်းစိုင်း တိရစ္ဆာန်..."


ချူချန်းရှန်က အေးစက်သော မျက်နာထားဖြင့် ခေါင်းကို လှည့်လိုက်သည်။ထို့နောက် တံတိုင်းပေါ်ကို ခြေဆောင့်နင်းလိုက်ပြီး လေထဲသို့ အရှိန်အဟုန်ဖြင့် ပျံတက်လိုက်သည်။


သူကကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ စွမ်းအားများဖြင့် ပြည့်နေသော လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ထိုလက်သီးချက်က သဘာဝ၏ အင်အားစုတစ်ခုလိုမျိုး ဖြစ်လာပြီး ဘိုးဘေးမိကျောင်း၏ ဖွင့်ဟထားသောပါးစပ်ကို ထ်ိမှန်သွား၏။


ဘုန်း..ဘုန်း...ဘုန်း...


မိကျောင်းခေါင်းတိုက အနောက်သို့ လန်ကျသွားပြီး ပက်လက်လန်သွား၏ ချူချန်းရှန်က တောင်ကြီးအရွယ်အစားမျှရှိသော လက်သီးချက်များဖြင့် မိကျောင်းခေါင်းတိုကို အဆက်မပြတ် ထ်ိုးနှက်နေသည်။


နောက်ဆုံးတွင် ချူချန်းရှန်က ဘိုးဘေးမိကျောင်း၏ အမြီးကို ဆွဲကိုင်လိုက်ကာ မြေပြင်နှင့် လွှဲရိုက်လိုက်ပြီးနောက် ဆည်းဆာရေကန် ရှိရာဆီသို့ တရွတ်တိုက် ဆွဲသွားလေသည်။


ဘိုးဘေးမိကျောင်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်ရှိ အရာရာအားလုံးကို ဖျက်စီးပစ်လိုက်ပြီး စွပ်ကြောင်းကြီး ဖြစ်ကျန်ခဲ့သည်။


ရုတ်တရက် ချူချန်းရှန်၏ မျက်နာက နောက်တစ်ကြိမ်ပြောင်းလဲသွားပြန်သည်။သူ အစားပုပ်နတ်ဘုရားမြို့တောါရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။ပါးလျသော အလင်းစီးကြောင်းများက နေရာအနှံ့မှနေ၍ ကောင်းကင်ယံဆီသို့ ထိုးတက်လာလေသည်။၎င်းတို့က ထူးခြားဆန်းကြယ်စွာ အရောင်စုံလှသည်။၎င်းတို့က အနက်ရောင် အခိုးအငွေ့တန်းများကြောင့် ထွက်ပေါ်လာပုံပေါ်လေသည်။


"သေစမ်း အဲ့ဒီလူအိုကြီးတွေ နိုးလာကြပြီ..."


ချူချန်းရှန်၏ မျက်နာက ပို၍ အေးစက်လာသည်။သူ မိကျောင်းကိုဆွဲ၍ အရှိန်ကို မြင့်တင်လိုက်သည်။မကြာခင်မှာပင် ဆည်းဆာရေကန်သ်ို့ ရောက်ရှိသွား၏ ကမ်းခြေရှိ ချုံပုပ်များ သစ်ကိုင်းများအားလုံးက ပျက်စီးကျိုးကြေနေလေသည်။


ချူချန်းရှန် လက်တစ်ဖက်ကိုလှုပ်ခါလိုက်သည်။ရွှေပန်းကန်လုံးက ချက်ချင်းပင် ကြီးမပြန့်ကားလှ၏ သူပန်းကန်လုံးကို လက်တစ်ဖက်ဖြင့် ဆုပ်က်ိုင်လိုက်ပြီးနောက် ပြင်းထန်စွာရိုက်နှက်လိုက်သည်။


"အရိုင်းအစိုင်း တိရစ္ဆာန် မင်းကောင်းကောင်းမနေဘူးဆိုရင်တော့ ငါ ရက်နည်းနည်းလောက် အချိန်ကုန်ရမယ်ဆိုရင်တောင် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်..."


ချူချန်းရှန်က ပန်းကန်လုံးဖြင့် နောက်တစ်ကြိမ် ထပ်ထုလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။သ်ို့သော်လည်း သူ့က်ို ကြည့်ရသည်မှာ စိတ်ဆိုးနေပုံရနေသည်။ထို့နောက် သူ ပန်းကန်လုံးဖြင့် ထပ်ခါတလဲလဲ ထပ်ခါထုလေသည်။မိကျောင်းခေါင်းတို ထိတ်လန့်အံ့အားစွာဖြင့် ငြိမ်ကျသွားသည်အထိကို ထုနေလေ၏။


ချူချန်းရှန်၏ နဖူးပေါ်တွင် သွေးကြောစိမ်းများပင် ထောင်ထနေလေသည်။ထို့နောက် သူလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။တောင်တစ်လုံးအရွယ်အစားရှိသော သူက လွှဲပစ်ခံလိုက်ရသည် လေထဲတွင် အကြိမ်ပေါင်းများစွာ လည်ပတ်သွားလေသည်။


သူ ရေကန်ထဲသို့ ဗုံးတစ်လုံးအလား ပြင်းထန်စွာ ကျရောက်သွားသောကြောင့် ရေများပင် ကောင်းကင်ယံထက်ဆီသို့ လွင့်တက်လာလေသည်။ငြိမ်သက်နေသောရေကန်က လှိုင်းလုံးများ တဝုန်းဝုန်းထသွားလေသည်။


ရေထဲမှ မိကျောင်းခေါင်းတိုက ရုန်းကန်ခုခံရင်း နောက်တစ်ကြိမ် ထွက်ရန် ထပ်မံ ကြိုးစားလိုက်သည်။သူ့၏ မျက်လုံးများက အနက်ရောင်မီးခိုးငွေ့များရှိရာဆီသို့သာ စိုက်ကြည့်နေသည်။သူ့၏ မျက်လုံးနီနီများထဲတွင် တောင့်တမှုများ ပြည့်နှက်နေသည်။


သို့သော် ကံမကောင်းစွာဖြင့် ချူချန်းရှန်က ပန်းကန်လုံးဖြင့် ထပ်မံ ခေါက်သည်ကို ခံလိုက်ရသည်။ဘိုးဘေးမိကျောင်းက ရေကန်ထဲသို့ တဖြေးဖြေးချင်းနစ်မြှုပ်သွားပြီး ရေပူဖောင်းများ ပလုံဆီထလာလေသည်။


ချူချန်းရှန် ဟစ်ကြွေးလိုက်ပြီးနောက် သူ့လက်ထဲမှ ကျောက်စိမ်းအဆောင်ပြားကို ရေပြင်ဆီသို့ ပစ်ပေါက်လိုက်သည်။၎င်းမှ မမြင်နိုင်သော စွမ်းအင်အကာအကွယ်တစ်ခု ချက်ချင်းပေါ်ထွက်လာကာ ဘိုးဘေးမိကျောင်းခေါင်းတိုကို စည်းခတ်လိုက်လေသည်။


ဘုန်း...


ရေလှိုင်းများ နောက်တစ်ကြိမ် ပေါက်ကွဲသွားပြန်သည်။ဘိုးဘေးမိကျောင်းခေါင်းတိုက ဒေါသတကြီးဖြင့် ပါးစပ်ကို ဖွင့်ဟကာချူချန်းကို ကိုက်ရန် ကြိုးစားလိုက်သည်။


သို့သော်လည်း ဒီတစ်ကြိမ်၌ သူ့၏ ခေါင်းက အလင်းအကာအယံနှင့် တိုက်မိသွားလေသည်။သူ ထိုစည်းတံဆိပ်ကို ဖျက်စီးရန် မတက်နိုင်ပေ။


"ဒီနေရာမှာ ကောင်းကောင်းနေ ..."


ချူချန်းရှန်က မိကျောင်းခေါင်းတိုကို တစ်ချက်ဝေ့ကြည့်လ်ိုက်ပြီးနောက် ချာခနဲလှည့်ကာပျံသန်းသွးလေသည်။သူက မဲမှောင်နေသော မျက်နာထားဖြင့် အစားပုပ်နတ်ဘုရားမြို့တော်ရှိရာဆီသို့ ဦးတည်လိုက်၏။


လေထုဆုတ်ဖြဲသည့် ဆူညံသံများထွက်ပေါ်လာသည်။ထို့နောက် အစားပုပ်နတ်ဘုရားမြို့တော်၏ ထောင့်တိုင်းမှ ပညာရှင်များ ဝင်ရောက်လာလေသည်။


"ဒီလူအိုကြီးတွေ သူတို့ အစားကြူးဝိညာဉ်ကို သတိထားမိကြတယ်..."


အစားပုပ်နတ်ဘုရားမြို့တော်၏ မြို့တံတိုင်းထက်တွင် ဆဠမမြောက် အကြီးအကဲက ချူချန်းရှန်ပြန်လာသည်က်ို ကြည့်နေသည်။သူ့၏ မျက်နာကလည်း ပျော်ရွှင်နေပုံပေါ်လေသည်။


သို့သော်လည်း သူက ပိုများသော အရိပ်များကို မြင်လိုက်သည့်အခါ၌ စိတ်လှုပ်ရှားပျော်ရွှင်မှုများ ပျောက်ကွယ်သွားသည်။ထိုသူတို့ကို တွေ့လိုက်သည့်အခါ၌ သူ့၏ မျက်နာအမူအရာက ချက်ချင်းပြောင်းလဲသွားလေသည်။


ဒုတိယအကြီးအကဲ တတိယအကြီးအကဲ စတုတ္ထအကြီးအကဲ ပဉ္စမအကြီးအကဲ သူတို့အားလုံး၏ မျက်နာထားများက အေးစက်လာပြီး ခြိမ်းခြောက်နိုင်စွမ်းသောအော်ရာများကို အဆက်မပြတ်ထုတ်လွင့်နေလေသည်။


လူလေးယောက်က အေးစက်ဝင့်ကြွားလှသော မျက်နာထားများဖြင့် မြို့တံတိုင်းထက်ဆီသို့ ဆင်းသက်လာကြသည်။ဆဠမအကြီးအကဲ၏ မျက်ဝန်းများကလည်း အေးစက်သွားသည်။


ထိုသူများက အစားကြူးတောင်ကြားတွင်းရှိ ဒေသခံအခြားအကြီးအကဲများနှင့်မတူပဲ တော်ဝင်ခုံရုံး၏ အင်အားစုကြီး တပ်ဖွဲ့ဖြစ်သည်။


ပြောရမည်ဆိုလျှင် ထိုသူတို့က အစားကြူးတောင်ကြားထဲတွင်ထားထားသော တော်ဝင်ခုံရုံး၏ အစွယ်နှင့် ခြေသည်းများဟု ဆိုနိုင်ပေသည်။သူတို့ကို အစားကြူးတောင်ကြားထဲတွင် ထားထားခြင်းမှာလည်း တောင်ကြားကို ထိန်းချုပ်ရန် ဖြစ်လေသည်။


"မတွေ့ရတာ ကြာပြီ မဟာအကြီးအကဲ ...မင်းက အခုအထိ စွမ်းအားကြီးတုန်းပဲ ..."


အနက်ရောင်ပြောင်လက်နေသော ဆံပင်များရှိသည့် အဖိုးအိုတစ်ယောက်က ပြုံး၍ ပြောလိုက်သည်။သူက တောင်ကြား၏ ဒုတ်ိယမြောက် အကြီးအကဲ ဖြစ်ပြီး အလွန်အစွမ်းထက်သူလည်းဖြစ်သည်။


တခြားသူများကလည်း အလုအယက် နှုတ်ဆက်လိုက်ကြသည်။သူတို့က ဆိုးရွားသောရည်ရွယ်ချက်များဖြင့် ရောက်လာခြင်းဖြစ်သည်။သူတို့၌ တူညီသောအချက်တစ်ချက်တော့ရှိနေလေသည်။


၎င်းမှာသူတ်ို့ အနက်ရောင်အခိုးအငွေ့အလင်းတန်းများကို ကြည့်လိုက်သည့်အခါ၌ မျက်ဝန်းများက စိတ်အားထက်သန်မှုများဖြင့် တောက်ပနေဆဲပင်ဖြစ်သည်။


တကယ်တမ်းပြောရမည်ဆိုလျှင် သူတို့ ထိုအနက်ရောင်အလင်းများကိုစောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်လှပေပြီ။တတိယအကြီးအကဲက မျက်ဝန်းများ မှေးစင်းလိုက်သည်။သူ့၏ မျက်နာကလည်း တောက်ပြောင်လင်းလက်နေသည်။


"အစားကြူးစိတ်ဝိညာဉ် ငါတို့ ဒါကို ရှာနေခဲ့တာ နှစ်ပေါင်းကြာပြီ နောက်ဆုံးတော့ ငါတို့ ရပြီ..."


နယ်သာရီ၏ မဲမှောင်နေသော မျက်ဝန်းများက ပြန်လည်လျော့ကျသွားသည်။သူမက ရှေးဟောင်းသားရဲကြီးအသွင်ပြောင်းသွားသော ကလေးမလေးကို စူးစမ်းစွာ ကြည့်လိုက်သည်။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။၎င်းက တကယ်ကို လေးနက် လှကြောင်း သူသိပေသည်။ချူချန်းရှန်က ကလေးမလေးအကြောင်း ပေါ်ပေါက်မသွားစေရန် သူ့ကို ပြောထားခဲ့သည်။သို့သော်လည်း ၎င်းကို သူမထိန်းချုပ်နိုင်ပေ။သူ့လက်ထဲတွင် ချူချန်းရှန်ပေးထားခဲ့သော ဝိုင်ပုလင်းလေးတစ်လုံးပေါ်လာသည်။ပုဖန်က တင်းမာတည်ငြိမ်ခတ်ထန်လှသော မျက်နာထားဖြင့် အရိပ်ဖြင့် ဖွဲ့စည်းထားသောသားရဲကြီးဆီသို့ ပျံသန်းသွားလိုက်သည်။


ထိုအစားကြူးဝမ်းဗိုက်အတွင်းတွင် ကလေးမလေးက တွန့်လိမ်နေသည်။သူမ၏ မျက်လုံးနှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျနေသည်။သူမ၏ သွေးများစီးကျလာလေလေသားရဲ အရိပ်က ပ်ို၍ ကြည်လင်လာလေလေပင်။


ပုဖန် လက်တစ်ဖက်ကို လှုပ်ရှား၍ အဖုံးကို ဖွင့်လိုက်၏။သူ့၏ မျက်နာထားက တည်ငြိမ်နေတုန်းပင်ဖြစ်သည်။ထို့နောက် ထိုပုလင်းဖြင့် သားရဲ အရိပ်ဆီသို့ လွှဲပစ်လိုက်သည်။


"သူဘာတွေလုပ်နေတာလဲ..."


တခြားသူများက ပုဖန်၏လှုပ်ရှားမှုက်ို မြင်လိုက်သောအခါတွင် လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ထိုသူက သူ့ကိုယ်သူ သေကြောင်းကြံနေသည်ဟုသာ ထင်လိုက်မိကြ၏။ထိုဒေါသထွက်နေသောသားရဲအရိပ်ကြီးက သူတော်စင်သားတော်ကိုပင် တစ်ချက်တည်းဖြင့် မျိုချခဲ့သည်။


"ထိုသို့ဆ်ိုလေရာ ထ်ိုစားဖ်ိုမှူးလေး ပုဖန်ကိုကော သူလည်းမျိုချခံရတော့မှာလား..."


လူတိုင်း၏ မျက်လုံးထဲတွင်ပုဖန်၏ အဆုံးသတ်ကို မြင်ယောင်နေပေပြီ အစားကြူးပုံရ်ိပ်ကြီးက သူ့၏ ပါးစပ်က်ို ဖွင့်ဟလိုက်သည်။အထဲမှ အနက်ရောင်ရေဝဲက ပို၍ ပြင်းထန်သော အရှိန်အားဖြင့်စုပ်ယူလာလေသည်။


ပုဖန်၏ မျက်နာက လေးနက်သွားသည်။သူ ပစ်လွှတ်လိုက်သောဝိုင်ပုလင်းကို ကြည့်လိုက်ပြီး သူ့လက်ကို တဖြေးဖြေးမြောက်လိုက်သည်။သူ့၏ စိတ်စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


ဝေါင်း...


သားရဲကြီးက ဟိန်းဟောက်လိုက်သည်။ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ သူ့၏စိတ်စွမ်းအင်များကို လှုပ်ခါလိုက်ပြီး ဝိုင်ပုလင်းကို ခွဲချေလိုက်သည်။


ခရက်ရှ်...ခရက်ရှ် ..


ဝိုင်ပုလင်းက ကွဲကြေသွားပြီးနောက် အဝါရောင်ဝိုင်များက အလင်းမိုးရွာချလာသကဲ့သို့ အစားကြူးသားရဲကြီးအပေါ် ကျရောက်လာလေသည်။