အခန်း ၆၈၉
ပုဖန်၏စိတ်ဝိညာဉ်ပင်လယ်...
ပုဖန်က ကလေးမလေး၏ ခေါင်းကို ဆုပ်ကိုင်လိုက်သည်နှင့် သူမ၏ အရေပြားပေါ်တွင်ရှိနေသော အနက်ရောင်တက်တူးကဲ့သို့ အစင်းကြောင်းများက စတင် တွန့်လိမ်လာလေသည်။
၎င်း အနက်ရောင် တက်တူးများက အသက်ဝင်လာသလို ထင်ရပြီး ပိုးကောင်များကဲ့သို့ တွန့်လိမ်လှုပ်ရှားရုန်းကန်လာလေသည်။ကလေးမလေး၏ ခြေလက်များက ပြင်းထန်စွာ ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ကျယ်လောင်စွာ အော်ဟစ်နေလေသည်။
သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနက်ရောင်အခိုးအငွေ့များက မြွေတစ်ကောင်ကဲ့သို့ပင် ပုဖန်၏ လက်ပေါ်သို့ တွယ်တက်လာလေသည်။ကလေးမလေး၏ အသားအရည်က တဖြေးဖြေးချင်း ပြန်လည်ဖြူဖွေးလာသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။သူ့၏ ဝတ်ရုံမှ ငှက်မွှေးလေးများက တဖျတ်ဖျတ်လှုပ်ခါနေသည်။သူ့၏ ဝတ်ရုံက တောက်ပသော အလင်းရောင်များကို ထုတ်လွင့်လာပြီး အနီရောင်အလင်းများက သူ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာကာ အနက်ရောင်အခိုးအငွေ့များကို ဖိနှိပ်လိုက်လေသည်။
ထိုအနက်ရောင်အခိုးအငွေ့များ၏ ပူနွေးမှုက မြင့်တက်လာပြီးနောက် သူ့လက်မောင်းက လောင်ကျွမ်းလာသလို ပုဖန်ခံစားလိုက်ရသည်။သူအင်္ကျီလက်ကို မကြည့်လိုက်လေရာ သူ့၏ လက်အသားအရည်က ရှောင်ယကဲ့သို့ အနက်ရောင်အဖြစ် ပြောင်းလဲနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"လခွမ်း...အဲ့ဒါဘာတုန်း...."
ပုဖန်အော်လိုက်သည်။သူ့၏ မျက်နာကလည်း ချက်ချင်းပင်အေးစက်သွားလေသည်။စားဖိုမှူးတစ်ယောက်၏ လက်များက ဘယ်တော့မှ အပြစ်အနာဆာ မရှိသင့်ပေ။ထိုအနက်ရောင် အခိုးအငွေ့များက ပုဖန်ကို လုံးလုံး ရှားရှားဒေါသထွက်သွားစေသည်။သူ့၏ ဘေးနားတွင် ရပ်နေသော နယ်သာရီက အနက်ရောင်စွမ်းအင်များကို ထုတ်လွင့်လိုက်သည်။
သူမ၏ မျက်နာပေါ်တွင် အစိမ်းရောင်အခိုးအငွေ့များ ပေါ်လာပြီးနောက် အနက်ရောင် စွမ်းအင်များက ပုဖန်၏ မျက်ဝန်းထဲသို့ စိမ့်ဝင်သွားသည်။
"အဲ့ဒါက သားရဲ ဝိညာဉ်ပဲ ...အဲ့ဒီအရာက နောက်ထပ် ပိုင်ရှင်ကိုလိုက်ရှာနေတာ ကံမကောင်းစွာနဲ့ပဲ သူက နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ နေဖို့ ရွေးချယ်လိုက်ပြီ..."
နယ်သာရီက လေးနက်တည်ကြည်သော အမူအရာဖြင့်ပြောလိုက်သည်။သားရဲ ဝိညာဉ်က သန်မာလှသည်။ပုဖန်သာ အနည်းငယ်သတိမဲ့လိုက်သည်နှင့် သူက ရက်စက်ကြမ်းကြုတ်သော သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားပေလ်ိမ့်မည်။
ပုဖန် နယ်သာရီ၏ စကားများကို လျစ်လျူရှူထားပြီး အနက်ရောင်ပြောင်းလာသည့် သူ့လက်ကိုသာ စိုက်ကြည့်နေမိသည်။ရှောင်ယ၏ ခန္ဓာကိုယ်တွင်ရှိနေသော အနက်ရောင်အခိုးအငွေ့များက ပုဖန်ဆီသို့ လုံးဝ ပြောင်းလဲသွားလေသည်။အဝေးတွင်ရှိနေသော အဖြူရောင်ထောင်တျဲကလည်း ပုဖန်ကိုသာ စိုက်ကြည့်နေခဲ့၏။
ချူချန်းရှန်နှင့် တခြားသူများကလည်း ပုဖန်ကို လှမ်းကြည့်လာကြသည်။
"သူတို့က ငရဲကမ္ဘာကလား ..."
အစွမ်းထက်သော ကျင့်ကြံသူများစွာက ပုဖန်ဘေးမှ နယ်သာရီ၏ စွမ်းအားများကို မြင်လိုက်ကြပြီးနောက် မျက်မှောင်ကြုတ်လိုက်ကြသည်။လူအုပ်ထဲတွင်ရှိနေသော မဟာသခင်အချို့က အေးစက်လှသော အသံဖြင့် ဆိုလာလေသည်။
"ငရဲကမ္ဘာသက်ရှိက ငါတ်ို့ရဲ့ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးနယ်မြေကို လာရဲတယ် သူတို့က တကယ်ပဲ သူတို့ရဲ့ ဘဝကို မလိုချင်ကြတော့ဘူးပဲ..."
ထိုစကားကို ကြားလိုက်သည်နှင့် နယ်သာရီ ခေါင်းမော့ကြည့်လိုက်သည်။သူမ၏ မျက်ဝန်းများက လုံးဝ အနက်ရောင်ပြောင်းလဲသွားလေသည်။သူမမျက်နာပေါ်ရှိ အကြောများပင် ထောင်ထလာ၏။
"ပိတ်ထားစမ်း..."
နယ်သာရီ အေးစက်စွာအော်လိုက်သည်။သူမ၏ အနက်ရောင်ဆံနွယ်များက ဖြာခနဲ လွင့််ထွက်သွားပြီး သူမ ပတ်ပတ်လည်ကို နက်မှောင်သွားစေသည်။
အဖြူရောင်ထောင်တျဲကလည်း စတင်လှုပ်ရှားလာသည်။သူ့၏ ပါးစပ်ကို ထပ်မံ ဖွင့်ဟလိုက်ပြီးနောက် အဖြူရောင် ရေဝဲလေးကို ထုတ်ဖော်လိုက်သည်။၎င်းက စတင်လည်ပတ်လာပြီး သက်ရှိအရာအားလုံးကို ဆွဲယူဝါးမျိုလာလေသည်။
အဖြူရောင် ထောင်တျဲက သူ့၏ လက်ကိုမြောက်၍ လေဟာနယ်ကို ပုတ်လိုက်သည်နှင့် ဆူနာမီ လှိုင်းလုံးကဲ့သို့ လှိုင်းများ မြင့်တက်လာလေသည်။
ထို့နောက် အဖြူရောင်ထောင်တျဲက ပုဖန်ဆီသို့ ဦးတည်တိုးဝင်လာလေသည်။သူ့၏ ရွေ့လျားနှုန်းက အလင်းတမျှ မြန်ဆန်လာသည်။နယ်သာရီ ခန္ဓာကိုယ်ကို ဆန့်ဆန့်ရပ်လိုက်သည်။ခွေးမွှေးလေးများက သူ့၏ လက်ကောက်ဝတ်တွင် လှည့်ပတ်နေပြီး သိပ်သည်းလှသော ငရဲကမ္ဘာစွမ်းအင်များကို ထုတ်လွင့်နေလေ၏။သူမ၏ ရှေ့တွင် စွမ်းအင်များစုစည်းလာပြီး အစီအရင် ပုံသဏ္ဍာန်တစ်ခု ပေါ်လာလေသည်။
ဝီ...
ကျယ်လောင်လှသော အသံကနေရာတစ်ခုလုံးကို ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။အဖြူရောင်ထောင်တျဲက မမြင်နိုင်သော စွမ်းအားများရဲ့ ဖိနှိပ်မှုကို ခံလိုက်ရပြီး အနောက်သို့ လွင့်ထွက်သွားသည်။
သူ ထောင်တျဲက လေထဲတွင် အကြိမ်အနည်းငယ်မျှ လိမ့်ထွက်သွားပြီးနောက် အဖြူရောင် အလင်းစက်လေးများက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လွင့်မျောသွားသည်။ခဏမျှအကြာမှ သူ့၏ ခန္ဓာကိုယ်က ပြန်လည်တည်ငြိမ်လာသည်။
၎င်းက ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟလိုက်ပြန်သည်။သူ့၏ မျက်ဝန်းများကလည်း ပို၍ တောက်ပြောင်လင်းလက်လာသည်။
"အဲ့ဒါက ငရဲကမ္ဘာထဲမှာ စွမ်းအားကြီးတဲ့ သက်ရှိပဲ...",
ချူချန်းရှန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး နယ်သာရီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ကျင့်ကြံသူအကြီးအကဲများကလည်း အခိုက်အတန့်မျှ အံ့အားသင့်သွားပြီး သူတို့၏ မျက်နာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသားထင်ဟပ်လာသည်။
"ငရဲကမ္ဘာက အရေးပါတဲ့ ဖြစ်တည်မှုမျိုးလား ငါတ်ို့သာ အဲ့ဒီ သာလွန်ကောင်းမွန်တဲ့ ငရဲကမ္ဘာသက်ရှိကို ဖမ်းနိုင်မယ်ဆိုရင်...ဒါက အထူးဂုဏ်ဆောင်မှု တစ်ခုလို့ တွေးလို့ရတယ်ဟုတ်တယ်မဟုတ်လား...တိုက်ခိုက်ကြ..."
မဟာအကြီးအကဲ တစ်ချို့က အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူတို့၏ ခေါင်းထက်၌ စိတ်ဝ်ိညာဉ်လှေကားများပေါ်လာသည်။မြောက်များလှစွာသော အဆင့် ၆ စိတ်ဝ်ိညာဉ် လှေကားများ ပေါ်လာပြီး ညကောင်းကင်ယံတွင် တောက်ပနေသော ကြယ်များ ကဲ့သို့ ပတ်ဝန်းကျင်ကို ထွန်းလင်းလာစေသည်။
ဝှစ်...
ထိုအကြီးအကဲများက ခြေလှမ်းကျယ်ကျယ်လှမ်းလိုက်ပြီး နယ်သာရီ မနီးမဝေးတွင် ပြန်ပေါ်လာကာ သူတို့၏ နည်းလမ်းများဖြင့် သတ်ဖြတ်ရန် ကြိုးစားကြလေသည်။
နယ်သာရီက ထိုလူအိုကြီးများကို အေးစက်စွာဖြင့် ဖြတ်ခနဲ ကြည့်လိုက်သည်။သူမ၏ ဝတ်စုံက လေတ်ိုက်ခိုက်မှုမရှိပါပဲ တဖျတ်ဖျတ်လွင့်ခါလာသည်။သူမ၏ လက်ကောက်ဝတ်တွင်ရှိနေသော ခွေးမွှေးလေးများက သိပ်သည်းလှသော စွမ်းအင်များကို ထုတ်လွင့်ပေးနေသည်။ထို့အပြင် ထိုခွေးမွှေးများက ရုတ်တရက် တောက်လောင်လာပြီး ၎င်း၏ အပေါ်တွင် လှပလှသော အပြာရောင်မီးတောက်များကခုန်နေလေသည်။နယ်သာရီ၏ ခြေထောက်အောက်တွင်ရှိနေသော သိပ်သည်းလှသော စွမ်းအင်များနှင့် အပြာဖျော့ဖျော့ အခင်းအကျင်းတစ်ခုက အရှိန်အဟုန်ဖြင့် လည်ပတ်လာလေသည်။
ငရဲစွမ်းအင် ...
နယ်သာရီ၏ နှုတ်ခမ်းပါးလေးများက မှင်နက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။သူမ လက်နှစ်ဖက်ကို မြောက်လိုက်သည်။သူမ၏ လက်မှနေ၍ မမြင်နိုင်သော စွမ်းအားတစ်ခုက အလင်းတန်းသဖွယ်ထွက်ပေါ်လာလေသည်။
နယ်သာရီဆီသို့ အလျင်စလို ချဉ်းကပ်သွားသော လူအိုကြီးတစ်ချို့က သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရပြီး နေရာမှာတင် တောင့်ခဲသွားလေသည်။
ထိုပုံသဏ္ဍာန်မဲ့လှသော စွမ်းအင်များက သူတို့၏ နှလုံးသားကို ဆုပ်ကိုင်ညှစ်လိုက်သလိုမျိုး ကြောက်ရွံ့မှုများ ထိန်းမနိုင်သိမ်းမရ တိုးပွားလာလေသည်။
ဝုန်း...
ထိုစွမ်းအင်များ၏ ဖိအားကြောင့် အကြီးအကဲတစ်ချို့က အမြောက်ဆန်တစ်ခုကဲ့သို့ လေထဲတွင် ပျံသန်းသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
အစားကြူးနတ်ဘုရားအဆောက်အဦး၏ အစီအရင်များက တုန်ခါသွားပြီးနောက် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သောနှုန်းများဖြင့် တုန်ခါမှုက မြင့်တက်လာသည်။
ဘန်း...ဘုန်း...
ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားဒဏ်ကြောင့် အကြီးအကဲတစ်ချို့ သွေးတစ်လုတ်အန်လိုက်ရသည်။သူတို့၏ ခန္ဓာကိုယ်များကလည်း အဆောက်အဦး နံရံဆီသို့ ပြင်းထန်စွာ တွန်းခံလိုက်ရသည်။အကြီးအကဲတစ်ယောက်၏ မျက်ဝန်းများက လင်းကွင်းကဲ့သို့ ပြူးကျယ်လာလေသည်။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ...ငရဲကမ္ဘာသက်ရှိတစ်ယောက်က ထူးခြားနက်နဲတဲ့ သာလွန်စွမ်းအားကို သုံးပြီး တိုက်ခိုက်နိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ခွေးမွှေးလေးက ပြာအဖြစ်ပြောင်းလဲသွားသည်။နယ်သာရီ၏ ခန္ဓာကိုယ်ကလည်း အားနည်းလာလေသည်။သူမ၏ ခြေထောက်အောက်မှ အစီအရင်ကလည်း လေထုထဲ လွင့်ပါးပျောက်ကွယ်သွားလေသည်။
နယ်သာရီ၏ ဖြူဖွေးနုအက်လှသော ခြေဖဝါးလေးက သင်္ဘောကြမ်းပြင်ကို ထိခတ်လာသည်။သစ်သား၏ အေးစိမ့်သော ခံစားမှုက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားလေသည်။
သူ့၌ ခွေးမွှေးနှစ်ခုသာရှိတော့သည်။နယ်သာရီ ပုဖန်ကို လှည့်ကြည့်လိုက်ရာ စိတ်မသက်မသာဖြင့် မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။ပုဖန်က အနက်ရောင်မှင်များစွန်းထင်သကဲ့သို့ ဖြစ်နေသော သူ့၏ လက်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
ဝေါင်း...
နယ်သာရီ အားနည်းနေသည်ကို အခွင့်အကောင်းယူ၍ အဖြူရောင်ထောင်တျဲက သူ့၏ ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟလာလေသည်။ချူချန်းရှန်က သူ့နေရာမှ ပျောက်ကွယ်သွားပြီး နယ်သာရီ၏ ရှေ့တွင် ပြန်လည်ပေါ်ထွက်လာလေသည်။သူက စွမ်းအားပြင်းလှသော ဓားချက်ဖြင့် အဖြူရောင်ထောင်တျဲကို ဖိအားပေး၍ တွန်းထုတ်လိုက်လေသည်။
အဖြူရောင်ထောင်တျဲက အနောက်သို့ လွင့်ထွက်သွားသောကြောင့် သူ့၏ မျက်ဝန်းထဲတွင် ဒေါသများပြည့်နှက်လာသည်။သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
အဆောက်အဦးပေါ်ရှိ ဘိုးဘေးမိကျောင်းကြီးက အထဲသို့ လျင်မြန်စွာ ပြေးဝင်လာလေသည်။
"အရိုင်းအစိုင်းတိရစ္ဆာန် ထွက်သွားစမ်း..."
ချူချန်းရှန်က မိကျောင်းခေါင်းတိုကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲ၌ ရွှေရောင်ပန်းကန်လုံး ပေါ်လာလေသည်။သူ ရွှေရောင်ပန်းကန်လုံးကို မိကျောင်းခေါင်းတ်ိုပေါ်သို့ အားကုန် လွှဲပစ်လိုက်လေသည်။ရွှေရောင်ပန်းကန်လုံးက လေထဲတွင် မျောလွင့်သွားရင်းဖြင့် တဖြေးဖြေး ကြီးမားပြန့်ကားလာသည်။
ထိုပန်းကန်လုံးကြီးက မိကျောင်း၏။ ခေါင်းကို ဒေါင်ခနဲ မြည်အောင် ခေါက်ပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ပြိုလဲကျသွားသော မိကျောင်းကြီးက သူ့၏ ခြေလက်များကို ခါကာ ပြန်လည်ရပ်တည်လိုက်သည်။
သူ့၏ မေးရိုးများကို ကျယ်ကျယ်ဟကာ ချူချန်းရှန်ဆီ တိုးဝင်သွားလေသည်။ယခုအချိန်၌ ချူချန်းရှန်က ထိုအကြောမာလှသော မိကျောင်းကို ဘယ်လို ကိုင်တွယ်ရမည်မသိတော့ပေ။
အဖြူရောင်ထောင်တျဲ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတစ်ချက်လက်သွားပြီးနောက် ပုဖန်ဆီသို့ အညှာတာမဲ့လှသော ထိုးနှက်ချက်တစ်ခု ထုတ်လွင့်လိုက်သည်။
နယ်သာရီ သက်ပြင်းအသာချလိုက်သည်။သူမလက်ထဲတွင် ခွေးမွှေးကို ဆုပ်ကိုင်ထားလေသည်။
....
"စနစ်ဒီ သောက်ကျိုးနဲဟာကို ဖယ်ထုတ်ပစ်ဖို့ ဘယ်လို အကြံဉာဏ်မျိုးများရှိလဲ..."
ပုဖန်က လေးနက်လှသော အသံဖြင့် မေးလိုက်သည်။
"အမည်မသိ စွမ်းအင်တွေက ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်နေပါတယ် အဲ့ဒါတွေကို စိတ်ဝိညာဉ်ပင်လယ်ထဲကို လွှဲလိုက်မလား ..."
စနစ်၏ အသံကလည်း အရေးတကြီး ကိစ္စတစ်ခုပြောဆိုနေသလို လေးနက်နေပေ၏။ပုဖန် မျက်ခုံးပင့်လိုက်မိသည်။
စိတ်ဝ်ိညာဉ်ပင်လယ်...
"စိတ်ဝ်ိညာဉ် ပင်လယ်ဆိုတာကကောဘာလဲ .."
ပုဖန် သိချင်စိတ်ဖြင့် မေးလိုက်သည်။စနစ်က တိတ်ဆိတ်သွားလေသည်။အဖြေပြန်မရတော့ဘူးဟု ထင်လိုက်သည့်အချိန်မှာပင် သူက ပြန်လည် စကားဆိုလာ၏။
"စိတ်ဝ်ိညာဉ် ပင်လယ်ဆ်ိုတာက ပိုင်ရှင်ရဲ့ စိတ်စွမ်းအင်တွေ သိမ်းဆည်းထားတဲ့ နေရာပါ...၎င်းအထဲမှာ တည်ရှိနေတဲ့ စိတ်စွမ်းအင်အမျိုးမျိုးက ပိုင်ရှင်ရဲ့ စိတ်စွမ်းအင်နဲ့ ဆက်သွယ်နေပါတယ်...",
ပုဖန် နောက်တစ်ကြိမ်ကြောင်အသွားပြန်သည်။ဒါဘယ်လို အရာမျိုးလဲ တကယ်တမ်းပြောရမည်ဆိုလျှင် သူ့စိတ်စွမ်းအင်များ၏ မူလအခြေခံကိုပင် သူမသိပေ။
"အဲ့ဒီကို လမ်းညွှန်ပါ ..."
ပုဖန် ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။အကယ်၍ ညွှန်ကြားမှုသာ မလုပ်လျှင် ကြောက်စရာကောင်းလှသော အနက်ရောင်အခိုးအငွေ့များက သူ့၏ လက်မောင်းကို ပေါက်ကွဲသွားစေလိမ့်မည်။
ပုဖန် ညွှန်ကြားလိုက်ပြီးချင်းမှာပင် သူ့၏ စိတ်အာရုံ တစ်ခုလုံးက ထူးခြားအံ့သြဖွယ်ကောင်းသော အာကာသနယ်မြေတစ်ခုသို့ ရောက်သွားသလို ခံစားလိုက်ရသည်။သူ့လက်ရှိ အနက်ရောင်အခိုးအငွေ့များကလည်း ပြင်းထန်စွာ တွန်းကန်ပုန်ကန်စ ပြုလာသည်။
ခဏအကြာတွင် ဝေဝါးသွားသော သူ့အာရုံများ ပြန်လည်ကောင်းမွန်လာပြီးနောက် သူက မီးခိုးရောင်နေရောအလွတ်ထဲရှိ လေထဲတွင် မျောလွင့်နေကြောင်း သိလိုက်ရသည်။
"ဒီတော့ ဒါက စိတ်ဝ်ိညာဉ် ပင်လယ်ဆ်ိုတာလား...အာ..."
ပုဖန် ငေးကြောင်ကြောင်ဖြစ်သွားမိသည်။
"ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်စုတ်ပျက်နေရတာလဲ..."
"ပိုင်ရှင်ရဲ့ စိတ်ဝိညာဉ်ပင်လယ်က အခုလေးတင်မှ ဖြစ်တည်လာတာပါ ...စုတ်ပျက်နေတဲ့ အခြေအနေက ပုံမှန်ပါပဲ...သဘာဝအတိုင်းပါပဲ အခုအမည်မသိတဲ့ စွမ်းအင်တွေကို ထိန်းချုပ်ညွှန်ကြားပါ..."
စနစ်၏ တည်ငြိမ်လှသော အသံကို ကြားလိုက်ရပြီးနောက် ပုဖန် သူ့ရှေ့တွင် မျောလွင့်နေသော အနက်ရောင်အခိုးအငွေ့များကို သတိပြုမိလိုက်သည်။ထိုအခိုးအငွေ့များက ရံဖန်ရံခါတွင် ထောင်တျဲ ပုံစံအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုထောင်တျဲက ပုဖန်ကို ချက်ချင်းသတိထားမိသွားပုံရလေသည်။၎င်း၏ သွေးနီရောင်မျက်ဝန်းများက တောက်ပြောင်လာပြီး ပါးစပ်ကို ဖွင့်ဟကာ ပုဖန်ဆီသို့ တိုးဝင်လာလေသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ အတွေးတစ်ချက်နှင့်ပင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။
ဟမ်...
သူအနည်းငယ် အံ့အားသင့်သွား၏။
"ဘယ်လိုဖြစ်လို့ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ရောက်လာတာလဲ..."
အတွေးနဲ့ဆင့်ခေါ်ခြင်းက အလုပ်ဖြစ်လိုက်မည်ဟု မမျှော်လင့်ထားမိပေ။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ထွက်ပေါ်လာသည်နှင့် သူ့၏ လက်ထဲမှ ဓားအလင်းများက ကခုန်လာလေသည်။ထို့နောက်ထောင်တျဲဆီသို့ လွှဲချလိုက်၏။ကျယ်လောင်သည့် အသံကို ကြားလိုက်ရသည်။
ဓားချက်တစ်ချက်တည်းဖြင့် ထောင်တျဲက အနိုင်ယူခံလိုက်ရသည်။အနက်ရောင်အခိုးအငွေ့များက လွင့်ပျံသွားပြီးနောက် ခပ်ဝေးဝေးနေရာတွင် ထောင်တျဲ ပုံသဏ္ဍာန်ပြန်လည်ဖြစ်တည်လာသည်။
အသစ်ဖြစ်တည်လာသော ထောင်တျဲက ပုဖန်ကို ထူးဆန်းလှသော အကြည့်ဖြင့် ကြည့်နေလေ၏။
"အာ...အရမ်းအစွမ်းထက်နေတာပဲ သူ့ရဲ့ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက တကယ်တမ်း အဲ့ဒီလောက် အစွမ်းထက်တာလား..."
ဒါက စိတ်ဝိညာဉ်ပင်လယ်ထဲတွင်ရှိနေလို့ ဖြစ်နိုင်ပေသည်။ရုတ်တရက် ပုဖန် နဂါးဟိန်းဟောက်သံကို ကြားလိုက်ရသည်။သို့သော်လည်း ထိုအသံက သူ့၏ မီးဖိုချောင်သုံးဓားမှ လာခြင်းမဟုတ်ပဲ သူ့အနောက်မှ လာခြင်းဖြစ်သည်။
ပုဖန် နောက်လှည်ကြည့်လိုက်ရာ မီးခိုးရောင် အာကာသထဲမှ ကြီးမားလှသော ရွှေရောင်ပုံရိပ်တစ်ခု တဖြေးဖြေးထွက်လာသည်ကို တွေ့လိုက်ရသည်။၎င်းက နဂါးတစ်ကောင်ဖြစ်သည်။အံ့အားသင့်စရာကောင်းလှသော ထူးခြားဆန်းကြယ်လှသော ရွှေရောင်နဂါးတစ်ကောင်ဖြစ်သည်။
နဂါး၏ ဉာဏ်ပညာပြည့်ဝလှသော မျက်ဝန်းများက ပုဖန်ကို တစ်ချက်စောင်းကြည့်လိုက်သည်။ထို့နောက် အနက်ရောင်တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော ထောင်တျဲဆီသို့ ရောက်သွား၏။
"လက်ရှိသခင်က အရမ်းအားနည်းလွန်းတယ် ဒီနေရာမှာတောင် ဒီလို အဓိပ္ပါယ်မရှိတဲ့ ကိစ္စမျိုးကို အဆင်ခြင်မဲ့ လုပ်ရဲနေတယ်..."
ရွှေရောင်နဂါးက အဖိုးအိုတစ်ယောက်၏ အက်ရှရှအသံမျိုးဖြင့် စကားပြောလာသည်။ပုဖန် အံ့အားသင့်သွားသည်။သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကလည်း ကောင်းကင်ယံဆီသို့ မြောက်တက်သွားပြီး တောက်ပလှသော အလင်းတန်းများ ဖြာကျလာသည်။
သူ့၏ တခြားလက်တစ်ဖက်စီမှလည်း အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက် ကြယ်အစုအဝေးကဲ့သို့ ပြိုးပြိုးပျက်ပျက်လက်နေသည့် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာသည်။
မီးခိုးရောင် အာကာသလွင်ပြင်ထဲမှာပင် နက်ရှိုင်းလှသော တုန်ခါသံများထွက်ပေါ်လာပြီးနောက် တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည့် ဧရာမပုံရိပ်ကြီးတစ်ခု တဖြေးဖြေးချင်းထွက်ပေါ်လာပြန်သည်။ပုဖန်၏ နှုတ်ခမ်းများ တွန့်လိမ်ရှုံ့မဲ့သွားသည် ။
"ဒါက မဟူရာလိပ်ခုံးဒယ်အိုးပဲ..."
"သခင်က ငယ်သေးတယ်လေ ကျေးဇူးပြုပြီးတော့ စိတ်ရှည်ရှည်နဲ့ မျှော်လင့်ချက်ကြီးကြီးထားစမ်းပါ ဘာကြောင့် အလျင်လိုနေတာလဲ မလောပါနဲ့ ငါတို့ နှစ်ပေါင်းထောင်ချီအောင် အိပ်မောကျနေခဲ့ပြီးပြီလေ...အခုမှ ဘာလို့ အလျင်လိုနေစရာလိုတော့လို့လဲ..."
ဧရာမပင်လယ်လိပ်ကြီးဆီမှ အက်ရှရှအသံ ထွက်ပေါ်လာသည်။ကြီးမားလှသော သက်ရှိများပေါ်ထွက်လာမှုကြောင့် စိတ်ဝိညာဉ် ပင်လယ်၏ လေထုဖိအားကလည်း ပို၍ ပြင်းထန်လာသည်။
သို့သော်လည်း ထိုအဆင့်ရှိသော ဖိအားကို ဆန့်ကျင်၍ အနက်ရောင် ပင်လယ်လိပ်ကြီးက သူ့၏ ခန္ဓာကိုယ်ကို ခွေခေါက်၍ ဘောလုံးတစ်လုံးလို လှိမ့်ဝင်သွားလေသည်။
"ဒါ ဘယ်လိုနေရာမျိုးလဲ ဘာတွေ ဖြစ်နေတာလဲ ...စိတ်ဝိညာဉ်စွမ်းအင် စိတ်ဝိညာဉ်ပင်လယ် အဲ့ဒီစိတ်ဝိညာဉ်လို့ ပြောတာတွေကလည်း နတ်ဘုရားအဆင့် အချကအပြုတ် ပစ္စည်းအစုံကလား..."
နှုတ်ခမ်းတွန့်လိုက်မိသည်။သူ့၏ ငှက်မွှေးတောင်ဝတ်စုံက တလွင့်လွင့်လှုပ်ခါလာပြီးနောက် တောက်ပလှသော အနီရောင်အလင်းက နေရာတစ်ခုလုံးကို ထွန်းလင်းသွားစေသည်။
ထိုအခိုက်အတန့်တွင် မီးခိုးရောင် လွင်ပြင်ထဲမှ ငှက်တစ်ကောင်၏ အော်မြည်သံမျိုး ကြားလိုက်ရသည်။ထို့နောက် ခပ်ဝေးဝေးဆီမှ တောက်ပလှသော ဖီးနစ်ငှက်တစ်ကောင် ချဉ်းကပ်လာလေသည်။
အနက်ရောင်ထောင်တျဲက ထိတ်လန့်အံ့အားသင့်စွာဖြင့်ပင် သူ့၏ ပါးစပ်ကို ပြန်စေ့လိုက်မိသည်။
"ရွှေရောင် နဂါးတစ်ကောင် ရှေးဟောင်း မပင်လယ်လိပ်နက် မီးဖီးနစ် ဒါဘယ်လိုနေရာမျိုးလဲ ..."