အပိုင်း ၆၈၈
Viewers 53k

အခန်း ၆၈၈

အဖြူရောင်ထောင်တျဲ VS အနက်ရောင်ထေင်တျဲ...


"ထောင်တျဲက အပြည့်အဝမသန်မာသေးတာတောင်မှ အရမ်းစွမ်းအားကြီးနေပြီ ဒဏ္ဍာရီလာ သားရဲဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်..."


အဝေးသို့ လွင့်ထွက်သွားသော အဖိုးကြီးတစ်ယောက်က ရုန်းကန်၍ ထရပ်လိုက်သည်။သူ့၏ ရင်ဘတ်မှ ထွက်နေသော သွေးများက မြေပြင်ပေါ်သို့ တတောက်တောက်စီးကျနေသည်။


သူခေါင်းမော့လိုက်ပြီး အဝေးသို့ စူးစူးရဲရဲ စ်ိုက်ကြည့်လိုက်သည်။ထိုနေရာတွင် ချူချန်းရှန်နှင့် ထောင်တျဲတို့ ကောင်းကင်ပင်တုန်ခါလောက်အောင် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေလေသည်။


ထူးခြားဆန်းကြယ်လှသော မီးဖိုချောင်သုံးဓားတစ်လက်ကို ကိုင်ဆောင်ကာ ဝှေ့ယမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။ထိုဓားစွမ်းအင်လှိုင်းများက ထောင်တျဲ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်သွားပြီး မြောက်များလှစွာသော ဒဏ်ရာဒဏ်ချက်များကို ချန်ထားခဲ့သည်။


ထို့အပြင် ထောင်တျဲ၏ ဝမ်းဗိုက်ပိုင်းက ပွင့်ဟသွားပြီး မူလစည်းတံဆိပ်တစ်ခုပေါ်လာလေသည်။ထိုနေရာမှ အနက်ရောင်ဖုံးလွှမ်းနေသော ကလေးမလေးက ပါးစပ်ဖွင့်၍ အော်ဟစ်လိုက်သည်နှင့် ထောင်တျဲ၏ ဒဏ်ရာက ချက်ချင်းဆိုသလိုပင် ပြန်လည် ကောင်းမွန်သွားသည်။


"ဒါပေမယ့် ပိုပြီးသန်မာလာတယ်ဆိုတာကောင်းတာပဲ မဟုတ်လား အဲ့ဒီအဓိပ္ပါယ်က... ဒီထောင်တျဲက တန်ဖိုးမြင့်မြင့် ရနိုင်လိမ့်မယ်..."


ထိုအဖိုးကြီးက နှုတ်ခမ်းတစ်ဖက်တွန့်၍ ရယ်မောလိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာလေရာ သူ လက်ဖဝါးဖြင့် ခံထားလိုက်သည်။ခဏအတွင်းမှာပင် သူ့လက်ခုပ်အတွင်း၌ သွေးများ ပြည့်သွားသည်။သူ သူ့၏ သွေးများဖြင့် ကြီးမားလှသော ပုံတစ်ခုကို ရေးဆွဲလိုက်သည်။


သူ ရုပ်ပုံ ရေးဆွဲပြီးသည့်နောက်၌ အဖိုးကြီး၏ လက်က တုန်ခါသွားပြီး ကျောက်စိမ်းပြားတစ်ခုထွက်ပေါ်လာသည်။သူ ထိုအဆောင်ပြားကို ချိုးလိုက်သည်နှင့် သိပ်သည်းလှသော စွမ်းအင်များထွက်ပေါ်လာသည်။သူရေးဆွဲထားသော ရုပ်ပုံက ထိုစွမ်းအင်များကို ဆုပ်ယူလိုက်လေသည်။


ဘုန်း...


ထိုအဖိုးကြီး၏ အဝတ်အစားများက ဆုတ်ပြဲသွားပြီး ခပ်နိမ့်နိမ့်ဟိန်းဟောက်သံမျိုး ထုတ်လွင့်လာလေသည်။သူ့၏ လက်မှလည်း လောင်ကျွမ်းနေသော ရွှေဝါရောင် တစ်ပိုင်းတစ်စပါသည့် မီးလျှံများတောက်လောင်လာလေသည်။


ထ်ိုအဖိုးကြီးက လေထုထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် အံ့အားသင့်လောက်စရာ အရှိန်နှုန်းဖြင့် ထောင်တျဲဆီသို့ တိုးဝင်သွားသည်။သူ့ဆီမှ သိပ်သည်းလှသော သတ်ဖြတ်ခြင်းအငွေ့အသက်များထွက်ပေါ်နေသည်။သူ့၏ ခေါင်းအထက်တွင် စိတ်ဝိညာဉ် လှေကားခြောက်ဆင့် ပေါ်လာသည်။ထိုအထပ်တွင်မှ တောက်ပလင်းလက်နေသောကြယ်တစ်လုံးရှိနေလေသည်။


လေထုက ချက်ချင်းပင် ပူပြင်းလာသည်။သူ့၏ လက်သီးကို ဝှေ့ယမ်းလိုက်သည်နှင့် သူရှေ့တွင် မီးပင်လယ်ကြီး ဖြစ်ပေါ်လာသည်။ချူချန်းရှန်က ထိုလူအိုကြီး၏ တိုက်ခိုက်မှုကို ခံစားလိုက်မိပြီးနောက် သူ့၏ နေရာမှ ရွှေ့ပြောင်းစွမ်းအားဖြင့် ရွှေ့ပြောင်းလိုက်သည်။


ထို့နောက် သူက အလှမ်းကွာဝေးသော နေရာတွင် ပြန်လည်ပေါ်လာပြီး ထိုအံ့အားသင့်စရာ မြင်ကွင်းကို ကြည့်နေလိုက်သည်။


"အာရုဏ်ဦး သန့်စင်နယ်မြေက လောင်ကျွမ်းနေမင်းလက်သီးလား..."


ချူချန်းရှန် တီးတိုးရေရွတ်လိုက်သည်။လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများတွင် ရှေးဦးကတည်းက လက်ဆင့်ကမ်းလာခဲ့ကြသော အမျိုးမျိုးသော သိုင်းပညာအမွေအနှစ်များရှိလေသည်။


သူတို့က တိုက်ပွဲနည်းစနစ်များကို အထူးပြုထားကြသည်။ဥပမာအားဖြင့် အာရုဏ်ဦးသန့်စင်နယ်မြေက အနီးကပ် တိုက်ခိုက်ရေး အမွေအနှစ်များကို အထူးပြုထားသည်။ လောင်ကျွမ်းနေမင်း လက်သီး ကောင်းကင်ခွဲခြား ကန်ချက် စသည်ဖြင့်....


ကောင်းကင်မြေပြင် သန့်စင်နယ်မြေက အဝေးတိုက်ခိုက်မှုများကို အသုံးပြုလေသည်။သူတို့က သန့်စင်နယ်မြေများထဲတွင် ထူးခြားသည့် တစ်ခုဟုလည်း ဆိုနိုင်ပေသည်။


လောင်ကျွမ်းနေမင်း လက်သီးဟုဆိုလိုက်လျှင် အထင်မသေးသင့်ပေ။အဘယ့်ကြောင့်ဆိုသော် နာမည်က ရှေးကျလှသော်လည်း သူ့၏ စွမ်းအားကမူ အလွန်လွှမ်းမိုးနိုင်စွမ်းရှိလေသည်။


ထ်ိုလက်သီးသိုင်းကို အသုံးပြုလိုက်သူ၏ လက်နှစ်ဖက်လုံးကနေမင်းကဲ့သို့ လောင်ကျွမ်းနေမည်ဖြစ်သည်။နေမင်း၏ စွမ်းအင်သတ္တိအတိုင်း ထိမိသမျှ အရာရာတိုင်းကို လောင်ကျွမ်းပြာချပေးပေလိမ့်မည်။


မြောက်များလှစွာသော လက်သီးရိပ်များက ရွှေရောင်အလင်းစက်ဝိုင်းသဖွယ် ထောင်တျဲဆီသို့ တိုးဝင်သွားလေသည်။အဖိုးကြီးက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အလင်းတန်းများက ကမ္ဘာ့မြေမျက်နာပြင်ပေါ်ကို ချိတ်ဆတ်မိသွားပြီး ခဏအတွင်းမှာပင် အာကာသကို ဖောက်ကွဲသွားသလို ဖြစ်ပေါ်သွားသည်။


အဘက်ဘက်သို့ လွင့်ပျံ့သွားသော စွမ်းအင်လှ်ိုင်းလုံးကြီးများက မျက်နာပြင်ကိုပင် မှောက်လန်လိုက်သလို ထင်ရသည်။ထို့အပြင် မီးတောက်များဖြတ်သန်းသွားသည့် နေရာအနှံ့က လောင်ကျွမ်းသွားသည့် ပုံပေါ်လေသည်။မြေပြင်၌မီးတောင်ကဲ့သို့ ကြီးမားလှသောတွင်းကြီးတခုဖြစ်ပေါ်လာသည်။


အဖိုးအိုက ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။သူ့၏ သွင်ပြင် အလွန်တရာ မောပန်းနွမ်းနယ်ပုံပေါ်လေသည်။သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီး မတ်တပ်ပြန်ရက်လိုက်သည်။သူ့၏ ပါးစပ်မှ သွေးများ စီးကျလာသည်။သို့သော်လည်း သူက အလွန်စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့် ပြုံးလိုက်သည်။


"ထောင်တျဲ ...ဒါပဲလား..."


ချူချန်းရှန်၏ မျက်နာက စိတ်တထင့်ထင့် ဖြစ်နေသည့် အမူအရာမျိုး ပေါ်လာသည်။


"ထောင်တျဲကို ဘယ်လိုလုပ် အဲ့ဒီလောက်လွယ်လွယ်လေး ရင်ဆိုင်လို့ ရသွားတာလဲ..."


မျှော်လင့်ထားသည့်အတိုင်းပင် နောက်ခဏအတွင်း၌ အားလုံး၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားလေသည်။အဖိုးအိုရပ်နေသော မြေပြင်နေရာက အက်ကွဲသွားသည်။မီးတွင်းဝထဲမှကြီးမားသော လက်တစ်ဖက် ထွက်ပေါ်လာပြီး အဖိုးအို၏။ခေါင်းကို ဆုပ်ကိုင်လိုက်သည်။အဖိုးအို၏ မျက်ဝန်းများက တုန်လှုပ်ခြောက်ခြားသွားသည်။


"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့ရဲ့ အင်အားအပြည့် လောင်ကျွမ်းနေမင်း လက်သီးချက်ကို ခံပြီးတော့ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ ..."


ဘုန်း...


မြေပြင်က လုံးဝ အက်ကွဲသွားပြီး ကြီးမားသော အနက်ရောင် ပုံရိပ်ကြီး တစ်ခုထွက်ပေါ်လာသည်။၎င်းက ရက်စက်ကြမ်းကြုတ်ဟန်အပြည့်ရှိသော ထောင်တျဲပင်ဖြစ်သည်။


ထောင်တျဲ၏ ခန္ဓာကိုယ်က လုံးဝ ဆိုးရွားနေလေသည်။သူ့၏ ခန္ဓာကိုယ်ပေါ်တွင် မြောက်များလှစွာသော ဒဏ်ရာဒဏ်ချက်များပြည့်နှက်နေသည်။မြေကြီးထဲမှ ထွက်လာသော ထောင်တျဲက သူ့၏ ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟလိုက်သည်။


ထိတ်လန့်အံ့သြသင့်စရာ အနက်ရောင်တွင်းနက်ကြီးကဲ့သို့ရေဝဲက စတင်လည်ပတ်လာပြီး အဖိုးကြီးကို စုပ်ယူလိုက်သည်။အဖိုးကြီး၏ ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းလှသော အော်သံကို ကြားလိုက်ရပြီးနောက် ထောင်တျဲ၏ ပါးစပ်အတွင်း စုပ်ယူချိုးချေခံလိုက်ရလေပြီ။


"သေသွားပြီ ...သူသေသွားပြီ ..."


မသေမျိုးစိတ်ဝိညာဉ် အဆင့် အဖိုးကြီးက အကိုက်ခံရပြီး သေဆုံးသွားလေပြီ။ထောင်တျဲ၏ အရွယ်အစား စတင်ကြီးမားလာသည်နှင့် ကြောက်မက်ဖွယ်ရာအော်ရာများကလည်း ပတ်ဝန်းကျင်တစ်ခွင်ကို ပြန့်နှံ့လာသည်။သူ့၏ ပါးစပ်က ကြီးမားပြန့်ကလာပြီး ကြောက်မက်ဖွယ်ရာ ဆုပ်ယူမှုအားကလည်း တိုးပွားလာ၏။


အနီရောင်မျက်ဝန်းတစ်စုံက ဖြတ်ခနဲ တောက်ပသွားပြီးနောက် ပါးလွှာသော လေထုထဲ ပျောက်ကွယ်သွားကာ ရုတ်တရက် ချူချန်းရှန်ရှေ့တွင် ပြန်ပေါ်လာသည်။


ချူချန်းရှန်က ကျယ်လောင်လှသော ဟစ်ကြွေးသံကို ထုတ်ဖော်လိုက်ပြီးနောက် သူ့၏ မျက်ဝန်းများက ရက်စက်ကြမ်းတမ်းသော သနားညှာတာမဲ့သော အရိပ်များထင်ဟပ်လာသည်။ထို့နောက် ထောင်တျဲနှင့် သေသေကြေကြေတိုက်ပွဲဝင်လေတော့သည်။


သို့သော်လည်း မကြာခင်တွင် ထောင်တျဲက ချူချန်းရှန်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။လေထုက ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်သွားပေသည်။ကြည့်ရှုနေကြသော လူတိုင်းက ပ်ိုမိုရက်စက်ကြမ်းကြုတ်လာသောထောင်တျဲ၏ ပုံစံကို ကြည့်၍ အေးစိမ့်လှသော ကြောက်ရွံ့မှုများ ကျောရိုးတစ်လျှောက် ဖြတ်စီးသွားလေသည်။


၎င်းက ဒဏ္ဍာရီလာကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် သားရဲကြီးဖြစ်သည်။မဟာအကြီးအကဲပင်လျှင် သူ့၏ ပြိုင်ဘက်မဟုတ်လေရာ မည်သူကများ သူကို နှိမ်နင်းနိုင်ပါတော့မည်နည်း။


ရုတ်တရက် အားလုံး၏ နှလုံးသားက တုန်ယင်သွားပြီးနောက် အစားကြူးနတ်ဘုရားမြို့တံတိုင်းရှ်ိရာဆီသ်ို့ လှမ်းကြည့်လိုက်ကြသည်။


ဝုန်း ဝုန်း...


ဧရာမ မိကျောင်းခေါင်းတို၏ ခန္ဓာကိုယ်က သူ့၏ ဗိုက်အောက်ရှ်ိ အရာရာအားလုံးကို ဖျက်စီးသွားပေပြီ။မြို့စောင့်တပ်များက ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် တုန်ယင်ဖြူဖျော့နေကြသည်။


"ဒီ ဒီ မွန်းစတားကြီးက ဘယ်လိုလုပ်ပြီး ပြန်ရောက်လာပြန်တာလဲ ...


"မဟာအကြီးအကဲက သူ့ကို စည်းခတ်ထားလိုက်ပြီမဟုတ်ဘူးလား..."


"မြန်မြန် မြန်မြန် သူ့ရဲ့ ခေါင်းပေါ်ကို ကြည့်လိုက် သောက်က်ျိုးနဲ ဘာကြီးတုန်း...အား..."


အစောင့်များ၏ နှလုံးသားက အဆက်မပြတ် တုန်ရီနေကြသည်။ဒီတစ်ကြိမ်၌ ဘိုးဘေးမိကျောင်းခေါင်းတိုက မြို့ပြင်တွင် မရပ်တန့်နိုင်တော့ပေ။ထိုအစားသူ့၏ ကြီးမားလှသော လက်များက မြို့တံတိုင်းဆီသို့ တိုးဝင်လာလေသည်။မြို့တစ်မြို့လုံး ပြင်းထန်စွာ တုန်ခါသွားလေသည်။မြို့တံတိုင်းရှိ အစောင့်များက ကြောက်ရွံ့လွန်းလှသောကြောင့် သူတို့၏ ဘောင်းဘီများပင် စိုစွတ်ကုန်ကြသည်။


မိကျောင်းကြီး၏ သံထည် ကဲ့သို့ မာကြောလှသော အမြီးက မြို့တံတိုင်းကို ဖြတ်ရိုက်လိုက်သည်။မြောက်များလှစွာသော အစောင့်တပ်သားများ ပေါက်ကွဲသွားကုန်ပြီး သွေးများက တိမ်များကိုပင် ပက်ဖြန်းလိုက်သလိုမျိုးဖြစ်သွားသည်။


ဝုန်း...


ဘိုးဘေး မိကျောင်းခေါင်းတိုက သွားစွယ်များဖြင့် ပြည့်နှက်နေသော ပါးစပ်ကို ဖွင့်ဟ၍ ဟိန်းဟောက်လိုက်သည်။သူ့၏ အဖြူရောင်မျက်ဝန်းထဲတွင် ထူးဆန်းလှသော အလင်းတစ်စ တောက်ပနေသည်။


သေးငယ်လှသော အဖြုရောင်သားရဲလေးက ဘိုးဘေးမိကျောင်း၏ ခေါင်းပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး ရှေ့တူရှုသို့သာ မမှ်ိတ်မသုဉ် စိုက်ကြည့်နေသည်။


ထိုအဖြူရောင်သားရဲလေးက ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် သေးငယ်လှသော အဖြူရောင်ရေဝဲတစ်ခု စတင်လည်ပတ်လာပြီး အလင်းလုံးတစ်ခု ဖြစ်တည်လာလေသည်။


ဝှစ်...


ထိုအလင်းလုံးက အံ့အားသင့်စရာအရှိန်နှုန်းဖြင့် မြို့တံတိုင်းကို ထိခတ်သွားသည်။မာကျော ခိုင်ခံ့လှသည်ဟု ထင်ရသော မြို့တံတိုင်းက ချက်ချင်းပင် ပြိုလဲသွားကြသည်။မြို့၏ ကာကွယ်ရေးအစီအရင်ပင် တောင့်မခံနိုင်ပဲ ကျိုးပဲ့သွားလေ၏။


ဘိုးဘေးမိကျောင်းခေါင်းတိုက မြို့တံတိုင်းကိုဖြတ်ကျော်၍ မြို့ထဲသို့ ဝင်ရောက်လာပေပြီ။


ဘန်း ဘန်း ...


ဘိုးဘေးမိကျောင်းခေါင်းတို၏ ကြီးမားလှသောခြေလက်လေးချောင်းလုံးက အရှိန်အဟုန်ဖြင့် ရွေ့လျားနေကာ အဖြူရောင်သားရဲလေး၏ ညွှန်ကြားမှုအတိုင်းအစားကြူးနတ်ဘုရားအဆောက်အဦးဆီသို့ ဦးတည်နေလေ၏။


အဆောက်အဦးထဲမှ ထွက်ပြေးလွတ်မြောက်လာကြသော ကျင့်ကြံသူအများအပြားက ထ်ိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။တောင်တစ်လုံးလောက် ကြီးမားလှသောမိကျောင်းခေါင်းတိုကြီးက သူတို့ရှ်ိရာဆီသို့ တွားသွားလာနေသောကြောင့်ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် တုန်ယင်သွားကြသည်။


"လခွမ်း ဒီနေရာမှာလည်း မွန်းစတား တစ်ကောင်ရှ်ိနေတယ်ဟ..."


အရှေ့၌ ဘိုးဘေးမိကျောင်းခေါင်းတို အနောက်၌ ထောင်တျဲ ထိုအခ်ျိန်၌ အားလုံး၏ နှလုံးသားထဲတွင် ဒီနေရာ၌ ချက်ချင်းလက်ငင်းပျောက်ကွယ်သွားချင်စိတ်များ ပြည့်နှက်နေလေသည်။


လူတစ်ချို့က မျက်လုံးကိုပင်မှိတ်၍ သေခြင်းတရားကို ကြိုလင့်နေပေပြီ။သို့သော်လည်း ခဏမျှအကြာ၌ ထိုမိကျောင်းခေါင်းတိုကြီးက သူတို့ကို အရေးမလုပ်ကြောင်း သတိပြုမိသွားကြသည်။ကံမကောင်းစွာဖြင့် သူ့၏ လက်ဖဝါးများကြားတွင် ဖိချေခံလိုက်ရသော လူတစ်ချို့မှလွဲ၍ တစ်ခြားသူများက လုံခြုံသည်ဟု ဆိုနိုင်ပေသည်။


ထိုလူစုက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ဘေးကင်းရာကို ရှာဖွေကြလေတော့သည်။မှန်ပေသည်။အစားကြူးနတ်ဘုရား အဆောက်အဦး၏ အပေါ်ဘက်တွင် ဝဲ၍ တိုက်ပွဲကို ကြည့်ရှုနေသူများစွာလည်းရှ်ိနေပေသေးသည်။မိကျောင်းခေါင်းတိုကြီးရုတ်တရက် ထွက်ပေါ်လာမှုက ထိုသူများကို လေအေးတစ်ချက်ရှူရှိုက်သွားစေသည်။


စွမ်းအားကြီးသူများ၏ စိတ်ထဲတွင်ပင် လေးလံမှုကို ခံစားကြရလေသည်။ဘိုးဘေးမိကျောင်းခေါင်းတိုဖြစ်စေ ထောင်တျဲဖြစ်စေ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ထိခိုက်မှုခံရသောနေရာတိုင်းက ပျက်စီးသွားပေသည်။


အစားကြူးတောင်ကြားက ရှေးဟောင်းဝိညာဉ်သားရဲနှစ်ကောင်ကြောင့် ဖျက်စီးခံရတော့မည်လား....


ဘိုးဘေးမိကျောင်းခေါင်းတို၏ လှုပ်ရှားမှုများက နှေးကွေးသွားပြီး အစားကြူးနတ်ဘုရားအဆောက်အဦးပေါ်သို့ တွယ်တက်သွားလေသည်။ကာကွယ်ရေးအစီအရင်များက စတင် တောက်ပလာပြီး အဆောက်အဦးကို ခက်ခက်ခဲခဲ ကာကွယ်ထားလေသည်။


အနက်ရောင်ထောင်တျဲက သူ့၏ ကြီးမားလှသောစွမ်းအင်ရေဝဲဖြင့် အရာရာတိုင်းကို စုပ်ယူဖျက်စီးနေပေသည်။အချိန်မီ မရှောင်နိုင်ခဲ့သော ကျင့်ကြံသူများက ထိုပါးစပ်ထဲ စုပ်ယူခံလိုက်ရကာအပိုင်းပိုင်းအစစ ချေမွ ခံလိုက်ရသည်။ချူချန်းရှန်က အပျက်အစီးများကြားထဲ၌ ပြန်လည်ထွက်ပေါ်လာသည်။


ဝုန်း...


အနက်ရောင်ထောင်တျဲ၏ လက်သည်းက အညှာတာမဲ့စွာ လွှဲယမ်းလိုက်ပြန်သည်။


ထိုမြင်ကွင်းကိုကြည့်နေကြသော နယ်သာရီနှင့် ပုဖန်တို့၏ မျက်နာများက တင်းကျပ်နေပြီး အနည်းငယ်သောကဖြစ်မှု ထင်ဟပ်စေသည်။ရုတ်တရက် သူတို့ နှစ်ယောက်မျက်မှောင်ကြုတ်လိုက်ကြပြီး ခပ်ဝေးဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။


ဧရာမမိကျောင်းခေါင်းတိုကြီးက အဆောက်အဦးပေါ် တွယ်တက်နေသည်ကို တွေ့လိုက်ရ၏။


"အဲ့ဒါက ဆည်းဆာရေကန်က ဧရာမမိကျောင်းကြီးမဟုတ်လား..."


ပုဖန်ပြောလိုက်သည်။ပုဖန်က ဧရာမမိကျောင်းကြီး၏ ခေါင်းပေါ်တွင် ရှိနေသော တစ်ကိုယ်လုံး ကျောက်စိမ်းကဲ့သို့ စွတ်စွတ်ဖြူနေသည့် သားရဲလေးကို တွေ့လိုက်သည်။ထိုသားရဲလေးက ချစ်ဖို့ကောင်းသည့်ပုံပေါ်သော်လည်း အနက်ရောင်ထောင်တျဲနှင့် တစ်စုံတစ်ရာဆင်တူနေသလိုမျိုးခံစားရသည်။


"သောက်ကျိုးနဲ အဲ့ဒါက ဘာတုန်း အဲ့ဒီ သားရဲလေးကို ကြည့်ရတာက လုံးဝရိုးရှင်းတဲ့ ပုံမပေါ်ဘူး..."


နယ်သာရီက ရိုးရှင်းတဲ့ အသံဖြင့် ပြောလိုက်သည်။ရုတ်တရက် သူတို့နှစ်ယောက်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။မိကျောင်းခေါင်းတိုပေါ်မှသားရဲလေးက ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ခဏအတွင်းမှာပင် ၎င်းက အနက်ရောင်ထောင်တျဲ၏ အရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည်။


ကြီးမားလှသော အနက်ရောင်ထောင်တျဲနှင့် ချစ်စရာကောင်းလှသော အဖြူရောင်ထောင်တျဲတို့က လေထဲတွင် တစ်ဦးနှင်တစ်ဦး စိုက်ကြည့်နေကြလေသည်။


မျက်လုံးကြီးတစ်စုံနှင့် မျက်လုံးသေးတစ်စုံ...


ခပ်ဝေးဝေးတွင်ရပ်နေသော ချူချန်းရှန်၏ ဆံနွယ်ဖြူများက လေအရှိန်ဖြင့် တဖျတ်ဖျတ် လွင့်ခါနေသည်။သူ့၏ မျက်ဝန်းထဲတွင်လည်း စိတ်ပျက်လက်ပျက်ဖြစ်ခြင်းများ ဖုံးမရနိုင်အောင် ထွက်ပေါ်နေသည်။ရုတ်တရက် ပုဖန်တို့ အားလုံး၏ နှလုံးသားများ ထိန်းမရနိုင်လောက်အောင် တုန်ခါသွားလေသည်။


အနက်ရောင်ထောင်တျဲရှေ့တွင်ရှိနေသော အဖြူရောင်ထောင်တျဲလေးက ရုတ်တရက် ပါးစပ်ဖွင့်ဟလိုက်သည်ကို သူတို့ သတိပြုမိလိုက်ကြသည်။အဖြူရောင်ထောင်တျဲ၏ ပါးစပ်ထဲတွင် အလင်းအစက်အပြောက်ငယ်လေးများ စတင်ဖွဲ့စည်းလာပြီးနောက် အလင်းလုံးတစ်လုံးဖြစ်တည်လာကာ အနက်ရောင်ထောင်တျဲဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။


ဘုန်း...


ကျယ်လောင်လှသော အသံနှင့်အတူ အနက်ရောင်ထောင်တျဲကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။လေထဲတွင်ရှိနေသော အဖြုရောင်ထောင်တျဲလေး၏ အရွယ်အစားက ရုတ်တရက် ကြီးထွားလာသည်။၎င်းက အနက်ရောင်ထောင်တျဲကြီးကို ရက်စက်ကြမ်းတမ်းစွာဖြင့် ကြည့်နေလေသည်။


ဟိန်းဟောက်သံတစ်ခုနှင့်အတူ အဖြုရောင်ထောင်တျဲက မြေပြင်ပေါ်သို့ ထိုးဆင်းသွားကာ အနက်ရောင်ထောင်တျဲကို ပြင်းထန်စွာ ကုတ်ခြစ်ပစ်လိုက်သည်။


ဖိနှိပ်ခံထားရသော အနက်ရောင်ထောင်တျဲ၏ ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ အလျင်အမြန် ထွက်ပေါ်လာလေသည်။ထိုအနက်ရောင်အငွေ့များက လေဟာနယ်ကို ဖြတ်သန်းကာ အဖြူရောင်ထောင်တျဲ၏ ပါးစပ်ထဲသို့ စီးဝင်သွားလေသည်။


အနက်ရောင်ထောင်တျဲ၏ အစစ်အမှန်ပုံရိပ်က တဖြေးဖြေးချင်း စတင်ကြည်လင်လာလေသည်။ကလေးမလေး၏ ပုံရိပ်ကိုပင် ပို၍ ထင်သာမြင်သာရှိလာသည်။လူများ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်သွားလေသည်။


"ဘာတွေ ဖြစ်နေတာလဲ ထောင်တျဲ တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာတယ် ပြီးတော့ အဖြူရောင်ထောင်တျဲက အနက်ရောင်ထောင်တျဲကို မျိုချချင်နေတယ်..."


ချူချန်းရှန်၏ မျက်နာက သိသိသာသာ ပြောင်းလဲသွားလေသည်။


"သေစမ်း...သူကို တားကြ သူက အနက်ရောင် ထောင်တျဲရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး စည်းတံဆိပ်ကို ချိုးဖျက်ဖို့လုပ်နေတာ တကယ်လို့ စည်းတံဆိပ်ကိုသာ ချိုးဖျက်နိုင်သွားရင်တော့ အစားကြူးတောင်ကြားတစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်..."


ချူချန်းရှန်၏ နဖူးပေါ်ရှိ အမှတ်အသားက စတင်တုန်ခါလာသည်။သူ ဓားကို ဆွဲကိုင်လိုက်ပြီး အဖြူရောင်ထောင်တျဲကို ခုတ်ချလိုက်သည်။


ဘန်း...


ထက်မြသန့်စင်လှသော ဓားစွမ်းအင်များက အဖြူရောင်ထောင်တျဲ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသွားပြီး ၎င်း၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။အနက်ရောင်ထောင်တျဲက ထိုအခွင့်အရေးကို အသုံးချလိုက်ပြီးနောက် မှုန်ဝါးဝါးအခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။


ကလေးမလေး၏ တစ်ကိုယ်လုံးက မဲမှောင်နေသည်။သူမ၏ မျက်ဝန်းများပင် လုံးဝ နက်မှောင်နေ၏။သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွင့်နေသော အနက်ရောင်အခိုးအငွေ့များက ထောင်တျဲ ပုံသဏ္ဍာန်မရှိတော့ပဲ ခပ်ဝါးဝါးအငွေ့များအဖြစ် သူမ ပတ်ပတ်လည်တွင်ရှိနေလေသည်။


ဝီ...


ကလေးမလေး၏ တွင်းနက်သဖွယ်မျက်ဝန်းများက ပတ်ဝန်းကျင်ကို ကြည့်ရှူလိုက်ပြီးနောက် ပုဖန်ပေါ်သို့ ကျရောက်လာသည်။


" အ အကိုကြီး ..."


ခပ်ဖျော့ဖျော့အသံလေးကို ကြားလိုက်ရသည်။နောက်ခဏ၌ ကလေးမလေး၏ ခန္ဓာကိုယ်က အထိန်းအချုပ်မဲ့စွာဖြင့် ကြမ်းတမ်းစွာ လှုပ်ရှားလာလေသည်။ထ်ို့နောက် သူမက ကြမ်းတမ်းလှသောဝံပုလွေ တစ်ကောင်ကဲ့သို့ ပုဖန်ရှိရာတိုးဝင်လာလေသည်။


ပုဖန်၏ ပိုးသားကဲ့သို့ ဆံနွယ်များက တဖျတ်ဖျတ်လှုပ်ခါသွားသည်။သူ မျက်ဝန်းများ စုကျုံ့လိုက်ပြီး လက်ကို မြောက်ကာ ကလေးမလေး၏ ခေါင်းကို စုပ်ကိုင်လိုက်သည်။ကလေးမလေး၏ စွမ်းအင်များကို ဖိနှိပ်လိုက်ရသောကြောင့် ပုဖန်၏ မျက်နာက ဆိုးဆိုးရွားရွား ပြောင်းလဲသွားလေသည်။


သူမ၏ ခန္ဓာကိုယ်မှ အဆုံးအစမဲ့ အနက်ရောင် စွမ်းအင်များကို ထုတ်လွင့်နေသည်။မြွေတစ်ကောင်ကဲ့သို့ စွမ်းအင်များက ပုဖန်၏ နီရောင်စားဖိုမှူးဝတ်စုံ တစ်လျှောက် ထိုးတက်လာပြီး သူ့၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။


ခပ်ဝေးဝေးတွင်ရှိနေသော အဖြူရောင်ထောင်တျဲက သူ့၏ ပါးစပ်ကို ပွင့်ဟလိုက်ပြီး ပုဖန်ကို မလွှဲတမ်းစိုက်ကြည့်လိုက်သည်။ချူချန်းရှန်နှင့် တခြားသူများက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကြပြီးနောက် သင်္ဘောပေါ်တွင်ရပ်နေသော ပုဖန်ကို စိုက်ကြည့်လိုက်ကြ၏။