အပိုင်း ၆၈၆
Viewers 53k

အခန်း ၆၈၆

ဒယ်အိုးရိုက်ချက်...


ပုဖန်၏ လှုပ်ရှားမှုက အားလုံးကို အံ့သြသင့်သွားစေသည်။


"ဘာလုပ်တာလဲဟ သူက သားရဲကို ဝိုင်နဲ့ပတ်ပြီး ဘာလုပ်တာလဲ..."


ထိုအချိန်မှာပဲ လူအများက ထိုသားရဲကို သတိပြုမိလိုက်ကြသည်။ထိုကဲ့သို့ မှတ်မိသွားကြသောကြောင့်ပဲပို၍ ကြောက်ရွံ့လာကြသည်။ဒဏ္ဍာရီထဲတွင် ကြောက်မက်ဖွယ်ကောင်းလှသော အစားကြူးသားရဲဟု ခေါ်ဆိုကြသည့် ကျော်ကြားထင်ရှားသော ထောင်ကျဲ သားရဲ အမှန်တကယ် တည်ရှိခဲ့သည်။ထို့ကြောင့်ပင် အစားကြူး တောင်ကြားဟုခေါ်ဆိုကြခြင်းဖြစ်သည်။


၎င်းသည် အရာရာအားလုံးကို ဖျက်စီးပစ်နိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။အစားကြူးတောင်ကြား၏ မှတ်တမ်းများအဆိုအရ အဖြူရောင် ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲဟူ၍ ပါဝင်လေသည်။အစားကြူးတောင်ကြား၏ ပထမဆုံးသော မဟာသခင်နှင့် တိုက်ပွဲတွင်ထောင်တျဲနက်က ဖြိုခွဲခံရခဲ့ပြီး အဖြူရောင် ထောင်တျဲကိုဆည်းဆာရေကန်အောက်တွင် ချုပ်နှောင်ထားခဲ့သည်။


ဒါကပင် ဆည်းဆာရေကန်သည် စိတ်ဝိညာဉ် စွမ်းအင်များ ကြွယ်ဝသိပ်သည်းသော နယ်မြေဖြစ်လာပြီး အစားပုပ်နတ်ဘုရားမြို့တော်ကို တည်ဆောက်ခဲ့ခြင်းအကြောင်းအရင်းဖြစ်သည်။


အစားကြူး တောင်ကြားထဲတွင်ရှိသော ပါဝင်ပစ္စည်းများက အဖြူရောင် ထောင်တျဲ၏ အနှစ်သာရများ ပါဝင်နေပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသည်။


စိတ်ဝိညာဉ်သားရဲများစွာ၏ အသားများက အရသာရှိစေခြင်းမှာလည်း ဆည်းဆာရေကန်မှ ရေကြောင့် ဖြစ်သည်။ကလေးမလေးက ကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင်အခိုးအငွေ့များကို ထုတ်လွင့်လာပြီးနောက် ကမ္ဘာမြေတစ်ခုလုံးကို မျိုချနိုင်သော တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲသွားပေသည်။


၎င်းက သူတို့စိတ်ထဲတွင်ရှိနေသော ဒဏ္ဍာရီအပိုင်းအစတစ်ခုကို မီးမောင်းထိုးလိုက်သလိုပင် အစားကြူးတောင်ကြား၏ အိမ်တိုင်းတွင် အဖြူရောင်ထောင်တျဲ၏ ရုပ်ထုများ ရှိသည်။နှစ်စဉ်နှစ်တိုင်း ရာသီဥတုနှင့် ကောက်ပဲသီးနှံများ ကောင်းမွန်စေရန်အတွက် ဆုတောင်းပွဲများ ပြုလုပ်လေ့ရှိသည်။


အဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲတို့က ကြည့်ရသည်မှာ မကွဲပြားပေ။ထို့ကြောင့် သူတို့ရှေ့က သားရဲက တကယ်တမ်းတွင်ထောင်တျဲဖြစ်နေကြောင်း သူတို့ သိလိုက်ပေသည်။


ပုဖန် လေဟာနယ်ထဲ ခြေချလိုက်သည်။သူ့ခန္ဓာကိုယ်က စိတ်ဝ်ိညာဉ်စွမ်းအားများကို ထုတ်လွင့်လာ၏သူ့၏ မျက်နာအမူအရာက တည်ငြိမ်အေးစက်နေတုန်းပင်ဖြစ်သည်။


ဝိုင်ပုလင်းပေါက်ကွဲသွားပြီးနောက် ဝိုင်များက မိုးရေစက်များသဖွယ်ထောင်တျဲ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။


ရွဲ...ရွဲ...


အနက်ရောင်အခိုးအငွေ့များက ချက်ချင်းပင်အငွေ့ပျံသွားသည်။ဝိညာဉ်ချုပ်တည်း ဝိုင်ကို ပတ်ဖြန်းလိုက်သည့်ခဏတွင် အခိုးအငွေ့များ ဖြစ်တည်နေသော သားရဲကြီးက ရေခဲတုံး အရည်ပျော်သကဲ့သို့ တရှဲရှဲမြည်သံများ ထွက်ပေါ်လာလေသည်။


ဝေါင်း...


ကလေးမလေး၏ မျက်ဝန်းထံတွင် အနက်ရောင်လိုင်းများရှိနေသည်။သူ့၏ မျက်နာပေါ်မှလည်း အနက်ရောင်လိုင်းများက ရွေ့လျားနေသည်။သူမ၏ ခန္ဓာကိုယ်က ထူးဆန်းသော ပုံသဏ္ဍာန်မျိုးဖြင့် ကောက်ကွေးနေသည်။သူမက ကြောက်မက်ဖွယ်ရာကောင်းစွာ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အော်ဟစ်လိုက်သည်။


သူမ၏ အော်သံက အနက်ရောင်အခိုးအငွေ့များကို ပြန့်နှံ့သွားစေသည်။သားရဲပုံရိပ်ကြီး၏ ကြီးမားလှသော ပါးစပ်က ဖွင့်ဟလာပြီး အတွင်းမှ ရေဝဲက လည်ပတ်လာကာ ပုဖန်ကို မျိုချရန် ကြိုးစားလာလေသည်။အားလုံး၏ အမူအရာက ပြောင်းလဲသွားသည်။ပုဖန်လည်း မျက်မှောင်ကြုတ်လိုက်သည်။


"အသုံးမဝင်ဘူးလား...တကယ်ကိုပဲ လူအိုကြီးချူချန်းရှန်ဆီက ပစ္စည်းက ယုံကြည်စရာမကောင်းဘူး ..."


ပုဖန်လက်ကို လှုပ်ယမ်းလိုက်သည်နှင့် အစိမ်းရောင်အခိုးအငွေ့များနှင့်အတူ အစစ်အမှန်စွမ်းအင်များ ပြည့်ဝနေသည့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားပေါ်လာသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက တောက်ပလှသော ရွှေရောင်အလင်းတန်းများကို ထုတ်လွင့်လာလေသည်။နဂါးတစ်ကောင်၏ ဟစ်ကြွေးသံကလည်း ပဲ့တင်ထပ်ထွက်ပေါ်လာ၏။


နဂါးဟိန်းဟောက်သံက ထောင်တျဲ၏ အော်မြည်သံကို ဖျက်ချေပစ်လိုက်သည်။ထိုထောင်တျဲ အနည်းငယ် အံ့သြထိတ်လန့်သွားသည်။ပုဖန် ဓားကို ကိုင်ထားရင်းဖြင့် တခြားလက်တစ်ဖက်ဖြင့် လှုပ်ရှားလိုက်သည်။သူအစောပိုင်းထဲက ကြိုတင်ပြင်ဆင်ထားသော စားစရာများက သူ့၏ ပတ်ပတ်လည်တွင် လွင့်မျောလာလေသည်။


ထိုဟင်းပွဲများမှ အပူငွေ့မွှေးရနံ့များနှင့် စိတ်ဝိညာဉ် စွမ်းအင်များက တစ်ခုနှင့်တစ်ခု ချိတ်ဆတ်လာသည်။လေထဲတွင် ထူးခြားဆန်းကြယ်သော အစီအရင်တစ်ခုကို ဖွဲ့တည်လာလေ၏။


လျှာကဝေအစီအရင် စတင်အသက်ဝင်လာပေပြီ။သိပ်သည်းလာသော စွမ်းအင်များက ပုဖန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ထူးကဲလှသော စွမ်းအင်များကို ပေးစွမ်းလေသည်။သူ ဓားချက်ခုနစ်ချက်ကို ဆက်တိုက်လွှဲလိုက်သည်။ထိုဓားချက်များက တောက်ပပြီး စွမ်းအားပြည့်လှသည်။


ဓားချက်များကလည်း အရှေ့ကဓားချက်ထပ် ပိုပို၍ သန်မာလာလေသည်။နယ်သာရီက ခြေဗလာဖြင့်ပင် ပုဖန်၏။ နားတွင် လွင့်မျောနေသည်။


"အင်အားကြီးတဲ့ သားရဲဝိညာဉ်ကို သူမခန္ဓာကိုယ်ထဲမှာ စည်းခတ်ထားတယ် ..."


နယ်သာရီ အေးစက်စွာ ပြောလိုက်သည်။ဓားချက်ခုနစ်ချက် ဆက်တိုက် လွှဲခုတ်လိုက်ပြီးနောက် ပုဖန်၏ အစစ်အမှန် စွမ်းအင်များက ကုန်စင်သွားသလို ခံစားလိုက်ရသည်။


သူပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် ဟစ်ကြွေးသံများ ထုတ်လွင့်နေသည့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ပခုံးပေါ်တင်ကာ နယ်သာရီကိုလှမ်းကြည့်လိုက်သည်။


"နင့်မှာ ဒီထောင်တျဲရဲ့ ဝိညာဉ်ကို ဖိနှိပ်ဖို့ နည်းလမ်းရှိလား..."


ပုဖန်မေးလိုက်သည်။နယ်သာရီ ခေါင်းအသာခါယမ်းလိုက်သည်။


"ငါ အဲ့ဒီလောက် မသန်မာဘူး...ငါမလုပ်နိုင်ဘူး တကယ်လို့ မာစတာသာ ဒီမှာရှိနေမယ်ဆိုရင်တော့ သူလုပ်န်ိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်..."


"ဘလက်ကီလား..."


ပုဖန် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။အကယ်၍ ဘလက်ကီသာ ဒီနေရာ၌ ရှိနေပါလျှင် ကိစ္စရပ်များက ပို၍ လွယ်ကူသွားမည်မှာ သေချာသည်။ထိုထောင်တျဲဝိညာဉ်က လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် ကွဲကြေသွားနိုင်သည်။


သို့သော်လည်း ဘလက်ကီကဒီနေရာမှာမရှိလေရာ ပြောနေလည်း အသုံးမဝင်ပေ။


"အရင်ဆုံး ဒါကို ရှောင်လိုက်ကြရအောင် ...."


နယ်သာရီ၏ မျက်နာကတည်ငြိမ်နေသော်လည်း အေးစက်နေသည်။သူမက ပြောလိုက်ရင်းဖြင့် ပုဖန်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။ထို့နောက် သူတို့ နှစ်ယောက်လုံး နေရာမှပျောက်ကွယ်သွားပြီး ငရဲကမ္ဘာသင်္ဘောပေါ်တွင် ပေါ်လာသည်။


ဝုန်း ဝုန်း ဝုန်း...


စွမ်းအင်အပြည့် ဓားခုနစ်ချက်လုံးက ထောင်တျဲ၏ ကိုယ်ပေါ်သို့ကျရောက်သွားသည်။သို့သော်လည်း ထိုထောင်တျဲက ပါးစပ်အတွင်းမှ စွမ်းအင်ရေဝဲက ဓားစွမ်းအင်များအားလုံးကို မျိုချလိုက်ပြီး ပျောက်ကွယ်သွားအောင် ပြုလုပ်လိုက်သည်။


ဝိညာဉ် ထိန်းချုပ်ဝိုင်ကလည်း အနက်ရောင် အခိုးအငွေ့များကြောင့် ပျောက်ပြယ်သွားပေပြီ။ကလေးမလေး ရှောင်ယက ရူးသွပ်နေပေပြီ။သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်သို့ ပြောင်းလဲပေတော့မည် ။သူမ၏ ခန္ဓာကိုယ်တွင် အနက်ရောင်လှိုင်းများ ပြည့်နှက်နေပြီး ဆေးအနက်ဆိုးထားသလို ဖြစ်နေပေပြီ။


ဂါး...


ကျယ်လောင်ရှည်လျားလှသောဟိန်းဟောက်သံက အားလုံး၏ နှလုံးသားကို တုန်ခါသွားစေသည်။မြေပြင်ပေါ်တွင် ကောင်းကင်နွေဦးသူတော်စင်သားတော် မျိုချလံလိုက်ရသည်အား ကိုယ်တိုင်တွေ့လိုက်ရသောကြောင့် ရန်ယု အလွန်ကြောက်ရွံ့နေမိသည်။သူ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ထိုသားရဲကို ရင်ဆိုင်နိုင်စွမ်းမရှိတော့ပေ။


ထို့အပြင် ၎င်းက ထောင်တျဲ သားရဲဖြစ်နေလေရာ သဘာဝအလျောက်ပင် ကြောက်ရွံ့မှုများက ရှိနေပြီးသားဖြစ်သည်။ကောင်းကင်နွေဦးသူတော်စင်သားတော်၏ အကူက ထိုမြင်ကွင်းနှင့် ဝေးရာသို့ ပျံသန်းသွားလိုက်သည်။ထို့နောက် သူမက ထိုထောင်တျဲ ဝိညာဉ်ကို အံ့အားသင့်ခြင်း ကြောက်လန့်ခြင်းများဖြင့် ကြည့်နေသည်။


လျန်ချိမ်က သူ့၏စင်မြင့်ထက်တွင်ပင် တည်ငြိမ်စွာရပ်နေသည်။သူကလည်း ထောင်တျဲ ဝိညာဉ်ကို နက်ရှိုင်းစွာ ကြည့်နေလေသည်။ယခုအခါတွင် အစားကြူးနတ်ဘုရား အဆောက်အဦးတစ်ခုလုံးပရမ်းပတာဖြစ်နေလေသည်။လူအများက စိုးရိမ်ပူပန်ထိတ်လန့်စွာဖြင့် ပြေးလွှားနေကြ၏။


"ထောင်တျဲ ပေါ်လာပြီ ဒဏ္ဍာရီထဲက သားရဲကြီးပေါ်လာပြီ...သူတို့က မပြေးတော့ ဒီမှာ စောင့်ပြီးတော့ အသေခံရမှာလား..."


တောင်ကြား၏ ပထမဦးဆုံးသော ဒဏ္ဍာရီလာအရှင်သခင်က သူ့၏ မျိုးဆက်များထဲတွင် ကြီးကျယ်ခမ်းနားလှပြီး တုနှိုင်းမဲ့သော တည်ရှိမှုမျိုးဖြစ်သည်။သို့သော်လည်း ထောင်တျဲသားရဲနှင့် တိုက်ပွဲတွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည့် သူတို့၏ စွမ်းအားလေးဖြင့် ထိုသားရဲကို မည်ကဲ့သို့ တိုက်ခိုက်နိုင်ပါမည်နည်း။


"ကောင်းကင်နွေဦးသူတော်စင်သားတော်တောင် တစ်လုတ်တည်းနဲ့ မျိုချခံလိုက်ရတာကို မမြင်ကြလိုက်ဘူးလား..."


ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်ကာ ရုပ်လုံးပိုမို ပေါ်လာစေရန်စွမ်းအင်များ စုစည်းနေသော ထောင်တျဲဝိညာဉ်ကိုကြည့်၍ ကူရာမဲ့စွာပင် မျက်မှောင်ကြုတ်လိုက်မိသည်။


"အဲ့ဒီ နေရာဘက်ကနေ ပိုပြီး ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အော်ရာတွေ လာနေတယ်..."


နယ်သာရီက ဝေးကွာသောနေရာတစ်ခုဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။ထိုနေရာက မြို့တံတိုင်းရှိရာနေရာဖြစ်ပြီး ချူချန်းရှန် ထွက်သွားသည့် နေရာလည်းဖြစ်သည်။


"ချူချန်းရှန် ပြန်လာပြီလား ..."


လေတိုးခတ်လာသောဆူညံသံများထွက်လာပြီးနောက် လျင်မြန်လှသော အလင်းတန်းများက သူတို့ရှိရာဆီသို့ ပျံသန်းလာလေသည်။မှိန်ဖျော့ဖျော့ အလင်းတန်းများက ၎င်းတို့သည် နတ်ဘုရားကဲ့သို့သော လူအုပ်ကြီးများဖြစ်ကြောင်း ဖော်ပြနေလေသည်။ထိုအလင်းတန်းများ ရောက်ရှိလာပြီးနောက် ချူချန်းရှန်လည်း ရောက်လာသည်။


သူက အလွန်မဲမှောင်သော မျက်နာထားဖြင့် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာလေသည်။သူအစားကြူးနတ်ဘုရားအဆောက်အဦးသို့ ရောက်သည့်အချိန်၌ပင် ပုံသဏ္ဍာန်ဖွဲ့တည်လုနီးပါး ဖြစ်နေသော ထောင်တျဲဝိညာဉ်ကို တွေ့လိုက်ရသည်။ချူချန်းရှန်၏ မျက်နာက ချက်ချင်းပြောင်းလဲသွားလေသည်။


"ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ငါမယုံကြည်နိုင်ဘူး ...ဘယ်လို ဖြစ်ကုန်တာလဲ..."


လူအုပ်ကြီးကို အကဲခတ်လိုက်သော ချူချန်းရှန်၏ မျက်ဝန်းများက ပုဖန်ဆီဲ၌ ရပ်တန့်သွားလေသည်။


"ငါပေးခဲ့တဲ့ ဝိညာဉ် ထိန်းချုပ်ဝိုင်ကို မင်းမသုံးလိုက်ဘူးလား..."


ချူချန်းရှန်မေးလိုက်သည်။ပုဖန်က ချူချန်းရှန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ထိုလူအိုကြီး၏ အသံက အလွန်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း ဖော်ပြနေလေသည်။


"ခင်ဗျားပစ္စည်းက အလုပ်မဖြစ်ဘူးလေ..."


ပုဖန်က မျက်နာသေဖြင့် ပြန်ပြောလိုက်ပြီးနောက် အနက်ငေရာင်ထောင်တျဲ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည့် ကလေးမလေးဘက်သာ ပြန်လှည့်လိုက်သည်။


ချူချန်းရှန်၏ မုတ်ဆိတ်မွှေးများပင် လွင့်ပျံ တက်လာသည်။သူ မဲမှောင်လှသော မျက်နာထားဖြင့် သူ့၏ ဘေးနား၌ လောဘတကြီးမျက်နာဖြင့် ရှိနေသော လူအိုကြီးများဘက်သို့ လှည့်လိုက်သည်။


ထိုလူအိုကြီးများ၏ လောဘတကြီး အမူအရာက သူ့၏ မျက်နာကို ပို၍ မဲမှောင်သွားစေသည်။


"ထောင်တျဲ ဝိညာဉ် ငါတို့ ရှာနေခဲ့တာ ကြာလှရှိပြီ နောက်ဆုံးတော့ တွေ့ပြီကွ ဟား ဟား ဟား...နောက်ဆုံးတော့ ငါ အစားကြူးတောင်ကြားကနေ ထွက်ခွာနိုင်ပြီ ထောင်တျဲ ဝ်ိညာဉ်နှင့်အတူ အလင်းယိမ်းသန့်စင်နယ်မြေကို ပြန်နိုင်ပြီ...ထောင်တျဲ ဝိညာဉ်ကို ရတာနဲ့ အာရုတ်ဦး သန့်စင်နယ်မြေကို ပြန်တော့မယ် အရှင်သခင်က ငါ့က်ိုကြီးမားတဲ့ ဆုလာဘ်ပေးမှာသေချာတယ်..."


မဟာအကြီးအကဲနှင့် ဆဠမမြောက်အကြီးအကဲတို့ မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူအိုကြီးများ၏ မျက်ဝန်းများက ပူလောင်ပြင်းပြနေလေသည်။


ထိုလူအိုကြီးများက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေမှာမှ စေလွှတ်လိုက်သူများဖြစ်ကြသည်။သူတို့က အမြဲတစေပင် ထောင်တျဲဝိညာဉ်ကို ထိန်းချုပ်ရန် လိုလားနေကြသည်။


၎င်းအင်အားစုများကသာ ထောင်တျဲ ဝိညာဉ်ကို ရသွားခဲ့လျှင် သန့်စင်နယ်မြေအရှင်သခင်က ထိုစွမ်းရည်များကိုစုပ်ယူပြီး သဘာဝလွန် စွမ်းအားများ ပိုင်ဆိုင်လာပေလိမ့်မည်။


သူက အလွန်ခန့်ငြားကြီးကျယ်လှပေလိမ့်မည်။ထို့အပြင် လျှို့ဝှက်နဂါး တော်ဝင် ခုံရုံး၏ ဟန်ချက်ကလည်းပျက်စီးသွားပေလိမ့်မည်။လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးက ကြီးကျယ်မြင့်မြတ်သော သန့်စင်နယ်မြေခုနစ်ခုနှင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။


နွေဦးကောင်းကင်ဘုံ ၊ လျှို့ဝှက်ကောင်းကင်ဘုံ၊ ကောင်းကင်ဗဟိုနှင့် ကောနွေဦး လျှို့ဝှက် ဗဟိုမြေပြင်တို့က လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ အထွဋ်အမြတ် ကောင်းကင်လေးခု ဖြစ်သည်။


အလင်းယိမ်း အာရုဏ်ဦးနှင့် ရှေးဟောင်းကျောက်စိမ်းတို့က လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ ကောင်းကင်စံအိမ်သုံးခုဖြစ်သည်။အထွဋ်အမြတ် ကောင်းကင်ဘုံလေးခု၏ သန့်စင်နယ်မြေများအကြား ဆက်ဆံရေးက ကောင်းကင်စံအိမ် သုံးခုကြား ဆက်ဆံရေးထက် ပိုမိုကောင်းပေသည်။


မည်သို့ပင်ဆိုစေ အထွဋ်အမြတ်ကောင်းကင်လေးခုနဲ့ ကောင်းကင်စံအိမ်သုံးခုကြား အပြိုင်အဆိုင် ဆက်ဆံရေးရှိလေသည်။၎င်းကပင် တော်ဝင်ခုံရုံးကို ခွဲခြားစေမည့် အချက်ဖြစ်လေသည်။


သူတို့ထဲက တစ်ယောက်ယေက်သာ ထောင်တျဲဝိညာဉ်ကို ရရှိသွားမည်ဆိုလျှင် ထိန်းညှိထားသော ဟန်ချက်က ပျောက်ဆုံးသွားပေလိမ့်မည်။


ထိုအခ်ျိန်ရောက်လာလျှင် ကောင်းကင်ထိတိုင်အောင်ပင် လောင်ကျွမ်းမည့် စစ်ပွဲ မီးတောက်များ ကြီးမားလာပေလိမ့်မည်။ရှေးယခင်တုန်းက အစားကြူးတောင်ကြားသည် ထိုသန့်စင်နယ်မြေများထက် အားမနည်းခဲ့ပေ။သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပညာရှင်များ နည်းပါးလာပြီး ထွက်ပေါ်လာသော ပညာရှင်အရေအတွက်မှာ သန့်စင်နယ်မြေတစ်ခုထက်ပင် နည်းနေခဲ့သည် ။


သန့်စင်နယ်မြေများကလည်း အစားကြူးတောင်ကြားထဲတွင် ထောင်တျဲ ဝိညာဉ်ရှိနေဖို့ ဆုတောင်းနေခဲ့ကြခြင်းဖြစ်သည်။


"ချူချန်းရှန် ကောက်ကျစ်တဲ့ အဖိုးကြီး မင်းထောင်တျဲ ဝိညာဉ်ကို ဖုံးကွယ်ထားတာဘယ်လောက်ကြာနေပြီလဲ...အဲ့ဒါက အခုမှ ရုတ်တရက် ထွက်ပေါ်လာတာမဟုတ်ဘူးမဟုတ်လား..."


မျက်နာနီရဲနေသော သူတစ်ယောက်က စိတ်လှုပ်ရှားဟန်ဖြင့် တစ်ကိုယ်လုံးတုန်ယင်နေလေသည်။သူ့၏ ကြီးမားသောအော်ရာများက ပြန့်နှံ့လာပြီး သူ့၏ ခေါင်းအထက်တွင် ဝိညာဉ်လှေကားတစ်စင်းနှင့် တောက်ပသော ကြယ်တစ်လုံး ပေါ်လာသည်။


ဘုန်း...


လေဟာနယ်ပင် လှုပ်ခါသွားသည်။ထိုမျက်နာနီနှင့်လူက အနက်ရောင်ထောင်တျဲ ဝိညာဉ် စီတွင် ပေါ်လာပြီးနောက် ထောင်ပေါင်းများစွာသောအလင်းမျှင်များကို ထုတ်လွင့်လိုက်သည်။


ထောင်တျဲ၏ ဝမ်းဗိုက်ထဲတွင်ပိတ်မိနေသော ကလေးမလေး ရှောင်ယကို အထင်းသားမြင်နေရသည်။သူမ၏ ခန္ဓာကိုယ်က ထူးထူးဆန်းဆန်းတွန့်လိမ်ကောက်ကွေးနေသည်။


သူမ အော်ဟစ်ဟိန်းဟောက်လိုက်သည့်အတိုင်းထောင်တျဲကလည်း တထေရာတည်းလိုက်လုပ်နေသည်။ထိုအသံများက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသောအနက်ရောင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး မျက်နာနီနှင့် လူကို ရိုက်ခတ်လိုက်သည်။


ဘုန်း ဘုန်း...


ပြင်းထန်လှသောရိုက်ခတ်မှုက ကောင်းကင်တစ်ခုလုံးကို အလင်းများဖြာပြီး လင်းကျင်းသွားသည်။ဖုန်မှုန့်များမြင့်တက်လာသည်။အရိပ်တစ်ခုထွက်ပေါ်လာ၏။


ထောင်တျဲက လက်တစ်ဖက်မြောက်၍ လူအိုကြီးကို ဖမ်းဆုပ်လိုက်ပြီး အစားကြူးနတ်ဘုရားအဆောက်အဦးပေါ်သို့ ထိုးတင်လိုက်သည်။


ဘန်း...


သူအဆောက်အဦးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။ဆူညံသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး အစားကြူးအဆောက်အဦး၏ ကာကွယ်ရေးအစီအရင် အသက်ဝင်လာသည်။


အပြာဖျော့ဖျော့အလင်းတန်းများက အဆောက်အဦး၏ ထိခ်ိုက်သွားသောနေရာသို့ ကျဆင်းလာလေသည်။နံရံထဲ ထ်ိုးသွင်းခံထားရသော လူအိုကြီး၏ မျက်ဝန်းများက ပြူးကျယ်လာ၏။


ထောင်တျဲက ဟိန်းဟောက်လိုက်ပြီးနောက် ထိုလူအိုကြီးကို ထပ်မံ ထုချလိုက်ပြန်သည်။ထိုလူအိုကြီးက က်ျိုးကြေလုနီးပါးဖြစ်သွားပြီး အစားကြူးအဆောက်အဦး၏ ကာကွယ်ရေးအစီအရင်ကလည်းတုန်ခါသွားသည်။


ထောင်တျဲက သူ့ကို ဆုပ်ကိုင်ဖမ်းယူလိုက်ပြီးနောက် အားပြင်းပြင်းဖြင့် လွှဲပစ်လိုက်လေသည်။ထိုလူအိုကြီးက လွှဲပစ်ခံလိုက်ရသည့် လမ်းတစ်လျှောက် စင်မြင့်များကို ဖျက်စီးပစ်ခဲ့ပြီး ငရဲကမ္ဘာသင်္ဘောဆီသို့ ဦးတည်လွင့်လာလေသည်။


နယ်သာရီ၏ ဆံနွယ်များက ပြန့်ကားလာပြီးနောက် သူမ လက်မြောက်လိုက်သည်။သို့သော်လည်း ပုဖန်က သူမကို တားလိုက်သည်။


"ငါတာဝန်ထားလိုက်..."


 ပုဖန် စဉ်းစဉ်းစားစားဖြင့် ပြောလိုက်သည်။နယ်သာရီက ငရဲကမ္ဘာသက်ရှ်ိဖြစ်သည်။သူမ လှုပ်ရှားလိုက်သည်နှင့် အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပေလိမ့်မည်။


အသစ်ရောက်ရှိလာသောသူများက သူမကို သတိထားမိသွားလျှင် မလိုလားအပ်သော ပြဿနာများဖြစ်ပွားလာပေလိမ့်မည်။ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေသောပုဖန်က အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။နယ်သာရီဲက သိချင်စွာဖြင့် ပုဖန်ကို ကြည့်လိုက်သော်လည်း သူမ၏ မျက်နာက အမူအရာကင်းမဲ့နေဆဲဖြစ်သည်။ပုဖန် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် သိုးမွှေးကြိုးစကို ထုတ်ယူ၍ သူ့၏ ဆံပင်များကို ချည်နှောင်လ်ိုက်သည်။


ထို့နောက် အခိုးအငွေ့များပေါ်လာကာရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ပျောက်ကွယ်သွားပြီး မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။ထိုထဲသို့ သူ့၏ အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် တောက်ပသော ရွှေရောင်အလင်းတန်းကြီးများကို ထုတ်လွင့်လာပြီး ကြီးမားလှသောဒယ်အိုးတစ်အိုးဖြစ်လာသည်။သူ၎င်းကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားလိုက်သည်။


ငရဲကမ္ဘာသင်္ဘောဆီသို့ လွင့်ထွက်လာသောမျက်နာနီနှင့်လူအိုကြီးက မသေသေးပေ။သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါတွင် စားဖိုမှူးလေးတစ်ယောက်က ဒယ်အိုးတစ်အိုးကို ဆွဲကိုင်ကာ ကြီးမားလှသောအနက်ရောင်သင်္ဘောတစ်စင်းရှေ့တွင် ရပ်နသည်ကို တွေ့လိုက်ရသည်။


ထိုကောင်လေးက ခံစားချက်မဲ့လှသော အမူအရာဖြင့် သူ့ကို ကြည့်နေသည် ။


"သောက်ကျိုးနဲ အဲ့ဒါဘာလဲဟ..."


လူအိုကြီး အနည်းငယ် အံ့အားသင့်ထိတ်လန့်သွားသည်။ထို့နောက် ထိုစားဖိုမှူးလေးက ဒယ်အိုးကို သူ့ဆီသို့ လွှဲပစ်လိုက်သည်အား တွေ့လိုက်ရသည်။လူအိုကြီး၏ မျက်နာနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့ ထိပ်တိုက်မိတ်ဆတ်သွားလေသည်။


ဘန်း...


သူ ငိုချင်သွားမိသည်။သူ့၏ မျက်နာက ထောင်တျဲကြောင့် မကျိုးပဲ ဒီဒယ်အိုးကြောင့် ပြားလုနီးပါးဖြစ်သွားသည်။သူသွေးတစ်လုတ်အန်လိုက်ရ၏။သူ့၏ ပျံသန်းရာကလည်း ပြောင်းလဲသွားသည်။သူမြေပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားလေသည်။


ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်၌ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ဒယ်အိုးကိုင်ထားဆဲဖြစ်သောပုဖန်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။


"ရိုက်ချက်က ပါဖက်ပဲ..."


ချူချန်းရှန် အပါအဝင်တခြားကျင့်ကြံသူများစွာက ထိုမြင်ကွင်းကို စွံ့အငြိမ်သက်စွာ ကြည့်နေမိကြသည်။