အပိုင်း ၆၈၇
Viewers 54k

အခန်း ၆၈၇

ပြန်ပေါ်လာသောဘိုးဘေးမိကျောင်း...


"ကောင်းလိုက်တဲ့ ရိုက်ချက်...ငလူး..."


စားဖိုမှူးလေးက သန့်စင်နယ်မြေမှ အကြီးအကဲတစ်ယောက်ကို ဒယ်အိုးဖြင့် ရိုက်ထုတ်လိုက်သည်။


"သူ ရူးနေတာလား...ကျင့်ကြံသူတွေက ထလာပြီး သူကို တိုက်ခိုက်မှာကို မကြောက်ဘူးလား..."


ချူချန်းရှန်နှင့် တခြားသူများ၏ မျက်နာအမူအရာက တကယ်ကို ကို့ယို့ကားယားဖြစ်နေသည်။စားဖိုမှုးလေးက ရုတ်တရက် ထလှုပ်ရှားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့မိပေ။


အရေးကြီးဆုံးအချက်မှာတော့ ဒယ်အိုးနှင့် မျက်နာကို အတိတကျ မိတ်ဆတ်လိုက်ခြင်းပင်ဖြစ်သည်။အကြီးအကဲ၏ ပါးစပ်ထဲမှ သွားများ ပျံသန်းထွက်သွားငးသည်ကိုပင် သူတို့ ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။


ပုဖန်က ရွှေရောင်အလင်းလှိုင်းများ ပြေးနေဆဲဖြစ်သော မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ထားသည်။သူ့၏ ဆံပင်များက တဖျတ်ဖျတ်လွင့်ခါနေပုံမှာ အလွန်အလှမ်းကွာဝေးသော နေရာတစ်ခုမှ ရောက်လာသည်အလားပင် ။


ဖုန်မှုန့်နှင့် ကျောက်တုံးကျောက်စများ နေရာအနှံ့ လွင့်ပျံနေသည်။အရှုပ်အထွေးပုံကြီးထဲမှ ပုံရိပ်တစ်ခု လှုပ်ရှားလာ၏။ထိုပုံရိပ်က ဆိုးဆိုးရွားရွား ထိခိုက်နေပြီး သူ့၏ မျက်နာက ပြားလုနီးပါးဖြစ်နေသည်။ထိုသူက အပျက်အစီးပုံများထဲမှ တုန်တုန်ရီရီဖြင့် တွားသွားထွက်လာသည်။ထို့နောက် သူက ကြောက်မက်ဖွယ်ကောင်းလှသော အပြုံးဖြင့် ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေသော ပုဖန်ကို မော့ကြည့်လိုက်သည်။


"ကောင်လေး မင်းက ဒယ်အိုးနဲ့ ငါ့ကို ရိုက်လာတာလား..."


ထိုလူအိုကြီး၏ မျက်နာက အေးစက်မှောင်မဲနေပြီး အသံကလည်း ဒေါသများ ပြည့်နှက်နေသည်။ပုဖန်၏ မျက်နာက ခံစားချက်မဲ့စွာ တည်ငြမ်နေတုန်းဖြစ်သည်။သူက အဖိုးအိုကို အဖြေပေးရမှာပင် ပျင်းနေသည့် ပုံဖြင့် ဂရုမစိုက်ပေ။


ဘုန်း...


တုန်လှုပ်ခြောက်ခြားဖွယ်တုန်ခါသံတစ်ခုက လူတိုင်း၏ နားစည်ကို လှုပ်ခါသွားစေသည်။အနက်ရောင် အရိပ်တစ်ခုမှ အလင်းလှိုင်းများ ဖြာထွက်လာသည်။အခုလေးတင်မှ တည်ငြိမ်အောင် ပြန်လည် ရပ်တည်နိုင်သွားသော လူအိုကြီးက ထိုအရိပ်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြန်သည်။သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ထပ်မံ ကျွံကျသွားသည်။


ထောင်တျဲ ဆင်းသက်လာသည်။နောက်ထပ် လက်သည်းချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် စွမ်းအင်များက စုစည်းလာပြီးနောက် အရှိန်ဖြင့် လွင့်ထွက်သွားပြန်သည်။လူအိုကြီးက အပျက်အစီးပုံများထဲမှ ထလာပြီးနောက် သူ့၏ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ထို့နောက် သူ လေဟာနယ်ထဲသို တစ်လှမ်းလှမ်းတက်လိုက်၏။


သူ့၏ လက်ထဲတွင် သလင်းများဖြင့် ပြုလုပ်ထားပုံပေါ်သော ဓားရှည်တစ်လက်ရောက်လာသည်။


ရွှပ်...


ဖြာထွက်လာသောအလင်းတန်းများကပင် လူများကို ပိုင်းဖြတ်ပစ်နိုင်သည်ဟု ထင်ရသည်။ထိုဓားအလင်းက ထောင်တျဲဆီသို့ ကျရောက်သွားသည်။


"အဲ့ဒါက အလင်းယိမ်း သန့်စင်နယ်မြေရဲ့ အလင်းယိမ်းဓားစွမ်းအင်ပဲ..."


တစ်စုံတစ်ယောက်က အသက်ပြင်းပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။သို့သော်လည်း နောက်ထပ်ဖြစ်ပွားလာသော မြင်ကွင်းက သူတို့အားလုံးကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။


အကြီးအကျယ်ပျက်စီးမှုကို ဖြစ်ပွားစေနိုင်သော ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်နှင့် ရင်ဆိုင်လိုက်ရသည့် ထောင်တျဲက ၎င်း၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။ပါးစပ်အတွင်းမှတွင်းနက်ကြီးသဖွယ်ရေဝဲတစ်ခု ပေါ်လာပြီးနောက် ဓားစွမ်းအင်အလင်းများ အားလုံးကို ပျောက်ကွယ်သွားသည်အထိ စုပ်ယူလိုက်လေသည်။


"တွင်းနက်ကြီး ကောင်းကင်နွေဦးသူတော်စင်သားတော်ကို စုပ်ယူခဲ့တဲ့ တွင်းနက်ကြီး ..."


တစ်စုံတစ်ယောက်က သစ်ရွက်ကလေးကဲ့သို့ပင် တုန်တုန်ရီရီဖြင့် အော်ဟစ်လိုက်သည်။ချူချန်းရှန်နှင့် တခြားအကြီးအကဲများအားလုံး အံ့သြတွေဝေသွားကြသည်။


"ကောင်းကင်နွေဦးသူတော်စင်သားတော်က အစားခံလိုက်ရပြီလား...ဒီတွင်းနက်ကြီးထဲ ရောက်သွားတာလား...ဒီတော့ သူသေသွားပြီပေါ့..."


ထိုအချက်ကို သံသယဝင်စရာမလိုတော့ပေ။ထိုတွင်းနက်ကြီးထဲ ရောက်ရှိသွားသည့် မည့်သည့်သက်ရှိမဆို ချက်ချင်းပင် အရည်ပျော်သွားပေလိမ့်မည်။


၎င်းတွင်းနက်ကြီးက ထောင်တျဲ၏ အားအကောင်းဆုံးသော ဖြစ်တည်မှု တစ်ခုပင်ဖြစ်သည်။ထောင်တျဲ၏ ရုပ်ပုံက ပိုမိုထင်ရှားလာပြီး ကလေးမလေး ရှောင်ယကိုပင် ထပ်မမြင်နိုင်တော့ပေ။ချူချန်းရှန်နှင့် အခြားအကြီးအကဲများက ဒီအခြေအနေသည် ဘယ်လောက်အရေးကြီးမှန်းတွက်ချက်လိုက်ကြသည်။ထောင်တျဲ၏ဝိညာဉ်သာ အပြည့်အဝ နိုးထလာခဲ့ပါက ၎င်းကို သူတို့ လုံးဝချုပ်ကိုင်နိုင်တော့မည်မဟုတ်ပေ။


ထိုအချိန်ရောက်လာလျှင် နတ်ဘုရားစိတ်ဝိညာဉ် နယ်ပယ်မှ ပညာရှင်များက လုံးဝ အသုံးဝင်တော့မည် မဟုတ်ပေ။


ဝေါင်း...


ထောင်တျဲက ဟိန်းဟောက်လိုက်သည်နှင့် ဖိနှိပ်နိုင်စွမ်းသော အော်ရာများကလည်း စတင်ပြန့်နှံ့လာသည်။မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်စများက ထိုဖိအားကြောင့် ကွဲကြေသွား၏။


"အဖိုးကြီးတွေ ငါတို့ လှုပ်ရှားကြစို့ ဒီအရိုင်းအစိုင်းတိရစ္ဆာန် စည်းတံဆိပ်ကို လုံးဝ ဖောက်ဖျက်သွားနိုင်သည်အထိ မစောင့်သင့်တော့ဘူး..."


ချူချန်းရှန်က လေးနက်တည်ငြိမ်လှသော မျက်နာထားဖြင့် ပြောလိုက်သည်။ထို့နောက် သူ့၏ အဝတ်အစားက ဆုတ်ဖြဲသွားပြီး လေထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် နဂါးတစ်ကောင်ကဲ့သို့ လေထဲ ထိုးတက်သွားလေသည်။


သူ့၏ အရှိန်က အလင်းလှိုင်းများကဲ့သို့ မြန်ဆန်လှသည်။ရွှေရောင်အလင်းများထုတ်လွင့်နေသောပန်းကန်လုံးတစ်လုံးပေါ်လာပြီးနောက် ထောင်တျဲဆီသို့ ပျံသန်းသွားလေသည်။တခြားလူအိုကြီးများကလည်း တစ်ပြိုင်နက်တည်းလှုပ်ရှားလိုက်ကြသည်။


စက္ကန့်ပိုင်းအတွင်းမှာပင် အထင်ကြီးလောက်စရာ ခန့်ညားထည်ဝါလှသော အစစ်အမှန်စွမ်းအင်လှိုင်းများ မြင့်တက်လာပြီး သူတို့၏ ခေါင်းအထက်တွင် စိတ်ဝိညာဉ် လှေကားများပေါ်လာကြသည်။ထိုလူအိုကြီးများက နှိုင်းယှဉ်မရနိုင်အောင်ပင် စွမ်းအားကြီးမားသော လှေကားခြောက်ဆင့် ပညာရှင်များဖြစ်သည် 


ထို့အပြင် သူတို့အားလုံး၏ ခေါင်းအထက်တွင် တောင်ပလှသော ကြဟ်တစ်ပွင့်စီလည်းရှိနေသည်။ကြယ်ရောင်များက ပြိုးပြိုးပျက်ပျက်လက်နေ၏။ကြီးမားလှသော ပုဆိန်ကြီးတစ်ချောင်းက ကောင်းကင်ကိုပင် လှုပ်ခါသွားစေနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။


ထောင့်ဖြတ်အတိုင်း လွှဲချလာသော အသားသတ်ဓားမကြီးတစ်ချောင်းကလည်း ထက်မြေ့လှသော ဓားစွမ်းအင်များကို ထုတ်လွင့်နေသည်။သူတို့အားလုံးက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ ပညာရှင်များဖြစ်ကြသောကြောင့် တစ်ယောက်ချင်းစီတိုင်းက ကြောက်စရာကောင်းလှသည်။


သူတို့၏ အစားကြူးတောင်ကြားထဲသို့ အကြီးအကဲများအဖြစ် စေလွှတ်ခြင်းခံခဲရသူများဖြစ်သည်။အကယ်၍ သူတို့မှာသာ ထိုကဲ့သို့ စွမ်းအားများမပိုင်ဆိုင်ထားလျှင် ချူချန်းရှန်၏ လွှမ်းမိုးမှုအောက်တွင် နေရာတစ်ခု ရလာလိမ့််ည်မဟုတ်ပေ။ကျင့်ကြံသူ များစွာက တစ်ကြိမ်တည်းလှုပ်ရှားလိုက်သောကြောင့် အလင်းလှိုင်းများက ထောင်တျဲဆီသို့ ရိုက်ခတ်လာလေသည်။


ယခုအခါတွင် ထောင်တျဲ၏ ပုံရိပ်က သိသာထင်ရှားလာပြီဖြစ်သည်။သူ့၏ လက်သည်းချက်များဖြင့် ထိုးနှက်လိုက်တိုင်း မြေပြင်က သိမ့်သိမ့်တုန်ခါသွားသည်။သူ့၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် မြောက်များလှစွာသော စွမ်းအင်များ စုစည်းလာသည်။အရောင်စုံလင်လှသော စွမ်းအင်ဘောလုံးတစ်ခုအဖြစ် ပေါက်ကွဲပေါ်လာသည်။ထိုစွမ်းအင်လှိုင်းများက ချူချန်းရှန်နှင့် အဖွဲ့ဆီသို့ ဦးတည်သွားလေသည်။


ဘုန်း...ဘုန်း...ဘုန်း...


အဆက်မပြတ်ပေါက်ကွဲမှုများက ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ဖြစ်ပေါ်သွားစေသည်။ပွဲကြည့်ပရိတ်သတ်များစွာကလည်း တိုက်ပွဲအတွင်းမှနေ၍ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ထိုစွမ်းအားမြင့်သူများကြားမှ တိုက်ပွဲက သူတို့ တောင့်ခံနိုင်သော အရာမျိုးမဟုတ်ပေ။


ပုဖန်နှင့် နယ်သာရီတို့က ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေကြသည်။သင်္ဘောက ကာကွယ်ရေးစွမ်းအင်လှိုင်းများကို ထုတ်လွင့်ထား၏။


"ဂုဏ်ယူပါတယ်ပိုင်ရှင်...သင့်ရဲ့ ယာယီမစ်ရှင် ပြီးဆုံးသွားပါပြီ ယခုပြန်လိုပါသလား..."


ပုဖန် တိုက်ပွဲကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေစဉ်မှာပင် စနစ်၏ အသံထွက်ပေါ်လာသောကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။


"ပြန်ရမယ်...သူ့ရဲ့ မစ်ရှင်က ပြီးဆုံးသွားပြီလား ..."


သို့သော်လည်း တိုက်ပွဲက မပြီးဆုံးသေးပေ။သူ ရှောင်ယ ဘာဖြစ်မည်ကို သိချင်နေသေးသည်။ထို့ကြောင့် အလျင်စလို မပြန်လိုသေးသောကြောင့် စနစ်ကို ငြင်းပယ်လိုက်သည်။


စနစ်က မည်သည့်စကားမှ ထပ်မဆိုလာတော့ပေ။တိုက်ပွဲက အထွဋ်အထိပ်သို့ ရောက်ရှိလာလေသည်။တိုက်ပွဲအတွင်းမှ ကြောက်စရာကောင်းလှသော စွမ်းအင်များကလည်း အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်နေသည်။


ကံကောင်းထောက်မစွာဖြင့် အစားကြူးနတ်ဘုရားအဆောက်အဦး၏ အကာအကွယ်က အလွန်ပင် ခိုင်ခံ့လှလေသည်။ထိုသို့ မဟုတ်လျှင် မျက်စိတစ်မှိတ်အတွင်း အဆောက်အဦးကြီးတစ်ခုလုံးပျက်စီးသွားလောက်ပေပြီ။


တခြားအင်အားကြီးဂိုဏ်းများမှ ပညာရှင်များကလည်း ထိုတိုက်ပွဲကို အံ့သြတကြီးသာ ကြည့်နေကြသည်။မဟာဂိုဏ်းအရှင်သခင် လေမိုးကြိုးမျှော်စင်ဂိုဏ်းက အရှင်သခင် တို့ကလည်း တိတ်တဆိတ်သာ နေနေကြလေသည်။ထိုတိုက်ပွဲကသူတို့ ပါဝင်ပတ်သတ်နိုင်သော အရာမျိုးမဟုတ်ပေ။


ရွှမ် ...


ရုတ်တရက် လူတစ်ယောက်ကတိုက်ပွဲအလယ်မှ လွင့်ထွက်သွားသည်။သူ့၏ ခန္ဓာကိုယ်က မြေကြီးထဲ ထိုးစိုက်ကြသွား၏။ထိုသူ၏ ခန္ဓာကိုယ်၌ သွေးများ စိုနစ်နေပြီး သူ့၏ မျက်နာကလည်း ပြာနှမ်းနေလေသည်။သူ့၏ လက်နက်ကိုစစ်ဆေးကြည့်လိုက်သည့်အချိန်တွင် အပေါက်များနှင့် ပြည့်နေသည်ကိုပင် တွေ့လိုက်ရသည်။သို့သော်လည်း မည်သည့်အချိန်က ဖြစ်သွားမှန်းမသ်ိလိုက်ပေ။


ထောင်တျဲကဒေါသထွက်နေပေပြီ တိုက်ခိုက်နေသော ပညာရှင်များအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ချူချန်းရှန် တစ်ယောက်တည်းသာလျှင် သူ့၏ ပန်းကန်လုံးကို လွှဲယမ်းရင်းသတ္တ်ိရှိရှိဖြင့် တိုက်ခိုက်နေတုန်းဖြစ်သည်။


ထိုအချိန်၌ သားရဲကြီးက တကယ့်အစစ်အမှန်ဖြစ်လာလေပြီ။သူ့၏ ခြိမ်းခြောက်နိုင်စွမ်းသော အော်ရာများကလည်းပို၍ ပြင်းထန်လာသည်။ချူချန်းရှန် ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းများကို ရင်ဆိုင်လိုက်ရသည်။သူနောက်ထပိ မခုခံနိုင်တော့ဟု ထင်လိုက်မိသည်။


တခြားမသေမျိုးဝိညာဉ် အဆင့် ပညာရှင်များကလည်းထိုသားရဲကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။ထို့အပြင် ထိုသားရဲကြီးက အစားကြူးသော ကလေးမလေးမှနေ၍ ပြောင်းလဲသွားခြင်းဖြစ်၏။


ဘန်း ...


ချန်းချန်ရှန်၏ ရွှေရောင် ပန်းကန်လုံးထောင်တျဲ၏ လက်ချက်ဖြင့် လွင့်ထွက်သွားသည်။သူနံရံထဲ စိုက်ဝင်သွား၏။သူ့၏ ဆံပင်များက တဖျတ်ဖျတ် လွင့်ကျန်ခဲ့လေသည်။ထောင်တျဲက ပါးစပ်ကို ဖွင့်ဟ၍ စွမ်းအင်လှ်ိုင်းများကို ပစ်လွှတ်လိုက်သည်။လျင်မြန်လှသော စွမ်းအင်လှိုင်းများက ချူချန်းရှန်၏။ ခေါင်းဆီသို့ ဦးတည်နေလေသည်။


ထိုတိုက်ခိုက်မှု၏ စွမ်းအားက သူ့၏ နောက်တွင်ရှိနေသော သန်မာသည့် အကာအကွယ်ဖြင့် အစားကြူးအဆောက်အဦးပင် ကွဲအက်သွားစေနိုင်သည်။


ချူချန်းရှန် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလ်ိုက်ရသည်။သူ့မျက်ဝန်းမှ အလင်းများ ဖြာထွက်လာသည်။သူ့နဖူးပေါ်မှလည်း အလင်းလှိုင်းများ ရွေ့လျားလာပြီး သူ့၏ ခန္ဓာကိုယ်က ပြန့်ကားလာသည်။


ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့၏ မျက်ဝန်းမှ ဓားစွမ်းအင်များ ထွက်ပေါ်လာလေသည်။ထောင်တျဲ၏ လက်သည်းချက်က သူ့ကို ဖြတ်တောက်ပစ်တော့မည့်အချိန်မှာပင် သူသားရဲ၏ဝမ်းဗိုက်ကို ကန်လိုက်သည်။


ထိုတိုက်ခိုက်မှုကြောင့် ထောင်တျဲမှ ထွက်ပေါ်လာသော အလင်းတန်းများက ဦးတည်ချက် လွဲမှားသွားပြီးသူတို့နှင့် အနည်းငယ်ကွာဝေးသော စင်မြင့်ဆီသို့ ကျရောက်သွားသည်။ထိုနေရာ၌ ရှိနေသောကျင့်ကြံသူများက မရှောင်တိမ်းနိုင်လိုက်ကြပေ။သူတို့အားလုံး ပြာဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရလေသည်။


ဘန်း...


ထိုအချိန်အခိုက်အတန့်၌ ကျယ်လောင်လှသောအသံထွက်ပေါ်လာပြီး ထောင်တျဲ တုန်လှုပ်ခြောက်ခြားသွားသည်။ချူချန်းရှန်၏ ဓားချက်ဖြင့် သူ့၏ လက်မောင်းက ပျက်ထွက်သွားသည်။သို့သော်လည်း ထိုနေရာမှ နောက်ထပ် လက်အသစ်ထွက်ပေါ်လာလေသည်။


ချူချန်းရှန်၏ မျက်ဝန်းများက အလင်းများ ဖြာထွက်နေသည်။သူက အရှိန်အဝါ ထည်ဝါလှသောမီးဖိုချောင်သုံးဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။


ထိုမီးဖိုချောင်သုံးဓား၏ လက်ကိုင်က စက်ဝိုင်းခြမ်းပုံသဏ္ဍာန်ရှိသည်။လက်ကိုင်ရိုးပေါ်တွင် အစီအရင်ပုံသဏ္ဍာန်များကို ရေးဆွဲထားလေသည်။


ထိုမီးဖ်ိုချောင်သုံးဓားက ထောင်တျဲ၏ လက်ကို ဖြတ်တောက်ပစ်နိုင်သည်အထိ ထက်မြက်လှပေသည်။အစားပုပ်နတ်ဘုရားမြို့တော်၏ အပြင်ဘက် ဆည်းဆာရေကန်တွင် ရေများဆူပွက်လာ၏။ထို့နောက် ရေမျက်နာပြင်မှနေ၍ တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသောပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။


ရေပူဖောင်းများပြိုကွဲသွားပြီးနောက် သာမန်နှင့်မတူသောမိကျောင်းခေါင်းတိုကြီး ထွက်ပေါ်လာပေ၏။ဒီတစ်ကြိမ်၌ ၎င်း၏ မျက်ဝန်းများက အဖြူရောင်ဖြစ်နေ၏။တောက်ပလင်းလက်လှသောအဖြူရောင်အလင်းများက အစောပိုင်းက အနီရောင်မျက်ဝန်းများနှင့် လုံးဝ ကွာခြားနေပေပြီ။


ထိုမိကျောင်းခေါင်းတို၏ခေါင်းပေါ်တွင် သေးငယ်သော အဖြူရောင်သားရဲတစ်ကောင်ရှိနေသည်။၎င်းသားရဲက အဖြူရောင်အလင်းစက်များဖြင့် ဖွဲ့တည်ထားခြင်းဖြစ်ပြီး အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ပေ။


ထိုသားရဲလေးက မိကျောင်းခေါင်းတ်ိုကြီးကို ထိန်းချုပ်နေလေ၏။၎င်းက အစားပုပ်နတ်ဘုရားမြို့တော်ဘက်သို့ ကြည့်လိုက်ပြီးနောက် အတွင်း၌ ရေဝဲတစ်ခုရှိနေသောသူ့၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။


ထူးထူးခြားခြား အသံ လှိုင်းများထွက်ပေါ် လာသည်။သို့သော်လည်းဘိုးဘေမိကျောင်းခေါင်းတိုက ၎င်းကို နားလည်နေပုံရပြီးကမ်းစပ်သို့ ကူးခတ်သွားလေသည် ။


ခရက်ရှ်...


ချူချန်းရှန် စည်းချခဲ့သော အကာအကွယ်နှင့် တိုက်မိသွားသောအချိန်တွင် ထိုအဖြူရောင်သားရဲလေးဆီမှ အလင်းစွမ်းအင်များ ထွက်ပေါ်လာပြီး အကာအကွယ်စည်းက ကျိုးပဲ့သွားလေသည်။ဘိုးဘေးမိကျောင်းခေါင်းတိုက ဆက်လက်ကူးခတ်သွားလိုက်ရာခဏအတွင်းမှာပင် ကမ်းခြေသို့ ရောက်သွားလေသည်။